Tuesday, December 14, 2010

ကြယ်တွေ တကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်


ကျနော့်အမြင် တမိုက်တထွာမျှရယ်နဲ့ (၁)
ကြယ်တွေ တကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်
ဒေါက်တာလွဏ်းဆွေ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တာ ဒီနေ့ (ဒီဇင်ဘာလ ၁၃ ရက်) ဆို တလတင်းတင်း ပြည့်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ကျနော်လည်း မြန် မာပြည်သားအားလုံးနည်းတူ ၀မ်းလည်းသာတယ်။ ပျော်လည်းပျော်တယ်ပေါ့။ “ခင်ဗျား အဲသလို ပျော်တယ် ပြောရုံနဲ့ မရဘူး၊ ခင်ဗျားက သီချင်းစီးရီးလေး အရှုံးခံပြီး ထုတ်ခဲ့ဖူးတယ် ကြားတယ်၊ အဲဒါကြောင့် အဟဲလေးနဲ့ ပျော်ပြရမယ်” လို့ ဆိုလှာရင်တော့ “ပျော်တာပေါ့ အမေရဲ့ xxx ပျော်တာပေါ့ အမေရယ် xxx အန်တီစု လွတ် တာ xxx သားလေး တော်တော်ပျော်ပါတယ်” လို့ ဆိုပြပြီးတော့ကို ပျော်လိုက်ချင်တာပါ။ ကျန်တဲ့ မြန်မာပြည် သားတွေ ပျော်ရွှင်ကြတဲ့ အကြောင်းအရင်းကိုတော့ ကျနော် အတိအကျ မသိပါဘူး။ ကျနော်သိတာ ကျနော့် တကိုယ်စာ ပျော်ရွှင်မိတဲ့ အကြောင်းအရင်းလေးရယ်ပါ။ အဲဒီကြောင့်မို့ ကျနော် ပျော်ရွှင်ဝမ်းမြောက်ရတဲ့ အ ကြောင်းအရင်းလေးကိုပဲ မကွယ်မ၀ှက်လေး ပြောပြချင်ပါတယ်။

ကျနော် ပျော်ရွှင်ဝမ်းမြောက်ရတဲ့ အကြောင်းကတော့ ဒီလိုပါ။ ဒီကနေ့ မြန်မာပြည်မှာ စစ်သည်အင်အား (၄) သိန်းကျော်ရှိတယ်ဆိုတဲ့ စစ်တပ်ကြီးကို လူလည်ကျ ဂုတ်ခွစီးပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို ဖိနှိပ် အုပ်စိုးနေတဲ့ နအဖစစ်အုပ်စုကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ ပါဝါရှိသူဆိုလို့ လူတဦးချင်းအနေနဲ့ဆိုရင် ဒေါ်အောင် ဆန်းစုကြည် တဦးတည်းသာ ရှိတယ်လို့ မြင်လို့ပါ (တနည်းပြောရရင် ဒီနေ့အချိန်အခါမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ မြန်မာပြည်ရဲ့ ‘စူပါမင်း’ ပေါ့။ တကယ်လည်း ဘယ်သူနဲ့မှမတူတာ အမှန်ပါ)။ ဒါကလည်း ကျနော်တို့ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ် ချစ်ခင်မြတ်နိုးတာရယ်၊ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ အနှစ်နှစ်ဆယ်ကျော်ကြာ သားတကွဲ ယောက်ျားတကွဲနဲ့ ဒီမိုကရေစီတိုက်ပွဲ ထဲမှာ ရာနှုန်းပြည့် အနစ်နာခံ နှစ်မြှုပ်တိုက်ပွဲဝင်ခဲ့တာရယ်ကြောင့် အဲဒီထူးခြားတဲ့ ၀ိသေသနှစ်ရပ်အပေါ် ဒေါ် အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားကြတာပါ။

ခပ်ပြင်းပြင်း ဥပမာအနေနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကသာ “ကျမတို့ ပြည်သူတွေအားလုံး လမ်းပေါ် ကို အတူတကွ ထွက်ပြီး ဆန္ဒပြကြဖို့လိုပါပြီ၊ ထွက်ကြပါ၊ ထွက်တိုက်ကြပါ” လို့ အမိန့်ပေးမယ်ဆိုရင် လူထုက သူတို့ရဲ့အသက်တွေ၊ ဘ၀တွေကိုပါ ပုံအောပြီး နောက်ကနေလိုက်မယ့် အနေအထားမျိုးရှိနေသလို ခပ်ပျော့ ပျော ဥပမာအနေနဲ့ဆိုရင် “နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စနေ၊ တနင်္ဂနွေနေ့တွေမှာ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဘဲ ကိုယ့်အိမ်မှာကိုယ်နေပြီး ဆုတောင်းမေတ္တာပို့ပေးကြပါလို့ တိုက်တွန်းရင် လည်း ပြည်သူတွေအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြမှာမလွဲပါ (ပုံနှိုင်းရရင် ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာလူထုအပေါ် အဲသလောက်အထိကို စေစားနိုင်တဲ့ ‘စူပါမင်း’ ဖြစ်နေတာပါ)။ ပြည်သူလူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်တကြီး ဖြစ်နေပုံကလည်း ချဲထီမှာဆိုရင်တော့ “ဘိုးတော်ရေ .. တ ပေါက်တည်းသာ ပြောတော့၊ ဖြစ်ချင်ရာဖြစ် ကျနော်တို့ အိမ်တိုင်ပါ ချွတ်ပြီး အောပစ်လိုက်မယ်’’ ဆိုတဲ့ အနေ အထားမျိုး ရောက်နေတာလို့ ကျနော် ရိုးရိုးသားသား ရှုမြင်မိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်က ကျနော် ရှုမြင်သလို သူ့ကိုယ်သူ အဲသလို အနေအထားမျိုးရှိတယ်လို့ မမြင်မိပါဘူးဆိုရင်တော့ ဤကား ဒေါ်အောင်ဆန်းစုကြည်နဲ့ စာရေးသူကြား ပထမ သဘောထားကွဲလွဲချက်တခုလို့ပဲ မှတ်ယူပေးကြပါလေကုန်။

ကျနော်က ဘာဖြစ်လို့ အဲသလို ရှုမြင်တာလဲဆိုရင် ဒီမိုကရေစီတိုက်ပွဲကို အနှစ်နှစ်ဆယ်ကျော်ကြာ အသက် တွေ၊ ဘ၀တွေရင်းလို့ ဖြတ်သန်းခဲ့ပြီးတာတောင်မှ (နအဖစစ်အုပ်စု ဒီလောက်နှိပ်ကွပ်ရက်စက်နေတဲ့ကြားက) ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး နောက်တနေ့မှာ ကျင်းပတဲ့ အန်အယ်လ်ဒီရှုံးချုပ်ရှေ့ကို ရဲရဲတောက် လာအားပေးတဲ့ လူထုရေချိန်ကို ခန့်မှန်းပြီး ပြောတာက ပထမအကြောင်းတချက်ပါ။ နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့အထိ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုအသီးသီးကရော နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂကပါ မြန်မာပြည် ပြဿနာအထွေထွေ ပြေလည်ရေးမှာ သော့ကိုင်ပုဂ္ဂိုလ်ကဲ့သို့ အ ချက်အချာအကျဆုံး တိုက်ပွဲခေါင်းဆောင်အဖြစ် ရှုမြင်ဆက်ဆံ အားကိုးနေကြဆဲဖြစ်တာကို တွေ့ရလို့ပါ။ အဲဒီ တော့ အဲဒီလို ကျနော်တို့ပြည်သူအားလုံးကရော နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂကပါ ယုံကြည်လေး စားအားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ရှားပါးခေါင်းဆောင်မျိုး အကျယ်ချုပ်က လွတ်လာတာကို ကျနော် ပျော်ရွှင်ဝမ်းမြောက်မိတာ အဆန်းမဟုတ်ပေဘူးပေါ့။

အဲဒီလို ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ပဲ အခုလို လွတ်မြောက်တာ တလပြည့်တဲ့ အချိန်အထိ ကျနော်တို့ရဲ့ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ ပြောလေမလဲ၊ ဘာတွေများ လုပ်လေမလဲ၊ ဘယ်လိုများ လှုပ် ရှားဆောင်ရွက်လေမလဲဆိုတာကို စက္ကန့်မလပ် ကြည့်ရှုနားစွင့်နေမိတော့တယ်။ ဒါပေမယ့် ဒီတခါ လွတ် မြောက်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောလှုပ်ရှားဆောင်ရွက်နေမှုတွေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရင်း၊ နားစွင့်ရင်း ကျနော့်တဦးတည်းရဲ့ သဘောထားနဲ့ ပိုပိုကွာဟလာတာကို တွေ့တွေ့လာရလို့ ကျနော် ထိုင်နေရမလို ထနေရမလိုဆိုတဲ့ ဂျေမောင်မောင်သိုင်းကွက် နင်းနေမိတယ်။ လွတ်မြောက်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလှုပ်ရှားဆောင်ရွက်နေတဲ့ ‘ကျမက Regime Change (အစိုးရအပြောင်းအ လဲ) ဖြစ်ဖို့ လုပ်မှာမဟုတ်ပါဘူး’၊ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ ကို ဦးတည်စေမယ့် ‘ဒုတိယပင်လုံညီလာ ခံကျင်းပရေး’ နဲ့ ‘တွေ့ဆုံဆွေးနွေးရေး’ ‘ဒီမိုကရေစီစံတန်ဖိုးတွေ ပိုမိုမြင့်မားလာစေရေး’ ‘ငြိမ်းချမ်းစွာ ပြောင်းလဲ ရေး’ ကို လုပ်ဆောင်သွားမှာပါဆိုတဲ့ လုပ်ငန်းစဉ်တွေကို ကျနော်က ဘာဖြစ်လို့ တထပ်တည်း သဘောမတူ ဖြစ်နေမိတာပါလိမ့်လို့ စဉ်းစားတွေးတောရင်း အသက်လေးဆယ်ကျော်တဲ့အထိ နက်မှောင်နုပျိုနေဆဲ ဆံပင် တောင် စပြီး ဖြူချင်သလိုလို ဖြစ်လာတယ် ... တကယ်။

ကျနော် စဉ်းစားနေမိတာက “ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာပြည်သူတွေ အမြန်လွတ်မြောက်စေချင် တာပဲ၊ အင်းလေ .. ငါလည်း ဘာထူးလို့လဲ၊ အဲဒီလိုပဲဟာ၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကွာဟမှုတွေ များ များလာရတာလဲ” လို့ ချွေးပြန်အောင် စဉ်းစားရင်း အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည် ဖြစ်နေတော့တာ ပေါ့။ ဒီလိုသာ ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ဆက်ပြီး သဘောထားကွဲလွဲနေရင် စမောဝိတ်လေး ငါတော့ ဒီမိုကရေစီအကျိုးစီးပွားကို ဆန့်ကျင်သူအဖြစ် စာရင်းသွင်းခံရတော့လေမလားလို့ တွေးပြီး ၀မ်းလည်းနည်း ချွေးစေးချွေးပေါက်တွေလည်း ကျလာရောဆိုပါတော့။

ကျနော့်အမြင် တမိုက်တထွာမျှနဲ့ မျှော်လင့်ထားတာက ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် (၉၀) တုန်းက ရထားတဲ့ ပြည်သူ့မန်းဒိတ် (၀ရဇိန်လက်နက်) ကြီးကို တနည်းမဟုတ်တနည်း ထုတ်သုံးပြီး ပြည်သူ့အစိုးရ အ မြန်ဆုံးပေါ်ထွန်းဖို့ တိုက်ပွဲဝင်မယ်။ ဒါမှမဟုတ်ရင်လည်း အခြားတနည်းနည်းနဲ့ လူထုတိုက်ပွဲဖော်ပြီး တိုက်ပွဲဝင် မယ်လို့ မျှော်လင့်ထားမိတာပါ။ ဘာဖြစ်လို့ အဲသလို မျှော်လင့်တာလဲဆိုတော့ ကျနော် အကဲဖြတ်တာက ဒီအ ချိန် (၂၀၁၀ အောင်ပွဲရ ကြံ့ဖွံ့ ဦးဆောင်တဲ့ လွှတ်တော်မကျင်းပမီ စပ်ကူးမတ်ကူးအချိန်) က ဘောလုံးပွဲမှာဆို ဒဏ်ရာရအချိန်ပို (Injury Time) ကို ကစားနေတယ်လို့ မြင်လို့ပါ (တချို့တချို့သော နိုင်ငံရေးအတွေးအခေါ် မြင့်မားသူတွေကတော့ နိုင်ငံရေးကို ချဲထီနဲ့ နှိုင်းလိုက်၊ ဘောလုံးပွဲနဲ့ နှိုင်းလိုက် ကလေးကလား လျှောက်ပြော နေရသလားလို့ ကျွဲမြီးတိုချင်တိုကြပါလိမ့်မယ်။ အဲဒီလို တိုသူတွေရှိခဲ့ရင် ခွင့်လွှတ်ကြပါလို့ပဲ ကြိုတင်တောင်း ပန်လိုပါတယ်)။

ကျနော် သတ်မှတ်လိုက်မိတာက ၁၉၉၀ ကနေ ၂၀၀၀ အထိကို နအဖနဲ့ အတိုက်အခံတို့ ပထမပိုင်း ကစားကြ တယ်။ ပထမပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကျနော်တို့ အတိုက်အခံတွေက ၉၀ ရွေးကောက်ပွဲ အနိုင်ရလဒ်ဆိုတဲ့ တဂိုးသွင်းပြီး ခြေအသာ၊ လက်ခုပ်သံအသာနဲ့ ကစားခဲ့တယ်ပေါ့။ အဲ ... ဒါပေမယ့် ဒုတိယ ပိုင်း (၂၀၀၀ က နေ ယနေ့အချိန်ထိ) မှာတော့ လက်ခုပ်သံသာသော်ငြား နအဖစစ်အုပ်စုက ညစ်နည်းမျိုးစုံနဲ့ တဖက်သတ်ဖိကစားပြီး ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရလဒ် (အများလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ) ဆိုတဲ့ ချေပဂိုးတဂိုး ပြန်သွင်းသွားပြီဆိုတဲ့ စဉ်းစားချက်မျိုး ၀င်လာလို့ပါ။ အဲဒါကြောင့် ဒီအချိန်ဟာ တဂိုးစီသ ရေနဲ့ ဒဏ်ရာရအချိန်ပိုကို ဆက်ကစားနေတာ ဖြစ်တယ်လို့ အကဲဖြတ်မိတာပါ။

ဒါပေမယ့် ခက်တာက ကျနော်တို့ အတိုက်အခံတွေဘက်က သရေကျလို့ မရတဲ့ အနေအထားပါ (ကြံ့ဖွံ့လွှတ် တော်ကြီး ကျင်းပပြီဆိုတဲ့ ပွဲသိမ်းခရာမှုတ်ချိန်မှာ ဆက်ပြီး သရေကျနေလို့ကတော့ ဒီလိုညစ်ပတ်စုတ်ပဲ့တဲ့၊ န အဖအရေခွံလဲထားတဲ့ ကြံ့ဖွံ့အသင်းနဲ့ နောက်ထပ်အနှစ် ၂၀ ထပ်ကန်ရကြေးဆိုရင် ကိုယ်ကျိုးနည်းရချည်ရဲ့ ပေါ့။ ကြောက်လို့၊ မကန်ရဲလို့မဟုတ်ပါ။ ဒဏ်ရာရအချိန်ပိုလို့ သဘောမထားဘဲ ရတဲ့အခွင့်အရေးနဲ့ အနိုင်ဂိုး သွင်းဖို့ မကြိုးစားမိမှာကို စိုးရိမ်တာရယ်၊ ၆၂ ခုနှစ်ကတည်းက ရင်းနှီးပေးဆပ်လာခဲ့တာတွေ ‘ပလုံစွပ်’ ဖြစ်ပြီး တစ်ကနေ (ဆဲဗင်းဇူလိုင်လိုမျိုးကနေ) ပြန်စရမယ့် အနေအထားမျိုး ဖြစ်သွားမှာကို စိုးရိမ်တာရယ်ကြောင့်ပါ)။ ဒါပေမယ့် အခုတော့ သေချာသလောက် ရှိသွားပါပြီ။ လွတ်မြောက်ခဲ့တဲ့ တလတာအချိန်အတွင်း လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလှုပ်ရှားဆောင်ရွက်ခဲ့တာတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ကျနော့်အမြင် တမိုက်တထွာမျှနဲ့ သတ်မှတ်မိတဲ့ ဒဏ်ရာရအချိန်ပိုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အ နိုင်ဂိုးသွင်းဖို့ ကြိုးစားမှာ မဟုတ်တော့ဘူးဆိုတာပါပဲ။

ဤကား ဒဏ်ရာရအချိန်ပိုအတွင်းမှာ နာချင်နာပလေ့စေ ဂိုးသွင်းနိုင်ဖို့ အဓိက ကြိုးစားရမယ်ဆိုတဲ့ ကျနော့်ရဲ့ စဉ်းစားချက်နဲ့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တဖြေးဖြေးချင်း ငြိမ်းချမ်းစွာ ပြောင်းလဲ အောင်လုပ်မယ်ဆိုတဲ့ စဉ်းစားချက်အကြား ဒုတိယမ္ပိ သဘောထားကွဲလွဲချက်လို့ မှတ်ယူပေးကြပါလေကုန် ပေါ့။

ပြောရရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ တလတာအချိန်အတွင်းမှာ အဲသလို သဘောထားကွဲ လွဲနေမှုတွေကြောင့် ကျနော် အတော့်ကို နေမထိ ထိုင်မသာ ဖြစ်နေတယ်ဆိုပါတော့။ အဲဒါနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သဘောထားကွဲလွဲနေတာ ငါ တယောက်တည်းများလားဆိုတာကို သိချင်လာတယ်။ (အဖော်ညှိ ချင်လို့ မဟုတ်ပါဘူး။ အခြား လွတ်မြောက်ချင်တဲ့ မြန်မာပြည်သားတွေလည်း ဘယ်လိုဘယ်ပုံများ စဉ်းစားနေ ကြလဲဆိုတာကို အကြမ်းဖျင်း သိချင်လို့ပါ)။ အဲဒါနဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ ကျနော်တို့ အားကိုးတဲ့ ဒေါ်အောင် ဆန်းစုကြည် ဦးစားပေးဆောင်ရွက်ဖို့ ဘယ်လုပ်ငန်းစဉ်ကို အကြံပြုချင်ပါသလဲဆိုပြီး (၁) အစိုးရအပြောင်းအ လဲဖြစ်ရေး (၂) နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး (၃) အထွေထွေသပိတ်တိုက်ပွဲ ဖော် ဆောင်ရေး (၄) ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး (၅) တွေ့ဆုံဆွေးနွေးရေး … ဆိုတဲ့ မေးခွန်းငါးခုနဲ့ Poll တင် (အင်တာနက်လက်လှမ်းမီတဲ့ မြန်မာနိုင်ငံသားတွေဆီက သဘောထားခံယူ) ကြည့်တယ်ဆိုပါတော့ (Poll ရလဒ်က ဘယ်လောက် ယုံကြည်စိတ်ချရသလဲတော့ ကျနော်မသိပါ)။ ဒါပေမယ့် အခုအထိ တသမတ်တည်း နီးပါး တွေ့နေရတဲ့ ရလဒ်အရတော့ ရာခိုင်းနှုန်းအများစုက ‘တွေ့ဆုံဆွေးနွေးရေး’ ကို ဆန္ဒပြုကြပြီး ဒုတိယအ များစုကတော့ ‘အစိုးရအပြောင်းအလဲဖြစ်ရေး’ ဆိုတာကို ကြိုးပမ်းဆောင်ရွက်ဖို့ ဆန္ဒပြုနေကြတာတွေ့ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် လတ်တလော ဦးဆောင်ကြိုးပမ်းဖို့ တာစူနေတဲ့ ‘ဒုတိယပင်လုံညီလာခံ ဖြစ် မြောက်ရေး’ ဆိုတာကိုတော့ ဆန္ဒသဘောထား အနည်းဆုံးပေးတာ တွေ့ရပါတယ်။

အဲဒီရလဒ်ကို ကြည့်ပြီး ကျနော် နည်းနည်းလေးတော့ စိတ်သက်သာရာ ရသွားမိတယ်။ အော် … ငါနဲ့ သဘော ထားတူတဲ့ လူတွေလည်း ရှိပါသေးလားဆိုပြီးတော့ပေါ့။ အများဆုံး သဘောထားပေးကြတဲ့ (ဒေါ်အောင်ဆန်း စုကြည်လည်း တစိုက်မတ်မတ် တောင်းဆိုခဲ့၊ အခုအထိလည်း မျှော်လင့်နေဆဲဖြစ်တဲ့) ‘တွေ့ဆုံဆွေးနွေးရေး’ ဆိုတဲ့လုပ်ငန်းစဉ်ကို ခင်ဗျားက ဘာဖြစ်လို့ သဘောထားကွဲတာလဲလို့ မေးရင်တော့ ဖြစ်နိုင်ခြေမရှိလို့ သဘော ထားကွဲလွဲတာပါလို့ ရိုးရိုးလေးပဲ ဖြေချင်ပါတယ် (မဖြစ်နိုင်တာကို ထိုင်စောင့်ရင်း အချိန်ကုန်နေရင် နအဖစစ် အုပ်စုက ပြည်သူလူထုကို ဓားတုံးတုံးနဲ့ ဆက်လှီးဖို့ ကျုံးသွင်းနေတဲ့ စက်ကွင်းထဲကို မရည်ရွယ်ဘဲ တွန်းပို့သလို ဖြစ်မှာစိုးတာပါ)။

ဘာဖြစ်လို့လဲဆိုတော့ နအဖစစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းနေတာက ခွေးကို ရေခဲမုန့် ချပေးပြီး ချော့မြှူသလို ဖြစ်နေတယ်လို့ မြင်မိလို့ပါ (ကျနော့်အရင် ဆောင်းပါးရှင် အက်ဆစ်လည်း
ဒီဥပမာကို ပေးခဲ့ဖူးပါ တယ်။ ဒါပေမယ့် အဓိပ္ပာယ် တထပ်တည်းတော့ မကျပါဘူး)။ ကျနော် ဆိုလိုတာက ခွေးက သူ မစားဖူးတဲ့ (အ လေ့အထမရှိတဲ့) ရေခဲမုန့်ကို လာနမ်းကြည့်လိုက် အမြီးနှန့်ပြီး ပတ်ပြေးနေလိုက်၊ သွားနဲ့ ကိုက်ကြည့်လိုက် ‘အားပါး ... သွား တော်တော်ကျင်တယ်ဟ’ ဆိုပြီး နောက်ထပ် လာမဟပ်တော့ဘဲ ချောင်တချောင်မှာ လက် ပေါ်မေးတင်စဉ်းစားရင်း ငေးကြည့်နေတော့သလိုမျိုး ဖြစ်နေလို့ပါ။ ဒါကလည်း ကျနော့်အမြင် တမိုက်တထွာမျှ နဲ့ တွေးမိတာကို ရိုးရိုးသားသား ပြောနေတာဆိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲ သလိုမမြင်ပါဘူး၊ တွေ့ဆုံဆွေးနွေးရေးကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ယုံကြည်မျှော်လင့်နေဆဲပါဆိုရင် ဒါကိုလည်း တတိယမ္ပိ သဘောထားကွဲလွဲမှုလို့သာ မှတ်ယူပေးကြပါပေါ့။

အဲဒီတော့ သေချာတာတခုကို ဝေ့လည်ကြောင်ပတ် မလုပ်စတမ်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စာရေးသူ ကျနော့်အကြား သိသိသာသာ သဘောထားကွဲလွဲနေပြီဆို တာပဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြောင်းလဲရေးမူနဲ့ စိတ်ရှည်လက်ရှည် ဆက် လက်ချီတက်လိုတာဖြစ်ပြီး ကျနော်နဲ့ သဘောထားတထပ်တည်း ပေးကြသူတွေကတော့ အစိုးရအပြောင်းအ လဲ အမြန်ဆုံးဖြစ်ရေးအတွက် နည်းလမ်းစုံ အသုံးပြုရေးမူ (ဗိုလ်ချုပ်ပြောခဲ့သလို ‘ရရင်ရ မရရင်ချ’ ဆိုတဲ့ တိုက် ရေးမူ) နဲ့ ချီတက်လိုတာပေါ့။

ဒါပေမယ့် အခုလို အရေးကြီးတဲ့ တိုက်ပွဲကာလမျိုးမှာက ဘယ်သူ့စဉ်းစားချက် မှန်တယ်၊ ဘယ်သူ့စဉ်းစားချက် မှားတယ်ဆိုပြီး အပြန်အလှန် ငြင်းခုန်ဝိ၀ါဒကွဲနေလို့ မဖြစ်ပါဘူး။ ပြေးလမ်းမတူပေမယ့် ပန်းတိုင်က တခုတည်း ဖြစ်နေတဲ့အတွက် ကိုယ့်ပြေးလမ်းကနေ အကောင်းဆုံးအနေအထားနဲ့ ပြေးနိုင်အောင် ဆက်ပြီးတိုက်ပွဲဝင်ကြဖို့ ပဲလိုတယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်သလို အကြမ်းမဖက် ငြိမ်းချမ်းတဲ့ နည်းနဲ့ တဖြေးဖြေးချင်း ပြောင်းလဲရမယ်ဆိုတဲ့ သူတွေကလည်း ကိုယ့်ပြေးလမ်းအတိုင်း မဆုတ်မနစ်သော ဇွဲ လုံ့လနဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်နေဖို့ လိုသလို ဒီကေဘီအေက ဗိုလ်မှူးစောလားပွယ်လို ‘နည်း ပေါင်းစုံနဲ့ တိုက်မှဖြစ်မယ်ဝေ့’ ဆိုတဲ့ ကျနော်အပါအ၀င် လူတွေကလည်း ကိုယ့်ယုံကြည်တဲ့ လမ်းကြောင်းပေါ် ကနေ တက်စုံရွက်ကုန်ဖွင့် တိုက်ပွဲဝင်ရင်း (အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ကာ ကုန်းမခံ ဘဲ ရုန်းကန်ကြရင်း) တခုတည်းသော ပန်းတိုင်မှာ အမြန်ဆုံး ဆုံဆည်းနိုင်အောင် ကြိုးပမ်းအားထုတ်ကြပါစို့လို့ ရေးလက်စ စာစုကို နိဂုံးချုပ် … … …

အဲ .. နိဂုံးမချုပ်မီမှာ အတွေးတခုက ဘယ်ကဘယ်လို ထပ်ဝင်လာပြန်တယ်မသိ။ ဘာလဲဆိုတော့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုတဲ့အပေါ် ကျနော် သဘောထားကွဲလွဲရတဲ့ အကြောင်းအချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တဲ့ နိုဘဲလ်ငြိမ်း ချမ်းရေးဆုနဲ့ အခြားအခြားသော ဆုတွေကများ အကြောင်းအချက်တခုအနေနဲ့ ပါနေလေရော့သလားဆိုတဲ့ အ တွေးပါ။ ဆိုလိုတာက ကျနော့်တို့ခေါင်းဆောင်ဟာ နိုဘဲလ်ဆုနဲ့ အခြားအခြားသော ဆုတွေ၊ ဆုတွေရဲ့ချည် နှောင်မှုကို ခံရပြီး နည်းလမ်းစုံ အသုံးပြုရေးမူကို မချမှတ်တာများလားလို့ တွေးမိတာပါ။ ကျနော့်အမြင် တမိုက် တထွာမျှနဲ့ သွားစဉ်းစားမိတာက လူတွေကို ထုပ်တန်းမှာ ဇောက်ထိုးဆွဲ၊ လက်သည်းခွံခွာ၊ ရေနွေးပူနဲ့လောင်း ပြီး နှိပ်စက်နေတဲ့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ရေးမလုပ်ခင်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း နိုဘဲလ်ငြိမ်း ချမ်းဆု ချီးမြှင့်ခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော့်ကြားမှာရော အခုလိုမျိုး သဘောထားကွဲလွဲရလေဦးမလား လို့ အတွေးဝင်မိတာပါ။ စာဖတ်သူတို့အနေနဲ့ “မင်းကွာ .. ဖြုတ်ဦးနှောက်လေးနဲ့ မဆီမဆိုင်တွေ လျှောက်တွေး နေတယ်” လို့ ယူဆရင်လည်း လွတ်မြောက်ရေးအတွက် စိုးရိမ်ပူပန်စိတ်နဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတဲ့ ကျ နော့်ကို ခွင့်လွှတ်ကြပါကုန်လို့ တောင်းပန်သမှုပြုရင်း ဤစာစုကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါတယ်။

နောက်ဆက်တွဲအနေနဲ့ တောင့်တမိတာကတော့ မတူတဲ့ ပြေးလမ်းတွေကနေ တခုတည်းသော ပန်းတိုင်ကို ပြိုင်တူအမြန်ဆုံးရောက်ရှိအောင် တိုက်ပွဲဝင်ကြရင်း ပန်းတိုင်ရောက်တဲ့အခါ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ ချီတက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ ဆက်လက်ဦးဆောင်တာကို မြင် တွေ့ချင်မိသလို ဒီကေဘီအေက ဗိုလ်မှူးစောလားပွယ် ကဲ့သို့သော ဖိုက်တာများလည်း ဘေးမသီ ရန်မခဘဲ တိုင်းပြည်အကျိုး ဆက်လက်သယ်ပိုးနေတာကို မြင်တွေ့လိုကြောင်းပါပဲခင်ဗျား။

“ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ် xxx ကြယ်တွေစုံတဲ့ည ဘ၀မျှော်လင့်ခြင်းရယ် xxx xxx xxx ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလည်း xxx ကျော်လွန်သွားခဲ့ရင် xxx ပြန်ဆုံဦးမယ်”

ဒေါက်တာလွဏ်းဆွေ
(၁၃-၁၂-၂၀၁၀)

41 comments:

Unknown said...

ခင်ဗျားမလဲ တစ်ခါလာ လူထုတိုက်ပွဲ၊ တစ်ခါလာ လူထုတိုက်ပွဲ နဲ့အစိုးရသစ်ခေါ်ဖို့ လှုံ့ဆော်နေတာချည်းပဲ။ အဲဒီလိုပည်တွင်းမှာ အစိုးရသစ်ခေါ်လိုက်လို့၊ူပည်ပနဲ့ ကုလက ထောက်ခံမှာက နောက်မှ၊ အဲဒီ အစိုးရတစ်ဖွဲ့လုံး ချက်ချင်း ထောင်ထဲရောက်ကုန်မှာက အရင်။ ဒီလို စစ်အစိုးရကို ဒီလို လုပ်လို့ရမယ်များ ခင်ဗျားထင်နေသလား။ ခင်ဗျား အတွေးအခေါ်တွေဟာ လက်ရှိနဲ့ သိပ်ဝေးကွာနေပါတယ်။ ခင်ဗျား ဘာမှ မတတ်ပဲ စာရေးတတ်၊ ဆေးကုတတ်ရုံလေးနဲ့ အန်တီစုကို ဆရာလုပ် စေဖန်မနေပါနဲ့။ူမန်မာူပည်မှာ ဘာလေူးဖစ်လိုက်၊ူဖစ်လိုက်၊ ဒေါက်တာလွဏ်းဆွေ ဆိုတဲ့လူက...လူထုတိုက်ပွဲ ခေါ်ဖို့ချည်းပဲ ထထယောင်ယမ်း တတ်တယ်ဆိုတာလဲ သမိုင်းပဲပေါ့ဗျာ။

cw said...

Agreed with Thomas.
I think your imaginations are not corresponding to the recent situation in Burma.
Your polls are also quite confusing. Some choices are more or less similar.
Second pinlon will lead to dialogue if successful, but I don't believe for calling this 1990 election result alone all the time as you said. It will be less likely to reform this genta than the other ways.

cw said...

Agreed with Thomas.
I think your imaginations are not corresponding to the recent situation in Burma.
Your polls are also quite confusing. Some choices are more or less similar.
Second pinlon will lead to dialogue if successful, but I don't believe for calling this 1990 election result alone all the time as you said. It will be less likely to reform this genta than the other ways.

Unknown said...

စကတည်းက ဒေါ်စု ကိုစူပါမင်းလိုထင်တယ်ဆိုတော့ အဖြစ်မှန်နဲ့ လုံးလုံးကိုလွဲရော။ ထုံးစံ လေသံအတိုင်း ပြည်တွင်းကလူတွေက ကြောက်လွန်းတာနဲ့ သူတို့ ခိုင်းတဲ့အတိုင်း လိုက်မလုပ်ကြတာလိုလို...
ပြည်ပမီဒီယာပြောသမျှလောက်နဲ့ ..မြန်မာ့အရေး ထင်နေ...အောက်ခြေလူထုရဲ့ တကယ့်အဖြစ်မှန်ကို သိဖို့ ဝေးရော။ ပြောလိုက်ပါရဲ့ ...ခင်ဗျားတို့ ဒေါ်လာစားတွေအသာထား....ပြည်သူချစ်တယ်ဆိုတဲ့ ဒေါ်စု တောင် အောက်ခြေလူထုတစ်ရပ်လုံးကို အမှန်တကယ်လှုံ့ ဆော်နိုင်ပြီလား မေးကြည့်..။ ရန်ကုန်လောက်တင်၊ မြန်မာပြည်ထင်... ပြည်သူလူထုရဲ့ အခြေခံ လူမူစီးပွား ဒုက္ခတွေကို ၂၂ကျော်မျက်နှာလွှဲ...တောင်ပြောမြောက်ပြောနဲ့ ...အတ္တမာနကိုပဲ ရှေ့ တန်းတင်ခဲ့ကြတဲ့ ကနေ့ ခေတ်ရဲ့ နိုင်ငံရေးသမားတွေကို အသက်အိုးအိမ်စည်းစိမ် တွေစွန့် ပြီး ဘယ်သူပုံပြီးယုံကြည် သလဲဆိုတာ...အရင်စစ်တမ်းကောက်ကြည့်လိုက်ပါဦးလို့ ....

Unknown said...

I am not politician..Just ordinary guy working in oversea ....
I Agree with you Ko Lun Swe.....sometimes, I feel that we are expecting too much from her.

Or may be I should say ....we over-worship her. I say "over-worship" not "admire". ppls are just crazy about her....Yes. Oridinary ppl can be crazy but not the leaders ...leaders should be pratical abt it.

IMHO, she should do the re-org her Cabinet first ..by adding/replacing with young & aggressive generation. Now, is like surrounded by blur blured old folks...

Sorry for my imperfect english ....

Unknown said...

ဆောင်းပါးရှင်နဲ့ သဘောတခုတည်းပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က တူရာလူတွေစုပြီး စစ်အစိုးကို တိုက်ရင်ကော ၊ ဥပမာ- လက်နှက်သမားက လက်နှက် နဲ့ ပေါ့၊ ငွေပံ့ပိုးနိုင်တဲ့သူက ငွေ၊ ငြိမ်းချမ်းရေး သမားက ငြိမ်းချမ်းရေး၊ အဲ့ဒီ့လို လုပ်ရင်တော့ ရမယ်။ 88 တုန်းက နေ၀င်းအစိုးရ ခွေးလို ၀က်လို ပြေးရအောင် ဖြုတ်ချခဲ့ တုန်း က ဘယ်လိုကြောင့်လဲဆိုတာ ပြန်စဉ်းစားကြည့် လေ။ အမေစု ကတော့ ငြိမ်းချမ်းစေချင်တယ်။ နောက်ဆုံးလည်း ဒီတွေ့ ဆုံရေးလိုင်းဘဲ လိုက်ရမဲ့ အတူတူ၊ တိုင်းပြည်နဲ့ လူထု မနာစေချင်လို့  ပါ။ ဒါက သူ့ စေတနာ၊ ဒါပေမဲ့ ခွေးစစ်အစိုးရက အဲ့ဒီ့လို စကားမျိုး ကို သူတို့ က နားမလည်ဘူး၊ ဒီတော့ သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ ဘဲ တိုက်ဖို့ လိုတော့ တယ်။ အခု poll က လည်း ပြနေတာဘဲ။ တူရာသူတွေ ရှိတယ်ဆိုတာ။ ဒီတော့ တူရာတူရာတွေ ကနိုင်သ လောက် ပံ့ပိုး မယ်၊ တိုက်ပွဲဝင်မယ်ဆိုရင်တော့ ရမယ်။ အဓိက က တကယ်လုပ်တဲ့/ မဲ့သူတွေက ရိုးသားဖို့ တော့လိုတယ်။ ကိုယ့်အကျိုးစီးပွား အတွက် လုပ်တာတော့ မဖြစ်ရဘူး။ ဒါသိပ်အရေးကြီးတယ်။ ဒီလိုဆိုရင် နိုင်ငံခြားရောက်နေတဲ့သူတွေက သူတို့ ချွေးနှဲစာထဲက နေ ဖြစ်အောင် ပံ့ပိုးမှာပါဘဲ။ ဇွဲတော့ မလျှော့နဲ့ ။ ဘက်ပေါင်းစုံမှာ ခေါင်းဆောင်နိုင်တဲ့ သူတွေသာရှိဖို့ လို ပါတယ်။ ခေါင်းဆောင်ကောင်း တွေသာ ရှိပါစေ။ တိုင်းပြည်တစ်နေ့ မှာ အမှန်ပြောင်းလဲ ရမယ်။

Unknown said...

ထပ်ဖြည့်စွက်တာပါ။
- ဒီဆောင်းပါးကို NLD ကို ပို့ ပေးစေချင်ပါတယ်။
- Poll ရလာဒ်ကိုလည်း ရက်ပြည့်သွားရင် လည်း NLD ကို ပို့ ပေးစေချင်ပါတယ်။

ko said...

နည်းလမ်းပေါင်းစုံနဲ့ကြိုးစားကြတာမမှားပါဘူး..
DKBA နဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ABကို
ထောက်ပံ့ဖို့ပြောကြည့်တာ..ပိုက်ဆံကောက်
ဖို့စကားစကြည့်တာ..HIVလောက်မထည့်ချင်
ကြဘူးဗျာ..ဒီကြားထဲ..ကိုကျော်သူကိုလှူရအုံး
မယ်ဆိုပြီးငြင်းကြသေးတယ်..
ဒီလှုပ်ရှားမှု့ထဲကသူတွေပိုဆိုးတယ်ဗျာ..
တကယ်တန်းကျတော့ HIV တို့ လူသေမြုပ်
တာတို့က အစိုးရရဲ့တာဝန်တွေပါ..အစိုးရစောက်သုံးမကျတော့ ပြည်သူ့တာဝန်ဖြစ်နေတော့တာ..
သန်းရွှေနဲ့ခွေးမိသားစုအပေါင်းအပါတွေသောင်းကျန်းနေတာတွေမြင်လေ..
ရင်ထဲနာလေပဲ..

Anonymous said...

အောင်ဆန်းစုကြည် ဟာ “ ပွဲထိန်း နဲ့  တည်ကြက် “ ပါ..။
သနားစရာကောင်းလွန်းတာက သူ့ နောက်လိုက်တွေ ပါ..။
မိန်းမ “ အာဂျလာ “ ဆိုရင်..လွန်လိမ့်မယ်..မထင်..။

yoo said...

ပြောင်းလဲခြင်းနဲ့  လိုက်ရွှေ့ ရမယ်၊
ပုံသေဆိုရင် နောက်ကျသွားပြီပဲ။

ရှင်သန်လာစဉ် မရိတ်လိုက်မိလို့ ၊
မယုံကြည်နိုင်အောင် အစွန်းနှစ်ဖက်ဆန့် ကျင်သွားပြီ။

ကာရန်ရှင်ရယ် သင်ဟာ လာခြင်း ကောင်းပေမဲ့ 
နှောင်းခဲ့ ပါပြီလေ။

ကာရန်ရှင်ရယ် သင်ဟာ လာခြင်း ကောင်းပေမဲ့ 
ပြောင်းလဲနေပြီလေ။

seinnmyanaddy said...

ဆက်ရေးပါရစေ။ လူထုကော်မတီကပရဟိတတွေလုပ်နေတာတွေ့ပါတယ်။ ၇ ရက် ၈ ရက် မြ၀တီတိုက်ပွဲကာလမှာ ကိုမိုးသီးတို့
ဒုက္ခသည်တွေကို ကုန်းပိုးပြီးခေါ်လာတာတွေ၊ တနေ့တင်ထားတဲ့ ဓါတ်ပုံတွေမှာ ဖလူးဒေသမှာ ဒီကေဘီအေ စခန်းမှာ ထမင်းအိုးမွှေနေတာတွေ။ အပြစ်ပြောချင်လို့မဟုတ်ပါ။ ထိရောက်တဲ့လုပ်ဆောင်ချက်
တွေဖြစ်စေချင်ပါတယ်။ ဒါတွေဟာလည်းမလုပ်ရဘူးလားဆိုတော့ မဟုတ်ပါဘူး လုပ်ရမှာပါပဲ။ သို့သော်အခုအချိန်မှာ ဘယ်ဟာကအရေးကြီးလဲ။ သေချာစဉ်းစားကြရမယ်။ ဆုံးဖြတ်ကြရမယ်။ ပြောချင်တာတွေအများကြီးကျန်ပါသေးတယ်။ နောက်မှ
ဆက်ရေးတော့မယ်။

Khaing Minn Kyaw said...

မောင် လွမ်းဆွေ ရယ် မင်းသတင်းနားထောင်ရင် သိမှာပါ။ BBC လားRFA လား သေချာတော့ မမှတ်မိတော့ဘူး ဒေါ်စုကို သတင်းကြေညာသူက မေးတယ် အန်တီစု non-violence လမ်းစဉ်ဖြင့် သွားတာ peace prize ရထားလို့  ဖြစ်တယ် ဆိုပြီး တချို့ က ပြောကြတယ် လို့  အန်တီစုက ပြန်ဖြေတယ် ကျမ အလုပ်လုပ်တဲ့ အခါ ဒီဆု အကြောင်း တစ်ခါမှ မစဉ်းစားမိဘူးတဲ့ ဒါဆို မောင်လွမ်းဆွေ တွေးတာ နှင့် ဒေါ်စု စဉ်းစားတာ နှင့် တောင် နှင့် မြောက် နှော် ။ လူထု တိုက်ပွဲ လေသံ ပစ်မနေနဲ့ မင်း ဘယ်တုန်းက ဘယ်နေရာ မှာ လူထု တိုက်ပွဲ ဆင်နွဲဖူးလဲ တော်ရာတန်ရာ ပြောပါကွာ ။ ပြည်တွင်းမှာ စင်ပြိုင် အစိုးရ ဖွဲ့ မယ့် ကိစ္စ ၉၀ လွန် နှစ်ကတည်းက လုပ်ခဲ့ကြပြီ ရလဒ်က ဘာလဲ အမတ်တွေ တသက် တကျွန်း ထောင်ကျတယ် ပြည်ပ ထွက်ပြေးရတယ် ။ ခု အခြေ အနေက ၉၀ နှစ်လွန် လို တောင် မဟုတ်ဘူး အမြတ် မရသည့် အပြင် အရင်းပါပြုတ်ထွက်သွားမယ် မင်းနိုင်ငံရေး နားမလည်ပဲ လျှေက်မအာနဲ မင်းပြည်တွင်း အခြေအနေ ဘယ်လောက်သိလို့ လဲ ပြည်သူတွေ ခံစားနေရတာ ဘယ်လောက် နားလည်လို့ လဲ မင်း ပြည်တွင်းမှာ ဘာနိုင်ငံရေး လုပ်ဖူးလို့ လဲ ဒေါ်စု ကို ဝေဖန်သလိုလိုနဲ့  ကပ်မြှောင်ပြီး နိုင်ငံရေး ရိုးတက်အောင် လုပ်နေတာလား ပြည်သူ့ အတွက် လုပ်တဲ့သူကို ပြည်သူချစ်မှာပါ ထောက်ခံမှာပါကွာ မင်းပြည်ပ မှာ အဖွဲ့ အစည်း ကို အခြေခံတဲ့ နိုင်ငံရေးလောက် လုပ်ဖူး ကြုံဖူးတော့ အဲလောက်ပဲ နားလည်မယ် ပြည်တွင်းမှာ ပြည်သူကို အခြေခံတဲ့ နိုင်ငံရေး မင်းမလုပ်ဖူးခဲ့ တော့ နားလည်မှာ မဟုတ်ဘူး မင်း လေ့လာလိုက်ဦး ပြည်သူအခြေခံတဲ့ နိုင်ငံရေးနှင့် အဖွဲ့ အစည်း အခြေခံတဲ့ နိုင်ငံရေး ဘယ်လိုကွာလဲ ဆိုတာ မင်းတို့ ပြည်ပမှာ ပြည်သူကို အခြေခံတဲ့  နိုင်ငံရေး ကို နားလည်တဲ့သူ မတွေ့ သလောက်ပါကွာ ငါအဖွဲ့ က လုပ်နိုင်တယ် fund ရှာနိုင်တယ် အင်အားကြီးတယ် ဒါလောက်ပဲ မသိဘူး မထင်နဲ့  ဒါလောက်ဆို ကိုယ်ကိုကိုယ် သဘောပေါက်

ကိုကိုကြောင်ချေး said...

ခင်ဗျားထင်သလို ဒေါ်စု တိုက်ပွဲခေါ်တိုင်းလူထုကတကယ်
လမ်းပေါ်ထွက်မယ်လို.ထင်နေလို.လား။လောင်းမယ်ဗျာ
ကိုလွမ်းဆွေ။စမ်းကြည်.လိုက်ပါ။တိုက်ပွဲခေါ်ကြည်.လိုက်ပါ။ဒေါ်စု က ခင်ဗျားထက်ပိုနပ်ပါတယ်။

vedaparabaik said...

ဒေါက်တာလွမ်းဆွေက Game တွေယှဉ်ပြတော့ ကျနော်လည်း Game အမြင်နဲ့ ပဲ ပြောချင်ပါတယ်
ဒီနေ့ ပွဲဟာ Chess စစ်တုရင်စကားနဲ့ ပြောရရင် Opening အဖွင့်အပိုင်း မဟုတ်သလို End Game နိဂုံးပိုင်းလည်း မဟုတ်ပါဘူး။ Middle Game လို့ ခေါ်တဲ့ အလယ်ပိုင်းအဆင့် ကစားပွဲလို့ မြင်ပါတယ်။ အလယ်ပိုင်းအဆင့်မှာ သူ့ ပါဝါ ကိုယ့်ပါဝါ တွက်ရသလို သူ့ အခင်းအကျင်း ကိုယ့်အခင်းအကျင်း နေရာချမှုတွေကိုလည်း တွက်ရပါတယ်။
ပါဝါနည်းနည်းနဲ့ အကွက်ရွေ့ ကောင်းလို့ အနိုင်ရတယ်ဆိုတာ ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ခြေနည်းပါတယ်။ သီအိုရီအရရော လက်တွေ့ အရမှာပါ ပါဝါကောင်းကောင်းရှိလေ နိုင်ခြေများလေပါပဲ။
တပွဲလုံးအနေအထားအရ ကျနော်တို့ ဘက်မှာ ပါဝါ ကောင်းတာဆိုလို့ ဒေါ်စုပဲရှိပါတယ်။ ဒေါ်စုအပြင်ရောက်ရင် နိုင်ငံရေးရှင်ပြီး ဒေါ်စုအထဲဝင်ရင် နိုင်ငံရေးသေပါတယ်။ ဒေါ်စုမရှိရင်မဖြစ်ဘူးဆိုတာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအရ မဟုတ်ပဲ ပကတိလိုအပ်ချက်အရလို့ ပြောချင်ပါတယ်။ ကျနော်တို့ ဘက်က ဘုရင်မသန်တဲ့ ကစားသမားလိုဖြစ်နေပါတယ်။ ဘုရင်မကိုအားကိုးရင် ဘုရင်မကို နယ်မကျွံအောင် ချောင်ပိတ်မမိအောင် ကစားတတ်ဖို့ စဉ်းစားရပါမယ်။ နိုင်ချင်ဇောနဲ့ ဘုရင်မကို သတ်ကွင်းထဲ တွန်းပို့ သလို မလုပ်မိအောင် သတိထားရပါမယ်။ ဘုရင်မ အနေနဲ့ မွှေနှောက်ကစားနိုင်ဖို့ အတွက် တဖက်ရန်သူကို ဖြတ်တောက်ပိတ်ဆို့ ရှင်းလင်းနိုင်မယ့် မြင်း ရထား စစ်ကဲနဲ့ နယ်ရုပ်တွေလည်း ဟန်ချက်ညီ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်၊ ဖြစ်နေပါသလား၊ အွန်ပေပါညီညွတ်ရေးတွေလောက်နဲ့ တော့ ကိုယ့်ဘက်ကိုယ် ပိုမတွက်ဖို့ လိုပါတယ်။ ဒေါ်စုကို ကွန်ဖရဲန်တေးရှင်းလိုင်းပေါ် မလိုအပ်ပဲ ပွဲဆူယုံသက်သက်နဲ့ တွန်းမပို့ ဖို့ လိုပါတယ်၊ အရင်းများပါတယ်။ ဒီတခေါက် ဒေါ်စုပြန်ဝင်ရင် လူ့ သက်တမ်းအရ နိုင်ငံရေးလုပ်ချိန် ထပ်ရဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ဒေါ်စု အခုလုပ်နေတာတွေကို ကျနော့်ကတော့ ဒေါ်စုကိုယ်တိုင် ကစားပွဲ အခင်းအကျင်းကို ချုံငုံသုံးသပ်ထားမိပြီဖြစ်လို့  သူ့ ပါဝါကို သူစုနေတယ်လို့ မြင်ပါတယ်။
လူထုတိုက်ပွဲအကြောင်း သိတ်ပြောပြောနေလို့ နည်းနည်းတော့ပြောချင်ပါတယ်။ လူထုတိုက်ပွဲဆိုတာ မဉ္ဖူသကနတ်ပန်းပွင့်သလို အချိန်အခါသင့်မှ ဖြစ်တဲ့ကိစ္စပါ။ ဆရာဝန်တွေဆိုပိုသိပါတယ်၊ ကလေးမွေးတယ်ဆိုတာ အချိန်ရောက်မှ မိခင်ရော ကလေးပါ ရှင်တာပါ အချိန်မစေ့ပဲ ဗိုက်ပေါ်တက်နင်းပီး မွေးခိုင်းရင်တော့ မိခင်ရော ကလေးပါ သေပါတယ်။
လူထုတိုက်ပွဲဆိုတာ အဲဒီလိုပါပဲ အောင်ပွဲခံဖို့ အဆင့်ရောက်ဖို့ ဆိုရင် အချက်အလက်တွေ အများကြီးလိုပါတယ်။ ဗမာပြည်နိုင်ငံရေးမှာ လူထုနည်းနဲ့ အာဏာသိမ်းနိုင်ဖို့ ဆိုတာ (ရှစ်လေးလုံးနဲ့ ရွှေဝါရောင်သင်ခန်းစာတွေအရ) မအောင်မြင်နိုင်သလို လက်ရှိအချိန်မှာ ဘယ်နိုင်ငံရေးခေါင်းဆောင်မှလည်း လူထုနည်း စင်ပြိုင်နည်းနဲ့ အာဏာသိမ်းရေးလမ်းစဉ်ကို မကျင့်သုံးရဲပါဘူး။ လွတ်မြောက်ရာအရပ်မှာ ရှိနေတဲ့ သူတွေက လူထုနည်း စင်ပြိုင်နည်းလို ကြွေးကြော်နေတာကို ကျနော်တော့ မအံ့သြပါဘူး။
တော်လှန်ရေးသက်တမ်းကြာလာလေလေ မြန်မြန်ပြောင်းလဲစေချင်တဲ့ဆန္ဒ ဖြစ်လာလေလေဆိုတာ လူတိုင်းရင်ထဲမှာ ရှိပါတယ်။ ဒါပေမယ့် ဆန္ဒနဲ့ လက်တွေ့ ဘ၀ အမြဲတမ်း တထပ်တည်းမကျတတ်ပါဘူး။ အားမနာတမ်းပြောရရင်တော့ စစ်တပ်က အကွက်စီးနေတာ အမှန်ပဲ။
ကံမကောင်းရင် ကျနော်တို့ ဗမာပြည်သူတွေဟာ ရွှေရည်စိမ်ဒီမိုကရေစီ လောက်နဲ့ ပဲ ကျေနပ်ရပါလိမ့်မယ်။
ဗမာပြည်သူအားလို့ ကံကောင်းနိုင်ပါစေ . . .

cw said...

I like your comment, Vedaparabaik.

Always said...

ကိုလွဏ်းဆွေရေ။
စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ လွှတ်ပေးလိုက်တာက ဒီလိုပါ .... ရွေးကောက်ပွဲမှာအနိုင်ရအောင်၊ စစ်အာဏာရှင်တွေက မတရားနည်းမျိုးစုံနဲ့ အနိုင်ယူခဲ့လို့ ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး လူထုအုံကြွမှုတွေ၊ လူထုဆန့်ကျင်မှုတွေ ဖြစ်လာမှာကို စစ်အာဏာရှင်တွေက ကြိုသိနေကြလို့၊ အဲဒီဟာတွေ ဖြစ်မလာနိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရှိနေရင် ခုနကပြောတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို စစ်အာဏာရှင်တွေက ကြိုသိနေပါတယ်။ ဒါကြောင့်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို တည်ကြက်လုပ်ပြီး လူထုကိုထိန်းဖို့ လွှတ်ပေးလိုက်တာပါ။ ကုန်လွန်ခဲ့တဲ့ ၂၂ နှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရှိနေတဲ့ အချိန်တွေမှာ အဲဒါတွေ မရှိခဲ့၊ မဖြစ်ခဲ့ပါဘူး။ ဖြစ်ခဲ့တဲ့အချိန်တွေက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ နေနေရတဲ့ အချိန်တွေပါ။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရှိနေရင်တော့ ကိုလွဏ်းဆွေရေ စိတ်ချပြီးသာ ယုံလိုက်ပါ အဲဒါတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီတော့ ကိုယ့်လမ်းကိုယ်လျှောက်၊ သူ့လမ်းသူလျှောက်ပါစေ။ ကိုယ်ယုံကြည်ရာ ယုံကြည်ရာကို လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။
ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လူထုရဲ့အားကို စုစုပြီး အသုံးမပြုဘဲ ဖြုန်းသလို ဖြစ်ဖြစ်နေသလိုဘဲ မြင်မိတယ်။ အားဆိုတာ စုပြီးရင် အသုံးပြုရတယ်၊ အသုံးပြုဖို့ဘဲ အားကို စုသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် အားကုန်တယ်။ ပြီးတော့ အားဆိုတာလည်း အမြဲတမ်း ထုတ်ယူသုံးစွဲလို့ ရတဲ့အရာလည်း မဟုတ်ဘူး။ အားပြတ်ရင်တော့ သေတတ်တယ်
လေးစားစွာဖြင့်
တေဇသူရ

သားသား said...

ကိုလွဏ်းဆွေ=ငါးမင်းဆွေ

သားသား said...

ကိုလွဏ်းဆွေ=ငါးမင်းဆွေ

ddddd said...

Whatever you do, don't critise Mrs Aris. She's our holy mother. got it ?

မောင်သန့် ။ said...

ဆြာဆွေ။
သမိုင်း ကို အနှစ်၂၀ ကျော် နဲ့ မပိုင်းဖြတ်ပါနဲ့ ။
ညီညွတ်ရေးဘယ်လောက်ခိုင်မာအောင် တည်ဆောက်ပီးပလဲ။
လူထဲအလွှာ အားလုံးထဲ ကေဒါတွေ မြုတ်နှံထားနိုင်ပီလား။
လူထုတိုက်ပွဲ အတွက် အဆင်သင့်ပီလား။
A/S အတွက်ကော စစ်ပညာတွေ ဘယ်လောက်တတ်အောင်သင်ပီးပီလဲ။
Non-violent Revolution ကို လက်မခံရင်တော့ ၂၀ရာစုနှောင်း တော်လှန်ရေးတွေ ကိုဘယ်လိုသုံးသပ်ကောက်ချက်ချမလဲ။(velvet တို့ ၊ဘာတို့ ပေါ့ဗျာ)
ညီညွတ်ရေးအဓိကပါ။ ဒါ ကို အယင်ခိုင်မတ်နေအောင် တညိဆောက်ကြရအောင်ပါ။

မောင်သန့် ။ said...

ဆြာဆွေ။
သမိုင်း ကို အနှစ်၂၀ ကျော် နဲ့ မပိုင်းဖြတ်ပါနဲ့ ။
ညီညွတ်ရေးဘယ်လောက်ခိုင်မာအောင် တည်ဆောက်ပီးပလဲ။
လူထဲအလွှာ အားလုံးထဲ ကေဒါတွေ မြုတ်နှံထားနိုင်ပီလား။
လူထုတိုက်ပွဲ အတွက် အဆင်သင့်ပီလား။
A/S အတွက်ကော စစ်ပညာတွေ ဘယ်လောက်တတ်အောင်သင်ပီးပီလဲ။
Non-violent Revolution ကို လက်မခံရင်တော့ ၂၀ရာစုနှောင်း တော်လှန်ရေးတွေ ကိုဘယ်လိုသုံးသပ်ကောက်ချက်ချမလဲ။(velvet တို့ ၊ဘာတို့ ပေါ့ဗျာ)
ညီညွတ်ရေးအဓိကပါ။ ဒါ ကို အယင်ခိုင်မတ်နေအောင် တညိဆောက်ကြရအောင်ပါ။

မောင်သန့် ။ said...

ဆြာဆွေ။
သမိုင်း ကို အနှစ်၂၀ ကျော် နဲ့ မပိုင်းဖြတ်ပါနဲ့ ။
ညီညွတ်ရေးဘယ်လောက်ခိုင်မာအောင် တည်ဆောက်ပီးပလဲ။
လူထဲအလွှာ အားလုံးထဲ ကေဒါတွေ မြုတ်နှံထားနိုင်ပီလား။
လူထုတိုက်ပွဲ အတွက် အဆင်သင့်ပီလား။
A/S အတွက်ကော စစ်ပညာတွေ ဘယ်လောက်တတ်အောင်သင်ပီးပီလဲ။
Non-violent Revolution ကို လက်မခံရင်တော့ ၂၀ရာစုနှောင်း တော်လှန်ရေးတွေ ကိုဘယ်လိုသုံးသပ်ကောက်ချက်ချမလဲ။(velvet တို့ ၊ဘာတို့ ပေါ့ဗျာ)
ညီညွတ်ရေးအဓိကပါ။ ဒါ ကို အယင်ခိုင်မတ်နေအောင် တညိဆောက်ကြရအောင်ပါ။

ဝါခေါင် said...

ဒီတခါ ဆောင်းပါးကိုယ်ထည်ထက် မှတ်ချက်တွေက ပိုဖတ်ကောင်းသလိုပဲဗျာ။ ဆရာလွဏ်း ကို အားတော့နာပါရဲ့။
အပေါ်က မှတ်ချက်ပေးသွားတဲ့ ကိုဝင်း(win) ပြောသလိုပဲ ညီညွတ်ရေးကို ခိုင်မာအောင် အရင်တည်ဆောက်ဖို့လိုသလားလို့။
ဒါနဲ့ ကိုဝင်း ရေ ဒီစကား တစ်ခွန်းထဲကိုပဲ ဘာဖြစ်လို့ သုံးကြိမ်သုံးခါတောင် ထပ်ပြောရသလဲ ဗျာ။
http://lungesakarwine.blogspot.com/

Unknown said...

Charter 77 was successfully implemented in Czechoslovakia but Charter 08 which was similar to Charter 77 was failed in China. On the other hand, we can consider reverse scenario. The operation which was failed in Germany because of some decision makers weakness and out of timing can apply in Burma. We need to learn in detail the weakness and revise strategy, design and implement New Operation Valkyrie.

ME said...

ကိုက်ကြ.. ကိုက်ကြ
ဒီအရည်အချင်း၊ ဒီအနေအထား၊ ဒီစည်းလုံးမှုနဲ့ နအဖ ကို ကျော်ဖို့ စဉ်းစားကြသေးတယ်။ ဟိုက မင်းတို့ထက် အဆ တစ်ထောင် လူများတယ်၊ အဆ တစ်ထောင် ညီညွတ်တယ်။ အဆ တစ်ထောင် မင်းတို့ထက် အကွက်မြင်တယ်။ ဒီပုံစံနဲ့တော့ ဘယ်တော့မှ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။

nyihtwe said...

ဒေါက်တာလွဏ်းဆွေကိုအကြံပေးချင်တာကနောက်တခါအခုလိုအရည်မရအဖတ်မရတွေရှောက်မရေးပါနဲ့လို့။ကျေးဇူးတင်ပါတယ်။

William Thargi said...
This comment has been removed by the author.
William Thargi said...

အိုင်ဆေး Vedaparabaik

ဆြာသမားပြောတာတွေ ကို အတော် သဘောကျပါတယ်။ သုံးသပ်ထားတာလေး တွေက လေးစားချင် စရာပါ။
သို့ပါသော်လည်းပေါ့လေ စိတ်မဆိုးရင်တော့ တစ်ခုပြောပါရစေ။
အပြည်ပြည်ဆိုင်ရာ စစ်တုရင် ကစားနည်းမှာ နယ်၊ မြင်း၊ ဘုန်းကြီး၊ ရထား၊ ဘုရင်မ၊ ဘုရင် စတဲ့ အရုပ်တွေ နဲ့ ကစားရပါတယ်။
မြန်မာ စစ်ဘုရင် ကစားနည်းမှာတော့ နယ်၊ မြင်း၊ ဆင်၊ ရထား၊ စစ်ကဲ၊ ဘုရင် စတဲ့ အရုပ်တွေ နဲ့ ကစားရပါတယ်။

ဆြာသမားက
“ဘုရင်မ အနေနဲ့ မွှေနှောက်ကစားနိုင်ဖို့ အတွက် တဖက်ရန်သူကို ဖြတ်တောက်ပိတ်ဆို့ ရှင်းလင်းနိုင်မယ့် မြင်း ရထား စစ်ကဲနဲ့ နယ်ရုပ်တွေလည်း ဟန်ချက်ညီ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်၊ ဖြစ်နေပါသလား၊”

လို့ရေးထားတော့ ဘုရင်မရော စစ်ကဲပါ ပါတဲ့ ကစားနည်း အဆန်း တစ်ခုကို ဥပမာပေးထားတာ တွေ့ရတော့ အဲ … ဟဲဟဲ လေးတော့ လေးစားပါတယ် နည်းနည်းတော့ အဲ နည်းနည်းပေါ့ အဲ … ဟိုဟာဖြစ်တာပေါ့ ဟဲဟဲ

မစ္စတာသာဂိ

Anonymous said...

ကိုလွမ်းဆွေရေ

အချိန်လေးတော့ စောင့်ဦး သိပ်လောမကြီးပါနဲ့.. အခြေအနေတွေက အချိန်နဲ့ အမျှ ပြောင်းလဲနေတာပါ။ အရင်တုန်းက လုပ်ရမယ့်အလုပ်ကို အခုချိန်မှာ လုပ်လို့ ရချင်မှ ရမှာပါ။ အချိန်အခါလိုက်ပြီး လုပ်ရမယ့်အလုပ်က ပြောင်းလုပ်ရမှာဆိုတော့.. အန်တီစုအနေနဲ့ လည်း သိပ်တော့ အချိန်မဆွဲသင့်ဘူးဆိုတာ သိနေမှာပါ။ စစ်အုပ်စုနဲ့ မောင်သန်းရွှေတို့တွေ မီးစာကုန်ခါနီး အစွမ်းကုန်တောက်ပြနေတာကို သည်းခံလက်စနဲ့ သည်းခံကြပါဦး။ သူတို့အနေနဲ့ နောက်ဆုံးအနေနဲ့ စည်းစိမ် ခံစားကြရတာဆိုတော့လည်း သနားစရာကောင်းပါတယ်လေ။ အချိန်ပေးပြီး ခံစားကြပါစေ။

charlie said...

အြော် ကိုလွန်းဆွေရယ်၉၆ လောက်ကမှအိမ်ကထွက်လာပြီး၊စပွန်းဆာကရတဲ့ဒေါ်လာလေးမျိုးမျိုးမျက်မျက်လေးနဲ့ဘီယာလေးသောက်၊အနှိပ်ခန်းလေးသွားပြီးနှပ်နေရတာတောင်၊အိမ်ကိုလွမ်းနေပြီလားဟိုးအရင့်အရင်ကရောက်နေတဲ့လူတွေကိုရောအားမနာဖူးလားဗျာ။
တိုက်ပွဲဝင်ဖို့ကိုထားပါဗျာ၊ထမင်းလေးတောင်ချက်ဖူးရဲ့လား၊ဒုက္ခသည်တွေကိုတော့မပြောတော့ပါဖူး၊ခင်ဗျားချက်မှာလဲမဟုတ်ပါဖူး။နာမည်လေးခံဓါတ်ပုံလေးရိုက်ခံပေါ့၊စိတ်မဆိုးဖူးဆိုရင်တခုတော့မေးချင်တယ်၊လူထုတိုက်ပွဲကော်မတီဆိုတာရံပုံငွေကောက်၊ဒုက္ခသည်တွေထမင်းထုပ်ပို့တာတွေကလုပ်ငန်စဉ်တွေလား၊
(တကယ်ဒုက္ခရောက်နေတဲ့တိုင်းရင်းသားတွေကိုကူညီတာမွန်မြတ်ပါတယ်)ဒါပေမယ့်ဒါတွေဟာခင်များတို့ရဲ့တိုက်ပွဲပုံစံတွေဆိုရင်တော့ခင်ဗျားတို့ဟာကိုကျော်သူနဲ့မဖြူဖြူသင်းတို့ရဲ့SIDEKICK သာသာပဲရှိမှာပေါ့ဗျာ။
နောက်ဆုံးကတော့ဗျာဟိုကဗျာခင်ဗျားသိမှာပါခင်ဗျားတို့ပညာတတ်တွေပဲ။။။။။။။ အပြစ်မရှိအပြစ်ရှာ၊ လမင်းကိုခွေးဟောင်လို့၊ ရွှေလရယ်ပြောင်မပျက်၊ဆိုတာပေါ့ဗျာ၊သိတော့သိပါတယ်ခင်ဗျားကမိုးသီးSIDEKICK ဆိုတာကတော့ဘာဖြစ်လို့ဒေါ်စုလွတ်လာတာခင်ဗျားတို့လူထုတိုက်ပွဲကော်မတီကတပြည်လုံးဆိုင်ရာသပိတ်တိုက်ပွဲဆင်နွဲမယ်ဆိုလို့စစ်အစိုးရကကြောက်လို့လွှတ်လိုက်တာလို့မပြောတာလဲဆိုတာစဉ်းစားနေတာ၊ခင်ဗျားဆရာကတခါတခါMr.Bean လိုပဲvery funny.

yoo said...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကစ်ဆင်းဂျာ လက်ထက် ချီလီနိုင်ငံမှာရုရှားဖက်ယိမ်းတဲ့ အစိုးရတက်လာခဲ့ တော့ စီအိုင်အေ နဲ့ ပေါင်းပြီး
ဖြုတ်ချဖို့ အစီအစဉ် ဆွဲကြတယ်။
ူချီလီ လူထုတွေကိုယ်တိုင် ဖြုတ်ချစေမဲ့  လူထုတိုက်ပွဲ ကို ဖန်တီးပေးလိုက်တယ်။

အဲဒါကတော့စီးပွားရေးပိတ်ဆို့၊ကမောက်ကမဖြစ်အောင်
လုပ်ပြီး ဒေါ်လာငွေတွေ ကမောက်ကမ ဖြစ်အောင်
လုပ်လိုက်ကြတယ် လို့ ဆိုတယ်။
မကြာပါဘူး။ လူထုအုံကြွမှု ဖြစ်ပြီး အဲဒီ အစိုးရ
ပြုတ်သွားခဲ့ ရတယ် ဆိုတာ သိရတယ်။

ဒီမှာလည်း....
လူထုအုံကြွမှု နဲ့ နအဖကို ပြုတ်သွားခဲ့ ရလေအောင်
စီးပွားရေးပိတ်ဆို့ တဲ့ နည်းသုးံတာလို့ ယူဆနိုင်တယ်။
ထမင်းကြမ်းယပ်ခတ်စားမယ်၊ ဆားနဲ့ ပဲစားမယ်၊
ဗမာပြည်မှာ ထမင်းငတ် သေတဲ့  မသာ မရှိပါဘူးကွာ လူထု ကြောင့် နှစ် ၂၀ အလုပ်မဖြစ်
ခဲ့ ပဲ တရုတ်နဲ့ ရုရှားဖက် အခမဲ့ ဆက်ခါဆက်ခါ
တွန်းပို့ ပေးသလို ဖြစ်နေတယ်လို့ ယူဆသွားကြ
တယ်နဲ့ တူပါတယ်။
အမေရိကန်နဲ့ အပေါင်းပါတွေရဲ့ လေသံတွေက
အရင်ကနဲ့ ၁၀၀%မတူတော့တာလဲ တွေ့ ရတယ်။

တပြိုင်တည်း ကိုလွဏ်းဆွေရဲ့ စူပါမင်း လဲ
သူတို့ တွေရဲ့ လေသံတွေနဲ့ သွားတူနေတာလဲ
စိတ်ဝင်စားစရာပဲ။
သံပတ်ရုပ် စူပါမင်း များလေလား။

yoo said...

ကိုလွဏ်းဆွေအနေနဲ့ 
အမေရိကန်နဲ့ အပေါင်းပါတွေနဲ့ နအဖ အကြားမှာ
စူပါမင်း က ဆက်ဆံရေးဝန်ကြီး (သို့ )ကိုယ်စားလှယ်
တယောက်လို အနေအထားဖြစ်နေလား၊ ဆိုတာလဲ
ထည့်သွင်းစဉ်းစားရမဲ့ အချက်တခုလို့ ယူဆရတာပဲ။

Unknown said...

ဆရာလွမ်း ဆွလိုက်တာ အရေးမကြီးဘူး။ ခွေးတွေဟောင်တာ တော်တော်နားငြီးတာပဲဗျို့။ အခုမှပဲ လူထုတိုက်ပွဲအသံကြားလို့ လန့်ပြီးဟောင်တဲ့ စစ်ခွေးတွေရော လူထုတိုက်ပွဲအသံကြားမှ ဒေါ်စုဘက်သားလိုလို ဟောင်တဲ့ စစ်ခွေးတွေရော တော်တော်စည်ကားနေတာ တွေ့ရတော့တယ်။ ကြောင်ချေးလို စစ်ခွေးတောင် ထဟောင်နေတာ တွေ့တယ်။ ခွေးရောင်စုံပဲ။ သိပ်မဆွနဲ့ ဆရာလွမ်း။ ဆောင်းတွင်းမှာ အေးဆေးလေး ကွေးပါရစေလား။

yoo said...

ကိုလွဏ်းဆွေကို ဥပမာအနေနဲ့ အချစ် ဆိုတာနဲ့ 
ဝေဖန်ချင်ပါတယ်။

ကိုလွဏ်းဆွေက တဖက်သတ်ချစ်နေတာပါ။

ချစ်သူဘ၀ ရောက်ပြီး ကိုယ့်ချစ်သူက ကိုယ်နဲ့ စိတ်
သဘောထားခြင်းမတိုက်ဆိုင်တာလေးတွေရှိလို့ ခံစားနေရတယ် ဆိုရင် သဘာဝကျပါသေးတယ်။

ခုဟာက...ကိုလွဏ်းဆွေကသာ တဖက်သတ်ချစ်နေပြီး
ကိုယ်နဲ့ ဘာမှ မပတ်သက်သေးတဲ့ သူတယောက်ကို
ကိုယ့် စိတ်တိုင်းမကျတာတွေနဲ့ စပ်လျဉ်းပြီး
ခံစားရမှုဝေဒနာတွေကို လူတကာထုတ်ဖော်ပြနေတာနဲ့ တူနေတယ်။

ကိုလွဏ်းဆွေက တကယ်တော့ တဖက်သတ်အချစ်
သမား ဒုက္ခ ခံစားနေရတာပါ။

yoo said...

ကိုလွဏ်းဆွေအနေနဲ့ ..

လူထုတိုက်ပွဲ ကြောင့်ပြုတ်သွားခဲ့ ရတဲ့ နိုင်ငံတွေရဲ့ 
သမိုင်းကြောင်းတွေကို လေ့လာသုးံသပ်ပြီး
ကိုယ်ယုံကြည်ရာ လမ်း လျှောက်လှမ်းတာ
အကောင်းဆုးံလို့ ယူဆရတာပဲ။

Unknown said...

ဒေါက်တာလွမ်းက ကျွန်တော့်လိုပဲ ဘောလုံးဂျိုးထင်တယ်။ လောင်းရင်ကော အမြဲလွဲလား ဟီးဟီး နောက်တာနော်။ ကျွန်တော် မြင်တာကတော့ အန်တီစုက အလှကစားကွက်ကောင်းပြီး ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူးတယောက်ပေါ့။ အာဏာနဲ့ဦးဆောင်ရမယ့် ကံဇာတာအလှဲ့ မရောက်သေးတာလဲဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ဆက်ပြီးပံ့ပိုးပေးရမယ်လို့ထင်ပါတယ်။ တခြားတိုက်စစ်မှူးတွေလဲ ထောင်ထဲရောက်နေကြတယ်လေ။ ရှိတဲ့တိုက်စစ်မှူးနဲ့ပဲ တချိန်ချိန်မှာ ဂိုးပေါက်တည့်လိုတည့်ညားပေါ့။ အန်တီစုကလဲ အသက်ကြီးလာပြီဆိုတော့ ဖန်တီးပေးသူတွေ ပို့ပေးတဲ့ ဘောလုံးတွေကိုတော့ ဖြုန်းတီးမပစ်ဖို့လိုတာပေါ့။ ဒါဆိုအိုကေနိုင်မှာပါ။ ကျွန်တော်တော့အဲလိုပဲ အကောင်းတွေးပါတယ်။

yoo said...

ကိုလွဏ်းဆွေ။ ။ အင်း..ငါ့မလဲ၊ ခုမှ တကယ့်ကို
ခေါင်းထဲ ကြယ်တွေ၊လတွေ စုံသွားတော့တာပဲ။

ရေခဲရေပုးံ လက်ကဆွဲ၊
မီးရှို့ ဖို့  နှိုးဆော်ချက် ထုတ်ပြီး တယ်လီဖုန်းနံပါတ် ပေးကြတဲ့  ဟို ကိုမိုးသီးစုံ၊ကိုသံတုးံ တို့ ကမှ ငြိမ်းချမ်းသေးတယ်။

ငါလဲ လူထုကျန်းမာရေးကော်မတီ တစင်ခွဲထောင်မှ။

မင်းရဲခေါင် said...

ဒါကတော့ ပြည်ပရောက်နေတဲ့ သူတွေရဲ့ အားမလိုအားမရစကားတွေပါ။ ပြည်တွင်းမှာလုပ်ရတာဘယ်လောက် ခက်တယ် ဆိုတာ ဆရာလွဏ်းဆွေလဲ အသိပါပဲ။ ပြည်ပက ရဲရဲတောက်တွေနဲ့ ဘားမားဗွီဂျေထဲ ထဲမှာပြောကြသေးတယ်။ အပြောင်းအလဲအတွက် လူတွေရဲ့ အသက်တော့ရင်းရမှာပဲတဲ့။ သတ္တိရှိရင် အဲလိုပြောတဲ့ သူတွေလာရင်းကြည့်ပါလား။ ဒါဟာ တရားမဲ့တဲ့စကားတွေပါ။ လူတစ်ယောက်မှမသေပဲ ပြောင်းလဲလို့ရအောင် ပညာရှိနည်းနဲ့စဉ်းစားကြဖို့လိုပါတယ်။ ဆန္ဒပြတာကလွယ်ပါတယ်။ ဘာမှမဖြစ်ပဲ ရင်းလိုက်ရတဲ့ လူတော်တွေက နှမြောဖို့ကောင်းတယ်။ ဒီတခါ လူထုလှုပ်ရှားမှုထပ်ဖြစ်ရင်တော့ အပြင်ရောက်နေသူများပြန်လာပြီးတော့ ရှေ့ကနေမားမား မတ်မတ်ရပ်တည်ပြီး ခေါင်းဆောင်ပေးကြပါဦး။ ဆရာလွဏ်းဆွေပါ ပါလာရင်ပိုကောင်းတာပေါ့ဗျာ။ အပြင်ကအော်ရတာ ပါးစပ်ညောင်းတာပဲရှိပါတယ်။

Unknown said...

I believe there are only a few military dogs who will give their lives to guard military junta and their families. Fightings in the jungle are wasting power and time. The soldiers who are fighting in the jungle do not want to give their lives for meaningless war. They just follow the order by their commander. When the command is changed, there is no more fighting in the jungle. We need to find the way to reach target and eliminate target.

Aung Khin said...

I agree with myint. Please find the way.

Aung Khin said...

I agree with myint. Please find the way.