Saturday, December 11, 2010

ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ (သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ ဆလိုက်ရှိုးဓာတ်ပုံမကြည့်ရ)

ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရ
သတင်းနှင့် ဓာတ်ပုံ - ပြည်သူ့သူရဲကောင်းများအုပ်စု
နိုဝင်ဘာလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် ဖလူးတိုက်ပွဲတွေအတွင်းမှာ နအဖစစ်တပ်ရဲ့ဖမ်းဆီး ခြင်းကို ခံလိုက်ရတဲ့ ကေအန်ယူ/ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲဝင် (၇) ဦး သတ်ဖြတ်ခံခဲ့ရပါ တယ်။

ကရင်ပြည်နယ်တွင်းမှာ ဒီကေဘီအေနဲ့ နအဖစစ်တပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် မြ၀တီမြို့နဲ့ (၄) မိုင်ခန့်သာ ဝေးတဲ့ ဖလူးကြီး-ဖလူးလေးရွာအနီးမှာ တပ်စွဲထားတဲ့ ငြိမ်းချမ်ရေးကောင်စီတပ်ဖွဲ့က တပ်သားတွေကို နအဖ စစ်တပ်ကဖမ်းဆီးပြီး (၁) ဦးကို ပစ်ခတ်သတ်ဖြတ်သွားသလို (၆) ဦးကိုလည်း ဖမ်းဆီးသွားပြီးနောက် ရက်ရက် စက်စက် သတ်ဖြတ်ပစ်ခဲ့ပါတယ်။ လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ထိုးသတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းတွေကို နအဖ စစ်တပ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ နအဖစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးအဖွဲတွေအပေါ်ထားရှိတဲ့ သဘောထားအမှန်ပဲဖြစ်ပါတယ်။ ဒီကေဘီအေ တွေကိုလည်း အလားတူ ရက်ရက်စက်စက် ဖိနှိပ်နေသလို ကရင်ရွာသားတွေကို အဓမ္မ ပေါ်တာဆွဲတာတွေ လုပ်နေပါတယ်။

မြ၀တီမှာ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ဗျူးဟာမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးက မြ၀တီမြို့သားတွေ ပြေးလိုက် လွှားလိုက်၊ ထိုင်းဘက် ကူးလိုက်လုပ်နေတာကို အတော်ကြည့်ရခက်နေပြီဖြစ်ကြောင်း၊ နောက်တခါ မြ၀တီမြို့ ပြာကျသွားအောင်လုပ်ပြီး အားလုံးသေကုန်မှသာ ကောင်းကြောင်း၊ နောက်တကြိမ်ဆိုရင်တော့ မြို့တခုလုံး မီး လောင်ပြာကျအောင် လက်နက်ကြီးစာကျွေးလိုက်မယ်လို့ သူနဲ့ ဂေါက်ရိုက်ဖော် ဗိုလ်မှူးတွေကို မြ၀တီဂေါက် ကွင်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။ (ဓာတ်ပုံဆလိုက်ရှိုးကို ကြည့်ရှုလိုပါက ‘အပြည့်အစုံသို့’ ကို ကလစ်ပါ။ သွေးလန့်တတ်သူများ၊ နှလုံးရောဂါရှိသူများ မကြည့်ရ)

5 comments:

Unknown said...

မီးရှို့သတ်လိုက်တယ်ဆိုတော့။ ဘာဖြစ်လို့ အင်္ကျီတွေက မီးမလောင်ပဲ လူတွေကပဲ မီးလောင်ခံရသည်မှာ အဘယ့်ကြောင့်နည်း။ အင်္ကျီနဲ့ တံဆိပ်တွေက မီးလောင်ဒဏ် ခံနိုင်အောင် ချုပ်လုပ်ထားခြင်းဖြစ်ပါသလား။

Unknown said...

ဝမ်းနဲစရာ ကောင်းလှပါသည်။ စစ်သုံ.ပန်းများအား ဥပဒေမဲ့သတ်ဖြတ်ခြင်းကို ရှုံ့ချပါသည်။
အထက်ပါ ပစ်မှုသည် မြန်မာ့တပ်မတော်ကို အဆင့်အတန်းမရှိသော ပရော်ဖက်ရှင်နယ်မဆန်သော လူမိုက်ခါးပိုက်ဆောင်အဖွဲ. အသွင်ဖေါင်ဆောင်စေပါသည်။
ခေါင်းဆောင် အရာရှိတို.၏ တာဝန်သာဖြစ်သည်။ စုံစမ်းရေး အဖွဲ.ဖွဲ.ကာ နိုင်ငံတကာသို.တင်ပြသင့်ပါသည်။

ဥပဒေမဲ့ အသတ်ခံရသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ.၀င် ကရင်တိုင်းရင်းသား ညီအကိုများ ကောင်းရာသုဂတိလားပါစေ။

yoo said...

၂-၁၂-၂၀၁၀၊ ညနေ ၅နာရီ ၅၇ မိနစ် တွင်
ကိုလွဏ်းဆွေ တင်ထားခဲ့သော..

"ကရင်ငြိမ်းချမ်းရေးတပ်သား (၆) ဦးကို စစ်အစိုးရတပ် ပြန်လွှတ် သတင်း" အား သတင်းဌာနမှပြန်လည် Blog လုပ်ထားသည်ကို တွေ့ ရသည်။

အဆိုပါသတင်းတွင် ဗိုလ်ထိန်မောင် မှ (၇)ဦးအနက်
(၁)ဦး ကျဆုးံပြီး၊(၆)ဦးမှာ ပြန်လည် ရောက်ရှိလာပြီ
ဖြစ်ကြောင်းပြောဆိုခဲ့ သည်တို့ ကိုဖတ်ခဲ့ ရလေသည်။

ဖြစ်နိုင်ဖွယ် ၂ ချက်မှာ.
၁။ အချင်းချင်း ဖြောင် ပစ်လိုက်ပြီး လုပ်ကြံသတင်း ဖန်တီးခြင်း။

၂။ တခြား တိုက်ပွဲကျရဲဘော်(၆)ဦး၊မြေမမြုပ်ခင်
လုပ်ကြံသတင်း ဖန်တီးခြင်း။ တို့ ပင်ဖြစ်သည်။

ယခု ပုံများတွင် (၇)ဦး ပြန်ဖြစ်သွားရပြန်သည်။

thar ၏ ကွန်းမန့် တွင်...
ဘာဖြစ်လို့ အင်္ကျီတွေက မီးမလောင်ပဲ လူတွေကပဲ မီးလောင်ခံရသည်မှာ အဘယ့်ကြောင့်နည်း။ အင်္ကျီနဲ့ တံဆိပ်တွေက မီးလောင်ဒဏ် ခံနိုင်အောင် ချုပ်လုပ်ထားခြင်းဖြစ်ပါသလား..ဟုမေးထားသည်။

အင်္ကျီနဲ့တံဆိပ်တွေကမီးမလောင်ခြင်းကား
အထူးပင်အံသြဖွယ်ဖြစ်ခြင်းမက ဖြစ်ရလေတော့သည်။

http://www.rfa.org/burmese/news/army_freed_karen_soldiers-12022010114650.html

Unknown said...

အဝတ်ဘာလို့ မီးမလောင်တာလဲ သိချင်ရင် ကိုယ့်ဖာသာ ဓာတ်ဆီလောင်းပြီး မီးရှို့ကြည့်လိုက်။

yoo said...

ဒါဆိုရင် လဲ ပြီးရော။

"ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးပါ"
"ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် စစ်သင်္ဘောတွေ
၁ ပတ်အတွင်း မြန်မာ့ ရေပိုင်နက်အနီး ရောက်လာနိုင်ပါတယ်" ဆိုတဲ့  ကမ္ဘာ့ရန်ပုံငွေနဲ့ 
တည်ထောင်မဲ့ 
ပြည်ထောင်စု တပ်မတော် ဗိုလ်ချုပ်ကြီး free 88.