Tuesday, December 7, 2010

ရဲဘော်ကျော်သန်း၏ ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် (တကယ်ညီညွတ် ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်)

Need to Know Enemy for Unity

36 comments:

မိုးကြိုး said...

that is real myanmar history.thank u for this
information

Zaw said...

ဗမာဆိုတာလည်း ကုလားတွေ မပိကလာ၊ ပိကလာခေါ်ရင်းကနေ ဖြစ်လာတယ်ဆိုတာ ဒီဆောင်းပါးကို ဖတ်ရင် သိနိုင်ပါတယ်။

Zaw said...

လူမျိုးရေး ၀ါဒရှိတယ်ဆိုတာ စစ်အစိုးရ အုပ်စု တစ်စုတည်း မဟုတ်ပါဘူး။ ဗမာလူမျိုး အများစုမှာ ရှိပါတယ်။ ဥပမာ ဗမာလူမျိုးတွေဟာ ရခိုင်ပြည်ကို သိမ်းပြီးနောက်ပိုင်း ရခိုင်နဲ့ မွေပွေးကို မြင်ရင် မွေပွေးကို အရင်သတ်ဆိုတဲ့ အောက်တန်းကျတဲ့ စကားကို စခဲ့တာ အခုချိန်ထိ လက်ကိုင် ထားတုန်း ပဲ။ လိုချင်တာရှိရင် တိုင်းရင်းသားတွေလို့ပြော၊ ကူညီစရာ ရှိတဲ့အချိန်ကျရင်တော့ မသိဟန်ဆောင်နေတတ်ကျပါတယ်။

Myo Chit said...

ဗမာအခေါ်နဲ့ ပတ်သက်တဲ့ အချက်တွေ ထပ်လိုနေပါတယ်။ ဒီတခု ထဲတော့ မလုံလောက်ပါ။

Unknown said...

ရဲဘော်ကျော်သန်းပြောသမျှမှာ ဗမာ အခြေပြုကျမ်းကို ကိုးကားပြီး ပြောခြင်းဖြစ်သည်။
အခြားလူများများ၏ သမိုင်းကို လည်း သေချာလေ့လာဖို့ လိုပါသည်။
သခင်ကိုယ်တော်မှိုင်းတို့လူစု ရေးခဲ့သမျှ သမိုင်းဖတ်စာ နှင့်ကတော့ ဗမာ သို့မဟုတ် မြန်မာ သမိုင်းပဲ ရပါမည်။ ပြည်ထောင်စု သမိုင်း မဟုတ်ပါ။

Unknown said...

လက်တွေ့တွင် မြန်မာ ဟု အမည်ခံပြီး မြန်မာ အဖြစ်ခံယူသူများမှာ ဗမာ အဖြစ်မခံလိုသော တိုင်းရင်းသားအမည်ခံ ကချင်၊ ကယား၊ ကရင်း၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများဖြစ်ပါသည်။ သူတို့သည် ဗမာ အဖြစ် အသတ်မှတ် မခံကြဘဲ။ မြန်မာ အဖြစ် ခံယူကြသည်။ အကြောင်းမှာ လူမြိုမှ လူမျိုးပျောက် ဟူသော လဝက စီမံချက်ကြောင့် မူလ လူမျိုးပျောက်ပြီး ဗမာ မဟုတ်သော မြန်မာ များ ဖြစ်လာကြသည်။

Anonymous said...

Very Good Story! The answer is Union of Burma again.

ဝါခေါင် said...

Free88သို့
အကို ရေ သမိုင်းထဲက လူမသိသူမသိ အချက်တော်တော်များများ ကို အကို သိနေပုံရတယ် ။
အကို ဖတ်တဲ့စာအုပ်တွေ ညွန်းပေးနိုင်ရင် ကောင်းမယ်ဗျာ ။ အကို နဲ့လည်းစကားတွေ အများကြီး
ပြောချင်ပါတယ် ။ အချိန်ရရင် ကျနော်အစမ်းလုပ်ထားတဲ့ http://lungesakarwine.blogspot.com/ ထဲကို ခဏဝင်ဖတ်ကြည့်ပါ ။
စကားမစပ် ကျနော် က ဗမာ မဟုတ်တဲ့ တစ်ခြားတိုင်းရင်းသားပါ ။

Stop Burmanization said...

So, no difference between Tibeto Burmese and (Mon) Kamar Groups? Historian! Please help me.

eagle said...

ီဒီထက်ပိုပြီး မတတ်နိုင်ဘူး မဖြစ်နိုင်ဘူး...
နေချင်ရင်ကိုယ့်သဘောနဲ့နေ...မနေချင်ရင်သွားပေါ့ မတားပါဘူး...လူဆိုတာကိုယ့်အကြောင်းနဲ့ကိုယ်
နေရာတိုင်း တစ်ယောက်အကြိုက်တစ်ယောက်
မလုပ်နိုင်ဘူး

Unknown said...

တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကိုမြင်ဖို့လိုတယ်...
ဟုတ်ပ ..၊ ဒီကနေ့လိုနေတာက ရန်သူအစစ်ကိုမြင်ကြ
ဖို့ပါပဲ ၊ ဗမာ/မြန်မာ ငြင်းနေဆွေးနွေးနေဖို့မဟုတ်သေး
ဘူး၊ဖက်ဒရယ်တွေဘာတွေပြောနေဘို့မလိုသေးဘူး၊ ရန်သူ
အစစ်ကိုအရင်တိုက်၊ စစ်အာဏာရှင်ကိုအရင်ပြုတ်အောင်ချ
ေ၀၀ါးစေမဲ့ ငြင်းခုန်ကြရမဲ့အကြောင်းအရာတွေ လိုင်းမတင်ကြပဲ တိုက်ပွင်္ဲနည်းနာတွေ လိုင်းတင်ဆွေးနွေး
ကြ တာပိုသင့်လျော်တာပေါ့်

မန်းကိုကို said...

မြေပုံထဲကြည့်တဲ့အခါ ဗြဟ္မပုတ္ထရမြစ်ဟာ အာသံကို ဖြတ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း အလယ်ကနေ ဖြတ်သွားတာ တွေ့ရပါတယ်။ ဒီတော့ Bramah Desh ဆိုတာ Bangladesh လည်းဖြစ်နိုင်တယ်လို့ ပြောလို့ရနိုင်မလားပဲ။

အိန္ဒိယဒေသဟာ အရင်က ဘင်္ဂလားဒေ့ရှ် နယ်မြေပါ ပါဝင်ခဲ့ပြီး ပြည်ထောင်ငယ်ပေါင်း ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုတာမို့ မြန်မာပြည်နဲ့ ဆက်စပ်မှုတွေရှာဖွေနိုင်ဖို့ ခက်နိုင်တယ် လို့တော့ထင်ပါတယ်။ မဖြစ်နိုင်ဖူး အဆိုပြုချက် မမှန်ဘူးရယ်လို့လည်း ပြောတော့ မပြောရဲပါဘူး။

ဗမာ မြန်မာကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကိုလည်း ရှည်ရှည်လျားလျား ရေးထားတာတွေ့ရပါတယ်။ ဆွေးနွေးမယ်ဆိုရင်တော့ အတော်လေ့လာထားပြီးမှပဲ သင့်တော်မှာမို့ အကျယ်တော့ မချဲ့တော့ပါ။

ဒါပေမယ့် ကနေ့အများသူငါ နားလည်ကြတဲ့ ဗမာလူမျိုးကနေ ဗမာနိုင်ငံလို့ ပြောင်းသုံးနိုင်ဖို့က လက်ရှိအနေအထားမှာ သိပ်မလွယ်ဖူး သို့မဟုတ် လက်တွေ့ကျမယ်လို့ သိပ်မထင်မိပါဘူး။

ဘယ်လိုဆိုဆို ရဲဘော်ကျော်သန်းနဲ့ ဦးထွန်းအောင်ကျော်တို့ရဲ့ တင်ပြချက်မှာ စိတ်ဝင်စားစရာလေးတွေ အတော်များများ ပါတယ်လို့တော့ လက်ခံပါတယ်။ လူငယ်တွေအတွက်တော့ တွေးစရာလေးတွေ ရမယ်လို့ယုံကြည်ပါတယ်။

Ramaññadesa said...

brahma desh ရှိသလို ramannya desh လည်း ရှိပါတယ်။ ဗြဟ္မာဒေသ ရှိသလို ရာမညဒေသလည်း ရှိပါသေးတယ်။ အဘိဓာန်တစ်ခုမှာ ဗမာရော၊ မြန်မာရောကို ဗြဟ္မာက လာတယ်လို့ ဆိုထားပါတယ်။ ဟုတ်မဟုတ်တော့မသိရ။ နာမည်ကိစ္စကို အရေးမကြီးဘူး ပြောလို့မရပါဘူး။ အခြေခံဥပဒေတွေ ရေးဆွဲတဲ့အခါ နိုင်ငံနာမည်ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ ရန်သူက စစ်အာဏာရှင်တွေလို့ ယေဘုယျဆိုလို့ရပေမယ့် တကယ့်တကယ်ရန်သူက ကျနော်တို့စိတ်ထဲက ကြောက်ရွံ့မှု၊ အမှန်တရားမသိမှု၊ မရသင့်ဘဲ လိုချင်နေတဲ့ တပ်မက်မှုတွေပါ။ နာမည်ကိစ္စကို အသေးအမွှားအဖြစ်သတ်မှတ်တာ လက်မခံနိုင်ပါ။ အထူးသဖြင့် နိုင်ငံနာမည်ကို အရေးမကြီးဘူးလို့ ပြောတာ လက်မခံနိုင်ပါဘူး။ နိုင်ငံနာမည်တစ်ခုတည်းနဲ့ အဓိပ္ပာယ်ပေါင်း အများကြီးကို ဖော်ဆောင်နိုင်ပါတယ်။ ပြည်ထောင်စုဆိုင်ရာလို့ပြောပေမယ့် ဗမာ/မြန်မာဗဟိုပြုနိုင်ငံရေးအဖွဲ့အစည်းတွေက သမိုင်းအချက်အလက်ကို ကိုးကားထားတဲ့ ဗမာတစ်ယောက်ရဲ့ အမြင်နဲ့ပဲ ဆွေးနွေးသွားတာကို တွေ့ရပါတယ်။ ဗမာနဲ့မြန်မာအတူတူပဲဆိုတာ သမိုင်းကြောင်းအရရော၊ လက်တွေ့လက်ခံထားမှုတွေအရရော ငြင်းမရတဲ့အချက်ပါ။

mg said...

မည်သို့ပင်ဆိုစေကာမှု နောင်အဆက်ဆက်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံလို့ ခေါ်တွင်ရမည်မှာ အမှန်ပင်ဖြစ်သည်။မည်သူတွေ ကြိုက်သည် မကြိုက်သည် အဓိကမကျ။တိုင်းပြည်ရဲ့ နာမည်တစ်ခု အစဉ်ထာဝရ ရှိနေဖို့သာ အဓိကဖြစ်တယ်။

စစ်အစိုးရကို ဖြုတ်ချဖို့မလို..သူ့အလိုလို အော်တို ဆင်းသွားနေပါပြီ...၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျင်းပပြုလုပ်လာခဲ့တာဖြင့် ယခုဆိုရင် မူဝါဒ လမ်းစဉ် (၇) ရပ်အတိုင်း လုပ်ဆောင်နေတာဖြင့် အဆင့် ၅ ဆင့်ပြီးလို့ ကျန်တဲ့ အဆင့် ၆ ဖြစ်တဲ့ လွှတ်တော်ခေါ်ယူမှုတွေ လုပ်တော့မည် နောက်မကြာခင်မှာ အဆင့် ၇ ဖြစ်တဲ့ အစိုးရသမ္မတ ဖွဲ့စည်းရေးလုပ်ရတော့မည်...

အေးချမ်းစွာနဲ့ အသွင်ကူးပြောင်းနေတဲ့ကာလကို ပြည်သူတိုင်းလိုလားကြသည်...ထို့ကြောင့် ဒီအေးချမ်းစွာနဲ့ အသွင်ကူးပြောင်းသွားမယ့် ဒီမိုကရေစီနိုင်ငံတော်သစ် စနစ်ကို အတူတကွ လိုက်ပါ ချီတတ်ယုံမှ တစ်ပါး အခြားမရှိပါ...

မိမိဖြစ်စေချင်သော လိုချင်သောအရာအများကို နောင်အစိုးရသစ်များမှာ တရားဥပဒေဘောင်တွင်းကနေပြီး ဆက်လက်ဆွေးနွေးကြပြီး တိုင်းပြည်တိုးတတ်ကောင်းသထက်ကောင်းလာအောင် လုပ်ကြရမည်မှာဖြစ်တယ်။

ထို့ကြောင့် နောင်အစိုးရသစ်ပေါ်လာတော့မှာဖြစ်တဲ့တွက် လက်ရှိအစိုးရကို ဖြုတ်ချစရာမလိုပါ...ဖြုတ်ချလို့လည်းမရပါဘူး...သူ့အစီစဉ်တိုင်း တစ်စိုက်စိုက်လုပ်နေခြင်းဖြစ်တယ်...မကြာခင်မှာ လွှတ်တော်တွေ ခေါ်ယူပြီးအစိုးရသစ်ပေါ်ပေါက်လာပြီး ဒီမိုကရေစီစနစ်သစ်ကိုပေါ်ပေါက်လာမှာဖြစ်တဲ့တွက် ယနေ့မရရှိတဲ့ အခွင့်ရေးတွေကို နောင်အစိုးရသစ်လက်ထပ်မှာ ရရှိလာမှာဖြစ်တဲ့တွက် ကောင်းကျိုးများသာ တစ်ဆဆတိုးတတ်လာမည်ဖြစ်ပါသည်...ထို့ကြောင့် တိုင်းပြည်ကို အေးချမ်းစွာနဲ့ နောင်အစိုးရနဲ့ဆက်လက် လက်တွဲလုပ်ဆောင်သွားကြရမည်ဖြစ်ပါသည်....

Stop Burmanization said...

မြန်မာ(သို့)ဗမာ ဆိုတဲ့ဝေါဟာရကို ဒီလိုမရေမရာကိုယ် လိုရာဆွဲ အဓိပ္ပါယ်ဖွင့်နေကြမယ့် အစား ရေရာတဲ့ နာမည်တခုပေးလိုက်တာ မကောင်းဘူးလား? တိုင်းရင်းသား လူမျိုးစု(၈)စှုရှိနေတာမှာ ဗမာ အကြောင်းကိုဘဲ တဖက်စောင့် လေ့လာပြီး ဆွဲသုံးဖို့မသင့်တော်ဘူး။ မွန်၊ရခိုင် တို့ဟာ ဗမာထက်အများကြီးရှေ့ကျတယ်။ သမိုင်းအထောက်အထားတွေလေ့ရှိတယ်။ ဗမာ(မြန်မာ)က အများစုမို့လို့ ဒီနာမည်ဘဲသုံးရမယ် ဆိုရင် အနည်းစုကမကျေနပ်ရင် တိုင်းပြည် တည်ဆောက်တာ ထပ်ပြီးအန္တာယ်ရှိနေမှာဘဲ။ နာမည်တခုသတ်မှတ်တာမှာ ဗမာ (မြန်မာ)တွေကို မုန်းလို့မမည့်ချင်တာ၊ ချစ်လို့မပယ်ချင်တာတွေထက် အားလုံးကျေနပ်လက်ခံ နိုင်မယ့်နာမည်ကိုရွေးတာက ပိုပြီးကောင်းလိမ့်မယ်။ ဒီကိစ္စကိုလူမျိုးစု (၈)စု နိုင်ငံရေးသမားတွေရော၊ သမိုင်းပညာရှင်တွေပါ အားလုံးဝိုင်းဝန်း အကောင်းအထည်ဖော်ရမယ့်ကိစ္စပါ။ တဦးတယောက်၊ အုပ်စုတစ်စုက ကိုယ်လိုရာ ဆွဲယူလုပ်လို့ရမယ်အလုပ်မဟုတ်ပါ။ နောက်တခုရှိတာက ဒီနာမည်က ကမ္ဘာကသိပြီးပြီ။ ပြန်ပြင်ဖို့မလွယ်ဘူးလို့ ပြီးစလွယ်ပြောလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဘယ်လောက်ဘဲကမ္ဘာကသိသိ တိုင်းသူပြည်သားတွေက မခံယူလိုဘူးဆိုရင် ပြောင်းကိုပြောင်းရမှာဘဲ။ အားလုံးကျေနပ်လက်ခံပြီးမှ တိုးတက်တဲ့နိုင်ငံသစ်တည်ဆောက်လို့ရမှာပါ။

မျိုးသာဂီ said...

ပင်လုံညီလာခံမှာ ရခိုင်၊မွန် စတဲ့အမျိုးသားတွေလက်မှတ်မထိုးခဲ့ပါဘူး။ အရှိကိုအရှိအတိုင်းပဲပြောမယ်။ လက်မှတ်ဝင်ထိုးဖို့ အခွင့်အရေးမပေးတာလေ့ဖြစ်နိုင်သလို၊ ပါဝင်ဖို့ ဆန္ဒမရှိတာလေ့ဖြစ်တယ်။ ဘာဖြစ်လို့ဆိုတော ရခိုင်ကိုမောင်ဝိုင်းစစ်မကြေညာဘဲဝင်သိမ်းကတည်းက ရခိုင်၊မြန်မာ ဆက်ဆံရေးဟာ ဒီနေ့ထိတိုးတက်မူမရှိသလို ပိုတောင်ဆိုးနေသေတယ်။ ဒီလို့လက်မှတ်မထိုးခဲ့တဲ့အတွက် ခုငြင်းနေကြတဲ့ ခွဲထွက်ရေး၊ပူးပေါင်းရေး ဟာငါတို့နဲ့မဆိုင်ဘူး။ ငါတို့ရဲ့လွတ်လပ်ရေးကို ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရအောင်ယူရမှာဘဲ။ ခွဲထွက်တာကို ကျဉ်းမြောင်းတယ်လို့ယူဆခဲ့ရင် မြန်မာတွေ အင်္ဂလိပ်အင်ပါယာထဲ့က ဘာတွက် ခွဲထွက်လွတ်လပ်ရေးယူခဲ့ကြတာလဲ။ အမျိုးသာရေးကိုကျဉ်းမြောင်းတယ်လို့သတ်မှတ်ရင် ဗမာစာ၊ဗမာစကား၊ဗမာ့ယာဉ်ကျေးမူ၊ဗမာနာမည်ကိုဘဲ တည်စေရမယ်လို့ ဘာတွက် တတွတ်တွတ်ပြောနေကြတာလဲ၊။ ဒါတွေက ကျဉ်းမြောင်းတဲ့ အမျိုးသားရေဝါဒီတွေမဟုတ်ဘူးလား။ ဒီ ဝါဒီကို စစ်အုပ်စုဘဲကျင့်သုံးနေတယ်ဆိုရင် မှားလိမ့်မယ်။ ဒီလိုအယူအဆတွေကိုရှေ့တန်းတင်နေရင် ဗမာမဟုတ်တဲ့လူမျိုးစုတွေလေ့ နောက်လိုက်ကျင့်သုံးနေမယ်ဆိုတာ ဘယ်သူမှငြင်းလို့မရဘူး။ ပြသာနာကိုအားရှိနေတုန်း အားသုံးဖြေရှင်းနေမယ်ဆိုရင် ရွေပြည်တော် မျှော်လည်တိုင်းဝေးနေမှာဘဲ။ ရလဒ်က နှစ်ဦးနှစ်ဖက်နစ်နာမူဘဲ။ စစ်အုပ်စုကိုဘဲပြောင်းလို့ဖို့မတိုက်တွန်းနေနဲ့။ မဟာစိတ်ဝင်နေတဲ့လူတွေလေ့ပြောင်းကိုပြောင်းလဲရမယ်။ မပြောင်းလဲရင်ဒီလို့ဘဲဆက်သွားကြရမယ်။ ငါတို့အတွက်ကတော ဒီထက်မဆိုးဝါးတောဘူး။

Unknown said...

ဟားဟား လူမျိုးတောင် အဖျောက် မခံရသေးဘူး

နိုင်ငံ နာမည်လေး ပြောင်းမယ် လုပ်တာတောင်

ဗမာတွေ သဘောထားကြီးလိုက်ကြတာ

ဟားဟား

နည်းနည်းတော့ ခံစားတတ်လာပုံရတယ်

Unknown said...

သေချာနေတာ တစ်ခုကတော့
၂၁၀၀ လောက်ဆို မြန်မာနိုင်ငံသည်
တရုတ်ပြည်နယ် ဖြစ်လေပြီ။

Unknown said...

ပြည်တွင်းက ကျောင်းသားတွေကို ဖိနှိပ်သမျှ
တဖြည်းဖြည်း ဗမာစာ or မြန်မာ စာတတ်ခြင်းမှာ အသုံးမကျ ဖြစ်လာသဖြင့်
လူငယ်များသည် တရုတ်စာသင်ကျောင်းများကို အသက်မွေးဝမ်းကျောင်းအတွက် အားပြုသင်ကြားလာကြသည်။
တရုတ်ယဉ်ကျေးမှုကို လက်ထပ်သင်လာကြသည်။
အသားဖြူဖြူကို သဘောကျသည့် အတွက် တရုတ်သွေး အနှော ခံကြသည်။
၂၁၀၀ ကျော်လျှင် မြန်မာပြည်သည် တရုတ်ကျွန် ဖြစ်ရမည်။
ပညာနောက်ကျ မှုကြောင့် စီးပွားရေး စစ်ရေးအသာစီးရယူခံထားရပြီး မြန်မာများ နည်းပညာကျွန်၊ အရင်းရှင်ကျွန် ဖြစ်ကို ဖြစ်ရမည်။

Unknown said...

(၁) မြန်မာ စစ်အစိုးရသည် တရုတ်မှ ချေးငွေများကြောင့်လည်းကောင်း၊ နိုင်ငံတကာ ဖိအားမှ ရှောင်ကွင်းရန် အတွက်လည်းကောင်း တရုတ်အင်အားကို မှီခိုရာမှ တဆင့် တရုတ်အစိုးရ တောင်းသမျှ လိုက်လျောရသော အဆင့် ရောက်လာမည်။
(၂) တိုင်ပြည်ဖွံ့ဖြိုးရေးအတွက် အရေးပါသော စွမ်းအားအရင်းအမြစ်များ နှင့် သတ္ထုတွင်းထွက်များ၊ တောထွက်ပစ္စည်းများကို တရုတ်လက်သို့ အောက်ဈေးဖြင့် ထိုးရောင်းပြီး ကမ္ဘာဈေးကွက်ကို တင်ရသည့်အတွက် စီးပွားရေးအရ တရုတ်ပေးသမျှ လက်ဝေခံရသော အဆင့် ဖြစ်မည်။
(၃) တရုတ်က မြန်မာ့မြေထွက် သယံဇာတများဖြစ့် အမြတ် ၅၀% ကျော် ရရှိပြီး၊ မြန်မာမှ ၁၀% သာ ရရှိသည့်အတွက် နှစ်ပေါင်းကြာလေ မြန်မာတွေ နလံမထူနိုင်လေ ဖြစ်လာမည်။
(၄) တရုတ်မှာ အင်အားပိုမို တောင့်တင်းလာပြီး၊ နည်းပညာအင်အား၊ ဓန အင်အား၊ လက်နက်အင်အားဖြင့် မြန်မာအစိုးရကိုသာ မက ပြည်သူတရပ်လုံးကို လွှမ်းမိုးပြီး ကျွန်ပြုမည်။

Unknown said...

(၅) မြန်မာပြည်ပေါက် တရုတ်များသည် မြန်မာစကားပြောတတ်ပြီး မြန်မာအစိုးရ လွှမ်းမိုးမှုကို တွန်လှန်နိုင်ခြင်းကြောင့် လည်းကောင်း စီးပွားရေးနယ်ပယ်တွင် အင်အားကြီးလာပြီး၊ နိုင်ငံရေးအားဏာကို နောက်ကွယ်မှ ချုပ်ကိုင်လာကြမည်။
(၆) မြန်မာပြည်ပေါက်တရုတ်များကို တရုတ်ပြည်မှ တရုတ်များက ငွေကြေးအင်းအားထောက်ပံ့နိုင်ပြီး စီးပွားရေးအကွက် အကွင်းဟူသမျှကို လက်ဝါးကြီး အုပ်လာကြမည်။
(၇) မြန်မာများသည် တရုတ်သူဌေးထံလုပ်ရသည့် အလုပ်သမားများဖြစ်လာပြီး တရုတ်ယဉ်ကျေးမှုကို အလေးပြုရသော လူတန်းစာဖြစ်လာမည်။
(၈) မြန်မာအစိုးရ တပ်တွင်းရှိ စစ်ဗိုလ်များသည် တရုတ်များကို ပေါင်းရမည်ဆိုသော အဆိုကို လက်ခံကြပြီး၊ ဘယ်လိုပေါင်းရမည်ကို နားမလည်နိုင်ဘဲ၊ နည်းပညာနှင့် ပရိယာယ် ပိုကြွယ်သော တရုတ်စီးပွားရေးသမားများနှင့် ခေါင်းဆောင်များ၏ နှပ်ပစ်ခြင်းကို မသိမသာ ခံကြရမည်။
(၉) မြန်မာအစိုးရသည် ကုလားမုန်းတီးရေးကို လုပ်ဆောင်နိုင်သော်လည်း တရုတ်မုန်းတီးရေး အဓိကရုန်းကို မလုပ်ဆောင်နိုင်ပါ။
(၁၀) မြန်မာမြို့ကြီးများတွင် တရုတ်စာသင်ကျောင်းများ၊ တရုတ်တက္ကသိုလ်များ စတင်ပေါ်ပေါက်လာပြီး၊ တရုတ်ယဉ်ကျေးမှုကို အလေးပြု ရသော နိုင်ငံ မုချ ဖြစ်လာရမည်။

Khaing Mrat said...

ဆောင်းပါးရှင်ရဲဘော်ကျော်သန်းသို့.............
သမိုင်းဆိုတာ သိမှ ရေးတာကောင်းပါလိမ်မေ..Assam, Manipura, Tripura,Chittagong,Dhaka ဆိုတဲ့နယ်မြေ တွေဟာ ရခိုင်ဘုရင် ခောတ်ဆက်ဆက် နှစ်ပေါင်း ၅၀၀၀ ကျော် အုပ်ချုပ်ခဲ့တဲ့ အင်ပါယာဖြစ်တယ်.. ဘယ်တုန်းကမှ ဗမာ/မြန်မာ ဆိုတာမရှိခဲ့ဘူး.. ခုချိန်ထိ Assam မှာ ရခိုင်လူမျိုး နှင့် ရခိုင့်ယာဉ်ကျေးမှုကို ထင်ထင်ရှားရှား တွေနိုင်တယ်.. ကိုယ်လိုရာ ရေးမဲ့စား မသိရင် တခြားလူမျိုးသမိုင်းအရင်လေ့လာပါ..တခြားလူမျိုးတစ်ခုရဲ့ စာပေ ယာဉ်ကျေးမှုတွေကို ကူးယူးပြီး ဒါဗမာ/မြန်မာ ယာဉ်ကျေးမှူ ပါလို့ တံဆိပ်တာ ဘယ်လောက် အောက်တန်းကျတဲ့လုပ်ရပ်လဲ ဆိုတာ ဗမာလူမျိုးစုဝင်တွေ သင်ခန်းစာယူသင့်ပြီ.
တိုင်းရင်းသားတွေကိုတော့ ကျဉ်းမြောင်းတဲ့အမျိုးသားဝါဒလို.ပြောတယ်.. ဗမာလူမျိုးစုဝင်တွေကော ဘယ်လောက်အမြင်ကျယ်ကျယ်သဘောထားကြီး
ကြီးလုပ်ခဲ့ပြီးပြီလဲ.မေးချင်တယ်..ခုချိန်ထိ တိုင်းရင်းသားတွေကို လူမျိုးတုန်းသတ်ဖြတ်နေတာ ဗမာတွေကိုယ်တွင်းက မကောင်းဆိုးဝါးတွေပဲဆိုတာ ကမ္ဘာကသိပြီးသားပါ...

Anonymous said...

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း က ယနေ့  အထိ..အာဏာ နဲ့  ရေး ထားတာပါ..။

ဖဆပလ ကအင်္ဂလိပ်အလိုကျ၁၉၄၇ ဖွဲ့စည်းပုံ နဲ့ လွတ်လပ်ရေး ရတယ် လို့ ကြေညာခဲ့တယ်..။

နောက် မတ်လ ၁၉၄၇ မှာ ဖဆပလ ထဲက ဗကပ တောခို ခဲ့တယ်..။ ဆိုရှယ်လစ် တွေ အစိုးရ အဖြစ် ကျန်ခဲ့တယ်.။

တိုင်းရင်းသားပြဿနာ ပိုကြီးထွား ခဲ့ ပြီး..ပြည်တွင်းစစ်..မီးဟုန်းဟုန်းတောက်ခဲ့တယ်..။

ဆိုချင်တာ က..ဖဆပလ ဆိုတာ လက်ဝဲတပ်ပေါင်းစု ပါ..။

အမျိုးသားညီညွတ်ရေး တကယ်လိုချင်ရင်..
လက်ဝဲ တွေ လင်္ကျာ နဲ့  စေ့စပ် ပါ..။ ညှိနှိုင်း ပါ..။ ဆွေးနွေး ပါ..။

ရန်သူအစစ် က လဲ ရှင်းနေတာပဲ..ဗြိတိသျှ အင်္ဂလိပ် ပါ..။

အမျိုးသားညီညွတ်ရေး ပြီးမှ..
တပ်မတော် နဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေး..
ဒီမိုကရေစီ ထွန်းကားရေး...အဆင့် ကို ရောက် မယ်..။
ပြီးမှ..
တိုင်းရင်းသားတွေ နဲ့ ...
ီDEMOCRATIC FEDERALISM...
ကို..နောက်တဆင့် တက်ကြရ မှာ ဖြစ်တယ်..။

ဒီလို မလုပ် နိုင်ဘူး..ငါတကော ဆက် ကော နေကြဦး မယ် ဆိုရင် တော့...
အင်္ဂလိပ် အလိုကျ..ပြည်တွင်းစစ် နဲ့  အချင်းချင်း အပြန်အလှန် စွပ်စွဲ..အပြစ်တင် ရန်ငြှိုးဖွဲ့ ..ကြပြီး..
အတောမသတ် နိုင် တဲ့..ဖရိုဖရဲ ပြိုကွဲ တဲ့ သံသရာ မှာ နောက်ထပ် နှစ်တရာ လည်ကြရဦးမှာ..မြေကြီးလက်ခတ် မလွဲပါ။

မြန်မာ့နိုင်ငံရေးသမိုင်း မှာ..ဘယ်သူ..
လက်ဝဲ..ဘယ်သူ..လင်္ကျာ..မှ..မှန်ကန်အောင် မခွဲခြား နိုင် ပဲ..သေကုန်ကြတဲ့ သူ တွေ တပုံကြီး..ပါ။

ဒီမိုကရေစီ မောင်လွဏ်းဆွေ ကရော..ဒီ စာ တွေ ဖျက်ဦးမှာ လား..။

Unknown said...

ခုလုပ်ရမှာက မြန်မာ့တပ်မတော်အမည်ခံ အာဏာရှင်တစ်စုရဲ့ ဖက်ဆစ်တပ်မတော်ကို
အံတြိုဖိုခွင်းမယ့်
ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးပါ။
ခု လက်နက်ကိုင်တိုင်းရင်းသားတွေ အကုန်လုံးတစ်ညီတစ်ညာတည်း ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းကြောင်း တရားဝင်ကြေညာပြီး
စစ်ပြင်ဆင်ဖို့လိုပါတယ်။
ပြည်ထောင်စု တပ်မတော် ပီပီပြင်ပြင်ရှိတာနဲ့ မတော်မတရားတာ လုပ်လာရင် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်တွေ မြန်မာ့အရေး စဉ်းစားလို့ရပါပြီ။

Unknown said...

ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် စစ်သင်္ဘောတွေ
၁ ပတ်အတွင်း မြန်မာ့ ရေပိုင်နက်အနီး ရောက်လာနိုင်ပါတယ်။
တိုင်းရင်းသားအားလုံး ညီညွတ်ပြီး မြန်မာပြည်သူတွေကို ကယ်တင်မယ့် စင်ပြိုင် ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းဖို့က အရေးအကြီး ဆုံးပါ။
ပညာတတ်နဲ့ စကားယှဉ်ပြောချင်ရင် ကိုယ်တိုင် ပညာတတ်ရပါတယ်။
လက်နက်ကိုင်နဲ့ စကားပြောချင်ရင် ကိုယ်တိုင် လက်နက်ကိုင်ရပါတယ်။
ဝ နဲ့ စကားပြောသလား၊ ဒေါ်အောင်ဆန်းစုကြည့်နဲ့ စကားပြော သလားဆိုတာ သေချာကြည့်ပါ။

Unknown said...

၁၉၄၈ လွတ်လပ်ရေးပေးပြီးကတည်းက ကိုယ့်အချင်းချင်း ထသတ်တာ အင်္ဂလိပ် ပရောဂကြောင့် မဟုတ်ပါ။ ကိုယ့်ဟာကို လောဘကြီးပြီး အဝေမတည့်လို့ ထသတ်ကြတာပါ။

Unknown said...

တိုင်းရင်းသာ စည်းလုံးညီညွတ်မှု ပြိုကွဲတာ အင်္ဂလိပ် ပရောဂကြောင့် မဟုတ်ပါ။
ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မပေးလို့ပါ။

Unknown said...

ခု မြန်မာကျောင်းသားလူငယ်တွေကို သွေးခွဲတယ်။
တပ်မတော်ဆေး၊ တပ်မတော်အင်ဂျင်နီယာ ဆိုတာ လုပ်လာတယ်။

Unknown said...

လွတ်လပ်ရေးရပြီး ပြည်ထောင်စု တပ်မတော်ပြိုကွဲတာကို အင်္ဂလိပ်ကြောင့်လို့
သွားပြောတာတော့ အတော်ရယ်စရာကောင်းတယ်။
ကိုယ့်တိုင်းပြည်မတိုးတက်တာလည်း
အင်္ဂလိပ်ကြောင့်လို့ ပြောတာ
အတော်ရယ်စရာကောင်းတယ်။
ခု မလေး၊ စင်ကာပူ၊ အိန္ဒိယ တရုတ် အကုန် နယ်ချဲ့ လက်အောက် ရောက်ခဲ့တာပဲ။
မမှန်တဲ့ အကြောင်းပြချက်ကို လက်မခံပါ။
ဆင်ခြေ သက်သက်ပဲ ဖြစ်ပါတယ်။
ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။
နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရပြီးတာတောင် အင်္ဂလိပ်ကို လက်ညှိုးထိုးပြီး ကိုယ့်ယုတ်မာ နိမ့်ကျမှုကို
ထမင်ရည်ပူလျှာလွှဲ လုပ်တာတော့ အတော် ရှက်စရာ ကောင်းပါတယ်။

Unknown said...

အရေးအကြီးဆုံးက ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးပါ။ တကမ္ဘာလုံး ရံပုံငွေ ထည့်ပေးမယ့် လူတွေ အများကြီးပါ။

Unknown said...

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းပြီးတာနဲ့
တိုင်းပြည်အပြောင်းအလဲ တကယ်လုပ်နိုင်တဲ့ လမ်းကြောင်းကို လျှောက်နိုင်မှာ ဖြစ်တဲ့အတွက်
ကူညီထောက်ခံမယ့် နိုင်ငံတွေလည်း အများကြီးပါ။

kz said...

KNU ဦးဆောင်ပီးပြည်ထောင်စုတပ်မတော်ဆိုတာဖွဲ့
ပြီးရင်ဟိုတုန်းကလို KNDO တွေဖြူးမြို့ လူသတ်ပွဲမျိုးတွေ
လုပ်သလိုမျိုွးပြန်လုပ်ခြင်နေတာပေါ့ ဟုတ်တယ်ဟုတ်

Unknown said...

ခုလူသတ်ပွဲလုပ်နေတာ စစ်အစိုးရ သတ်မတော်လား
တိုင်းရင်းသာ လက်နက်ကိုင်လား ဆိုတာ သေချာကြည့်ပါ ငါ့လူရယ်။
ခု ကမ္ဘာက စောင့်ကြည့်နေတာပါ လိမ်လို့မရပါဘူး။

Unknown said...

သမိုင်းမှာ မြန်မာ့သတ်မတော်လောက် အပြစ်မဲ့ ပြည်သူကို လူသတ်တာ ဘယ်တိုင်းရင်းသား လက်နက်ကိုင်မှ မရှိဘူး။
၁၉၆၂၊ ဦးသန့်အရေး၊ ၁၉၈၈၊ ၂၀၀၇၊ လက်ရှိ မြန်မာပြည်အရှေ့ပိုင်း ရှမ်းပြည်နဲ့ ကရင်ပြည်
မြန်မာ့သတ်မတော်လောက် လူသတ်တာ မြန်မာ့ သတ်မတော်ပဲ ရှိတယ်။

pwintlinn said...

free88 ခင်ဗျားကွန်မင့်တွေကို့ http://pwintlinn.blogspot.com မှာမြန်ရေးထားတာရှိတယ်

yoo said...

ကို free88 ရဲ့ 

"ခုလုပ်ရမှာက မြန်မာ့တပ်မတော်အမည်ခံ အာဏာရှင်တစ်စုရဲ့ ဖက်ဆစ်တပ်မတော်ကို
အံတြိုဖိုခွင်းမယ့်
ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးပါ"

"ပြည်ထောင်စု တပ်မတော် ပီပီပြင်ပြင်ရှိတာနဲ့ မတော်မတရားတာ လုပ်လာရင် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်တွေ မြန်မာ့အရေး စဉ်းစားလို့ရပါပြီ"

"ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် စစ်သင်္ဘောတွေ
၁ ပတ်အတွင်း မြန်မာ့ ရေပိုင်နက်အနီး ရောက်လာနိုင်ပါတယ်" ဆိုတာတွေ သိရတော့မှ....

အာဏာရှင်တစ်စုကိုအံတုဖြိုခွင်းဖို့ ငြိမ်းချမ်းရေးတပ်တွေ၊ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် စစ်သင်္ဘောတွေ မလာတာ
ပြည်ထောင်စု တပ်မတော် မရှိလို့ မရောက်လာ
နိုင်တာကိုး။

ဘာကြောင့်လဲ စဉ်းစားနေတာ နှစ် ၂၀ ကျော်ပြီ။
ခုမှပဲ သိရတော့ တယ်။