ရုပ်သံသတင်း - ဒေါင်းမာန်ဟုန်ဘလော့ဂ်
Sunday, December 5, 2010
လက်ကျန် နအဖစစ်ခေါင်းဆောင်များအားလုံး သံဝေဂယူဖွယ် အသံအပြည့်အစုံ ပါတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဗွီဒီယိုမှတ်တမ်း - အပိုင်း (၂) ပါကွယ် ...
Posted by ဒေါက်တာလွဏ်းဆွေ at 1:11 AM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
15 comments:
ဘာအသံမှလည်း မကြားရပါလား
နားပင်းတတ်နေပြီလား mg ရေ။ နားထဲကို သံချွန်နဲ့ ဆောင့်ထိုးလိုက်ပါဝေ။ နဖားချီးပွင့်ပြီး ကြားရမှာပါဝေ။ ဒါမှမဟုတ် ကွန်ပြူတာအစုတ်ကြီးနဲ့ ကြည့်နေတာာလားဝေ။ ကွန်ပြူတာကို ဆောင့်ကန်ကြည့်ပါဝေ။ အသံပြန်ကြားရနိုင်ပါတယ်ဝေ။ စေတနာနဲ့ပြောတာပါဝေ။ :P
လူတွေပြောကြသလို တိုင်းရင်းသားအရေးပဲ ဆွေးနွေးသလို အပေးအယူတခုပဲ လုပ်သလိုနဲ့ ဟောအခုအသံလဲ ပါလာရော အဲဒါတွေအခုအပိုင်းထိ ပါတာမတွေ့သေးပါဘူး ၊ တကယ်ကျတော့ သူ့အခက်အခဲကို ငြီးငြီးငြူငြူနဲ့ ပြောနေတာပဲ။ ကျန်တဲ့ ၆မိနစ်စာလောက် အသံဖိုင်ရလို့ရှိရင် တင်ပေးပါဦး။ ကျေးဇူးပါ။ နောက်ဆုံးတော့လဲ ဘယ်သူခွဲခွဲ ဒို့မကွဲ၊ ကိုယ့်ဘာသာကိုယ်ပဲ ခွဲလိုက်မယ်ဆိုတာ ဖြစ်နေပြီ၊
char သိစေရန်။
mg ဆိုတဲ့ကောင်က ပြည်သူတွေကို ဒုက္ခလိုက်ပေးနေတဲ့ စွမ်းအားရှင်အဖွဲ့ဝင်ဖြစ်ကြောင်း။
mg ဆိုတဲ့ကောင်ကစွမ်းအားရှင်တဲ့ဗျို့ .....
ဗိုလ်ချုပ်မြနဲ့ တွေ့ တုန်းက ပြောကြဆိုကြတာလေး
ပြန်တင်ပေးရင်တော့ ပိုပြီးသံဝေဂ ယူစရာဖြစ်သွားမယ်
လွတ်တဲ့သတင်း လွှတ်ပေးလိုက်တဲ့သတင်းတပုဒ်လဲ ဒီကနေ့ စနေမှာ ထွက်လာတယ်၊ တကယ်လား ဘာလားတော့မသိဘူး၊ နောက်၁ခု ဒီ ဗီဒီယိုမှာ ဦးခင်ညွန့်က လွယ်အိတ်ကြီးလွယ်သွားတာတွေ့တယ်၊ Attache Case လေးဘာလေး မကျန်တော့ဘူးလားမသိဘူး၊ လိုက်မမှီတော့ပါဘူး၊
if he loves burmese people as he loves his own grand kids burma will be reversed situation. the way than shwe n follower will be much more worse that khin nyunt. wait n see.
ဦးခင်ညွန့်က သားတွေမြေးတွေ သိပ်ချစ်ပါလား။
ဗိုလ်သန်းရွှေလဲ သားတွေမြေးတွေ သိပ်ချစ်ပါလား။
နှိပ်စက်ထားခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ 
မိဘတွေ လဲ သူတို့ ရဲ့  သားတွေသမီးတွေကို သိပ်ချစ်မှာပဲပေါ့ ။
"ဗိုလ်ခင်ညွန့် ဗွီဒီယိုနဲ့ ပတ်သက်တဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီအမြင် ထုတ်ပြန်"
တရုပ်မြန်မာနယ်စပ်အခြေစိုက်မြန်မာပြည်ကွန်မြူနစ်ပါတီမှ
ရဲဘော်ကိုဖိုးသံချောင်း
ရဲဘော်ကိုဖိုးသံချောင်းရဲ့ ဗွီဒီယိုနဲ့ ပတ်သက်တဲ့ ကောက်နုတ်ချက်တွေက အိပ်မက်ထဲကလား။
ကိုဖိုးသံချောင်းတို့ က "အိပ်မက်ချစ်သူ" တွေမို့ 
မေးရတာပါ။
ကိုဖိုးသံချောင်းတို့ ရဲ့  တရုပ်ကြီးကတော့
ကွန်မြူနစ် ဆိုင်းဘုတ်ကြီး မှင် နဲ့ ဆက်ချိတ်ထားတာ။
"ဘုံ" လိုချင်ရင်တော့ မြောက်ကိုရီးယားလူထုဆီမှာပါ။
မြန်မာပြည်အတွက်တော့ ကိုဖိုးသံချောင်းတို့ ရဲ့ 
အိပ်မက်ထဲက "ဘုံ" ကအလကားပါ။
"ဗုံ" ဆိုရင်တော့  တီးလို့ ရတော့ အကျိုးရှိလို့ 
လက်ခံမှာပါ။
မြောက်ကိုရီးယားမှာ ခဏလောက်သွားနေလိုက်ပါ။
မှိုင်းမှုန်ပြာရီဝေ သွားမယ်နော်။
အဲဒီအခါကျမှ ကိုဖိုးသံချောင်း ဟုတ်တော့ပါဘူးဗျ။
ကိုဂျယ်လီ(JELLY) ဆိုတဲ့နာမည်ဖြစ်သွားပါပြီဗျ
လို့  အော်မနေနဲ့ ။
ခုထိ "ဘုံ" ကြတုန်း။
လူထုက "ဘုံ" ။
သူတို့ က တိုင်းပြည်ဘဏ္ဍာ "ဘုးံ" ။
ကိုဖိုးသံချောင်း လူဆိုးနော်..၊လူဆိုး။
yoo>>ကွန်မြူနစ်ဝါဒကို ဘာမှန်းမသိဘဲ ကွန်မြုနစ်လုပ်နေ ကြတဲ့သူတွေရှိသလို ကွန်မြူနစ်ဝါဒကို ဘာမှန်မသိဘဲ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်နေတဲ့သူတွေ ထဲမှာတော့ yoo ဆိုတဲ့သူပါနေတာ သေချာတယ်။ တောင်ကိုရီးယားကိုအထင်ကြီးနေတာလား။ ပြန်လည်ထူထောင်ရေးနဲ့ လွတ်လပ်ရေးကို လွတ်လပ်ရေး ပဲရွေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဘာပြောမလဲ။ ဗီယနမ်စစ်ပွဲ နဲ့ ကိုရီးယားစစ်ပွဲ အကြောင်းကိုလေ့လာပါ။
ဘိုခင်ညွန့်အာဏာဟာ အဓိကအားဖြင့် အနုတ်လက္ခဏာသဘောဆောင်ခဲ့ပြီး သူ့ကို လူအများစုက ကြောက်လန့်နေခဲ့ကြရတာပါ။ မြန်မာပြည်မှာ သူဖမ်းဆီးနှိပ်စက်ခဲ့လို့ အသက်ပျောက်သွားကြရတာတွေ၊ ဘဝတွေးပျက်လူစင်မမီဖြစ်သွားကြရတာတွေ ဒုနဲ့ဒေးပါ။ ခင်ညွန့်ပြောတဲ့ စကားလုံး လေးတွေ "ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။" "သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။""ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး" စတဲ့ ဦးချိုးခံလိုက်ရလို့ အာဏာမဲ့ကာလ စကားလုံးလေးတွေက သိပ်ရီဖို့ကောင်းပါတယ်။ "နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူ" ဆိုတာ ဘယ်နေရာမှာ ဘယ်သူတွေက ဘာ့ကြောင့်သုံးသလဲဆိုတာ အာဏာလက်မဲ့ဖြစ်မှ နားလည်နိုင်တဲ့စကားစုပါ။ ဝဋ်ဆိုတာ လည်တယ် ဆိုတာ ခုတော့သူနားလည်သွားပါပြီထင်ပါရဲ့။ ။
ကိုချမ်းငြိမ်းသို့ 
(ကွန်မြူနစ်ဝါဒကို ဆန့်ကျင်နေတဲ့သူတွေ ထဲမှာတော့ yoo ဆိုတဲ့သူပါနေတာ သေချာတယ်။)
ွှ၁၉၉၁ ရှေ့ ပိုင်းကာလ တွေမှာ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်နေတဲ့သူတွေ ထဲမှာ မပါသလို၊ ထောက်ခံနေတဲ့သူတွေ ထဲမှာလည်း မပါခဲ့ပါဘူး။
၁၉၉၁ နောက်ပိုင်းမှာ ကွန်မြူနစ်ဝါဒ ဘာမှ မသိချင်တော့ပါ။
ပြန်လည်ထူထောင်ရေးနဲ့ လွတ်လပ်ရေးသမိုင်း
လေ့လာမှုကတော့ အားနဲပါတယ်။
ကျေးဇူးတင်ပါတယ်။
Thein Sein is still Secretary General (1) in the background news.
It means that the video was taken at least 4 years back.
ဆရာလွမ်းရေ ဒီvideo clip က အဟောင်းကြီးနဲတူတယ်။ video clip ရဲ့ 9:31 က TV သတင်းမှာ ဗိုလ်ချုပ်သိန်းစိန်ကို S1 လို့ ကြေငြာသွားတာ ကြားမိတယ်။
Post a Comment