Monday, November 1, 2010
လူနှင့်ခွေး၏ ဆင့်ကဲဖြစ်စဉ်
တခုတ်တရ စေ့ဆော်မှုတွေနဲ့
တကူးတက သတိရပစ်လိုက်မိပြန်ပြီ
အီဘော်လူးရှင်းသီအိုရီပေါ့ ...။
ပင်လယ်ပြာသွားတာ ငါ့ကြောင့်ပေါ့လို့
အမြဲဂုဏ်ယူတတ်တဲ့ မဲနယ်သည်
သူပိုင်တဲ့ ...
ငါတွန်လို့ မိုးလင်းရတယ်ဆိုတဲ့ ကြက်
သွားဖြဲ လက်အုပ်ချီပေမယ့်
နင့်လောက်တော့ ရိုက်သတ်လိုက်လို့ရတယ်ဆိုတဲ့
တိုက်ပုံအဖြူ ပုဆိုးအစိမ်းနဲ့အကောင်
နဖူးက ပြောင်နေသေး
အဲဒီ ဘယ်ခွေးမှ လူမထင်တဲ့ ခွေးစိတ်ပျောက်နေတဲ့ ခွေးပေါ့ ...။
ခွေးက ခွေးစိတ်ပျောက်ပုံက ဒီလိုဗျာ
ခွေးကို အင်္ကျီဝတ်ပေးကြတယ်
ခွေးကို ဘောင်းဘီဝတ်ပေးကြတယ်
အဲဒီခွေးက တင်းနစ်စ်ရှပ်ဆို သိပ်သဘောကျ
အမြီးတောင်နှန့်ပြသေးတာကလား ...
သူက ဂေါက်တောင်ရိုက်ဦးမတဲ့
ခွေတောင် အနိုင်နိုင်လှိမ့်ခဲ့တဲ့ကောင်ပေါ့
ခုတော့လည်း တိုက်ပုံလေးတကားကားနဲ့ ...။
အဲဒီခွေးရဲ့လက်သုံးစကား
အရပ်ထဲကြားဖူးပါတယ်
ဘာတဲ့ “သူဌေးဖြစ် ခွေးဖြစ်ပဲ ဒီပွဲ ၀င်နွှဲမှရမယ်" ဆိုပဲ
အေးလေ ... သဘာဝတော့ကျပါရဲ့
ခွေးက ခွေးဖြစ်နေမှတော့ ခွေးဖြစ်ရမှာ
ဘာထပ်ကြောက်စရာလိုသေးသတုန်း ...။
ခွေးက ဈေးဝမှာ အူတယ်
ခွေးက ဧည့်စာရင်းလည်း စစ်တယ်
ခွေးက လမ်းအသစ်တွေမြင်ရင် လမ်းထိပ်မှာ
ချေးတပုံနဲ့ ကျောက်ထိုင်ထူတယ်
အငွေ့တောင် တလူလူပျံနေသေး
ဆောင်းနံနက် ကောက်ညှင်းပေါင်းနဲ့တောင် မှားသွားနိုင်ရဲ့
တကယ့်ခွေးပါပဲဗျာ ...။
ဒီခွေးကို အကြောင်းပြုပြီး
မောင်းထုလှူမယ်ဆိုတဲ့ ဆံဖြူသွားကျိုးကလည်း
အာဇာနည်မျိုး မျက်နှာပေးနဲ့
လက်ကလေး ထဆေးပြီး ဖျာခင်းတယ် ...။
အဲဒီမှာ ရာဇ၀င်ချေးထုပ်ကြီးများရဲ့
သမီးဘုတ်အီးများကလည်း
အမြီးကုပ်ပြီး အယားဖြေမယ်မထင်နဲ့
မှားနေမယ် သူငယ်ချင်းလို့
ခွေးက တခြားခွေးတွေကို
အားဆေးလေး မော့သောက်ရင်း ပြောတယ်
ဂျင်ဆင်းရိုးလေးနဲ့ သွားကြားတောင်ထိုးလို့
မိုးချုပ်ပြီကိုး ...။
ဒီမယ် ... ဒီမယ် ... ဒို့နဲ့တူချက်ကတော့
အဲဒီဘုတ်အီးတွေမှာ မွေးစားသားတွေ များလှပေါ့ကွာ
အဲသလို မော်ဒယ်ကလေးတွေ မွေးစားတဲ့ ခွေးမသားအစစ်
ခွေးတွေက ခွေးချင်း အတင်းတုပ်နေကြတုန်း
ခမောက်တလုံးနဲ့ ငကြောက်ငတုံးတအုပ်
ခပ်ကုတ်ကုတ်ပဲဗျာ ထမိန်အောက်က
ငေါက်ကနဲ ထထွက်လာတယ်
ခြေခင်းလေးတောင် ဟစ်သေးတာနော် ...
လူရွှင်တော် ရှုံးမယ် ...။
ဒီမယ် ...
အဲဒီလို အခင်းအကျင်းတွေကြားမှာ
တီတီတို့ တွိတာမှာတွိရင်
တွတ်တီးတွတ်တာ အမေခေါ်ပစ်လိုက်မယ်
အက်ဒ်ပစ်လိုက်မယ် ... ပွားပစ်လိုက်မယ်
တွစ်တာမှာ တွေးစရာတွေကို ခွေးနာတအုပ်က
စိတ်ဝင်တစားရှိကြတဲ့အကြောင်း
ခွေးအကြောင်း ကျွမ်းကျင်သူတစုကလည်း
ကိုယ့်ကိုယ်ကို အတင်းရောအဓမ္မရော အိက်စ်ပတ်လို့ အမည်တပ်ပြီး
ရေးကြပြောကြတယ်
အဟဟ ...ခွေးကတော့ မှုတောင်မမှုပါဘူးဗျား ...။
အေးလေ ... ခွေးများ ဘ၀င်မြင့်
မာနတက်၊ လက်ခမောင်းခတ်ရအောင်
ဂျင်ဝက်လို အကောင်ကလည်း ဖင်ယက်ပေးနေတာကိုး
ခွေးက ... သူတို့ရဲ့အနေအထားကို
ဓမ္မဓိဌာန်ကျကျ စောကြောတယ်
အမယ် ငတိများ ... နည်းနည်းမောသွားပုံရရဲ့
ခမျာ ဦးနှောက်မရှိတဲ့ ခေါင်းနဲ့
လော်ကယ်ရထားစက်ခေါင်းလို တွေးလိုက်ရသကိုး
ခွေးဟာ မောမောနဲ့ ကာရာအိုကေဆိုင်ဘေး
ပြေးခွေတယ် ... ဒီတခါတော့ တိုက်ပုံချွတ်လို့
ပူနေဖောင်းနေ ကားနေတဲ့ ဗိုက်ကို
ပိုလိုစပေါ့ရှပ်နဲ့ အပြတ်ဖုံးဖိလို့ ပြုံးစိစိပေါ့ ...။
ခွေးဟာ ...
ဒေါသကြီးလွန်းခဲ့ပြီ
ပြောင်နေတဲ့ ခေါင်းတွေအသိ၊
ခွေး ခိုးစားခဲ့တဲ့ ကြက်ပေါင်းလည်း များပြီ
ဟိုတယ် မန်နေဂျာတွေအသိ၊
ခွေး ခွပန်းခဲ့လို့ စိုခဲ့ရတဲ့ မြေတွေယာတွေလည်း များလွန်းပါပြီ ...။
ခွေးဟာ ...
အင်မတန်မှ ခွေးပါးဝခဲ့ပြီ
ဒီမှာ ...
ခွေးဟာ မောက်မာလွန်းလှစွာ
လူတကာကို ချည်ပြီးတုပ်ပြီး
ဆောင်းညနေလေးတွေမှာ
လည်ပင်းကြိုး ခိုင်ခိုင်ဆွဲလို့ 
အပီအပြင် လမ်းလျှောက်ထွက်လေညှင်းခံဖို့
အတိအကျ ပြင်ဆင်လိုက်ခဲ့ပြီ ...။ ။
ကိုမွှေး
Subscribe to:
Post Comments (Atom)
2 comments:
So good .
ကိုမွှေးလား ..ကိုခွေးလား
ကဗျာရေးရင် သေချာရေးပါဗျာ
လူတိုင်းသိနေတဲ့ အရာတွေကို
ခင်များရဲ့ သောက်သုံးမကျတဲ့
အတွေးအခေါ်တွေနဲ့ လမ်းဘေးက အတ္တတွေးပေါင်းပီး
နိုင်ငံရေးကဗျာဆရာယောင်ယောင် လုပ်မနေစမ်းပါနဲ့
စစ်ခွေးတွေ မကောင်းတာအားလုံးသိပါတယ်
ဒါပေမယ့်
မဆိုင်ရာလေမပစ်ပါနဲ့ ..ဟိုလူလျှောက်ပြော
ဒီလူလျှောက်ပြော ရလောက်အောင်
ခင်များက ဘယ်လောက်သိ ဘယ်လောက်တတ်
ဘယ်လောက်တော် နေလို့လည်း
ခင်များက မျိုးချစ်ကြီးလား
ဘယ်လောက်တောင် ချစ်တတ်လို့လည်း
သောက်သုံးမကျ အရေမရ အဖတ်မရ
ဟိုလူဝေဖန် ဒီလူဝေဖန် နဲ့
သေချာပြန်ကြည့်ရင် ကိုယ်ကိုတိုင်ကလည်း
ဘာမှမလုပ် လုပ်နေတဲ့သူတွေကြတော့လည်း
အကောင်းမပြော
မှားနေကြတယ်ဆိုရင်လည်း ၀ိုင်းဝန်းပီး အဖြေရှာ
အကြံပေးတယ်ဆိုတော်သေး
ခုတော့ ကဗျာတပုဒ်လုံး ကုန်အောင်ဖတ်ပီးတော့မှ
သိလိုက်တယ် ဖတ်မိတာ မှားပီလို့....
ကိုခွေးရေ......
ခင်များဟာ ကျွန်တော်ထက်ကြီးမှာပါ
မှားတာရှိ ၀နာမိပါပဲ.....
Post a Comment