Thursday, November 18, 2010

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ အင်အား (၁၀၀) ခန့် ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်း

သတင်း - မန်းမျိုးမြင့် (၁၈-၁၁-၂၀၁၀)

တပ်ရင်း (၂၀၁) တွင် အတူတွေ့ရသည့် ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်များ
နအဖစစ်အုပ်စုကို တိုက်ခိုက်ရာတွင် ထိရောက်မှုပိုရှိစေရေးအတွက် ခွဲထွက် DKBA တပ်ရင်း (၉၀၉) သည် ယ မန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

အင်အား (၁၀၀) ခန့်ရှိသည့် ဒီကေဘီအေ တပ်ရင်း (၉၀၉) ၏ တပ်ရင်းမှူး ဗိုလ်စတီးက ဦးဆောင်၍ လာ ရောက်ပူးပေါင်းခြင်းဖြစ်ပြီး နအဖကို နိုင်ငံရေး၊ စစ်ရေးအရ ပိုမိုထိုးနှက်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြောသည်။

ဒု-ဗိုလ်မှူးကြီး စတီးက “ကျနော်တို့အပေါ်နအဖက ဘယ်တော့မှ သဘောထားမမှန်ကန်ခဲ့ဘူး။ သူတို့ရဲ့ဆန္ဒ ကတော့ ကေအန်ယူဖြစ်စေ၊ ဒီကေဘီအေဖြစ်စေ၊ ကရင်နယ်ခြားစောင့်တပ်ဖြစ်စေ အကုန်လုံးကို အမြစ်ပြတ် ရှင်းလင်းရေးပဲ။ သူတို့ဟာ တိုင်းရင်းသားတွေ မပြောနဲ့၊ ဗမာလူမျိုးအချင်းချင်းတောင် သက်ညာတာမဟုတ် ဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်ရင် သိမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့က နိုင်ငံရေး၊ စစ်ရေးအရ အသာစီးရ မှဖြစ်မယ်။ ဒါကြောင့် ပြန်လာပူးပေါင်းတာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) သည် KNLA နှင့် ပထမဆုံး တရားဝင် လာရောက်ပူးပေါင်းသည့်အဖွဲ့ဖြစ်ပြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) မှာ လာရောက်ပူးပေါင်းခြင်းမရှိဘဲ သီးသန့်ရပ်တည်ကာ နအဖကို တိုက်ပွဲဝင်လျက်ရှိသည်။

ယနေ့ပြုလုပ်သည့် ကြိုဆိုပွဲတွင် KNLA (၂၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောနှင့် KNLA မှ ဗိုလ်မှူးကြီး နယ်ဒါးမြတို့က ဒီကေဘီအေတပ်ဖွဲ့ဝင်များကို လက်ခံကြိုဆိုခဲ့ကြသည်။

ဗိုလ်မှူးကြီး နယ်ဒါးမြက “သူတို့နဲ့ ကျနော်တို့ ပူးတွဲပြီး နအဖကို တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ နောက်ထပ် လာ ရောက်ကြမယ့် အဖွဲ့တွေကိုလည်း ကျနော်တို့ လက်ခံကြိုဆိုဖို့ အရန်သင့်ပါပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ တပ်မှူးတဦးဖြစ်သည့် ဗိုလ်ရွှေဝသည် ယခုလ (၈) ရက်နေ့က မြ၀တီမြို့၌ ဒီ ကေဘီအေနှင့် နအဖတပ်များ ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲကာလအတွင်း နအဖတပ်မှူးတဦးဖြစ်သည့် စစ် ဦးစီးတတိယတန်း ဗိုလ်ကြီးသက်နိုင်ကို လက်ရဖမ်းဆီးခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါတပ်မှူးကို ပြန် လွှတ်ပေးခဲ့သည်။

ဒီကေဘီအေ (၉၀၉) တပ်ရင်း၏ အရာခံဗိုလ် စောထူးက ၎င်းတို့ တပ်ရင်းတွင် တပ်ဖွဲ့ဝင် (၁၀၀) ခန့်ရှိသည့်အ နက် ကျန်တ၀က်မှာ လာမည့်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး KNLA နှင့် လာရောက်ပူးပေါင်းရန် ကရင်နယ် ခြားစောင့်တပ်ဖွဲ့ဝင်များလည်းရှိသည်ဟု ပြောသည်။

လာရောက်ပူးပေါင်းခဲ့ကြသည့် ဒီကေဘီအေ (၉၀၉) တပ်ဖွဲ့ကို KNLA တပ်ရင်း (၂၀၁) ၏ တပ်ရင်းမိသားစုများ ကျောင်းသားကျောင်းသူများ ဒေသခံရွာသားများက ကြိုဆိုခဲ့ကြသည်။

8 comments:

mg said...

မှိုလိုပေါက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ တိုင်းပြည်တွက် ဆူးညောင့်ခလုတ်တွေပါ...
တပ်မတော် ရှိနေတာတောင်မှ မင်းမဲ့စရိုက်ဆန်ဆန် မြို့တွင်းမှာ အကြမ်းဖက်သွားတာကိုကြည့်ရင် နားလည် ခွင့်လွှတ်ပေးလို့မရပါဘူး...ဒါဟာ နိုင်ငံတော်ကို အကြမ်းဖက်တာနဲ့အတူတူပဲ...

သံတမာန်အရ ဆွေးနွေးဖို့သွားတဲ့သူကို ဖမ်းပြီး သုံ့ပန်းပါဆိုပြီး မီဒီယာပေါ်တင်တယ် အကြမ်းဖက်သမားက သူတော်ကောင်းလုပ်တယ် နာမည်ကောင်း ယူလိုက်သေးတယ်...အောက်တန်းကျတဲ့ စိတ်ဓာတ်တွေနဲ့ အကြမ်းဖက်ဝါဒတွေကို အစဉ်အမြဲတွန်းလှန်ကာကွယ်ရမယ်...

Unknown said...

မင်းတို့စစ်တပ်ကကော မင်းမဲ့စရိုက်ဆန်ဆန် လက်နက်မပါတဲ့ ပြည်သူနှစ်ယောက် ကို ပဲခူးလို မြို့ကြီးပေါ်မှာတောင် ပေါ်ပေါ်ထင်ထင်ပြစ်သတ်ဘဲမဟုတ်လား
မင်းတို့ DSA ဆင်းအခြောက်တွေက ဖမ်းခံထိရင် ဖင်ပြေးခံတာဘဲ ခုလဲ ဖမ်းခံထိတော့ သံတမန်တဲ့ စောက်ခြောက်တွေ ဒါဆို KNU ကသူဖမ်းခံထိလို့ သံတမန်ပါပြောရင် မင်းတို့ လွတ်ပေးမလား စစ်ခွေးတပ်ကကောင်တွေ မင်းတို့သတ်ပြစ်မှာ အသေအချာဘဲ အောက်တန်းကျလို့ မင်းတို့ကို စစ်ခွေးလို့ အများကခေါ်တာ နည်းတောင်နည်းသေးတယ်

mg said...

Maung

သုံ့ပန်းဆိုတာ စစ်ရှုံးလို့ဖြစ်စေ တိုက်ပွဲတွင်းမှာ ဖမ်းမိလို့ဖြစ်စေ အဲဒီလိုလုတွေမှ သုံ့ပန်းလို့ခေါ်တာ...
အခုက နှစ်ဖက်တိုက်နေရင်းနဲ့ ဖမ်းမိလို့ခေါ်သွားတာလား(သို့မဟုတ်)မြ၀တီမြို့ တည်ငြိမ်စေချင်လို့ တစ်ဖက်က ဖြစ်စေချင်တဲ့ ဆန္ဒကို လာပြီးဆွေးနွေးတဲ့သူကို အကြောင်းပြချက်မပေးပဲ ဖမ်းလိုက်တာလား?
ကျုပ်ပြောနေရင် ပုံပြင်တွေပြောနေတယ်ထင်နေရင် ခင်ဗျားတို့ တင်လိုက်တဲ့ ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်ပါ...ဘာကြောင့် အဖမ်းခံရတာလဲဆိုတာ...

နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ဖြစ်စေ လူမိုက်က သူတော်ကောင်းလုပ်ချင်လို့ အများမြင်ကောင်းအောင် ဟန်ဆောင်ပြ မီဒီယာပေါ်မှာ ခွေးချီးတတ်ပါတာ ဖြစ်စေ ဒါဟာ အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုအဖြစ်ပဲ မြင်တယ်...

Unknown said...

mg i would like to tell u about your mon. she is the one of Than Swe wife or how many husaband your mon have.

Unknown said...

John ဖာခေါင်းက သန်းရွှေသားလား

seinnmyanaddy said...

ဟေ့ mg ဆိုတဲ့သူရေ
မသိလို့မေးပါရစေ
ပဲခူးမြို့ပေါ်မှာ လူငယ်နှစ်ယောက်ကိုစစ်တပ်ကပစ်သတ်သွားတာက
မင်းမဲ့စရိုက်မဟုတ်ဘဲတရားဥပဒေစိုးမိုးတာပေါ့နော်။

seinnmyanaddy said...

ဟေ့ mg ဆိုတဲ့သူရေ
မသိလို့မေးပါရစေ
ပဲခူးမြို့ပေါ်မှာ လူငယ်နှစ်ယောက်ကိုစစ်တပ်ကပစ်သတ်သွားတာက
မင်းမဲ့စရိုက်မဟုတ်ဘဲတရားဥပဒေစိုးမိုးတာပေါ့နော်။

Fun said...

John ရေမေးနေတယ်။ ဖာခေါင်းက သန်းရွှေသားလားတဲ့..ဖြေလိုက်ပါ။။ဟုတ်တယ်လို့ ..
Mg ရေ...မင်းတို့ အနေနဲ့ တခြားသူတွေကို အောက်တန်းကျ တယ်လို့ ပြောခွင့်မရှိဘူးနော်။သေချာပြန်တွေးပါ။။