Tuesday, November 30, 2010

မြန်မာ့ရေးရာ သတင်းများ (၃၀-၁၁-၂၀၁၀)

- ၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများကို ဖျက်ပါက မြန်မာတပြည်လုံး တိုက်ပွဲဝင်မည် click
- မြန်မာ့အရေး ကူညီဖို့ ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု click
- ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဈေးမှာ လူထုက ကြိုဆိုနှုတ်ဆက် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဈေးသူဈေးသားများ သောင်းသောင်းဖြဖြ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ဗိုလ်ချုပ်ဈေးလာ (ရုပ်သံ) click
- နှစ် (၉၀) အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည် click
- နှစ် (၉၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပမည် click
- ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ click
- နယ်စပ်တိုက်ပွဲ ငြိမ်းချမ်းရေးအဖွဲ့ ပါလာ click
- စစ်ပြေးဒုက္ခသည်များ ထိုင်းနယ်မြေအတွင်း ခိုလှုံနေဆဲ click
- DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး click
- ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် လမ်းအချို့ ပိတ်သဖြင့် ဒေသခံနှင့် နှစ်ဘက်တပ်များ ထိခိုက် click
- စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ click
- ချက် လွှတ်တော် နိုင်ငံခြားရေးကော်မတီ မြန်မာရွေးကောက်ပွဲ ရှုတ်ချ click
- နိုင်ငံရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ခွင့်ပေးရန် ချက်သမ္မတနိုင်ငံ မြန်မာစစ်အစိုးရကို တိုက်တွန်း click
- ၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်းကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည် click
- မဲမသမာမှုများကို စိန်ခေါ်ခြင်း (ဆောင်းပါး) click
- ရွေးကောက်ပွဲမသမာမှုများ ကုလကိုယ်စားလှယ်ကို ပါတီများ တင်ပြ click
- အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း click
- စာပေစိစစ်ရေး ပြန်လည်တင်းကျပ် click
- ဗိုလ်ချုပ်ခင်ညွန့် တကျော့ပြန်လာဦးမလား (စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ မေးမြန်းချက်များ) click
- ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ click
- အေ့စ်လူနာများအတွက် နွေးထွေးမှု လိုအပ် click
- လူထုဦးလှနဲ့ လူထုဒေါ်အမာတို့၏ ကျန်ရစ်သူမိသားစုအလှူ ကျင်းပ click
- ကုလားတန်စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်း စတင်တည်ဆောက် click
- ဂီရိရံပုံငွေအတွက် “ရှင်သန်နိုးထ အာရက္ခ“ စင်တင်တေးဂီတ စတိတ်ရှိုး ရန်ကုန်တွင် ကျင်းပမည် click
- မြန်မာပြည်မှ ထွက်သော သစ် ဟုတ်မဟုတ် ထိုင်း စစ်ဆေးမည် click
- မြို့လုံး ပတ်လည်လှည့်ပါလို့ တန်းစီတိုးစား ဓာတ်ဆီရောင်းကြစို့ (သတင်းဆောင်းပါး) click
- မြန်မာနိုင်ငံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး click
- ပန်းချီဆရာကြီး ဦးခင်မောင်ရင် (၇၂) နှစ်ပြည့် ပန်းချီပြပွဲ ကျင်းပ click
- ၀ီကီလိခ် ထုတ်ဖော်မှုကြောင့် အမေရိကန် အထိမနာ click
- နျူကလီးယားအစီအစဉ် အောင်မြင်မှု မြောက်ကိုရီးယား ကြေညာ click
- မိန်းမလျာလို့ ကြေညာတဲ့သူကို အမေရိကန်မှာ စစ်မှုထမ်းခွင့် ပေးပြီ click
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- အန်အယ်လ်ဒီ ဖျက်လျှင် လူထုလှုပ်ရှားမှုဖြင့် တု့ံ့ပြန်မည်ဟု ဗဒတ ဆို click
- အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး သွေးလှူပွဲနှင့် ဆွမ်းကပ်လှူဒါန်းပွဲ အဖွဲ့ချုပ်ဝင်များ ပြု လုပ် click
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိသားစုများနဲ့ တွေ့ဆုံ click
- မဲမသမာမှု မူကြမ်း အန်အယ်လ်ဒီ ရေးဆွဲပြီးပြီ click
- ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ NLD မူကြမ်းပြုစု click
- နှစ် (၉၀) အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရန် UDP ဥက္ကဋ္ဌဟောင်း ပြော click
- တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ငြိမ်းချမ်းရေးကောင်စီဝင်များ ဖမ်းဆီးခံရ click
- ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် (၆) ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ click
- မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ် click
- ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား click
- ဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင် ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား click
- တိုက်ပွဲများ ဆက်ဖြစ်၊ ဒုက္ခသည် ထပ်မံထွက်ပြေးလာ click
- လဂျားယန် မြန်မာစစ်တပ်ဂိတ်မှ မြစ်ကြီးနားသို့ ကုန်ဝင်ထွက်ခွင့် ပိတ်ထားဆဲ click
- ကုလကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ် အောင်မြင်မှုမရှိဟု နိုင်ငံရေးပါတီများ ပြော click
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံရေးတွက်ဆမှု မှားစေရန် တမင်ဖြန့် click
- ကိုရီးယားကျွန်းဆွယ် စစ်ရေးတင်းမာမှု မြန်မာစစ်ဗိုလ်ချုပ်ကြီးများ စိတ်ဝင်စား click
- နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ကြံ့ဖြူ (၂) ကောင် လွတ်နေ click
- ကျပ်တသောင်းတန်သတင်း နေပြည်တော်တွင် ပျံ့နှံ့ click
- နိုင်ငံတော်အလံသစ်၏ ဖွင့်ဆိုချက်ကို ကျောင်းဆရာ/မများ မဖြေကြားနိုင် click
- စစ်အာဏာရှင်လှည့်ကွက်ထဲ ၀ဲဂယက်ချာလည်လည် မဖြစ်စေလိုပါ (ဆောင်းပါး) click
- စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ (အယ်ဒီတာ့အာဘော်) click
- ပန်ဝါတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့ ကျင်းပ click
- စာပေ၊ ဂီတအနုပညာရှင်များက အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား တွေ့ဆုံအားပေး (ဓာတ်ပုံ) click
- နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှု (အိန္ဒိယ) (ဓာတ်ပုံ) click
- တိုကျိုက မြန်မာနိုင်ငံ အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ) click
- မြန်မာ့ရေးရာသတင်းများ click
- နိုဝင်ဘာ (၃၀) ရက် နောက်ဆုံးရ သတင်းတိုများ click
- လွှတ်တော်သစ်အတွင်း ဝေဖန်ပြောဆိုခွင့် ကန့်သတ်မှု ပါတီများ မသိရှိ click
- နိုင်ငံရေးမှာ ပါတီမူဝါဒအတိုင်း ဆက်လက်လုပ်သွားမည်ဟု ဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြော click
- ရွေးကောက်ပွဲလွန် သျှမ်းနှစ်သစ်ကူး အရင်နှစ်များနှင့် မခြားနား click
- မြ၀တီ-မဲဆောက်တံတား ပိတ်ထားခြင်းကြောင့် ကုန်သွယ်မှုပမာဏ (၁၀) ရာခိုင်နှုန်းသာ လျော့ကျ click
- မြောက်ဦး ရထားလမ်း လမ်းကြောင်းသစ် ဖောက်မည် click
- ရန်ကုန်ဆီဆိုင်အချို့တွင် ဆီဆိုင်ဝန်ထမ်း မသမာမှုများ ရှိနေ click
- လွိုင်ကော် တန်ဆောင်တိုင်ပွဲတွင် လေးကောင်ဂျင်များအား ပိုမိုစိတ်ဝင်စား click
- ပြည်ပပို့ကုန်လုပ်ငန်းများ ကျဆင်း click
- ကိုရီးယားပဋိပက္ခ သံတမန်ရေး အဖြေရှာဖို့ နိုင်ငံကြီးတွေ ကြိုးပမ်း click
- ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး Seoul ဦးဆောင်မှု တရုတ် ထောက်ခံ၊ WikiLeaks ဖော်ပြ click

4 comments:

yoo said...

ဗဒတ တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ မြေလတ် ကျောင်းသားများ အဖွဲ့၊ ရွှေဝါရောင် မျိုးဆက်အဖွဲ့၊ New Generation၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ် အင်အားစု၊ ၉ဝ ခု မျိုးဆက် အဖွဲ့ စသည့် အဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပါဝင်သည်...တဲ့။

အဖွဲ့ တွေကလဲ အများသား။ တနေ့ တနေ့ ပေါ်လာ
လိုက်တာ။
မှတ်တမ်း ပြုစုမယ်ဆိုရင်တော့ ပြီးဆုးံတော့မှာကို
ဟုတ်တော့ပါဘူး။

၂၀၁၀ မျိုးဆက်မှတ်တမ်းပြုစုရေးအဖွဲ့၊ ၂၀၁၁..၁၂.၁၃..၂၁၀၀..၂၁၁၁..၂၁၁၂..
၂၂၀၀ မျိုးဆက်မှတ်တမ်းပြုစုရေးအဖွဲ့ ဆိုပြီး
လိုက်ဖွဲ့ ရမယ့် ပုံပဲ။

yoo said...

"တိုက်ပွဲများ ဆက်ဖြစ်၊ ဒုက္ခသည် ထပ်မံထွက်ပြေးလာ"

နအဖ နဲ့  DKBA နှုတ်ခမ်းမွေး (စောလားပွယ်)တို့ 
ကတော့...မြ၀တီမြို့နယ် နဲ့  ဘုရားသုံးဆူမြို့နယ်က
ုလူထုတွေကို အပြေး ပြိုင်ပွဲ ကျင်းပပေးနေကြတာများလား။

အပေးအယူတည့်နေတုန်းကတော့ ငြိမ်နေကြလိုက်တာ။
နှုတ်ခမ်းမွေး လဲမသိ။ မုတ်ဆိတ်လဲမရှိ။
ရဲဘော်ကျော်သန်းလဲ DKBAကို ငပိ မလှုကောင်းလား
ကြွေးကြော်စရာမလိုတော့ဘူး။

ကြားက လူထု အချောင်ခံရတာ။
ပြေးပဲ နေရတော့ နောင်တချိန် မြန်မာအားကစား
ကမ္ဘာလွှမ်းစေဖို့  အပြေးသမား မောင်တို့ မယ်တို့ 
ကို အဲဒီဒေသမှာ သွားရှာရလေမလားပဲ။

yoo said...

ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် က
အကျဉ်းသားတွေ လွှတ်ဖို့ တောင်းဆို၊
အားလုံးပါဝင်နိုင်ဖို့ ပန်ကြား၊
တွေ့ဆုံဆွေးနွေးရေး တိုက်တွန်း..လို့ ပဲပြောသွားတာ။

အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ဘယ်လိုတောင်းဆို၊
ဘယ်လိုပန်ကြား၊ ဘယ်လိုတိုက်တွန်း...လို့ မှ
မပြောသွားတာကို.. ဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ် တွေးခေါ်နေကြသေးတယ်။

နောင်နှစ် Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းမယ့် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများ အယောက် ၁၀၀ စလုးံ
မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေချည်းပဲ ဖြစ်အုန်းမှာ။

yoo said...

"ဗိုလ်ချုပ်အောင်ဆန်းဈေးကို သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုထိန်လင်း"

ကျွန်ုပ်နှင့်ကျွန်ုပ်၏အမေ ဗိုလ်ချုပ်အောင်ဆန်းဈေးကို
သွားစဉ် အခါသမယ... ကျွန်ုပ်နှင့်ကျွန်ုပ်၏အမေ
သွားလေရာလမ်းတလျှောက် ကျွန်ုပ်၏အမေ ပါတီမှ
လူငယ်တို့  သည် တယောက်နှင့်တယောက် လက်ချင်းချိတ်ဆက်ခါ ၀ိုင်းပတ်ထားကြသည်ကို
တွေ့ တွေ့ နေရလေသည်။

ကျွန်ုပ်၏ ငယ်စဉ်ကလေးဘ၀ ကျွန်ုပ်အိပ်ရာမ၀င်ခင်
ကျွန်ုပ်၏အမေ ပြောပြခဲ့သည့် ဗမာ့ကလေးသူငယ်
ကစားနည်းကို ပြန်လည်သတိရခြင်း ဖြစ်ခဲ့ရတော့သည်။

ထိုအခါ ကျွန်ုပ်၏အမေအား "ဒါ သူတို့ ကျွန်ုပ်တို့ သားအမိ နှစ်ယောက်အား ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀
ကစားနေကြတာလား"ဟုမေးလိုက်မိလေတော့သည်။

ုသူမပြောပြဖူးခဲ့သည်များကို သတိရနေသောသား
ကြောင့် သူမ ၀မ်းသာသွားသည်ဟု ကျွန်ုပ်ထင်သည်။

ကျွန်ုပ်၏အမေသည် ကျွန်ုပ်အား ပြုံးလျှက်ကြည့်နေလေ၏။

မှတ်ချက်။
ထိန်လင်း ခေါ် ကင်မ် အဲရစ်စ် ၏ပြောဆိုချက်များကို
ဆီလျော်အောင် ပြန်ဆိုရေးသားထားပါသည်။(စာရေးသူ)