Monday, November 29, 2010
သင်္ကေတကမ္ဘာ
လူသားဆိုတာ
ကမ္ဘာမြေရဲ့ သက်ရှိသင်္ကေတ
၂၁ ရာစု တိုင်ခဲ့ပြီဖြစ်တယ်။
သမိုင်းဦးဘုံမြေခေတ်
ကျေးပိုင်ကျွန်ပိုင်ခေတ်
မြေရှင်ပဒေသရာဇ်ခေတ်
ဖက်ဆစ်၊ နယ်ချဲ့အရှင်းရှင်ခေတ်
အဲဒီခေတ်တွေဟာ
ကမ္ဘာမြေ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းရဲ့သင်္ကေတ။
ပေါင်မုန့်ငတ် ပြည်သူတွေကို
ကိတ်မုန့်စားခိုင်းခဲ့တာဟာ
ဥရောပ ပဒေသရာဇ်စနစ်ရဲ့
ခေါင်းမရှိတဲ့ သင်္ကေတ။
ဝါတာလူးစစ်ပွဲမှာ
နပိုလီယံဟာ
စစ်ရှုံးသူတို့ရဲ့ သင်္ကေတ။
ဒုတိယကမ္ဘာစစ်မှာ
ကိုယ့်ကိုယ်ကိုယ်သတ်သေ လက်နက်ချသွားတဲ့
အဓိပတိကြီး ဟစ်တလာဟာ
အာဏာရှင်ဖက်ဆစ်တို့ရဲ့ နိဂုံးကို
သမိုင်းခေတ်တလျှောက်လုံး
ထုတ်ဖော်ပြသနေတဲ့ သင်္ကေတ။
သခင်ကိုယ်တော်မှိုင်းဟာ
သူ့ကျွန်ခေတ်ထဲ
အမျိုးသားရေးစိတ်ဓာတ်တို့ကို
နှိုးဆွသက်ဝင်စေခဲ့တဲ့ ထာဝရသင်္ကေတ ...
အောင်ဆန်း … ပင်လုံ
ဗဟိန်း … ကျောင်းသား
သန်းထွန်း … လယ်သမား
ကိုယ်စားပြုခေါင်းဆောင်များရဲ့ သင်္ကေတ။
သီပေါမင်းဟာ
မန္တလေး ပဒေသရာဇ်တို့ရဲ့
အညံ့ခံမှုသင်္ကေတ
ပဒေသရာဇ်စနစ်နဲ့အတူ
မြေမြုပ်သဂြိုလ်ခဲ့ပြီးဖြစ်တယ်။
ဒုတိယကျောင်းသားသပိတ်မှသည်
အနီးခေတ် သမိုင်းကို ကြည့်ရင်
မန္တလေးက … ဒေါ်အမာ
သူမ … မပါလို့ကိုမဖြစ်ဘူး
သပိတ်မှောက်ကျောင်းသူ မအမာဟာ
မန္တလေးခုခံမှုရဲ့ သင်္ကေတ
မြေကမ္ဘာရဲ့ ရတနာဖြစ်တယ် ...။ ။
ကမာပုလဲ
(၂၈၊ ၁၁၊ ၂၀၁၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment