Monday, November 1, 2010

နေဇော်နိုင် - ကျနော် ဆွဲဖွင့်မိသော တံခါးများ (၂၆-၁၀-၂၀၁၀)

7 comments:

CAFFE said...

အင်မတန်ကောင်းတဲ့ ဗီဒီယိုပါခင်ဗျား.. ပြည်သူတွေ နားထဲ တိုက်ရိုက် ရောက်နိုင်ရင် ကောင်းမယ်ဗျာ.. ကို နေဇော်နိုင် တင်ပြပုံတင်ပြနည်းဟာ ကျိုးကြောင်း ဆီလျော်ပြီး ချက်ခြင်းကို ၂ ခါ ခြစ်လိုက်စိတ်ပေါက်သွားတယ်..

Myo Chit said...

ကြံ့ဖွံ့ ကတော့ ဒါကြည့် ပြီးပျော်နေလောက်ပြီ။ ကိုယ့် မိန်းမပေးတဲ့ ၁မဲနဲ့တင် ကိုယ်စားလှယ်ဖြစ်နေပြီ။ ၁မဲ ထဲလဲခိုင်လုံတဲ့အရေအတွက်ဘဲ။ ဘာလုပ်ချင်လဲ။ တိုင်ချင်ရာတိုင်။

Myo Chit said...

ပြည်တွင်းကလူတွေအတွက် ရွေးစရာ သုံးခုဘဲရှိမယ်။

1.စစ်တပ် နဲ့ စစ်တပ်လူထွက် ပဲပါတဲ့ လွှတ်တော်။
2.စစ်တပ် စစ်တပ်လူထွက် နဲ့ သာမန်အရပ်သားပါတဲ့ လွှတ်တော်။
3.လက်ရှိ စစ်အာဏာရှင် စနစ် (အကယ်ရွေ့ လွှတ်တော်မခေါ်နိုင်ခဲ့ရင်)

မကောင်းတဲ့ အထဲက အကောင်းဆုံး ရွေးရမှာပဲ။

RAM said...

အေးဗျာ။ နားထောင်တော့ အစပိုင်းမှာဟုတ်နေတာပဲ။ ရွေးကောက်ပွဲ ဥပဒေတွေ ရွတ်ပြီးကိုးကားပြသွားတာ ဟုတ်နေပါပြီ။ ဟုတ်ပြီဗျာ။ ၂ ခါခြစ်လို့ မဲမပြည့် လွှတ်တော် ခေါ်လို့မရဘူးပဲ ထားလိုက်ပါတော့။ အဲဒီမှာ ကိုနေဇော်နိုင် ပြောတာက 'စစ်အာဏာရှင် စနစ်ကြီး ဝိဥာဉ် ချုပ်သွားမယ်' ဆိုတာက တော့ ဘဝင်မကျနိုင်ဘူးဗျာ။ လူညစ်သန်းရွှေက လွှတ်တော် မခေါ်နိုင်တာနဲ့ လွယ်လွယ်ကူပဲ 'တိုင်းသူပြည်သားများ ကျွန်တော်တို့ကို မကြိုက်လို့ ကျွန်တော်တို့ ဆင်းပေးပါမယ်' ပြောမလား? ဝေးစွ ခြောက်ပါးပါ။ မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့လည်းသိနေတာပဲ။ ဒီလိုပြောလို့ ကျွန်တော်က NDF လူလဲမဟုတ်ဘူး။ တခြားရွေးကောက်ပွဲ ဝင်မဲ့ ပါတီကလည်းမဟုတ်ဘူး။ ဒါပေမဲ့ အခု NLD ပြောနေတဲ့ ရွေးကောက်ပွဲ လုံးဝသပိတ်မှောက် ဆိုတာကိုလဲ ကျိုးကြောင်း ဆီဆီလျော်လျော် မရှင်းပြနိုင်လို့ ဘဝင်မကျချင်ဘူး။ ဟုတ်ပြီ ခင်ဗျားတို့ပြောသလို သပိတ်မှောက် ၊ ပယ်မဲ လုပ် ရွေးကောက်ပွဲပျက် ။ အဲဒီအဆင့်ရောက်ပြီထား ။ ခင်ဗျားတို့ ဘာဆက်လုပ်မှာလဲ။ 'တိုင်းသူပြည်သားများက မထောက်ခံလို့ ဒီရွေးကောက်ပွဲကြီးမအောင်မြင်ပါဘူး။ ကျွန်တော်တို့ ၉၀ အစိုးရဖွဲ့ပါပြီ။ နိုင်ငံတကာ က ထောက်ခံပါ ' ဆိုပြီး ထ ဖိုက်မလား။ လုပ်ပါ။ ကျုပ်တို့နောက်က လိုက်မယ်။ အဲဒီလိုလဲ လာမလား မလာ မလား မသိပြန်ဘူး။ အခုဟာက ကျွန်တော်တို့ လူထုကို ဘာမှ မရှင်းပြထားဘူး။ ဟိုဟာလုပ်ပါ ဒီဟာ လုပ်ပါ ခိုင်းနေတာပဲ ရှိတယ်။ ကျွန်တော်တို့ ခံစားရတာက NLD ကကျွန်တော်တို့ကို ခိုင်းပဲ ခိုင်းနေတယ်။( အနှစ် ၂၀လိုက် လုပ်ခဲ့ပြီးပြီ။ တိုင်းသူပြည်သား အကုန်မလိုက် လို့ လို့။ နအဖ ညစ်လို့ လို့ စတဲ့ ဆင်ခြေ တွေပေးမနေပါနဲ့။ ဒီကစားဝိုင်း ထဲဝင်ခဲ့တာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ။ ဒီမိုး ဒီရေ ဒီ လူတွေ နဲ့ ပဲ ခင်ဗျားတို့ရအောင် ဆော့ရမှာပဲ။ )ခင်ဗျားတို့ ကိုယ်တိုင်က ဘာပြီးရင် ဘာလုပ် မယ်။ PLAN A မဖြစ် ရင် ဘယ် PLAN B နဲ့သွားမယ်။ ဘာမှ မရှိ။ မတွေ့ရဘူး။ အခု ခင်ဗျားတို့ မထိုးနိုင်တဲ့ နအဖ ကို တချို့ အဖွဲ့ တက်ထိုးမယ်လုပ်တော့လဲ ၊ မဟုတ်ပြန်ဘူး။ မင့်ပွဲက လုပ်ပွဲကြီး ဟိုကောင်ပဲ နိုင်မှာ အော်ကြပြန်ရော။ မှန်ပါတယ်။ ဟိုကောင်ပဲနိုင်မှာ။ ဒါပေမဲ့ ခင်ဗျားတို့က ကြရော....

(၁) ကိုယ်တိုင်လဲ နိုင်အောင်မထိုးနိုင်ဘူး။ တက်ထိုးမဲ့ လူတွေကို လည်း နံပိန်တွေ ။ အရူးတွေ အော်နေတယ်။
(၂) ဟိုကောင်ကို တက်ထိုးမဲ့သူမရှိလို့ ဒီပွဲပျက်သွားတယ်ထား ဘာဆက်လုပ်ရမလဲ ဘာမှရေရေရာရာ မရှိဘူး။ (ဟိုတက်ထိုးမဲ့ နံပိန်တွေက ဒီတကွေ့ မနိုင်ရင် နောက် ၅နှစ်ကြာရင် အားမွေးပြီး တခါပြန်ထိုးမယ်ဆိုတာ ပြောနိုင်တယ်)
(၃) အခု အပြင်က ကြည့်နေတဲ့ နိုင်ငံတကာ အဖွဲ့တွေ(အားလုံးတောင် မဟုတ် ၃ပုံ ၂ပုံလောက်ကသာ )က ဒီပွဲမကြိုက်ဘူးပဲပြောကြတယ်။ ဒီပွဲ result ကို လက်မခံနိုင်ဘူး ဆိုပြီး ယတိပြတ်မပြောကြပြန်ဘူး။ (သူတို့လည်း ခင်ဗျားတို့ အနှစ် ၂၀ ထိုးခဲ့တာကို အီနေဟန်တူတယ်)။ ဦးကြီး 'ဆမ်'ကတောင် နောင် တက်မဲ့ လူနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ် ဘာညာ ပြောတော့ အံသြမိတယ်။ )

RAM said...

ခင်ဗျားတို့ အပြင် က အဖွဲ့တွေလဲ အော်နေတာပဲ။ မဲမပေးဖို့ မဲရုံမသွားဖို့။ ဟုတ်ပြီ ကျုပ်တို့ လိုက်လုပ်လို့ ရွေးကောက်ပွဲ ပျက်ပြီထား။ ခင်ဗျားတို့က ဘာဆက်လုပ်မှာလဲ။ 'သန်းရွှေ' ကအာဏာကို လွယ်လွယ်ကူ ကူ လက်လွှတ်မယ် လို့ နောက်တမျိုး မကြံစည်ဘူးလို့ ခင်ဗျားတို့က ထင်နေတာလား။ ထားပါ PLAN အသေးစိတ်ပြောရင် နအဖ သိမှာ စိုးလို့။ အခု က ဘာအရိပ်အမြွက်မှ မရှိဘူး။ ဒီလိုနဲ့ ဇာတ်က အီလည်အုံးမယ်။ အရှက်မရှိ သန်းရွှေက နောက်မဆုတ်ပဲ နောက်တကွက် ထွင်ဦးမယ်။ ခင်ဗျားတို့ ရဲ့ ရှေ့ မတိုးနောက်မဆုတ် 'အီနောင်' ဇာတ်ကြီးထဲမှာ ကျုပ်တို့က အငတ်ငတ် အပြတ်ပြတ် ကရဦးမယ်။ တော်ပါပြီဗျာ။ ၂၀၀၇ ကလည်း ရှိတဲ့လူနဲ့ ရသလောက် ကခဲ့ပြီးပြီ။ ခင်ဗျား NLD ဘယ်မှာ လှုပ်ခဲ့သလဲ။ ကျုပ်က ရွေးကောက်ပွဲ ဖြစ်စေကြာင်း ပင်းပြီးပြောနေတာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ PLAN တွေ မရှိပဲ ။ (အရိပ်အမြွက်တောင်)မပြောပဲ ။ ခိုင်းမနေကြပါနဲ့တော့ဗျာ။ ရှင်းရှင်းပြောရရင် အခုတော့ ဘာလုပ်ရမှန်းကိုမသိဘူး။ နအဖ က 'ငညစ်' ခင်ဗျားတို့ က 'အလုပ်မဖြစ်'နဲ့။ ကျုပ်ကတော့ 'ကိုမင်းကိုနိုင်' တို့ ' ကိုကိုကြီး' တို့ကို ပဲ လက်ရှိနိုင်ငံရေးကို ဦးဆောင်စေချင်တော့တယ်။ သူတို့ဟာ သတ္တိလည်းရှိတယ်။ PLAN လည်းရှိတယ်။ သူတို့လွတ်ပြီး ၁နှစ်အတွင်းမှာကို အကြောက်တရားကြောင့် ချိနဲ့နေတဲ့ ပြည်သူကို ရအောင်စည်းရုံး ပြီး ၂၀၀၇ တော်လှန်ရေးကို ရအောင် ဖန်တီးသွားနိုင်တယ်။
အဲတော့ အချုပ်ပြောမယ်ဗျာ။ ခင်ဗျားတို့ပြောသလို လိုက်လုပ်မယ်ဗျာ။ နောက်ဘာဆက်လုပ်မယ်ဆိုတဲ့ PLAN တွေ (အရိပ်အမြွက် ဖြစ်ဖြစ်) ချပြ။ ဒါမှမဟုတ် ဗိုလ်ချုပ် ၁၉၄၇ က (ဘယ်နှစ်နှစ် အတွင်း လွတ်လပ်ရေး ရရမယ်)ပြောခဲ့သလိုပဲ။ (နှစ်အစိတ်ပဲကြာကြာဗျာ) ကိုယ်ကိုကိုယ်ယုံကြည်မှုနဲ့ ခိုင်ခိုင်မာမာပြောပြော။ အဲလိုမှ မဟုတ်ပဲ ယောင်ဝါးဝါး နဲ့ ဟိုလိုလုပ်ပါ ဒီလို လုပ်ပါ ဆိုရင်တော့ ။ ဆောရီးပဲဗျာ။ နံပိန်လည်း မဲပေးချင်ပေးမှာပဲ။ တစည လည်း ပေးချင်ပေးမှာပဲဗျာ။ ရှင်းရှင်းပြောရရင် နအဖ(ဒင်းကတော့ အော်ကြော့လန်ပါ) ရော NLD ရော နှစ်ဖက် စလုံးကို ကျုပ်ကတော့ စိတ်အချဉ်ပေါက်ပြီး အီနေပြီဗျို့။

santun said...

၁) ၂ခါ အမှန်ခြစ်လဲ နအဖ နဲ့ စစ်အုပ်ချုပ်ရေးက ပြုတ်မကျဘူး၊ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင် စစ်အုပ်ချုပ်ရေးကအသွင်တမျိုးနဲ့ ရှိနေအုံးမှာသေချာတယ်၊
၂) လုံးဝ မဲသွားမပေးပဲ နေတာကမှ နအဖ ကိုသိက္ခာချ ရာရောက်တယ်၊ ပြည်တွင်းပြည်ပမှာသိက္ခာမရှိတဲ့ ရွေးကောက်အဖြစ်ရာဇဝင်တွင်စရာဖြစ်အုံးမယ်၊ နအဖ ကိုဖြုတ်ချဖို့ အသာထားအုံး နအဖသိက္ခာကျအောင်ကျုပ်တို့ ဗမာတွေ၊ တိုင်းရင်းသားတွေ လုပ်ရဲတဲ့သတ္တိရှိကြရဲ့လား၊ လူညီကြရဲ့လား၊ မကြောက်တမ်း မဲသွားမပေးပဲနေရဲကြရဲ့လား၊
တသက်မှာလာမဲ့ နိုဝင်ဘာလ ၇ ရက် တစ်ရက်တည်းသတ္တိရှိကြစမ်းပါ၊ နအဖ ပြုတ်မကျတောင် သိက္ခာကျစေမှာသေချာတယ်၊
၃) နအဖ စစ်အုပ်ချုပ်ရေး ပြုတ်ကျဖို့က ပြည်သူ့ဘက်ကိုပါတဲ့ စစ်တပ် ကနအဖကိုဖြုတ်ချမှ ပြုတ်လိမ့်မယ်၊ ပြည်သူ့ဖက်ပါတဲ့စစ်တပ် ကနအဖ ကိုပုန်ကန်ဖို့ ပြည်သူတွေကလမ်းပေါ်ထွက်အရင်ဆုံးဆန္ဓပြဖို့ လိုတယ်၊ ပြည်သူတွေက နအဖ စစ်အုပ်ချုပ်ရေးကိုမကြိုက်ကြောင်းပေါ်ပေါ်တင်တင်မပြရဲပဲနဲ့ စစ်တပ်ကလဲဘယ်တော့မှ ၂ ခြမ်းမကွဲဘူး၊

ဝါခေါင် said...

ကိုဆန်းထွန်း ရေ
ပြည်သူတွေက မဆလ ကိုမကြိုက်တဲ့ အကြောင်း ၁၉၈၈ မှာတစ်ခါ ၊ နအဖ ကိုမကြိုက်တဲ့အကြောင်း ၂၀၀၇ မှာတစ်ခါ အတိအကျ ပြခဲ့ ပြီးပြီဗျ ။ အားမနာတမ်း ပြောရရင် အဲဒီ အခါတွေတုန်းက ဦးဆောင်တဲ့ လူတွေ အသုံးမကျလို့ ခုထိ အာဏာရှင်စနစ် အောက်မှာ ဆက်နေနေရတာ ။ ပြည်သူတွေ သောက်သောက်လဲ သေတာပဲ အဖတ်တင်ကျန်ခဲ့တာ။ ပြည်ပ မှာရှိနေတဲ့ သူတွေက ပြည်တွင်းကလူတွေ ကို တချိန်လုံး လမ်းပေါ်ထွက်ပြီး အော်ခိုင်းနေ တယ် ။ တကယ့် တကယ်တမ်း ပြည်သူတွေထွက်လာတော့ လည်း ပြည်ပ အုပ်စုတွေထဲက ဘယ်နှစ်ယောက် ပြန်လာပြီး ဝိုင်းဝိုင်းဝန်းဝန်း လုပ်ဆောင်ခဲ့ကြလို့လဲဗျာ။ အကုန် လုံးကို ဝါးလုံးရှည်နဲ့ ရမ်းရရင် ၊ အကို စဉ်းစားကြည့် ဗျာ ၊ တကယ်တမ်းဆိုရင် ၂၀၀၇ တုန်းက လက်နက်မဲ့ ပြည်သူတွေကို စစ်တပ် က သတ်ဖြတ်နေတဲ့ အချိန်မှာ နယ်စပ် မှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေကတခုခု လုပ်ဖို့ မကောင်းဘူးလား ။ ရန်ကုန် ကိုလာပြီး မတိုက်နိုင်ရင်တောင် နယ်စပ် တလျှောက်လုံး ရှိနေတဲ့ အဖွဲ့တွေအကုန် ထကြွသောင်းကျန်း ရင် နအဖ ဗျာများနိုင်တာပဲ ။ အခုတော့ အကိုတို့ ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင် သေးရင် ပြည်သူတွေကို ထပ်မသေခိုင်း ပါနဲ့တော့ဗျာ ။
ကိုဆန်းထွန်း ရွှင်လန်းကျန်းမာပါစေ
လေးစားစွာဖြင့်
ဝါခေါင်