Tuesday, October 19, 2010

ကိုယ့်အလှည့်တော့ မနွဲ့စတမ်း

ဇော်မင်း

ဒီမိုကရေစီ တစတစ ဖွံ့ဖြိုးလာဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ပါလီမန်တွင်း၊ လွှတ်တော်တွင်းက နေ တစတစ တိုက်ယူရမယ်ဆိုတာ မှားတဲ့ နည်းလမ်းမဟုတ်ပါ။ သွေးမြေမကျတဲ့ တိုက်ပွဲဖြစ်တဲ့အတွက် နိုင်ငံ သားအားလုံးအတွက်လည်း ပိုပြီးအကျိုးရှိပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ အိမ်နီး ချင်း နိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ဖြစ်စဉ်ကို ကြည့်ရင် ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။

သို့သော်လည်း ဒီမိုကရေစီ ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းတဲ့နေရာမှာ ရွေးကောက်ပွဲ ကျင်းပပေးရုံ၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ရရုံနဲ့တော့ မလုံလောက်သေးပါဘူး။ အိန္ဒိယနိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် တွေ့ရ မှာကတော့ ...

၁။ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ စည်းရုံးပိုင်ခွင့်ရှိခြင်း၊ လက်ရှိ အုပ်စိုးနေဆဲ အစိုးရများက နိုင်ငံ ရေးပါတီများကို ဖိနှိပ်ခြင်းမရှိ။

၂၊ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရှိခြင်း၊ ဥပမာ ဆိုရပါက အစိုးရဘက်တော်သား သတင်းစာများ၊ နိုင်ငံရေးပါတီ လက်ဝေခံ သတင်းစာများ မှိုလိုပေါက် ရှိနေကြပေမယ့် အမှန်ကို အမှန်အတိုင်း တင်ပြနေတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ သတင်းစားများလည်း အများအပြားရှိနေခြင်း။

၃။ မတူကွဲပြားတဲ့ အသင်းအပင်းအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် လုပ်ကိုင်ခွင့်ရှိခြင်း။

၎။ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်များက နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှု မရှိခြင်း။

၅။ တရားဥပဒေစိုးမိုးမှု အားကောင်းခြင်း၊ လွတ်လပ်တဲ့ တရားစီရင်ရေးရေးတည်ရှိခြင်း ... စတာတွေအပြင် အ ခြားအချက်အလက်များလည်း အများအပြား ရှိနေပါသေးတယ်။

အထက်က တင်ပြထားတဲ့ အချက်မျိုးတွေ မြန်မာနိုင်ငံမှာ တခုမှ မရှိပါ။ အခုလာမယ့် နိုဝင်ဘာလ ရွေးကောက် ပွဲပြီးရင် ကြံ့ဖွတ်အမတ်များက ပါလီမန်မှာ အများစု ဖြစ်နေလိမ့်မယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ လော လောဆယ် ရသလောက်ကနေ တိုက်ယူမယ်၊ နောက်မှ တဖြည်းဖြည်းချင်း ချဲ့ယူမယ်ဆိုတဲ့ ပါလီမန်အမတ် များကတော့ အနည်းစုပဲ ဖြစ်ပါတယ်။ ကြံ့ဖွတ် အမတ်များကတော့ စစ်သားလူထွက်၊ လက်ရှိစစ်သားနဲ့ စစ် သားနောက်လိုက် အရပ်သားတွေ ဖြစ်နေတာမို့ သူတို့အကြောင်း ထူးပြီး မပြောလိုတော့ပါ။ နောင်မှ တဖြည်း ဖြည်းချင်း ချဲ့ယူမယ်ဆိုတဲ့ အမတ်မင်းများကို ပြောလိုခြင်းသာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဘယ်လောက် အ တိုင်းအတာအထိ သတ္တိရှိရှိ ပြောရဲ ဆိုရဲ၊ တောင်းဆိုရဲမလဲ ဆိုတာကို စောင့်ကြည့်ဖို့ဖြစ်ပါတယ်။

မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရေးပြိုင်ဘက်နှစ်ဦးအကြား အုပ်စုလိုက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ပါ တယ်။ လူပေါင်း (၅၂) ဦးကို သေနတ်သမားများက နေရာမှာပဲ ပွဲချင်းပြီး ပစ်သတ်ခဲ့ပါတယ်။ သတ်ဖြတ်မှုအပြီး သေဆုံးသူများကိုရော၊ မသေမရှင်ဖြစ်နေသူများကိုပါ ကျင်းကြီးတခုထဲမှာ ထည့်မြှုပ်ခဲ့ပါတယ်။ ကျင်းကြီးတူးဖို့ ဘူဒိုဇာကိုတောင် အဆင်သင့်ထားပြီး လုပ်ကြံခဲ့တဲ့ လူသတ်မှုကြီး ဖြစ်ပါတယ်။ အသတ်ခံရတဲ့ (၅၂) ဦးထဲမှာ သတင်းထောက်က အယောက် (၂ဝ) ကျော်ပါတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်တနိုင်ငံလုံး ဆူပွက်သွားခဲ့တဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။ အမျိုးသမီး သမ္မတဖြစ်သူ အာရိုယိုအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး စုံးစမ်းစစ်ဆေးပြီး တာဝန်ရှိတဲ့၊ အပြစ်ရှိတဲ့သူကို အရေးယူဖို့လည်း ဖိအားများ ပြင်းထန်ခဲ့ပါတယ်။ သို့သော်လည်း သမ္မတလုပ်သူ က လူသတ်ပွဲကြီးကို နောက်ကွယ်ကနေ စီစဉ်ခဲ့တဲ့ နိုင်ငံရေးသမားကို အရေးမယူနိုင်ခဲ့လို့ နောက်တခါ ရွေး ကောက်ပွဲမှာ မဲမရတော့ဘဲ သမ္မတဘဝကနေ ဆင်းပေးလိုက်ရပါတယ်။

မြန်မာပြည်မှာကော နောင်မှာ အဲသလို အဖြစ်မျိုးတွေ မကြုံဖူးလို့ မပြောနိုင်ပါ။ အကယ်၍ အဲသလိုမျိုး ကြုံခဲ့ မယ်ဆိုရင် တဖြည်းဖြည်းချင်း နေရာချဲ့ယူမယ်ဆိုတဲ့ အမတ်မင်းများ တိုင်းသိပြည်သိ ပြောကြားဖို့၊ အပြစ်ရှိသူ ကို အရေးယူဖို့ ဒေါင်းတင်မောင်းတင် တောင်းဆိုရဲတဲ့ သတ္တိရှိပါ့မလား။

တခါ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကနေ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးသာ လိုတော့တာမို့ စစ်တပ်ကနေ အာဏာထပ်သိမ်းမယ်၊ ပါလီမန်ကို ဖျက်သိမ်းမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင် တဖြည်း ဖြည်းချင်း နေရာချဲ့ယူမယ်ဆိုတဲ့ အမတ်မင်းများက စစ်ဗိုလ်တွေကို ဒါမျိုးမလုပ်ဖို့ ချက်ချင်း နောက်ကိုဆုတ်ဖို့ ရဲရဲတင်းတင်း ပြောရဲမယ့် သတ္တိမျိုးရှိပါ့မလား။ နောက်တချက်ကလည်း တိုင်းရင်းသားဒေသတွေမှာ စစ်တပ် ကနေ လူသတ်၊ မုဒိမ်းကျင့်၊ အမျိုးစုံ နှိပ်စက်နေတာတွေ ဆက်ပြီး ကျူးလွန်နေသေးရင် ဒါမျိုးတွေ ရပ်တန်းက ရပ်ဖို့ တဖြည်းဖြည်းချင်း နေရာချဲ့ယူမယ်ဆိုတဲ့ အမတ်မင်းများအနေနဲ့ ပြောရဲ တောင်းဆိုရဲပါ့မလား။

တဘက်မှာလည်း အမတ်မင်းတွေသာမကပါဘူး။ တဖြည်းဖြည်းချင်း နေရာချဲ့ယူသွားမယ်ဆိုတဲ့ အိုင်ဒီယာကို နှစ်သက်တဲ့ မြန်မာပြည်တွင်းက မြန်မာပညာရှင်အဖွဲ့အစည်းများ အနေနဲ့လည်း ဒါမျိုးတွေကို ကြုံလာခဲ့ရင် ပ ညာရှင်ရှုထောင့်ကနေ သတ္တိရှိရှိ ထောက်ပြရဲပါ့မလား ဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက တခုသော ရွေးကောက်ပွဲကာလအတွင်း မုံရွာနယ်မှာ ခြောက် လောင်းပြိုင် လူသတ်မှုဆိုတာဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီကြီးတခုက နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ လူသတ် မှုကြီး ဖြစ်ပါတယ်။ နိုင်ငံသားများအကြားမှာ အုတ်သော်အောင်းနင်းဖြစ်ခဲ့တဲ့ သတင်းလည်းဖြစ်ပါတယ်။ သ တင်းစာများက အဲသည့် လူသတ်မှုကြီးကို နိုင်ငံသိ ရေးကြသားကြပြီး ပြည်သူတွေကို တင်ပြနိုင်ခဲ့ပြီး တာဝန်ရှိ သူများကို အရေးယူဖို့ပါ သတ္တိရှိရှိ တောင်းဆိုခဲ့ပါတယ်။ အဆိုပါ နိုင်ငံရေးပါတီကြီးလည်း နောက်ဆုံး ရွေး ကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ် (အဆိုပါ လူသတ်မှုကြီးအပြင် ပြည်သူများ မကြိုက်နှစ်တဲ့ အ ခြားကိစ္စများလည်း ပါဝင်နေ)။ အဲဒီ့ခေတ်တုန်းက သတင်းမီဒီယာဆိုတာ အတော်ကြီး လွတ်လွတ်လပ်လပ် ရေးနိုင်သားနိုင်တဲ့ အခွင့်အရေးများ ရှိနေလို့ဖြစ်ပါတယ်။

မြန်မာပြည်က သတင်းမီဒီယာသမားများအနေနဲ့ ဆင်ဆာကို ရှောင်ပြီး အလုပ်လုပ်ရတာကို အားလုံးက သ ဘောပေါက် နားလည်မှုပေးထားပါတယ်။ သို့သော်လည်း ဖိလစ်ပိုင်ကလို အစုလိုက် အပြုံလိုက် လူသတ်မှုကြီး တွေ၊ မုံရွာ ခြောက်လောင်းပြိုင် လူသတ်မှုတွေ၊ အခြားအခြားသော ကျော်မကောင်း ကြားမကောင်း အဖြစ်အ ပျက်တွေကို ရင်ဆိုင်လာရရင်၊ နောင်အနာဂတ်မှာ ဖြစ်လာခဲ့ရင် ဘယ်လိုဘယ်ပုံ ရပ်တည်ပြီး ပြည်သူတွေသိ အောင်၊ ကမ္ဘာကသိအောင် တင်ပြမလဲဆိုတာကလည်း စောင့်ကြည့်ရမယ့် စိတ်ဝင်စားဖွယ် အချက်တချက် ဖြစ်ပါတယ်။ ဆင်ဆာဘုတ်က ခွင့်မပြုလို့ မရေးရဲဘူးဆိုရင်လည်း သတင်းစာ၊ ဂျာနယ်များရဲ့တာဝန်သာ ဖြစ်ပါ တယ်။

ပြန်ကောက်ပါ့မယ်။ တဖြည်းဖြည်းချင်း နေရာကို ချဲ့ယူသွားမယ်ဆိုတဲ့ အချက်ကို မကန့်ကွက်ပါ။ ဘယ်လိုချဲ့ မှာလဲ၊ တပါးသူက တဖြေးဖြေးချင်း ပေးသမျှကို ယူပြီးမှ ဆက်ချဲ့မယ်ဆိုတဲ့သဘောလား၊ မပေးမချင်း ပါလီမန် ထဲမှာ ထိုင်စောင့်နေကြမှာလား၊ မပေးမချင်း ဂျာနယ်တိုက်မှာ ထိုင်စောင့်ပြီး ဘေးလွတ်ရာတွေပဲ ရေးနေကြမှာ လား၊ သို့မဟုတ် ဆိုရေးရှိကဆို၊ ပြောရေးရှိကပြောဆိုတဲ့မူကို လက်ကိုင်ထားပြီး သတ္တိရှိရှိ တင်ပြပြောဆို ချဲ့ ယူတာမျိုးကို လုပ်မှာလား၊ ပညာရှင်အဖွဲ့ဆိုတာတွေကရော အစိုးရငြိုငြင်တဲ့ ကိစ္စတွေကို ဆက်ပြီးလက်ရှောင် နေကြဦးမှာလား။

ဟိုတုန်းကတော့ အန်အယ်လ်ဒီအနေနဲ့ ဟိုဟာမလုပ်ခဲ့ဘူး၊ ဒါမလုပ်ခဲ့ဘူး။ ဒီနေရာမှာ အားနည်းတယ်၊ ဟိုနေ ရာမှာ ဦးဆောင်မှု မရဲတင်းဘူး ... အစရှိတာတွေကို ပြောခဲ့ဝေဖန်ခဲ့တဲ့သူများ မကြာမီ ကိုယ့်အလှည့် ရောက် တော့မယ် ဆိုတာကို သတိချပ်ဖို့ လိုလာပါပြီ။ နောက်လာမယ့် ကာလမှာ ပါလီမန်အမတ်မင်းများရော၊ မြန်မာ ပညာရှင်များရော၊ သတင်းမီဒီယာများရော စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်ရတော့မယ်ဆိုတာ မမေ့ဖို့လိုကြောင်း ပြောလိုခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ ထွန်းကားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ။

ဇော်မင်း
၁၉၊ ၁ဝ၊ ၂ဝ၁ဝ

12 comments:

userone said...

တော်တော် ထိရောက်တဲ့ ဆောင်းပါးပါ။ သူများကို လက်ညိုးထိုးနေကျ ငနဲတွေ ကိုယ့်ပြန်ထိုးမယ့် အလှည့်ကို စောင့်ကြည့်ရပါတော့မယ်။

mahathuriya : said...

အဓိက က..
တော်လှန်ပြောင်းလဲရေး လမ်း လား ၊ ပြုပြင်ပြောင်းလဲရေး လမ်း လား..၊
ဒါ ကို ရွေးဘို့ ပါ..

Revolution လား….?

Reformation လား….?

ပုဂ္ဂိုလ်စွဲ..ဂိုဏ်းဂဏစွဲ..ဥပါဒါန်စွဲ နေ သမျှတော့..
ပြုပြင်ပြောင်းလဲရေး လမ်း…ကို…
လျှောက်လှမ်းချင်လို့  လုံးဝမရနိုင်ပါ..။

Revolution is failed. တော်လှန်ပြောင်းလဲရေး.. လမ်းစဉ်..
လုံးဝကျဆုံးခဲ့ပြီ..ဆိုတဲ့ အချက် ကို...
ကျေကျေနပ်နပ် ပြတ်ပြတ်သားသား…ခံယူနိုင်ဘို့ ကလဲ..ပထမ ပါ.။

စစ်ဖက် အရပ်ဖက် အတူ ပူးတွဲ ပြီး..လုပ် မှ ရ မယ့်….ပြုပြင်ပြောင်းလဲရေး လမ်း…
သာပါဖြစ်တယ်..။

ဒါကို.. အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး..လို့ ..
ရည်ညွှန်းအပ်ပါတယ်…။

May said...

@Comment
Very clear comment! Thanks indeed!
Based on his comment, I developed my thinking.
Yes, we have to choose one. Revolution or Reform? Reform will take long long time. May be it will take one or two decades. Political transformation by revolution is fast. If possible, we want change as fast as possible. But if looking back our history of fighting against the military dictatorship and authoritarianism, the great revolutions in the past faced with failure. Since these revolutions were brutally crushed by the successive dictators. In additon, sometimes, the sudden change might face the disorder and messy situation if the people do not have enough education for democratic practices. That's why, in my point of view, we should choose another way, gradual "Reform".
It is not deniable that 2010 election will be a sham election. But we have to start with a sham election as our country's situation happened like this. Both people and government need to be familiar with the new system. Both sides have to try to understand each other's feelings and finally, I believed, can build confidence. Cooperation(working together, talking together) for the common aim, like welfare of the country, is the best way to convince the military men. Some argued that the starting point, 2008 Constitution, is the wrong frame, so the Reform process based on the 2008 Constitution will not produce the democratic country. Theorectically, it is true. Yet, in practical, it depends on the "will" and the "work" of the people and we have seen a lot of evidences in world history deviated from the political or international relations theories. So if we were not successful in utilizing the one, we should test another way. If necessary, we should change our strategies and tactics. We should be "pragmatist".

ABC said...

ပါလီမန်အမတ်တွေက ပါတီညီလာခံမှာ ပြောရဲဆိုရဲဆိုရင် ကောင်းပါ့ ကြည့်ရတာ လက်ညှိးထောင် ခေါင်းငြိမ့်တွေဖြစ်ဖို. များပါတယ် နောက်ပြီး နအဖဗိုလ်ချုပ် တွေက အနှစ် ၂၀ ကျော် ဘာမှ မအောင်မြင် ပဲ အရပ်ဝတ်လဲပြီးမှ စီးပွားရေး တိုးတက် အောင်ဆောင်ရွက်မယ်ဆိုတာကလည်း တကယ့်တော့ မယုံနိုင်စရာပါပဲ တကယ်သာ နအဖက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားစေချင်ရင် ခုကတည်း က စာပေရေးသားခွင့် လွတ်လပ်စွာ ပြောဆို ခွင့်တွေကို ဖွင့်ပေးသင့်ပါပြီ၊ အဲ့ဒီလိုမဟုတ်ပဲ ဒီမိုကရေစီဘန်းပြ နိုင်ငံတကာကအဖွဲ. အစည်းတွေဖြစ်တဲ့ World Bank , IMF တို.ဆီက ပိုက်ဆံတွေချေး ၊ အကူအညီ တွေရဖို.ပဲ ဆောင်ရွက်နေတယ်ဆိုရင်တော့ မကောင်းဖူး ပေါ့ ဒီမိုကရက်တစ် အစိုးရ ဆိုရင် ဂျပန်နှင့် အမေရိကန် အခြား အီးယူနိုင်ငံတွေက အကူအညီရဖို.အလား အလာရှိပါတယ် ၊ ချေးငွေတွေနဲ. တကယ် တိုင်းပြည် ထူထောင်ရေးတွေ လုပ်ရင်တော့ ကောင်းပါ့ ၊ အဲဒီလိုမဟုတ်ပဲ ပြည်ပက ရတဲ့အကူအညီတွေလည်း အလွဲသုံးစားလုပ် ၊ ရှိနေတဲ့ သံယံဇာတတွေလည်း အရင်အတိုင်း ဘိုးဘွားပိုင်ပစ္စည်းလို ကိုယ်ပိုင်ပစ္စည်းလို သုံးနေကြရင်တော့မကောင်းဖူးပေါ့ ၊ ဖြစ်ခါစ ပါလီမန်အမတ်တွေ ဆိုတာကလည်းရတဲ့ အခွင့်အရေးတွေနဲ. ပါမစ်တွေလျောက် ရသမျှကို သူတို. အိတ်ထဲထည့်ဦးမှာ ၊ နောင်တစ်ခါ ရွေးကောက်ပွဲ မတိုင်မီ (၁)နှစ်လောက် အလိုမှာ အရွေးပြန်ခံ ရအောင် ပြည်သူတွေ အတွက် လုပ်ပေးရင် ကောင်းပါ့ ၊ အပြုသဘောအရ ပြောင်းတော့ပြောင်းမယ် ဒီအတိုင်းဆိုရင်တော့ နှေးတာကတော့ တကယ့်ကိုနှေးမယ်လို.ပြောရမလိုဖြစ်နေ ပါတယ် ၊ စစ်တပ်က ခုချိန်ကစပြီး ဖြေးဖြေးချင်း လျော့ပေးသင့်ပါပြီ ၊ ကိုဇော်မင်း နှင့် ဒေါက်တာလွဏ်းဆွေက တစ်ယောက် တည်းတော့မဟုတ်ပါဖူးနော်၊ ဒေါက်တာကြီး က ကြားဖြတ်အစိုးရဖွဲ.ဖို.ရေး တယ် ၊ ခင်ဗျားကတော့ စိတ်လျော့ လိုက်ပုံ ပေါ်ပြီး ရွေးကောက်ပွဲပြီးလွန် ကာလမှာ ပါလီမန် အမတ်တွေဘာလုပ်မလဲ ဆိုတာ ထောက်ပြ ဆွေးနွေးတာကို သတိထားမိ ပါတယ် ၊ ကျွန်တော် ခင်ဗျားရဲ့ ဆောင်းပါးကို နှစ်သက်မိပါတယ် ၊ ကျွန်တော်လည်း ရွေးကောက်ပြီး နောက်ပိုင်း ကာလမှာ ကျန်ခဲ့မဲ့စစ်တပ်ကခေါင်းဆောင်အသစ် တွေရယ် ပါလီမန် အမတ်တွေရယ် ၊ လက်ရှိ နအဖထိပ်သီးပိုင်းတွေရယ် ၊ ပြည်ပအစိုးရ တွေက ဘယ်လို လက်ခံ ၊ ဘယ်လိုဆက်ဆံ ကြမယ် ဘာတွေလုပ်ကြမလဲဆိုတာကိုပိုပြီး စိတ်ဝင်စား ပါတယ် ၊ နအဖကတော့ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပြီး ကြံဖွံပါတီကိုမနိုင်ရင်နိုင်အောင်တော့ လုပ်မှာပဲ ၊ ခုတောင် ပြည်ပက သတင်းထောက် ၊ မဲရုံလေ့လာစောင့်ကြည့်မဲ့ အဖွဲ.တွေကို လက်မခံတော့ဖူး ၊ ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းနေမလားလို. တွေးမိပါတယ် ၊

မြန်မာပြည်ရဲ့နိုင်ငံရေးကတော်တော်ရှုတ်ပြီး ရှင်းလို.သိပ်တော့မလွယ်လှပါဖူး ၊ ဒီလိုသာ နိုင်ငံရေးပြဿနာတွေနဲ.ဆိုရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးကနလံထဖို.သိပ်တော့ မလွယ်လှပါဖူး ၊ တစ်ခြားနိုင်ငံတွေနဲ. နှိုင်းယှဉ်ရင်တော်တော်လေးကို နောက်မှာ ကျန်နေခဲ့ပါပြီ အစိုးရ နှင့် အတိုက်ခံ ၊ ပြည်သူတို. ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို စဉ်းစားသင့်ဖို. အချိန်တန်နေပါပြီ

yoo said...

user ရေ
စောင့် ကြည့် စရာ ကိုမလိုတာပါကွာ။
ဆောင်းပါးရှင် ကိုယ်တိုင်ကိုက ပထမဆောင်းပါးမှာ ဟိုဖက်လိုလို၊ဒုတိယဆောင်းပါးမှာ ဒီဖက်လိုလိုနဲ့ 
တယောက်တည်းကို ပတ်လည်ရိုက်နေတာ။

ပဆောင်းပါး။ ။ အဲသည့်လူတွေဟာ ဘယ်ဥက ပေါက်တာတွေမှန်းလဲမသိ။ သူတို့ဟာ နိုင်ငံသားလူထုတွေဘက်ကလား (သို့) စစ်တပ်ရဲ့ ပျော်တော်ဆက်တွေလားဆိုတာ ကိုယ်တွေမှ မသိတာ။

ဒုဆောင်းပါး။ ။ ဒီမိုကရေစီ တစတစ ဖွံ့ဖြိုးလာဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ပါလီမန်တွင်း၊ လွှတ်တော်တွင်းက နေ တစတစ တိုက်ယူရမယ်ဆိုတာ မှားတဲ့ နည်းလမ်းမဟုတ်ပါ။

ပဆောင်းပါး။ ။ အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ်ဆိုပါတော့ ...။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက်ရေး လား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ မေးလာရင် ကျနော့်အဖြေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ မဲမထည့်ဘူးဆိုတဲ့ အဖြေကို ပေးမှာဖြစ်ပါတယ်။ ကြိုတင်မဲလည်း မထည့်ဖူး။ မဲရုံကိုသွားပြီး လည်း မထည့်ဘူး။

ဒုဆောင်းပါး။ ။ ဒီမိုကရေစီ ထွန်းကားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ။ လွှတ်တော်တွင်းက နေ တစတစ တိုက်ယူရမယ်ဆိုတာ မှားတဲ့ နည်းလမ်းမဟုတ်ပါ။

ပထမဆောင်းပါးဖတ်ပြီး ကွန်မန့် ရေးတဲ့ ဖိုးပါ မသိစေပါနဲ့ ကွာ။
ဖိုးပါ က..
ကောင်းလိုက်လေဗျာ။ ဆက်ရေပေးပါဦး ကိုဇော်မင်းရေ...။ ဒီစာမျိုးကို လူထုအကြားပြန့်နှံ့ဖို့ လိုတယ်ဗျား..။
အားလုံးရွေးကောက်ပွဲကို ဆန့်ကျင်ပါလို့ ထပ်ပြီး သတိပေးပါရစေ..တဲ့ ။

Unknown said...

I agree with u, Ko Zaw Min. Why most exile activists don't think like you do?They can't come back to Burma for so many years and thy are too far from the reality, current situation and feeling of burmese grass-root level.

I'm not a pro-junta but I'm really sick of their calls for protest and uprising occuring inside Burma.

Unknown said...

ဟုတ်ပါတယ် စစ်အစိုးရနဲ့ ပေါင်းနေတဲ့သူတွေကို ဆန့် ကျင်ရမှာပါ စစ်အစိုးရနဲ့ ပေါင်းနေတဲ့ မွတ်စလင်တွေကို လည်း အမျိုးသားရေးအတွက်ရှေးလျူ့ ပြီး ဆန့် ကျင် မှာဖြစ်ပါတယ်။ ဒီမို ဘလော့များ ဒီအကြောင်းကို ရေးစေချင်ပါတယ်

KOZAWLATT said...

Burmese ရေ မင်းညီမ ကမွတ်နဲ့ယူသွားတာကလေးတောင်ရနေပြီ..
အတိတ်ကံဆိုတာမင်းနားမလည်ဘူးလား..

Unknown said...

What the fu*k is wrong with you, assh*le? Why do you want to be like "ThaKhinGyi? Why can't you act like normal? Watch your back douchebag!

Unknown said...

There is no more "ThaKhin" or "Kyun". You gotta respect whatever religous that people have. I know your real name and where you live. You gotta be very very careful dumpass! If you want to live longer, don't even mention on the blog.

Unknown said...

I'm neither muslim nor christian. Well if you don't care, then watch your clock ticking

ABC said...

ကိုဇော်မျိုးရေ ကျွန်တော်အထင်တော့ ခင်ဗျားတစ်ယောက် ကုလားမ ချောချောလေး တစ်ယောက်ကို ယူလိုက်ရင် ကုလားမုန်းတီးရေး ပြဿနာကိုဖြေရှင်းပြီးဖြစ်မယ် ထင်ပါတယ် ဒီခေတ်ကြီးမှာ intermarriage က ဘာမှမဆန်းတော့ပါဖူး ၊ အတွေးမမှားပါနဲ.ဗျာ ကုလားမလေးတွေကလှပါတယ်