Thursday, October 28, 2010

မြန်မာ့ပင်လယ်ပြင်က ပင်လယ်ဓားပြတွေရဲ့ရန်ကို ကာကွယ်ပေးကြပါ

မြန်မာ့ပင်လယ်ပြင်က ပင်လယ်ဓားပြတွေရဲ့ရန်ကို ကာကွယ်ပေးကြပါ
သတင်းနဲ့ ဓာတ်ပုံ - ပြည်သူ့သူရဲကောင်းများအုပ်စု
ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ရဲ့ တဘက်ခြမ်း ကော့သောင်းမြို့ကနေ ရန်ကုန်ကို သွားလာတဲ့ ကုန်ပစ္စည်း တင်တဲ့ လှေတွေကို ကော့သောင်း သူဌေးကျွန်းအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလ ရ (၂၆၅) ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး တင်ဇော်လတ်က အတင်းအကျပ် ဆက်ကြေးကောက်ခံမှုတွေ လုပ်နေ ပါတယ်။ အကောက်ခွန်ယူပြီးသား လှေတွေကို ထပ်မံပြီး အတင်းအကျပ် ငွေတောင်းခံခြင်း၊ ဓာတ်ဆီပေပါ လိုက်တောင်းခံခြင်း၊ သူ့အိမ်ဆောက်ဖို့အတွက် ဘိလပ်မြေနဲ့ သံထည်ပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေ တောင်းခံနေတဲ့အတွက်ကြောင့် ကော့သောင်းက ကုန်သည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဗိုလ်မှူးကြီး တင်ဇော်လတ် ထိုင်တဲ့ ပင်လယ်ပြင် သူဌေးကျွန်းက စစ်ဆေးရေးဂိတ်
မြန်မာ့ပင်လယ်ပြင်မှာ စီးပွားရှာစားနေရတဲ့ ကုန်သည်လှေတွေကို ဓားပြတိုက်နေတဲ့ တပ်ရင်းမှူးပိုင် လှေတွေ ကို (ဓာတ်ပုံထဲမှာ) တွေ့ရမှာဖြစ်ပါတယ်။ ရာသီဥတု ဆိုးဝါးလို့ လှေကို ပုံမှန်မထွက်နိုင်တာကတမျိုး၊ ထိုင်းက တင်သွင်းတဲ့ ပစ္စည်းတွေအတွက် အကောက်ခွန်ကြေး အဆမတန် ပေးထားရတဲ့ကြားထဲက သူဌေးကျွန်းမှာ အခြေစိုက်ထားတဲ့ ခလရ (၂၆၅) က ကုန်သည်လှေတွေထံနေ အတင်းအကျပ် ငွေတောင်းခံမှု၊ လှေတစီးကို ဓာတ်ဆီပေပါ (၃) လုံးလောက် တောင်းခံနေတာတွေကြောင့် ကုန်သည်တွေက နေပြည်တော်က လူကြီးတွေ သိစေလိုကြောင်း တိုင်ကြားရင်လည်း အဆင့်ဆင့် ခြစားနေတာဖြစ်တဲ့အတွက် တိုင်တဲ့သူပါ အပြစ်ဖြစ်တာမျိုး တွေကို ကြုံနေရတယ်လို့ ဆိုပါတယ်။ အခုလို အတင်းအကျပ် ကောက်ခံမှုဟာ စစ်တပ်က အရာရှိကြီးကိုယ် တိုင် ကောက်ခံနေတာဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ ကြောက်ရွံ့စွာ ပေးနေရတယ်လို့ ကုန်သည်တွေက ဆို ပါတယ်။
ကုန်သည်တွေဆီကနေ ဆက်ကြေးကောက်ခံနေတဲ့ စစ်တပ်လှေများ (ထိပ်ဆုံးပုံနဲ့ အပေါ်ပုံ)
ဓားပြတိုက်ခံနေရတဲ့ ကုန်သည်လှေတစီး (အောက်ပုံ)

2 comments:

Unknown said...

ခင်ဗျားတို့ကလေ တော်တော်ရီစရာကောင်းတယ်။ အဲဒီ ကောင်တွေကို က တကယ်တင်းတင်းကျပ်ကျပ် စည်းကမ်းအတိုင်း လုပ်လို့ရှိရင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးပြော.. အဲ နှစ်ဦးနှစ်ဖက်ပြေလည်အောင် တရားဝင် မဟုတ်ပဲ မျက်လုံးတစ်ဖက်မှိတ်ပြီးတော့ ခင်ဗျားတို့ကို လုပ်ပေးပြန်တော့လဲ လာဘ်စားသလေး ဓားမြတိုက်သလေး ပြောပြန်။ ခင်ဗျားတို့ တရားဝင် လမ်းကြောင်းအတိုင်း သွားတာဟုတ်လို့လား။ တကယ်အခွန်ဆောင်ရမှာကို မဆောင်ပဲ အခွန်ရှောင်ချင်တာကိုး...။
အဲ ဒီကောင်တွေက လာဘ်မစားပဲ အမှန်အတိုင်း ဆောင်ရွက်ရင်လည်း သူတို့လာဘ်စားပြီး ခင်ဗျားတို့သက်သာအောင် အောက်လမ်းနည်းတွေ အထက်လမ်းနည်းတွေသုံး တော်တော်ရီစရာပါပဲဗျာ။. နှစ်ဦးနှစ်ဖက် ပြေလည်အောင်ညှိကြစမ်းပါ။ တိုင်းပြည်ကတော့ ဒီထက်ပိုပြီး မွဲစရာ အကြောင်းမရှိတော့ပါဘူး။။

kmoe said...

Bar a kon lei ? custom twe htet taung soe tel.Thu taung zar twe.