Monday, October 4, 2010

ရောင်နီဦးဆီသို့ ... (ဗွီဒီယိုဇာတ်လမ်းတို)

ဤဗွီဒီယိုဇာတ်လမ်းတိုလေးသည် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် Social Action for Women (အမျိုးသမီး များအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့) သို့ ရောက်ရှိလာသည့် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အမျိုးသမီးများ၊ အ ကြမ်းဖက်ခံရသည့် အမျိုးသမီးများ၊ ရောင်းစားခံရသည့် အမျိုးသမီးများကိုယ်တိုင် WISE ဗွီဒီယိုရိုက်ကူးနည်း သင်တန်းသို့ တက်ရောက်ပြီး သူတို့နှင့် ဘ၀တူ မြန်မာအမျိုးသမီးများ၏ ဘ၀ကို ထင်ဟပ်ပေါ်လွင်စေရန် (သူ တို့ကိုယ်တိုင်) ရိုက်ကူးထုတ်လုပ်ထားသည့် ‘ရောင်နီဦးဆီသို့ …’ အမည်ရ ဗွီဒီယိုဇာတ်လမ်းတိုလေးဖြစ်ပါ သည်။ ကြည့်ရှုအားပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်။

4 comments:

Anonymous said...

ဌာနေပြန်ပို့မည်ဟု ပြောဆိုမှုကြောင့် ဒုက္ခသည်များ စိုးရိမ်ထိတ်လန့်-

အမေရိကန်နိုင်ငံ နယူးယော့ခ်တွင်ပြုလုပ်သည့် အေရှားဆိုဆိုင်တီ ဖိုရမ်တွင် မြန်မာဒုက္ခသည်များကို လာမည့်ရွေးကောက်ပွဲပြီးလျှင် နေရပ်ရင်းပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

mg said...

ဘာကြောင့် ထိတ်လန့်ရမှာလဲ ဒါဟာ မိမိနိုင်ငံ မိမိနယ်မြေ မိမိအိုးအိမ်ရာမြေ မွေးရပ်မြေကို ပြန်နေရမှာဖြစ်တဲ့အတွက် ဘယ်လောက် စိတ်ချမ်းသာစရာ ပျော်စရာကောင်းလဲ...မိမိနယ်မြေအေးချမ်းနေရင် ပြန်ရမှာပေါ့...ခြေနှစ်ဖက် လက်နှစ်ဖက် ခေါင်းတစ်လုံး လူသားတိုင်း ပါသင့်တဲ့ ကိုယ်လက်အင်္ဂါတွေပါနေရဲ့သားနဲ့ သူများတွေ လုပ်သလို လိုက်လုပ်နိုင်ရမှာပေါ့...မိမိကိုယ်ကို ဒုက္ခသည်ဆိုတဲ့ နာမည်ကို မယူကြစမ်းပါနဲ့...ဒါဟာ ကောင်းတဲ့ဂုဏ်ပုဒ်တစ်ခုမဟုတ်ဘူး..မိမိကိုယ်ကို တန်ဖိုးထား လူ့ဂုဏ်အဆင့်တန်းမြှင့်တင်ကြစမ်းပါ...
ကျုပ်သာဆိုရင်တော့ ငတ်လို့သေရင်သေပါစေ ခြေနှစ်ဖက် လက်နှစ်ဖက် ခေါင်းတစ်လုံးရှိနေသရွေ့တော့ ဘယ်တော့မှ သူများပေးစာကမ်းစာစားနေတဲ့ ဒုက္ခသည်အမည် မခံယူဘူး...

Anonymous said...

mg လူဆို့းနော်။

မိမိနယ်မြေမှာ လုပ် စားတာထက် မဆိုးဘူး။ကိုက်တယ်၊ mg ရဲ့....
ပြန်ပို့မှာစိုးလို့ ဆက် လုပ်စားဖို့ အစဉ်အဆက်ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဖန်နေရတာပါ။
ဒ်ါကို mg ခွင့်လွှတ့်နော်။

Anonymous said...

ဒီမိုတွေက " အင်္ဂလိပ်စာ သင်ပါ " " သူ့စကားပြောတာ ထိရောက်မှုရှိတယ် " ဆိုတာတွေ ဖြစ်ကုန် တော့ ,.......

ဒီမို ဖြစ်ဖို့ မြန်မာလူငယ်တွေ
အင်္ဂလိပ်စာအဆင့်တန်း စစ်ခံ ရလိမ့်မယ် ဆိုတာပါပဲ။