Saturday, October 30, 2010
ကြယ်တလုံးနှင့် ပြည်ထောင်စု
ကြယ်တလုံးဟု ဆိုလိုက်၍ ဟိုခေတ်တုန်းက ပေါ်ခဲ့သော လူရွှင်တော် ကြယ်တလုံးအကြောင်း ပြောနေသည် ဟု မထင်လိုက်ပါနှင့်။ နိုင်ငံရေးအကြောင်း ပြောမလို့ဖြစ်သည်။ ကိုယ်မကြိုက်တာကို မကြိုက်ကြောင်း ပြောလို ၍ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ၏ အနာဂတ် လှပတာကို မြင်ချင်ကြသည်သာဖြစ်သည်။
ထို့ကြောင့် အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုမြင်ချင်ပါသလဲဟု ဆိုလိုက်တိုင်း လူအများစု ပြည်သူအများစုထံ မှ ထွက်လာသော အဖြေကား လူမျိုးတိုင်း လူမျိုးတိုင်းအတွက် တန်းတူညီမျှမှုရှိသော ဖက်ဒရယ် ပြည်ထောင်စု ဟုဆိုသည့် တုံ့ပြန်ချက်ပင်ဖြစ်သည်။ လှပနွေးထွေးသည့် ရည်မှန်းချက်ဖြစ်ကြောင်း တန်းကနဲ သိနိုင်ပေသည်။ ဖြစ်သင့်ဖြစ်ထိုက်သည့် သဘာဝဟုလည်း ထပ်မံဆိုခြင်သည်။
ပြည်ထောင်စုဆိုသည့် အသုံးအနှုန်းကို အစိုးရ အဆက်ဆက်တိုင်းက အမြှုပ်ထွက်မတတ် ပြောခဲ့ကြသည်။ လက်ရှိစစ်အစိုးရကလည်း သည်စကားလုံးကို ကြုံတိုင်း တွင်တွင်ပြောနေဆဲ။ သို့သော် ပြည်ထောင်စုဆိုသည့် စကားလုံးကိုသာ ပြောသည်။ ဖက်ဒရယ် ပြည်ထောင်စုဟု အပြည့်အစုံ ပြောခြင်းမရှိပါ။ တကယ့်ပြည်ထောင်စု ကား ဘယ်ဆီမှာနေမှန်းမသိ။ ပြည်ထောင်စုဆိုသည့် အရသာကား ဘယ်လိုရှိမှန်းလည်း ဘယ်သူမှမသိ။ မသိ ရသည့် အကြောင်းရင်းကတော့ ဘယ်တုန်းကမှ ဘယ်အစိုးရကမှ ပြည်ထောင်စုဆိုသည့် အခြေအနေကို စစ် စစ်မှန်မှန် အကောင်အထည် မဖော်ခဲ့ကြ၍သာဖြစ်သည်။ လိမ်လည်လှည့်ဖျားခြင်းဖြင့်သာ အချိန်တို့ တစတစ ကုန်ဆုံးခဲ့ရသည်။ ခေတ်ကြီးကား အတုတထောင်၊ အယောင်တသိန်း၊ အပလိန်းအနန္တဟု ဆိုရပေတော့မည်။
မဆလ ဟုခေါ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်က တိုင်းသူပြည်သား တိုင်းရင်းသား လူမျိုးများအားလုံးအတွက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံကို ထူထောင်ရပါသည်ဟု ဆိုခဲ့သည်။ ပါလီမန်ဒီမိုကရေစီဆိုတာ အရင်းရှင်လူနည်းစုကိုသာ ကိုယ်စားပြုသောကြောင့်ဟု အကြောင်းပြခဲ့ကြသည်။ သူတို့ ထိုသို့ ဆိုနေသည့်အချိန်တွင် ပြည်သူတွေအနေဖြင့် ကောင်းမကောင်း ကြိုက်မကြိုက် ပြန်ပြောခွင့်မရှိခဲ့။ မဆလ ခေါင်းဆောင်များအားလုံးကလည်း စစ်ဗိုလ်လက်ရှိနှင့် စစ်ဗိုလ်လူထွက်များသာဖြစ်သည်။ အသုံးအ နှုန်းကတော့ လှသည်။ ပြည်ထောင်စုဆိုသည့် စကားလည်းပါသည်။ အများကောင်းစားရေးကို ကိုယ်စားပြု သည့် ဆိုရှယ်လစ်ဆိုသည့် အသုံးအနှုန်းကလည်း ပါလိုက်သေးသည်၊ အများဆိုတော့ လယ်သမား။ အလုပ်သ မားဆိုသည့် လူများစုကိုလည်း သည်အသုံးအနှုန်းက ကိုယ်စားပြုသယောင်ယောင် ဖန်တီးထားသေးသည်။
ထိုသို့ အများကို ကိုယ်စားပြုသလိုလို ဖန်တီးလိုက်သည့်အတွက် မဆလ အစိုးရဘက်မှ မလုပ်ချင်ဘဲ ပြန်လုပ် ပေးရသည့်အချက်ကတော့ နိုင်ငံတော်အလံတွင် ပါဝင်နေသော သင်္ကေတများပင် ဖြစ်သည်၊ တောင်သူလယ် သမားများအတွက် စပါးနှံသင်္ကေတကို ထည့်သွင်းရသည်။ အလုပ်သမားလူတန်းစားအတွက် ပင်နင်ယံကြီးတ လုံးလည်း ပါခဲ့ရသည်။ တိုင်းနှင့်ပြည်နယ် (၁၄) ခုအတွက် ကြယ် (၁၄) လုံးကို ထည့်သွင်းသတ်မှတ်ခဲ့ရသည်။ အနီရောင်နှင့် အပြာရောင်ကိုလည်း ဘယ်လိုအဓိပ္ပါယ်နှင့် ထည့်သွင်းခဲ့သည်ကိုတော့ ကာယကံရှင်အစိုးရသာ သိပေလိမ့်မည်။ ထိုခေတ်တခေတ်လုံး ပြည်သူတို့ ပျာယာခတ်ခဲ့ရသည် မဟုတ်လော။ တတိုင်းပြည်လုံးလည်း နီရဲသောသွေးခင်းလမ်း ဖြစ်ခဲ့ရသည်။ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမွှများနှင့် တိုင်းရင်းသားနယ်မြေ များအတွင်း လက်နက်အားကိုး၍ နှိမ်နင်းခဲ့သောကြောင့် သွေးမြေကျခဲ့ရသည်ကို ဆိုလိုခြင်းဖြစ်သည်။
ပြောမည်ဆိုလျှင်တော့ အဲသည့် အလံတော်ကို အခြေပြု၍ သဘောလောက်တော့ ပြောလို့ရသေးသည့် အ ချက်ကလေးများ ရှိပါသေးသည်။ ကြယ် (၁၄) လုံးသည် ပြည်ထောင်စုဖြစ်သည်။ သည်ကြယ်လေးကတော့ ဒို့ချင်းပြည်နယ်၊ သည်ကြယ်တလုံးကတော့ ဒို့ရှမ်းပြည်၊ သည်တလုံးကတော့ ဒို့ကရင်ပြည်နယ်အတွက် စသ ဖြင့် အဖြစ်သဘောမျိုး ပြောလို့ရနိုင်သေးသည်။ ကြယ် (၁၄) လုံးအတွင်းမှာဆိုရင်လည်း ထိပ်ဆုံးက ကြယ်က တော့ မြေပုံအတိုင်း၊ နာရီလက်တံအတိုင်း တွက်ချက်မည်ဆိုပါက ဒို့ကချင်ပြည်နယ်ဟုလည်း ဆိုနိုင်ပါသေး သည်၊ လယ်သမားများကလည်း စပါးနှံသည် ဒို့တောင်သူလယ်သမားများကို ကိုယ်စားပြုတာဟေ့ဟု ဆိုနိုင် သလို အလုပ်သမားများကိုလည်း မေ့မထာဘပဲ ပင်နင်ယံသင်္ကေတဖြင့် ပြဆိုထားသည်ဟု အဖြစ်လောက် တော့ ပြောနိုင်သေးသည်။ ပြည်ထောင်စုစစ်တာ မစစ်တာကတော့ ထားလိုက်ပါတော့။ အဲသည့်ကာလ အခြေ အနေများဆီက အဆိုပါ နိုင်ငံတော်အလံကို နိုင်ငံတကာမှ လှမ်းကြည့်လိုက်ပြန်လျှင်လည်း သြော် ... သူတို့ဆီ မှာ တိုင်းရင်းသားလူမျိုးများအား ကိုယ်စားပြုထားတဲ့ သင်္ကေတကို အလံတော်မှာ သေသေချာချာ ဖော်ပြထား သားပဲဟုလည်း ထင်ကောင်းထင်နိုင်စရာရှိသည်။ သို့သော် အလံတော်တွင်ပါရှိသော သင်္ကေတများမှာ လိမ် လည်လည့်ဖျားရုံအတွက်သာဖြစ်သည်။ တကယ့် ပြည်ထောင်စုအနှစ်သာရသည် မရှိ။ လက်တွေ့မှာက စစ် ဗိုလ်များသာ အုပ်ချုပ်ထားသည်ကိုး။
ခေတ်တွေ ထပ်ပြောင်းခဲ့သည်မှာလည်း အများအသိပင်။ ယခု နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသည့် ဗိုလ်ချုပ် များက နိုင်ငံတော်အလံအသစ်တခုကို တည်ထွင်ဖန်တီး၍ ညောင်နှစ်ပင်ညီလာခံ၌ အတည်ပြုခဲ့သည်။ ညောင် နှစ်ပင်ညီလာခံက (၁၄) နှစ်ကြာအချိန်ယူပြုလုပ်ခဲ့သော ဖွဲ့စည်းပုံကို ၂ဝဝ၈ ခုနှစ်၌ ကိုယ့်သဘောကိုယ်ဆောင် ၍ အတည်ပြုခဲ့ကြသည်။ နိုင်ငံသားတွေမှာဖြင့် ဘာမှန်းတောင် မသိလိုက်ရ။ ထိုအလံတော်အသစ်တွင် အဝါ ရောင်က အလျားလိုက် အပေါ်ဆုံးတွင် ရှိသည်။ အလယ်မှာက အစိမ်းရောင်။ အောက်ဆုံးမှာကတော့ အနီ ရောင်ဖြစ်သည်။ အလံတော်၏ အလယ်တည့်တည့်တွင် အဖြူရောင် ကြယ်ကြီးတလုံး ရှိနေသည်။ ဘယ်သူ တွေကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့က အနှေးနှင့်အမြန် အတည်ပြုခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း က ထိုအလံတော်အသစ်ကို နိုင်ငံသားတွေကို အသိမပေးဘဲ ကိုယ့်သဘောနှင့်ကိုယ်လွှင့်တင်ခဲ့သည်။ ဆိုရှယ် လစ်အစစ်မဟုတ်သော အလံတော်ဟောင်းကား နိတ္ထိတံသွားခဲ့ချေပြီ။ ပြည်ထောင်စုစစ်စစ်မှန်မှန်ကို ကိုယ်စား မပြုခဲ့သော အလံတော်၏နေရာတွင် မောင့်သဘော အလံတော်သစ်တခု ထပ်မံနေရာယူခဲ့ချေပြီ။
မဆလခေတ်က မလွှဲမရှောင်သာဖြစ်ခဲ့ရသည်မှာ ကိုယ့်ရှူးကိုယ်ပတ်သွားသဖြင့် ဟန်ဆောင်ပန်ဆောင် ကြယ် (၁၄) လုံး အလံတော်တွင် ထည့်သွင်းခဲ့ရသေးသည်။ ယခု နဝတ/နအဖခေတ်တွင် လုပ်ချလိုက်ပုံကတော့ ပြောင်ကျလွန်းလှသည်။ သူတို့၏ သဘောထားတင်းမာမှုကိုလည်း အလံတော်ကို ကြည့်၍သိနိုင်သည်။ ပြည် ထောင်စုဆိုသည့် အသုံးအနှုန်းကိုလည်း ဆက်သုံးချင်သေးသည်။ သို့သော် ပြည်ထောင်စုသဘောကို ထင် ဟပ်စေမည့် သင်္ကေတကိုလည်း အလံတော်တွင် ဘယ်လိုမှ ရှာဖွေလို့မရ။ ကြယ်ကား တလုံးတည်းသာပင်ဖြစ် တော့သည်၊ သူတို့သည် ပြည်ထောင်စုကို ကြောက်သောသူများပါတကား။
နိုင်ငံတော်သည် ထိုကြယ်တလုံးသာ ဖြစ်သည်ဟုဆိုပါက တပြည်ထောင်စနစ်ကို ရည်ရွယ်ရင်းသာ ဖြစ်သည် ဟုဆိုနိုင်သည်။ ဖက်ဒရယ်ပြည်ထောင်စု ဆိုသည့်သဘောကိုလည်း မခြုံငုံမိသည့်အပြင် ရိုးရိုးပြည်ထောင်စု အ သွင်ကိုတောင် မဆောင်ကြောင်း မြင်နိုင်သည်။ ဒါ့အပြင် အစိမ်းရောင်က အလယ်ဗဟိုမှာ ရှိနေသည့်အတွက် အစိမ်းရောင် ဝတ်ဆင်ထားသည့် စစ်တပ်အပေါ်မှာသာ မှီခိုနေရသလိုလည်း ဖြစ်နေသေးသည်။ အစိမ်းရောင် ဆိုတော့ စစ်တပ်ကိုသာ ကိုယ်စားပြုသည်ဟုလည်း သွယ်ဝှိုက်၍ ပြောချင်ပုံရသည်။ အဝါရောင်ကို ရွှေမြေဟု အဓိပ္ပါယ်ဖွင့်မည်ဆိုပါကလည်း ထိုရွှေများကို သူတို့သာ ယူငင်သိမ်းပိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အ ခုလည်း ရသမျှ ခါးကြားလိမ်ထားကြသည်မဟုတ်လော။ အနီရောင်ကတော့ ဆက်လက် သွေးခင်းသောလမ်း ဟု နိမိတ်ဖတ်ရန်သာ ကျန်တော့သည်။ အကောင်းတကွက်မှ မမြင်မိသေး။ တိုတိုပြောရပါက မြန်မာနိုင်ငံကို စစ်တပ်က ဆက်လက်အုပ်ချုပ်ဦးမည်ဆိုသော သဘောထားပင်ဖြစ်တော့သည်။ စစ်ဗိုလ်တွေ အုပ်ချုပ်ခဲ့သော ဆိုရှယ်လစ်ခေတ်နှင့် ဘာများကွာပါသနည်း။ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်ကား ဝေးလွန်းလှသောခရီးဟု ဆိုရပေမည်။
သဘောကို သိမြင်ပြီးသည့်သကာလ၌ မိမိတို့ ဘာဆက်လုပ်ကြမလဲဆိုတာ အချင်းချင်း မေးခွန်းထုတ်ရန်သာ ကျန်တော့သည်။ ဟိုလူသည်လူများ၊ ဟိုအုပ်သည်အုပ်များ၊ ဟိုပညာရှိသည်ပညာရှိများ အတော်စောစောကာ လက ထင်ထားသလို တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် နီးစပ်မလာနိုင်တော့ဘဲ ဝေးသထက်ဝေးတော့မည် ကို မြင်နေရသည်။ နိုင်ငံတကာမှာရှိနေသည့် နည်းနာပေါင်းများစွာကို မတတ်ကျွမ်းသည့်အတွက်၊ မသိရှိသည့် အတွက် ဆွေးနွေးရေးစားပွဲသို့ မရောက်နိုင်ဘဲ ဖြစ်နေသည်ဟု ထင်နေသည့်သူများလည်း ပြန်လည်သုံးသပ်ဖို့ လိုနေပြီဟု အကြံပေးလိုသည်။ ယနေ့ မြန်မာပြည်ပြဿနာသည် နည်းနာပြဿနာ မဟုတ်ပါ။ စေတနာပြဿ နာဟုသာ မြင်မိသည်။ နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသည့်စကားပုံမှာ ရှေးလူများ အလ ကား ထားရစ်ခဲ့သည်မဟုတ်။
အလံတော်အသစ်ကို အသက်သွင်းရေး လုပ်နေရင်းဖြင့် မြို့တော်အသစ်ကား တည်ပြီးလေပြီ။ မြို့တော်အ သစ်ဟု မမြင်မိပါ။ ခံတပ်အသစ် ဆောက်လုပ်ခြင်းဟုသာ မြင်မိသည်။ သူတို့သည်လည်း သူ့တို့ အနာဂတ်အ တွက် ပြင်နေခြင်းသာဖြစ်သည်။ သည်ခံတပ်ထဲကနေ ဘာလာလာ ခံချမည် ဆိုသည့်သဘောလည်း ဖြစ်သည် မှာ အထင်အရှားပင်ဖြစ်တော့သည်။ ယခင် မဆလခေါင်းဆောင်များတို့တွင် သည်လိုခံတပ်မျိုး မရှိခဲ့။ ထို့ ကြောင့် အပြောင်းအလဲကာလများနှင့် ကြုံသောအခါ ပြေးစရာ မြေမရှိ ဖြစ်ခဲ့ရသည်။ အကြံတူ နောက်လူ သာ စမြဲဟုဆိုကြသည်။ ပါလီမန်ထဲတွင် နောင်မှာ တဖြည်းဖြည်းချင်း တိုက်ယူမည် နေရာချဲ့ယူမည်ဟုဆိုသည့် သူ များလည်း အခုကတည်းက အလံသစ်နှင့် ပတ်သက်၍ ဘာတလုံးမျှ မပြောနိုင်ကြ၊ ရေငုံနေကြသည်။ အချိန် ကောင်းကို စောင့်ခြင်းလော သို့မဟုတ် ကြောက်၍လော။
မိမိတို့သည်လည်း မိမိတို့လုပ်ရန်ရှိသည်များကို မတိမ်းမစောင်းဘဲ ဆက်လုပ်ရန်သာလိုသည်။ လွတ်မြောက် ရေးလုပ်ငန်းများ မှန်သမျှသည် ပြည်သူ့အားပါမှသာ မောင်းနှင်အားကို ကောင်းစေသည်။ နိုင်ငံသူနိုင်ငံသားများ အပြည့်အဝ ပူးပေါင်းမှုမရှိဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်သွားသော၊ လွတ်မြောက်သွားသော နိုင်ငံဆို သည်မှာ တခါမျှမကြားဖူးသေး။ ။
ဇော်မင်း
(၂၉) ရက်၊ အောက်တိုဘာလ၊ ၂ဝ၁ဝ ခုနှစ်
(ယခုဆောင်းပါးသည် လွန်ခဲ့သော သုံးနှစ်ကျော်က ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထပ်မံ၍ ဖြည့်စွက်ပြီး ပြန်လည် တင်ဆက်လိုက်ခြင်းဖြစ်သည်။)
Subscribe to:
Post Comments (Atom)
5 comments:
နအဖအကြောင်းတော့ မပြောချင် တော့ပါဖူးဗျာ ၊ နအဖက နိုင်ငံတော် အလံကိုတောင် အဓိပ္ပါယ်ရှိရှိနဲ. နိုင်ငံတကာကလေးစားလောက် အောင်မလုပ်နိုင်တဲ့ နောက်မှာတော့ တိုင်းပြည်ရဲ့စီးပွားရေး လူမူရေး ပညာရေး တွေ တိုးတက်ဖြစ်ထွန်းလာဖို. လုပ်နိုင်ဖို. ဆိုတာ သိပ်တော့မလွယ်လှဖူးဗျို. ၊ ငါထင်ရာ ငါစိုင်းမယ်ဆိုတဲ့ အပြုအမူတွေကိုပြင်ပြီး တိုင်းပြည်အတွက် တကယ်ကို လုပ်သင့်တဲ့ အချိန်ကိုရောက်နေပါပြီ ၊ နအဖက ပြည်သူတွေအပေါ်စေတနာလေး နည်းနည်း လောက်ထားတတ်ရင်တော့ ကောင်းလိမ့်မယ်
နိုင်ငံတော်အလံနဲ.ဖွဲ.စည်းပုံကို ညီလာခံ ကိုယ်စားလှယ်ကြီးများက ရေးဆွဲတယ်လို. တော့မလုပ်ပါနဲ.ဗျာ ၊ နအဖပဲ အားလုံးကို ဦးစီးပြီး လုပ်သွား တာပဲမဟုတ်လား ၊ ဒါပေမဲ့ ကိုယ့်ရဲ့ စားဝတ်နေရေးနှင့် ဘ၀ရပ်တည်ရေး ကိုပဲ ဦးတည်ပြီး လက်ညှိုးထောင် ခေါင်းငြိမ့်ခဲ့ တဲ့ ညီလာခံကိုယ်စားလှယ်ကြီးတွေလည်း သမိုင်းရဲ့ အမဲစက်မှာတော့ထည့်သွင်းရလိမ့် မယ် ၊
ကြယ်ကတော့ စစ်တပ်ကို ကိုယ်စားပြုပုံ ရပါတယ်
ယခုနိုင်ငံတော်အလံက ပါတီအလံနှင့် ပိုပြီးတူနေပါတယ် ..
အားလုံးကျန်းမာရွှင်လန်းကြပါစေ ...
ကြယ် ၁၄ က တိုင်းရင်းသား အားလုံးကို တစ်ခုစီ ခွဲပြလို့ ရပေမဲ့...တကယ်တမ်းကျတော့ ခွဲခြား ခွဲခြားဖြစ်နေတယ်လေ...တစ်လုံးတည်းဆိုတော့..ပြည်ထောင်စုကြီး တစ်ခုလုံးကို ကိုယ်စားပြုတဲ့ သဘောပေါ့..အဲလိုလဲ တွေးလို့ ရပါတယ်...ဒါဆို အရင်က ခွဲခြားခွဲခြားလုပ်နေတဲ့ အဖွဲတွေ မရှိဘဲ..အားလုံးက တစ်စုတည်း တစ်စည်းတစ်ပေါင်းတည်း ဖြစ်သွားတာပေါ့...
Burma flag is a sign of DEVILS.
Yellow means ?
Red means?
Green means?
One star?
They have different meanings and the fate of Burma will become worse and worse .
This flag show one army , one nation and one party.
ဘာမှရှောက်တွေးမနေပါနဲ့
အလံပြောင်းတဲ့သူက ပြောင်းရပြီးရောဆိုပြီး
တစ်ခုခုနဲ့ပြောင်းလိုက်တာပါ
ဦးနှောက်လဲ ဒီလောက် ရှိပုံ မပေါ်ပါဘူး
နောက်ဆုံးတော့ Ethiopia အလံ နဲ့ သွားတူနေ
တော့တာပါဘဲ။
ဆရာရေ ... ကြားဖြတ်ရွေးကောက်ပွဲတုံးက
ဒီစာရွက်လေးတွေ ပတ်ဝေဖူးပါတယ် ...
ကျွန်တော် ဖြစ်စေချင် လုပ်စေချင်တာလေးတွေပါ ။
https://www.facebook.com/notes/ya-tha/%E1%80%9B%E1%80%9E-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8-%E1%81%81%E1%81%83-%E1%80%81%E1%80%BA%E1%80%80%E1%80%B9/250979618321650
Post a Comment