ဒီမိုကရေစီအင်အားစုများခင်ဗျား ...
ဒုတိယပင်လုံကို ရေရှည်လုပ်ငန်းစဉ်လို့ မထင်ပါနဲ့ဦး။ ဒါဟာ ပထမဆုံး ကိုယ့်လမ်းကိုယ်လျှောက်တာဖြစ်ပါ တယ်။ အချိန်မရှိပါဘူး။ အားလုံး နည်းလမ်းပေါင်းစုံနဲ့ အမြန်ဝိုင်းရံကြပါ။
ဒုတိယပင်လုံဟာ ဒီနေ့အချိန်အခါနဲ့ အကိုက်အညီဆုံး၊ လက်တွေ့ဘဝနဲ့ အကိုက်အညီဆုံး၊ အလိုအပ်ဆုံး အောင်ပွဲလမ်းဖြစ်ပါတယ်။ တခြားရွေးစရာလည်း သိပ်မရှိပါဘူး။ ဒါကို နည်းပေါင်းစုံနဲ့ ဝိုင်းထောက်ခံပြီး ညီ ညွတ်မှုကို ပြသကြပါ။ တယောက်ချင်းလည်း ထောက်ခံကြပါ။ တဖွဲ့ချင်းလည်း ထောက်ခံကြပါ။ နည်းလမ်း ပေါင်းစုံနဲ့ ထောက်ခံမှုကို ပြကြပါ။
အခုကာလ ရွေးကောက်ပွဲလှိုင်းက ကြီးနေပါတယ်။ ကိစ္စမရှိပါဘူး။ ဒီမိုကရေစီအင်အားစုတွေအားလုံး ဒုတိယ ပင်လုံကို အားစိုက်လိုက်ရင် ရွေးကောက်ပွဲဟာ သူ့အလိုလို သေးသိမ်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲ တရားမျှ တမှုရှိမရှိ သက်သေပြဖို့ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်စရာမလိုပါဘူး။
တခြားရွေးစရာမရှိလို့ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးရတာပါလို့ ဆင်ခြေပေးသူတွေ အတွက်လည်း ဒုတိယပင်လုံဟာ တခြားရွေးစရာပါပဲ။ ဒီလမ်းကို မရွေးရင် လူထုဆန္ဒကို သစ္စာဖောက်တာပါပဲ။ စောင့်ကြည့်ပါရစေဦးလို့ ပြောနေသူတွေဟာ ဘယ်လောက် လေလုံးထွားထွား လူထုက အားကိုးလောက်တဲ့ လူမဟုတ်ဘူးဆိုတာ ရှင်းပါတယ်။
ဒုတိယပင်လုံဟာ ...
- ရွေးကောက်ပွဲမှတပါး တခြားရွေးစရာလည်း ဖြစ်ပါတယ်။
- အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်လည်း ဖြစ်တယ်။
- အမြင့်ဆုံး အောင်ပွဲလမ်းစဉ်လည်း ဖြစ်တယ်။
- လွှတ်တော်ခေါ်တာလည်း ဖြစ်တယ်။
- အစိုးရဖွဲ့တာလည်း ဟုတ်ပါတယ်။
ကျနော်တို့ တလျှောက်လုံး စစ်အစိုးရလုပ်သမျှ အပြစ်တွေကို သက်သေပြနေတာနဲ့ အချိန်ကုန်ခဲ့ပါပြီ။ ဒီတခါ ကိုယ့်လုပ်စရာရှိတာကိုလုပ်ဖို့ တခုတည်းသော လမ်းစဟာ ဒုတိယပင်လုံပါပဲ။ ဒုတိယပင်လုံကို အကျယ်ပြန့် ဆုံး၊ အနက်ရှိုင်းဆုံး အားဖြည့်ပေးရင်း အောင်ပွဲဆီ ချီတက်ကြပါစို့။ ဒုတိယပင်လုံလှိုင်းကို ကျယ်ပြန့်လာအောင် ကိုယ့်နည်းကိုယ်ဟန်နဲ့ တတ်စွမ်းသမျှ အားဖြည့်ပေးကြပါစို့ ...။ ။
ဟေးဒေး
Wednesday, October 27, 2010
ဒီလမ်းဟာ အောင်ပွဲလမ်းပဲ (ပေးစာ)
Subscribe to:
Post Comments (Atom)
5 comments:
လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် ဘယ်သူမှ ဘာအစီအစဉ်မှ စမလုပ်ကြဘူး။ No action is useless, man. ဒေါ်စု၊ ကိုမင်းကိုနိုင် တို.ကလွဲလို. ဘယ်သူ.မှဦးမဆောင်နိုင်ဘူး၊ ဦးမဆောင်ရဲဘူး၊ ဦးမဆောင်တတ်ဘူး။ လေဘဲပြောတတ်တာ။ ဘဘဦးဝင်းတင် အပါအဝင်ပါပဲ။ ဒီအချိန်မှာ Action တခုပဲလိုတယ်။ ဝန်းရံပေးပါတို.၊ ထောက်ခံပေးပါတို. ကအလကားပဲ။
ဒုတိယ အကြိမ် ပင်လုံ ညီလာခံ ခေါ်ဖို့ တို
ဘဘကြီးတို့ အုပ်စု မှ တပါး ၉၉ ရာနှုး သော ပြည်သူတွေ အားလုံး သဘော တူကြလိမ့်မယ် လို့ ယုံကြည်မိတယ် ...
ဖြစ်မြောက် အောင် အားစိုက် ဖို့ ပဲ လိုပါတယ်
ရည်ညွှန်းအပ်ပါတယ်....
အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး. (၄)
ကြိုဆိုပါတယ်…။
မိမိပါတီဝင်များ…လိုလားသူများ ကို ယခုလို
အမျိုးသားညီညွတ်ရေး လမ်းကြောင်းပေါ် တည့်မတ်ပေး လိုက် တဲ့ အတွက်..
ဝမ်းမြောက်ဝမ်းသာကြိုဆိုအပ်ပါတယ်..။
အမျိုးသားပြန်လည်သင့်မြတ်ရေး…တွေ့ဆုံဆွေးနွေး အဖြေရှာရေး ..တို့ ကို.. ကြိုဆိုလျှက်ပါ..။
ပုဂ္ဂိုလ်စွဲ..ဂိုဏ်းဂဏစွဲ..မထားပဲ.. ပြုပြင်ပြောင်းလဲရေး လမ်း…ကို..အတူ လျှောက်လှမ်းနိုင်ကြမယ်
ဆိုရင်တော့…အတိုင်းထက်အလွန် တံခွန် နဲ့  ကုက္ကား ပါ..။
အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး..ကို…..
စစ်ဖက်…အရပ်ဖက်..ခွဲခြားမနေပဲ…..
အတူပူးတွဲဆောင်ရွက်ကြမှ…ဖြစ်မယ်….လို့ ..ယုံကြည်မိကြောင်းပါ….။
(REFORMERS GROUP)
http://mahathuriya.blogspot.com
Ref:
http://moemaka.blogspot.com/2010/10/u-win-tin-we-will-be-political-force-in.html
http://mahathuriya.blogspot.com/search?updated-max=2010-10-19T22%3A08%3A00-07%3A00&max-results=7
ဦးဝင်းတင် ဟာ ပညာရှိ ပါ..။
ံHe can see the forest not the trees.
ံ
http://mahathuriya.blogspot.com/
Either Revolution or Reformation....!
အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး(၂)...!
အဓိက က..
တော်လှန်ပြောင်းလဲရေး လမ်း လား ၊ ပြုပြင်ပြောင်းလဲရေး လမ်း လား..၊
ဒါ ကို ရွေးဘို့ ပါ..
Revolution လား….?
Reformation လား….?
ပုဂ္ဂိုလ်စွဲ..ဂိုဏ်းဂဏစွဲ..ဥပါဒါန်စွဲ နေ သမျှတော့..
ပြုပြင်ပြောင်းလဲရေး လမ်း…ကို…လျှောက်လှမ်းချင်လို့  လုံးဝမရနိုင်ပါ..။
Revolution is failed. တော်လှန်ပြောင်းလဲရေး.. လမ်းစဉ်..လုံးဝကျဆုံးခဲ့ပြီ..
ဆိုတဲ့ အချက် ကို...ကျေကျေနပ်နပ် ပြတ်ပြတ်သားသား…ခံယူနိုင် ဘို့ ကလဲ..ပထမ ပါ.။
စစ်ဖက် အရပ်ဖက် အတူ ပူးတွဲ ပြီး..လုပ် မှ ရ မယ့်….ပြုပြင်ပြောင်းလဲရေး လမ်း…သာဖြစ်တယ်..။
ဒါကို.. အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး..လို့ ..ရည်ညွှန်းအပ်ပါတယ်…။
October 19, 2010 9:01 PM
Ref:
http://drlunswe.blogspot.com/2010/10/blog-post_20.html
Wednesday, October 20, 2010
၂၀၁၀ ကို ကျော်ဖြတ်ခြင်း
ထွန်းအောင်ကျော်
Ref:
http://drlunswe.blogspot.com/2010/10/blog-post_9348.html
Tuesday, October 19, 2010
ကိုယ့်အလှည့်တော့ မနွဲ့စတမ်း
ဇော်မင်း
သေသေချာချာ..ထပ်ခါတလဲလဲ..ဖတ်ပါ.
နိုင်ငံရေးလမ်းစဉ် မှား ရင်..မှားကြောင်း လူထုရှေ့ ဝန်ခံ ဖြောင့်ဆို ပြီး...ပြင်ရဲတဲ့ သတ္တိ မွေးကြပါ...။
၁၉၈၈ မှ ၂၀၁၀ အထိ..
မိမိ ကိုယ် မိမိ ဝေဖန်ရေး...
လုပ်ဆောင်ပြီးကြပါပြီလော......
ိအမျိုးသားညီညွတ်ရေး တခုထဲ အတွက်..
ဦးဝင်းတင်..ရဲ့  စိတ်ဓါတ် နဲ့  သဘောထား ကို ရော...
ပြည်တွင်း က အနေအထား ကိုရော...
ကောင်းစွာ သိရှိနားလည်ကြပါရဲ့ လား.?
http://mahathuriya.blogspot.com/
" ဒီလမ်းဟာ အောင်ပွဲလမ်းပဲ " အတွက်....
ဘယ် လမ်းမှ ပုံသေမဟုတ်။
ပြောင်းလဲခြင်း နဲ့  လိုက်ရွေှ့ ရမယ်၊ ပုံသေ ဆိုရင် နောက်ကျ သွားပြီပဲ။
(မှ- သံစဉ်စာသား-ကိုနေ၀င်း၊ ဆို-ခိုင်ထူး)
" နအဖ၊ အတိုက်အခံ၊ နဲ့ အလံမီးရှို့ သံဃာ အပါအ၀င် အားလုးံ " အတွက်...
ကိုယ် ထင်တာ ကိုယ် လုပ် ကြရင် အထူးသဖြင့့် မှတ်ထား။
ကူးချင်တဲ့  နွံ ပေနေတဲ့  " ငါး " ။
(မှ- သံစဉ်စာသား-ကိုရဲလွင်၊ ဆို-ခင်မောင်တိုး)
Post a Comment