Saturday, October 16, 2010

ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့က မြန်မာအလုပ်သမားတွေရဲ့ အောင်မြင်မှု

ပတ်စပို့နဲ့ အလုပ်လုပ်ခွင့်လက်မှတ်များ ပြန်ရရေးအတွက် တလကျော် ဆန္ဒပြတောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခွန်ကယ်မြို့က မြန်မာအလုပ်သမားတွေရဲ့ အောင်မြင်မှု
သတင်းပေးပို့ - ပြည်သူ့သူရဲကောင်းများအုပ်စု
သတင်းဓာတ်ပုံ - ကိုအောင်တင့် (ခွန်ကယ်မြို့၊ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံမှ အလုပ်သမားတဦး)

ထိုင်း-လာအိုနယ်စပ် ခွန်ကယ်မြို့၊ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံမှာ စက်တင်ဘာလ (ရ) ၇က်နေ့ကစပြီး အ လုပ်သမားတွေ ကိုင်ဆောင်ရမယ့် ပတ်စပို့တွေ၊ အလုပ်လုပ်ခွင့် ကတ်ပြားတွေ၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်တွေ၊ နစ်နာနေတဲ့ လုပ်အားခကိစ္စတွေ ရရှိဖို့အတွက် မြန်မာအလုပ်သမားတွေက တောင်းဆိုဆန္ဒပြ ခဲ့ပါတယ်။ နောက်ဆုံးမှာ အလုပ်ရှင်က ခြိမ်းခြောက်ခြင်း၊ မောင်းထုတ်ခြင်း၊ လက်မှတ်တွေကိုတော့ ပယ်ဖျက် လိုက်ပြီလို့ ပြောဆိုခြင်း၊ လုပ်အားခတွေကို စက်ရုံအပြင်ကို ထွက်မှ ပေးမယ်လို့ဆိုခြင်း ... စတာတွေကြောင့် ရှေ့နေတွေရဲ့တိုက်တွန်းချက်အရ အလုပ်သမားတွေထဲက အလုပ်သမား (၅၆၉) ဦးဟာ အောက်တိုဘာ (၁၄) ရက်နေ့မှာ စက်ရုံကနေ ထွက်ခွာပေးခဲ့ရပြီး စက်ရုံနဲ့ (၃) ကီလိုလောက်ဝေးတဲ့ ဘုန်းတော်ကြီးကျောင်းတခုမှာ သူတို့တွေ စုဝေးနေထိုင်ခဲ့ရပါတယ်။

သူတို့တွေ ထွက်လာရခြင်းအကြောင်းကတော့ ထိုင်း-လာအိုနယ်စပ်က ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံက မြန် မာအလုပ်သမားတွေရဲ့ အလုပ်သမားလက်မှတ်တွေကို ပယ်ဖျက်လိုက်ကြောင်း စက်ရုံမှူးက ပြောဆိုပြီး မောင်းထုတ်တာတွေ လုပ်ခဲ့သလို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ တာကြောင့် ပတ်စပို့ကိုင်ထားပြီး အလုပ်လုပ်ခွင့်လက်မှတ်နဲ့ လုပ်အားခရဖို့ စောင့်နေရတဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေး စိုးရိမ်စရာအခြေအနေကို ရောက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။

(၁၃) ရက်နေ့တုန်းကတော့ အလုပ်ရှင်နဲ့ ချိန်းဆိုခဲ့တဲ့ လူ့အခွင့်ရေးရှေ့နေတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့က ကိုယ်စားလှယ်တွေ ရောက်ရှိလာပြီး အလုပ်သမားတွေကိစ္စကို ဆွေးနွေးရာမှာ စက်ရုံပြင်ပကို ထွက်ပေးမှ လုပ်ခရှင်းပေးမယ်ဆိုတာကြောင့် အလုပ်သမာတွေက စက်ရုံကနေ ထွက်ခွာပေးခဲ့ရခြင်းပါတယ်။ (၁၃) ရက်နေ့တုန်းကတော့ အလုပ်သမားတွေကို ငွေရှင်းပြီးတာနဲ့ အလုပ်လုပ်ခွင့် ကတ်ပြားတွေလည်း ပယ် ဖျက်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ပြန်ပို့မယ်ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအ ဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကျော်သောင်းက အလုပ်သမားတွေရဲ့ လက်မှတ်တွေကို ပယ်ဖျက်လို့မရကြောင်း ရှေ့ နေတွေနဲ့ အကြေအလည် ဆွေးနွေးမှုတွေ လုပ်ခဲ့ရပါတယ်။

ဒီ့နောက်မှာတော့ အလုပ်သမားလက်မှတ် ပယ်ဖျက်ရေး မလုပ်နိုင်ဖို့ လူ့အခွင့်အရေးရှေ့နေတွေက အားထုတ် ခဲ့ကြပါတယ်။ အခု အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခဲ့တဲ့ ဒေချာဖန်နစ် ငါးဖမ်းပိုက်စက်ရုံဟာ ကမ္ဘာ့ ငါးဖမ်းပိုက်စက်ရုံကြီးတွေထဲက တခုဖြစ်ပြီး အမေရိကန်၊ ဒိန်မတ်၊ ဖင်လန်၊ စပိန်၊ ကနေဒါ၊ ဂျပန် ... စတဲ့ နိုင်ငံပေါင်း (၄၀) ကျော်ကို စက်ရုံထွက် ကုန်ပစ္စည်းတွေ တင်ပို့နေတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ (၁၄) ရက်နေ့မှာတော့ အလုပ်သမားတွေထဲက ကျန်ရှိနေတဲ့ ပတ်စပို့စာအုပ်များကို ထုတ်ဝေ ပေးနေပြီး လုပ်အားခတွေ ပြန်ပေးရာမှာ အလုပ်ရှင်က တဦးကို ဘတ် (၅၀၀) ကနေ ဘတ် (၇၀၀) နှုန်း လောက်ကို ငွေကြေးဖြတ်တောက်မှုတွေ လုပ်ထားပါတယ်။

မြန်မာအလုပ်သမားတွေဟာ အောက်တိုဘာ (၁၅) ရက်နေ့မှာတော့ သူတိုရဲ့လုပ်အားခနဲ့ နောက်ထပ် အလုပ် ရှင်ဆီကို ရွှေ့ပြောင်းနိုင်ဖို့ အခွင့်အရေးတွေရတာကြောင့် ဘန်ကောက် မင်ဘူရီ မဟာချိုင်က စက်ရုံတွေဆီ ပြောင်းရွှေ့သွားသူတွေရှိသလို မဲဆောက်က အလုပ်ရှင်သူဌေးတွေဆီ ထပ်ဆက်သွယ်ဖို့ မဲဆောက်ကို ပြန်တဲ့ အရေအတွက်လည်း (၃၀၀) ကျော် ရှိနေပါတယ်။

အလုပ်သမားတွေအနေနဲ့ အခုလို တောင်းဆိုတာတွေ အားလုံးနီးပါး ရရှိသွားခဲ့တာဟာ သူတို့တတွေ စည်းလုံး ညီညွတ်စွာ လုပ်ဆောင်ခဲ့မှုကြောင့်ရော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ကြိုးပမ်းမှု၊ ထိုင်းလူ့အ ခွင့်အရေးရှေ့နေတွေရဲ့ အားထုတ်ကြိုးပမ်းပေးမှု၊ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တခုဖြစ်တဲ့ map ဖောင်ဒေး ရှင်းတို့ရဲ့ကြိုပမ်းမှု၊ သတင်းမီဒီယာတွေက အချိန်မီသတင်းထုတ်ပြန်ပေးမှုတွေကြောင့် အခုလိုအခြေအနေဖြစ် ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အလုပ်သမား အလုပ်လုပ်ခွင့်လက်မှတ်ဆိုရင်လည်း အလုပ် ရှင်က သိမ်းထားသလို ပတ်စပို့တွေကိုလည်း သိမ်းထားတာကြောင့် ခွန်ကယ်အလုပ်သမားတွေက ဦးဆောင် ပြီး သူတို့ရဲ့ရပိုင်ခွင့်ဖြစ်တဲ့ ပတ်စပိုနဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ပြန်ရအောင် တလကျော်ကြာ ဆန္ဒထုတ် ဖော်တိုက်ပွဲဝင်ခဲ့ရခြင်းဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေကတော့ ခွန်ကယ်မြို့ ဘုန်းကြီးကျောင်းတခုကနေ (၁၅) ရက်နေ့ ညနေ ၄ နာရီ မိနစ် (၄၀) မှာ စတင်ထွက်ခွာနိုင်ခဲ့ပြီး (၁၆) ရက်နေ့ကျရင် မဲဆောက်မြို့က မယ်တော်ဘုန်းကြီးကျောင်းကို စုစည်း စွာ ရောက်ရှိကြမှာဖြစ်ပါတယ်။

13 comments:

RAM said...

သိပ်ကိုဝမ်းသာပါတယ်။ အခုလို ကူညီဆောင်ရွက်ပေးတဲ့ ထိုင်းနိုင်ငံရှိ အဖွဲ့ အစည်းများကို လဲ အလွန်ပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့အတွက်တော့ 'နိုင်ငံတော် အစိုးရ' ဆိုတဲ့ ဘွဲ့ထူးခံ လူများဟာ အလွန်ကို အရှက်ကင်းမဲ့လွန်းပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် အစိုးရ တို့ဆီမှာ သွားပြီး သင်ယူသင့်ပါတယ်။ တဆက်တည်းမှာလဲ ဒီဘလောဂ့်မှာ comment ဝင်ရေးလေ့ရှိတဲ့ စစ်တပ်က ညီနောင်များကို ပြောလိုပါတယ်။ အမှန်ကိုအမှန် အတိုင်း မြင်တတ်တယ်ဆိုရင် ယောက်ျားပီပီလက်ခံနိုင်တယ် ဆိုရင် ... အခုလုပ်ရပ်ကို သာဓု ဝင်ရောက် ခေါ်နိုင်ကြပါစေ။ ညီနောင် တို့ရဲ့ ဘလောဂ့်တွေ မှာ လည်း ဒီလိုသတင်းမျိုးကို ပြန်လည် တင်ပြနိုင်ကြပါစေ။ ကျွန်တော် တို့တတွေဟာ တနိုင်ငံတည်းသားတွေပါ။ လက်တဆုပ်စာ တက်ုယ်ကောင်းသမား 'အဘ'တအုပ်ရဲ့  လက်ကိုင်တုတ်ဖြစ်မဲ့ အစား ကိုယ်နိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်ကြတဲ့ တကယ့်စစ်သည်များ ဖြစ်စေချင်ပါတယ်။

yoo said...

သာဓုပါ။

RAM said...

အေးဗျာ..အခုအချိန် အထိတော့ ကို'ရိုး'နဲ့ ကို'ဇော်မျိုး' နှစ်ယောက်ပဲ တွေ့သေးသဗျ။ ကျွန်တော် ဆန္ဒစော တာလဲပါချင်ပါမှာပေါ့လေ။ ဒီသတင်း အကြောင်း အရင် post မှာတင်တော့ 'အစိုးရ' (government) ဆိုတဲ့ အဓိပ္ပါယ်ကို တောင် ကောင်းကောင်း နားမလည်ပဲ ၊ NGO တွေနဲ့ ထပ်တူပြုလို့ ထိုင်းက ကိုယ်ထူကိုယ်ထ အဖွဲ့တွေကို ရစရာမရှိအောင် ဆဲခဲ့ကြတဲ့ မောင်တွေ အခုတော့ နှာစေး နေကြပြီနဲ့တူတယ်။ ဘယ်လိုလဲဗျ ကို ABC ခင်ဗျားပြောသလို 'ဖြတ်ဖောက်ချုပ်ကြီး' ဖြစ်နေပြီလား။
အေးဗျာ။ ခင်ဗျားတို့ပေးတဲ့ comment တွေထဲမှာ တချို့အချက်တွေကို လက်ခံ ချင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ဘက်က လဲ reliability နဲ့ credibility ကို တည်ဆောက်ပေးနိုင်ကြဖို့ လိုသဗျ။ ကျွန်တော် တို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာအများစုက အမှန်တရားကို လက်ကိုင်ထားတတ်ကြတာဗျ။ အပြောထက် လုပ်ရပ်ကို ပိုပြီး တန်ဖိုးထားတတ်ကြတဲ့ လူတွေဗျ။ မှန်မှန်ကန်ကန် နဲ့ တရားတဖြင့်ဆောင်ရွက်တတ်၊ ဆောင်ရွက်နိုင်တဲ့လူတွေ ဆိုရင် စစ်တပ်ကလာလဲ ကျွန်တော်တို့က အားပေးနေမှာပဲ။ အခု လူတွေက ဘာဖြစ်လဲဆိုတော့ မတရားတဲ့ စစ်အုပ်စု (စစ်အုပ်စု နော် စစ်တပ်မဟုတ်ဘူး)ကို မကြိုက်လို့ NLD ကိုမဲပေးတယ်။ အနှစ် နှစ်ဆယ်ကျော်သွားတယ်။ NLD က အဖြစ်မရှိဘူး။ တဘက်မှာ စစ်တပ်ဘက်က သတ္တိရှိရှိ သမာသမတ် ကျကျ လူတွေ ထွက်လာမလားလို့ကြည့်နေတယ်။ 'အဘ' ၊ 'အဘကြီး' 'အဘချုပ်ကြီး' လုပ်နေတဲ့ကောင်တွေ ချည်းပဲတွေ့နေရယ်။ ခင်ဗျားတို့ 'အဘကြီး' တွေ ခင်ဗျားတို့ကို ခိုင်းစားနေမှန်းလဲ ခင်ဗျားတို့သိနေတာပဲ။ လိုချင်ရင် ခိုင်းပြီး မလိုရင် ကန်ထုတ်ပြစ်တာလဲ သိနေတာပဲ။ သူတို့ အာဏာ တည်မြဲရေးအတွက် ခင်ဗျားတို့ကို လူထု စောက်မြင်ကတ်တဲ့ အလုပ်တွေ လုပ်ခိုင်းနေတယ် ဆိုတာလဲ ခင်ဗျားတို့သိနေတာပဲ။ ဒါတွေကို သိနေပေမဲ့လည်း ခင်ဗျားတို့ဘက်က သတ္တိ ရှိရှိနဲ့ လူထုကို မျက်နှာမူမဲ့ လူတွေ ထွက်မလာနိုင်ခဲ့ဘူး။ (အနည်းအကျဉ်းတော့ရှိခဲ့ပါတယ်)ခင်ဗျားတို့ ကို ကျတဲ့ (သူတို့နဲ့စာရင် မပြောပလောက်တဲ့) အခွင့်အရေးလေး ပျောက်သွားမှာ စိုးလို့လား?။

RAM said...

ကျွန်တော်ကတော့ မြန်မာပြည်မှာ အပြောမဟုတ် လက်တွေ့ပါ သတ္တိရှိတဲ့ ၊ လူထုကို မျက်နှာမူတဲ့ အင်ဒိုနီးရှား သမ္မတ ဗိုလ်ချုပ်ကြီး ဆူဆီနို ဘမ်းဘမ်း တို့လို လူမျိုးတွေ ထွက်လာစေချင်တယ်။ ခင်ဗျားတို့ထဲက ထွက်ကြည့်စမ်းပါ။ ကျွန်တော်တို့က လက်ခုပ်တီးမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုတောင် ကျော်သွားပါလိမ့်မယ်။
တဘက်မှာလည်း မြန်မာပြည်မှာ မူစလင်ဝါဒ ပျ့ံနှံလာမှာစိုးတဲ့ ကို 'ဇော်မျိုး' ကို လည်းပြောချင်ပါယ်။ ဗုဒ္ဓဘာသာဟာ ကမ္ဘာ ပေါ်မှာ အကောင်း ဆုံးဘာသာတစ်ခုဖြစ်ခဲ့တာဟာ 'အမှန်တရား' ကိုလက်ကိုင်ထားလို့၊ အတ္တစွဲ ကင်းခဲ့လိုပါ။ အခုတော့ ကမ္ဘာမှာ အဲဒီဘာသာ အထွန်းကားဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဲဒီအချက် ၂ချက် ဟာ အားအနည်းဆုံးဖြစ်နေပါတယ်။ ဘယ်လောက်ပဲ သံဃာတော်တွေများများ ၊ ဘယ်လောက်ပဲ ဘုရားတွေတည်တည် ။ ဗုဒ္ဓ ရဲ့ အခြေခံ တရားတွေ ကိုလိုက်နာ မကျင့်သုံး နိုင်ရင် မြန်မာပြည်မှာ ဒီဘာသာ ပျောက်သွားမှာပါပဲ။ ဝေးဝေး မကြည့်ပါနဲ့။ အင်ဒိုနီးရှားကို ကြည့်ပါ။ အံသြစရာကောင်းတဲ့ ဘုရားကြီး ဗောရောဗုဒ္ဓါ ရှိတဲ့ နိုင်ငံဟာ ဘာလို့ပြောင်းသွားလဲ ဆိုတာ ခင်ဗျားတွေ့မှာပါ။ လူဆိုတာ ဘာသာဟာ ဘယ်လောက်ကောင်းကောင်း အမည်ခံပဲ ရှိရင်၊ သူ့လောက် မကောင်းပေမဲ့ အမှန်တရားကို နည်းနည်း ပဲဖြစ်ဖြစ် တကယ် လက်တွေ့ကျင့်သုံးပေးနိုင်တဲ့ ဘာသာကိုပြောင်းလဲသွားကြတာ သဘာဝပါ။ အံသြစရာ နဲ့ ဝမ်းနည်းစရာကောင်းတာကတော့ အဲဒီ (ခင်ဗျားတို့ရှုတ်ချ နေတဲ့) မွတ်စလင် နိုင်ငံ က စစ်သားတွေလောက် ကို ၊ (အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နေပါတယ် ဆိုတဲ့) မြန်မာပြည်က စစ်သားတွေက အမှန်တရားကို လက်မခံရဲ ၊ လက်မခံနိုင် ၊ မျက်နှာ မမူရဲကြပဲ...'အဘ' ၊ 'အဘကြီး' 'အဘချုပ်ကြီး' ဆိုပြီး အတ္တစွဲ ကြီးနေကြတာပါပဲ။ သေချာတာ တခုက ခင်ဗျားတို့ 'အဘ' တွေအားလုံး နှစ် အစိတ်ထက် ပိုမနေရပေမဲ့။ ဘာသာ တိုင်းပြည် နဲ့ စစ်တပ် ကတော့ နှစ်ပေါင်းများစွာ တည်တံဖို့ လိုပါလိမ့်မယ်။ အဲတော့ ခင်ဗျားတို့ ဘယ်ဘက်ကို မျက်နှာမူမလဲ စဉ်းစားကြပါဗျာ။
P.S ခင်ဗျားတို့ရဲ့ တုံ့ပြန်မှု comment လေးတွေကို စောင့်နေပါတယ်။

Unknown said...

ဖတ်ရတာ ၀မ်းသာပါတယ်။ အခုလို အလုပ်သမားတွေအတွက် ကူညီလုပ်ကိုင်ပေးတဲ့အဖွဲ့ တွေကိုလည်း မြန်မာပြည်သား တစ်ယောက်အနေနဲ့ အလွန်ကျေးဇူးတင်ပါတယ်။ အလုပ်သမားတွေစည်းလုံးညီညွတ်ကြတာကြောင့် ရရှိလာတဲ့ အကျိုးရလာဒ်တွေပါဘဲ။

RAM said...

ဒီ post တင်တာ မနေ့က ၃:၀၆ pm OCTOBER 16 ကပါ။ အခုချိန်အထိ စစ်တပ် ကိုကာကွယ်တဲ့ ညီနောင်များဆီက နေ ဘာ တုံ့ပြန်မှု comment တွေမှ မရသေးပါဘူး။ ခါတိုင်း အကွက်ရမယ် ဆိုတာနဲ့  မဆိုင်းမတွ ချက်ခြင်း ဆရာကြီးလေသံ နဲ့ ဒီမို တွေကို ဆော်တတ်တဲ့ ကို 'မတ် (mg)' ၊ 'အစိုးရ' (government) ဆိုတဲ့ အဓိပ္ပါယ်ကို တောင် ကောင်းကောင်း နားမလည်ပဲ ၊ NGO တွေနဲ့ ထပ်တူပြုလို့ ထိုင်းက ကိုယ်ထူကိုယ်ထ အဖွဲ့တွေကို ရစရာမရှိအောင် (ကိုယ့်အဆင့် ကိုယ်ဖေါ်ပြပြီး )ဆဲခဲ့တဲ့ မောင် 'ကျားလိမ္မာ' ၊ မောင် 'ဂျောက်ဂျက်' ၊ 'ကျွန်တော် အခြောက် မဟုတ်ဘူးဗျ ခင်ဗျားတို့သာ အခြောက်' လို့ ဆိုပြီး(အုံပုံး မိန်းမရှာ ငြင်းငြင်းခဲ့တဲ့) မောင် ABC တို့ အခု ဒီမိုတွေ ကောင်းတာ လုပ်တော့ ယောက်ျား ပီပီသသ စိတ်သဘောထားကြီးကြီး နဲ့ သာဓု ဝင်ခေါ်ရဲ နိုင်လောက်အောင်တောင် သတ္တိမရှိတော့ ၊ စိတ်သဘောထား မကြီးနိုင်ကြတော့ပါဘူး။ အေးဗျာ ခင်ဗျားတို့က နိုင်ငံ အကျိုးဘာညာနဲ့ စကားကြီးစကားကျယ် တွေ ပြောပြီး comment တွေ တင်တော့ အဟုတ်လားလို့။ အခုမှ 'အဘ' ၊ 'အဘကြီး' 'အဘချုပ်ကြီး' တို့ ကိုသေအောင်ကြောက်နေမှန်း သိရတော့တယ်။ လုပ်ပါဗျ။ ခင်ဗျားတို့ ဝင် သာဓု ခေါ်လည်း 'အဘ' တွေ မသိလောက်ပါဘူး။ ဒါမှမဟုတ် ကိုယ်ပြောတာ မှားတာကို ပဲ ကိုယ် ဝန်မခံနိုင်လောက်အောင် အတ္တတွေ စွဲနေကြတာလား။ အေးဗျာ ခင်ဗျားတို့ကို ဖာသည်မ တပည့် စစ်ဗိုလ်တွေလို့ ဆဲတာတောင် (ဆတ်ဆတ်ထိမခံ ဂျောက်ဂျက်က အစ) ပြန်မလှန် ပြန်မဆဲရဲတဲ့ ကိုဇော်မျိုး ဘလောဂ့်က ကိုဇော်မျိုးရေးခဲ့တဲ့ comment လေးထဲက ပဲ ပြန်ပြီး quote လုပ်ချင်ပါတယ်။ ဘာတဲ့ 'နိုင်ငံရေးစကားပြောရင် ရိုးသား ဖြောင့်မတ်မှ ပိုပြီးကောင်းမယ်ထင်တယ။်' ဆိုတာပါပဲ။ အခုတော့ ခင်ဗျားတို့မှာ ရိုးသားဖြောင့်မတ်မှုလေးတွေကို တစေ့ မှ ရှာမတွေ့ခဲ့ပါလားဗျာ။ နောင်များတော့ ဒီဘလောဂ့်မှာ ဆရာကြီးလေသံဖမ်းပြီး ဝင်ရေးမနေကြပါနဲ့တောဗျာ။ လူဆိုတာ ကိုယ်ကို နှိုက်က အမှန်တရားကို လက်မခံနိုင် လက်မခံရဲပဲ အမှန်တရားလိုလို လုပ်နေတာ တော်တော် ရွံ့ ဖို့ကောင်းတယ်ဗျ။

မှတ်ချက်။ အနာပေါ်တုတ်ကျသွားရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။

RAM

mg said...

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းတစ်ပါးမှာ ရွှေမြန်မာတွေ အလုပ်လုပ်ရတာ အဆင်ပြေမှုတွေနဲ့ပဲကြုံတွေ့ရတာပဲ မြင်ချင် ကြားချင်မိတာအမှန်ပါပဲ...ဘယ်နိုင်ငံမှာတော့ ဘယ်လိုအနှိပ်စက်ခံရတာ ဘယ်လိုစော်ကားသွားတာ ဆိုတဲ့ အသံတွေကြားရင် အလွန်ဒေါသထွက်စရာကောင်းပါတယ်...

မိမိတို့အနေနဲ့ကလည်း အလုပ်ကို သိက္ခာရှိတဲ့အလုပ် တရားဝင် သမာအာဇိဝ အလုပ်မျိုးတွေကိုသာ လုပ်စေချင်တယ်...မကောင်းတဲ့ အလုပ်တွေ တရားမ၀င် လာလုပ်တာတွေကိုတော့ အားမပေးဘူး...အဲဒီလူတွေကြောင့် နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်..တစ်ယောက်မကောင်းတာနဲ့ မြန်မာဆိုပြီး စကားလုံးတပ်ပြီး အပြောခံရမယ် အထင်သေးခံရမယ်...တိုင်းတစ်ပါးမှာ မိမိရဲ့ ကိုယ်အား ဥာဏ်အားနဲ့ သမာအာဇိဝ နဲ့အလုပ်လုပ်နေတာကို ထိုက်သင့်တဲ့တန်ပြန်မှုကို မရရင် ပြန်ပြောနိုင်စွမ်းရှိရမယ် တိုင်းတစ်ပါးသား အနှိပ်စက်ခံပြီး ဘယ်တော့မှမနေနဲ့...

နှိပ်စက်ရအောင် သူတို့ကျွန်တွေမဟုတ်ဘူး...မြန်မာလူမျိုးဆိုရင် ငါတို့ခိုင်းချင်တာ ခိုင်းလို့ရတယ် ဈေးပေါတယ်ဆိုတဲ့ အထင်သေးတဲ့ အတွေးမျိုးအမြင်မျိုးတွေ သူတို့ တိုင်းတစ်ပါးသားတွေဆီမှာ မရောက်မိစေနဲ့...ဥပဒေ ဆိုတာ အလကားထားတာမဟုတ်ဘူး...ဥပဒေအကြောင်းအရာနဲ့ပဲသွား ဒီလူတွေ အလုပ်ရှင်အပါဝင် နောင်ဆို ကြောက်သွားလိမ့်မယ်..

လုပ်လို့ရရင် သူတို့ကလုပ်နေမှာပဲ...အလုပ်လုပ်ပြီး ပိုက်ဆံမပေးဘူးဆိုတာ ဘယ်နိုင်ငံမှ မကြားဖူးဘူး အထူးသဖြင့် ဒီ ထိုင်း တို့ မလေး တို့ပဲ အမြဲကြားနေရတယ်...ပညာနဲ့အလုပ်လုပ်တာနည်းတာ တစ်ကြောင်း အသိပညာ နည်းပါးတာတစ်ကြောင်း ရိုးသားလွန်းတော့ အ တယ်ဆိုတာတစ်ကြောင်း ပြောသမျှခေါင်းငြိမ့် လိမ်သမျှခံရ ခြောက်သမျှကြောက် ဒါတွေပေါင်းစပ်လိုက်တော့ သူများအနှိမ်ခံ သူများဗိုလ်ကျစိုးမိုး ခေါင်းဖြတ်တာကို ခံရတော့တာပဲ...

မိမိဘက်ကအမှန်တိုင်း အတိကျလုပ်...ဒါဆို ဘာမှ အလုပ်ရှင်ဘက်တွေက မတရားလုပ်စရာအကြောင်းကိုမရှိဘူး...ကိုယ်က အလုပ်တစ်ခုကို မလုပ်ခင်တည်းက အဲဒီကိုယ်လုပ်မယ့်အလုပ်မှာ ရရှိရသင့်တဲ့အခွင့်ရေး လုံခြုံမှုကအစ အာမခံချက်ရှိမှလုပ်သင့်တယ်...ကိုယ့်လက်ထဲမှာ ဘာအထောက်ထား အာမခံချက်မှမရှိပဲ သွားလုပ်ရင်တော့ သူတို့လုပ်သမျှ ခံရမှာပဲ...

ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ အခြေခံလူတန်းစားတွေ အသိပညာ နည်းပါးတဲ့သူတွေကို တတ်သိနားလည်တဲ့သူတွေ သို့မဟုတ် ဒီအလုပ်သမားတွေကို ကူညီဖို့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းတွေက ထိရောက်တဲ့ အသိပညာမျိုးကို ထိရောက်စွာ လုပ်ဆောင်ပေးသင့်တယ်...မတရားမှုတွေဖြစ်လာရင် ခေါင်းငုံ့မခံဖို့ မိမိတို့ရဲ့အလုပ်သမားအခွင့်ရေးထဲကနေ ဘယ်လိုပြန်ပြီး လုပ်ပိုင်ခွင့်ရှိတာတွေဆိုတာတွေကို မျက်စိပွင့် နားပွင့်အောင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးသင့်တယ်...

နိုင်ငံတကာမှာ တရုတ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရောက်နေတယ် အလုပ်လုပ်ကြတယ် အခြေခံအလုပ်တွေကအစ လုပ်ကြတယ် သူတို့လူမျိုးတွေမှာ ဘာသံမှမကြားရဘူး...ဒါဟာ အသိပညာ ကြွယ်ဝမှုတွေနဲ့ လူနေမှုအဆင့်တန်းရှိရှိ နေတတ်ထိုင်တတ်လို့ပါပဲ...တရုတ်တွေ ဘယ်လိုနေထိုင် လုပ်ကိုင်လည်းဆိုတာ အတုခိုးလေ့လာသင့်တယ်...အခြေခံကစလို့ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းထိဖြစ်အောင် လုပ်တတ်တဲ့ တရုတ်လူမျိုးတွေရဲ့အကျင့်ကို ရွှေမြန်မာတွေ အတုယူစေချင်တယ်...

ပြည်ပမှာ ခွန်အားစွမ်းအားနဲ့အလုပ်လုပ်နေရတဲ့ ရွှေမြန်မာတွေ အသိပညာကျယ်ပြန့်စွာသိရှိနားလည်ပြီး အဆင့်တန်းရှိရှိ နေတတ်ထိုင်တတ်အောင် လေ့ကျင့်ပျိုးထောင်းရင်း ရွှေမြန်မာတွေဆိုတာ မင်းတို့ တိုင်းတစ်ပါးသားတွေ ခေါင်းပုံဖြတ် နှိပ်စက်ချင်သလို လုပ်ချင်သလို လုပ်လို့ရတဲ့ သူတွေမဟုတ်ဘူးဆိုတာကို အမြဲပြသနေရမယ်...အမြဲ လက်မထောင်နိုင်နေရမယ်...

ABC said...

ကျွန်တော်ဒီပို.စ်ကိုမဖတ်ရသေးပါဖူးဗျာ ခုတောင်ပို.စ်မဖတ်ပဲနဲ. ကွန်မန်.
ရေးနေတယ် ဆိုတာယုံမလားတော့မသိဖူး ကျွန်တော့်အမည်ကို ထပ်တလဲလဲ တွေ.နေတော့ ကျွန်တော်တောင် ထခုန်မိမလိုဖြစ်သွားပါတယ် ခင်ဗျားရဲ့ ကွန်မန်.ရှည်ကြီးအတွက်တော့ကျေးဇူးပါပဲဗျို. ပို.စ်ဖတ်ပြီးတော့မှပဲဆွေးနွေးပါဦးမယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်အမည်ကို အမှတ်ရနေတယ် ဆိုတာကိုတော့ ကျေးဇူးတင်တယ်ဗျို.

ခင်ဗျားက ကျွန်တော်စကားနဲ. (ဖြတ်-ဖောက်-ချုပ်) ကျွန်တော်ကိုပြန်တွယ်တယ်ပေါ့ ၊ စိတ်မဆိုးတဲ့အပြင် ပြုံးတောင်ပြုံး မိပါသေးတယ် ကျွန်တော်တစ်ယောက် ခင်ဗျားရဲ့ အချက်ကျကျရေးတဲ့ ကွန်မန်.တွေကို ကြိုက်တယ်ဗျို.

ABC said...

MR. RAM သို.

ပို.စ်ကိုအခုမှဖတ်ပြီးပါကြောင်း

အေးဗျာ မြန်မာတွေကတော့ ပြည်ပနိုင်ငံတိုင်းမှာ ဒုက္ခရောက် နေကြတာတော့ ကျွန်တော်တကယ့်ကို စိတ်မကောင်းပါဖူး ၊ ခုလိုသူတို.ရဲ့ အောင်မြင်မူအတွက်လည်း ၀မ်းသာပါတယ် ၊ ပြည်ပရောက်မြန်မာအလုပ်သမားများရဲ့ အခက်အခဲကို သက်ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးကတော့ ပါဝင်ပတ်သက် ကူညီ ဆောင်ရွက်ပေးသင့်ပါတယ် တစ်ဦးချင်း ရဲ့ ပြဿနာတိုင်းကိုဖြေရှင်းနိုင်ဖို.မလွယ်ပေမဲ့ ဒီလိုကိစ္စမျိုးမှာတော့ ပါဝင် ပတ်သက်သင့် တာတော့အမှန်ပဲဗျို. သံရုံးကလည်း အခွန်ကောက် ၊ လူကြီးတွေ လာရင် ဆေးကု ဈေးပို.တာတွေပဲလုပ်နေပုံ ပေါ်ပါတယ် ၊ အလုပ်သမား တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသင့်တာတော့ အမှန်ပဲဗျို.

ABC said...

ဘယ်လိုလဲ RAM ရဲ့

မမန်.တော့လည်းပြောတယ် ကျွန်တော်က မန်.ပြန်တော့လည်း ခင်ဗျားကအားပုံမပေါ်ဖူး၊ sex reassignment surgery (SRS)အပြီး ဆရာဝန်နဲ.ဆက်ပြနေရပုံပေါ်ပါတယ်

စိတ်မဆိုးပါနဲ. ၊ ခင်မင်မူနဲ.မန်.သွားတယ်လို.ပဲ မှတ်ယူပါဗျာ

ABC said...

ဘယ်လိုလဲ RAM ကြီးရဲ့

အနာမကျက်သေးဖူးလား ဆရာဝန်နဲ.ဆက်ပြပါ ဆေးမှန်မှန်ထည့် အညှော်ရှောင်နော် (စိတ်မဆိုးပါနဲ.ဗျာ ၊ ချစ်လို.ကြည်စယ်တယ်လို. မှတ်ယူပါ) ခင်ဗျားရဲ့ ကွန်မန်.ရှည်ကြီးကို မျှော်နေတယ်ဗျို. ဒီပို.စ်ကိုတင်တဲ့နေ.ကတည်းက မဖတ်ဖြစ်တာ ကျွန်တော့်ရဲ့မဟာအမှားပါ နောက်ဆိုရင် ဒေါက်တာလွဏ်းဆွေ ဘလော့ကိုမှန်မှန် လာလည်ပါ့မယ်

ခင်ဗျားကွန်မန်.ကိုဖတ်တာ အကြိမ်ကြိမ်ရှိပြီး စိတ်မဆိုးတဲ့အပြင် ရယ်မိတာလည်း အကြိမ်ကြိမ် အခါခါပါ ၊ ပေါက်ပေါက်ရှာရှာရေးတတ်တဲ့ ခင်ဗျားရဲ့ အတွေးကိုလည်း လေးစားမိပါရဲ့ ..

RAM said...

Congratulation ပါ ABC...ခင်ဗျား တစ်ယောက် ကတော့ အမှန်ကို အမှန် အတိုင်း မြင် နိုင်ပြီး ၊ အမှားကို ဝန်ခံရဲတာ ကို လေးစားပါတယ်ဗျာ။ အေးဗျာ....အဖွဲ့အစည်း ၊ ပုဂ္ဂိုလ် နဲ့ အတွေးအခေါ် အစွဲတွေက ကင်းလွတ်ကြပြီး ၊ ပကတိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့  အခြေ အနေကို သာ အမှန် အတိုင်း ရှုမြင် ပြီး ၊ သူ့ဘက် နဲနဲ ငါ့ဘက်နဲနဲ လျှော့ ကြမယ် ဆိုရင်ဖြင့် တနိုင်ငံတည်းသားတွေ ဖြစ်တဲ့ ကျွန်တော် တို့တတွေ ဟာ တိုင်းပြည်ကို ပြန် ဦးမော့ အောင် ပြန်လည် ပြီး တည်ဆောက် နိုင်ကြမယ် လို့ထင်ပါတယ်ဗျာ။

RAM
P.S - ခရီးတို တစ်ခု သွားနေရ၍ comment ပြန်အပေးနောက်ကျနေခြင်းပါ။ ကျွန်တော်က အမှန်ကို လက်ခံရဲ တဲ့သူဆိုရင် ဆန့်ကျင်ဘက်က ပဲဖြစ်ပါစေ ၊ အမှန်ကို လက်မခံနိုင်တဲ့ မိတ်ဆွေ ထက်ပိုပြီး တန်ဖိုးထားတယ်ဗျို့ ။

ABC said...

မှန်ပါ့ ၊ နောင်ကွန်မန်.ကဏ္ဍမှာ ပြန်လည်ဆုံတွေ. ကြတာပေါ့