Monday, October 11, 2010

သတိ ... ရှေ့အကွေ့တွင် အသူတရာ ချောက်ရှိသည်

စိုးနေလင်း

တရားမ၀င် စစ်အစိုးရက ကျင်းပပေးမယ်ဆိုတဲ့ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အပယ်ခံရ သူ၊ အပယ်မခံရဘဲ စစ်အစိုးရပါတီနဲ့ ပူးပေါင်းလိုက်သူ၊ ပူးပေါင်းလိုသူ ကိုယ်စားလှယ်လောင်းတွေကို တွေ့နေရ ပါပြီ။ စစ်အုပ်စုရဲ့လက်မရွံ့ကြံ့ဖွံ့ပါတီရဲ့ အမာခံဒေါက်တိုင်တွေက ပြောင်ပြောင်တင်းတင်း ပြည်သူကို ခြိမ်း ခြောက်မဲဆွယ်တာ တခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ကို ခြိမ်းခြောက် ဟန့်တားနှောင့်ယှက်တာ တွေ ကြားနေမြင်နေကြရပါပြီ။ စစ်အုပ်စုကတော့ နိုင်ငံတကာမှာ သူတို့လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ အများ ပါဝင်ခွင့်ရှိတဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်လို့ ထုံးစံအတိုင်း အရှက်မဲ့ ပြောနေပါပြီ။

ဒေ သတွင်း အင်အားကြီးနိုင်ငံရော အင်အားသေးနိုင်ငံတွေကိုရော သွားရောက်လည်ပတ် မက်လုံးပေးညှိနှိုင်း အပေးအယူလုပ်တာတွေလည်း တွေ့နေရပါပြီ။ အပြသဘော ပေးထားတဲ့ တီဗီဖန်သားပြင်က မိမိတို့ပါတီရဲ့ မူ ၀ါဒသဘောထားတချို့နဲ့ မိမိတို့ပါတီက ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဆိုတာတွေကို ဆင်ဆာလွတ်သ လောက် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ပြည်သူလူထုကို တင်ပြနေကြပါပြီ။

စစ်အစိုးရအကြောင်းကိုပဲ အသေအချာ နားမလည်ကြသေးတာလား မျှော်လင့်နေကြသေးတာလားမသိပါဘူး။ သူတို့တင်ပြတဲ့ အချက်တွေကို (အရွေးချယ်ခံခဲ့ရရင်တောင်) စစ်တပ်အုပ်စီးလွှမ်းမိုးထားမယ့် လွှတ်တော်ဆို တာထဲမှာ တင်ပြဆွေးနွေးခွင့်ရပါ့မလား။ တင်ပြခွင့်ရရင်ရော စစ်အမတ်တွေနဲ့ စစ်တပ်ဒေါက်တိုင်အမတ်တွေ၊ ကိုယ်ကျိုးစီးပွားအခြေပြုနဲ့ ၀င်လာကြတဲ့ အမတ်တွေက ထောက်ခံကြပါ့မလား။ အလွန့်အလွန် မြင်သာထင် ရှားဖြစ်ပြီးသား အချက်လို့ ပြောရင်မမှားလောက်ပါဘူး။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တရားမျှတပါ့မလား၊ အားလုံးပါဝင်ခွင့်ရှိရဲ့လား ဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေသူတွေက စုံစမ်းမေးမြန်းလာပြီး တွေ့နေမြင်နေရတဲ့ စစ်အစိုးရရဲ့ တကယ့်လုပ်ရပ်တွေအရ တ ရားမျှတမှုမရှိနိုင်သလို အလုံးစုံပါဝင်ခွင့်ရှိတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ ကောက်ချက် ချပြီးဖြစ်ပါတယ်။ ပါဝင်အရွေးခံမယ့်ပါတီတွေ ကိုယ်စားလှယ်လောင်းတွေကလည်း မဲဆွယ်စည်းရုံးခွင့် တရားမ မျှတဘူး၊ အာဏာသုံးတယ် အခွင့်အရေးတန်းတူမရှိဘူး ... စသည် စသည် မကျေမနပ်ပြောဆို ပွစိပွစိလုပ်နေ ကြတဲ့အသံတွေက များသထက်များလာတာကို ကြားနေရပါတယ်။

စစ်အစိုးရက အဲဒီအခွင့်အရေးတွေကို အပြည့်အ၀ ပေးလိုက်ရင်ရော ပြည်သူလူထု တကယ်တမ်း လိုလား တောင့်တနေကြတဲ့ ဒီမိုကရေစီအခြေခံတွေနဲ့ ညီညွတ်တဲ့ တရားမျှတ လွတ်လပ်ငြိမ်းချမ်းတဲ့ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံ တကယ်တမ်း တည်ဆောက်နိုင်တဲ့ ပြည်ထောင်စုလွှတ်တော်ကြီးနဲ့ အစိုးရတရပ် တကယ်တမ်း ဖွဲ့စည်းနိုင်ပါ့မလား။ ဒီရွေးကောက်ပွဲမှာ ပါဝင်နိုင်ရေးကိုပဲ ဦးတည်စဉ်းစားနေကြ၊ တရားမမျှတမှုတွေကို မကျေ မနပ်ပြောဆိုနေရတာနဲ့ပဲ ဒီရွေးကောက်ပွဲကို အခြေခံကျင်းပမယ့် စစ်အစိုးရ မတရားရေးဆွဲ အတည်ပြုပြဌာန်း လိုက်တဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို မေ့မေ့သွားကြပုံပါပဲ။

စစ်အစိုးရက ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေ လာပြီး လေ့လာခွင့်ပြု၊ တရားမျှတတဲ့ မဲဆွယ်စည်း ရုံးခွင့်တွေပေး၊ လွတ်လပ်ခွင့်တွေပေးလိုက်ရင်လည်း သူတို့က လွှတ်တော်ကို စစ်တပ်လွှမ်းမိုးနိုင်ရေး ချည်ပြီး တုတ်ပြီး လုပ်ထားပြီးဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ (လူထုတိုက်ပွဲနည်း၊ တော်လှန်ရေးနည်း ကလွဲရင်) မဖြစ်နိုင်သလောက်ဖြစ်အောင် ရေးဆွဲထားခဲ့တာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းရှိနေတဲ့ ပဋိပက္ခတွေရဲ့ အောင်မြင်တဲ့ နိဂုံးချုပ်မှုတခုဖြစ်ရမယ့်အစား ရှိနှင့်ပြီးသား ပဋိပ က္ခဟောင်းတွေအပြင် ပဋိပက္ခသစ်တွေ၊ သံသယစိတ်တွေ၊ မလိုလားမုန်းတီးမှုတွေ ကြားကနေ သေနတ် ထောက် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံကျင်းပမှာပါ။

တိုင်းပြည်ကို စစ်ကျွန်ဘ၀သွတ်သွင်းဖို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲခဲ့တုန်းကတည်းက ဒီလိုအခြေ ခံမူတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ရေးဆွဲလို့ကတော့ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအခြေခံမူတွေ စံချိန်စံညွှန်း တွေနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်တဲ့အတွက် အဲဒီမူ တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းဥပဒေတွေကို ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က တရားဝင် ကန့်ကွက်ခဲ့တာကို အားလုံးသိခဲ့ကြပြီးဖြစ်ပါတယ်။ စစ်အစိုးရက လုံးဝပြင်ဆင်မ ပေးခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ စစ်အမျိုးသားညီလာခံကနေ ပြတ်ပြတ် သားသား နှုတ်ထွက်ခဲ့ကြတာကိုလည်း အများပြည်သူတွေ သိရှိခဲ့ကြပြီးဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်တွင်းပြည်ပက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဥပဒေပညာ ရှင်တွေ၊ နိုင်ငံရေးသမားတွေက စနစ်တကျ စစ်ဆေးကြည့်ရှုခဲ့ကြ ဝေဖန်ထောက်ပြခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဘယ်လိုမှ ဒီမိုကရေစီနိုင်ငံတခုကို တည်ဆောက်လို့မရနိုင်တဲ့ အခြေခံဥပဒေဖြစ်သလို စစ်မှန်တဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေး ရရှိနိုင်စရာမရှိဘူးလို့ ဆိုခဲ့ကြပါပြီ။

သိကြတဲ့အတိုင်း စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်နိုင်စရာရှိတဲ့ ပြဌာန်းသတ်မှတ်ချက်တွေနဲ့ ချမှတ်ကန့်သတ် ထားတဲ့ သမ္မတရာထူးဟာ အပြည်ပြည်ဆိုင်ရာက လက်ခံထားတဲ့ ကျင့်ဝတ်တွေကို အခြေခံအရကို ချိုးဖောက် ထားတဲ့ ရာထူးဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ခန့်အပ်ခွင့် ရာထူးက ထုတ်ပယ်ခွင့်ကို ရရှိထား ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးနဲ့ ပတ်သက်တဲ့ ၀န်ကြီး ဌာနတွေကို ခန့်ထားရာမှာတော့ တပ်မတော်စစ်ဦးစီးချုပ်က အမည်စာရင်းတင်သွင်းပေးမှုအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စစ်ဦးစီးချုပ် သဘောတူညီမှုမပါဘဲမရပါဘူး။ သူတို့ကို ရာထူးက ထုတ်ပယ်ဖယ်ရှားဖို့မှာလည်း သမ္မတက စစ်ဦးစီးချုပ်နဲ့ ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပါတယ်။ သဘောကတော့ စစ်တပ်ကဖြစ်မယ့် သမ္မတကို တောင်မှ စစ်ဦးစီးချုပ်က လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့် ပေးထားတာပါ။

သူတို့ရဲ့ဖွင့်ဆိုချက်အရ တပ်မတော်နှင့် စစ်ဦးစီးချုပ်မှာ တိုင်းပြည်အား အုပ်ချုပ်နေသည့် ယန္တရား၏ ပြီးပြည့်စုံမှု အတွက်လိုအပ်သော အမြဲတမ်း အစိတ်အပိုင်းတခုဖြစ်သည်။ အခြေခံမူများက တပ်မတော်၏ အရေးကြီးသော အခန်းကဏ္ဍအား အောက်ပါအတိုင်း ပြဆိုပါသည်။

(က) ၄င်းသည် ခိုင်မာအားကောင်းခေတ်မီပြီး လက်နက်ကိုင်တပ် အသုံးပြုခွင့်၏ မူလပိုင်ရှင်ဖြစ်သည်။
(ခ) လက်နက်ကိုင်တပ်များနှင့် ပတ်သက်သည့် ရေးရာကိစ္စအားလုံးအတွက် လွတ်လပ်စွာ ကိုင်တွယ်ဆောင် ရွက်နိုင်ခွင့်ရှိသည်။
(ဂ) နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတရပ်လုံး၏ ပါဝင်ဆောင်ရွက်မှုကို ကိုင်တွယ်ထိန်းချုပ် ခွင့်ရှိသည်။
(ဃ) ၄င်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ အမျိုးသားသွေးစည်းညီညွတ်မှု မပြိုကွဲရေးနှင့် နိုင်ငံတော်အချုပ်အ ခြာအာဏာ အဓွန့်ရှည်ရေးတို့အတွက် ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိပြီး
(င) ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည် လို့ဆိုပါတယ်။

အဲဒီလောက်ဆိုလာမယ့် ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အစိုးရအဖွဲ့ရဲ့အလားအလာကို မှန်းဆကြည့်လို့ ရပါပြီ။ အဲဒီစစ်ဦးစီးချုပ်ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ လုပ်ပိုင်ခွင့်အခွင့်အာဏာတွေကို ကြည့်ရင် စစ်အစိုးရ ဟာ စစ်အာဏာရှင်စနစ်ကို ကျားကုတ်ကျားခဲ ဘယ်လိုတည်မြဲအောင်လုပ်ထားသလဲဆိုတာ တွေ့ရပါလိမ့် မယ်။

နောက် တခြား လူပြောသူပြော အတော်နည်းနေတဲ့ အချက်တခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အဲဒီစစ် ဦးစီးချုပ်ကို ခန့်အပ်ပေးမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီပါပဲ။ စစ် ကောင်စီက စစ်ဦးစီးချုပ်လုပ်ရမယ့် ဗိုလ်ချုပ်ကို ရွေးပေးရမှာဖြစ်ပြီး အဲဒီကောင်စီဝင်တွေရဲ့ ရာထူးသက်တမ်း အဲဒီအဖွဲ့ဝင် စစ်ဗိုလ်ချုပ်တွေကို ရာထူးက အနားပေးဖယ်ရှားခွင့် စတာတွေကို ဘာမှ ရှင်းရှင်းလင်းလင်း ဖော်ပြ သတ်မှတ်ထားတာမရှိတဲ့အတွက် ခုတိုင်းပြည်ကို အတင်းအာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီ နအဖနဲ့ အတူတူ အနူနူပဲဖြစ်မှာဖြစ်ပြီး ဘယ်အရပ်သားဝန်ကြီး၊ ဘယ်အရပ်သားလွှတ်တော်အမတ်ကမှ ဆန့်ကျင်ကန့် ကွက် ကလန်ကဆန်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ စစ်ဦးစီးချုပ်ရဲ့အမိန့်ကိုသာ နာခံရမယ့် လွှတ်တော်တိုင်းရဲ့ ၂၅% ရှိတဲ့ စစ်အမတ်တွေကို စစ်ဦးစီးချုပ်က အလိုအလျောက် ချုပ်ကိုင်ထားပြီးဖြစ်ပါတယ်။ ပေါ်ပေါက်လာမယ့် အ စိုးရအဖွဲ့နဲ့ လွှတ်တော်ဟာ ဘယ်လိုအစိုးရနဲ့ ဘယ်လိုလွှတ်တော်ဖြစ်မယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။

လွှတ်တော်ထဲရောက်မှ စကားပြောကြမယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်စိုင်းပြင်းနေကြတဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ သတိပြုကြဖို့ အချိန်မီ အရုပ်ဆိုးတဲ့ သမိုင်း တခုကို မရေးမိကြစေဖို့ သတိပေးလိုက်ပါတယ်။

ခုချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကြားကို ဆင်းပြီး တရားမျှတမှုမရှိတဲ့ ဒီမိုကရေစီနည်း လမ်းမကျတဲ့ စစ်အစိုးရရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ မိမိတို့ရဲ့ရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့ မဲမပေးဘဲနေပိုင်ခွင့်ကို ပြတ်ပြတ်သားသား ကိုင်စွဲကြဖို့ လိုက်စည်းရုံးနေတာကို ကျနော်တို့ တညီတညွတ် တည်း ထောက်ခံရပါလိမ့်မယ်။ ပြည်သူလူထုအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားကို အမှန်တကယ် လေးစား စေတနာထားသူတိုင်း ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေးကို တညီတညွတ်တည်း ၀ိုင်းဝန်းဆောင်ရွက် ကြဖို့ တာဝန်ရှိပါတယ်။

ဒီအချိန်မှာ ပါတီဒုတိယဥက္ကဌ ဦးတင်ဦးက “ပျက်ပျယ်တယ်တို့၊ ဖျက်ပစ်မယ်တို့ ကျနော်တို့က တခုမှမလုပ်ဘဲ ဒီလိုပြောရုံနဲ့ ပျက်ပြီလို့ သူတို့ကပြောနိုင်ရအောင် ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကများ အာဏာပေးထားလို့လဲ။ အဓိပ္ပာယ်က သူတို့လည်း တရားမ၀င်အစိုးရပဲ …” လို့ သတင်းဌာနတခုရဲ့ အင်တာဗျူးတခုမှာ အဖြေပေးသွား တာကို ဖတ်ရတော့ ပြည်သူလူအတွက် အများကြီး အားတက်မိပါတယ်။ အဲဒီလိုမျိုး ပြတ်ပြတ်သားသား ပြော ဖို့လုပ်ဖို့ အဲဒီတရားမ၀င် စစ်အစိုးရကို လူထုအင်အားနဲ့ ဆန့်ကျင်ဖြုတ်ချနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မှန်ကန်တဲ့ ဦးဆောင်မှုကို ရဲရဲရင့်ရင့်ပေးရမယ့်အချိန်ဖြစ်ပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ပါ တယ်။ ။

စိုးနေလင်း

17 comments:

mg said...

တစ်နေ့တစ်ပုဒ် မရိုးအောင် ခြေလှမ်းစိတ်စိတ်လေးနဲ့ ပြည်ပ ဒီမိုသူရဲကောင်းကြီးများ တစ်နေ့တစ်ယောက် မရေးမနေရ ပို့စ်တွေများ ရေးခိုင်းနေသလား အောက်မေ့ရတယ်...နား နား နား နားပြီးပြောပါကွယ် ..မောနေအုံးမယ် သတိပေးတာပါ...စကားလုံးတွေလည်း ထက်နေပြီ...

yoo said...

့်မောင်စိုးနေလင်း

့်မောင်စိုးနေလင်းက ဘဘတို့ကို ....
"အဲဒီတရားမ၀င် စစ်အစိုးရကို လူထုအင်အားနဲ့ ဆန့်ကျင်ဖြုတ်ချနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မှန်ကန်တဲ့ ဦးဆောင်မှုကို ရဲရဲရင့်ရင့်ပေးရမယ့်အချိန်ဖြစ်ပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ပါ တယ်။ တဲ့လား

ဘဘက(အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) နှစ်ပြည့်အခမ်းအနားမှာ “ရှစ်လေးလုံးအရေးတော်ပုံမှာ ရဟန်းရှင်လူတွေ ဆန္ဒအုံကြွခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ဟန်ချက်မညီခဲ့ဘူး။ ပြည်တွင်းမှာ ဘယ်လောက်ပဲဖြစ်ဖြစ် ကျနော်တို့အပြင်နဲ့ လုံးဝအဆက်အစပ်မရှိဘူး။ အဲဒါ ကျနော်တို့ရဲ့အားနည်းချက်။ အဲဒါကို သင်ခန်းစာယူရမယ်။ ဒီကနေ့ အခြေအနေ အဲလိုဖြစ်လာရင် ကျနော်တို့ ဟန်ချက်ညီဖို့လိုတယ်” လို့ ပြော ခဲ့တယ်

(1)"ရဟန်းရှင်လူတွေ ဆန္ဒအုံကြွခဲ့ကြတယ်" နဲ့ "ဒါပေမယ့် ကျနော်တို့ဟန်ချက်မညီခဲ့ဘူး"

(2)"ဒီကနေ့ အခြေအနေ အဲလိုဖြစ်လာရင်" နဲ့ "ကျနော်တို့ ဟန်ချက်ညီဖို့လိုတယ်”

(3)" ပြည်တွင်းမှာ ဘယ်လောက်ပဲဖြစ်ဖြစ် ကျနော်တို့အပြင်နဲ့ လုံးဝအဆက်အစပ်မရှိဘူး။" နဲ့ "အဲဒါ ကျနော်တို့ရဲ့အားနည်းချက်။"

ဆိုတော့.. မောင်စိုးနေလင်း ဝေဖန်သုံးသပ် ပါ..

"ဒီကနေ့ အခြေအနေ အဲလိုဖြစ်လာရင်" လို့ ဘဘ ပြော ထားတာ။
ဒီတော့ "ဒီကနေ့ အခြေအနေ အဲလို မဖြစ် လာရင်"
ဘဘတို့က "ရဟန်းရှင်လူတွေ ဆန္ဒအုံကြွ တာကို စောင့်နေမှာ...

အသူတရာ ချောက် ကို ဘဘတို့က သိ တာပဲ။
ဘဘတို့က်ီတံတား လုပ်မယ့်သူ စောင့်နေတာ..

အသူတရာ ချောက် ကို မောင်စိုးနေလင်းကသာ ဒီဘက် ဟိုဘက်ီတံတား အဖြစ် ခံ ပေးခဲ့ရင် ဘဘတို့က အပြင်နဲ့ လုံးဝအဆက်အစပ်လုပ် ဖိနပ်ကောင်းကောင်းစီး ပြီး မောင်စိုးနေလင်း ကျောပေါ် က ဟန်ချက်ည်ီညီ နဲ့ ဟိုဘက်ကိုဖြတ် မှာ။
ဟိုဘက် ရောက်ရင် တခြားဒီမို တွေ မလိုက် နိုင်အောင် လွှတ်ချ လိုက်။
မောင်စိုးနေလင်း အတွက် ဘဘတို့က ကိုကျော်သူတို့ကို မှာခဲ့ပါမယ့်။
မင်းချစ်တဲ့မင်းရဲ့
ဘဘ

Unknown said...

အပိုတွေ လာရေးနေ ပြန်ပြီ။
ဘာ လူထုအားနဲ့ ဖြုတ်ချမှာလဲ။ လူထူကို သေနတ်ပစ်ခံ၊ အသေခံခိုင်းအုံးမလို့လား။ တခါလဲ ဒါပဲ။ မဲပြာ ပုဆိုးတွေ။
ဒြီလိုပဲ ပြောလာတာ အနှစ် ၂၀ ကျော်လာပြီ။ ကျုပ်တို့တောင် ခင်ဗျားတို့လို အပြင်က တော်လှန်ရေးသမားတွေကို စိတ်ပျက်လာပြီ။ လူထုက အထဲမှာ ငတ်နေတယ်။ ဒီရွေးကောက်ပွဲအပြီး..နည်းနည်းများ ချောင်လာ မလား မျှော်လင့်တယ်။ အဲဒီကိုပဲ အပြစ်ကြီး တစ်ခုလို ဝေဖန် အပုတ်ချနေကြတယ်။

Unknown said...

ပုံမှန်ဟောင်နေကျ ခွေး၂ကောင်ကတော့ mg နဲ့ yoo ၂ကောင်ပဲ။ နေ့စားသမား စစ်ခွေးတွေဖြစ်မယ်ထင်တယ်။

yoo said...

သို့ char

ဘဘစာရေးလိုက်ပါတယ်။
မင်း မောင်စိုးနေလင်း လိုပါပ။ဲ
မင်းတို့တ ၀န်း သာ ရံ တယ် ဘဘတို့စကား အာရုံ မထားတာတွေကို ဘဘတို့ ရှက်တယ်။
အန်အယ်လ်ဒီပါတီတည်ထောင်ခြင်း (၂၂) ပြည့် အခမ်းအနားသို့ ပေးပို့သည့် ရုပ်သံဖိုင် မှာ ဘဘက“သောင်ပြင်မှာ လွတ်တဲ့ခွေးက ကမ်းဘက်ကို ပြန်ကူးလာနိုင်တယ်၊ ဟောင်လို့ရတယ်၊ ကိုက်လို့ရတယ်၊ မာန်ဖီလို့ ရတဲ့ အခွင့်အရေးတွေရှိတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကတော့ သားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလိုပဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” လို့ ပြော ခဲ့တယ် လေ။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဘဘတို့က၀င်ရောက်ယှဉ်ပြိုင်ခဲ့တော့ သားသတ်ရုံကို အပို့ခံရသည့်နွားများဖြစ်ဲ် ခဲ့တာ။

ခု ဘဘတို့ "ခွေး" အဖြစ် ကူးပြောင်း လိုက်တာ မင်း မသိဘူး။
မသိလို့ဘဲ မင်းက mg နဲ့ yoo ကို "စစ်ခွေးတွေဖြစ်မယ်ထင်တယ်" လို့ ပြော ခဲ့တာ။

"စစ့်နွားတွေဖြစ်မယ်ထင်တယ်" လို့ ပြော
mg နဲ့ yoo ကို "ခွေး" အဖြစ် မခံနဲ့ 
ဘဘတို့ က "ခွေး" အဖြစ် ခံယူထားတာ။

နောက်တခါ ဘဘတို့စကား ဂရုမစိုက် ပဲ မင်း ၀န်းရံ ရုံပဲ လို့ဆိုရင်....
ဘဘတို့ ရဲ့ အိမ်ဝန်း ထရံကိုပဲ စောင့်ခိုင်း တော့မယ်။

မင်းချစ်တဲ့မင်းရဲ့
ဘဘ

RAM said...

ကိုလွဏ်းဆွေရေ့..post တွေ တင်ရင် တကယ့်စာဖတ်သူတွေရဲ့ comment တွေဖတ်ချင်လို့ ဝင်ကြည့်တိုင်း မျိုးမစစ် စစ်ခွေးယုတ်တွေ ရဲ့ စောက်ရူးပြောပြော နဲ့ နဲ့ ဘာသာရေးလှုံဆော်မှုတွေ တွေ့ရတာ စိတ်အနှောက်အယှက် အတော်ဖြစ်တယ်...ဖျက်ပစ် ဘန်းပစ်ပါဗျာ။ သူတို့ အကျိုးရှိရှိ ဝေဖန်ရင် တင်ပါ။ သောက်ရူးပြော ပြောနေတာတွေက တော့ စာတကယ်ဖတ်သူ တွေအတွက် အနှောက်အယှက် ဖြစ်လွန်းတယ်။

Unknown said...

လောလောဆယ် မျက်စိနောက်တဲ့ RAM ကိုအရင်ဖျက်ပစ်သင့်တယ်...ဘာလို့လဲဆိုတော့ ဒီမိုကရေစီသဘောတရားကို နားမလည်ပဲ လွတ်လပ်စွာသဘာထားကွဲလွဲမှုကို လက်ခံရမှာကို နားမလည်လဲ ကိုယ့်အကြိုက်မပါလို့ ဖျက်ပစ်ခိုင်းနေတာက ဒီမိုကရေစီဆိုတာနားမလည်လို့ပဲ...ဒီဘလော့က ဒီမိုကရေစီရှိတယ် ဒီမိုကရေစီမရှိတာက ဆဲဆိုမှုမပါပဲ ဘန်းပစ် ဖျက်ပစ် approval ခံပြီးလုပ်နေတဲ့ လုပ်စားပြည်ပနိုင်ငံရေး ဘလော့ ၀က်ဆိုက်တွေမှာပဲရှိတယ်...

yoo said...

သို့
ဘဘစာရေးလိုက်ပါတယ်။
မင်း၇ဲ့ ပထမဆောင်းပါး
ဲအက်သံပါသော လေသံများနှင့် လား၇ာ နဲ့  ခုဆောင်းပါးတွေကို မင်း မူးပြီးေ၇းနေတာမလား။
ဘဘတို့ မျက်နှာ မင်းအိုးမဲနဲ့ သုတ်တယ်။
အ၇င် ဆောင်းပါးမှာ..
ပြစ်တင်ရှုတ်ချတဲ့ အလုပ်ကို ကျနော်တို့တွေ လုပ်ဖို့မလိုပါဘူး..ဆိုပြီး...

ခု ဆောင်းပါးမှာ..တခြားပါတီတွေကို မင်းက..
ဲစစ်အစိုးရပါတီနဲ့ ပူးပေါင်းလိုက်သူ၊ ပူးပေါင်းလိုသူ ကိုယ်စားလှယ်လောင်းတွေကို တွေ့နေရပါပြီ။ဲဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဆိုတာတွေကို ဆင်ဆာလွတ်သလောက် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ပြည်သူလူထုကို တင်ပြနေကြပါပြီ။ စစ်အစိုးရအကြောင်းကိုပဲ အသေအချာ နားမလည်ကြသေးတာလား၊ မျှော်လင့်နေကြသေးတာလားမသိပါဘူး။ဲလို့ သွားပြော နေသေးတယ်ကွာ။

အ၇င် ဆောင်းပါးမှာတုန်းက..
ရှိနှင့်ခဲ့တဲ့ သင်ခန်းစာတွေကနေ နောင်ထပ်မမှားအောင် ဝေဖန်အကြံပြုတာတွေ၊ သတိပေးတာတွေ လုပ်ခဲ့ပါတယ်..
ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့လည်း ကူညီအားပေးထိန်းမတ်ပေးဖို့ တာဝန်ရှိပါတယ်..
ကျနော်တို့ဘက်က အက်သံတွေ၊ သံကြောင်တွေ ထွက်မလာဖို့ အရေးကြီးနေတဲ့အချိန်ပါ။....
အမလေး၊ေ၇းလိုက် တာ...
ပြည်သူလူထု တွေဝေ ယုံမှတ်မှားသွားစေနိုင်တဲ့ အရေးအသား အပြောအဆိုမျိုးကို တော့ သတိထားရှောင်ရှားသင့်ကြပါတယ်.လို့.မင်းကဆိုတယ်၊မင်းလုပ်တာနဲ.ပြည်သူလူထု တွေဝေ မဝေ တော့  မသိ ဘူး၊ ဘဘတောင် မြန်မာ့အလင်း မှာ သတင်းစာဆ၇ာပဲ သွားလုပ် တော့ မယ်လားလို့တွေဝေသွားသေးတယ်။
ဒီမိုကရေ စီရေးအတွက်ဲဘက် ကို နားလည်ရပါမယ်။ ဘက်ရှိရပါမယ်.ကျနော်တို့က ဒီမိုကရေစီ ဘက်တော်သား လို့ ပြောပြီး..
နောက်ဆုံးကျ..
ပြည်သူလူထုရဲ့ တခဲနက် ပူးပေါင်းပါဝင်မှုရဖို့၊ ပြည်သူလူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးဖို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ရှိပါတယ်..လို့ လုပ်ချလိုက်တယ်၊
ကောင်းကွာ။
ခု ဆောင်းပါးမှာလဲ..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှန်ကန်တဲ့ ဦးဆောင်မှုကို ရဲရဲရင့်ရင့်ပေးရမယ့်အချိန်ဖြစ်ပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ပါ တယ်..လို့ လုပ်လိုက်ပြန်ပြီ..

ဘဘတို့ကို မင်း ၀န်းရံ နေတယ်ဆိုတာသိကုန်တာပေါ့ ။
ဒီမိုကရေစီ ဘက်တော်သား မဟုတ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်တော်သား ဆိုတာသိကုန်တာပေါ့ ။
တတိယဆောင်းပါးကျ..ဘဘ ဦးဝင်းတင် ဦးဆောင်မှ ဒီမိုကရေစီ ၇မယ်..လို့ မင်းလုပ်တော့ မယ်။
ငါ့ကို ထောင်ထဲ ပြန်ပို့ မယ့်ကောင်၊ တော်ပြီ...
မင်းပဲ..
ေ၇ှ့.အကွေ့ က အသူတ၇ာချောက် မှာ အက်သံပါသော လေသံကြီးနဲ့ သတိလို့ အော်ပြီး ခုန်ချလိုက်တော့ကွာ။
မင်းကို မုန်းသွားတဲ့.
ဘဘ။

RAM said...

လာသေးတယ်'စောက်ခွက်' ရယ်။ ခွေးပါးစပ်က နတ်စကားထွက် ။ မင်းတို့လို စစ်အာဏာရှင် စနစ် မကောင်းမှန်း သိရက်နဲ့ မျက်စိမှိတ်ပြီး ကာကွယ်နေတဲ့ကောင်တွေက စောက်ရှက်မရှိ။ မင်းတကယ် သမာသမတ် ရှိတယ် ဒီမိုကရေစီကျတယ် သတ္တိရှိတယ် ဆိုရင် မင်းအဖေ သန်းရွှေ မဟုတ်တာလုပ်တာ မင်းတို့ 'အဘ' တွေဖေါက်ပြန်နေတာလည်းပါ အောင်ရေးလေကွာ။ သူတို့ဖေါက်ပြန်တဲ့အကြောင်း ရေးထားတဲ့ post တွေမှာ ဘာလို့မင်းတို့ မျက်စိစုံမှိတ် ကာကွယ်နေလဲ။ မင်း ကဒါမျိုးကျတော့ သောက်သံမထွက်ပဲ၊ ဒီမိုကရေစီ တဲ့ ပြောမှပြောတတ်တယ်။ မင်းတို့ ဘလောဂ့်တွေမှာ မင်းတို့ "အဘ" တွေ စောက်သုံးမကျတာတွေကို တင်နိုင်တဲ့နေ့ အတိုက်အခံ ဘက်ကို မင်းတို့ ကြိုက်တာရေး ဟေ့ကောင် ငါမပြောဘူး။ လုပ်ရဲလား ဟေ့ကောင် မင်းသတ္တိရှိလား။ မင်းတို့ကောင်တွေက မာမရှိန်း တွေပဲကွ။ ပြောတော့ စစ်သား လုပ်တော့ မာမရှိန်း အလုပ်။ ရှက်စရာ အတော် ကောင်းတယ်။ ကိုလွဏ်းဆွေကို လည်း တဆက်တည်းပြောချင်ပါတယ်။ ဒီကောင်တွေ တရားမျှမျှတတ ရေးနိုင်ရင် သူတို့ comment တွေတင်ထားပါဗျာ။ ကျွန်တော် မပြောလိုပါဘူး။ နို့မို့ ဆိုရင်တော့ သက်သက်မဲ့ မိန်းမရှာ ကျင့် မိန်းမရှာကြံ လုပ်နေတာကို ဖျက်ပစ်ပါဗျာ။ တခြား သိပ်နားမလည်တဲ့ စာဖတ်သူတွေ ကို ထင်ယောင်ထင်မှား ဖြစ်အောင်လျှောက်ရေးနေတာ။ စေတနာ သန့်သန့်နဲ့ဝေ ဖန်တာ မဟုတ်ဘူး။ကျွန်တော် တကယ့် စာဖတ်သူတွေရဲ့  အမြင်နဲ့ အတိုက်အခံ အဖွဲ့ တွေရဲ့ မတူတဲ့ အမြင်တွေကို သိချင်တာပါ။ အခုတော့ comment တွေ ဝင်ဖတ်လိုက် တိုင်း ဒီကောင်တွေပဲတွေ့နေရတယ်။ သူတို့ ကိုယ်တိုင် ဒီမိုကရေစီကျကျ အခွင့်အရေးမပေးနိုင် မကျင့်သုံးနိုင်ပဲ ဒီဘက်ကျတော့ သောက်ရှက်မရှိ 'ဒီမိုကရေစီ' စကားပြောတတ်တဲ့ 'မာမရှိန်း' တွေကို ရွံ လွန်းလို့ပါဗျာ။

ABC said...

ဂျောက်ဂျက်ပြောတာက မှန်နေပြန်ရော တစ်ချို. ဘလော့ဂါတွေက Comment Moderation ခဏလုပ်ပါတယ်တို./ Comment moderation has been enabled. All comments must be approved by the blog author တို. ဆိုတာတွေကိုတွေ.နေရတယ် ၊ နိုင်ငံရေး ယောင်ယောင် ၊ ခပ်ပေါက်ပေါက် ၊ ဂေါက်နေတဲ့ အမျိုးသမီးဘလော့ဂါတွေက ပိုဆိုးတယ် ၊ ဘာနဲ.ဥပမာပေးရမလဲဆိုတော့ အပျိုကြီးတစ်ယောက်က လင်လည်း အရမ်းလိုချင်တယ် အပျိုရည်ပျက်မှာလည်း ကြောက်ဆိုသလိုမျိုးဖြစ်နေပါတယ် ၊ တစ်ချို.အမျိုးသားဘလော့ဂါတွေ တောင် အဲဒါမျိုးလုပ်နေပြီ ၊ အခြောက်ဘလောဂါ လို.သာ အမည်ပြောင်းလိုက်ပါလို. အကြံကောင်း ပေးလိုက်ချင်ပါတယ် ၊ အရင်ဖတ်ပြီးမှ သူတို.အိုင်ဒီယာနဲ.မကြိုက်ရင် (သို.မဟုတ်) အတိုက်ခံဘက်ကမဟုတ်ရင် မဖော်ပြပေးတော့ဖူး အဲဒါကတော့မကောင်းဖူးဗျို. ဒီမိုကရေစီအော်နေပြီး သူတို.ကိုယ်တိုင် မကျင့်သုံးနိုင်တာတော့ စိတ်မကောင်းစရာပဲဗျို.

RAM ပြောတဲ့ တကယ့် စာဖတ်သူတွေရဲ့  အမြင်နဲ့ အတိုက်အခံ အဖွဲ့ တွေရဲ့ မတူတဲ့ အမြင်တွေကို သိချင်တာပါ ဆိုတာတော့မလုပ်နဲ.လေ အဲဒါဆိုရင် မဆလခေတ် တစ်ပါတီစနစ်လို. ဖြစ်နေမှာပေါ့ အမှန်က အပြန်အလှန်ရေးတဲ့ ကွန်မန်. တွေကဖတ်လို. ကောင်းပါတယ် ဆဲဆိုတာတွေ မပါရင်တော့ မဖျက်ပစ်သင့်ပါဖူး

RAM said...

ကိုလွဏ်းဆွေ ဘလောဂ့်မှာ comment လေးများ ဝင်ရေးပြီး နေ့တွက်ကိုက် လုပ်စားကြတဲ့ စစ်ခွေးလေးများကလည်း ခွေးကတက်ပျောက်မှာ တက်ကြောက်နေကြပါလား။ ကျွန်တော်ပြောတာက comment မှန်သမျှ ဖျက်ပစ်ရမယ် မပြောပါဘူး။ ယောက်ျားကောင်းလိုရေးတဲ့ ၊ မိန်းမရှာလိုမရေးတဲ့ comment များဆို ဖတ်ချင်လွန်းလို့ပါ။ မောင်ရင်တို့ comment တွေက မှန်ရင် မောင်ရင်တို့ ကိုယ့်လိပ်ပြာ ကိုယ်လုံရင်ကြောက်နေစရာ အကြောင်းမရှိပါဘူး။ ကိုယ်ရည်ရွယ်ပြီး ပစ်တဲ့ တုတ်က ခွေးကို ပစ်တာပါ။ တန်သူကို သွားထိတော့ လည်း 'ဆောရီး'ပါဗျာ။ ဗမာစာကို ရေလည်အောင် ဖတ်တတ်ရင် ကိုယ်ဘာပြောတယ်ဆိုတာ မောင်ရင်တို့နားလည်မှာပါ။ အခုဒီကိစ္စမှာလည်း ဘလောဂ့် ပိုင်ရှင် ကိုလွဏ်းဆွေက အခရာ ပါ။ သူဘလောဂ့် သူ့ဘာသာသူ ဆုံးဖြတ်မှာပါ။ သူ့အိမ် ခွေးကတက်မှာ စစ်ခွေး (အထီးတောင်မဟုတ် မိန်းမရှာ) လေးတွေကို သူသနားလို့ နေရာပေးရင်လည်း သူပေးထားမှာပါဘဲ။ ကျွန်တော်က ဆရာ့အိမ်လာလည်လို့ ခွေးက ဟောင်တတ်လွန်းလို့ အကြံပေးတာပါ။ ဆက်မွေးမမွေးက ကိုလွဏ်းဆွေဆုံးဖြတ်ရမှာပါ။ ဟုတ်ပါတယ်နော် ဆရာကိုလွဏ်းဆွေ။ စစ်ခွေးလေး (မိန်းမရှာလေး)တွေက အခုမှ အမှန်တရားကို မြတ်နိုးသလို လွပ်လပ်စွာ ကွဲလွဲခွင့်ဆိုပြီး'အသံကောင်းဟစ်နေကြပြန်ရော။ အရင်က post တွေမှာ 'နအဖ' မကောင်းကြောင်းရေးတော့ တကယ်တော့ ကိုယ်တိုင်က ဒီလို စနစ်မျိုးမကျင့်သုံးနိုင်ကြပဲ ၊ အကာအကွယ်ပေးတဲ့ comment တွေရေးခဲ့ကြပြီး သူများဒီစနစ်ကျင့်သုံးနေချိန်မှာ အခွင့်အရေးယူပြီး မိန်းမရှာလိုဝင်ရေးပြီး နေကြတာပါ။ မောင် 'ABC'ကိုပြောချင်တာက စနစ်ဆိုတာ ဒီမိုကရေစီ ပဲဖြစ်ဖြစ် 'ကွန်မြူနစ်' ပဲဖြစ်ဖြစ် တန်းတူရည်တူကျင့်သုံးနိုင်သူများရှိမှ အသက်ဝင်တာပါ။ ကိုယ်တိုင်မကျင့်သုံးနိုင်ပဲ သူများကိုဝေဖန်တာ မိန်းမရှာ အလုပ်ပါ။ မောင်တို့ ဆိုဆိုနေတဲ့ 'မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်' ဆိုတဲ့ စကားလေးအတိုင်း ကိုယ်တိုင်အရင်ကျင့်သုံးကြည့်ပါ။ ပြီးမှ မမျှတ တာတွေကို ပြောပါ။ ယောက်ျားကောင်းလိုပေါ့ ဟုတ်လား။ ကိုယ်တိုင်ဘလောဂ့်က မိန်းမရှာ လို ကျင့်သုံးနေကြပြီး သူများဘလောဂ့်ကို အခြောက်ဖြစ်သွားမယ်လို့ စွတ်စွဲတာကတော့ မိန်းမရှာ ထက်နိမ့်တဲ့ အဆင့်ရောက်သွားပြီဆိုတာ ကိုယ့်ကို ကိုယ်သတိပြုနိုင်ပါစေ။ နောက်တချက်'မဆလ' နဲ့ မနှိုင်းပါနဲ့ 'မဆလ' စနစ်မှာ လက်ရှိ မိန်းမရှာ 'နအဖ' ထက်အများကြီး ပွင့်လင်းပါသေးတယ်။ မောင်ရင် အစိုးရထုတ် သတင်းစာတွေ ပြန်ဖတ်ပြီး ယှဉ်ကြည့်ပါ။ အခု လက်ရှိ 'မီဒီယာစစ်သည်တော် မာမရှိန်း ကျော်ဆန်းလို ရှိသမျှ လက်ဝါးကြီးအုပ် (ပုဂ္ဂလိက ဂျာနယ် တွေပါ)ပြီး အစိုးရကောင်းကြောင်းကြီးပဲရေး ပြီးမတည့်တဲ့လူဆိုရင် (အတိုက်အခံတောင် မဟုတ်) ကိုကျော်သူတို့အသင်း သတင်းတောင် နည်းနည်းလေးပါတာနဲ့ ဆင်ဆာဖျက်ခိုင်းတာ မဟုတ်ပါဘူး။ အဲတော့ မောင်ရင် နှိုင်း ချင်ရင် နအဖ အဖွဲ့ နဲ့ပွင့်ပွင့်လင်းလင်း သာနှိုင်းစမ်းပါ။ ဘာတွေကြောက်နေတာလဲ?။
နောက်ဆုံးပြောချင်တာကတော့ ဆရာကိုလွဏ်းဆွေရေ..ကျွန်တော်က အတိုက်အခံလည်းမဟုတ်ပါဘူး။ နအဖ အောက်ဆွဲလည်း မဟုတ်ပါဘူး။ သတင်းစုံတဲ့ ကိုလွဏ်းဆွေ ဘလောဂ့်ကို ခဏ ခဏ လာလာလည်တတ်တဲ့ ဧည့်သည်တယောက်ပါဗျာ။ ကိုလွမ်းဆွေ အိမ်ခွေးကတက်က ခွေးလေးတွေဆူလွန်းလို့ သတင်းမှန်၊ comment မှန် ကောင်းကောင်းမဖတ်နိုင်လို့ အကြံပေးမိတာပါ။ အခုတော့ ခွေး (မိန်းမရှာ) လေးတွေက မာန်ဖီတဲ့ကောင်ဖီ ၊ အမြှီးကုပ်တဲ့ကောင် ကုပ်ဖြစ်ကုန်ရော။ ကဲပါလေ ကိုလွဏ်းဆွေ ဘလောဂ့် ကိုလွဏ်းဆွေ ဘာသာဆုံးဖြတ်ပါ။ အခုလိုအကြံပေးမိတဲ့ အတွက် သက်ဆိုင်သူများ နာကုန်ကြရင် လည်း 'ဆောရီး' ပါဗျာ။

ABC said...

ခင်ဗျားတို.ကသိပ်ခက်တယ်ဗျာ မဆလကို ကောင်းတယ်လို.ပြောနေပြန်ပြီ အလိုကိုမကျနိုင်ဖူး နောက်ပိုင်းအစိုးရအသစ်တက်လာပြီး နည်းနည်းကြာရင် နအဖ ကောင်းတယ် လို.များပြောနေမလားမသိဖူး

BTW, ကွန်.မန်.အရှည်ကြီးအတွက်ကျေးဇူးပါပဲ ဖတ်လို.ကောင်းတယ် ဘလော့မှာ ကွန်မန်.ဖွင့်ပေးရင်တော့ ကျွန်တော်တို.က ၀င်ရေးမှာပဲ ဘလော့ပိုင်ရှင်နဲ. ကွန်မန်.ရေးသူတွေကို ယုတ်ယုတ်ကြမ်းကြမ်း မဆဲရင်ပြီးတာပါပဲ ကျွန်တော်ကတော့ ဘလော့ပိုင်ရှင်ကို တစ်ခြားသူတွေကို မဖားချင်ဖူးဗျာ သူကြေနပ်ရင်ထည့် မကြေနပ်ရင်လည်း ဖျက်ပစ်လည်းဖျက်ပစ်ပေါ့ ဒီမိုတွေကောင်းကြောင်း တွေပဲရေးတာတွေ အတိုက်အခံ တွေရဲ့ ကောင်းတာတွေပဲသိချင်ရင်တော့ ခင်ဗျားအတွက် ဘလော့တစ်ခု ဖန်တီးပေးရမလိုဖြစ်နေပြီ လက်တွေ.မှာသိပ်တော့မလွယ်ဖူးဗျ ကျွန်တော်က ကွန်မန်.ရေးပြီးလုပ်စားနေတာမဟုတ်ဖူး ကိုယ့်ဝမ်းစာကိုယ်ကျောင်းနေတာ ၊နအဖ နှင့်မပတ်သက်သလို လုပ်စားဒီမိုတွေလို သူတောင်းစားလို လက်ဖြန်.ပြီးတောင်းစားတဲ့သူ မဟုတ်ဖူးဆိုတာတော့ကြိုတင်ပြောပါရစေ တိုက်ဆိုင်သူများရှိရင်တော့ခွင့်လွှတ်ပါ ထိုသူများကိုသာရည်ရွယ်ပါတယ်

BEE said...

ရေးတော့ ဘာဖြစ်လဲကွာ မင်းအပူပါလား။ ဘာမှ ဒီမိုကရေစီကျကျတွေ ဘာတွေ လာပြောမနေနဲ့ ဟေ့ရောင်။ မင်းတို့ ဒီမိုတွေဘာသောက်ဖြစ်ရှိလဲ။ မင်းတို့ကောင်တွေကို တိုက်ဖို့ ဒီဘလောဂ့်လေး မှာ ဝင်ရေးစရာမလိုဘူး။ မင်းတို့ အခု အနှစ်၂၀ လုပ်ခဲ့ပြီးပြီမလား။ နောက် မင်းတို့ အနှစ် ၁၀၀ လုပ်လဲ ငါ့တို့ အစိုးရပြုတ်မကျဘူး။ ယုံထား အဖြစ်မရှိတဲ့ကောင်တွေ။ လွဏ်းဆွေ ဘလောဂ့် ငါတို့ ဝင်မရေးရလို့ ဘာမှ မဖြစ်သွားဘူး။ အေး...ဒါပေမဲ့ ဘလောဂ့် ပိုင်ရှင်ရော မင်းတို့ ထိုင်းနယ်စပ်မှာပါ ရှိတဲ့ကောင်တွေပါ ကြည့်ထား။ ရွေးကောက်ပွဲပြီးရင် မင်းတို့ပထွေး ထိုင်းအစိုးရ ကနှင်ထုတ်မှ ပြေးစရာမြေမရှိ ဖြစ်မယ်။ အထဲတော့ ပြန်ဝင်မယ်မစဉ်းစားကြနဲ့ ။ အကုန် အင်းစိန်ထဲပို့ပစ်မယ်။

yoo said...

သို့  ABC
RAM က ABC ကို...

'မဆလ' စနစ်မှာ လက်ရှိ မိန်းမရှာ 'နအဖ' ထက်အများကြီး ပွင့်လင်းပါသေးတယ်။ မောင်ရင် အစိုးရထုတ် သတင်းစာတွေ ပြန်ဖတ်ပြီး ယှဉ်ကြည့်ပါ။ အခု လက်ရှိ 'မီဒီယာစစ်သည်တော် မာမရှိန်း ကျော်ဆန်းလို ရှိသမျှ လက်ဝါးကြီးအုပ် (ပုဂ္ဂလိက ဂျာနယ် တွေပါ)ပြီး အစိုးရကောင်းကြောင်းကြီးပဲရေး ပြီးမတည့်တဲ့လူဆိုရင် (အတိုက်အခံတောင် မဟုတ်) ကိုကျော်သူတို့အသင်း သတင်းတောင် နည်းနည်းလေးပါတာနဲ့ ဆင်ဆာဖျက်ခိုင်းတာ မဟုတ်ပါဘူး..တဲ့ ။

ဖတ်ခိုင်းတာက ကိုABC ကိုပါ။
ဒါပေမဲ့  ကျနော် မဆလ သတင်းစာတွေ ပြန်ဖတ်ကြည့်တယ်။
ဟုတ်တယ်ဗျ။ ပွင့်ပွင့်လင်းလင်းပဲ။
RAM ပြောသလို့ 'အခု လက်ရှိ မီဒီယာစစ်သည်တော် မာမရှိန်း ကျော်ဆန်းလို ရှိသမျှ လက်ဝါးကြီးအုပ် ပြီး အစိုးရကောင်းကြောင်းကြီးပဲ ရေးတာမဟုတ်ပါဘူးတဲ့.ဆိုတာ မှန်တယ်ဗျ။
'မဆလ' စနစ်မှာ
ွအစိုးရ မကောင်းကြောင်းတွေလဲေ၇းထားတာတွေ ဖတ်ရတယ်။

RAM က မတည့်တဲ့လူဆိုရင် (အတိုက်အခံတောင် မဟုတ်) ကိုကျော်သူတို့အသင်း သတင်းတောင် နည်းနည်းလေးပါတာနဲ့ ဆင်ဆာဖျက်ခိုင်းတာ မဟုတ်ပါဘူး.ဆိုလို့  ရှာကြည့် တာတွေ့ တယ်။
ရုပ်ရှင်မင်းသားကျော်သူ အသုဘဃာဉ် ကိုယ်တိုင်မောင်းပြီး နာရေးကူညီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ။
မဆလ တုန်းက ကိုကျော်သူတို့အသင်း ကို ဆင်ဆာမဖျက်ဘူးဗျ။
မဆလ ထဲက စတည်ထောင်ခဲ.တဲ.ကိုကျော်သူလဲ နအဖ လက်ထက်ရောက်မှပဲ ဆင်ဆာဖျက်ခိုင်းခံရတော့ တယ်။
RAM မှန်တယ်ဗျာ ကိုABC ရေ။

ABC said...

ကျွန်တော်ဆိုလိုတာက ဒီမိုကရေစီနိုင်ငံမှာ နေတဲ့ ဒီမိုကရေစီမြတ်နိုးတယ်ဆိုတဲ့သူတွေက သူတို.ဘလော့မှာ ကွန်မန်.ပေးတာ ကိုကြောက်တာကိုဆိုလိုနေတာပါ ၊ မဆလတွေ နအဖ တွေပြောမနေနဲ. နအဖဆိုတာ အာဏာရှင်ဆိုတော့ သူတို.ကတော့ ဖိနှိပ်မှာပဲဗျို. နောက်ဆုံးနအဖသတင်းလွတ်လပ်ခွင့်မရှိဖူးဆိုရင် ဒီမိုဘလော့တွေလည်း လွတ်လပ်ခွင့်မရှိဖူးလို. ပြောရမလိုဖြစ်နေတယ် ကျွန်တော်အထက်မှာ ဆိုခဲ့သလို မဆလမကောင်းလို. ၈၈ မှာ တစ်တိုင်းပြည်လုံးကဆန္ဒပြခဲ့ပြီးပြီ ခုတလော ကြားနေရတာက မဆလက နည်းနည်း တော်သေးတယ် ပိုကောင်းတယ်ဆိုတဲ့ စကားမျိုးတွေကိုကြားနေရလို.ပါပဲ ခင်ဗျားတို.ပဲမုန်းလို.ဖြုတ်ချခဲ့ပြီးပြီပဲ ခုမှနောင်တတော့မရစေချင်ပါဖူးဗျာ ၊ နောက်နှစ်အနည်းငယ်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရင် အော် နအဖ ရှိတာကမှ တော်သေးတယ်လို.ပြောနေဦးမယ်ကိုမြင်ယောင်မိလို.ပါဗျာ၊ အီရတ်မှာ ဆဒမ်ဆိုးခဲ့တာမှန်တယ် ဖိနှိပ်ခဲ့တာမှန်ပါ့ ဒါပေမဲ့ အမေရိကန်ဝင်လာပြီး သူမရှိတဲ့နောက်ပိုင်း ခုချိန် အီရတ်ကပြည်သူတွေရဲ့ နေ.စဉ်ဒုက္ခကိုကြည့်ကြပါဦး

ကြော်ငြာဝင်တယ်လို.မထင်စေချင်ဖူး
အောက်က နအဖဘလော့မှာကိုလာလည်ပါ

http://kyeesaytaman.blogspot.com/

နအဖရဲ့ဘလော့ကတော့ သူတို.ရဲ့ပေါ်လစီ ကောင်းကြောင်းရေးပါတယ် အဲဒါကို မကြေနပ်ရင် အချက်အလက်နဲ.ပြန်ရှင်းလို. ကွန်မန်.တွေကို လွတ်လွတ်လပ်လပ်ပေးလို.ရတယ် နအဖက ပြည်တွင်းမှာသတင်းစာလွတ်လပ်ခွင့်ပိတ်ထားတယ် ဒါပေမဲ့ နအဖဘလော့က ခင်ဗျားတို.ပြောတဲ့ ဒီမိုဘလော့တွေထက်လွတ်လပ်ခွင့်ရှိပါတယ်ဗျာ
ခင်ဗျားတို.က ဒီမိုဘလော့မှာ ခင်ဗျားတို.နဲ. ဆန်.ကျင်ဘက်ရေးတဲ့သူတွေရဲ့ ကွန်မန်.တွေနဲ. ဆုံလိုက်တော့ ဖင်နည်းနည်းကျိမ်းသွားပုံရတယ်

အေးဗျာ RAM ဆိုတဲ့သူကိုတစ်ခုပြောချင်ပါတယ် ..

ကျွန်တော်ကတစ်ချို.ဒီမိုဘလော့ဂါများကို အခြောက်လို. စွတ်စွဲတာ အခြေအနေ အကြောင်း အရာ ခိုင်မာလို. ဖြစ်ပါတယ် ကျွန်တော့် အကြောင်းကို သေသေချာချာမသိပဲ အခြောက်လို. စွတ်စွဲ နေတာထက် တကယ်သတ္တိရှိရင် ကျေးစေတမန် မှာလာရေးဖို.ဖိတ်ခေါ်ပါတယ် အခြောက်မဟုတ်ပဲ ဖြတ်-ဖောက်- ချုပ် ကြီးဖြစ်နေရင်တော့ စိတ်မကောင်းပါဖူး

ဘလော့တွေမှာ အပြန်အလှန်ရေးကြတဲ့ ကွန်မန်.တွေကို ကြောက်ပြီး ကြောက်သေးပါတတ် တဲ့သူတွေတော့ ကျေးစေတမန်ဘလော့ကို လာမလည်ဖို. ကြိုတင် သတိပေးပါရစေ

The Wild Rose said...

ဒီမိုကရေစီမှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်တွေ ဝေဖန်ခွင့်တွေ ရှိတာမှန်ပေမဲ့ ..... ကိုယ်ပြောဆို ရေးသားမှုတွေ ဝေဖန်မှုတွေဟာလည်း မှန်ကန်မှုနဲ့ တာဝန်ယူနိုင်မှု၊ တာဝန်ခံနိုင်မှု၊ အပြုသဘောဆောင်တဲ့၊ အကျိုးရှိမဲ့ဟာမျိုး တွေလိုအပ်ပါတယ် ....
အခြေအမြစ်မရှိ၊ တာဝန်မဲ့ ပြောဆို ရေးသား၊ ဝေဖန်ရှုပ်ချ တိုက်ခိုက်၊ အကျိုးမရှိတဲ့၊ ရန်လိုတဲ့ဟာမျိုးတွေတော့ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း ခေါင်းစဉ်အောက်တပ်ပြီး ခုတုံးမလုပ်သင့်ပါ ........
ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်နိုင်ကြပါစေ .....

ABC said...

အပေါ်ကတစ်ယောက်သို.

ဟိုလိုရေးပါလား ဒီလိုရေးပါလား ငါလည်းမရေးတတ်ဖူး

နိုင်ငံရေးနှင့်ပတ်သက်တဲ့ကွန်မန်.တွေရေးနေကြတာပါ တရားရိပ်သာမှာတရားကျင့်နေကြတာမဟုတ်ပါဖူး