Wednesday, September 8, 2010

သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ ညီအစ်ကိုမောင်နှမအတွက် တသက် တကမ္ဘာမကြေ

သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် တသက်တကမ္ဘာမကြေ
မောင်ကျောင်းသား

ကြားလိုက်ရပြန်ပြီ ...။ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ...။ ပဲခူးမှာ စစ်တပ်က ပစ်သတ်လို့ အပြစ်မဲ့ ကျောင်းသားလူ ငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့ ...။ အကြောင်းအရာ အပြည့်အစုံ မဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက်၊ အသားတဆတ်ဆတ် တုန်နေအောင် ဒေါသထွက်ခံစားလိုက်ရပါတယ်။ နိုင်နေတယ်ဆိုပြီး ထင်တိုင်းကြဲနေလိုက်တာကွာ။ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့ အ သက်ဟာ တိရိစ္ဆာန်တွေလောက်မှ တန်ဘိုးမရှိတော့ဘူးလား။ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို ငါတို့ ကျောင်းသားလူငယ်တွေ ဒီလိုပဲ ငြိမ်ခံနေကြတော့မှာလား ...။

ဖြစ်စဉ်က ၄-၉-၂၀၁၀ ရက် စနေနေ့ည (၁၂) နာရီလောက်မှာ ...။ ပဲခူးမြို့လယ်ခေါင် ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိ တဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေ မူးပြီး ထွက်လာတဲ့ ခလရ-၅၉ (ပဲခူးဘူတာ လုံခြုံရေးယူထား တဲ့ နယ်မြေခံတပ်) က အရာရှိနှစ်ယောက် ငှားစီးတဲ့ ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ်ငါးယောက် စီးလာတဲ့ သုံးဘီးဆိုင်ကယ် (ပဲခူးအခေါ် တုတ်တုတ်) ချိတ်မိ၊ စကားများရန်ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာ တဲ့ စကားပြောစက်နဲ့ သိပ်မဝေးတဲ့ တပ်အထိုင်ရှိရာ ပဲခူးဘူတာက စစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ချင်း လိုရောက်လာချိန်မှာ ပစ်မိန့်ပေးခဲ့လို့ စစ်သားတွေက အချက်ပေါင်းများစွာ ပစ်ခတ်ရာက လက်နက်မဲ့ ကျောင်း သားလူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်စိုးပိုင်ဇော် (၁၉) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၃)နှစ် တို့ ပွဲချင်းပြီး သေ ဆုံးခဲ့ရပါတယ်။

ပဲခူးမြို့၊ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ် (၂၀၀) နေ အဘ ဦးမြတ်သူရဲ့သား မောင် အောင်သူဟိန်းက (၆) ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်၊ မြလမ်း၊ အိမ်အမှတ် (၁၇၇) နေ အဘ ဦး ဟုတ်ကြည်ရဲ့သား မောင်စိုးပိုင်ဇော်က (၄) ချက် ထိမှန်ခဲ့ပါတယ်။ မြလမ်းထိပ်မှာပဲ ပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲရဲ လမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ်ကို စမ်းချင်တဲ့ကောင် စမ်း၊ သေ ချင်းဆိုးနဲ့ သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ်။ ရဲတွေ ရောက်လာချိန်မှာ စစ်တပ်က ရှောင်ထွက် သွားပြီး ဘယ်သူမှ ထွက်ကြည့်လို့မရအောင် ရဲတွေက ပိတ်ဆို့ပေးထားပါတယ်။ အလောင်းကို ဆေးရုံသယ် တာတောင် ကောင်းကောင်းမွန်မွန် ဆေးရုံကားနဲ့ မသယ်ဘဲ ဆိုက္ကားနဲ့ ဖြစ်သလိုသယ်ခဲ့ပါတယ်။

၅-၉-၂၀၁၀ နေ့မှာ ချက်ချင်း အသုဘစီစဉ်ဖို့ အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ်။ မိဘတွေ အဝေးရောက် နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ။ အိမ်ပြန်သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာ မိသားစုဝင်တွေက အာ ဏာပိုင်အဆင့်ဆင့်ဆီ ခွင့်တောင်းခဲ့ပေမယ့် (မတရား သတ်ဖြတ်မှုကို ဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေရဲ့ ထုံးစံ အတိုင်း) အလောင်းကို အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါဘူး။ ပဲခူးတမြို့လုံး အုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂ ဏန်းရှိမယ့် လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံကို သတင်းစုံစမ်း သွားရောက်လေ့လာကြပေမယ့် ရဲလုံခြုံရေးအများ အပြားနဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့။

သတင်းအပြည့်အစုံ ဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ ထပ်တူကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာ ကျည်းခံပြင်းစိတ်တွေကြောင့် ဒင်းတို့ကို နိုင်အောင်ပြန်မတိုက်နိုင်သေးတဲ့ အခြေအနေကိုပဲ တနုံ့နုံ့တွေး အားမ လိုအားမရ ဖြစ်နေမိပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့ လုပ်ရပ်တွေနဲ့ ဖြစ်စဉ်တွေကို အခါခါမြင်ဖူး ကိုယ်တိုင်လည်း ခံစားဖူးပါရဲ့။ ဟောဒီနှလုံးသားက ထုံကျင်အသားကျမနေဘူး၊ ကြားလိုက်ရတိုင်း နာတယ်၊ မြင်လိုက်ရတိုင်း နာတယ်၊ တွေးမိတိုင်းလည်း နာတယ်ဗျာ။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တည်တံ့ခိုင်မြဲ ရေးဆိုတဲ့ သတင်းစာတွေ တီဗွီဖန်သားပြင်တွေပေါ်က ဟန်ဆောင်ပန်ဆောင် ပြောပြောနေတဲ့ စကားတွေ ဘယ်မှာလဲ။ ဒါလား တရားဥပဒေစိုးမိုးတာ၊ ဒါလား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တာ၊ ဆင်းရဲမွဲတေ မှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကို ပိပြားနေအောင် နင်းဖိထားပြီး အများပြည်သူ မမြင်ကွယ် ရာ ကျေးလက်တောရွာတွေမှာ ထင်သလို လုယက်၊ မုဒိန်းကျင့်၊ လူသတ် လုပ်နေတဲ့ စရိုက်တွေ ခုလို မြို့ပြပေါ် ထိ ပြောင်ပြောင်တင်းတင်း အတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိ ငြိမ်ခံနေကြရင်တော့ ရုပ်ရှင်တွေ၊ ဗွီဒီယို တွေထဲ တွေ့ဖူးတဲ့ ဖက်စစ်ခေတ်ဂျပန်တွေထက် ဆိုးလာတော့မယ်။

“စစ်တပ်ဆိုတာ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်ဘူး။ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်ဖို့မဟုတ်ဘူး။ စစ်တပ်ဟာ ပြည်သူရဲ့အစေခံပဲ ဖြစ်ရမယ်။ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှ မ ဖြစ်ရဘူး ” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေ ကိုသာသိရင် ဆရာတင် ခေါ်လာခဲ့တဲ့ ဂျပန်ကို ပြန်ချသလို သူ တည်ထောင်ခဲ့တဲ့ စစ်တပ်ကို “ရရာလက်နက်နဲ့ ပြန်ချကြတော့” လို့ ပြည်သူကို နှိုးဆော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကို ဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့။

“ညီအကိုတို့၊ ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး၊ မတွေဝေနဲ့” တဲ့။ ဒီလောက်ထပ်ထပ် သတ် ပြီး သွေးဟောင်းတို့ စွန်းခဲ့တဲ့ မြေပေါ် သွေးသစ်တွေ အကြိမ်ကြိမ် စီးနေတာ အပြစ်မဲ့ ကျောင်းသားလူငယ်တွေ ခုလို ရက်ရက်စက်စက် အသတ်ခံရမှုမျိုးကို မကြုံဖူးမခံစားဖူးလို့ ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလည်း သတိမူစဉ်းစားကြဖို့လိုပါပြီ။

၁၉၈၈ ကျနော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲ သွေးသားထဲက ပါ နာခဲ့ကြလို့ ကျနော်တို့ အောင်မြင်မှု တစုံတစ်ရာ ရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ်။ ကိုဖုန်းမော်နဲ့ ကိုစိုး နိုင်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ဝန်းထဲမှာ ခုလို ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရမှုကနေ ကျောင်းသားသပိတ်၊ နောက်ဆုံးလူထုအုံကြွမှုကြီး ဆက်ဖြစ်ပြီး စိန်လွင်လို စစ်ခေါင်းဆောင် အစိုးရတွေနဲ့ နေ၀င်းရဲ့ တပါတီအာဏာ ရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်။

ဒါပေမယ့် ကျနော်တို့ တာဝန်မကျေခဲ့ပါဘူး။ ကျနော်တို့ မြင်ခဲ့ မီခဲ့တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကစလို့ ၁၉၈၈ မတ် လမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ၁၉၈၈ ဇွန်လမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ရှစ်လေးလုံးအ ရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေ၊ ဒီပဲရင်းမှာ မတရား ရိုက်သတ်ခံရ တဲ့ ကျောင်းသားလူငယ်တွေ၊ ၂၀၀၇ စက်တင်ဘာမှာ ပစ်သတ်ခံရတဲ့ သံဃာတော်တွေ၊ ကျောင်းသားလူငယ် တွေ၊ တောထဲတောင်ထဲမှာ ကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသားတွေ၊ အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့ရသူ တွေအတွက် ကျနော်တို့ တာဝန်မကျေသေးပါဘူး။ သူတို့သေဆုံးခဲ့ရမှုတွေအတွက် တရားမျှတမှုကို မဖြစ်စေ သေးသမျှ ကျနော်တို့ တာဝန်ကျေပြီ မခေါ်နိုင်ပါဘူး။ ဒီအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်နေရဦးမှာပါ။

စစ်အာဏာရှင်သက်သာရှည်ခဲ့ပြီ၊ အနိဌာရုံတွေ များပြီ၊ လူပုံအလယ် ရက်ရက်စက်စက် ပစ်သတ်တာမျိုး ကြောင့်မဟုတ်ဘဲလည်း စစ်အာဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့၊ နောက်ဆက်တွဲ ရောဂါဘယထူပြော၊ ဆေးကုသစရိတ် မတတ်နိုင်တော့ ရောဂါက နိုင်သွားပြီး တဖြည်းဖြည်း သေ၊ အဲလိုပြည်သူတွေလည်း အသတ်ခံလိုက်ရတာပါပဲ။ ကလေးမီးမဖွားနိုင်လို့ သေတယ်၊ မြွေ ဆိပ်မိလို့ သေတယ်၊ ဆေးရုံကို အချိန်မီ မရောက်လို့သေတယ်၊ ဆေးရုံမှာ ဆေးမရှိလို့ သေတယ်၊ ဆေးရုံဆေး ခန်းမရှိလို့ သေတယ်၊ ဆရာဝန်မရှိလို့ သေတယ်။ ၀ဋ်ကြွေးမဟုတ်ဘူး၊ ကံကြမ္မာမဟုတ်ဘူး၊ ပြည်သူတွေ ဘာ ဖြစ်နေနေ ငတေမာပြီးရော ကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေ သတ်တာ ...။

နာတယ်..။ လက်ထိပ်ကတင်မဟုတ်ဘူး၊ ရင်ထဲ အသည်းထဲ သွေးသားထဲကပါ နာတယ်။ ခုလို ရက်ရက်စက် စက် ပစ်သတ်ခံရတာမျိုး ပိုနာတယ်။ မကြေ ... ဘယ်တော့မှမကြေ ... တသက်တကမ္ဘာမကြေ ...။ ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ ...
မောင်ကျောင်းသား

22 comments:

mg said...

လက်ထိပ်ပဲနာတာလား ခြေဖျားထိပ်ရော မနာဘူးလား
ဒီသတင်းကို ရွေးကောက်ပွဲကျင်းပမယ့်ရက်ထိ ဆက်တိုက်များ ချေးခြောက်ရေနူးရေးနေမလားမသိဘူး

Anonymous said...

မင်းတိုလို စစ်တပ်နဲ့ပြည်သူရန်တိုက်ပေးတဲ့ကောင်
တွေကြောင့် ရိုးသားတဲ့ပြည်သူတွေ လမ်းပေါ်ထွကိ အသက်ပေးနေရတာ။ မငိးတို့လိုကောင်မိုးတွေ
နအဖ အပြက်ရှင်းတာလည်းမပြောနဲ့။ ဘာမဟုတ်တာ
တွေကို ပုံကြီးချဲတိုင်းပြည်ဆူအောင်လုပ် အခြေနေကောင်းရင်အာဏာတက်လုမဲ့ကောင်တွေ။ အောင်မြင်လိမ့်ဦးမယ် မင်းတို့ဒီလိုအောင်တန်းစားနည်းတွေနဲ့။ ခုကိစ္စလည်းသူဘာသာ ရန်ဖြစ်တာပဲ။ ဒီအရာရှိကသူဘာသာစဉ်းစားဆင်ခြင်ညဏ်နည်းပြီး ရန်ဖြစ်တုန်းမွန်ထူပြီးလွန်လွန်ကျွံကျွံလုပ်မိတာပဲ။ သေသွားတဲ့ကောင်လေး မိသားစုကျေကျေနပ်နပ် ဖြစ်ဖို့ လုပ်စရာရှိတာလုပ်ပေးပြီး အဲဒီင်္အရာရှိ ဥပဒေကြောင်းရ ထိုက်သင့်တဲ့အပြစ်ဒဏိ ကျခံရရင်ပြီးပြီပဲ။

Unknown said...

simple man ဆိုတဲ့ကောင် စကားပြောလွယ်လိုက်တာကွာ...။ မင်းတို့မိသားစုထဲကဖြစ်ရင် မင်းလဲဒီလိုနေနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ချင်းစာပါ။ ငါ့စကားနွားရမပြောပါနဲ့။ လူသတ်တာကို ဘာမှမဟုတ်ဘူးတဲ့လား...။ မင်းဟာ တော်တော်အောက်တန်းကျတဲ့ ကောင်ပဲ။ မင်းဟာ အမေနို့ကို သောက်စို့ပြီး ကြီးပြင်းလာတဲ့ကောင် မဟုတ်တန်ရာဘူး။ မင်းဟာ ဆင်ချင်တုံတရား မရှိကောင်ပဲ။ မင်းဟာ လူနုံလူဖျင်းလူအပဲ။ မင်းဟာ အရှိတရားကို မမြင်နိုင်တဲ့သူပဲ။ မင်းလိုလူမျိုးမြန်မာနိုင်ငံမှာ မွေးတယ်ဆိုတာ ယုတ္တိမတန်ဘူး။ မြန်မာနိုင်ငံသား၊ မိကောင်းဖခင်သားသမီးတွေဟာ ဒီလိုအောက်တန်းကျစိတ်နေစိတ်ထား လုံးဝမရှိပါဘူး။ မင်းဟာ ပြည့်တန်ဆာမသား မှိုက်ပုံကြားကြီးပြင်းတဲ့ကောင်ပဲဖြစ်မယ်။ မင်းနောက်ထပ် ဒီဘလော့ဂ်ကိုမလာပါနဲ့...။ မင်းနဲ့မတန်ပါဘူး။

Unknown said...

အဲ ဒီသတင်းနဲနဲမှားနေတယ်ဗျ
ဖြစ်ပုံက နှစ်ဦးလုံးလွန်တာပါ သေဆုံးသူများက အလွန်ဆိုးသွမ်းတဲ့လူငယ်တွေပါ ညဘက်ဆို လမ်းပေါ်မှာနေပြီးတွေ့သမျှ လူကိုဆဲဆို ပြဿရှာနေကြတယ် လူတိုင်းက သူတို့ကိုချင်နေတယ် ဒါပေမယ့်သူတို့နဲ့ ဖတ်ပြီးရန်ဖြစ်မယ့်သူမရှိဘူး ဆဲလဲမသိချင်ရောင်ဆောင်ပြီးပြန်သွားကြတယ်လေ
အဲလိုကောင်တွေဗျ ဘယ်သူ့ဘက်ကမှလိုက်ပြီးပြောတာမဟုတ်ပါဘူး နှစ်ဘက်လုံးလွန်ပါတယ် လူတွေက တပ်နဲ့ဖြစ်ပြီဆို ကိုးကားပြီးပြောကြတယ် ဒီနေ့ မ်ေ က အင်တာဗျူးလဲနဲနဲမှားနေတယ်လို့ကျနော်မြင်ပါတယ်
အဲဒီ အရာရှိနှစ်ဦးက ည အရပ်ဝတ်နဲ့ ၄လမ်းထိပ် က ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှာ ဘီယာသောက်ပြီးအပြန်မှာ သုံးဘီးဆိုင်ကယ်တစီးနဲ့ တိုက်မိမလိုဖြစ်သွားပါတယ် အဲဒီသုံးဘီးဆိုင်ကယ်ပေါ်က လူ ၆ ဦး ဆင်းလာပြီး အဲဒီ အရာရှိကို ၀ိုင်းရိုက်ကြပါတယ် အရာရှိနှစ်ဦးထဲက တဦးက ထွက်ပြေးသွားပြီး တဦးကတောင်းပန်ပါသေးတယ် အဲဒါကို အဲဒီလူတွေက ကျောက်ခဲနဲ့ ၀ိုင်းထု့ပါတယ် အနီးမှလူများလဲဝိုင်းဆွဲကြပါတယ် အဲချိန်မှာ ထွက်ပြေးသွားတဲ့ အရာရှိက သူ့ရဲံဘော်တွေကိုသွားခေါ်လာပါတယ် ကင်းကျနေတဲ့ရဲဘော် နဲအဲဒီအရာရှိေ၇ာက်လာချိန်မှာ သေဆုံးသူနဲ့အဖွဲက စစ်သားတွေကိုသတ်ပစ်လို့အော်ပြီးဒုတ်တွေဆွဲပြီးထွက်လာ ပါတယ် စိုးပိုင်ဇော်က ဒုတ်နဲ့ အောင်သူဟိန်းက ဓါးမြောင်နဲ့ပါ အဲလိုနဲ့ဖြစ်ကြရင်းနဲ အရာရှိက ပစ်မိန့်ပေးတော့ ရဲဘော်က ပထမတော့မိုးပေါ်ထောင်ပစ်ပါသေးတယ်နောက်ကျတော့ တည့်တည့်ပစ်တဲ့ဆီရောက်သွားပါတယ် အောင်သူဟိန်းက ဘယ်ရင်အုံနှစ်ချက် ဗိုက်နှစ်ချက်ထိပါတယ် စိုးပိုင်ဇော်က ဘယ်ရင်အုံနှစ်ချက် လည်ပင်းတချက်ထိပါတယ် ဖြစ်ပုံအမှန်ပါ သတင်းဆိုတာပြောသူက သာ သူ့ဘက်ပါအောင်ပြောလေ့ရှိပါတယ်

Unknown said...

ကွန်မန့်အချို့ကို ဖတ်ရတာ ကျွန်စိတ်တွေကို တွေ့နေရပါလား။ လမ်းမပေါ်မှာ အပြစ်မဲ့ ပြည်သူတွေကို ရန်ဖြစ်တယ်ဆိုရုံနဲ့ ပစ်သတ်တာ အပြစ်မရှိဘူးတဲ့လား။ သေဆုံးသူတွေရဲ့ မိဘဆွေမျိုးက ကျေနပ်တယ် ထင်သလား။ တွေးကြည့်ကြပါကွာ။ ကိုယ့်ညီ၊ ကိုယ့်သားနဲ့ ကိုယ်ချင်းစာကြစမ်းပါ။ ဖိနှိပ်အနိုင်ကျင့် ဗိုလ်ကျနေတဲ့ အကောင်တွေအောက်ကို ရရာလမ်းက ခေါင်းလျှိုဝင်ချင်၊ အခွင့်အရေးလိုချင်တဲ့ စောက်ကျင့်တွေကို ပြင်ကြပါတော့။ ပြည်သူတွေ နာလှပါပြီ။

sky said...

@mg & simple>>>> ပြောတာထောက်ခံတယ်... ဒီသတင်းကို ဖတ်နေရတာ အကြိမ်ပေါင်းမနည်းတော့ဘူး.. လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ..စစ်တပ်ဆိုတာ အမိန့်နဲ့အာဏာနဲ့ဖွဲ့စည်းထားတာ မတရားအဓမ္မ လုပ်ယူလို့ရတာ ဘာမှ မရှိဘူး.. ဥပဒေကြောင်း မသိပဲ ဒီသတင်းတွေကို ရမ်းရမ်းပြီးတင်နေတာ.. ဒီလိုကောင်တွေ နိုင်ငံမှာ မနေခိုင်းသင့်တာတောင် မဟုတ်ဘူး.. ကမ္ဘာပေါ်မှာပါ မနေသင့်တာ .. နောက်တကြိမ်ဂျပန်ထက်ဆိုးတဲ့ကောင်လက်အောက်ရောက်စေချင်တာ အဲ့လိုကောင်တွေကို.. နဲနဲမှတ်သွားအောင်..

kosoe said...

သေနတ်နဲ့ ပစ်သတ်ချင်စိတ်ပေါ်လာအောင် သွားဆွတာကိုး၊ ဘယ်စစ်သားမှ သူ့ကို သွားစဆွပဲ၊ ရန်မစဘဲ သေနတ်နဲ့ မပစ်ပါဘူး၊ခုက သွားပြီး ရိတိတိ သွးလုပ်တာကိုး၊သေသွားတပေါ့။သေသွားတဲ့ လူတွေက အွန်လိုင်းမှာဆို မိုးသီးဇွန်လို၊ အတင်းအဖျေင်း ဘလော့ရေးတဲ့ လျှာရှည်လို လူမျိုးတွေနေမှာပေါ့၊ ကျုပ်လဲ မိုးသီးဇွန်တို့၊ အောင်ကျော်ဇေတြို့၊ လျှာရှည်တို့လို လူတွေ အပြင်မှာ တွေ့ရင် ပစ်သတ်မှာပဲ၊ ဒါ အသေအချာပဲ။

ပြည်တော်သစ်မောင်ထွန်း said...

အဟား ဘိုကြီးတို့ရေ တပ်မတော်သား စစ်သား စစ်ဘိုတွေကို မခံချင်အောင် သွားစမယ် ရန်စမယ်ဆိုရင် အထက်က ပစ်မိန့်မပါဘဲ မိမိစိတ်ထဲ ရှိတဲ့အလျှောက် ဒေါသအလျှောက် စိတ်ရှိတိုင်း ပစ်နိုင်ခွင့်ရှိတယ်ဆိုတာ ဘယ်စစ်ဥပဒေ စည်းကမ်းတွေမှာ ပါပါသလဲခင်ဗျား။ ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ်။ လူထုအုံကြွမှုတွေ ဆူပူမှုတွေ အထိကရုဏ်းတွေမှာတောင် အထက်က စစ်ဒေသက ပစ်မိန့်ယူရတယ်လို့ ကြားဖူးလို့ပါ။ ပြီးတော့ ဒီလူငယ်ချင်း ရန်ဖြစ်တဲ့အရေးဆိုတာ ရဲဘက်က တာဝန်ယူဖြေရှင်း၇တာမျိုးဖြစ်ပါတယ်။ စစ်တပ်က တိုက်ရိုက်ပါဝင်ဖို့ မလိုအပ်ဘူးလေ။ ဘာဖြစ်ဖြစ်ပေါ့။ ဆွေမျိုးထဲက စစ်ဘိုစစ်သားတွေကိုတောင် စကား ရဲရဲ မပြောဝံ့တော့ဘူး။ သူတို့ စိတ်ဆိုးမယ် ဒေါသထွက်မယ်ဆို ပြည်သူ့ပိုက်ဆံတွေနဲ့ ၀ယ်ထားတဲ့ သေနတ်တွေ ကျည်ဆန်တွေနဲ့ ထင်သလို ပစ်သတ်လို့ ရတယ်လို့ ဒီက ဘိုကြီးတွေက ဆိုပေတာကိုး။

kosoe said...

အခုဖြစ်တာက သေနတ်ကိုင်ထားတဲ့ စစ်သားကို မင်းတို့က တည့်တည့် မပစ်ရဲပါဘူး ၊ အလာကားပါကွာ၊ ဘာညာနဲ့ သွား ကလိတာကိုး၊ ပစ်မှာပေါ့၊ ဟဟ သေနတ်မရှိတဲ့ လူကတောင် ကလိရဲသေးတာ၊ သနေတ်ရှိတဲ့ လူက ပစ်ရဲတာပေါ့၊ လူဆိုတာ ရှင်းရှင်းလေးပဲ၊ ကလိသလို ရွဲ့သလို လာပြောရင် တုတ်ရှိရင် တုတ်ရိုက်မယ်၊ သေနတ်ရှိရင် သေနတ်နဲ့ ပစ်မှာပဲ၊ မထူးဆန်းပါဘူး။

Unknown said...

ခွေးတွေတော်တော် ဟောင်နေကြပါလား။မိုက်တယ်ကွာ ကြိုက်တယ်။စောက်ရှက်မရှိတာ ဆို ဒီခွေးတွေရှေ့ ဆုံး ကပဲ။လောလောဆယ်ဗမာပြည်မှာစောက်ရှက်မရှိဆုံး ၂ ယောက် တွေ့တယ်။တယောက်က ကော်ပီလုပ်စားဘော ပြားဘုရင်မ မေခလာနဲ့ နောက်တယောက်က မှားမှန်းသိရက်နဲ့ ဘလော့တွေမှာ မျက်လုံးမှိတ်ပြီးတက်တက်ဟောင်တဲ့ အမြီးလေးနဲ့
အူး ဖွတ်ကျားလေးတွေ
ဦးဒီးဒုတ်ပြောသလို စို့..စို့..စို့...

Unknown said...

ခွေမသားတွေ..ဟောင်ထားစမ်း..မင်းတို့အပေါ်စီးက
နေနိုင်နေတုန်း သတ်တာမှန်တဲ့အကြောင်း ဟောင်ထား
လိုက်စမ်း..အေး...တနေ့ပေါ့ကွာ..မင်းတို့ခံရမဲ့အလှည့်
ရောက်ဦးမှာပါ..အဲဒီအခါကျရင် မင်းတို့ကို မသတ်ပါဘူး
..လက်တဆစ်ချင်းဖြတ်မယ်..အရေခွံတလွှာခြင်းဖြတ်
ထုတ်မယ်..အသားတစ်တုံးစီတုံးမယ်..မျက်လုံးတစ်
ဘက်ချင်းဖေါက်ထုတ်မယ်..၈၈မှာတုံးက ရဲသားကြော်
လို့လုပ်စားတာ..ဒီတခါ စစ်ခွေးသား အစိမ်းဖဲ့စားမယ်။

Unknown said...

ဂျပန်ထက်ဆိုးတဲ့လူကိုရောက်လာစေချင်တယ်တဲ့။ဟ- လုပ်ကြပါဦး။အခုခေတ်အဆိုးဆုံးကမင်းတို့စစ်ခွေးတွေပဲမဟုတ်လား။ဂျပန်တွေကခေါစာပစ်တာကိုစားနေပြီး တော့ ကွာ။ ငါတို့ကဖြစ်နိုင်ရင်ဂျပန်တောင်မကဘူး. အမေရိကန်.အင်္ဂလန်အားလုံးကိုလာစေချင်တာ.မင်း တို့ပဲကြောက်ချီးပန်းပြီး ကုလားဒုတ်ကိုပြေးကိုင်လိုက် တရုတ်ဖင်ကို ထိုင်ကန်တော့လိုက်လုပ်နေပြီးတော့။
----တခါက ရွာတရွာမှာ အင်္ဂလိပ်တော်လှန်ရေးဇာတ်ကား ရိုက်ကူးနေချိန် သေနပ်သံအမြောက်သံ တဒိုင်းဒိုင်းနဲ့ဖြစ်နေတော့ အမြင်ကတ်တဲ့လူတယောက်ကမေးပါသတဲ့။
မင်းတို့ကွာ ဗမာပြည်လွတ်လပ်ရေးရတာပဲနှစ်ပေါင်း၆၀ကျော်နေပြီ
မင်းတို့ကအင်္ဂလိပ်ကိုတော်လှန်လို့အခုထိမပြီးသေးဘူးလားဆိုတော့ ဟိုက-ဟုတ်ကဲ့ခင်ဗျား ကျနော်တို့က အင်္ဂလိပ်ကိုတော်လှန်နေမှထမင်းစားနေရလို့ပါတ။ဲ့
အဲလိုပါပဲခွေးဆိုတာလည်းဟောင်နေမှထမင်းစားရလို့ပါ။ နားလည်ပေးပါအကိုတို့.

sky said...

ငါတို့ကတော့စောက်ရှက်မရှိ တခြားနိုင်ငံမှာ ကိုယ့်နိုင်ငံမကောင်းကြောင်းပြောပြီးတော့ အသနားခံမျက်နှာခွက်နဲ့ကိုယ့်လူမျိုးချင်းကိုယ့်နိုင်ငံရဲ့ တပ်မတော်ကို ပြန်စော်ကားပြီး ထမင်းစားနေတဲ့မင်းတို့ထက်တော့ သာတယ်ဆိုတာ မင်းတို့သိထားသင့်ပါတယ်.. ရိုင်းရိုင်းစိုင်းစိုင်းခွေးမျိုးတွေဘာတွေတော့မပြောပါဘူး.. ဒါတွေက ရပ်ကွက်ထဲမှာ မိန်းမတွေရန်ဖြစ်မှ ကက်ကက်လန် ပြန်ရန်တွေ့တဲ့ပုံ.. ယောင်္ကျားတွေချည်းပဲ ဇရှိရင် မြန်မာပြည်မှာအော်ကြည့်ပါလား.. မှတ်ထားလိုက် တိုင်းပြည်ကို အနှစ်နှစ်ဆယ်လုံး တည်ငြိမ်အောင်ထိန်းလာတဲ့စစ်တပ်ဆိုတာ မင်းတို့လို ဦးနှောက်မဟုတ်ဘူး .. အဆင့်မရှိ အနှစ်နှစ်ဆယ်လုံး မင်းတို့အော်နေတာ ပါးစပ်မညောင်းကြသေးဘူးထင်တယ်နော်.. ဘွားတော်တောင်တော်တော်အိုနေပြီ.. အသိတရားလေးတခုလောက်ထည့်ပေးတာပါ..

mg said...

ရန်ဖြစ်ရင်သေနတ်နဲ့ပစ်ရတယ်ဆိုတာ ဘယ်စစ်ဥပဒေမှမပါပါဘူး ဒါကြောင့် ဖြစ်လာရင်တော့ ဥပဒေအရ အရေးယူခံရမှာပါ...အေ၇းယူခံရမယ်ဆိုတာ စစ်သားတိုင်းသိတယ် မသိလို့ပစ်တာမဟုတ်ဘူး...လူတိုင်းမှာ မခံချင်စိတ်ဆိုတာရှိသလို သည်းခံခြင်းဆိုတာဟာလည်း အတိုင်းတာထိပဲရှိပါတယ်...ဒီတော့ လူ့သဘောသဘာဝအရ စိတ်တိုဒေါသထွက်သွေးပူလာရင် အသက်ကိုတောင်ပေးရဲကြတာမဟုတ်လား အရေးယူမှုဆိုတဲ့ဥပဒေကို ဘယ်သူမှဂရုစိုက်နေမှာမဟုတ်ပါဘူး...

ဥပမာ မောင်ပြည်တော်သစ်မောင်ထွန်းအနေနဲ့ လူတစ်ယောက်နဲ့ရန်ဖြစ်နေတဲ့အချိန်မှာ နှစ်ယောက်လုံးက တွေ့ရာ ဒုတ် ဓား လက်နက်တွေနဲ့ရိုက်ကြ ပစ်ကြ ခတ်ကြမှာပဲ ဒီချိန်မှာ ခင်ဗျားအနေနဲ့ ရန်ဖြစ်ပြီးလို့ ဖြစ်လာမယ့် အရေးယူခံရမှုဆိုတဲ့ ဥပဒေတွေကို ခင်ဗျားခေါင်းထဲမှာ စဉ်းစားနေမှာလား?ဒီသဘောတရားလေးတွေကို နားလည်လက်ခံပေးမယ်ဆိုရင် အခုပဲခူးဖြစ်စဉ်ကို ခင်ဗျားနားလည်ပေးနိုင်လိမ့်မယ်ထင်ပါတယ်...

ပြည်တော်သစ်မောင်ထွန်း said...

မူရင်းသတင်းတင်ပေးတဲ့ ကို ဆိုသူနဲ့ ထပ်ဆင့်ကူးပေးသူ ကိုလူငယ်တို့ရေ။ ခင်ဗျားတို့ ရေးပြတဲ့ အတွက် အခြေအနေကို တဖက်ကနေကြည့်လို့ ရသွားပါတယ်။ အဲဒီအတွက် ကျေးဇူးဗျာ။ ဘယ်သူ့ဖက်ကမှ လိုက်ပြီး ပြောတာ မဟုတ်ဘူးဆိုတဲ့အတွက်လည်း ၀မ်းသာပါတယ်။ ကျနော်အနေနဲ့ ဥာဏ်မှီသလောက် စဉ်းစားကြည့်ရမှာတော့ နှစ်ဖက်စလုံးက လွန်မယ်ဆိုတာသေချာပါတယ်။ ဒါပေမဲ့ဗျာ။ ခင်ဗျားတို့ စဉ်းစားကြည့်။ တဖက်က ခင်ဗျားတို့ ပြောသလို ရပ်ကွက်က အော့ကြောလန် ဆိုးသွမ်းလူငယ်အုပ်စု၊ သူတို့နဲ့ တုဖက်ပြီး မီးကုန်ရမ်းကုန် ကြမ်းရဲ မိုက်ရဲတာက ပညာအရည်အချင်းရော ဂုဏ်ဒြပ်ရော အတွေ့အကြုံရော ဆင်ခြင်တုံတရားရော အစစ အရာရာသာလွန်တဲ့ တပ်မတော်အရာရှိတွေဖြစ်ပါတယ်။ ဒါနဲ့တောင် ဘာဖြစ်လို့ ဒေါသအလျှောက် မွှန်ထွန်ပြီး (ဒါကလည်း အကြောင်းပြချက်ပါ) ဒီဆိုးသွမ်းလူငယ်လေးတွေကို သတ်ပစ်တဲ့အထိ (သတ်ရာမှာလည်း သူတို့လက်နဲ့ သတ်ရမှာ သနလို့ပဲလား။ ဒါမှမဟုတ်ကြောက်လို့ပဲလားမသိ။ ရဲဘော်တွေပြန်ခေါ် သေနတ်နဲ့ ပစ်သတ်ခိုင်းအထိ) တပ်မတော်အရာရှိတွေ မိုက်မဲသွားရတယ်ဆိုတော့ အရက်များ အလွန်အကျွံမူးနေလို့လား။ ဖြစ်သင့်တာက အခင်းဖြစ်ပွားတဲ့နေရာ အမြန်ဆုံးရှောင်သွားရမှာ။ အရာရှိတစ်ယောက်ကို အရပ်သား ၆ ယောက်က ၀ိုင်းထုတယ်ဆိုတော့ တော်တော်မတရားတာပဲနော်။ အဲဒီအရာရှိတော့ တော်တော်အထိနာမယ် မှတ်တယ်။ နောက်တစ်ချက် ပြောချင်တာက စစ်တပ်က အရာရှိရော ရဲဘော်တွေရော သေနတ်ကိုင်ပြီး လာနေတာကို မြင်ရက်နဲ့ ဒုတ်ဆွဲ ဒါးဆွဲပြီး သတ်ပစ်မယ်ဆို ရှေ့တက်တယ်ဆိုတာကတော့ဗျာ။ သတ္တိကောင်းတယ်ပဲ ပြောရမလား။ မိုက်ရူးရဲလို့ ဆိုရမလား မပြောတတ်ပါဘူး။ ဒါ့အပြင် သေနတ်မိုးပေါ် ထောင်ဖောက်တာတောင် နောက်မဆုတ်ဘူးဆိုလေတော့---- လူတွေထောင်ချီပြီး သွေးဆူနေတဲ့ အရေးအခင်း ကာလတွေမှာတောင် မိုးပေါ်ထောင်ဖောက်ရုံနဲ့ ပြေးလိုက်ကြရတာ အလဲလဲ အကွဲကွဲ။ ဒါကို ဒီအရပ်သား ၆ ယောက်လောက်က ကြံ့ကြံ့ခံနိုင်တယ် ဆိုတော့ကာ အရပ်သား သူရဘွဲ့တောင် ပေးသင့်နေပြီဗျာ။ မိုးပေါ်ထောင်ဖောက်တာတောင် နောက်မဆုတ်ဘဲ တဆင့်တက်လို့ သေနတ်ကို ၀င်လုတဲ့အထိ (ပိတောက်မြေနဲ့ မြန်မာ့အသံအလိုအရ) အခြေအနေဆိုးလာတဲ့အတွက် တည့်တည့် ကျည်ဆန် အကပ်လိုက်ဆွဲလိုက်ရတယ်ဆိုတဲ့ အကြောင်းဟာဖြင့် သဘာဝနဲ့ နည်းနည်း (နည်းလားများလားတောင် မပြောချင်တော့) မကိုက်ညီသလို ဖြစ်နေတယ်ထင်ရပါတယ်။ ပီးတော့ ဒီအော့ကြော့လန် လူငယ်လေးတွေ သေလို့ ချတဲ့ အသုဘကျတော့ ပဲခူးတမြို့လုံးက ထောင်နဲ့ချီပြီး အသုဘလိုက်ပို့ကြတယ်ဆိုတာကလည်း (ဗွီဒီယိုမှတ်တမ်းအရ) အံ့ဖွယ်ပါဘဲ။ ကျနော်ဆိုရင်တော့ ဒီလိုလူမျိုးသေတာတောင် နည်းသေးတယ် ထင်မိမှာဘဲ။ ပဲခူးသား ပဲခူးသူတွေက အမိုက်မဲလေးတွေဆို ပိုချစ်တတ်လို့ နောက်ဆုံးခရီးကို လိုက်ပို့တယ်လို့ပဲ ခင်ဗျားတို့ သဘောအတိုင်း မှတ်ပါတယ်ဗျာ။

ပြည်တော်သစ်မောင်ထွန်း said...

ဘိုကြီးကိုမောင်ခင်ဗျား။ ကျနော် ပြောတာ ဆန်ဒစောသွားတဲ့အတွက် ခွင့်လွှတ်ပါ။ ကျနော်အနေနဲ့ တပ်မတော်သား အရာရှိတွေကို သာမာန်အရပ်သား လူဆိုးလေးတွေနဲ့ တန်းတူမထားဘဲ ရှေ့နောက်ဆင်ခြင်တိုင်းထွာ တတ်မဲ့ လူကြီးလူကောင်းများလို့ ထင်ထားတဲ့အတွက် ခုလို စောဒနာတက်ရတာပါ။ တပ်မတော်သားတွေ အရည်အချင်းရှိလို့ မြန်မာပြည်ကြီးကို နှစ်ပေါင်းများစွာ စိတ်ကြိုက်အုပ်ချုပ်နိုင်တယ် မဟုတ်လား။ အဲဒီအတွက် လူလိမ်မာ အမျက် အပြင်မထွက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းနိုင်မယ် ထင်လို့ ပြောရခြင်းဖြစ်ပါတယ်။ ဘိုကြီးကိုမောင် ပြောသလို လူ ၂ ယောက် ရန်ဖြစ်တဲ့နေရာမှာ ရရာလက်နက်နဲ့ ပစ်ကြခတ်ကြမယ်ဆိုတာကို သဘာဝအတိုင်း လက်ခံနားလည်ပေးလို့ ရပါတယ်။ ခုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ တပ်မတော်သားများရော အရာရှိများဟာ ရရာလက်နက်နဲ့ ပြန်လည်ခုခံကာကွယ် တိုက်ခိုက်လို့ အရပ်သားတွေ သေရမယ်ဆိုရင် လက်ခံနိုင်ပါတယ်။ သူတို့နဲ့ တပါးတည်း ယူလာတဲ့ ဆောင်လာတဲ့ သေနတ်နဲ့ ပစ်လို့ သေရတယ်ဆိုရင်တောင် လူတွေရဲ့ instinct အရ ဆင်ခြင်တုံတရား တဒင်္ဂပျောက်သွားတဲ့ အချိန်မှာ ပြစ်မှုကျူးလွန်တယ်ဆိုတာကို နားလည်းပေးလို့ ရပါတယ်။ အရပ်သားက အုပ်စုတောင့်နေလို့ (၆ ယောက်ကြီးများတောင် ဖြစ်နေလို့) တပ်ထဲက ရဲဘော်တွေ ပြန်ခေါ်ပြီး ဒါးဒါးချင်း လှံလှံချင်း (သေနတ်ကြီးတွေ မပစ်ဖောက်ဘဲ) လက်ရုံးချင်းယှဉ်လို့ အရပ်သားတွေ သေသွားတယ်ဆိုရင်တောင် ယောင်္ကျားကောင်းတွေ အနေနဲ့ လေးစားရပါ့မယ်။ ခုလိုမျိုးကြတော့ဗျာ။ ရန်ဖြစ်တဲ့ နေရာက ပြန်ပြီး အိမ်နားရောက်နေတဲ့ တဖက်က အရပ်သားတွေကို နောက်က မရမက လိုက်၊ စစ်မြေပြင်က ရန်သူသူပုန်တွေလို မသေသေအောင် ကျည်အကပ်လိုက် ပစ်ဆွဲသတ်လိုက်တာဟာဖြင့်တော့ တပ်မတော်သာ အမိ တပ်မတော်သာ အဖတွေကလည်း ရက်စက်လှချေလားလို့ ပြည်သူအများက ထင်မှတ်မှားစရာ ဖြစ်သွားနိုင်ပါပြီ။ သေသွားတဲ့ လူငယ်တယောက်ကိုယ်တိုင်ကလည်း ဗိုသင်တန်းဖြေထားတဲ့သူဆိုတော့ကာ သူကိုယ်တိုင်လည်း တချိန်မှာ တပ်မတော်အရာရှိ ဖြစ်လာနိုင်တဲ့ potential ရှိသူပါ။ ချိုကျိုးနားရွက်ပဲ့ ကလေကချေတော့ မဟုတ်တန်ကောင်းပါဘူး။ ခုတော့ ဖြစ်ပြီးလည်း ပြီးသွားပါပြီ။ နောက်ဆက်တွဲ တရားခံတွေကို ဘယ်လို တရားမျှတမှု ဖြစ်အောင် စီရင်ချက် ချမယ်ဆိုတာသာ စိတ်ဝင်စားပါတော့တယ်။ သက်သေခံအထောက်အထားတွေ ဖျောက်ဖျက်တာတို့၊ ကျန်ရစ်သူမိသားစုကို ငွေပေးပြီး ကြေအေးခိုင်းတာတို့တော့ မလုပ်သင့်ပါဘူး။ လုံခြုံရေးအခြေအနေ အသုဘကို တင်းကျပ်လိုက်ရတယ်ဆိုတာကတော့ သဘောပေါက်ပါသဗျာ။
ခွေးရူးနဲ့ ဖက်ကိုက်ရာမှာ ခွေးကောင်းလေးတွေ နာသွားမှာ စိုးတဲ့ စေတနာ အရင်းခံနဲ့ ပြောတာနော။

Unknown said...

mg, simple man, ko, လင်းထက်, kosoe, sky ဆိုတဲ့ အရိုးအယွင်းကိုက် သန်းရွှေချီးစားတဲ့ စစ်ခွေးလေးတို့ရေ ......... မင်းတို့လေးတွေ ထရှင်းမှပဲ သေနတ်နဲ့ပစ်သတ်တဲ့ အရာရှိဆိုတဲ့ ခွေးဘီလူးကို ပြည်သူတွေက ပိုပြီးသတ်ချင်စိတ်ဖြစ်တော့မှာပဲ။ မရှင်းကြပါနဲ့တော့ စစ်ခွေးလေးတို့ရေ။ မင်းတို့ကို ကျွေးထားတဲ့ အရိုးလေးတွေကိုက်ပြီးတော့သာ ၀ဲကုတ်ရင်း အေးအေးနေကြပါတော့ကွာ။ မင်းတို့ရှင်းကာမှ နအဖဖက်ဆစ်တပ်မတော်ကို ပြည်သူတွေ ချဉ်ပြီးရင်ပိုချဉ်ကုန်ပါ့မယ်။ စေတနာနဲ့ ပြောတာနော်ကွာ။ သာသာနဲ့ နာနာနှက်တဲ့ ပြည်တော်သစ်မောင်ထွန်းကိုတော့ အထူးအားပေးသဗျိုး ၀မ်းစမိုး ........... :)

mg said...

ရှင်းပြနေတာမဟုတ်ပါဘူး အမှန်တရားတစ်ခုကို ချပြပေးနေတာပါ...အမှန်ကိုအမှားလုပ် အမှားကိုအမှန်လုပ်နေပြီး တစ်စိတ်ကို တစ်အိပ်လုပ် ပုံကြီးချဲ့နေတဲ့ ပြည်ပမီဒီယာတွေနဲ့ နောက်လိုက်အမောင်ခွက်ဆွဲလေးတွေရဲ့အမှားကို ကျုပ်က စေတနာမေတ္တာထားပြီး ထောက်ပြပေးတာပါ...

Unknown said...

ရေးရင်လဲ ယုတ္တိရှိရှိရေးကြပါ၊ ငြင်းရင်လဲ ခိုင်ခိုင်လုံလုံငြင်းကြပါ။ မဟုတ်တရုတ် ပေါက်ကရရေးမနေကြပါနဲ့ ရှက်ဖို့သိပ်ကောင်းပါတယ်။ စာဖတ်သူတွေအားလုံးက အသိဗဟုသုတနဲ့ ပြည့်စုံသူတွေချည်းပဲဆိုတာ သိထားဖို့ကောင်းပါတယ်။ ပြောတိုင်းယုံမယ့်လူတွေ မဟုတ်ဘူးဆိုတာ သိထားကြပါ။

Anonymous said...

ဆရာမက တော်တော်ဗဟုသုတနဲ့ပြည့်စုံနေတာလား။အဲလို ဆိုလဲ ကောင်းမွန်ပြည့်စုံတဲ့comments တွေပေးပါလား။ နည်း နည်းမေးလိုက်မယ်ဗျာဆရာမကို.ဖြေပေးပါဦး
လူသားအစ မျောက်ကဆို မျောက်ဘယ်ကစပါသလဲ

Unknown said...

လူသားအစ မျောက်ကလို့တော့ မကြားဖူးဘူး Maung ရေ။ စစ်သားအစ မျောက်က လို့တော့ အခုလက်တွေ့မြင်နေလို့ ယုံနေပြီ။ ခြေမငြိမ် လက်မငြိမ် စိတ်ကလဲ ဂေါက်တောက်တောက် ခေါင်ကမလုံတော့ အောက်ခြေက ယိုင်တိုင်တိုင်တွေ။ အသိပညာ ဗဟုသုတက မပြည့်စုံ၊ ဦးနှောက်က အဆံချောင် အရက်က သေအောင်မူး လူမဆန်တဲ့ လူ့တိရိစ္ဆာန်တွေ။

ဘုန်းကျော် said...

ဟေ့..လူကြီးမင်းတို့..

ဆရာ...စိုးနေလင်းက မတရားတာကိုထောက်ပြနေတာ...ခင်ဗျားတို့ အရည်အဖတ်မရ...ဘာတွေပြောနေကြတာလဲ..။ အားလုံးဝိုင်းပြီး ပဲခူးကိစ္စကို ထောက်ခံကြ..။ ခင်ဗျားတို့ ညီတွေကို အခုလို တရားမဲ့ ပစ်သတ်မဲ့ဆိုရင် ငြိမ်ခံနေမလား...။ ကျနော်တော့ မခံ..။ ဒါ့ကြောင့် ဆရာ စိုးနေလင်းမှန်တယ်..။