နေသွင်
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအကြောင်း ပြောကြသည့်အခါ ဟန်တင်တန်၏ မှတ်ချက်တခုကို မကြာခဏ ကိုးကားကြလေ့ရှိသည်။ အထူးသဖြင့် အင်ဒိုနီးရှားစစ်တပ်နှင့် ထိုင်းစစ်တပ်အကြောင်း ပြောသောအခါ သူ၏ ကောက်ချက်သည် ထည့်သွင်းစဉ်းစားသင့်သော အချက်တချက်ဖြစ်သော်လည်း မြန်မာစစ်တပ်နှင့် ပတ်သက် လာလျှင်မူ သူ၏အယူအဆမှာ အငြင်းပွားဖွယ်ဖြစ်မည်။ ဟန်တင်တန်၏ အယူအဆမှာ ဒီမိုကရေစီဖူးသစ်စ နိုင် ငံများတွင် တွေ့ရလေ့ရှိသော စစ်ဘက်-အရပ်ဘက် ပြဿနာများ၏ ဇာစ်မြစ်ကို နောက်ကြောင်းခြေရာခံလျှင် စစ်ဘက်မှလာသော ပြဿနာမဟုတ်ဘဲ အရပ်ဘက်က အစဖော်ပေးလိုက်သော ပြဿနာဟုဆိုသည်။ စီးပွား ရေးတိုးတက်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံရေးအင်စတီကျူးရှင်းများကို အားကောင်းအောင် မလုပ်နိုင်သော အခါ အကြံကြီးသော (ambitious) အရပ်ဘက် နိုင်ငံရေးသမားတချို့သည် စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်း လေ့ရှိသည်ဟုဆိုသည်။
ရှုခင်း (၁) - အင်ဒိုနီးရှားစစ်တပ်
ဆူဟာတိုခေတ် (၁၉၆၇-၁၉၉၈) လွန်သောအခါ အင်ဒိုနီးရှားစစ်တပ်သည် သူတို့ကိုယ်တိုင်က အရပ်ဘက်အာ ဏာရှင်၏ အသုံးချခံဘ၀ဖြစ်ခဲ့ရသည်ဟု အကြောင်းပြပြီး နိုင်ငံရေးမှဆုတ်ခွာခဲ့သည်။ ပြည်တွင်းပြည်ပမှ ဖိအား မျိုးစုံ ရင်ဆိုင်နေရသော အခက်အခဲဆုံးသောအချိန် (၁၉၉၉) တွင် ၁၉၇၃ ဗိုလ်သင်တန်းဆင်း မျိုးဆက်သစ် စစ်ဗိုလ်တစုက စာအုပ်တအုပ် စုထုတ်ရာတွင် သူတို့သည် မျိုးဆက်ဟောင်းများထံမှ ဆိုးမွေကို ဆက်ခံခဲ့ကြ သည် ဟူသည့်လိုင်းကို တင်ခဲ့သည်။ ပါရာဒိုင်းသစ်ကာလ (၁၉၉၈-၂၀၀၁) တွင် စစ်တပ်ကို နိုင်ငံရေးမှ ခွာရန် အတွက် ပြည်တွင်းပြည်ပဖိအားကို စစ်တပ်၏ တုံ့ပြန်ပုံမှာ (၄) မျိုးရှိသည်ဟုဆိုသည်။
(၁) စစ်တပ်သည် တပ်တွင်းညီညွတ်မှု ပြန်စုစည်းပြီး ထက်အောက် စည်းကမ်းသေ၀ပ်မှု၊ အမိန့်နာခံမှုကို ပြန် လည်တည်ဆောက်ခဲ့သည်။
(၂) စစ်တပ်သည် နဂိုက ပါလီမန်တွင် အမတ်နေရာ (၇၅) နေရာကို (၃၈) နေရာသို့ လျှော့ချခဲ့သည်။
(၃) စစ်တပ်သည် ဂိုကာပါတီနှင့် ကင်းကင်းရှင်းရှင်း နေခဲ့သည်။
(၄) စစ်ဦးစီးချုပ် ၀ရန်တိုသည် ပြည်သူ့လွှတ်တော်က ပေးထားသော အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာနှင့် မာ ရှယ်လောကို သုံးခွင့်ရှိသော အခြေအနေနှင့် ကြုံကြိုက်ခဲ့သော်လည်း ထိုအခွင့်အရေးကို တမင်မသုံးခဲ့ဟု ဆို သည်။ ဗိုလ်ချုပ် ၀ရန်တိုသည် ဆူဟာတိုကို ရာထူးစွန့်လွှတ်ရန် တိုက်တွန်းခဲ့သူလည်းဖြစ်သည်။
ပြန်ချုပ်လျှင် စစ်တပ်သည် နိုင်ငံရေးတွင် ရှေ့တန်းနေရာမှ ကားလိပ်နောက်သို့ ၀င်သွားခဲ့သည်။ အာဏာကို တိုက်ရိုက်သိမ်းပိုက်မှုမှ သွယ်ဝိုက်လွှမ်းမိုးထားမှုမျိုးသို့ ခြေတလှမ်းဆုတ်ခဲ့သည်။ တခြားနိုင်ငံရေးအင်အားစု များကို အာဏာမျှဝေပေးခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားစစ်တပ်၏ နိုင်ငံရေးမှ စစ်တန်းလျားသို့ အပြန်ခရီး သည် စစ်ရှုံးပြီးပြန်သော ပုံမျိုးမဟုတ်ခဲ့ဘဲ ဖိအားနှင့် စိန်ခေါ်မှုများကြောင့် အလိုက်တသိ၊ အစီအစဉ်တကျ ပြန် လည်ဆုတ်ခွာခဲ့ခြင်းမျိုး ဖြစ်သည်ဟုဆိုသည်။ အောင်မြင်စွာ ဆုတ်ခွာသည့်နည်းဟု ဆိုရမည်။
နိုင်ငံရေးအခြေအနေကလည်း စစ်တပ်ကို နိုင်ငံရေးတွင် ပါဝင်ရန် ခွင့်မပြုတော့ပေ။ လက်ရှိအင်ဒိုနီးရှားစစ်တပ် ဦးစီးချုပ်သည် သူ့တပ်ကို နိုင်ငံရေးထဲဝင်မပါရန် ညွှန်ကြားထားသလို အရပ်ဘက် နိုင်ငံရေးသမားတွေလည်း စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းသော အတိတ်က အမှားမျိုး ထပ်မလုပ်ကြရန် သတိပေးထားသည်။ သို့သော် အင်ဒိုနီးရှား ဗိုလ်မှူးကြီးတယောက် ရေးသော ဆောင်းပါးတပုဒ်တွင် ဒီဘက်ခေတ် စစ်ဘက်-အရပ်ဘက်ဆက် ဆံရေးတွင် အရေးကြီးသော အချက်တချက်မှာ နိုင်ငံရေးသမားအချင်းချင်း အပေးအယူမတည့်လျှင် နိုင်ငံရေး တည်ငြိမ်မှုရရန် ခက်ခဲမည်ဟု နိမိတ်ဖတ်ထားသည်။ အနာဂတ်တွင် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မလား၊ ပ ရော်ဖက်ရှင်နယ်စစ်တပ်အဖြစ် ဆက်တည်ရှိမလားဆိုသည်မှာ နိုင်ငံရေးသမားတို့၏ ရင့်ကျက်မှုရေချိန်အပေါ် မူတည်သည်ဟု ဆိုသည်။
ရှုခင်း (၂) ထိုင်းစစ်တပ်
ထိုင်းနိုင်ငံကို သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံစနစ်သို့ ပြောင်းလဲသော (၁၉၃၂) ခုနှစ်သည် ထိုင်းစစ်တပ် ၏ ပွဲဦးထွက် အာဏာသိမ်းမှုဖြစ်သည်။ ထိုမှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံရေးတွင် စစ်တပ်က အာဏာသိမ်းမှု၊ အာ ဏာသိမ်းရန် ကြိုးပမ်းမှု (၁၈) ကြိမ် ဖြစ်ခဲ့သည်။ အာဏာသိမ်းမှုတိုင်းကို လိုအပ်ချက်တခုအဖြစ် စစ်တပ်က ယုံ ကြည်မှုရှိပုံရသည်။ ၁၉၉၁ ခုနှစ် အာဏာသိမ်းမှုတို့၏ ဆင်ခြေမှာ နိုင်ငံရေးစနစ်သန့်ရှင်းရေး၊ အဂတိလိုက်စား သော နိုင်ငံရေးသမားများကို ဖယ်ရှားရေး၊ ဒီမိုကရေစီအစစ်အမှန် ပြန်လည်တည်ဆောက်ရေး၊ ဘုရင်မင်းမြတ် ကို ကာကွယ်ရေးအတွက်ဟု ဆိုသည်။
သို့သော် ၂၀၀၂ ခုနှစ် ဆန္ဒပြမှုနောက်ပိုင်းတွင် စစ်တပ်၏ နိုင်ငံရေးစွက်ဖက်မှုသည် လူကြိုက်နည်းလာသည့် နည်းတူ အကျဘက်သို့ ရောက်ခဲ့သည်။ နောက်ဆုံး ၂၀၀၆ အာဏာသိမ်းမှုတွင်မူ ယခင်က ခေတ်မစားတော့ သော အာဏာသိမ်းမှုကြွေးကြော်သံများ ပြန်လည်လူကြိုက်များလာပြန်သည်။ သို့တစေ ထိုင်းစစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များသည် စစ်တပ်အနေနှင့် နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟူသော အယူအဆကို အရိုးစွဲနေသည့် အတိုင်း လူသိရှင်ကြားလည်း မကြာခဏထုတ်ပြောလေ့ရှိသည်။ အာဏာသိမ်းပြီးသည်နှင့် ရွေးကောက်ပွဲသစ် ကို ကတိပေးပြီး ပေးသည့်ကတိကို တည်အောင်လုပ်သည်။ နောက်ပိုင်း နိုင်ငံရေးထိပ်တိုက်တွေ့မှုများတွင် ကြားမညှပ်အောင်၊ အပြစ်ပြောစရာမဖြစ်အောင် သတိနှင့်နေခဲ့သည်။
သက်ဆင်အလွန်ခေတ်တွင် ထိုင်းပြည်သူတချို့၏ ခံယူချက်တွင် ခေတ်စားလာသော သက်ဆင်လို အကျင့် ပျက်သော အရပ်ဘက်အစိုးရထက်စာလျှင် စစ်အုပ်ချုပ်ရေးက ကောင်းဦးမည်ဟူသော အတွေးအခေါ်သည် ဒီမိုကရေစီနောက်ကြောင်းပြန်ခြင်းဟု ဆိုရမည်။ နိုင်ငံတကာအမြင်တွင် အကျင့်ပျက်သော အစိုးရကို အာဏာ သိမ်းသဖြင့် ထိုင်းနိုင်ငံကို အမှန်တကယ် ကယ်တင်ရာရောက်သလားဟု ပြန်သုံးသပ်သောအခါ အာဏာသိမ်း တာ ခြေလှမ်းအမှားဟု အဖြေထွက်သည်။ အမျိုးသားသွေးကွဲမှုကို နက်သထက်နက်ရှိုင်းအောင် တိုင်းပြည်ကို အဆိုးကျော့ သံသရာထဲ တွန်းပို့ပေးရာ ရောက်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံရေးအရ မည်မျှသဘောကွဲကွဲ၊ ဒီမိုက ရေစီဘောင်အတွင်းက ပြဿနာအ၀၀သည် စစ်တပ်နှင့်မဆိုင်၊ ဆိုင်ချင်းဆိုင်လျှင် ရဲအဖွဲ့နှင့်သာ ဆိုင်မည်။ စစ် တပ်အလုပ်သည် ပြင်ပရန် ကာကွယ်ရန်တွင်သာ ဘောင်သတ်ထားရမည်ဟူသော ကိုယ့်အလုပ်ကိုယ်လုပ်ဝါဒ (ပရော်ဖက်ရှင်နယ်လစ်ဇင်) သဘောတရားသည် ထိုင်းစစ်တပ်အတွက် ခြွင်းချက်မဖြစ်နိုင်ပေ။
ရှုခင်း (၃) - မြန်မာစစ်တပ်
န၀တ/နအဖ အုပ်ချုပ်မှုသက်တမ်း နှစ် (၂၀) ကာလသို့ ရောက်ရှိပြီးနောက် “တပ်မတော်သာအမိ၊ တပ်မတော် သာအဖ” ဟူသော ၀ါဒဖြန့်ချက်နှင့် မလုံလောက်ဟု ယူဆသောအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ “နိုင်ငံ တော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တ စိုက်ဦးတည်သည်။” ဟူသောအချက်နှင့် လက်ရှိအကျိုးစီးပွားကို ကာကွယ်ရင်း တပ်တွင်းက နောက်မျိုးဆက် ကို မက်လုံးပေးလိုက်သည်။ အင်ဒိုနီးရှားစစ်တပ်၊ ထိုင်းစစ်တပ်တို့နှင့် မတူသောအချက်မှာ အင်ဒိုနီးရှားနှင့် ထိုင်းစစ်တပ်၏ အတွေးအခေါ်က နိုင်ငံတော်ကို ကယ်တင်ရေးဟူသော အခြေခံမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာစစ်တပ်၏ အတွေးအခေါ်က မြန်မာစစ်ခေါင်းဆောင်တချို့၏ သူတို့အကျိုးစီးပွားကာကွယ်ရေးအခြေခံမှ ဆင်းသက်လာခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် ဟန်တင်တန်၏ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပြဿနာနှင့် ပတ်သက်၍ ပြန်ထောက် စရာတချက်မှာ ဖဆပလခေတ်တွင် နိုင်ငံရေးသမားတချို့က စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းခဲ့သည့် အမှားရှိခဲ့ ဖူးသည်။ အကြံကြီးသော ဗိုလ်ချုပ်နေ၀င်းက ဖဆပလခေတ် နိုင်ငံရေးသမားတို့၏ အားနည်းချက်ကို အခွင့် ကောင်းယူပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းသောအခါ ထိုင်းနိုင်ငံတွင် ၂၀၀၆ စစ်တပ်အာဏာသိမ်းသည့် အ ခြေအနေမျိုး ထောက်ခံသူက ထောက်ခံခဲ့ကြသည်။ သို့သော် မဆလခေတ် (၂၆) နှစ်နှင့် န၀တ/နအဖခေတ် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံက လူထုကြားတွင် စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်လျှင်ပြီးရော ဟူသည့် အတွေးအခေါ်ကို အစိုင်အခဲဖြစ်လာစေခဲ့သည်။ ဘေးထွက်ဆိုးကျိုးတခုက စစ်တပ်ကို စစ်တန်းလျား ပြန်မပို့နိုင်သော အချိန်ကာလ ရှည်ကြာလွန်းသောအခါ လူထုအကြားတွင် ငြီးငွေ့မှုဖြစ်လာသည်။ ထို့ကြောင့် မ တရားသည့် ဖွဲ့စည်းပုံနှင့် မတရားသည့် ရွေးကောက်ပွဲလုပ်ပေးမည်ဆိုသည်ကိုပင် အရပ်ဘက်နိုင်ငံရေးသမား တချို့စိတ်ထဲတွင် မဆိုးပါဘူးဟူသောေ၀၀ါးမှုမျိုး ဖြစ်တည်စေခဲ့သည်။
၁၉၆၂-၂၀၁၀ အထိ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးတွင် အရပ်ဘက် နိုင်ငံရေးသမားတို့၏ တာဝန်မဟုတ် ဟု လျှော့လျှော့ပေါ့ပေါ့ တွက်လျှင် ၂၀၁၀ အလွန်တွင် စစ်တပ်က နိုင်ငံရေးတွင် ဆက်ပါနေမည့်ကိစ္စသည် အ ရပ်ဘက်နိုင်ငံရေးသမားတို့၏ တာဝန်မကင်းဟုဆိုရတော့မည်။ ပြန်ချုပ်လျှင် အရပ်ဘက်နိုင်ငံရေးသမားတို့၏ နိုင်ငံရေးရင့်ကျက်မှုရေချိန်၊ စည်းလုံးညီညွတ်မှုရေချိန်က အနာဂတ်တွင် စစ်တပ်ကို နိုင်ငံရေးမှ တောထုတ်နိုင်၊ မထုတ်နိုင်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟူသော အချက်သည် မြန်မာ့နိုင်ငံရေးအတွက် အမှန်တရားဖြစ်ပေ သည်။
နေသွင်
(စက်တင်ဘာ ၁၇၊ ၂၀၁၀)
1 comment:
When people analyse an event or an outcome, internal factors are usually overlooked or underestimated. The roles of external pressures and other stake holders are perhaps, overtly emphasized. They often explain the incidents in or even altering the story to fit into their theory.
I am not resenting the theory of the author but just complementing.
Chain actions and reactions inside the whole structure of the armed forces as well as the organisation holding the power (in this case SPDP) should be studied.
Due to the ongoing election process, in my opinion, the integrity of the armed forces is deteriorating. Moreover, SPDC is going to incorporate business tycoons into future SPDP government. This, in my opinion, will further deteriorate the usual, taken for granted, solidarity and loyalty of the army.
One ingredient for self destruction is gradually self nurturing now.
Only question is, to what extent, will the opposition be able to exploit this.
Judging by the way the have REACTED (not pro-acted) in the past, it is dubious that they would be able to harness the situation significantly.
Thargii
Post a Comment