ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် သစ်တောဝန်ကြီး ဦးသိန်းအောင်က ဆိုက်ကားသမားများကို မြိုနယ်ကြံ့ဖွတ် ရုံးတွင် အစည်းအဝေးခေါ်ယူပြီး ငွေချေးမည်ဟုပြောကာ မဲဆွယ်စည်းရုံးခဲ့ပါသည်။ ၂၅-၆-၂၀၁၀ နေ့တွင် ပြော ဆိုခဲ့ခြင်းဖြစ်ပါသည်။ ဆိုက်ကားသမားများအတွက် ချေးငွေ ( ၅၀) သိန်းဖြစ်ပြီး အတိုးနှုန်းမှာ (၁,၀၀၀) ကို (၅၀) နှုန်းဖြင့်သာ ချေးမည်ဟုဆိုကာ မယကနှင့် စည်ပင်သာယာကို လွှဲပေးခဲ့ပါသည်။ ၀န်ကြီးပြန်သွားပြီး နောက် မယက က သတ်မှတ်ထားတဲ့ အတိုးနှုန်းအတိုင်း မပေးဘဲနှင့် အတိုးနှုန်းကို တိုးမြှင့်ကာ (၁,၀၀၀) ကို (၁၅၀) ကျပ်နှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်းကို မယကမှ ဆိုက်ကားသမားများအား အသိပေးပြောကြားခဲ့ ပါသည်။
ငွေထုတ်ပေးမည့် ပုံစံမှာလည်း သမ၀ါယမကပေးတဲ့အတိုင်း (၃) ယောက်ကို တအုပ်စု၊ (၁) ယောက်ကို (၃) သောင်းနှုန်းနှင့် ချေးမည်ဖြစ်ပြီး ပြန်ဆပ်ရာတွင်လည်း တနေ့ကို ငွေ (၆၀၀) နှုန်း ပြန်သွင်းပေးရမည်ဖြစ်သည်။ ဆိုက်ကားသမားများက ယင်းအတိုးနှုန်းနှင့်တော့ မချေးဟုဆိုကာ မိမိတို့အချင်းချင်း ညှိနှိုင်းပြီး အားလုံးမချေး ဘဲ နေခဲ့ကြသည်။ ဒီကြားထဲတွင် ဆိုက်ကားလိုင်စင်ကိုလည်း အခုလတွင်း အပြီးလုပ်ရမည်ဖြစ်ကြောင်း စည် ပင်ရုံးတွင် ဆိုင်းဘုတ်တင်ထားသည်။ ဆိုက်ကားသမားများမှာ ချေးငွေကို မချေးလိုသော်လည်း ဆိုက်ကား လိုင်စင်ဝင်ရန် မဖြစ်မနေ ငွေချေးရမလိုဖြစ်နေပါသည်။ လက်ရှိအခြေအနေတွင် ငွေလည်း မချေးချင်၊ ဆိုက် ကားလိုင်စင်ကလည်း ၀င်ရတော့မည်ဖြစ်သဖြင့် ငွေရေးကြေးရေး အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။
အင်္ဂပူသား
Saturday, September 18, 2010
အင်္ဂပူ ဆိုက်ကားသမားများရဲ့ ဒုက္ခ (ပေးစာ)
Subscribe to:
Post Comments (Atom)
1 comment:
Hi, all of you stop THAI LOTTERY(Chell), no need to borrow.
Post a Comment