ရဲဘော်ကျော်သန်း
ရှေ့ဆောင်းပါး “ငါး ငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ” ရဲ့ အဆက်လို့ဆိုတော့ သ တင်းလို ရေးမယ်ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ်တပ်ရမယ်ထင်တယ်။ မီဒီယာတွေရဲ့ ရပ်တည် ချက်နဲ့ ပတ်သက်ပြီး ကျနော်ရေးတဲ့ ဝေဖန်ရေးဆောင်းပါးကို တုံ့ပြန်မှု အများအပြား ရှိခဲ့ပါတယ်။ အဲဒီထဲမှာ သ တင်းသမားတချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့သတင်းဌာနတွေအတွင်းက အထက်အောက် ပ ညာပြ ဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်းဆိုင်ရာ ဖောက်ပြားမှုတချို့ကိုပါ ဖွင့်ဟလာကြပါတယ်။
မြန်မာသတင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့်ကတော့ စာရှည်ရေးပြီး တုံ့ပြန်လာပါတယ်။ သူ့စာရဲ့အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက်ထုတ်ထားတာပါပဲ။ ကျနော့်အမြင်မှာတော့ သူ့စာပါ အ ချက်တွေဟာ အကျကောက်ဝေဖန်ရေးလို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာမလိုဘူးလို့ ဆုံးဖြတ်ပါတယ်။ ကိုမောင် မောင်မြင့်ကိုလည်း ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စပြီးပြီလို့ပဲ စိတ်မှတ်ထားလိုက်ပါတယ်။
သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာအကြောင်းက ပေါ်လာပြန်တယ်။ အကြောင်းကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တကိုယ်တော်အင်တာ ဗျူးပြီး ကျနော့်ဆောင်းပါးပါ အချက်အလက်တွေကို အမည်မဖေါ်ပြဘဲ ထုချေသွားပါတယ်။ တကိုယ်တော်ဗျူး ပြီး တဖက်သတ် ပြောသွားတာက ပြဿနာမဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေထဲက အချက်တချို့ကတော့ တုံ့ပြန်ချေလှယ်ဖို့ လိုအပ်လာပါတယ်။ အင်တာဗျူးပါ အဓိက ချေလှယ်ဆွေးနွေးချင်တဲ့ အချက် (၃) ချက်က တော့ ...
(၁) မီဒီယာကို တပါတီလက်ကိုင်တုတ်ဖြစ်ဖို့ ပြောတယ်ဆိုတဲ့အချက်နဲ့ ကြားနေမယ်ဆိုတဲ့အချက်။
(၂) ဝါဒဖြန့်ချိရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထားအမြင်နဲ့ တင်ပြချက်။
(၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွမ်းသွားတဲ့ အချက်တွေ ဖြစ်ပါတယ်။
ကိုမောင်မောင်မြင့် အင်တာဗျူး ပထမပိုင်းမှာ မေးတဲ့သူက ပြည်ပဒီမိုကရေစီလှုပ်ရှားသူတွေက သူတို့ရဲ့လှုပ် ရှားမှု၊ သူတို့ရဲ့အသံကို မီဒီယာတွေက ထုတ်လွှင့်မှု နည်းပါးလာတယ်လို့ စွပ်စွဲနေတယ်။ အဲဒါ ဘယ်လိုလဲလို့ ပင့်ထောင်မေးခွန်းထုတ်လိုက်ပါတယ်။ ဒီတော့မှ ဖြေကြားသူက ပြည်ပလှုပ်ရှားသူတွေက မီဒီယာတွေကို “သူ တို့ရဲ့ အာဘော်တခုအနေနဲ့ ရပ်တည်စေချင်ပါတယ်” လို့ ပြောသွားပါတယ်။ “ဒီလို ပါတီတခုရဲ့ လက်ကိုင် တုတ်အနေနဲ့ မဖြစ်နိုင်ဘူး” လို့ ဆက်ပြောသွားပါတယ်။ ဒါဟာ ကျနော့်ဆောင်းပါးပါ အချက်အလက်တွေနဲ့ ကော ရည်ရွယ်ချက်နဲ့ပါ လုံးဝကွဲလွဲပါတယ်။ တလွဲအဓိပ္ပာယ်ကောက်ပြီး တဖက်သတ် ထုချေထားတာဖြစ်ပါ တယ်။ လူအများအကြား ဖြစ်ပေါ်နေတဲ့ မီဒီယာတွေအပေါ် မေးခွန်းထုတ်စရာ အမြင်တွေကို လမ်းလွှဲဖို့ ကြိုးစား တဲ့ မေးဖြေတွေပဲဖြစ်ပါတယ်။
ကျနော့်ဆောင်းပါးအချုပ်က သတင်းမီဒီယာသမားတွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလက လို အဖိနှိပ်ခံ လူထုဘက်က ရပ်တည်ဖို့ တိုက်တွန်းထားတာသာ ဖြစ်ပါတယ်။ ကျနော့် ဆောင်းပါးအဆုံးမှာ ဒါ ကို အတိအလင်း ရေးထားပါတယ်။ ပါတီတခုရဲ့ လက်ကိုင်တုတ်ဖြစ်ရမယ်လို့ အဓိပ္ပာယ်သက်ရောက်စေတဲ့ အ ချက် တစိုးတစိမပါဘူးလို့ အာမခံနိုင်ပါတယ်။ ဒီကြားကမှ ဒီလိုအဓိပ္ပာယ်မျိုးလို့ အနက်ဖွင့် မေးဖြေသွားကြတဲ့ သတင်းသမားနှစ်ဦးရဲ့ အတွေးအမြင်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပါတယ်။
ကိုမောင်မောင်မြင့်စာပါ ကျနော့်ရဲ့ ပြောရေးဆိုခွင့်အတွက် အသက်ပေးကာကွယ်မယ်ဆိုတာ ဘယ်လိုဖြစ် သွားရတာလဲ။ ကြားနေချင်ပါတယ်လို့ ဆိုနေကြတဲ့ သတင်းသမားတချို့ကို မေးခွန်းတခု တင်ချင်ပါတယ်။ လူ နဲ့လူချင်းကြားက ပြဿနာ၊ အမှားအမှန် ဆုံးဖြတ်ရွေးချယ်ရမယ့် ပဋိပက္ခတွေမှာ သတင်းသမားတွေဟာ ဘယ် လောက်များ ကြားကျအောင် နေနိုင်ပါသလဲ။ ဘယ်လို ကြားကျအောင် နေကြမလဲ။ ဘယ်လို သီလ၊ သမာဓိ တွေနဲ့ ကြားကျအောင် ရွေးချယ်မလဲ။
လူဆိုတာ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အချက်အလက်တွေကို မြင်ကြားသိမှတ်ပြီး နှစ်သက်ခြင်း မနှစ် သက်ခြင်း၊ မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း မကောင်းခြင်းကို ဝေဖန်ခွဲခြားသတ်မှတ်ပြီး သင့်တော်သလို သူ့စိတ် ခြေခံအတိုင်း တုံ့ပြန်တတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ သူ့ရဲ့ဆုံးဖြတ်သတ်မှတ်ပြီး တုံ့ပြန်ချက်တွေရဲ့ အမှားအမှန် နဲ့ ဘက်ရွေးချယ်မှုဟာ သူ့ရဲ့ပညာ၊ သီလ၊ သမာဓိနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကိုယ့်ဆန္ဒကို ထိန်းချုပ်ပြီး အမှားအမှန်၊ အဆိုးအကောင်း ခွဲခြားသတ်မှတ်မှုကို ရှောင်ကြဉ်ခြင်း (သို့) ကြားနေခြင်းဆိုတာ ဥပေက္ခာတရား ကို လက်ကိုင်ပြုခြင်းလို့ ယူကောက်နိုင်ပါတယ်။
ကျနော် သိသလောက် ဗုဒ္ဓတရားအလိုအရတော့ ဥပေက္ခာတရားကို လက်ကိုင်ပြုနိုင်တယ်ဆိုတာ ဘုရား ရဟန္တာများရဲ့အရာ၊ သီလ၊ သမာဓိနဲ့ ပညာ အားကြီးသူတွေရဲ့အရာလို့ ဆိုပါတယ်။ ဒီနေ့ သတင်းမီဒီယာသ မားများဟာ သာမန်ပုထုဇဉ် လူသားတွေသာဖြစ်ပါတယ်။ ကလျာဏဖြစ်သလား၊ အန္ဓဖြစ်သလား ခွဲချင်ရင် ဆက်ခွဲကြည့်နိုင်ပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ သတင်းသမားတွေလည်း သူလိုကိုယ်လို ပတ်ဝန်းကျင်က အဖြစ် အပျက်တွေအပေါ် အကောင်း အဆိုး၊ အမှန် အမှား၊ ကြိုက်ခြင်း မကြိုက်ခြင်း စတဲ့ ခွဲခြားတုံ့ပြန်ခြင်း ဆန္ဒစွဲတွေ နဲ့ မလွတ်ကင်းနိုင်ပါဘူး။
သတင်းသမားတွေ ဆန္ဒစွဲနဲ့ မကင်းနိုင်တာကို သာဓကပြပါဦးမယ်။ ကျနော်တို့ ABSL အနေနဲ့ ဗမာပြည် ဒီမိုက ရေစီထွန်းကားရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေကို တတ်စွမ်းသလောက်နဲ့ လုပ်ခဲ့ကြတယ်။ လုပ်နေကြ တယ်။ ပြည်ပသတင်းမီဒီယာတွေမှာ ပါတဲ့အခါ ပါတယ်၊ မပါတဲ့အခါ မပါဘူး။ တခါတလေ ပါပြန်ရင်လည်း ပုံ ပျက်ပန်းပျက်နဲ့ ပါလာတတ်တယ်။ အခု RFA သတင်းထောက်ဖြစ်နေတဲ့ ကိုညိုဆိုရင် ကျနော်တို့ လှုပ်ရှားမှုတ ခုပြီးတိုင်း သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒါ မတရားဘူး၊ ဒါ ဘက်လိုက်တာ၊ ဒါ စော်ကားတာ စသည်ဖြင့် ခံစားဒေါသပေါက်ကွဲတာ မကြာခဏပဲ။ ကျနော်ကိုယ်တိုင်လည်း ခံပြင်းပေမယ့် သူ့ကို ဒါတွေကို ဂရုမစိုက်ဖို့၊ ကျနော်တို့ လှုပ်ရှားဆောင်ရွက်တဲ့ အဓိကရည်ရွယ်ချက်က ကျနော်တို့ရဲ့ဆန္ဒ ဖော်ထုတ်ဖို့ဖြစ်တယ်။ အိန္ဒိယနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ တိုင်းပြည်အခြေအနေကို သိအောင် ဖော်ထုတ်ဖို့ဖြစ်တယ်။ သတင်းမီ ဒီယာတွေမှာ ဖော်ပြခံရတာဟာ အစွန်းထွက် အကျိုးရလာဒ်သာဖြစ်တယ်လို့ ဖျောင်းဖျခဲ့ပါတယ်။
စိတ်ထိခိုက် နာကျင်ခံစားရလွန်းလို့ မမေ့နိုင်တဲ့ သတင်းသမားရဲ့ဆန္ဒစွဲနဲ့ ကျနော်တို့အပေါ် ပြုခဲ့တဲ့ စော်ကားမှု တခုကို ရင်ဖွင့်ချင်ပါသေးတယ်။ ၂၀၀၇ သံဃာ့အရေးခင်းအပြီးမှာ ABSL က ဗုဒ္ဓဂယာမှာ တပတ်ကြာ ထိုင်သ ပိတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယ၊ ယိုးဒယား၊ သီရိလင်္ကာ၊ တိဗက်၊ ဂျပန်၊ ကိုးရီးယား၊ ကမ္ဘောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ် က ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တချို့ရက်တွေမှာ ငါးဆယ်လောက်၊ တချို့ရက်တွေမှာ တရာလောက် ပါဝင်ခဲ့ကြတယ်။ အဲဒီသတင်းကို အိန္ဒိယမှာ ဌာနခွဲရော၊ သတင်းထောက်တွေရော ရှိနေတဲ့ DVB က “ ဗုဒ္ဓဂ ယာမှာ လူသုံးဆယ်ခန့် လူတစုက ထိုင်သပိတ်လုပ်နေတယ်” လို့ လုပ်ချသွားပါတယ်။
အဲဒီ့သတင်းပိုဒ်ကလေးကို ဖတ်ပြီး ကျနော့်ခေါင်းထဲ ဖျတ်ကနဲ ဝင်လာတာကတော့ မဆလက ကျနော့်တို့ကို အပုပ်ချခဲ့တဲ့ စကားလုံးတခုပါ။ ရှစ်လေးလုံးမတိုင်ခင် ကျနော်တို့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲ၊ တရားပွဲတွေ လုပ်ကြတယ်။ မဆလရေဒီယိုကနေ ကျနော်တို့ကို ကျောင်းသားဆိုးတစုက အလှူခံပုံးတွေ ဖောက်တယ်လို့ လိမ်ညာအပုပ်ချခဲ့တယ်။ အသုံးအနှုန်းက DVB နဲ့ မဆလ ရေဒီယိုနဲ့ ကွက်တိအံကျ တူနေတယ်။ လူတစုလို့ သုံးနှုန်းတယ်ဆိုတာ ချိုးနှိမ်လိုတဲ့၊ ကဲ့ရဲ့လိုတဲ့ သဘောဆောင်တယ်ဆိုတာ သတင်းသမားတွေ မသိလေရော့ သလား။ စိတ်ထဲမှာ အတော်ထိခိုက်မိပြီး လုပ်ရဲလိုက်ကြတာ၊ လုပ်ရက်လိုက်ကြတာလို့ပဲ အောက်မေ့ပါတယ်။ ကျနော်တို့ ဘာပြဿနာမှ မလုပ်ခဲ့ပါ။ အဲဒီသတင်းဌာနရဲ့ မူဝါဒသဘောထား မဟုတ်ဘူးလို့ဘဲ မှတ်ယူခဲ့ပါ တယ်။ ကာယကံရှင် သတင်းသမားရဲ့ ဆန္ဒစွဲ အမှားလို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။
ကျနော့်တဦးချင်းအမြင်ပြောရရင် ဘက်လိုက်မှုကင်းတဲ့ သတင်းမီဒီယာဌာနရယ်လို့ မရှိပါ။ ဒီနေ့ ကမ္ဘာ့သတင်း လောကကြီးရဲ့ ဦးဆောင်ဌာနတွေဖြစ်တဲ့ BBC၊ CNN၊ AP၊ AFP စတဲ့ ဌာနကြီးတွေက ပြောနေတဲ့ ဘက်လိုက် မှု ကင်းရှင်းရမယ်ဆိုတာဟာ စကားအရာ (Rhetoric) သာဖြစ်ပါတယ်။ ဘက်လိုက်တယ်၊ မလိုက်ဘူး၊ ဘယ် ဘက်လိုက်မယ်ဆိုတာဟာ ပြဿနာအမျိုးအစားနဲ့ ဆက်စပ်နေတဲ့ သူတို့အကျိုးစီးပွား အတိမ်အနက်ပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ကွဲပြားတတ်ပါတယ်။
အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့ကြတယ်။ အမေရိကန်တွေ အီရတ် ကို သိမ်းပြီး စစ်တိုက်ရတဲ့ သူတို့အကြောင်းပြချက်ဖြစ်တဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီး များရှိတယ်ဆိုတာ သက်သေရှာမရတဲ့အခါ သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့တာ “ဗူး” ပေါ်သလို ပေါ်သွား ခဲ့တယ်။ တချို့ BBC ဝန်ထမ်းတွေ နှုတ်ထွက်သွားခဲ့ကြတယ်။ ဒါရိုက်တာကိုယ်တိုင်ကလည်း ဘက်လိုက်ခဲ့ တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ဂျာဇီးဒါး (Aljazeera) သတင်းဌာန ပေါ်ပေါက်လာတာ၊ ကမ္ဘာ့သတင်းမီဒီယာ လောကမှာ အလျင်အမြန် နေရာရလာတာဟာ အရှေ့အလယ်ပိုင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး အထက်က သတင်းဌာနကြီးတွေရဲ့ ဘက်လိုက်မှု အကျိုးရလဒ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ သတင်းသမားဆိုတာလည်း ခံစားချက်နဲ့ မကင်းနိုင်ပါဘူး၊ ဆန္ဒစွဲနဲ့ မကင်းနိုင်ပါဘူး။ ဘက်လိုက်မှုကင်းအောင် နေလို့မရနိုင်ပါ။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေနဲ့ မကင်းနိုင်တဲ့အတူ ဘက်လိုက်ရင်တောင် အမှန်တရားဘက်က လိုက်ကြဖို့ အဖိနှိပ်ခံ လူ များစုဘက်က လိုက်ကြဖို့ လိုပါတယ်။
ဒုတိယ ချေလှယ်ဆွေးနွေးချင်တဲ့ အင်တာဗျူးပါ ၀ါဒဖြန့်ချိရေးနဲ့ပတ်သက်တဲ့ အမြင်ဖြစ်ပါတယ်။ မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌကိုယ်တိုင်က ဝါဒဖြန့်ချိရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဓိပ္ပာယ်လို့ ထင်မြင်ယူဆနေတာဟာ အတော်စိတ်မကောင်းစရာပါ။ Not for Nothing ဘာအတွက်မှ မဟုတ်ရင် ဘာမှမဟုတ်ဘူးတဲ့။ ယဉ်ကျေးမှု ခေတ် လူတွေမှာ ရည်ရွယ်ချက်မဲ့ စုဖွဲ့လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ကူးသန်းရောင်းဝယ်ရေး တွေ၊ သတင်းမီဒီယာတွေ၊ စာနယ်ဇင်းတွေ လုပ်ကြတယ်။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လုပ်ကြတာပါ။ အခြေခံမူဝါ ဒတွေလည်း ကိုယ်စီရှိတတ်ပါတယ်။ အဲဒီလို ဦးတည်ချက်တွေ ပေါက်မြောက်ဖို့အတွက် အဲဒီအခြေခံမူတွေ အ တွေးအမြင်ဝါဒတွေ လူအများကြားမှာ ပြန့်ပွားဖို့ လိုအပ်ပါတယ်။ ဒီလိုပြန့်ပွားဖို့အတွက် လူထုဆက်သွယ်ရေး ယန္တရားတွေဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သတင်း၊ စာနယ်ဇင်းများကို အသုံးချဆောင်ရွက်ကြတယ်။ ဒါ လူမှု ရေးလောကထဲက ဝါဒဖြန့်ချိရေးဖြစ်ပါတယ်။
ခရစ်ယာန်တွေရဲ့ သတင်းကောင်း (Gospel) တို့၊ ဧဝံဂေလိ (Evangel) တို့ဆိုတာ ခရစ်တော်ရဲ့ လူလူချင်း မေတ္တာထားရေးတရားတွေ ပြန့်ပွားဖို့ ဝါဒဖြန့်ချိတာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ကလည်း သူ့ရဲ့ပထမဆုံးရဟန်း တွေကစလို့ သံဃာတော်တွေကို သစ္စာလေးပါးတရား ပြန့်ပွားဖို့ တလမ်းကို တပါးစီသာ ကြွချီဟောကြားဖြန့်ချိ ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါတွေဟာ ဘာသာရေးထဲက ဝါဒဖြန့်ချိရေးပဲဖြစ်ပါတယ်။
ဒါကြောင့် ဝါဒဖြန့်ချိရေးဆိုတဲ့ ဝေါဟာရဟာ ဖက်ဆစ်အာဏာရှင်တွေ သုံးစွဲခဲ့လို့ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရ လို လူထုအကြား ရေပန်းမစားတော့ပေမယ့် အနှစ်သာရအားဖြင့် ကောင်းတဲ့သဘောဖြစ်ပါတယ်။ အလိမ်အ ညာများနဲ့ မကောင်းတဲ့ ဒုစရိုက်ကိုသာ ပြန့်ပွားစေရင် အကုသိုလ်မကောင်းမှုဖြစ်သလို ကောင်းတဲ့ သုစရိုက် တရား၊ သမ္မာတရားတွေကို ဖြောင့်မတ်မှန်ကန် ဟောပြောပို့ချ ပြန့်ပွားစေမယ်ဆိုရင် ကုသိုလ်ဖြစ်တဲ့ ကောင်း တဲ့ ဝါဒဖြန့်ချိရေးပဲ ဖြစ်ပါတယ်။
နေ့စဉ် ရိုက်နှက်ခံနေရတဲ့ မောင်ဖြူ့အကြောင်းကို ဒီနေ့ မောင်ဖြူ ရိုက်ခံရတယ်။ ဘယ်သူက ရိုက်တယ်၊ ဘယ် နှစ်ချက် ရိုက်တယ်၊ တုတ်က ကြီးတယ် သေးတယ်ဆိုတဲ့ အချက်အလက်လောက် ပေးရုံနဲ့ သတင်းသမားရဲ့ တာဝန်ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ ဒီလောက်ကတော့ ပွဲရုံ တာလီစာရေး အဆင့်ပဲ ရှိပါတယ်။ အရိုက်ခံရတဲ့ အ ကြောင်းအရင်းတွေ အရိုက်ခံရတဲ့ ဘေးက လွတ်ကြောင်း နည်းနာတွေ၊ သင်ခန်းစာတွေပါ လူထုအကြား ပြန့် ပွားစေနိုင်မှ သတင်းသမားတာဝန် ပြည့်စုံပါတယ်။ ဒါကြောင့် သတင်းစာနယ်ဇင်းသမားတွေမှာ ဝါဒဖြန့်ချိရေး တာဝန်လည်း ရှိပါတယ်။ ဒါ့ကြောင့်လည်း စာနယ်ဇင်းသတင်းသမားတွေ၊ လူထုအကျိုးပြု စာပေသမားတွေကို ကိုယ့်ဦးစွန်းဖုတ်ကို မီးရှို့ပြီး လောကကို အလင်းရောင်ပေးနေတဲ့ ဖယောင်းတိုင်လို လူစားတွေလို့ ထောပနာပြု ကြတယ်။
သတင်းစာနယ်ဇင်းသမားတွေ ရွေးချယ်ရမှာက ဘယ်သူတွေကို ကိုယ်စားပြုမလဲ၊ ဘယ်တရားကို ကိုယ်စားပြု မလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီနေ့ မျိုးချစ်စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကတော့ အမျိုးသားလွတ်မြောက်ရေး နဲ့ ဒီမိုကရေစီထွန်းကားရေး အသိပညာတွေ ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။
တတိယအချက် ဆွေးနွေးချင်တာက DVB ရဲ့ ဖောက်ပြန်မှားယွင်းမှုကို အားပေးထောက်ခံ သွားခြင်းဖြစ်ပါ တယ်။ ကိုမောင်မောင်မြင့်က DVB ရဲ့ သတင်းထုတ်လွှင့်မှုတွေ တိုးတက်လာတာဟာ NCGUB ကနေ ခွဲ ထွက်ပြီး သီးခြားလွတ်လပ်စွာ ရပ်တည်လာလို့ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကောက်ချက် ဖြစ်သလို ဖောက်ပြန်မှားယွင်းမှုကို အားပေးအားမြှောက်ဖြစ်စေတဲ့ စကားဖြစ်ပါတယ်။ DVB ရဲ့ ထုတ်လွှင့်မှု တွေ အဆင့်အတန်း တိုးတက်လာတာဟာ ပြည်တွင်းနဲ့ နယ်ခြားသတင်းသမားတွေ (တကယ်တော့ ဒီမိုကရေ စီအရေး လှုပ်ရှားသူတွေပါ) ရဲ့ ဘဝနဲ့ရင်းပြီး စွန့်စားဆောင်ရွက်မှုတွေနဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံ မြင့်မား လာတာကြောင့်ပဲ ဖြစ်ပါတယ်။ NCGUB ရဲ့ ဝါဒဖြန့်ချိရေး အသံလွှင့်ဌာနအဖြစ်ကနေ သစ္စာဖောက်ထွက်ပြီး သီးခြားလွတ်လပ်စွာ ဆောင်ရွက်လာလို့ မဟုတ်ပါဘူး။ လူထုက ဒီမိုကရက်တစ်အသံဆိုပြီး ယုံကြည်ထောက် ခံ အားပေးပြီးသားဖြစ်ပါတယ်။ NCGUB ကလည်း ဘာလုပ်ရမယ်၊ ဘာတွေလွှင့်လို့ နေ့စဉ် ညွှန်ကြား စွက်ဖက် နေတယ်လို့ မကြားမိပါဘူး။ လုပ်ငန်းဆောင်ရွက်နေတဲ့ ပုံစံက ထူးထူးခြားခြားပြောင်းလဲတာ မတွေ့မိပါ။ မြန်မာ သတင်းသမဂ္ဂ ဥက္ကဋ္ဌတယောက်အနေနဲ့ ဒီလိုဖောက်ပြန်မှားယွင်းမှုကို အားပေးအားမြှောက်ဖြစ်စေတဲ့ စကား မျိုးကို မပြောသင့်ပါ။ သစ္စာမတည်တဲ့ အိမ်ထောင်ရှင်တယောက်ရဲ့ ဖောက်ပြားမှုကို စွန်တယ်၊ စွမ်းတယ်လို့ ချီး မွမ်းသလိုပါပဲ။
ကျနော် ငွေတပြားတချပ် မရဘဲ ဒီနေ့ခေတ်အခြေအနေအရ လူမုန်းများ ရန်သူမွေးတဲ့ ဝေဖန်ရေးဆောင်းပါး တွေ ရေးနေတာဟာ မျှော်လင့်ချက်နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုက ကျနော်တို့ တော်လှန်ရေးအတွင်း ပြုပြင် ပြောင်းလဲရေးနဲ့ တခုက နောင်မျိုးဆက်တွေအတွက် သင်ခန်းစာရရှိစေရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရုပ်သ ဘောအရ ခိုင်မာသလိုရှိပေမယ့် စိတ်ဓာတ်ရေးရာအရ (နိုင်ငံရေးအရ) မခိုင်မာဘူးလို့ မြင်ပါတယ်။ သူတို့မှာ ကြောက်စိတ်နဲ့ လက်နက်ကလွဲလို့ ဘာမှမရှိပါဘူး။ နိုင်ငံရေးသမား အမြောက်အမြားကို ဖမ်းဆီးထားရတာက သာဓက ဆောင်ပါတယ်။ ဒီလိုမခိုင်တဲ့ စစ်အုပ်စုကို အနှစ် (၂၀) ကျော်အထိ ကျနော်တို့ အနိုင်မယူနိုင်တာဟာ ကျနော် တို့ရဲ့ ညံ့ဖျင်းချက်ကြောင့်ဖြစ်ပါတယ်။ စုစည်းမှု အားနည်းလို့ ဖြစ်ပါတယ်။
စုစည်းမှု အားနည်းစေတာဟာလည်း လျော့ရဲတဲ့ ဦးဆောင်မှု ဘုံလုပ်ငန်းစဉ် ကင်းမဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်ရှိ ဦးဆောင်မှုပုံစံနဲ့ လုပ်ဟန်တွေနဲ့တော့ အောင်ပွဲနဲ့ ကင်းဝေးနေဦးမှာပဲဖြစ်တယ်။ တော် လှန်ရေးအတွင်းက ဖောက်ပြန်မှားယွင်းမှုတွေကို အမြန်ဆုံးရှင်းထုတ်ပြီး တိကျပြတ်သားတဲ့ ဘုံလမ်းစဉ်နဲ့ ခိုင် မာတဲ့ ဦးဆောင်မှုကို လိုအပ်နေပြီဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်ကော ကျနော်တို့အတွက်ပါ အချိန် သိပ်မရှိတော့ပါ။ စစ်အုပ်စုအောက်မှာ ကြာလေ တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးအန္တရာယ်နဲ့ နီးလေဖြစ်ပါ တယ်။ စစ်အုပ်စုကတော့ သူ့ကိုယ်ကျိုးအာဏာကလွဲရင် တိုင်းပြည်နဲ့ လူမျိုး ဘာတွေဖြစ်နေနေ စိတ်မဝင်စား တော့ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း သဘာဝပေးတဲ့ အသက်အရွယ်က အတော်ရင့်ရော်လာကြပြီ။ ရှစ် ဆယ့်ရှစ် မျိုးဆက်တွေတောင် လေးဆယ်တမ်း၊ ငါးဆယ်တမ်းဆိုတော့ ဗမာပြည်သက်တမ်းနဲ့ တွက်ရင် အချိန် သိပ်မကျန်တော့ပါ။ ဒီတော့ ကျနော်တို့ သက်တမ်းအတွင်း တိုက်ပွဲပြီးဆုံးစေလိုရင် ကျနော်တို့ အမှားတွေ အ မြန်ပြင်ပြီး အမြန်စုစည်းဖို့ လိုအပ်ပါတယ်။
မိတ်ဆွေတယောက်ကတော့ ကျနော့်မျှော်မှန်းချက် ပြည့်မြောက်ဖို့ ခဲယဉ်းတယ်။ အလကားနေ လူမုန်းမခံဖို့ စေတနာနဲ့ ပြောလာပါတယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ ဒီမျှော်လင့်ချက် မဖြစ်ခဲ့ရင်တောင် ကျနော့်ရဲ့ ဝေဖန်စာတွေဟာ နောင်မျိုးဆက်တွေအတွက် သင်ခန်းစာအဖြစ် အသုံးဝင်နေလိမ့်မယ်လို့ မျှော်လင့်နေပါသေး တယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်က (ဆိုပါစို့) အကြိမ်တရာမြောက် စမ်းသပ်မှု မ အောင်မမြင်ဖြစ်သွားပြီး သူ့ဆရာကို သတင်းပို့ပါတယ်။ သူ့ဆရာက အေးကောင်းတယ်။ တို့ မဖြစ်နိုင်တဲ့ နည်း လမ်းတရာ တွေ့ထားပြီဆိုတော့ ဒီနည်းလမ်းတရာကို ဖယ်လိုက်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ပိုနီးစပ်လာပြီလို့ အားပေးပါတယ်။ ကျနော့်ဝေဖန်စာတွေက ကျနော်တို့အမှားတွေ၊ ကျနော်တို့ တွေ့ခဲ့ (လုပ်ခဲ့) တဲ့ မအောင်မြင် နိုင်တဲ့ နည်းလမ်း တွေကို နောင်မျိုးဆက်တွေအတွက် ရှောင်ရန် သင်ခန်းစာတွေအဖြစ် အသုံးဝင်နေပါလိမ့် မယ်။ နောင် အောင်ပွဲခံမယ့် မျိုးဆက်သစ်တွေအတွက် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
တိုင်းပြည်ကို ဒီမိုကရေစီ ထူထောင်မယ်ဆိုရင် ထူထောင်မယ့်သူတွေက အရင် ဒီမိုကရက်ဖြစ်ဖို့ လိုပါတယ်။ ဒီ မိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်အယူဆတွေ သဟဇာတပြုပြီး အတူတကွ ရပ်တည်လှုပ်ရှားတဲ့ စနစ်ဖြစ် ပါတယ်။ အပြန်အလှန် ဝေဖန်စစ်ကြောခြင်းဆိုတာ မတူကွဲပြားမှုတွေ ကြားက အဓိက ပေါင်းကူးဆက်သွယ် ရေးဖြစ်ပါတယ်။ ချိန်ခွင်လျှာလည်း ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်မှုတွေကို ရင့်ကျက်မှု၊ သည်းခံမှု၊ စနစ်တ ကျ တုံ့ပြန်မှုတွေနဲ့ လက်ခံကျင့်သုံးဖို့ လိုပါတယ်။ မှားယွင်းတဲ့ ဝေဖန်မှု သို့မဟုတ် ကွဲလွဲတဲ့ အမြင်အယူအဆ တွေကို စာပါ အချက်အလက်တွေအလိုက် အကျိုးသင့်အကြောင်းသင့် မချေလှယ်ပဲ လူကိုမကျေ ချေကိုချေ မယ်ဆိုတာမျိုးနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျက်စီးသွားတတ်ပါတယ်။
အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ တာဝန်ယူနေသူများ၊ ပါဝင်ပတ်သက်နေသူများဟာ ဝေဖန်ရေးနဲ့ မကင်းနိုင်ပါဘူး။ ဝေဖန်ရေးဆိုတာကလည်း အများနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ အများအကျိုးကို မျှော်ပြီး ဝေဖန်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အမည်တပ် ဖော်ထုတ် ဝေဖန်ရတာတွေလည်း ရှိ နိုင်ပါတယ်။ အဲဒီအခါ ကိုယ့်အားသာချက် သို့မဟုတ် လုပ်ပိုင်ခွင့် အသုံးချပြီး စာကိုမချေ လူကိုချေမယ်ဆိုရင် တော့ အများအကျိုးလည်း ပျက်စီးသွားမှာဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာ လုပ်ပိုင်ခွင့် အာ ဏာဆိုတာ အများအကျိုးအတွက် ဆောင်ရွက်ဖို့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပ်နှင်းထားတာဖြစ်ပါ တယ်။ ဒါကို အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက “ကျနော်ဟာ အိန္ဒိယရဲ့ ပထမဆုံး အစေခံ နံပါတ် (၁) ဖြစ်ပါတယ်” လို့ သူ့ရဲ့ လွတ်လပ်ရေးမိန့်ခွန်းထဲမှာ ဖွင့်ဟဝန်ခံထားပါတယ်။
ကျနော်တို့ အသွေးအသားတွေထဲမှာ စွဲဝင်နေတဲ့ “ကိုယ်နဲ့မဆိုင်ရင် အသာငြိမ်နေ၊ ဆိုင်လို့ မနိုင်ရင် သည်းခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်” ဆိုတဲ့ မဆလ အမူအကျင့်တွေကို မချေချွတ်နိုင်သေးသရွေ့တော့ ကိုယ့်တာဝန် ကိုယ်မကျေနိုင်ဘဲ ဒီမိုကရေစီအောင်ပွဲဆိုတာလည်း အလှမ်းဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ရခဲ့ ရင်လည်း ဗိုလ်ချုပ်အောင်ဆန်း ပြောသလို **** ဒီမိုကရေစီပဲ ဖြစ်နေဦးမှာပါ။
ဒါကြောင့် တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့ကြားမှာ မှန်ကန်တဲ့ အ ပြန်အလှန်ဝေဖန်ရေးရှိဖို့ လိုပါတယ်။ ဘုရားရှင်ကိုယ်တိုင်က ကိုယ့်အမှားကို ထောက်ပြတဲ့သူကို မြေတွင်းထဲ က ရွှေအိုးကြီးတွေကို ဖော်ပေးတဲ့သူလို ကျေးဇူးတင်လိုက်စမ်းပါလို့ ဟောကြားပြီး ဝေဖန်ရေးကို အားပေးခဲ့ပါ တယ်။ ဆရာအစဉ်ဆက်တို့ကလည်း ဝေဖန်ရေးဆိုတာ အကောင်းဆုံးလမ်းပြလို့ ဆိုမိန့်ခဲ့ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းကို တည်ဆောက်ပြီး အောင်ပွဲရယူဖို့အတွက် အပြန်အလှန် ဝေဖန်စစ်ကြောမှုကို ကျနော်တို့ လက်ခံနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။
မပြည့်စုံတဲ့ လူတယောက်သာဖြစ်တဲ့ ကျနော့်ရဲ့ ဝေဖန်မှုတွေမှာလည်း အလွန်အကျွံတွေ အလွဲအမှားတွေနဲ့ ကင်းစင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ခံရသူများကကော စာဖတ်သူများကပါ ဘယ်ဟာ၊ ဘယ်လိုမှား တယ်၊ ဘယ်ဟာ ဘာ့ကြောင့် လက်မခံနိုင်ဘူးလို့ စာကိုချေလှယ် ဝေဖန်တည့်မတ်ပေးကြဖို့ လိုပါတယ်။ ဒါဆို ကျနော်တို့ အဖြေမှန်ကိုရရှိပြီး စာရေးခြင်း၊ ဖတ်ခြင်း၊ ပြန်လှန်ဝေဖန်ခြင်းများကနေ တော်လှန်ရေးအတွက် တစုံ တရာ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒါကြောင့် ဝေဖန်ရေးမှာ စာကိုပဲချေ လူကိုကျေဖို့ လိုအပ်ပါတယ်ဆိုတဲ့အ ကြောင်း သြဓိဿမေတ္တာ အနောဓိဿ မေတ္တာများနဲ့ စေတနာစကား လက်ဆောင်ပါးလိုက်ပါတယ်။
ရဲဘော်ကျော်သန်း
၁-၉-၂၀၁၀
5 comments:
အင်း မြန်မာနိုင်ငံဒီမိုကရေစီရမရတော့မသိသေးဘူး လတ်တလောမှာတော့ ဒီမိုကြီးများကတော့ နေ့စဉ် ကုလားထိုင်နှစ်လုံးရှေ့မှ ချထိုင်ပြီး လူတတ်ကြီးတွေလုပ် အတွေးခေါ်ပညာရှင်တွေလုပ် ဗျူးလိုက် ဟစ်လိုက် ကစ်လိုက် အချင်းချင်းစော်လိုက်ကြ ဦးသန်းရွှေ ချေးပါသေးပေါက်တာကအစ ဘယ်ပုံဘယ်နည်းပေါက်တာ ပါတာ စသဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်နဲ့ ဒါနဲ့ပဲအချိန်ကုန် ဒါနဲ့ပဲသေကြတော့မယ့်သူတွေပဲ...
အဲ့ ဒီ mg ဆိုတာ သန်းရွေ ကျွေးထားတဲ့  ခွေးဝဲစားလေးတကောင်ဆိုတာ သိသာပါတယ်။ ခွေးဆိုတာ လူစကားနားမလည်တော့  ခွေးဝဲစားဆိုတာ ပိုတောင်နားမလည်ရှာမှာ ပေါ့။ ဘာတခုမှလဲ နားလည်တတ်သိပုံမရ။ ဗဟုသုတကလဲ သုည။ ဒါပေမဲ့  သူ့ သခင်လ့ူ့ ငနွားကြီး သန်းရွေ ဆီက အရိုးအရင်းလေးများ ချကျွေးလို ချကြွေးလိုကြွေး ငြားနဲ့  အခုခုဆွေးနွေးကြတာ ရေသားကြတာတွေံရင် ကိုယ့်အဆင့်အတန်းလည်း ကိုယ်နားမလည်။ ကိုယ့် ဥာဏ်ရည်ဥာဏ်သွေးက ခွေးသာသာဆိုတာလဲ သတိမထားဘဲ အသံကြားရာလှမ်း ဟောင် နေတာပါ၊။ ဒီလို ခွေးဝဲစားလေးတွေ အူတိုင်းသာ ထကြည့် နေရရင် ဘယ်မှာ အကောင်းနေရတော့မလဲ။
မင့် ပထွေး လူ့ ငနွားကြီးသန်းရွှေ ချေးပါသေးပေါက်တာ စိတ်ဝင်းစားတာ မင်းဘဲ ရှိတယ်၊ ဘာလို့ လဲဆိုတော့ မင်းဘ၀က သန်းရွှေလူ့ ငနွားကြီး ယိုကျွေးမှ စားရသောက်ရတဲ့ ဘ၀ကိုး ကွ။
ကြည်မြင့်
အားလုံးသတိ
အင်း.. စာကိုပဲချေ လူကိုကျေပါလို့.. ဝေဖန်တည့်မတ်ပေးပါလို့ တောင်းပန်လာတော့လဲ.. မိန့်ကြားရပေ မပေါ့ဗျာ.. ဟီးဟီး ကိုယ့်ဘာသာပြောလိုက်တာ စကားလုံးက ပါးစပ်နဲ့တောင် မဆံ့ဘူး..
ကိုကျော်သန်း ရေးခဲ့သလိုပါပဲ.. လူဆိုတာ ဆန္ဒစွဲကင်းဖို့ ကြားနေဖို့ အင်မတန်ခက်ပါတယ်.. ဒါကြောင့်လဲ သတင်းသမားတွေရဲ့ ကျင့်ဝတ်မှာ အဖြစ်ကို အဖြစ်တိုင်းပဲ တင်ပြရမယ်လို့ သတ်မှတ်ခဲ့တာပေါ့ဗျာ.. ဘာလို့လဲဆိုတော့ အဖြစ်တိုင်း မတင်ပြပဲ ကိုယ့်ကောက်ချက်၊ ထင်မြင်ချက် တစ်ခုခု ထုတ်လိုက်ပီဆိုတာနဲ့ ဒါဟာ သူ့ဆန္ဒစွဲရဲ့ စွက်ဖက်လွှမ်းမိုးမှု အနဲအများ သက်ရောက်တော့မှာ အမှန်ပါပဲ..
ပီးတော့ ရှေ့မညီနောက်မညီ ကိုယ့်စကားမှာပဲ ကိုယ်တိုင်ပြန်ပတ်နေတာ မောင်ဖြူဥပမာမှာ မြင်ပါရဲ့.. သတင်းသမားတွေဟာ အကိုပြောသလိုပဲ တာလီစာရေးမှတ် အဆင့်တင်မက အရိုက်ခံရတဲ့ အကြောင်းအရင်းတွေ.. ရိုက်သူဘက်က ဘာကြောင့်ရိုက်တယ်ဆိုတဲ့ စကားတွေ.. အရိုက်ခံရသူက အမြင်တွေ.. ရိုက်သူကို ဘေးကဘယ်လိုမြင်တယ်.. အရိုက်ခံရသူကို ဘေးကဘယ်လိုမြင်တယ်ဆိုတာတွေ အဖြစ်ပျက်တစ်ခုလုံးကို အရှိကိုအရှိတိုင်း ပေါ်လာအောင် တင်ပြနေတယ် မဟုတ်ဘူးလားဗျာ.. အဲဒါကို ကွက်ကွက်လေး ဖြတ်တောက်ပီး ဘက်လိုက်ထုတ်လွှင့်ပေးပါလို့ ကမောက်ကမ ပါးစပ်ဖွာခဲ့တာ ဒီဥပမာ ပေးတဲ့ လူမှ ဟုတ်ပါရဲ့လားဗျ.. ကြည့်ရတာ တာလီစာရေးလောက် လုပ်တော်ပီ.. ထပ်မဖွနဲ့ဆိုတဲ့ အမြင်မျိုး ရှိပုံပါပဲ...
နောက်တစ်ခုက cnn တို့ bbc တို့ ဘက်လိုက်တယ်.. မင်းတို့လဲ ဘက်လိုက်ပါဆိုပီး သေဖော်ညှိတာပါပဲ.. အဲလိုဘက်လိုက်ရင် သတင်းလောကမှာ ဘယ်လောက်ရှက်ဖို့ ကောင်းတယ်.. မှန်ကန်တဲ့ လုပ်ရပ်ဟုတ်လား မဟုတ်လားဆိုတာ အဲဒီက တာဝန်ရှိသူတွေ နှုတ်ထွက်ပေးရတာ အမြင်ပါပဲလေ.. မှန်ကန်တဲ့လုပ်ရပ်ကို ကျွန်တော်လုပ်မိလို့ နှုတ်ထွက်ပါတယ်လို့ များ ဆင်ခြေပေးခဲ့လို့ ဒါတွေကို ဥပမာယူနေတာလား ခင်ဗျာ..
ပြောရမယ်ဆိုရင်ဗျာ.. ခုအဖြစ်မှာပဲ မီဒီယာတွေက အကိုရေးခဲ့သလို ကိုယ့်အားသာချက်လုပ်ပိုင်ခွင့်ကို ယူပီးဖြဲလိုက်မယ်ဆိုရင်.. အကိုရေးခဲ့သလို “ကိုယ်နဲ့မဆိုင်ရင် အသာငြိမ်နေ၊ ဆိုင်လို့ မနိုင်ရင် သည်းခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်” ဆိုရင် အကို့အတွက် မတရား ပါဘူးခင်ဗျာ.. ဒီတော့ သတင်းဌာနတွေဟာ သူတို့အားသာချက်ဆိုတာထား အဖြစ်ကို အဖြစ်တိုင်း.. အကို့အသံရော သူတို့အသံပါ ထုတ်ပေးရပါမယ်.. ခုတော့ အကိုပြောခဲ့တဲ့ အကျင့်ပျက်တွေကို မီဒီယာတွေ လုပ်ကြပါလို့ အကိုယ်ကိုယ်တိုင် တိုက်တွန်းနေမိတယ်ဆိုတာ သတိထားမိရဲ့လားခင်ဗျာ..
ဆန္ဒစွဲဆိုတာ မရှောင်နိုင်တဲ့ လူသားမို့ ကိုယ့်ကောက်ချက်ကို ပြောလဲပြောမနေပဲ သတင်းရေးတဲ့နေရာမှာ အဖြစ်ကို အဖြစ်တိုင်း တင်ပြရမယ်.. နှစ်ဖက်အသံပါရမယ်ဆိုတာဟာ အများပြည်သူကို အဖြစ်ပျက်တွေ ချပြနေရတဲ့ သတင်းဌာနတွေအဖို့ ရှိကို ရှိသင့်တဲ့ ထားကိုထားရမဲ့ စည်းမျဉ်းလို့ ကျွန်တော်မြင်ပါတယ် ခင်ဗျား..
ဒီတော့ လူဆိုတာ အစွဲမကင်းနိုင်တဲ့ အမျိုးအစားပေမဲ့ ကိုကျော်သန်းရဲ့ အစွဲဖြစ်တဲ့ ဘက်လိုက်ပီး တဖက်စောင်းနင်း အသံတွေပဲလွှင့်ပါလို့ ရှိသင့်တဲ့ မှတ်ကျောက်ကို တိုက်ခိုက်လို့ အမှားကြီးကို အမှန်လို့ မြင်တဲ့အစွဲကတော့ ဟားဟား.. အကို့ကိုတင် ထိခိုက်တာမဟုတ်.. အကိုတို့ တော်လှန်ရေးကြီးဟာ အဖြစ်ကို အဖြစ်တိုင်း ဖော်ပြမယ်ဆိုတဲ့ သတင်းမှတ်ကျောက်ကို အတင်မခံရဲတဲ့ ပုံစံမျိုးကြီး ဖြစ်စေတာမို့ ဆောင်းပါးမှာ တော်လှန်ရေး တော်လှန်ရေးနဲ့ သိပ်မသုံးပါနဲ့လားဗျာ.. တော်ကြာ အကို့အမြင်မှားတွေ အဲဒါကို ရောယောင် ထိခိုက်မှာဆိုးလို့ပါ..
ပြောခဲ့သလိုပါပဲ.. တကယ်မှန်တဲ့ လူတွေအဖို့ မီဒီယာမှတ်ကျောက်ဟာ ကိုယ်ဘယ်လောက် မှန်တယ်ဆိုတာ အားရ၀မ်းသာ အစစ်ခံသင့်တဲ့ ကိစ္စပါပဲ.. အဖြစ်ကို အဖြစ်တိုင်း ပြောစမ်းပါလေ.. ကိုယ်မှန်ရင် ဘာကြောက်ရမှာလဲ..
အားလုံးသက်သာ
မောင်သတိ
နေ့စဉ် ကုလားထိုင် ၂ လုံးရှေ့မှာချထိုင်ပြီး အမြှုပ်တစ်စီစီထွက်အောင် ဦးသန်းရွှေ ချေးပါသေးပါတာကအစ ဆရာကြီးတွေပုံစံဖမ်းပြီး Analysis လုပ်နေတာတွေကိုကြည့်ပြီး အမြဲတည်တည်နေတတ်တဲ့ကျုပ်လည်း မတည်နိုင်တော့ဘူး ကျုပ်တွက်တော့ သူတို့ဟာ တကယ့်ဟာသလူရွှင်တော်တွေပဲဗျာ...
တော်တော်ရီစရာကောင်းတဲ့လူတွေပဲဗျာ...
အဲ့ ဒီ mg ဆိုတာ သန်းရွေ ကျွေးထားတဲ့  ခွေးဝဲစားလေးတကောင်ဆိုတာ သိသာပါတယ်။ ခွေးဆိုတာ လူစကားနားမလည်တော့  ခွေးဝဲစားဆိုတာ ပိုတောင်နားမလည်ရှာမှာ ပေါ့။ ဘာတခုမှလဲ နားလည်တတ်သိပုံမရ။ ဗဟုသုတကလဲ သုည။ ဒါပေမဲ့  သူ့ သခင်လ့ူ့ ငနွားကြီး သန်းရွေ ဆီက အရိုးအရင်းလေးများ ချကျွေးလို ချကြွေးလိုကြွေး ငြားနဲ့  အခုခုဆွေးနွေးကြတာ ရေသားကြတာတွေံရင် ကိုယ့်အဆင့်အတန်းလည်း ကိုယ်နားမလည်။ ကိုယ့် ဥာဏ်ရည်ဥာဏ်သွေးက ခွေးသာသာဆိုတာလဲ သတိမထားဘဲ အသံကြားရာလှမ်း ဟောင် နေတာပါ၊။ ဒီလို ခွေးဝဲစားလေးတွေ အူတိုင်းသာ ထကြည့် နေရရင် ဘယ်မှာ အကောင်းနေရတော့မလဲ။
မင့် ပထွေး လူ့ ငနွားကြီးသန်းရွှေ ချေးပါသေးပေါက်တာ စိတ်ဝင်းစားတာ မင်းဘဲ ရှိတယ်၊ ဘာလို့ လဲဆိုတော့ မင်းဘ၀က သန်းရွှေလူ့ ငနွားကြီး ယိုကျွေးမှ စားရသောက်ရတဲ့ ဘ၀ကိုး ကွ။
ကြည်မြင့်
Post a Comment