Friday, September 10, 2010

လူမိုက်သား ရမ်းကားနှင့် ကျွန်ပ်တို့၏ ပြည်သူလူထု၏ ...

လူမိုက်သား ရမ်းကားနှင့် ကျွန်ပ်တို့၏ ပြည်သူလူထု၏ ...
စိုးနေလင်း

ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်မှာ စက်တင်ဘာလ (၄) ရက်နေ့က ဖြစ်ပွားသွားခဲ့တဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူသတ်မှုအကြောင်းကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

လူမိုက်သားတွေကတော့ ရမ်းကားသွားခဲ့ပြန်ပါပြီ။ အများပြည်သူလူထုရှေ့မှာ ပြည်သူလူထုက မွေးဖွားထား တဲ့ အရွယ်ကောင်းသား ယောက်ျားလေးနှစ်ယောက်ကို အော်တော်မစ်တစ် သေနတ်တွေနဲ့ ပစ်သတ်သွားခဲ့ပါ ပြီ။ ပစ်သတ်သွားရုံသာမကသေးဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်” လို့တောင် ပြည်သူလူထုကို ကြိမ်းမောင်း စိန်ခေါ်သွားလိုက်ပါသေးတယ်။ အဲဒီသူတွေဟာ ဘယ်သူတွေပါလဲ။ စစ်အစိုးရက “တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင် အဖ” လို့ ဆိုထားတဲ့ တပ်မတော်သားတွေပါ။ အဲဒီလူသတ်မှုကို ကျူးလွန်သူတွေဟာ ပြည်သူလူထုရဲ့သားတွေပါပဲ။ သူတို့ ဘာဖြစ်လို့ ဒီလောက်ရက်စက် ရိုင်းစိုင်းသွားကြတာပါလဲ။ ဘာဖြစ်လို့ ဒီလောက်ထိ လူစိတ်ကင်းမဲ့သွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါ တယ်။ သူတို့ရဲ့ပထွေးတွေဖြစ်တဲ့ စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေမှာ၊ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေးအခေါ်တွေကြောင့်ပါပဲ။

“တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန် လုပ်ပြီးပြီလားလို့ မေးလိုက်တဲ့ အချိန်မှာ အဲဒီရဲဘော်ဟာ တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချလိုက်ပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူ အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြခဲ့ပါသတဲ့”

သူတို့ ဆိုနေကျသီချင်းတပုဒ်ကို သတိရပါသေးတယ်။ “ပြည်သူနဲ့တွေ့တော့ ပန်းလို၊ ရန်သူနဲ့တွေ့တော့ မီးလို” ပါတဲ့။ ဒီလူငယ်လေးနှစ်ယောက်ဟာ သူတို့ရဲ့ ရန်သူဖြစ်နေခဲ့ပါသလား။ ဘာဖြစ်လို့များ စစ်မြေပြင်မှာ သုံးရ မယ့် ဒီလိုလက်နက်မျိုးတွေကို ပြည်သူလူထုကြားထဲ အလွယ်တကူ သယ်ယူလာ၊ အလွယ်တကူ ပစ်ခတ် သတ်ဖြတ်နိုင်ခဲ့ကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။သူတို့ရဲ့ ပထွေးတွေက ပြည်သူလူထုကို ရန်သူလို သဘောထားခဲ့လို့ပါပဲ။ ဒါ အခုမှ မဟုတ်သလို ဒီဖြစ်ရပ်မျိုးတွေဟာလည်း အခုမှ မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေ တိုင်းပြည်အာဏာကို လုယူသိမ်းပိုက်လိုက်ကတည်းက ဒီလိုဖြစ်ရပ်မျိုးတွေ နေရာအနှံ့ ဖြစ်ပွားခဲ့ဖူးပါ တယ်။ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာ၊ မြို့ပြတွေမှာပါ။ စစ်အာဏာရှင်တွေက အညိုရောင်၊ အမည်း ရောင် သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင်တော့ အထူးပြောနေစရာ လိုမယ်မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေခိုင်းတဲ့အတိုင်း၊ အမိန့်ပေးတဲ့အတိုင်းကိုလည်း ပြည်သူလူထုထဲက စစ်တပ်ထဲ ရောက်သွားကြတဲ့ တပ်မ တော်သားဆိုသူ စစ်သားတွေကလည်း နာခံလုပ်ဆောင်ပေးခဲ့ကြပါတယ်။

ကျနော်တို့ ၁၉၈၉ ခုနှစ် စစ်အစိုးရ စစ်ခုံရုံးတခုက မတရား ပြစ်ဒဏ်ချမှတ်မှတ်လို့ အကျဉ်းကျနေခဲ့တဲ့ အချိန် တုန်းက တခါသားမှာ ကျနော်တို့တိုက်တွေကို အစောင့်တာဝန်ကျလာတဲ့ စစ်တပ်က အသွင်ပြောင်း အကျဉ်း ထောင်ဝန်ထမ်း ဖြစ်လာကြသူတွေ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒု-တပ်ကြပ် ဖြစ်လာကြပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတိုက်တွေမှာ တာဝန်ကျလာတဲ့ အချိန်မှာ ကျနော်တို့က သူတို့ကို ရန်သူလို သဘောမထားခဲ့ပါဘူး။ ကိုယ့်ညီလေးတွေလိုပဲ သဘောထားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၊ ကိုယ့်ရှိတဲ့ အစားအစာလေးတွေကို ချကျွေးပြီး မိတ်ဆွေဖွဲ့ခဲ့ကြပါတယ်။

တချို့ဆို အတော်ကြီး ခင်မင်လာခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာခဲ့ကြပါတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ရှေ့တန်းတနေရာ (ကရင်ပြည်နယ်အတွင်း) က ထိုးစစ်တခုမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ တုန်းက တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြခဲ့ပါတယ်။ သူက သံတိုင်တံခါးအပြင်က ကျနော်က သံတိုင်တံခါးအတွင်းကပေါ့လေ။ ကျနော် သူပြောတဲ့ ဖြစ်ရပ်ကို နားထောင်ရင်း ကြက်သီးမွေးညင်းထ အံ့သြ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် စက်ဆုပ်ရွံ ရှာသွားခဲ့ရပါတယ်။

သူ ပြောပြခဲ့တဲ့ ဖြစ်ရပ်က ဒီလိုပါ။ ကရင်ပြည်နယ်ထဲက ရွာပုံးတခုကို သူတို့တပ်ခွဲက ၀င် ရောက်စီးနင်းခဲ့တုန်း ကပါတဲ့။ ရွာက ကြိုတင်သတင်းရထားပုံ ရပါတယ်တဲ့။ ရွာထဲမှာ ဘယ်သူမှမရှိကြတော့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အလောတကြီး ထွက်ပြေးတိမ်းရှောင်သွားကြပုံပေါ်ပါတယ်။ ဆန်ရွေးလက်စ ဆန်ကောတွေ၊ ချက် လက်စ ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရပါတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်းရှိနေပါတယ်လို့ဆိုပါတယ်။ သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြပါတယ်။

တဲတလုံးထဲမှာတော့ ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေးတယောက်ကို မမျှော် လင့်ဘဲ တွေ့ခဲ့ကြပါတယ်။ ကလေးလေးက လာပြီး ပွေ့ချီတဲ့ စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေ မယ့် မငိုပါဘူးတဲ့။ ရဲဘော်တွေလည်း ကလေးလေးကို ပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကို မီးရှို့ရမှာမို့ ကလေးကို ခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။ နောက် တရွာလုံးက အိမ်တွေ၊ စပါးကျီ တွေကို မီးတိုက်ပြီး သူတို့တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြပါတယ်။ ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တ ယောက်တလှည့် ကျောမှာ အ၀တ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ ခေါ်ခဲ့ကြပါတယ်တဲ့။

ကံကောင်းချင်တော့ သူတို့တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေး မလုပ်ခိုင်းတော့ဘဲ နောက်ထပ်အရေးကြီး တဲ့ တာဝန်တခုပေးဖို့ ရှေ့တန်း နောက်တန်း တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့ အမိန့်ရလာခဲ့ပါတယ်။ ရဲဘော်
တွေလည်း အားရ၀မ်းသာ ပြန်ကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကရင်ရွာထဲက အခါလည် သားလောက် ကလေးတယောက်တွေ့လို့ ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို သတင်းပို့ခဲ့ရပါတယ်။ ဗျူ ဟာမှူးရဲ့ တုန့်ပြန်အမိန့်ကတော့ “အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်ရှင်းခဲ့” တဲ့။ အမိန့်ကို တပ် ခွဲမှူးက သူ့တပ်သားတွေကို ပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေ မျက်စေ့မျက်နှာပျက်ပြီး ဘာတခွန်းမှ ပြန်မ ပြောနိုင်ကြတော့ပါဘူး။

အချိန်တန်လို့ တပ်ခွဲပြန်ခေါက်တဲ့အချိန်မှာ ကလေးလေးဟာ ရဲဘော်တယောက်ရဲ့ နောက်ကျောမှာ ပါလာခဲ့ပါ တယ်။ တပ်ခွဲမှူးက ကလေးကို သတ်ပြီး ထားခဲ့ဖို့ ဘယ်သူတာဝန်ယူမလဲလို့ မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီ တာဝန်ကို မယူခဲ့ဘူးလို့ ဆိုပါတယ်။ တပ်ခွဲမှူးကလည်း ဗျူဟာမှူးရဲ့အမိန့်ကို မလိုက်နာလို့ မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့ အမိန့်ပေးပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက ဘယ်သူမှ တာဝန်မယူတဲ့အ တွက် တာဝန်ယူမယ့်သူကို တခြားသူတွေရတဲ့ စစ်တပ်ရမ် အရက် (Army Rum) ကို ပေးမယ်လို့ မက်လုံးပေး ခဲ့ပါသတဲ့။

နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကို အပြတ်ရှင်းခဲ့ဖို့ အမိန့် ပေးလာပါတယ်။ ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေ ရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ စစ်တပ်ရမ်ကို ပေးဖို့ တောင်းပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတ၀က် လောက်နီးပါးကို တခါတည်း မော့သောက်ပစ်လိုက်ပါတယ်။ နောက်ခဏကြာတော့ ကလေးကို သူ့ကိုပေးခဲ့ဖို့ ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကို ထားခဲ့ပြီး ခရီးဆက် ထွက်ခဲ့ပါတယ်။

အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီး ပြေးလိုက်လာတာ တွေ့ ရပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန် လုပ်ပြီးပြီလားလို့ မေးလိုက်တဲ့ အချိန်မှာ အဲဒီရဲဘော် ဟာ တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချလိုက်ပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါ တယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူ အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တ ပင်နဲ့ ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြခဲ့ပါသတဲ့။

ကျနော် အခုတင်ပြလိုက်တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒီတပ်ခွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက်က စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျနော့်ကို ပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြပါဘူး၊ ဒီအမိန့်ကို ပေးရက်ခဲ့သူက ဗျူဟာမှူးလို့ခေါ်တဲ့ ဗိုလ်မှူးကြီးတယောက်ပါ။ စစ်အာဏာရှင်တွေဟာ လူစိတ်လုံးဝမရှိဘူးလို့ဆိုရင် မလွန်ဘူးလို့ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က လူစိတ်ရှိပြီး အဲဒီကလေးကို မသတ်ချင်ခဲ့တဲ့ ရဲဘော်မျိုးတွေကို စစ်အာဏာ ရှင်တွေက လူစိတ်မရှိတဲ့ ပါးကွက်အာဏာသားတွေဖြစ်လာအောင် မွေးမြူထားခဲ့ပါပြီ။ တောထဲမှာ၊ ရှေ့တန်း စစ်မျက်နှာမှာတင် မကတော့ဘဲ ပြည်သူလူထုတွေ နေထိုင်တဲ့ ရပ်ကွက်ထဲမှာတောင် အပြစ်မဲ့တဲ့ လူငယ်လူ ရွယ်တွေကို သတ်ဖြတ်ရဲတဲ့အထိ ရိုင်းမိုက်လာပါပြီ။

ကျနော်တို့ ပြည်သူလူထု ဘယ်လောက်အထိ သည်းခံနေကြဦးမှာပါလဲ။ မကျေမနပ် ရေရွတ်ပြောဆိုနေရုံနဲ့ တင် စစ်အာဏာရှင်တွေက ဒီလိုရက်စက် ရမ်းကားတဲ့ အပြုအမူတွေကို ရပ်ဆိုင်းစွန့်ပစ်သွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထုတွေ ကြောက်ရွံ့လေ သူတို့ အာဏာခိုင်မြဲလေ ဖြစ်မှာပါပဲ။ ပြည်သူလူထုက မတရားဖိနှိပ်ရက် စက်မှုတွေကို မခံတော့ဘူး၊ အုံကြွ အာခံဆန့်ကျင်လာပြီဆိုရင် စစ်အာဏာရှင်တွေ ဆက်ပြီး ဖိနှိပ်ညှင်းပန်းအုပ် ချုပ်လို့မရပါဘူး။ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် စစ်တပ်ဟာ (၄၀၀,၀၀၀) လောက်ပဲ ရှိပါတယ်။ ကျ နော်တို့ ပြည်သူလူထုဟာ သန်း (၅၀) ကျော် ရှိပါတယ်။ စစ်အာဏာရှင်တွေက အားလုံးကို ပစ်မသတ်နိုင်သလို ဖမ်းဆီးထောင်ချလို့ မရနိုင်ပါဘူး။

လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ ကျနော်တို့ ပြည်သူလူထုတဦးချင်းအနေနဲ့ မိမိကိုယ် ကို ကာကွယ်စောင့်ရှောက်ဖို့၊ မိမိတို့ရဲ့ရင်သွေး သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို အ မှန်တရားနဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံရေးပါတီတွေ နိုင်ငံ ရေးသမားတွေကိုပဲ အားကိုယ်းပြီး တို့က ဘာတတ်နိုင်မှာလဲဆိုတဲ့ အညံ့ခံအရှုံးပေးရေး အတွေးအခေါ်ကို ကိုင် စွဲထားကြမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန်ဖြစ်နေကြရမှာပါ ပဲ။

အကြောက်တရားတွေကို ဖယ်ရှားထိန်းချုပ်ပြီး မတရားတဲ့ စစ်အာဏာရှင်စနစ်ကို တညီတညွတ်တည်း တွန်း လှန်ဖယ်ရှားပစ်ကြရအောင်ပါ။ ။

စိုးနေလင်း

31 comments:

mg said...

ဒီိလိုပဲ သနားလာအောင် မခံချင်စိတ်ဖြစ်အောင်လုပ်တတ်တဲ့ ပုံပြင်တွေကိုပြောပြီး နောက်ဆုံးတော့ ပြည်သူတွေကို လမ်းပေါ်ထွက် ဆူပူသေခိုင်းတဲ့နည်းလမ်းကို အခုထိ ကျင့်သုံးနေတာကိုကြည့်ရင် ဒီ ဒီမိုလုပ်စားနိုင်ငံရေးသမားတွေဟာ အသိဥာဏ်အတော်ခေါင်းပါးပြီး ရက်စက်ကြမ်းကြုတ်နေတယ်ဆိုတာ တစ်နေ့တစ်ခြားပေါ်လာလေလေပါပဲ...လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တက ကြာလေပေါ်လာလေပဲ...ငြိမ်းချမ်းရေးနဲ့တိုးတတ်ပြောင်းလဲရေးကို ဦးတည်နေတဲ့လမ်းကြောင်းဖြစ်တဲ့ ရွေးကောက်ပွဲနီးလေလေ စိတ်ဓာတ်လေးတွေက ဇာတိတွေပြလေလေပါပဲ...

တပ်မတော်သားတွေဟာ ရှေ့တန်းနယ်မြေမှာလည်း စားစရာချို့တဲ့နေတဲ့ပြည်သူတွေကို မိမိရှိတဲ့ ရိက္ခာလေးတွေထဲက မျှဝေပေးသလို ဖျားနာနေရင်လည်း ပါလာတဲ့ ဆေးဝါးတွေနဲ့ကုသပေးလေ့ရှိပါတယ်...ဒီလိုကောင်းမွန်နေတဲ့အရာကို ရက်စက်ကြမ်းကြုတ်တဲ့အမူအရာအဖြစ် တပ်မတော်ကို အရောင်ဆိုးနေတာကတော့ လုပ်ကြံဖန်တီးနေတာကလွဲလို့ ဘာရှိအုံးမှာလဲ...

လင်္ကာ said...

စစ်တပ်ဆိုတာ ယောကျာ်းကောင်းတွေကိုမွေးထုတ်ပေးတဲ့ နေရာပါ။
လက်နက်ကိုင်ပြီးအနိုင်ကျင့်တတ်တဲ့ လူဆိုးတွေ အဖြစ်တဖြည်းဖြည်းပြောင်းလာ နေတာကတော့ ခေါင်းဆောင်တဲ့သူတွေမှာတာဝန်အများ ကြီးရှိပါတယ်။ တပ်မတော်ကိုအရောင်ဘယ်သူမှမဆိုး ပါဘူး။ တပ်မတော်ကိုယ်တိုင်ဆိုးနေတာပါ။
ဘုန်းကြီးသတ်တာ စစ်တပ်ပါ။ ကျောင်းသားကိုသတ်တာစစ်တပ်ပါ။ စစ်သားအချင်းချင်း ပြန်သတ်တာလည်း စစ်တပ်ပါပဲ။
ုမောင် ဆိုပြီး စစ်တပ်ကိုဖားနေတဲ့ ကိုယ့်လူလည်း သတိတော့ထားပေါ့။ ခင်ညွန့် လိုလူမျိုးတောင် လိုအပ်လာရင်ဆွဲစားဖို့ ဝန်မလေးဘူး။ တော်ကြာ မောင်က နေ မောင်းဖြစ်ပြီးအထုခံနေရဦးမယ်။ ဟဲဟဲ

ကိုချစ်ဖေ said...

"ငြိမ်းချမ်းရေးနဲ့တိုးတက်ပြောင်းလဲရေးကို ဦးတည်နေတဲ့လမ်းကြောင်းဖြစ်တဲ့ ရွေးကောက်ပွဲ"လို့ ပြောတယ်ဆိုတော့ ခင်ဗျားလဲ စစ်တပ်ခေတ်မှာ ငြိမ်းချမ်းပြီးဖွံဖြိုးတဲ့ လူနည်းစု စစ်အုပ်စု စားဖားအုပ်ထဲကပဲဖြစ်မယ် အောက်ခြေရဲဘော်ထုထဲကဆိုရင်လဲ အမှန်ကိုအမှန်အတိုင်းသိတဲ့ ဥာဏ်ရှိတဲ့ရဲဘော်ဆိုရင် တိုင်းပြည်ပျက်သွားရတာ ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲဆိုတာ သိပါတယ်။ လူထုတွေ ဘယ်လိုနေလို့
ဘယ်လိုစားသောက်နေရတယ်ဆိုတာကိုလဲ လေ့လာကြည့်ပါဦး..ရွှေပြည်လဲသိပ်မသာနေနဲ့ ကိုမောင်ရေ..ရပ်ကွက်လေးမီးလောင်တာ ငါ့အိမ်နဲ့ဝေးသေးတယ်လုပ်မနေနဲ့ဗျ..မီးမငြိမ်းရင်ခင်ဗျား အိမ် ခင်ဗျားမိသားစုလဲ မလွတ်ပါဘူး..ခင်ဗျားအဲ့ဒီအဖြစ်အပျက်တွေကို မယုံရင် ရှေ့တန်းနယ်မြေထဲမှာ တိုင်းရင်းသားရွာတွေမှာ လာနေကြည့်ပါလားဗျ.ဖြစ်ကိုယ်တွေ့..သိသွားအောင်

* said...

စစ်ဗိုလ်စစ်သားကို ယောက်ျားကောင်းလို့ ဘယ်ဘုရားမှ မဟောဘူး စောက်ရူး လူလိမ် လူညစ် လူသတ်သမားတွေ

* said...

ခွေးမသားတွေ ဂျင်ဂလိနဲ့ မထုသေးလို့ လမ်းပေါ်ထွက်ရဲတာ သတ္တိရှိလှပြီ လုပ်မနေနဲ့
သေနတ်မပါရင် ယောက်ျားချင်း ယှဉ်လို့တောင် လက်သီး မထိုးရဲဘူး

* said...

ပြည်တွင်းမှာ သူပုန်ဆိုပြီးပေါ်တာရော
ကွန်မြူနစ်ပေါ်တာရော
လက်နက်ကိုင်တော်လှန်တာရော
အားလုံးဟာ ခွေးမသား စစ်ခေါင်းဆောင်တွေ မရိုးသားလို့
တန်းတူအခွင့်အရေးဆိုတာကို ပစ်ပယ်ပြီး
ဖိနှိပ်တိုက်ခိုက်လို့ ဖြစ်နေတာပဲ

* said...

စစ်သားဆိုတာ လူတောင်သတ်ရဲတယ်
လိမ်ဖို့ဆိုတာကို စကားထဲထည့်မပြောနဲ့
ယောက်ျားကောင်းဖြစ်တယ်
ကတိတည်မယ်လို့
ဘယ်ဘုရားမှ မဟောဘူး
အခွင့်အရေးရမယ်ဆို လူတောင်သတ်တဲ့လူတွေ

Unknown said...

စစ်တပ်ပျက်စီးနေခဲ့သည်မှာကြာပြီ..၊စစ်သားဟာရှေ့တန်းမှာစားစရာချို့တဲ့အာအမှန်ပါပဲ၊စစ်ဗိုလ်တွေပဲပြည့်စုံတာလေ၊စစ်သားတွေချို့တဲ့ရတာကဘယ်သူ့ကြောင့်လဲ၊
ချမ်းသာချင်တိုင်းချမ်းသာနေတဲ့နိုင်ငံတော်အကြီးအကဲ ဆိုသူနဲ့ စစ်ဗိုလ်ချုပ်တွေ ကြောင့်ပဲမလား၊ စစ်သားတွေကလဲ သိတယ် ၊သိပါတယ် ၊ အဲဒီတော့ချို့တဲ့နေရတဲ့စစ်သားတွေကမထူးဇတ်ခင်းပြီး ရောက်လေရာမှာပြည်သူတွေဆိကလုရော ၊ ဓါးပြတိုက်ရော၊ ဗိုလ်ကျအနိုင်ကျင့်မှုမျိုးစုံလုပ်ရော ၊
ဒီလိုနဲ့ တပ်မတော်ကြီးပျက်စီးခဲ့တာလေ ၊ ခုတော့ ဓါးပြဂိုဏ်းလောက်တောင်စာနာထောက်ထားမှုမရှိတဲ့
လူယုတ်မာတွေစုနေတဲ့လက်နက်ကိုင်အဖွဲ့ကြီးဖြစ်နေပေါ့

Anonymous said...

အားလုံးကပြောတာ မှန်နေတာဘဲ mg က ဘာလို့  ၀င်ကာကွယ်နေတာလဲ တပ်မတော်သားဆိုတာ ရှေ့တန်းနယ်မြေမှာလည်း ပြည်သူတွေကို စားစရာချို့တဲ့ နေရင် မိမိရှိတဲ့ ရိက္ခာလေးတွေထဲက မျှဝေပေးရသလို ဖျားနာနေရင်လည်း ပါလာတဲ့ ဆေးဝါးတွေနဲ့ ကုသပေး ရမှာ တာဝန်ကွ။ စစ်သားဆိုတာ တိုင်းပြည်နဲ့ ပြည်သူကို အသက်ပေးပါ့မယ်လို့ သစ္စာဆိုထားတယ် မဟုတ်လား။
ဒီလိုကောင်းမွန်နေတဲ့အရာကို တပ်မတော်က ပြည်သူ အပေါ်မှာ တချိန်လုံးပြုမူရမှာကွ။ တပ်မတော်ကို ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာအဖြစ် အရောင်ဆိုး နေတာကတော့ စစ်တပ်က အာဏာရူး စစ်ဗိုလ်တချို့  ကြောင့် အခုလို အပြောခံရတာ။ မင်းပြောရမှာ အဲဒီလို မြို့ ပြမှာရော တောစွန် ဇနဖုဒ်မကျန် အကျဉ်းတန်ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ဘယ်လို လုပ်မယ် စစ်သားကလဲ ပြည်သူကို လေးစား ပြည်သူကလဲ စစ်သားက လေးစားပြိးနေထိုင်ကြဖို့ ။
မင်းအဲလိုပြောမှ စစ်တပ်အတွက်ရော ပြည်သူအတွက်ရော ကောင်းဖို့ ဆိုတာ လက်ခံမှာပေါ့
မင်းအခုလိုဝင်ပြောတော့ အားလုံးက ၀ိုင်းဆဲတော့
ကောင်းတဲ့စစ်သားတွေပါ ရောအဆဲခံရပြန်ကော။
မင်းက စစ်တပ်ကို တပ်မတော်ကို ကာကွယ်တာလား ဒီမိုကရေစီကို ရှုံချ ချင်တာလား ဘာလုပ်ချင်တာလဲ

Anonymous said...

စစ်ခွေးတွေရဲ့ မယားပါသာ:mgရေ
မင်းပထွေးတွေဘက်က ဘာဖြစ်လို့ဒီလောတောင်နာနေရတာလဲ တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာပဲရှိခဲ့တာ မင်းပထွေးတွေက စစ်ခွေးတွေ မင်း မျက်လုံးစုံမှိတ်ပြီး လျှောက်မဟောင်နဲ့ မင်းအရိုးပဲကိုက်ရမှာ မင်း တစ်ကယ်ယောက်ျားပီသတယ် မင်းကိုယ်မင်း ယောက်ျားလို့ သတ်မှတ်တယ်ဆိုရင် မင်းကို မေးခွန်းတစ်ခုမေးမယ် အမှန်တိုင်းဖြေ ဟေ့ကောင် မင်းပထွေး စစ်ခွေးတွေက ပဲခူးက လူငယ်လေးနှစ်ယောက်ကို ရပ်ကွက်ထဲမှာ ဝင်ပစ်သတ်သွားတာ ဟုတ်လား မဟုတ်ဘူးလာ:???? မင်းအမှန်တိုင်းဖြေ...ခွေးမသား ဖြုတ်ဦးနှောက်နဲ့ ပေါက်တတ်ကရလျှောက်မပြောနဲ့ စောက်ရူးရဲ့ ပြည်သူတွေထဲမှာ မင်းလိုစောက်ရူးတစ်ယောက်မှမပါဘူး...ရှေ့တန်းနယ်မြေမှာ ရိက္ခာလေးတွေဝေမျှပေးတယ် ဟုတ်လား ခွေးမသား စောက်ပိုတွေလာမပြောနဲ့..နာဂစ်ဒုက္ခသည်တွေကို တစ်ကမ္ဘာလုံးက လှူဒါန်းတွေပစ္စည်းတွေကို ခိုးတဲ့ ခွေးသူခိုးတွေကများ...မင်းပထွေးစစ်ခွေးတွေက ပြည်သူ့ဘဏ်ဏာလေးခိုးလိုက် ကာရာအိုကေဆိုင်လေးသွားလိုက် ဘီယာလေးမူးလိုက် ပြည်သူကိုသတ်လိုက်နဲ့ တော်တော်ကောင်းတဲ့ခွေးမသားတွေ...မင်းက အဲဒီခွေးမသားတွေဘက်ကကာကွယ်ပြောဆိုပေးနေတယ်ဆိုတော့ မင်းလည်းသူတို့နဲ့စရိုက်တူပဲဖြစ်မှာပါ...ခွေးမသားပြောတာနားလည်လား အရိုးကိုက် ချီးစားတဲ့ ပါးစပ်နဲ့ စောက်တစ်လွဲတွေ လာမပြောနဲ့...မင်းပထွေး စစ်ခွေးတွေကို ပြောလိုက်သတ္တိရှိရင် သေနတ်တွေခဏချထားလိုက်ပါလားလို့ ပြည်သူနဲ့လက်လက်ချင်းယှဉ်ရအောင်လို့....

Unknown said...

ဟောင်ကောင်ထူးချွန်းဆုပေးပွဲအခမ်းအနား
ဘလော့လာပရိတ်သတ်များခင်ဗျား-
အကောင်းဆုံးဟောင်ကောင်ဆုကို ပ-ဒု-တ
ပြိုင်ဖက်မရှိရရှိသွားသူကတော့ အားလုံးသိတဲ့ မောင်း
ဖြစ်ပါတယ်။ဆုရရှိသွားတဲ့မောင်းရန်လုံဘွဲ့ယူရန် အိမ်သာ အောက်ကိုကြွပါ.
ဆုရရှိတဲ့မောင်းဟာ ၀မ်းသာအားရအူလိုက်ပါတယ်...
ဂိန်-ဂိန်-ဂိန်

mg said...

ယုတ်မာရိုင်းစိုင်း ဒီမိုအောက်တန်းစား အသိုင်းဝိုင်းဆိုတဲ့ အတိုင်းပါပဲ အမြဲ ဖရုသ၀ါစာစကားလုံးတွေနဲ့ ကိုက်လေ့ရှိပါတယ်...မိဘမျိုးရိုးအဆင့်တန်းက အဆင့်မမှီလေတော့ ဒီလိုပဲပြောတတ်ကြတာထင်ပါတယ်...
Educated မရှိခဲ့တော့ ဒီလိုပဲပြောတတ်ကြတာကို မောင် က မေတ္တာထားပြီး ခွင့်လွှတ်ပေးလိုက်ပါတယ်...

* said...

ခွေးမသာ မောင်
မင့်စာရိတ္တက ဘယ်လောက်ကောင်းလဲ
မင့်အကျင့်စာရိတ္တ မကောင်းရင်
လူစဉ်မမီတဲ့ ဘ၀ချည်း အဖန် ၅၀၀ ဖြစ်ပါစေလို့
ကျိန် ရဲလား

* said...

ကြည့်ကြသေးတာပေါ့ မောင် ဆိုတဲ့ကောင်ရာ
မင်းတို့ ပြောပြောနေတဲ့ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိဆိုတာ။ ဟားဟား
ဒီပဲယင်း လူသတ်မှုနဲ့ တရားစွဲရင် မင့်အဖေတောင် ထောင်ထဲ ရောက်နေလောက်ပြီ

Anonymous said...

အောင်မလေးမေတ္တာစူးပြီးမောင်းရေ.ဟဟ
ပြောတာလဲအားမပါလိုက်တာကွာ.ဇီးပြားသည်သံကြီးနဲ့
ဘာEducated လဲကွ.နည်းနည်းပြောပါဦး
ကို အ၄လုံးမို့ပါ။ဖြစ်နိုင်ရင်မင်းရဲ့ ခုခေတ်
ဗမာပြည်Education အကြောင်းနည်းနည်းရှင်းပြပေး ပါလား။

Anonymous said...

အောင်မလေးမေတ္တာစူးပြီးမောင်းရေ.ဟဟ
ပြောတာလဲအားမပါလိုက်တာကွာ.ဇီးပြားသည်သံကြီးနဲ့
ဘာEducated လဲကွ.နည်းနည်းပြောပါဦး
ကိုကအ၄လုံးမို့ပါ။ဖြစ်နိုင်ရင်မင်းရဲ့ ခုခေတ်
ဗမာပြည်Education အကြောင်းနည်းနည်းရှင်းပြပေး ပါလား။

Unknown said...

ညီလေးရေ မင်းက ပညာဘယ်လောက်တတ်လို့လဲ ပညာတတ်ဆိုတာ အဘက်ဘက်ကမြင်တတ်ရတယ်ကွ မင်းစာတွေဘယ်လောက်ဖတ်ဖူးလဲ အရင်တုန်းက တပ်မတော်ဆိုတာ ပြည်သူကဖြစ်တာ တပ်မတော်ဆိုတာ ပြည်သူ့သားတဲ့ ကြားဖူးလား။ အခုကျတော့ တပ်မတော်သာအမိ တပ်မတော်သာအဖတဲ့ jump promotion ထင်တယ်။ ကိုယ်ကတော့ စစ်တပ်ကို မကောင်းမမြင်ပါဘူး။ စစ်တပ်ဟာစစ်တပ်ပါပဲ။ ဒါပေမယ့်ကွာ မင်းတို့ကို ပြည်သူတွေက ယုံကြည်စွာနဲ့ ဒီလူကိုသေစေနိုင်တဲ့ လက်နက်တွေကို ပုံပြီးပေးထားတာ လက်လွတ်ရမ်းကားတော့မလုပ်သင့်ပါဘူးကွာ။ ကိုယ်လဲစစ်တပ်က လက်ရှိအရာရှိသူငယ်ချင်းတွေ ရှိပါတယ်။သူတို့နဲ့လဲ ခင်မင်နေတာပါပဲ သူတို့ တွေလည်း အတွေးအခေါ်အမြင်ပိုင်းလေးတွေမှာ တွေးပုံ အခြေခံလေးတွေမတူတော့ တစ်ခါတစ်လေ စကားများကြတာပဲ။ ဒါပေမယ့် minilateralism ပေါ့ကွာ။ ကိုယ်ပြောတဲ့ အသုံးအနှုံးရဲ့သဘောတရားကို နားလည်ရဲ့လား။ မင်းက educated လို့ကိုယ့်ကိုကိုယ်ပြောထားလို့ပါ။ ဆန့်ကျင်ဘက်တွေကိုသာလိုက်ကြည့်ပြီး ရန်သူလို့သတ်မှတ်နေရင် ငြိမ်းချမ်းရေးဆိုတာရှိပါအုံးမလား။ မဖြူရင် မဲ။မချစ်ရင်မုန်းဆိုဆာ အလယ်ခောတ်ကျောင်းတော်ရာတုန်းကနဲ့ cold war မတိုင်ခင်က အခြေခံထားစဉ်းစားတဲ့ပုံစံ။ English လိုပြောရရင်တော့ adversary system ပေါ့ကွာ။ မင်းလက်တွေ့ကိုပဲကြည့်လေ။ မင်းက တစ်ခါလေးပြောလိုက်တာ။နောက်မှာမင်းကိုပြန်ပြောတဲ့လူတွေအများကြီးပဲ အဲဒါကိုကြည့်ချင်းအားဖြင့် ကိုယ်မှန်လားမှားနေလားဆိုတာ သိနိုင်ပါတယ်။ ပညာတတ်ဆိုတာဘယ်သူ့ကိုမှမပုတ်ခတ်ရဘူးကွ မင်းကိုပြန်ပြောတဲ့ကောင်က မင်းနဲ့ဆွေမျိုးမတော်တဲ့ တပ်ကလူတွေကိုပဲပြောသွားတာ။ပြောတာမခံနိုင်စရာဖြစ်လွန်းလို့ လူတွေရဲ့ behavior အရပြန်ဆဲတာ။ဒါပေမယ့်သူတို့က မင်းကို ဆဲတာပဲရှိတာ မင်းပြောသွားတာဆဲတာမပါပေမယ့် မျိုးရိုးကအောက်တန်းကြတယ်တွေဘာတွေပြောတော့ များတာပေါ့ညီလေးရာ။ စကားကိုမပြောခင်ကလဲစဉ်းစားပါ ပြောပြီးနောက်လဲစဉ်းစားပါ ပြောနေတုန်းလဲစဉ်းစားပါ။ အရှင့်သားရာဟုလားကျင့်သလိုပေါ့ကွာ။ အောက်တန်းကြတဲ့မျိုးရိုးလို့ဆိုတာက မျိုးရိုးကိုစော်ကားတာပဲ အဲဒါကိုဆန့်ပြီးတွေးလိုက်တော့ မင်းရော မြန်မာမဟုတ်ဘူးလား။မျိုးရိုးဆိုတဲ့ စကားရဲ့အရှည်အနက်ကို မင်းစာကောင်းကောင်းဖတ်ထားရင်သိနိုင်ပါတယ်။ ဒီ comment တွေထဲမှာ min ဆိုတဲ့လူရဲ့ comment ကို အကြိုက်ဆုံးပဲကွာ။ အဲဒါမှမျှတတဲ့တွေးခေါ်မှုကွ။ မင်းကြိုးစားပါအုံးကွာ။ ဒီလိုမြင်နေတာကိုက မင်းအတွေးအခေါ်တွေက ကောင်းကောင်း မသန်မာ မပြည့်သေးဘူးဆိုတာတွေ့နိုင်ပါတယ်။ မင်းဘ၀အချိန်ရှိသရွှေ့တော့ဆက်ပြီး ကြိုးစားပါအုံး။အတွေးအခေါ်မြင့်မားအောင်ပေါ့ကွာ။ ကိုယ်ပြောချင်တာဒါပါပဲ။ နောက် မင်းဆက်ရေးတဲ့ comment က အတွေးအခေါ်ရှု့တောင့်အရ အဆင့်အတန်းအရရော အရေးအသားအရရော မြင့်တက်လာလိမ့်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်။

mg said...

အောက်တန်းစားပြောလို့ ဆွေ့ဆွေ့ခုန်သွားသလား?ကျုပ်က ယုတ်မာရိုင်းစိုင်း ဒီမိုအသိုင်းဝန်းတွေလိုတော့ နွားကျောင်းသား ဆဲနည်းတွေနဲ့မဆဲပါဘူး...ဆဲနေတဲ့သူတွေကတော့ တောကြိုအုံကြား အုတ်ကြိုအုတ်ကြား ဇရက်ကြိုဇရက်ကြားကလာကြတာထင်ပါတယ်
ဒါကြောင့် ဒီလို ဆဲတတ်ကြတယ်ဆိုတာကို နားလည်ပေးပါတယ်...

ကျုပ်ပြောတာတွေက အမှန်တရားတစ်ခုကို ချပြပေးနေတာပါ...

Unknown said...

ယုတ္တိမရှိတဲ့ ပုံပြင်တပုဒ်ပြောသလို မလုပ်နေပါနဲ့ mg၊ တခါလိမ်လို့ပဲ ရမယ်။ ခဏခဏလိမ်ပြီး ဇာတ်လမ်းလန်ကြုတ်တွေ ဆင်နေမယ့်အစား ကိုယ့်အဆင့်အတန်း ကိုယ်မြှင့်တင်ဖို့ ကြိုးစားသင့်ပါတယ်. အချိန်ကုန်အလေလိုက် အမိုက်ဇာတ်ခင်းတာ ရပ်တန်းက ရပ်သင့်ပါပြီ။

* said...

ဟေ့ကောင် "မောင်"
ဗိုလ်ချုပ်အောင်ဆန်းတာရှိသေးရင် တို့နိုင်ငံ ဖာနိုင်ငံဖြစ်တာ မဆန်းဘူး
ဖာသည်ပါးစပ်နဲ့ စစ်ဗိုလ်တွေ အုပ်ချုပ်နေတာကိုး
လို့ ပြောလိမ့်မယ်
မင့်လို တောင်လိုလို မြောက်လိုလို မပြောဘူး

mg said...

ပထွေး တို့ ဖာ တို့ တယ်သုံးသကိုး...အင်း မျိုးရိုးမကောင်းတော့ ဒါတွေပဲနားလည်သိတတ်ခဲ့တယ်ထင်ပါတယ်...

Unknown said...

d lo mite yine tal kg twae shi lo
min tot demo twae ka pa sat nal m tan bu
ta nat nal pal tan tal

sky said...

ဒါတွေဝင်ကြည့်တာတော်တော်လေး စိတ်လေသွားတယ် ဒီမိုကရေစီ အသိုင်းအ၀ိုင်းကြီးက လည်း အုပ်စုဖွဲ့ပြီးတော့ ဟောင်လည်းဟောင်တတ်တယ်.. ကိုက်လည်းကိုက်တတ်တယ်... ရိုင်းလိုက်တာကလည်း သူတို့ရှိတဲ့အမေင်္တွေနှမတွေကျန်သေးရဲ့လား မသိဘူး.. တော်တော်ရိုင်းတာပဲ မင်းတို့ဘွားတော်ကြီးလဲ ဒီလိုပဲလား မသိဘူး...

Fun said...

mg ဆိုတဲ့ခွေးမသားမင်းဟောင်ပြန်ပြီလား။။ ဒီကာင် ကြာလေရူးလေဘဲ။ သူကိုယ်သူအတော်အဆင့်မြင့်လှပြီထင်နေပုံရတယ်၊
ဘောယက်ပြီးအရိုးကိုက်နေရတာလေးကိုဘဲ.ကောင်းလှထင်နေတယ်။ စောက်ရူး..ဘာမှချေချေမြစ်မြစ်ပြောနိုင်တာမဟုတ်ဘူး။ လူတကာ low standard, ကိုယ်ဟာကိုယ် educated ဆိုပြီးဘ၀င် ရူးရူးနေတာ။ ခွင့်လွတ်ပေးလိုက်ကြပါ..

* said...

"မောင်" ဆိုတဲ့ကောင်နဲ "sky" ဆိုတဲ့ကောင်
စကားနဲ့တင်ကို မင်းတို့ နာပြီ မဟုတ်လား
အဲတာ မင့်အဖေ၊ မင့်အမေ၊ မင့်အစ်မ၊ မင့်နှမ၊ မင့်ညီ တကယ်အလုပ် မခံရသေးဘူး။
စကားတောင် နာတတ်ရင်
တကယ် အသတ်ခံရတဲ့သူ၊ ဘယ်လိုရှိမယ်ဆိုတာ
Standard သိပ်ရှိချင်တဲ့ Educated သိပ်ဖြစ်ချင်တဲ့
မောင်မင်းကြီးများ

Unknown said...

I thought , Ko and Mg are students from Russia,,, :) ... so that's why they know the basic Internet Using .. LoL ,,, so they thought as themselves EDUCATED,,, LoL...

Listen Mg and Ko, all the Demo like person were not graduated,,, yeah you may be right...but u know they are spent their lives on the next generation.. But u know actual educated are like democracy and they loved it..

u 2 know,, in Singapore, government spent at least 20 S$ on the meal for a soldier(national service) ,that's just a lowest rank. it's just for the meal. Money were came from Tax. As usual, 12 S$ is very enough for one person as human being in singapore. But citizen never complain for that cause they understood well about their army.

So can i ask how u ate everyday???
ok and then , how the Low rank ate and live ? and How your EDUCATED leaders ( LoL ) live in currently?
If you Myanmar Army were very usefull and helpfull ... (i'm in 27 but never happen like this.. i didn't mean all the low RANK).. u don't need to ask citizen. Citizen will deeply want to pay you!!!

:D ... are you EDUCATED ?? I'm not sure but i thought u r SEDUCATED !!! LoL

If you are real educated, compare with Demo(Daw Aung San Su Kyi) and any Junta leader on International Communication skill. Talking is just the basic!
LoL

IN MY COMMENT, I NEVER USE FOUL LANGUAGE. Because i dare to be called Non-educated. Actually, i'm Graduated in Myanmar, BUT I'M NON-EDUCATED. :D ... LoL
cause i was learn in Myanmar University! LoL

But, i can earn more than you, cause working in DEMOcountry. .. LoL..

Don't worry fellow myanmar, when u are DEMO, we come back and contribute for the next generation. I'm not the political person, but i'm truly, deeply myanmar in my heart. i love my country.

I HOPE YOU 2 EDUCATED CAN READ MY SIMPLE ENGLISH IN THIS COMMENT, I'M WORRIED U TO CAN'T READ. LOL ...
LOL...
LOL ...
LoL...

မန်းကိုကို said...

ဆရာလွဏ်းတို့ကတော့ ချယ်(ရှယ်)ပဲဗျာ၊ မှတ်ချက်ပေးလို့မရတဲ့ သတင်းဋ္ဌာနကဆောင်းပါးကို ကောက်တင်ပေးလိုက်တာ ပွဲလည်းအတော်ကောင်းလာတော့သကိုး။ ဒါတောင်အွန်လိုင်းက အမြဲတမ်းရာကျော်နေတာကို ကွန်မန့်နည်းနေသေးပုံထောက်တော့ ဖတ်ပြီးရင်မောသွားကြသူတွေ၊ ရှေ့ကကွန်မန့်တွေဖတ်ပြီး စိတ်လေသွားကြသူတွေရှိလို့ ထင်ပါရဲ့။

လျှောက်ဖတ်ရင်းနဲ့ အတွေးတွေက ဘေးရောက်သွားတယ်ဗျ။ youtube မှာကြည့်ဖူးတာက လူမျိုးရေးခွဲခြားသူတစ်ယောက်ကို TV အစီအစဉ်တစ်ခုမှာ အင်တာဗျူးလုပ်ပြီး လာတဲ့သူတွေအားလုံးလိုလိုက ဝိုင်းဆဲ၊ စကားနာထိုးကြတဲ့အကွက်ပါ။ ဒီလိုဝိုင်းလုပ်ပေမယ့် ဒီလူက လုံးဝမလျှော့ပဲ တုံ့ပြန်တာကိုတွေ့ရတယ်။ ရှက်ရမ်းရမ်းတယ်၊ ကြောက်ကန်ကန်တယ် ဘယ်လိုနာမည်တပ်တပ်ပေါ့ဗျာ၊ သေချာတာကတော့ လုံးဝအလျှော့မပေးတာပါပဲ။ (ဒီလိုလုပ်တာကို ကျနော်ကတော့ ဝိုင်းအနိုင်ကျင့်တာနဲ့ ဆင်တူတယ်လို့မြင်တယ်။)

နောက်တစ်ခုက ပဋိဇီဝဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါပဲ မသောက်ကြဖို့ပညာပေးတာ သိကြမှာပါ။ မလိုက်နာတော့ကော ဘာဖြစ်သလဲ၊ လတ်တလောကတော့ ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် ဆေးယဉ်ပြီး နောင်ကိုဆေးမတိုးတော့မှ နောင်တဆိုတာဝင်လာတတ်ပါတယ်။ ဒါတောင် နောင်တမရသူတွေ၊ ရရကောင်းမှန်းမသိသူတွေက အများကြီးရှိပါသေးတယ်။ သေရာပါအထိ အတ္တကို ဆုပ်ကိုင်သွားကြတယ်။ ဒါနဲ့လည်းမပြီးသေးပါဘူး။ သူတို့ဆီမှာ မွေးမြူပေးလိုက်တဲ့ ဆေးယဉ်ပြီးပိုးတွေက အခြားလူတွေဆီကူးပြီး ဆင့်ပွားဒုက္ခတွေ အတောမသတ်နိုင်အောင်ပေးကြပြန်ရော။

မဆိုင်တာတွေရှောက်ပြောနေတယ်လို့ ထင်ချင်ရင်လည်းထင်မယ်။ ဒါပေမယ့်ကျနော်မြင်တာကတော့ ၉၉ ယောက် ၁ ယောက်ဖြစ်နေရင်လည်း ကျိုးကြောင်းမသင့်တဲ့ကိုယ့်အသိကို ဆက်ဆုပ်ကိုင်ထားချင်သူတွေ၊ သူတပါးဒုက္ခရောက်တာတွေကို များများဖတ်ပြီး ကိုယ်ချင်းစာရကောင်းမှန်းမသိပဲ ယဉ်ပါးသွားကြသူတွေကို သွားယှဉ်သတိရမိလို့ပါဗျာ။

ဒါ့ပြင် အပေါ်ကဆောင်းပါးမှာပါတာက အကြောင်းအရအနေနဲ့တစ်ခုထဲပါ၊ နယ်မှာနေသူတွေအနေနဲ့ ပြောမကုန်နိုင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေရှိကြပါတယ်။ နားထောင်တဲ့သူတွေမရှိတော့လည်း အတင်းပြောပြဖို့က အခက်သားကလား။ မျက်နှာကြီးရာ ဟင်းခွက်ကလည်းပါသကိုးဗျ။

အေးဗျာ၊ မနေနိုင်မထိုင်နိုင်ဝင်ရေးနေမိပြန်ပြီ။
ဒီကြားထဲ စိတ်ထဲမပါပဲ “ချမ်းမြေ့ပျော်ရွှင်ကြပါစေ” ဆိုတဲ့အဆုံးသတ်လှမယ့် စကားလေးတွေနဲ့လည်း အစမသတ်ချင်၊ နာမည်ဝှက်တွေနဲ့လည်း မရေးချင်တာတွေကတော့ အင်း .. ဆိုးလှသဗျာ .. လို့သာ ဆိုရမယ်ထင်ပါတယ်။

မန်းကိုကို

Unknown said...

Ip checker တို့ အဖွဲ့ကတော့ တော်တော်မိုက်ရိုင်းတာပဲ ။။ အင်း ပစ်လည်းပစ်ချင်စရာပဲ အဲလိုလူမျိုးတွေဆိုရင် ။။ စစ်သားမပြောနဲ့ အရပ်သားတောင် ကွန်မန့်တွေ ဖတ်ပြီး ရိုက်ချင်လာတယ်

* said...

ငါတို့ မိုက်ရိုင်းတာ သူများသားသမီးလည်း မစော်ကားဘူး၊ မင်းတို့လို့ လူလည်းမသတ်ဘူး၊ လူသတ်သမားကို အားပေးအားမြောက်လည်း မလုပ်ဘူး။ လူသတ်သမား ကို အားပေးတဲ့ မင်းတို့ကောင်တွေတာ အခွင့်အရေးရမယ်ဆို
ဖာသည်မပါးစပ်နဲ့ လိမ်ဖို့ ညာဖို့ ဝန်မလေးတဲ့ကောင်တွေ။ မင်းတို့နဲ့ တန်တဲ့စကားနဲ့ ခေါ်ရတာပဲ။

ပြည်တော်သစ်မောင်ထွန်း said...

အရပ်သားအချင်းချင်းတောင် ပြန်ရိုက်ချင်တယ်ဆိုရင်တော့ စွမ်းအားရှင်ပဲ ဖြစ်ရမယ်ဗျာ။ တစ်ရက်ကို ၃၀၀၀ စားလား ၅၀၀၀ စားလားတော့ မသိဘူးဗျို့။ ခင်ဗျားတို့လည်း တဆိတ်ရှိ ရိုက်မယ် ပစ်မယ်ဆိုတာနဲ့ချည်းပဲ။ ဒီအတိုင်းဆက်သွားလို့ကတော့ စစ်တပ်နဲ့ ပြည်သူဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ကုန်တော့မှာပဲ။ တယောက်နဲ့ တယောက် ဆဲဆို ရိုက်နှက် ပစ်ခတ်နေလို့ တိုင်းပြည်ကြီး ဘယ်လိုတိုးတက်တော့မှာလဲဗျ။ စစ်သားလည်း လူဆိုပေမဲ့ ဒေါသလေးလည်း လျှော့ပါဗျာ။ တဆိတ်ရှိ ပစ်မယ်ရိုက်မယ်ဆိုရင်တော့ မနှိပ်သေးဘူးဗျ။ စိတ်လျှော့ ရွေးကောက်ပွဲလည်း နီးပီ

Unknown said...

စကားတွေအရမ်းများကြတယ်ကွာ...
နိုင်ငံတော် တိုးတက်အောင်သာကြိုးစား
အားထုတ်ကြ...