Thursday, August 12, 2010

မြင့်မြင့်အေး (မိတ္ထီလာ) - ရှစ်လေးလုံးအရေးတော်ပုံကြီး ကျဆုံးသွားသလော

ရှစ်လေးလုံးအရေးတော်ပုံကြီး ကျဆုံးသွားသလော
NLD မြင့်မြင့်အေး (မိတ္ထီလာ)

ရှစ်လေးလုံးအစ

ရှစ်လေးလုံးအရေးတော်ပုံကြီးအပေါ် အမြင်တွေ ဝေဝါးနေသလား ထင်မိပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ ကြီးကို “စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီတိုက်ပွဲ” လို့ ရှင်းရှင်းမြင်ရမယ်။ ဒီအရေးတော်ပုံကြီး စတာဟာ ကျောင်းသားနဲ့ အရပ်သား လက်ဖက်ရည်ဆိုင်ရန်ပွဲက စတာလို့ ပြောရင် မမှန်ဘူး။ ဒါ အပေါ်ယံအမြင်ပါ။ အ မြစ်တူးကြည့်ရပါမယ်။ “ရှစ်လေးလုံးအစ ဆဲဗင်းဂျူလိုင်က” လို့ မြင်မှ မှန်လိမ့်မယ်။

ကျောင်းသားသွေးနဲ့ ...

၁၉၆၂ ခုနှစ် ဦးနေဝင်း မဆလအာဏာရှင်စနစ်နဲ့ တပြိုင်တည်း ဆန့်ကျင်ဘက် ဒီမိုကရေစီအင်အားစု မွေးဖွား လာတာဖြစ်တယ်။ ဦးနေဝင်းက အာဏာရှင်စနစ် ခေါင်းဆောင်တယ်။ ကျောင်းသားတွေက ဒီမိုကရေစီအင် အားစုကို ခေါင်းဆောင်တယ်။ ၁၉၆၂ ခု ဇူလိုင် (၇) က ၁၉၈၈ ခု သြဂုတ်လ (၈) ရက်အတွင်း ဆဲဗင်းဂျူလိုင်အ ရေးတော်ပုံကစလို့ တိုက်ပွဲစဉ်တွေ ဝ/သကျောင်းသားတိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲ၊ မှိုင်းရာပြည့်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ စစ်တွေဆန်လုပွဲ၊ မန္တလေးဗဟိုစည်အရေးအခင်းတွေမှာ တိုက်ပွဲဝင်ကြ၊ ထောင်ထဲဝင်ကြ၊ နောက် ထောင်တွင်းတိုက်ပွဲများ၊ အဲဒီတိုက်ပွဲစဉ် အရေအတွက်တွေ စုမိတော့မှ ရှစ်လေးလုံးအရေးအခင်းလှုပ် ရှားမှုကြီး ပေါ်လာတာဖြစ်တယ်။

“ဘာ့ကြောင့်များ ဒီမိုကရေစီ အပြီးသတ်အောင်ပွဲ မရသေးတာလဲ။ အဖြေက ရှင်းပါတယ်။ ‘ခေါင်းဆောင်မှုအခန်းကဏ္ဍ’ ပါပဲ။ ဒီ/ချုပ် NLD မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားတဲ့ ပါတီကေဒါတွေ အဖမ်းခံရတယ်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ် ဇာတ်သွင်းခဲ့သူတွေက ဒီ/ချုပ် NLD ပါတီရဲ့ အချက်အချာနေရာတွေမှာ နေရာယူထားတယ်။ သူတို့ ရှစ်လေးလုံးက ရထားတဲ့ အောင်ပွဲကို အပြီးသတ် အောင်ပွဲခံနိုင်အောင် တာဝန်မထမ်းဆောင်နိုင်ကြဘူး”

ကျောင်းသားနဲ့ အရပ်သား လက်ဖက်ရည်ဆိုင် ရန်ဖြစ်တယ်ဆိုတာက ဖောက်ခွဲမှုစနက်တံပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ အာဏာရှင် မဆလအစိုးရအပေါ် ပြည်သူလူထုကြီးရဲ့ အထွေထွေမကျေနပ်မှုကြီးက ပေါက်ကွဲတော့မယ့် ယမ်းအိုးကြီးလို ဖြစ်နေတာပါ။ ယမ်းအိုးကြီးနဲ့ ဖောက်ခွဲမှုစနက်တံ ‘မီး’ နဲ့ တွေ့လိုက်တော့ ပေါက်ကွဲလာတဲ့သဘောပါ။ တူနဲ့ (၁၀) ချက်ထုမှ ကျောက်တုံးကြီးက ကွဲမယ်ဆိုရင် အမှန်ကွဲတာက ပထမတူ ချက်ထဲကပါ။ အရည်အချင်းမဖြစ်သေးလို့ ထင်ရှားအောင် အကွဲမမြင်ရတာ။ (၁၀) ချက်ပြည့်တော့ အရည်အ ချင်းဖြစ်လာပြီး ကျောက်တုံးကြီး ‘ဂွမ်း’ ကနဲ ကွဲသွားသလိုပေါ့။ ရှစ်လေးလုံးဖြစ်ဖို့ရဲ့ ပထမတူချက်က ‘ဆဲဗင်း ဂျူလိုင်’ လို့ နားလည်ကြရမှာပါ။

ရှစ်လေးလုံး ရှုံးသလား

ရှစ်လေးလုံး မရှုံးဘူး။ အောင်မြင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာရှင်အစိုးရလက်ကနေ စစ်တပ်က အာ ဏာသိမ်းတယ်။ တပ်မတော်အစိုးရ နဝတ ပေါ်လာတယ်။ နဝတက “ပါတီစုံဒီမိုကရေစီ ခွင့်ပြုမယ်။ ရွေး ကောက်ပွဲ လုပ်ပေးမယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ် ဖျက်သိမ်းမယ်။ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်။ ရွေးကောက်ပွဲနိုင်တဲ့ ပါတီက အစိုးရဖွဲ့။ ဖွဲ့စည်းပုံ ၄၇/၇၄ ကြိုက်ရာကျင့်သုံး။ ဖွဲ့စည်းပုံကို တပ်မတော်က တာဝန် မယူဘူး။ ရွေးကောက်ပွဲပြီးတာနဲ့ တပ်က စစ်တန်းလျားပြန်မယ်” လို့ ကြေညာခဲ့ပါတယ်။

အောင်ပွဲခံခဲ့

အမှန်တကယ်ပဲ ပါတီစုံတွေ ဖွဲ့စည်းခွင့်ပေးခဲ့တယ်။ ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံးတယ်။ တရားမျှတတဲ့ ရွေး ကောက်ပွဲ လုပ်ပေးခဲ့တယ်။ ပြည်သူလူထုက ဒီမိုကရေစီတပ်ဦးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပြတ်အသတ် မဲပေးထောက်ခံလိုက်တယ်။ အဲဒါတွေဟာ ဒီမိုကရေစီတော်လှန်ရေးအောင်ပွဲ၊ ရှစ် လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်ပွဲပဲဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အပြီးသတ် အောင်ပွဲမခံ သေးတာပဲ ရှိတယ်။ မရှုံးဘူး။ အောင်မြင်တယ်လို့ နားလည်ကြရပါမယ်။

ခေါင်းဆောင်ကဏ္ဍ အဓိက

ဘာ့ကြောင့်များ ဒီမိုကရေစီ အပြီးသတ်အောင်ပွဲ မရသေးတာလဲ။ အဖြေက ရှင်းပါတယ်။ “ခေါင်းဆောင်မှုအ ခန်းကဏ္ဍ” ပါပဲ။ ဒီ/ချုပ် NLD မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှား တဲ့ ပါတီကေဒါတွေ အဖမ်းခံရတယ်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ် ဇာတ်သွင်းခဲ့သူတွေက ဒီ/ချုပ် NLD ပါတီရဲ့ အချက်အချာနေရာတွေမှာ နေရာယူထားတယ်။ သူတို့ ရှစ်လေးလုံးက ရထားတဲ့ အောင်ပွဲကို အပြီး သတ် အောင်ပွဲခံနိုင်အောင် တာဝန်မထမ်းဆောင်နိုင်ကြဘူး။

ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံဟာ ကျဆုံးသွားသလား။ ရပ်ဆိုင်းသွားသလားဆိုရင် တခုမှမဟုတ်ဘူး။ ရှေ့သို့ချီတက်ရာမှာ နှေးကွေးသွားတာပဲရှိတယ်။ ရွှေဝါရောင်ဟာ ရှစ်လေးလုံးပဲ။ ထောင်တွေမှာ နှစ်ရာချီပြီး ကျခံနေကြရတာဟာလည်း ရှစ်လေးလုံးပဲ။ ဒီလို နားလည်ကြရပါမယ်။ ကျမတို့ အဘက်ဘက်က အဆင်သင့် ဖြစ်နေပြီ။ မှန်ကန်တဲ့ ခေါင်းဆောင်မှု ပေါ်လာရင် နက်ဖြန် ပန်းတိုင်ရောက်မယ်လို့ ကျမ လုံးဝယုံကြည်တယ်။

လူမဟုတ် - မူ

ကျမတို့က တပ်မတော်ကို တိုက်နေတာမဟုတ်ဘူး။ လက်ရှိစစ်အရာရှိကြီးတွေကို တိုက်နေတာလည်း မဟုတ် ဘူး။ စစ်အာဏာရှင်စနစ်ကိုပဲ တိုက်နေတာပါ။ လူမဟုတ်ဘူး - စနစ်ကိုပါ။

ဒါဟာလည်း ကျမတို့အတွက် ကွက်တိုက်နေတာ မဟုတ်ပါဘူး။ အဲဒီတပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်အရာရှိ မိသားစုများ အပါအဝင် လူမျိုးစုံ၊ အလွှာပေါင်းစုံ၊ ပြည်သူပြည်သားတွေအတွက်ပါ။ လူမဟုတ်ဘူးဆို တာက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်အာဏာရှင်စနစ် ဖယ်ရှားမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစ နစ်ကို ထူထောင်မယ်ဆိုရင် ကျမတို့က ဗိုလ်ချုပ်မှူးကြီးကို ဝန်းရံကြမှာပါ။ ဒါဟာ ကျမရဲ့ မှန်သောသစ္စာစကား ပါ။

ကျမတို့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ရှင်း-ပြတ်-ကြည်-လင် မြင်ကြရမှာက “အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ တိုက်ပွဲ” ဆိုတာကိုပါ။ ဒီမိုကရေစီအောင်ပွဲခံတာနဲ့ လူ့အခွင့်အရေးကအစ အလုံးစုံ အောင်ပွဲခံနိုင်ပါပြီ။

ရှစ်လေးလုံးအစ ဆဲဗင်းဂျူလိုင်က

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီမိုကရေစီတော်လှန်ရေးရဲ့ စခန်းထောက်ဖြစ်တယ်။ ဒီမိုကရေစီအောင်ပွဲ မခံသေးသမျှ ရှစ်လေးလုံးတာဝန် မကုန်ဆုံးသေးဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီမိုကရေစီတော်လှန် ရေးသမိုင်းရဲ့ အစ၊ အလယ်၊ အဆုံးပါ။ ရှစ်လေးလုံးသမိုင်းနဲ့ ဒီမိုကရေစီတော်လှန်ရေးသမိုင်းဟာ ခွဲခြားလို့မရ ပါ။ ရှစ်လေးလုံးက တောင်းဆိုနေတာဟာ မှန်ကန်တဲ့ ခေါင်းဆောင်မှုပဲဆိုတာကို ကျမတို့ တိတိပပ နားလည် ကြရမှာဖြစ်ပါတယ်။ ရှစ်လေးလုံး အပြီးသတ်အောင်ပွဲမှာ ဆုံကြပါစို့။

NLD မြင့်မြင့်အေး (မိတ္ထီလာ)
၁၂- သြဂုတ်- ၂၀၁၀

1 comment:

Unknown said...

ရှစ်လေးလုံးအစ ၇ ဇူလိုင်က
ရှစ်လေးလုံး မရှုံးဘူး နိုင်တယ်။
သိပ်ကောင်းတယ်။
ကျနော့်ကို ဖြည့်ခွင့်ပေးပါ။
ရှစ်လေးလုံးအစ ဟယ်ရီတန် တို့ကလို့ ဖြည့်ချင်တယ်။