Sunday, August 8, 2010
စာမျက်နှာ ၈၀၃၀
လက်ဖျစ်တတွတ်
အနှစ်နှစ်ဆယ်ကျော်။
တသက်တာဘ၀မှာ
တခါဆို ဆိုသလောက်
တောက်လောင်ကျွမ်းမြိုက်ခဲ့တာလေ။
မြစ်တွေ လှိုင်းထန်ခဲ့ကြ
ချောင်းတွေ နက်ရှိုင်းခဲ့ကြ
တောင်တွေ မြင့်မောက်ခဲ့ကြ
ယာမြေတွေ ခက်ထန်ခဲ့ကြ
မွတ်ဆာမှုတွေ ကမ်းကုန်ခဲ့ကြ
မျှော်လင့်ချက်တွေ လင်းလက်ခဲ့ကြ။
ဒါတွေအားလုံး
ရာဇ၀င်ရေးထုံးဖြစ်ခဲ့ပေါ့။
သမိုင်းလူသုံးကုန်ဖြစ်ခဲ့ပေါ့။
ခေတ်ကို ထုဆစ်ရာမှာ
ခေတ်ကို တူးဆွရာမှာ
ချစ်တာပဓာနလောက်နဲ့
ကောက်ခါငင်ခါ တအိုးတအိမ် မဖြစ်နိုင်ဘူးလေ။
ရေကြည်သောက်ချင်ရင်
ရေနောက်ကိုမကြောက်နဲ့ ရဲဘော်တဲ့၊
လက်ဖျစ်တတွတ်ဆိုတာလည်း
အနှစ်နှစ်ဆယ် ကျော်နိုင်တာပဲလေ ...။ ။
မောင်လွမ်းဏီ
(၂၂-၇-၂၀၁၀)
Subscribe to:
Post Comments (Atom)
1 comment:
အနှစ် ၂၀ ကျော်ခဲ့ပြီလေ။လူငယ်တွေက တော်လှန်ဖို့ စောင့်နေပြီ။ခေါင်းဆောင်တွေလည်း(ဆိုဖာ)ခုံပေါ်က ထလို့ ရပြီ။ဖိုးခွား(ဘိတ်သားလေး)A.B.S.D.F တပ်ရင်း-၂၀၃ မှ ရဲဘော်ဟောင်းတစ်ဦး။
Post a Comment