အာကာထက်
အခုတလော သမိုင်းဖြစ်ရပ်မှန်များကို သေးသိမ်ပျောက်ကွယ် သွားစေဖို့ ရည်ရွယ်ချက်နဲ့ ၀ါဒဖြန့်ချိရေး ရုပ်ရှင် ကားနဲ့ စာပေများကို နအဖစစ်အုပ်စုအလိုကျ ပိုမိုရေးသားလာတာ တွေ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မျိုးဆက်များလည်း ကွာခြားလာတဲ့အတွက် ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။ ထင်ရှားတဲ့ အနုပညာရှင် တွေကို အမျိုးမျိုးသော မက်လုံးတွေပေးပြီး ပါဝင်ပတ်သက်စေခြင်းမှာ သမိုင်းကို မသိ၊ မမီလိုက်သူ မျိုးဆက် သစ်တွေအတွက် သမိုင်းကို လွဲမှားစွာ နားလည်သွားစေနိုင်ပါတယ်။ သမိုင်းရဲ့ဖြစ်ရပ်မှန်တွေကို အမှန်အတိုင်း သိမှသာ မိမိနိုင်ငံအတွက် နောင်လာမယ့် မိမိမျိုးဆက်တွေအတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုရောက် အောင် ရှေ့ဆောင်လမ်းပြပေးနိုင်မှာဖြစ်ပါတယ်။
စာရေးသူအနေနဲ့ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီးစ ခေတ်တွေကို မသိမီလိုက်သော်လည်း ဆိုရှယ် လစ်ခေတ်နဲ့ ရှစ်လေးလုံး အရေးတော်ပုံကာလတွေကို ကိုယ်တိုင်သိမီ ပါဝင်ပတ်သက်ခဲ့ရတဲ့အတွက် အ ကြောင်းအရာပေါင်း မြောက်မြားစွာထဲမှ မင်းမဲ့စရိုက်ဆိုပြီး တွင်တွင်ဝါဒဖြန့်နေတဲ့ ခေါင်းဖြတ်သတ်မှုတွေကို ဘယ်သူတွေက ဖန်တီးခဲ့သလဲ ဆိုတဲ့အချက်ကို လွဲမှားစွာ နားလည်နေတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ စာရေးဆရာတွေနဲ့ မျိုးဆက်သစ်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီရရှိရေး အရေးတော်ပုံကြီးဟာ မြန်မာပြည်မှာသာမက ကမ္ဘာတလွှားမှာပါ သမိုင်းမှတ် တိုင်အဖြစ် တည်ရှိနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ်လက်အောက်၊ ဖစ်ဆစ်ဂျ ပန်လက်အောက်တို့ကနေ လွတ်လပ်ရေးကို ရရှိခဲ့ပေမယ့် မကြာသော ကာလအတွင်းမှာပဲ မြန်မာပြည်သားအ ချင်းချင်း ကျွန်ပြုအုပ်ချုပ်တာကို ခံခဲ့ရပါတယ်။ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ ပြောဆိုခွင့်၊ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် စတာ တွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။
ပြည်သူအများစုဟာ ဆင်းရဲတွင်း နက်သထက်နက်လာခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေထက် အစစ အရာရာသာ လွန်ခဲ့ရာကနေ အောက်ဆုံးကို ရောက်သွားခဲ့တယ်။ သယံဇာတ အလွန်ပေါတဲ့တိုင်းပြည်ဟာ အဆင်းရဲဆုံး နိုင် ငံအဖြစ် အသိအမှတ်ပြုခံလိုက်ရတယ်။ ဖောက်ပြန်သူ အုပ်ချုပ်သူ လူတန်းစားတွေကတော့ ပြည်သူပိုင်ပစ္စည်း တွေကို ထင်သလို သုံးစွဲပြီး ချမ်းသာနေကြတယ်။ အဆိုးဆုံးကတော့ ပညာရေးစနစ်ကို အစမ်းသပ်ခံအဖြစ် အ သုံးချပြီး ကျောင်းသားပြည်သူတွေကို နိုင်ငံတကာနဲ့ မျက်ခြေဖြတ်၊ အတွေးအခေါ် အသိဉာဏ်တွေကိုလည်း အမှောင်တိုက်သွင်းခဲ့တယ်။ ဒါတွေဟာ ဘယ်လိုမှမေ့ပျောက်လို့မရတဲ့ သမိုင်းဖြစ်ရပ်မှန်တွေပါ။ အဲဒီအဖြစ် တွေကို နှစ်ပေါင်း (၂၇) နှစ်ခန့် တတိုင်းပြည်လုံး ခံစားခဲ့ရတယ်။ နောက်ဆုံး မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ကျောင်းသား များဦးဆောင်မှုနဲ့ ရဟန်းပြည်သူတရပ်လုံးပါဝင်ကာ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တယ်။ အဲဒါဟာ ရှစ် လေးလုံးပဲ။ ဘယ်ကွန်မြူနစ်တွေမှ၊ နိုင်ငံရေးသမားကမှ မြှောက်ပေးခဲ့လို့ ဖြစ်ပေါ်လာခြင်းမဟုတ်ဘူးဆိုတာ သိ စေချင်ပါတယ်။
ဆရာကြီး ဒဂုန်တာရာစကားနဲ့ဆိုရင် ၁၃၀၀ ပြည့် ရေနံမြေသပိတ်အရေးတော်ပုံပြီးရင် ၁၃၅၀ ပြည့်ရှစ်လေးလုံး ဟာ ဒုတိယအရေးတော်ပုံဖြစ်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကလည်း ရှစ်လေးလုံးဟာ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲ ဖြစ်တယ်လို့တောင် သတ်မှတ်ခဲ့ပါတယ်။ အခုတော့ နအဖစစ်အုပ်စုအ လိုကျ ဒါရိုက်တာတွေ၊ စာရေးသူတွေက ငယ်ရွယ်သူ မသိနားမလည်တဲ့ သရုပ်ဆောင်တွေကို အသုံးချပြီး ပြည် သူကို လိမ်ဖို့လုပ်နေတယ်။ တချို့ဆိုရင် ဦးသန့်ဟာ ဘယ်သူလဲဆိုတာတောင်မသိတဲ့ သူတွေပါနေတယ်။ စေ တနာမှန်ရင် ရှစ်လေးလုံးဟာ ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း တင်ပြ မှသာ မှန်ကန်တဲ့သမိုင်းကိုဝင်သွားမှာပါ။ သမိုင်းဆိုတာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ အရှိကိုအရှိအတိုင်း တင်ပြရပါတယ်။ တကယ်ဖြစ်သွားတာကို တင်ပြရပါတယ်။ သ မိုင်းကို မည်သူမှဝင်ရောက်ဆုံးဖြတ်ခွင့်မရှိပါ။ သမိုင်းကို သမိုင်းကသာ ဆုံးဖြတ်ပေးသွားပါမယ်။ ဒါမှလည်း မြန် မာပြည်ရဲ့ အနုပညာတန်ဖိုး မြင့်တက်လာပါလိမ့်မယ်။
မမှန်ကန်တဲ့ အချက်အလက်မှားတွေ ပေးမိရင်တော့ အဲဒီအကျိုးဆက်က ဘာလဲဆိုရင် မတရားမှုကို တော် လှန်တာမှားတယ်။ နိုင်ငံရေးဆိုတာ ရွံ့စရာအလုပ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လက်နက်နဲ့  အကြမ်းဖက်ဖြေ ရှင်းတာဟာ မှန်တယ်။ အုပ်ချုပ်သူ လူတန်းစားကို ခံမပြောနဲ့၊ ပေးတာယူ ကျွေးတာစား၊ ခိုင်းတာလုပ်ဆိုတဲ့ အ ချောင်သမားရဲ့နောက်လိုက် စိတ်ဓာတ်တွေ ၀င်သွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ စစ်အာဏာရှင် အုပ်ချုပ် ရေးဟာ မှန်တယ်ဆိုတဲ့ အသိတွေ ၀င်သွားနိုင်တာပါပဲ။ နိုင်ငံမျိုးဆက်အတွက် လွန်စွာမှ အန္တရာယ်ကြီးပါ တယ်။
စာရေးသူအနေနဲ့ အဓိက တင်ပြလိုတာကတော့ အရေးတော်ပုံကာလအတွင်းမှာ ဖြစ်သွားခဲ့တဲ့ ခေါင်းဖြတ်မှု တွေအထဲက တောင်ဥက္ကလာပမြို့နယ် စစ်မှုထမ်းဟောင်းရပ်ကွက်နဲ့ စာတိုက်လမ်းဆုံနေရာတွေမှာ ဖြစ်ပွားခဲ့ တဲ့ အကြောင်းအရာတွေကို မှတ်မိသလောက် တင်ပြသွားပါမယ်။ မိမိအနေနဲ့ အချိန်ကာလကြာခဲ့သည်ကတ ကြောင်း၊ တောထဲမှာ အနေကြာခဲ့ပြီး ငှက်ဖျားရောဂါကို အကြိမ်ကြိမ် ခံစားခဲ့ရသည်ကတကြောင်းတို့ကြောင့် မှတ်ဉာဏ်တွေ မကောင်းတော့တဲ့အတွက် နေ့ရက်အတိအကျ ဖော်ပြနိုင်ခြင်းမရှိတာကို နားလည်ပေးစေလိုပါ တယ်။
ဖြစ်ပုံက ဒီလိုပါ။ အဲဒီအချိန် တနိုင်ငံလုံးမှာ အာဏာရှင်ဆန့်ကျင်ရေး ဒီရေမြင့်တက်နေခိုက် ဖြစ်ပါတယ်။ အဲဒီ အချိန် တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေ နေထိုင်ရာရပ်ကွက်ဟာ မည်သည့်အခါမှ ပြည် သူလူထုနဲ့ ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ပါ။ သပိတ်ကော်မီတီတွေက စည်းရုံးပေမယ့် ပါဝင်ခြင်းမရှိခဲ့ပါ (ထူးခြားနေပါ တယ်)။ အထူးသဖြင့် ဒေါက်တာမောင်မောင်အစိုးရ အုပ်ချုပ်ရေးရုပ်သိမ်းပြီးချိန်မှာ အုပ်ချုပ်ရေးမဲ့နေချိန်ဖြစ်ပါ တယ်။ တောင်ဥက္ကလာရဲစခန်းမှာလည်း မည်သည့်ရဲမှ မရှိတော့ပါ။ သပိတ်ကော်မီတီတွေ အုပ်ချုပ်နေပါတယ်။
တညမှာ သပိတ်ကော်မီတီစခန်းကို သတင်းတခု ညဦးပိုင်းမှာ ၀င်လာပါတယ်။ စစ်မှုထမ်းဟောင်းရပ်ကွက်က သပိတ်မှောက်ဖို့ လာစည်းရုံးတဲ့ ဘုန်းကြီးနဲ့ ကျောင်းသားတွေကို သတ်ပြီး ငမိုးရိပ်ချောင်းထဲမှာ မျှောလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ကြားရသူအပေါင်းကို ဒေါသစိတ် အမြင့်ဆုံးအခြေသို့ တွန်းပို့လိုက်ပါတယ်။ အဲဒီကာလမှာ ဘုန်းကြီးနဲ့ ကျောင်းသားတွေကို ဘယ်သူမှထိပါးခံတဲ့ ကာလမဟုတ်ပါ (၂၀၀၇ စက်တင်ဘာတွင်သာ နအဖက လမ်းပေါ်မှာတင် ရိုက်သတ်ပါတယ်)။ လူအချို့က ထိုသတင်းအား ရပ်ကွက်တိုင်းမှာ လိုက်လံဖြန့်ဝေပြီး စစ်မှု ထမ်းဟောင်းရပ်ကွက်အား သွားရောက်ဝိုင်းကြဖို့ စည်းရုံးပါတော့တယ်။
ခဏအတွင်းမှာပဲ လူရာပေါင်းများစွာမှာ အဲဒီရပ်ကွက်ကို ချီတက်သွားခဲ့ပါတယ်။ မိမိလည်း ပါသွားခဲ့ပါတယ်။ အဲဒီရပ်ကွက်ကို အရောက်မှာ ပထမဦးစွာ ဂျင်ဂလိ (မြား) လက်နက်ဖြင့် စတင် ပစ်ခတ်တာကို ခံခဲ့ရပါတယ်။ တိုက်ပွဲက ညသန်းခေါင်ယံကနေ မိုးလင်းထိတိုင် ဖြစ်နေခဲ့ပါတယ်။ မိမိမှာ သူငယ်ချင်းတယောက်က ခြေ ထောက်မှာ ဒဏ်ရာရတဲ့အတွက် ရန်ကုန်ဆေးရုံကြီးသို့ သွားပို့ရပြီး ပြန်အလာမှာ ရပ်ကွက်ကို မီးရှို့နေကြပါပြီ။ အဲဒီထက်ဆိုးတဲ့ ကြေကွဲဖွယ်ရာ မြင်ကွင်းကတော့ ရပ်ကွက်ဓမ္မာရုံလား၊ ရပ်ကွက်ရုံးလား မသိတော့ပါ။ ထိုအ ထဲမှာ လူတချို့ရဲ့ ခေါင်းတွေကို ဖြတ်ပြီး တင်ထားကြပါတယ်။
ထူးဆန်းတာကတော့ ထိုလူတွေအားလုံးဟာ အပေါ်မှာ အ၀တ်မပါဘဲ အောက်ပိုင်းမှာ ပုဆိုးကို ခါးတောင်း ကျိုက်ထားပါတယ်။ ၀ါးကပ်တွေကို ကာဒိုင်းအဖြစ် အသုံးပြုပြီး ရှေ့ကိုတက်လာပါတယ် (မိမိအနေနဲ့ လက် နက်ကိုင်တော်လှန်ရေးနယ်မြေမှာ မူးယစ်ဆေးတမျိုးမျိုးကို သုံးစွဲပြီး ရှေ့ကို အတင်းတက်လာတဲ့ န၀တ၊ နအဖ စစ်သားများပုံစံနဲ့ တူနေတာကို တွေ့ရပါတယ်)။ လူသားချင်းစာနာစိတ်ကင်းမဲ့စွာ ခေါင်းတွေကို ဖြတ်သူတွေ ဟာ ဘယ်လိုမှ တုန်လှုပ်ခြင်းမရှိသကြလို ခံရသူတွေကလည်း လွန်စွာမှ သွေးအေးနေတာဟာ မိမိတို့ကျောင်း သားတွေ နားမလည်နိုင်ခဲ့ပါ။
အဲဒီလောက်နဲ့ မကျေနပ်ကြဘဲ လူ (၂၀) ကျော်ခန့်ကို ဖမ်းပြီး ရဲစခန်းအချုပ်မှာ ထည့်သွင်းကာ တဦးချင်းကို စိတ်ကြိုက်ဖြတ်ပါတယ်။ တချို့ကို ရပ်ကွက်အလိုက် ဖြတ်ရန် ခွဲတမ်းအဖြစ် လိုက်လံဝေငှနေပါတယ်။ အဲဒီအ ချိန်မှာ ကျောင်းသားတွေ သိလိုက်တာ ဒီလုပ်ရပ်ဟာ တို့ရည်ချက်နဲ့ လွဲနေပြီ ဒါကြောင့် ထင်ရှားတဲ့ နိုင်ငံရေး သမားများတွေကို ၀င်ရောက်တားဆီးပေးဖို့ အကူညီတောင်းခဲ့သော်လည်း ရောက်ရှိခဲ့ခြင်းမရှိပါ။ သတင်းမရ လို့ပဲလားတော့ မသိပါ။ မိမိတို့ တားပါကလည်း သွေးဆာနေတဲ့သူတွေက မိမိတို့အား မဆလလူအဖြစ် သတ် မှတ်ပြီး မိမိတို့ပါ ခွဲတမ်းထဲမှာ ပါသွားနိုင်ပါတယ်။ နောက်ဆုံး ငွေကြာယံစာသင်တိုက်မှ ဆရာတော် အလှူခံမှု ကြောင့် တော်တော်များများ လွတ်မြောက်ခဲ့ပြီး ရဟန်းဘောင်သို့ ရောက်ရှိခဲ့ပါတယ်။
ထူးဆန်းတာကတော့ အဲဒီရပ်ကွက်ကလူတွေ ကိုင်ဆောင်တဲ့ ဂျင်ဂလိလက်နက်က အားလုံးပုံစံတူနေပါတယ်။ စက်ရုံတခုကနေ စနစ်တကျ ထုတ်လုပ်ထားသလို ဖြစ်နေပါတယ်။ အဲဒီဂျင်ဂလိတွေကို ထည့်ထားတဲ့ ပုံးတွေ ဟာ ကစလ အကြီးစား စက်မှုလုပ်ငန်းတံဆိပ်ပါ ပုံးတွေဖြစ်ပါတယ်။ သတ်သူတွေဟာ အလွန်သွေးအေးသလို မိမိတို့နယ်မြေမှာ တခါဘူးမှ မတွေ့ဖူးသူတွေပါ။ အသတ်ခံရသူတွေကလည်း တုန်လှုပ်ခြင်းကင်းမဲ့ပြီး ပြန် တောင် ပြုံးပြနေပါတယ်။ နာကျင်ခြင်း ကင်းမဲ့နေပါတယ်။ အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးသွားခဲ့ပေပြီ။
ထိုကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေအပြီး မိမိနဲ့ ကျောင်းသားသူငယ်ချင်းတစုမှာ ထိုအဖြစ်အပျက်အား သိလို၊ စုံစမ်းထားဖို့ လိုတယ်လို့ ဆုံးဖြတ်ပြီး တိတ်တဆိတ် လိုက်လံစုံးစမ်းပါတော့တယ်။ အဖြေရလိုက်ပါတယ်။ အဲဒီ ရပ်ကွက်မှာ မိမိနဲ့ ခင်မင်တဲ့ သူငယ်ချင်းရှိပါတယ်။ ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းသူဖြစ်ပြီး ပထမနှစ် နဲ့ ကျောင်းဆက်မတက်နိုင်သူဖြစ်ပါတယ်။ အဲဒီညမှာ သူငယ်ချင်းက ချောင်းတဘက်ကမ်းကို ကူးသွားလို့ အ သက်ဘေးက လွတ်ခဲ့ပါတယ်။
မိမိတို့က မေးပါတယ်။ မင်းတို့ဆီမှာ ဘုန်းကြီးနဲ့ ကျောင်းသားကို သတ်တယ်ဆိုပြီး တို့ဆီမှာ သတင်းဝင်လာ တယ်။ အဲဒါဟုတ်လားဆိုတော့ ဟာမဟုတ်ဘူး ဘယ်သူမှမသတ်ပါဘူး၊ ငါတို့ဆီမှာလည်း ဒီညမှာ ဘုန်းကြီး တွေ ကျောင်းသားတွေက ရပ်ကွက်ကို မီးလာရှို့မယ်၊ အားလုံး သတိနဲ့နေပါ၊ လုံခြုံရေးလုပ်ပါ လူမမှားအောင် အားလုံးအပေါ်က အ၀တ်မ၀တ်နဲ့ အောက်ပိုင်းက ပုဆိုးကို ခါးတောင်းကျိုက်နဲ့နေပါလို့ ပြောလာတယ်တဲ့။ ကျ နော်က မင်းတို့ဘာဖြစ်လို့ သပိတ်ထဲမှာ မပါတာလဲ မေးတော့ သူငယ်ချင်းက ငါတော့ ပါတဲ့ရက်ပါတယ်၊ အခြား အချိန်တွေမှာ အလုပ်ရုံသွားရတယ် (သူက ပရိဘောဂ လုပ်ပါတယ်)။ အခြားတော့ သူမသိပါဘူးလို့ အဖြေပေး ပါတယ်။
အဲဒါအဖြေ ဖြစ်ပါတယ်။ ကောလဟာလကို ပြည်သူအချင်းချင်း မုန်းတီးအောင် အဖွဲ့အစည်းတခုက ကြားထဲက နေ စနစ်ကျစွာ ဖန်တီးသွားခဲ့ပါတယ်။ ယနေ့အချိန်အထိ ခေါင်းဖြတ်သူ တရားခံများအား မမိပါ။ ဖမ်းသည် လည်း မကြားပါ။ ဗွီဒီယို ရိုက်ကူးတဲ့ နိုင်ငံခြားသားကို ဘာသာပြန်ပေးတဲ့သူကိုသာ မိပါတယ်။ မိမိမှတ်သားမိတဲ့ စာသားတခုအရ “တိုင်းပြည်ကို အာဏာသိမ်းလိုလျှင် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်ရမည်၊ ခေါင်းဖြတ်မှု တွေ၊ မီးရှို့မှုတွေဖြစ်အောင် ဖန်တီးရမည်” ဆိုတဲ့နည်းအတိုင်း လုပ်သွားပါတယ်။ အဲဒီဖြစ်ရပ်တွေအပီး မကြာ ခင် စက်တင်ဘာ (၁၈) ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ကယ်တင်ရှင် လုပ်လာပါတော့ယ်။ ဖဲဝေသူနဲ့ ဖဲချိုး သူ တူတူဆိုတဲ့ ဇာတ်လမ်းကို အကောင်အထည်ဖော်ပါတော့တယ်။ ရှစ်လေးလုံးအရေးတော်ပုံကိုလည်း မင်းမဲ့ စရိုက်အဖြစ် လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်ပေါင်းများစွာ တင်နေသည်မှာ ယနေ့တိုင်ဖြစ်ပါတယ်။
ထိုအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ခေါင်းဖြတ်မှုတွေဖြစ်အောင် နောက်ကွယ်ကနေ ဘယ်သူတွေက ဖန်တီးနေတယ် ဆိုတာကို စဉ်းစားနိုင်ကြပါစေ။ စစ်အုပ်စုက ထိုအချက်ကို ယူပြီး လှိုင်းကြီး လေထန် ဖြစ်ရပ်မှန်ဆိုပြီး နည်းပေါင်းစုံနဲ့ ၀ါဒဖြန့်ခဲ့ပါတယ်။ မိမိနဲ့ လူ့ဘောင်သစ် ရဲဘော်တစု တောမခိုခင် တပ် မတော် မှတ်တမ်းရုံးမှာ သွားရောက်ကြည့်ခဲ့ပါသေးတယ်။ မိမိအနေနဲ့ ထိုအချိန်က စာထုတ်ဖို့ စဉ်းစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ (၂၂) နှစ်ကြာကာလကျမှပင် တိုက်ဆိုင်မှုရှိသဖြင့် တင်ပြလိုက်ရပါတယ်။
မှတ်ချက် ။ ။ ထိုစဉ်အခါက တန်ပြန်ထောက်လှမ်းရေးအဖွဲ့ကို ဦးနေ၀င်းအိမ်တွင် ထောက်လှမ်းရေးက ဗိုလ် ခင်ညွန့်၊ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်းတို့ ဦးဆောင်ပြီး သပိတ်အဖွဲ့များအား ဖြိုခွဲရန် ဖွဲ့စည်းပြီး လုပ်ဆောင် သည်ဟု သိရပါသည်။
(ရှစ်လေးလုံး ၂၂ နှစ်ပြည့် အမှတ်တရ ....)
သူရဲကောင်းအပေါင်းအား အစဉ်ဦးညွတ်လျက် ...
အာကာထက်
အမေရိကန်ပြည်ထောင်စု။
Saturday, August 14, 2010
မျက်မှန်စိမ်းအတပ်ခံရခြင်းမှ ကင်းဝေးကြပါစေ
Subscribe to:
Post Comments (Atom)
9 comments:
"99% of the slogans in August 1988 Uprisings are those our party have provided them."
(Excerpt from the speech of Ba Thein Tin, Chairman of the Burma Communist Party at the meeting held on 15 September 1988)
"We must make our slogans carry the revolutionary essence." "When they follow us and use the slogans of our party, whatever they say, just look at the movement today. They should not take the path of negotiation, but take the path of revolution."
"The students thamagga was formed and we have them our views"
"There are our monks among the members of the Sanga"
Kyin Maung
(Kyin Maung (a) Yebaw Tun (a) Ba Win (a) Maung Galay is Burma Communist Party Cetral Committee Member (incharge of underground movement), politburo member )
ကျောင်းသားသမဂ္ဂ နာမည်နဲ့  ကျွန်တော်တို့ ပါတီရဲ့  ကြွေးကြော်သံတွေကို လူထု လှုပ်ရှားမူထဲ သွင်းပေး လိုက်တယ်။
ကျင်မောင်
Reference:
Excerpts from the video of the meeting of Burma Communist Party (BCP) Politburo, BCP Central Military Commission and BCP Central Committee, shown in Myanmar TV on 17 November 1989.
အားလုံးသတိ
အင်း.. ခုလို ရှင်းလင်းပြလိုက်တော့လဲ အကွက်ကို စိပီး ရှင်းလင်းသွားတာပါပဲလေ.. တယ်ဟုတ်တဲ့ ဆောင်းပါးရှင်ပါလား.. ဟီးဟီး
ကိုယ့်ဘာသာ ခေါင်းခေါက်ရွေး ရှင်းခဲ့တဲ့ အဖြစ်ကွက်ကွက်လေးမှာတောင် ကသောင်းကနင်းပါလားဗျာ..
တစ်ခုပဲ မေးစရာရှိပါတယ်.. သပိတ်ကော်မတီဝင်တွေဟာ ပြည်သူတွေကို သပိတ်မှာ ပါဝင်ပါလို့ စည်းရုံးတာလား ခြိမ်းခြောက်ခဲ့တာလား.. အိမ်တိုင်းက သပိတ်ပွဲမှာ မပါမနေရဆိုပီး ပါချင်ချင် မပါချင်ချင် အတင်းလမ်းပေါ် ထွက်ခဲ့ရတဲံ လုပ်အားပေး သပိတ်တွေ ရှိခဲ့လား မရှိခဲ့ဘူးလား..
ဒါဟာ ခုရုပ်ဆိုးပါတယ်ဆိုတဲ့ လူမဆန်တဲ့ ရုပ်ပျက်ဆင်းပျက်ပိုင်းကို ထည့်မစဉ်းစားရင်တောင် ပြည်သူတွေဟာ ဘယ်လောက် အကာကွယ်မဲ့ခဲ့ကြတယ်.. ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်စည်းရိုးကို ကိုယ့်ဘာသာ စောင့်ရှောက်ပီး မဟာသပိတ်လူကြီးမင်းများက ဒါလိုတယ် ဟိုဟာလိုတယ် ဟိုလူထွက် ဒီလူလာဆိုရင် ဆက်ကြေးပေးသလို လုပ်အားပေးခေါ်သလို အလိုက်သင့် ပေးနေရတဲ့ အဖြစ်တွေ၊ အဲလိုပေးနေတာတောင် အစားကဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့နဲ့ ရန်မူခံရတာတွေကို သမိုင်းကို မလိမ်နဲ့ကွ ဘာညာဟစ်နေတဲ့ လူတွေက ရူးချင်ယောင်ဆောင် ဖျောက်ထားချင်တာကတော့ ဟာသပါပဲခင်ဗျာ..
လှည်းနေလှေအောင် မြင်းဇောင်းမကျန် ပါဝင်ပါတယ်ဆိုပီး အမြဲ ဟစ်ကြွေးတတ်တဲ့ အဲဒီလူတွေထဲမှာ ကြောက်လန့်ပီး မတတ်သာလို့ ပါရသမားတွေ မပါရပါဘူးကွာဆိုတာမျိုး ကဲ.. ဘယ်သူများ ပြောမလဲလေ… ဟားဟား...
အားလုံးသက်သာပါဗျာ
မောင်သတိ
ကို Nay Dun ခင်ဗျား
ခင်ဗျားဆိုလိုချက်က ၈၈၈၈ အရေးတော်ပုံကြီး ဟာ ဗကပ ရဲ့ စီမံချက်ကြီးလို့  ဆိုလိုချင်တာလား။ ကျနော်လဲ ၈၈၈၈ မှာ ပါခဲ့ဘူးလို့  မေးတာပါခင်ဗျား။
ရဲမြင့် 
It is known to all that a tea shop quarrel and brawl between some students of the Institute of Technology and some locals of West Gyogon in March 1988 consequently led to the riotous disturbances.
It has been exposed from time to time that the spreading of fabricated rumours, perpetrating of violence and looting and committing of such anarchistic acts as blocking roads saying it was urban guerilla warfare and wanton killings with beheadings are the modus operandi of the Burma Communist Party (BCP) .
It was so exposed because the Myanmar Armed Forces with its many years of experiences of fighting the Burma Communist Party knew for certain that the acts committed during the disturbances were tactics of the Burma Communist Party. Furthermore, it was exposed, in the second stage, that the BCPs have gotten into environs of the National League for Democracy (NLD) and that BCP thinking is dominating the thinking of the NLD.
I assume that you may be one of the students in 1988 uprising. Please remember that those who instigated the students lost neither a drop of sweat nor a drop of blood as they stayed in the safe confines of their homes but the students and youths used lot a of sweat and a lot of blood and had to run away from their homes and ended up in the jungle with their lives in ruin.
I post these true facts to prevent such agitations in future and not to put the students and youths into more trouble by unscrupulous persons and unsavoury elements with rumours and fabricated stories and news.
By the way today is 15 August 2010.
August 15, 1939 - On 15 August 1939 at a secret meeting attended by seven men in a small room in Barr Street, Rangoon, the Communist Party of Burma was founded.
Source: http://en.wikipedia.org/wiki/Communist_Party_of_Burma
August 15, 1988 - Suu Kyi, in first political action, sends open letter to government, asking for formation of independent consultative committee to prepare multi-party elections.
Source: http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html
August 15, 2007 - The 2007 Burmese Anti-Government Protests were a series of anti-government protests that started in Burma (also known as Union of Myanmar) on 15 August 2007.
Source: http://en.wikipedia.org/wiki/2007_Burmese_anti-government_protests
After all, this "anti-Burma" guy exactly sounds like Nga Than's Shwe's propaganda machine, which actually has to rely on those psy-warfare stuffs developed by the disgraced former Gastapo chief Nga Khin Nyunt's clique, including that distorted and ridiculous Road Map as well as the fabrication that BCP initiated the Great 8888 popular uprising.
What this "anti-Burma" guy just posted is nothing more than a cheap imitation/unscrupulous plagiarism of those propaganda materials published by Nga Khin Nyunt' clique back in the '90s in that notorious journal/magazine called "Myet Khin Thit" as well know as "Ngwer Za Jet" (Cow Pasture).
Nobody would give a damn to your post , Anti-Burma.
You'd better be mindful that that universal natural law which recites that "The mutual forces of action and reaction between two bodies are equal, opposite and collinear" always applies anywhere, any time, and under any circumstances. If you have some high school education, you might recall that this is "Newton's Third Law".
The point is that since there has been increasingly unjust and senselessly oppressive pressure upon the whole populace, it is inevitable that equal and opposite reaction from the oppressed would arise any time from now. You get my point? If you don't, let me explain. My point is that a popular protest/uprising by the people could spontaneously break out at any moment anywhere in Burma. it might only take a minuscule trigger factor.
So, tell your side to be prepared for the consequences.
Best,
Naing
ဥက္ကလားသားတစ်ယောက်အနေနဲ့မင်းကိုမေးချင်တယ်။ ငှက်ဖျားပိုးဦဏှောက်ထဲရောက်သွားလို့ ကြောင်တောင်တောင်နဲ့လျှောက်ရေးနေတာလား၊ ဒါမှမဟုတ်အမေရိကမှာ အနေအစားချောင်ချင်လို့ ဇာတ်နာအောင်လျှောက်ပြောနေတာလား။
ဘာဖြစ်လို့လဲ…..
အရေးအခင်းမှာ ဆန္ဒ၀င်မပြလို့လေကွာ။ မင်းပြောတဲ့ သပိတ်ခေါင်းဆောင်ဆိုတဲ့ကောင်တွေ
(အရေး အခင်းတုံးက ငါတို့ရပ်ကွက်တွေထဲမှာ အဲ့ဒီကောင်တွေဘဲ လူပါးဝပြီး ဓါးတ ကြိမ်း ကြိမ်းနဲ့လုပ်နေကြတာ)ခေါ်တိုင်းမလိုက်နိုင်တာကိုဘဲ မင်းကပြည်သူနဲ့မပူးပေါင်းဘူးဆိုဘဲ။ မင်းရှက်တတ်ရင်လဲသေဖို့ကောင်းတယ်။
လူဘဲ သူပါချင်မှပါမှပေါ့။ မလိုက်ချင်ရင်လဲ သူတို့ဆန္ဒကိုလေးစားရမှာဘဲလေ။ ဒါပေမယ့်ဘာဖြစ်သွားလဲ။ သိတဲ့အတိုင်းဘဲလေ။ အပြစ်မဲ့တဲ့ငါတို့ဥက္ကလာကပြည်သူတွေ လမ်းလယ်ခေါင် မှာ နေ့ခင်းကြောင် တောင် ခေါင်းဖြတ် ခံရတယ်။ (ခေါင်းပြတ်) အလောင်း တွေ လမ်းမအလယ်ခေါင်မှာ ထင်းပုံ၊ ဓါတ်ဆီလောင်း မီရှီု့ခံရတယ်။ ခေါင်းပြတ် တွေကို ဆိုက်ကားပေါ်တင်ပြီး တော့ တောင်ဥက္ကလာလမ်းမကြီးတွေမှာ လိုက် လှည့်တယ်။
ဒါလားကွအာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီတော်လှန်ရေးဆိုတာ။
ကိုယ့်ဘာသာကိုယ်(ကျောင်းသားခေါင်းဆောင်အမည် ခံထားတဲ့မင်းတို့လိုကောင်တွေ က) တကယ်တမ်းဖြစ်လာရောထိန်းနိုင်သိမ်းနိုင်ခဲ့လို့လား။ မင်းတို့ခေါင်းပေါ်တင်ပြီး ကိုး ကွယ်ခဲ့ တဲ့သူတွေကောအဲဒီအချိန်တုံးက လူလုံးထွက်ပြရဲ့လို့လား၊ လူမိုက်တွေရမ်းကား တွေ အပြစ် မဲ့ပြည်သူ တွေကို သတ်တာဘဲ ဟိုကောင်လုပ်သလိုလို ဒီကောင်လုပ်သလိုလိုနဲ့။
မင်းတွေ့ချင်တယ်ဆိုရင် အဲ့ဒီသတ်တဲ့၊ ခေါင်းဖြတ် တဲ့ အထဲမှာပါတဲ့၊ထောင်ကနေလွတ် လာ တဲ့ကောင်တွေ တောင်ဥက္ကလာမှာရှိသေးတယ်။ အသတ်ခံရတဲ့ သူတွေရဲ့မိသားစုဝင် တွေ အရှင် လတ်လတ်ရှိသေးတယ်။ မင်းတို့သပိတ်ခေါင်းဆောင်ဆိုတဲ့ကောင်တွေဘယ် လောက် အထိအသေးစိတ်ယုတ်မာခဲ့လည်းဆိုတာ သိရအောင်လို့လာမေးလေကွာ။ (မင်းက သေသေ ချာချာ မသိလိုက်ဘူးဆိုလို့ပါ။)
ဘာတဲ့သူရဲကောင်းများကိုဦးညွှတ်လျှက်ဆိုတော့…. မင်းက အပြစ်မဲ့ဘုမသိဘမသိ ခေါင်းဖြတ်၊ လမ်းလယ်ခေါင်မှာ အလောင်းကိုမီးရှို့ခံရတဲ့သူတွေကို သူရဲကောင်းလို့ပြောတာလား၊ ဒါမှမဟုတ် ခေါင်းဖြတ်တဲ့(အချို့လဲဘုမသိဘမသိ၊ အစိုးရသူလျှိုဆိုတာနဲ့အလွတ်ခေါင်းဝင် ဖြတ်တဲ့လုပ်အားပေးတွေလည်းရှိပါတယ်) သူတွေကိုဘဲ သူရဲ့ကောင်းလို့ပြောတာလား။
သေသေချာချာမသိလဲ အမေရိကနေကြောင် တောင်တောင်နဲ့အရှုးချေးပန်းရှောက် ရေးမ နေနဲ့။
ဥက္ကလာသား
ဩော် ဘယ်သူတွေက ဘယ်သူကို သတင်းအမှောင်ချထား လဲဆိုတာ ပြည်သူတွေ သိသွားမှာ တော်တော် ကြောက်နေ တာလား၊ ဒါမှ မဟုတ် ခုချိန်ထိ အမှန်ကို မမြင်နိုင်သေးတာလား၊ ကျွန်တော်သိခဲတဲ့ ၈၈၈၈ ကတော့ ဘာမှန်းမသိပဲ အော်ခဲ့ရတဲ့ (အစကနဦးက ဦးတည်ရာ ရည်ရွယ် ချက်တွေနဲ့ ကွဲလွဲတဲ့) သပိတ် သပိတ် မှောက်မှောက် ရယ်။ ဘယ်သူမှန်း ဘာလုပ်ခဲ့လို့မှန်း မသိသော် လူတွေကို (အအော်ခံခဲကြတဲ့ လူတွေက တစ်နေရာ တစ်မျိုး) နာမည်တပ်ပြီး သတ်ပြစ် သတ်ပြစ် အော်ရတာရယ်။ ဦးတည်ရာ တစ်ပါတီ စနစ် မဖျက်ပေးခင်က ဖျက်သိမ်းပေးဖို့ တောင်းတာရယ်၊ရပြီးတော့ အစိုးရသစ် ဖွဲ့ပေးဖို့တောင်းတာရယ်၊ဖွဲ့ပေးမယ်ဆိုပြန်တော့ အိမ်စောင့် အစိုးရချက်ချင်းဖွဲပေး ဖြစ်သွားပြန်တာရယ်(သားရွေအိုး ထမ်းလာတာကို နန်းထက်မှ ရံရွေတော် ချန်ယံပြီး ချစ်လင်မင်းကြီးနဲ့ မြင်ချင်ပါတယ် ထက်ဆိုးတဲ့ တစ်ခုပြီးတစ်ခု မဖြစ်နိုင်တော့တာတွေကို တောင်းခဲ့တာတွေ) သပိတ်ထဲ မပါဝင်တဲ့ ရပ်မိရပ်ဖတွေကို ထမိန်ဝတ် ထားလို အော်ခဲ့ ရတာရယ်။ ဘာရည်ရွယ်ချက်မှန်းမသိပဲ ထောင်ရှေ့ကို ချီတက်ကျတာရယ်။ ပြည်သူပိုင် စက်ရုံတွေ ဆီချီတက်ပြီး အလုပ်ဆက် မလုပ်ဖို့ရယ် သပိတ်ထဲဝင်ဖို့ အော်ဟစ်ကြတာရယ်။ စီးပွားရေး လုပ်ငန်းရှင် အိမ်တွေသွားပြီး သပိတ်အတွက်ဆိုပြီး လူအင်းအားပြ ခြောက်လှန့်အလူုခံ ပြီး အတင်းယူခဲ့ကြတာတွေ ရယ်။ ဓားထုတ် ၀ါးခုတ် ဒုတ်လုပ်ပြီး၊ ဂျင်ကလိသွေး ဒူလေးဆင်၊ ပုလင်းတွေထဲလောင်ဆာ ထဲ့ပြီး ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေလုပ်ကြတာရယ်။အို စုံလို့ပါပဲဗျာ။ ဆောင်းပါးရှင်က ဘယ်အရာ ဘယ်ကိစ္စကိုပဲ ဘယ်နေရာကနေ စပြီး သမိုင်းတင်စေ ချင်တာလဲ။အဲဒီ အချိန်က ကျုပ်ကတော့ ရန်ကုန် စက်မူတက္ကသိုလ် ဒုတိယနှစ် တက်နေတုန်း ဆိုတော့ ငယ်သေးလို့ မသိလိုက်တာ ဖြစ်မယ် ထင်ပ၊ ဆောင်ပါးရှင်တို့လို လူငယ်တွေကပဲ ကြားဘူးနားဝတွေကို လူကြီးတစ်ရောက်လို တစ်ပါးသူတစ်ဦးရဲ့ ကလောင်နာမည်ယူ ရေးသားပြီး တစ်ပါးနိုင်ငံယောက် အမျိုးချစ် လူတွေက နိုင်ငံသမိုင်း အတွက် ခုလို စိုးရိမ် သယောင် အများကြီးရေးပြတော့ တစ်နေထက် တစ်နေ့ အမှန်တွေ သိရတာပေါ့ဗျာ။ အဲဒီနိုင်ငံမှာပဲ အဲဒီနိုင်ငံသားနဲ့ တန်းတူ အခွင့်အရေးရဖို့ ကြိုးစားရင်း ကိုယ့်သမိုင်းကိုပဲ သားသမီး လင် ဇနီး ကို အမှန်ပြော ဖြစ်အောင် အရင်လုပ်ပါဗျာ။
ခင်ဗျားတို့  Nay Dun ဘဲဖြစ်ဖြစ် "သတိ" ဘဲ ဖြစ်ဖြစ် "to" ဘဲဖြစ်ဖြစ် ကျနော် မသိလို့ မေးထားတဲ့ မေးခွန်း ကို ဘာလို့ မဖြေဘဲ ရှောင်နေကြသလဲ၊ ကျနော် သိချင်က Nay Dun ရေးသလို "၈၈၈၈ အရေးတော်ပုံကြီး ဟာ ဗကပ ရဲ့ စီမံချက်ကြီးလို့  ဆိုလိုချင်တာလား".
အဲ့ ဒီမေးခွန်းကို လူကြီးမင်းတို့ ကအချက်အလက် ပိုင်ပိုင် နိုင်နိုင် တိတိကျကျ နဲ့ ဖြေပေးပါ၊
ကျေးဇူးတင်ပါတယ်
ရဲမြင့် 
ခွေးသားတွေ ငါမေးထားတဲ့ မေးခွန်းကို ဖြေ လေ။
ရဲမြင်
Post a Comment