မိတ္ထီလာ NLD မြင့်မြင့်အေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများက တောင်သူလယ်သမားအရေး ဆောင်ရွက်တော့မယ့် မီ ဒီယာသတင်းက တောင်သူလယ်သမားဦးကြီးများကို အားတက်စေတယ်။ လယ်သမား၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် အမိန့်ခံထားတဲ့ သတင်းကလည်း အားကိုးရာမဲ့ တောင်သူလယ်သမားများရဲ့မျှော်လင့်ချက် ရောင် ခြည်ဦးပေပဲလားလို့ပါ။
ပီသတဲ့ တပ်ဦးပါတီ
ဒီ/ချုပ် NLD က တောင်သူလယ်သမားအရေး ဘယ်မူဝါဒလမ်းစဉ်နဲ့ ဆောင်ရွက်မယ်ဆိုတာတော့ မသိရသေး ပါဘူး။ တောင်သူလယ်သမားတွေရဲ့ နစ်နာမှု၊ မတရားခံနေရမှုများကို ရှေ့ဆောင်ရှေ့ရွက် ဆောင်ရွက်ပေးတာ လည်းရှိရမှာပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို တပ်ဦးပါတီကြီးတရပ်အနေနဲ့ တောင်သူလယ်သမားအရေး ဒီမျှလောက်နဲ့တော့ မလုံလောက်သေးပါဘူး။ လယ်ယာမြေလမ်းစဉ်တရပ် ချမှတ်ဆောင်ရွက်မှသာ တောင်သူ လယ်သမားအရေးကို ဦးဆောင်ပါတီတစ်ရပ်က တာဝန်ထမ်းဆောင်တာ ပီပြင်ပါလိမ့်မယ်။
မြေယာစနစ် (၃) ရပ်
လယ်ယာမြေစနစ်ဟာ (၃) ရပ်ရှိပါတယ်။
(၁) ပဒေသရာဇ်မြေရှင်စနစ်
(၂) ဆိုရှယ်လစ်မြေယာစနစ်
(၃) အရင်းရှင်မြေယာစနစ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပဒေသရာဇ်မြေရှင်စနစ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေးမဟာဗျူဟာအရ အပြီးသတ်ဖျက်သိမ်းပြီးဖြစ်တယ်။ ဖဆပလအစိုးရက လယ် ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေပြဌာန်းပြီး လယ်လုပ်သူလယ်ပိုင်ရေးလမ်းစဉ်အရ တောင်သူလယ်သမားများ အား ပုဂ္ဂလိကပိုင် မြေယာခွဲဝေပေးပြီးဖြစ်တယ်။
လယ်သမားအစိုးရတဲ့
နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ်က သိမ်းယူလိုက် တယ်။ တော်လှန်ရေးကောင်စီအစိုးရလို့ ကြေညာတယ်။ စစ်ကောင်စီအစိုးရက တောင်သူလယ်သမားအခွင့် အရေး ကာကွယ်ရေးဥပဒေပြဌာန်းကြေညာတယ်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တောင်သူလယ်သမား များထံက လယ်ယာမြေများ လယ်ယာလုပ်ဖက်ကရိယာဖြစ်တဲ့ ကျွဲနွားများကိုသိမ်းယူခြင်း မပြုရလို့ဖြစ်တယ်။ နှစ်စဉ် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးများ ကျင်းပပြီး တောင်သူလယ်သမားအရေးများ ဆွေးနွေး တယ်။ တောင်သူလယ်သမား ‘ငဘ’ များလို့ ခေါ်ဝေါ်သုံးစွဲနေတာကို တောင်သူလယ်သမားဦးကြီးများလို့ ဗိုလ် ချုပ်ကြီးနေဝင်းကိုယ်တိုင် တင်စားခေါ်ဝေါ်တယ်။ တော်လှန်ရေးကောင်စီအစိုးရဟာ တောင်သူလယ်သမားအ စိုးရဖြစ်လို့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် စစ်တပ်က အာဏာသိမ်းတဲ့နေ့ကို တောင်သူလယ်သ္မားနေ့လို့ သတ် မှတ်လိုက်တယ်။ နှစ်စဉ် တောင်သူလယ်သမားနေ့ အခမ်းအနားများ ကျင်းပပါတယ်။
အစိုးရမြေရှင်စနစ်
မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံထူထောင်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလ (National Socialist Party) ဖွဲ့စည်းတယ်။ ၁၉၆၄ ခု မတ်လ (၂၈) ရက်နေ့ နိုင်ငံရေးပါတီများ ဖျက်သိမ်းလိုက်ပြီး မဆလတစ်ပါတီစ နစ် ထူထောင်တယ်။ ဒီမှာ အမျိုးသားဆိုရှယ်လစ် သဘောသဘာဝအတိုင်း လယ်လုပ်သူလယ်ပိုင်ရေးဟာ တိုက်ပွဲကြွေးကြော်သံဖြစ်တယ်။ အခုလယ်သမားးအစိုးရဖြစ်လို့ လယ်လုပ်သူလယ်ပိုင်ရေး မလိုအပ်တော့ဘူး။ လယ်လုပ်သူ လယ်လုပ်ခွင့်ရရေးဥပဒေ ပြဌာန်းတယ်။ အစိုးရမြေရှင်စနစ် ထူထောင်လိုက်တယ်။ တောင်သူ လယ်သမားတို့ရဲ့ ပုဂ္ဂလိကမြေယာပိုင်ဆိုင်ခွင့်ကို ဖျက်သိမ်းလိုက်တယ်။ လယ်ယာမြေအားလုံး အစိုးရက ပိုင် တယ်။ လယ်ယာအလုပ် လုပ်ကိုင်တဲ့ တောင်သူလယ်သမားများဟာ အစိုးရရဲ့မြေကျွန်တွေ ဖြစ်လာတယ်။ ဆို ရှယ်လစ်နိုင်ငံတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အစိုးရက သိမ်းယူတာမရှိဘူး။ ပုဂ္ဂလိက ပိုင်ဆိုင်ကြတဲ့ တောင်သူ လယ်သမားတွေ စုပေါင်းပိုင်ဆိုင်တဲ့ ဘုံလယ်ယာမြေ တည်ဆောက်တာပဲ ရှိပါတယ်။
အမြတ်ကြီးစား
မဆလအစိုးရက အစိုးရမြေရှင်စနစ်ထူထောင်လိုက်တဲ့ အဓိကအကြောင်းဟာ တောင်သူလယ်သမားများထံမှ သီးနှံကို အစိုးရက သူကြိုက်တဲ့ဈေးနဲ့ သူဖြတ်တဲ့ဈေးနဲ့ ဝယ်မရတဲ့အချက်က အခြေခံအချက်ဖြစ်တယ်။ အစိုးရ ဖြတ်ဈေးက လယ်ယာစိုက်ပျိုးကုန်ကျတဲ့ စရိတ်ကို မကာမိဘူး။ ဒါ့ကြောင့် တောင်သူလယ်သမားတွေက အ ကြီးအကျယ် အရှုံးပေါ်နေလို့ အစိုးရကို ရောင်းမပေးနိုင်တာပါ။ အစိုးရကလည်း နိုင်ငံခြားကိုရောင်းချရာမှာ အ မြတ်များများရရှိရေးအတွက် စပါးဈေးနှုန်းကို ကန့်သတ်ဝယ်ယူတာပါ။ ဒီနေရာမှာ အလျဉ်းသင့်လို့တင်ပြရရင် စက်မှုထွန်းကားတဲ့ ဂျပန်ပြည်မှာဆိုရင် လယ်သမားမျိုးရိုးမတိမ်ကောအောင် လယ်သမားသားသမီးထဲက အ နည်းဆုံး တဦးကတော့ လယ်ယာအလုပ်ကို လုပ်ကြရပြီး ထွက်ကုန်ဆန်စပါးကိုလည်း ကမ္ဘာ့ပေါက်ဈေးထက် ဈေးပိုပေးပြီး ဂျပန်အစိုးရက ဝယ်ယူခြင်းဖြင့် ဂျပန်တောင်သူတွေရဲ့ဘဝကို တိုးတက်အောင် ထိန်းကျောင်းပေး တယ်လို့ လေ့လာသိရှိရပါတယ်။
ပိုဆိုးတဲ့ မြေရှင်
မြန်မာပြည်မှာ အစိုးရမြေရှင်စနစ်ထူထောင်ပြီး အစိုးရက တောင်သူလယ်သမားများထံမှ ကန့်သတ်ဈေးနဲ့ တဧ ကသွင်းရမယ့် တင်းအရေအတွက်နဲ့ တာဝန်ကျေစပါးသီးနှံအဖြစ် သီးစားခကို လယ်သမားကပေးသွင်းရတယ်။ အစိုးရသတ်မှတ်ပေးတဲ့ သီးနှံကို စိုက်ပျိုးရတယ်။ သီးနှံရောင်းဝယ်မှု၊ သယ်ယူမှု၊ ကြိတ်ခွဲမှု၊ သိုလှောင်မှုများကို လည်း အစိုးရက ကန့်သတ်ထားတယ်။ ယခင်မြေရှင်စနစ်ထက် ပိုဆိုးတဲ့ မြေရှင်စနစ်ပါ။
အချုပ်နဲ့ သီးစားခ တောင်းခံ
တောင်သူလယ်သမားတို့က ရာသီဥတုကြောင့်၊ အခြားအကြောင်းကြောင်းကြောင့် သီးနှံမရလို့ တာဝန်ကျေ သီးစားခကို အပြင်မှ ဈေးကြီးပေး ဝယ်ယူပေးသွင်းရပါတယ်။ မပေးသွင်းနိုင်ရင် ပေးသွင်းနိုင်တဲ့အထိ မိမိစရိတ် နဲ့မိမိ (အိမ်က အချုပ်ကို ထမင်းပို့ပေးရတာပါ။) ချုပ်နှောင်ထားခြင်းကို ခံရပါတယ်။ ကျန်ခဲ့တဲ့ မိသားစုက ကျွဲ နွားရောင်းချ ချေးငှားရှာဖွေပြီး တာဝန်ကျေသီးနှံသွင်းပါမှ အချုပ်က လွှတ်ပေးတာပါ။ နောက် လယ်ယာမြေ လုပ်ပိုင်ခွင့် ရုတ်သိမ်းခံရတယ်။ တောင်သူလယ်သမားများ လယ်ယာဆက်လက်လုပ်ခွင့် မရတော့ပါဘူး။
ဘိတ်ချိတ် ဆန်ရောင်းနိုင်ငံ
လယ်ယာမြေ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိတော့ စိုက်ပျိုးခွင့်ရသူတို့က လယ်ယာမြေပြုပြင်ခြင်းမရှိတော့လို့ လယ် ကော၊ လယ်ရိုင်းတွေဖြစ်လာတယ်။ အစိုးရမြေရှင်စနစ်ကြောင့် ကျွမ်းကျင်တောင်သူလယ်သမားများ လယ် ယာစွန့်ခွာသွားကြတဲ့အတွက် ဆန်စပါးထွက်နှုန်းကျဆင်းပြီး ကမ္ဘာမှာ ဆန်စပါးတင်ပို့ရောင်းချတဲ့ နံပါတ်တစ် နိုင်ငံအဖြစ်မှ လျှောကျခဲ့ရတာလည်းဖြစ်ပါတယ်။ တောင်သူလယ်သမားမျိုးဆက်ဟာလည်း လယ်ကူလီဘဝ ရောက်ရပါတော့တယ်။
စနစ်မပြောင်း
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာပါတယ်။ စစ်တပ်က မဆလအစိုးရရဲ့အာဏာကို သိမ်းယူ ပြီး တပ်မတော်အစိုးရ နဝတ ဖြစ်လာတယ်။ နဝတအစိုးရက “ပါတီစုံစနစ် ခွင့်ပြုမယ်။ ရွေးကောက်ပွဲ ကျင်းပ ပေးမယ်။ ဆိုရှယ်လစ်စနစ် ဖျက်သိမ်းတယ်။ ဈေးကွက်စီးပွားရေးစနစ် ထူထောင်မယ်။ ရွေးကောက်ပွဲပြီးရင် အ နိုင်ရပါတီကို အာဏာအပ်မယ်။ တပ်မတော်က စစ်တန်းလျားပြန်မယ်လို့ ကြေညာတယ်”။ ကြေညာထားတဲ့အ တိုင်း ဆိုရှယ်လစ်စီးပွားရေးစနစ် ဖျက်သိမ်းထားပါပြီ။ ဈေးကွက်စီးပွားရေးစနစ်လည်း ကျင့်သုံးနေပါပြီ။ ဒါပေ မယ့် ဆိုရှယ်လစ်လယ်ယာမြေဥပဒေတွေ မဖျက်သိမ်းဘဲ တောင်သူလယ်သမားများအပေါ် ဆက်လက်ကျင့် သုံးနေပါတယ်။
မြေကျွန်ဟာ မြေကျွန်ပဲ
တောင်သူလယ်သမားတွေဟာ နဝတ နအဖ တည်ဆောက်နေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မခံစားကြရပါ ဘူး။ အစိုးရမြေရှင်စနစ်အောက်မှာ မြေကျွန်ပဲဖြစ်နေရဆဲပါ။
အရင်းရှင်မြေယာစနစ်ကျင့်
ဈေးကွက်စီးပွားရေးဆိုတာ အရင်းရှင်စီးပွားရေးစနစ် (သို့) ဒီမိုကရေစီစီးပွားရေးစနစ်ဖြစ်ပါတယ်။ ဒီစနစ် အောက်မှာ လယ်ယာမြေစနစ်ဟာလည်း အရင်းရှင်လယ်ယာမြေစနစ် (သို့) ဒီမိုကရေစီလယ်ယာမြေစနစ် ဖြစ် ရပါမယ်။ ဒီမိုကရေစီလယ်ယာမြေစနစ်ဆိုတာ မြေယာပိုင်ဆိုင်မှုကို ဆိုရှယ်လစ်လယ်ယာမြေစနစ်လို ကန့် သတ်မှု မရှိရပါဘူး။ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ခွင့်၊ လွှဲပြောင်းခွင့်၊ ရောင်းချခွင့်၊ စိုက်ပျိုးခွင့်၊ သို လှောင်ခွင့်၊ ကြိတ်ခွဲခွင့်၊ သယ်ယူခွင့်ရှိတဲ့စနစ်ပါ။ အစိုးရက တောင်သူလယ်သမားများ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းခွင် ကို ဥပဒေအရ အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ အဓိကက ကုန်ပိုမိုထွက်ရှိရေးပဲဖြစ်တယ်။
ဈေးကွက်လယ်ယာ
ဆိုရှယ်လစ်စနစ် ဖျက်သိမ်းပြီးပါပြီ။ ဆိုရှယ်လစ်လယ်ယာမြေစနစ်လည်း ဖျက်သိမ်းရပါမယ်။ ဈေးကွက်စီးပွား ရေးစနစ်မှာ “အရင်းရှင်လယ်ယာမြေစနစ် (သို့) ဒီမိုကရေစီလယ်ယာမြေစနစ်” ထူထောင်ရပါမယ်။
ဘာစနစ်လဲ
လက်ရှိကျင့်သုံးနေတဲ့မြေယာစနစ်ဟာ
- ဆိုရှယ်လစ်မြေယာစနစ်လားလို့မေးရင်
အဖြေက “အင်း … ဟင့်အင်း” လို့ ဖြေရပါမယ်။
- ဈေးကွက်-အရင်းရှင် လယ်ယာမြေစနစ်လားလို့ မေးရင်လည်း
အဖြေက “အင်း … ဟင့်အင်း” ပါပဲ။
အခံရဆုံး လယ်သမား
လက်ရှိတောင်သူလယ်သမားတွေအပေါ် ကျင့်သုံးနေတာက ဆိုရှယ်လစ်ဥပဒေပါ။ ဒီဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးပါဘူး။ “လယ်လုပ်သူ လယ်လုပ်ခွင့်ရရေး” အစိုးရမြေရှင်စနစ်ပါပဲ။ တောင်သူလယ်သမားတွေရဲ့ မြေ ယာတွေကို စစ်တပ်တိုးချဲ့လို့ စစ်စခန်း စစ်မြေပြင်အဖြစ် သိမ်းတယ်။ တပ်ရိက္ခာစိုက်ပျိုးရေးအတွက် သိမ်း တယ်။ မြို့သစ်တည်ဖို့၊ လမ်းဖောက်ဖို့၊ လေယဉ်ကွင်းလုပ်ဖို့၊ ဆည်မြောင်းတည်ဆောက်ဖို့၊ စက်ရုံဆောက်ဖို့၊ အစိုးရမွေးမြူရေး/စိုက်ပျိုးရေးလုပ်ဖို့၊ သကြားစက်အတွက် ကြံစိုက်ပျိုးဖို့၊ ကုမ္ပဏီတွေ ချထားပေးဖို့၊ သိမ်းယူပါ တယ်။ လျော်ကြေးပေးတာ မရှိပါဘူး။ ယတြာချေ၊ ဘုရားတည်ဖို့ အခါပေးဘုန်းကြီးက သိမ်းတယ်ဆိုတဲ့အထိ သတင်းတွေကြားနေရပါတယ်။
ချစ်တီးမဟုတ်တဲ့ မြေရှင်
သူဌေးတွေ၊ ကုမ္ပဏီတွေ၊ အာဏာပိုင်အသိုင်းအဝိုင်းတွေက မြေဧကအမြောက်အမြားကို နည်းမျိုးစုံနဲ့ ပိုင်ဆိုင် နေပြန်တယ်။ ဘာစိုက်ပျိုးရေးအတွက်ချပေးတယ်။ သီးနှံပိုမိုထွက်ရှိဖို့ လယ်သမားထံမှ သိမ်းဆည်းပြီး ကုမ္ပဏီ ကိုချပေးတယ်။ ရေနက်ကွင်းဖော်ထုတ်ဖို့ ချပေးတယ်ဆိုတာတွေနဲ့ ပိုင်ဆိုင်ခွင့်အမြောက်အမြား ပေးထားတာ ဟာ ဈေးကွက်စီးပွားရေး၊ အရင်းရှင်လယ်ယာမြေစနစ်နဲ့ အကျုံးဝင်ပြန်ပါရော။ ဒီမှာပိုဆိုးတာက အဲဒီမြေယာ အမြောက်အမြား ပိုင်ဆိုင်ထားသူတွေဟာ ကုန်ပိုမိုထွက်ရှိအောင် ထုတ်လုပ်ကြတာမဟုတ်ဘူး။
သူတို့ကိုယ်တိုင် လယ်လုပ်တာမဟုတ်ဘဲ မြေရှင်စနစ်ကျင့်သုံးခဲ့တဲ့ တဧက စပါးဘယ်နှတင်းနှုန်း ပေးရမယ်လို့ သီးစားချထားတာတွေပဲဖြစ်တယ်။ ခေတ်စကားနဲ့ဆိုရင်တော့ “မှောင်ခိုမြေရှင်စနစ်” ပေါ်နေပြီလို့ဆိုရမှာပါ။ ဥ ပမာ-ရေနက်ကွင်းဖော်ထုတ်ရေး လယ်ကွင်းကြီးတခုလုံးကို သိမ်းယူပြီး ကုမ္ပဏီတခုကို ချထားပေးလိုက်တယ်။ အဲဒီကုမ္ပဏီက ဟန်ပြ ရေနက်ကွင်းဖော်ထုတ်တယ်။ ရေနက်ကွင်းဆိုပေမယ့် တကွင်းလုံးရှိ မြေယာအားလုံး ရေနစ်တာ မဟုတ်ဘူး။ ရေမနစ်တဲ့ လယ်ယာတွေကို မူလလုပ်ကိုင်နေသူ တောင်သူလယ်သမားတွေက လုပ် ကိုင်တယ်။ အဲဒါ ဒီကုမ္ပဏီက သူရထားတဲ့ လုပ်ပိုင်ခွင့် အမိန့်စာရွက်နဲ့ ဒီတောင်သူလယ်သမားတွေထဲက တဧ က စပါး (၁၅) တင်းနှုန်းနဲ့ သီးစားခ တောင်းခံရယူနေတာမျိုးတွေလည်း ဖြစ်ပေါ်နေပါတယ်။
စနစ် (၃) ရပ်နဲ့ ဖိ
ဒီခေတ်မှာ တောင်သူလယ်သမားတွေဟာ မြေရှင်ပဒေသရာဇ်စနစ်၊ ဆိုရှယ်လစ်မြေယာစနစ်၊ အရင်းရှင်မြေ ယာစနစ်၊ ဒီစနစ် (၃) မျိုးအောက်မှာ ဘဝပျက်အောင် အဆိုးဝါးဆုံးခံစားနေကြရတယ်။ လယ်သမားလူတန်း စား ပျောက်ကွယ်တော့မှာလားလို့ ယူဆရတယ်။ ဒါ့ကြောင့် တောင်သူလယ်သမားအကျိုး ဘာဘာညာညာ လုပ်ပေးပါမယ်လို့ မက်လုံးပေး ပြောဟောကြေညာရုံနဲ့ တောင်သူလယ်သမားအကျိုး တကယ်လုပ်ပေးရာမ ရောက်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာပြည်သူလူထုရဲ့ ၈၀ % လောက်ရှိတဲ့ တောင်သူလယ်သမား တွေကို ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်ပါမှ၊ တောကချမ်းသာမှ မြို့ကချမ်းသာမှာ။ အမှန်တကယ် တိုင်းပြည်တိုးတက် မှာလို့ ခံယူမိတယ်။
လယ်သမားအကျိုးလုပ်မှာလား
တပ်မတော်အစိုးရ (နဝတ၊ နအဖ) ကြေညာထားတဲ့ ဈေးကွက်စီးပွားရေးစနစ် (အရင်းရှင်စီးပွားရေးစနစ်) အရ တောင်သူလယ်သမားအရေးအတွက် အရင်းရှင်လယ်ယာမြေစနစ်၊ ဒီမိုကရေစီလယ်ယာမြေစနစ် ပီပီပြင်ပြင် ဖြစ်လာရန် မူဝါဒလမ်းစဉ်တရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ တောင်သူလယ်သမား ကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းတရပ်အဖြစ် အသိအမှတ်ပြုနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
မိတ္ထီလာ NLD မြင့်မြင့်အေး
၂၁-သြဂုတ်-၂၀၁၀
Saturday, August 21, 2010
အစိုးရမြေရှင်စနစ် ဖျက်သိမ်းကြလော့
Subscribe to:
Post Comments (Atom)
2 comments:
အလွန်ကျေးဇူးများတဲ့ သုံးသပ်ချက်ဖြစ်တယ်။
တပ်ရင်းမှူး က မိန်းမ နာမည်ပေါက် နဲ့  လယ်သိမ်းတယ်ဆိုတာက အစ crony လုပ်ငန်းရှင်ကြီးတွေ ဧကများစွာ အဓမ္မ လယ်သိမ်းတာအထိ ဖြစ်နေတာ တပြည်လုံးခံစားနေကြရတယ်။
ဟိုရှေးကာလ က သာယာဝတီ ဥူးညေယျ ဟောခဲ့သလို ဒါ ငါ့လယ်၊ငါ့ယာ လို့  လက်ညှိုးထိုးပြရာ ကနေ လယ်သမားတွေ အဖို့  ထိုးပြတဲ့ လက်ညှိုး ဘဲ ကျန်နေတဲ့ ခေတ်ဆိုးကြီးပေပဲ။
ပေါ်တာ၊အဓမ္မလုပ်အား လုပ်ပေးနေကြရတာလဲ လယ်သမားတွေအများဆုံးပါ။
လယ်သမား ၈၅%( ? ကျန်သေးလားတောင်မသိ) ရှိတဲ့ တိုင်းပြည်မှာ ---ပထမဆုံးနဲ့  အလေးနက်ဆုံး ပြုပြင်(ပြောင်းလဲ ၀ါ တော်လှန်)ရမဲ့ တာဝန်ပါဘဲ။
အလွန်ကျေးဇူးများတဲ့ သုံးသပ်ချက်ဖြစ်တယ်။
တပ်ရင်းမှူး က မိန်းမ နာမည်ပေါက် နဲ့  လယ်သိမ်းတယ်ဆိုတာက အစ crony လုပ်ငန်းရှင်ကြီးတွေ ဧကများစွာ အဓမ္မ လယ်သိမ်းတာအထိ ဖြစ်နေတာ တပြည်လုံးခံစားနေကြရတယ်။
ဟိုရှေးကာလ က သာယာဝတီ ဥူးညေယျ ဟောခဲ့သလို ဒါ ငါ့လယ်၊ငါ့ယာ လို့  လက်ညှိုးထိုးပြရာ ကနေ လယ်သမားတွေ အဖို့  ထိုးပြတဲ့ လက်ညှိုး ဘဲ ကျန်နေတဲ့ ခေတ်ဆိုးကြီးပေပဲ။
ပေါ်တာ၊အဓမ္မလုပ်အား လုပ်ပေးနေကြရတာလဲ လယ်သမားတွေအများဆုံးပါ။
လယ်သမား ၈၅%( ? ကျန်သေးလားတောင်မသိ) ရှိတဲ့ တိုင်းပြည်မှာ ---ပထမဆုံးနဲ့  အလေးနက်ဆုံး ပြုပြင်(ပြောင်းလဲ ၀ါ တော်လှန်)ရမဲ့ တာဝန်ပါဘဲ။
Post a Comment