Wednesday, August 18, 2010

အတုအယောင် ရွေးကောက်ပွဲမှ အခွင့်အလမ်းများ

ရဲဘော်ကျော်သန်း

ဖောက်ပြန်သူ အချောင်သမားအပေါင်းတို့ ဆင့်ဟိုဒင်းခွေးမျှော်သလို မျှော်နေကြတဲ့ ရွေးကောက်ပွဲ ကလိန်ခြုံ ဇာတ်ထုပ်ကြီးကို နိုဝင်ဘာ (၇) ရက်မှာ လုပ်မယ့်အကြောင်း ဗိုလ်သန်းရွှေက သတ်မှတ်ကြေညာလိုက်ပါပြီ။ သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ မွေးဖွားလာမှာ မဟုတ်တာကို သိထားတဲ့ ထောင်ထဲက လူထုခေါင်းဆောင် တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တောကြိုအုံကြားမကျန် လူထုကြီးတ ရပ်လုံးကတော့ စိတ်မဝင်စားလှပါဘူး။

သို့သော်ငြားလည်း ပြည်ပက အန်ဂျီအိုနောက်လိုက်ခွေး အချောင်သမားများနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ပြည် တွင်းဖောက်ပြန်ရေးသမားတစုကတော့ မီးလောင်တုန်း ကူညီသလိုနဲ့ အလစ်သုတ်ဖို့ အထုပ်တပြင်ပြင် ဖြစ်နေ ကြပြီ။ သူတို့ခင်ဗျာလည်း ဇာတ်လိုက်မင်းသမီး၊ မင်းသားမပါတဲ့ အချောက်တိုက် လုပ်ဇာတ်ကြီးမှာ ဝင်ကကြရ ပေမယ့် အကယ်ဒမီတောင်မမှန်းနိုင်တဲ့ အဖြည့်ခံသက်သက်ပါ။ ကရမယ့် အခန်းကလည်း လူကြမ်းအသားပေး ဇာတ်မှာ သိန်းစိန်အမှူးရှိတဲ့ ကြံ့ဖွတ်လူကြမ်း ပါးရိုက်တာ ခံလိုက်၊ အရက်ခွက်ကလေး ငှဲ့ပေးလိုက်နဲ့ လူကြမ်း တပည့် နောက်လိုက်အခန်းကပဲဖြစ်တယ်။

“ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသင်္ကာစရာကောင်းလောက်အောင် တိတ်ဆိတ်နေတာကတော့ တပ်ပေါင်းစုကြီးတွေနဲ့ (၉၀) ခု ရွေးကောက်ပွဲရလဒ်ကို အခြေခံပါတယ်ဆိုတဲ့ အန်စီဂျီယူဘီနဲ့ အမ်ပီယူတို့ပါပဲ။ သူတို့လည်း အန်ဂျီအိုနောက်လိုက်ခွေးတွေလို အနှစ် (၂၀) ခိုးဆိုးလုယက်ထားတဲ့ အထုပ်ကလေးတွေပြင် အထဲဝင်ဖို့ ပြင်နေကြသလား စဉ်းစားစရာပါ။ အန်စီဂျီယူဘီရဲ့ ကုလသမဂ္ဂ စင်္ကြံလျှောက်ကြီးတို့လည်း အသံကိုတိတ်လို့။ အနှစ် (၂၀) လုံးလုံး အစိုးရ အစိုးရလို့ အော်နေသူတွေ အခုတော့ အင်န်ဂျီအိုတွေ အလိုကျ အစိုးမရတဲ့ အခွင့်အရေးတွေနောက် ငွေထုပ်တွေနောက် လိုက်ကြဖို့ ပြင်နေတာနဲ့ မအားမလပ် ဖြစ်နေကြရှာတယ်ထင်တယ်။”

နိုင်ငံတကာကို ဝင်ဆံ့နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ လုပ်တဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနဲ့ ကြည့် ရင် (၉၀) ခု ရွေးကောက်ပွဲလောက်တောင် အဆင့်အတန်းမရှိတာ တွေ့နိုင်ပါတယ်။ လူထုကဏ္ဍ ပြိုင်ဘက်ပါ တီတွေရဲ့ကဏ္ဍဆိုတာ မရှိသလောက်ပါပဲ။ (၉၀) ခု ရွေးကောက်ပွဲကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးစ ကာလမှာ လုပ်ခဲ့ရတာဆိုတော့ လူထုကို ချွေးသိပ်ရတာနဲ့ လူထုရဲ့အခန်းကဏ္ဍ၊ ပြိုင်ဘက်ပါတီတွေရဲ့ အခန်း ကဏ္ဍက အထိုက်အလျောက်ရှိသေးတယ်။ ရွေးကောက်ပြီးကာလ မျှော်မှန်းချက်ကလည်း အလွန်ကွာတယ်။ အဲဒီချိန်က ဗိုလ်စောမောင်က ရွေးကောက်ပြီးရင် စစ်တပ်က စစ်တန်းလျားပြန်မယ်လို့ ကတိပေးထားတယ်။ ဒီ ရွေးကောက်ပွဲမှာတော့ ပွဲပြီးရင် စစ်တပ်က သမ္မတရာထူး အပါအဝင် လွှတ်တော်နဲ့ အရပ်ဘက်နေရာတွေကို ဗြောင် တရားဝင် သိမ်းပိုက်နေရာယူမှာဖြစ်တယ်။

အသေအချာ လေ့လာသုံးသပ်ကြည့်ရင် ဒီရွေးကောက်ပွဲဆိုတာဟာ အတုအယောင်တခုအဖြစ်သာမက မိစ္ဆာ သန်းရွှေ စစ်အုပ်စုရဲ့ သူရဲဘောကြောင်မှုကိုလည်း ပြနေပြန်တယ်။ (၉၀) ခု ရွေးကောက်ပွဲမှာ ခံလိုက်ရတဲ့ လူ ထုဆုံးမမှုကို စစ်ဗိုလ်ချုပ်တွေ အခုထိ သွေးလန့်နေတုန်းဆိုတာ ထင်ရှားတယ်။ အဲဒီအချိန်က စစ်အုပ်စုဟာ ဒီမို ကရေစီပါတီတွေ ရာနဲ့ချီ ကွဲနေတာကြောင့် သူတို့ရုပ်သေးပါတီ တစည နိုင်လိမ့်မယ်လို့ သေချာပေါက် တွက်ခဲ့ ကြတယ်။ ဒါပေမယ့် လူထုက ဒါမျိုးတွေ နောကြေနေပြီ။ အတ္တကလွဲလို့ ဘာမှမရှိတဲ့ နအဖ နလပိန်းတုံးတွေ ထက် အကင်းပါးတယ်။ ကြုံရာပါတီမှာ ဝင်လုပ်တယ်။ ရောကြနှောကြ စည်းဝေးကြတယ်။ မဲပေးတော့ ဒေါ် အောင်ဆန်းစုကြည်တပါတီတည်း စုပြုံဖြစ်ကုန်ရော။ စစ်အုပ်စုလည်း မျက်ဖြူဆိုက် ပက်လက်လန်ပြီး ဗြောင် လိမ်ဗြောင်စားနဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ရဲဘဲ ရူးချင်ယောင်ဆောင်လိုက်ရတယ်။ အခု တော့ သူတို့ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ အဲဒီရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ရွေးကောက်ပွဲအသစ်ဆိုတဲ့ လုပ် ဇာတ်ကို ထုတ်လာရပြန်တယ်။

အနှစ် (၂၀) ကျော်ကြာမှ ပြန်လုပ်တဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်းတော့ အရင်ဟာထက်ပိုပြီး တိုးတက်အ ဆင့်အတန်းမြင့်သင့်တယ်။ သူတို့ကိုယ်တိုင်ကလည်း တိုင်းပြည်ကြီး ဘယ်ခေတ်နဲ့မှမတူဘဲ အေးချမ်းသာယာ နေတယ်လို့ ပြောနေတာပဲ။ ဒီအနှစ် (၂၀) ကျော် ကာလအတွင်းမှာ စစ်အုပ်စုက အတိုက်အခံမှန်သမျှ တော တွင်းလက်နက်ကိုင်ကအစ မြို့ပေါ်ရဟန်းသံဃာမကျန် ပိုက်စိပ်တိုက်ပြီး အနုနည်း အကြမ်းနည်းမျိုးစုံနဲ့ ချေ မှုန်းခဲ့တယ်။ တောတွင်းလက်နက်ကိုင်တွေကို သပ်လျှိုဖြိုခွဲနည်း လက်နက်ကိုင် စေ့စပ်နည်းတွေနဲ့ ထိန်းချုပ် သလို ပြည်တွင်းပြည်ပက အချောင်သမားတွေကိုလည်း အခွင့်အရေးပေး စည်းရုံးနည်းတွေနဲ့ တပည့်လုပ်ထား နိုင်ခဲ့တယ်။ အဲဒီလို စည်းရုံးမရတဲ့သူတွေကိုတော့ သတ်တာ၊ ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ တောတွင်းပြည် ပ မောင်းထုတ်တာ၊ ဆွေမျိုးမိသားစုတွေရဲ့ စီးပွားရေးတွေကို ဖျက်ဆီးတာ စတဲ့ အကြမ်းနည်းမျိုးစုံနဲ့ ချေမှုန်း ထားတယ်။ အဓိက ပါတီ အန်အယ်လ်ဒီဆိုတာ ထုချေထားလိုက်တာ မွမွကိုကြေလို့။

ပြည်တွင်းပြည်ပက ဗောင်းတော်ညိတ် စိတ်တော်သိ အချောင်သမား လုပ်စားတွေနဲ့ မီဒီယာတွေကလည်း တတ်သမျှ မှတ်သမျှနဲ့ ရွေးကောက်ပွဲအတွက် အပေးအယူမျှမျှနဲ့ တောခြောက်ညာသံ ပေးနေကြတယ်။ တမျိုး သားလုံးကို ကျွန်ဇာတ်သွင်းထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို မတို့ရဲ မထိရဲကြရှာဘူး။ စစ်ကျွန်ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲကိုပဲ ဟိုဟာ တရားတယ်၊ ဒီဟာ မတရားဘူးလို့ ယောင်ပြဝေဖန်ရေးပဲ လုပ်ကြတော့တယ်။ တ ချို့ဖောက်ပြန်ရေးသမားတွေကတော့ သူများထက်ထူးကဲပြီး ဒီရွေးကောက်ပွဲဟာ ပကတိအရှိတရား အမှန်တ ရားဖြစ်တယ်။ အခွင့်အရေးဖြစ်တယ်လို့ ပြောင်ပြောင် ဖားယားလိမ်လည်ကြတယ်။

တရားဝင် စစ်အာရှင်စနစ်ထူထောင်ဖို့ (ဝါ) ရွေးကောက်ပွဲအတွက် မျက်နှာသာပေးတဲ့ အခြေအနေ အခွင့်အ လမ်းတွေက ပြည်တွင်းပြည်ပမှာပြည့်နေတာပဲ။ မိစ္ဆာသန်းရွှေအနေနဲ့ ဗိုလ်စောမောင်တဝက် သတ္တိရှိရင်တောင် ဒီအခွင့်အလမ်းတွေကို ယူပြီး အမျိုးသားခေါင်းဆောင် ရာထူမှန်းနိုင်သေးတယ်။ ဘုန်းတော်ဘွဲ့ ချီးမြှောက်ကြ မယ့် ပြည်တွင်းပြည်ပက ဘွဲ့ဒီဂရီ တသီတတန်းနဲ့ လူတတ်တွေကလည်း မနည်းမနော။ ဒါပေမယ့် ဗိုလ်သန်းရွှေ ကတော့ ကလိမ်ကကျစ်ဉာဏ်များသလောက် ကြောက်တတ်လိုက်တာကလည်း ချီးကိုချမ်းလို့။

ကိုယ့်ကိုယ်ကိုယ် အာဏာကုလားထိုင်နဲ့ သံမှိုစွဲထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့တင် မလုံလောက်လို့ ရွေးကောက်ပွဲ နည်းဥပဒေဆိုတာတွေနဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ချုပ်နှောင်ကန့်သတ်ထားလိုက်သေးတယ်။ ပါတီ စည်းရုံးရေးအတွက် လွတ်လွတ်လပ်လပ် တရားမဟောရ၊ စီတန်းလမ်းမလျှောက်ရ၊ စာအုပ်စာတမ်းမထုတ်ရ ပြီးတော့ ဟိုလူ ဒီလူ မပါရ၊ အကန့်အသတ်တွေ များမှများ။ နင်မဟုတ်ရင် နင့်အဖေ၊ နင့်အဖိုးဆိုတဲ့ ဝံပုလွေအ ပြစ်ရှာတဲ့ နည်းဥပဒေတွေကလည်း ပြည့်လို့။ ဒီကြားကပဲ တခြားပါတီတွေ မတတ်နိုင်တဲ့ ကိုယ်စားလှယ်အ လောင်းတွေအတွက် ရွေးကောက်ပွဲအပေါင်ကြေး (Deposit) ကို တယောက်ငါးသိန်း သတ်မှတ်ထားပြန်သေး တယ်။ ရှုံးရှုံးနိုင်နိုင် ပြန်မအမ်းဘူးတဲ့။

အရပ်ရပ်နေပြည်တော် ကြားလို့မှ မတော်တဲ့ ဘယ်နိုင်ငံ ဘယ်ရွေးကောက်ပွဲမှာမှ မရှိဖူးတဲ့ နည်းဥပဒေဆိုတာ တွေကလည်း အများကြီး။ ဒီလောက်များတဲ့ ငွေကို တိုင်းပြည်ဘဏ္ဍာကို စိတ်တိုင်းကျ ခိုးဆိုးလုယက်ထားတဲ့ ကြံ့ဖွတ်ပါတီနဲ့ ဟန်ညောင်ရွှေတို့၊ နေဝင်းမောင်တို့လို အင်န်ဂျီအိုနောက်လိုက်ခွေးတွေရဲ့ အထောက်အပံ့ရှိတဲ့ သူမှသာ တတ်နိုင်တယ်။ ရွေးကောက်ဖို့ အမတ် (၃၃၀) ရှိတဲ့ လွှတ်တော်နေရာတွေအတွက် ကြံ့ဖွတ်ပါတီက လွဲရင် နေရာငါးဆယ်အထိ ဝင်ပြိုင်နိုင်တဲ့ ပါတီတောင်မရှိဘူး။ ဘာပဲပြောပြော အမတ်ဆိုတဲ့ တံဆိပ်နဲ့ လွှတ် တော်မှာ ပေးတာယူ ကျွေးတာစားပြီး လက်ညှိုးထောင် ခေါင်းညိတ်နဲ့ ပြာတာသာသာ ရာထူးကို ဒီလောက်ဈေး ကြီးပေးပြီး ဝယ်ချင်ကြ ကံစမ်းချင်ကြတဲ့သူတွေကလည်း အံ့သြစရာ ရှိနေသေးတာပဲ။

ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသင်္ကာစရာကောင်းလောက်အောင် တိတ်ဆိတ်နေတာကတော့ တပ်ပေါင်းစု ကြီးတွေနဲ့ (၉၀) ခု ရွေးကောက်ပွဲရလဒ်ကို အခြေခံပါတယ်ဆိုတဲ့ အန်စီဂျီယူဘီနဲ့ အမ်ပီယူတို့ပါပဲ။ သူတို့လည်း အန်ဂျီအိုနောက်လိုက်ခွေးတွေလို အနှစ် (၂၀) ခိုးဆိုးလုယက်ထားတဲ့ အထုပ်ကလေးတွေပြင် အထဲဝင်ဖို့ ပြင် နေကြသလား စဉ်းစားစရာပါ။ အန်စီဂျီယူဘီရဲ့ ကုလသမဂ္ဂ စင်္ကြံလျှောက်ကြီးတို့လည်း အသံကိုတိတ်လို့။ အ နှစ် (၂၀) လုံးလုံး အစိုးရ အစိုးရလို့ အော်နေသူတွေ အခုတော့ အင်န်ဂျီအိုတွေ အလိုကျ အစိုးမရတဲ့ အခွင့်အ ရေးတွေနောက် ငွေထုပ်တွေနောက် လိုက်ကြဖို့ ပြင်နေတာနဲ့ မအားမလပ် ဖြစ်နေကြရှာတယ်ထင်တယ်။

တကယ်တော့ စစ်အုပ်စုရဲ့ လမ်းပြမြေပုံ နောက်ဆုံးအဆင့် ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲ သိမ်းမဟုတ်သလို ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ လမ်းဆုံးလည်းမဟုတ်ပါဘူး။ စစ်အုပ်စုမှာ မဖြေရှင်းနိုင် သေးတဲ့ ပြဿနာပေါင်းများစွာနဲ့ ဒီရွေးကောက်ပွဲကို လုပ်ပေးရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင် ငံရေးသမား ကျောင်းသားထောင်ပေါင်းများစွာကို အကျဉ်ချထားရတယ်။ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေနဲ့လည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကလည်း အများကြီး။ ပြည်တွင်းစီးပွားရေး ချွတ်ခြုံကျမှု ပြဿ နာနဲ့ ဒီစီးပွားရေးအကျပ်အတည်းကြောင့် အိမ်နီချင်းနဲ့ နိုင်ငံတကာရောက်နေတဲ့ သန်းပေါင်းများစွာသော ပြည် သူတွေကို ပြန်လည်နေရာချထားရေး အလုပ်အကိုင် ဖန်တီးပေးရေး ပြဿနာတွေ တသီတတန်းကြီး ရှိနေ တုန်းပဲ။

နောက်ပြဿနာက သူတို့စစ်အုပ်စုထဲက အတွင်းပြဿနာဖြစ်တယ်။ ဖွဲ့စည်းပုံအရ သမ္မတက နိုင်ငံအကြီးအကဲ ဆိုပေမယ့် အာဏာမှာတော့ တပ်ကိုကိုင်တဲ့ စစ်ဦးစီးချုပ်က အခရာဖြစ်တယ်။ ဒီတော့ ဗိုလ်သန်းရွှေ ဘာဆက် လုပ်မလဲ။ တပ်ကိုဆက်ကိုင်မလား၊ သမ္မတသွားလုပ်မလား။ သမ္မတသွားလုပ်ရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချအပ်ရမလဲ။ တပ်ကိုဆက်ကိုင်ရင် ဘယ်သူ့ကို သမ္မတခန့်ရမလဲ။ ဖြစ်လာမယ့် သမ္မတနဲ့ စစ်ဦးစီး ချုပ်တို့ မပြေလည်ရင် ညှိနှိုင်းမရရင် ဘာတွေဖြစ်လာမလဲ ဆိုတဲ့ “သို့လော သို့လော” ပြဿနာတွေက အများ ကြီးပါ။ ဒီတော့ ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်တာ အသေအချာဖြစ်တယ်။ သူတို့ အတွက် ပိုဆိုးနိုင်တာက ကိုယ်ဖော်တဲ့ဆေးနဲ့ ကိုယ်ဒုက္ခရောက်တဲ့ကိန်းပါပဲ။ သူတို့အာဏာ ဆက်လက်ဆုပ် ကိုင်ထားနိုင်တဲ့ အဓိကအကြောင်းဖြစ်တဲ့ စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရမကွဲခဲ့တဲ့ စည်းရုံးမှုကို အထက်မှာ ပြောခဲ့သလို ဒီဖွဲ့စည်းပုံက ကွဲစေနိုင်တဲ့ အချက်ပါပဲ။

ပြီးတော့ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ ဗိုလ်သန်းရွှေထက် နိုင်ငံရေး အရ ဆုပ်ဆုပ်ကိုင်ကိုင်ရှိတဲ့ ဗိုလ်နေဝင်းတောင် ဒီ့ထက်ကောင်းတဲ့ အခွင့်အခါတွေကို မှီပြီး (၇၄) ဖွဲ့စည်းပုံကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘူး။ (၇၄) ဖွဲ့စည်းပုံ အတည်ပြုပြီး လပိုင်းအတွင်းမှာပဲ အလုပ်သမား အရေး တော်ပုံတွေ၊ ကျောင်းသားအရေးတော်ပုံတွေ၊ ဦးသန့်အရေးတော်ပုံတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ နောက် ဆုံး ရှစ်လေးလုံးအရေးတော်ပုံနဲ့ တပါတီအာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေ စီဆိုပြီး တံဆိပ်ကပ်ထားတဲ့ အခုစစ်အာဏာရှင်စနစ်ဟာလည်း မလွဲမသွေ ပျက်သုဉ်းရမှာဖြစ်တယ်။

အထက်မှာ တင်ပြခဲ့သလို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေမယ့် အချက်အလက် အခြေအနေတွေက ရှိနေပြီး ဖြစ်တယ်။ နိုင်ငံတကာအခြေအနေကလည်း (၆၂- ၇၄) တုန်းကလို စစ်အာဏာရှင်တွေ အနေချောင်နိုင်တဲ့ အ ခြေအနေမဟုတ်သလို ဗမာလူထုရဲ့ နိုင်ငံရေးနိုးကြားမှု၊ သို့မဟုတ် စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်က လည်း ပိုပြီးမြင့်မားနေတယ်။ စစ်အာဏာရှင်တည်မြဲဖို့အတွက် ဘယ်လိုအချက်အလက် အင်အားစုကမှ လက် မခံနိုင်ဘူး။ ဒီမိုကရေစီခေါင်းဆောင်တဖြစ်လဲ စစ်အာဏာရှင် အလိုတော်ရိတွေကလည်း ကျားကန်မပေးနိုင် ဘူး။ ပြီးခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလ ရေစုန်မျှောခဲ့ရတာဟာ အဲဒီလို ခြံစည်းရိုး ခွထိုင်နေတဲ့ ရေပေါ်ဆီ အ ချောင်သမားတွေနဲ့ သူ့လူကိုယ့်ဘက်သားတွေက လူထုအရေးတော်ပုံရဲ့ ဦးဆောင်မှုကို အုပ်စီးထားတာ ကြောင့်ဖြစ်တယ်။ ဒီအင်အားစုတွေဟာ စစ်အုပ်စုဘက် ပြန်ရောက်သွားရင်လည်း ရေသာခို ကိုယ်ကျိုးရှာကြ ရင်းနဲ့ စစ်အုပ်စုအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်လက်ရှိနေပြီး အရေးတော်ပုံကို တန်ပြန်အကျိုးပြုနေဦးမှာ ဖြစ်တယ်။

ဒါကြောင့် ရွေးကောက်ပွဲဆိုတဲ့ ဒီအလှည့်အပြောင်းဟာ ပြည်သူ့အရေးတော်ပုံအတွက် ကောင်းတဲ့ အလားလာ တွေ ဖြစ်ပေါ်စေမယ့် လမ်းခွဲမှုတွေ ဖြစ်ပေါ်လာစေမှာဖြစ်တယ်။ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုအသစ် ကို တည်ဆောက်ဖို့ အခွင့်အလမ်းလည်းဖြစ်တယ်။ ကိုယ်တွက်ချန် တွေဝေတဲ့ ခေါင်းဆောင်မှုက လူထုလှုပ်ရှား မှုတွေကို မြုံသွားစေတတ်တယ်။ တရုတ်ပြည်တော်လှန်ရေးမှာ ရဲဘော်မော်စီတုံးတို့က အတွေးအခေါ် လက် ဝေခံ ဝမ်ချိန်ဝေးတို့ လီလီစန်းတို့လို တွေဝေတဲ့ ခေါင်းဆောင်းမှုကို ဖယ်ရှားပစ်ပြီးမှသာ အောင်ပွဲကို တက်လှမ်း နိုင်ခဲ့တယ်။ ဒီနေ့ ဗမာလူထုတိုက်ပွဲရဲ့ လိုအပ်ချက်ဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှု၊ တော်လှန်ရဲရင့်တဲ့ ခေါင်းဆောင်မှုပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီအလှည့်အပြောင်းဟာ ရန်သူစစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်သလို ဒီမိုကရေစီအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ လမ်းခွဲမှုတွေဟာလည်း ဝမ်းနည်းစရာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တာတွေ ဆောင်ရွက်ရင်း ရွေးကောက်ပွဲလွန်ကာလ အခြေအနေ သစ်နဲ့ လျော်ညီမယ့် တိုက်ပွဲပုံစံသစ်တွေကို ဖော်ထုတ်ကြရမှာဖြစ်ပါတယ်။ စုဖွဲ့မှု ပုံစံအသစ်တွေကို ဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်။ လူထုဘဝတွေ မပြည့်စုံသရွေ့၊ လူထုဆန္ဒ ဒီမိုကရေစီမရသရွေ့ လူထုတိုက်ပွဲတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ကျေးဇူးသစ္စာကို စောင့်သိသူများအ တွက်တော့ ဒီရွေးကောက်ပွဲဆိုတဲ့ အလှည့်အပြောင်းဟာ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုသစ်ကို တည် ဆောက်ပြီး လူထုအောင်ပွဲကို ရယူရန် အခွင့်အလမ်းသာဖြစ်ပါတယ်။

“ပြည်သူသာ အမိ ပြည်သူသာ အဖ”

ရဲဘော်ကျော်သန်း
၁၆-၈-၂၀၁၀

13 comments:

ရွှေတုတ် said...

အတုအယောင်လွတ်လပ်ရေးဆိုပြီးထပုန်ကန်ခဲ့ပြီးတော့ သေချင်းဆိုးတွေနဲ့သေကုန်ပြီး သမိုင်းဇာတ်ခုံပေါ်မှာ ပါမျိုးကန်းသွားခဲ့တဲ့ မင်းတို့တွေ အခုလည်း အော်ပြန်ပြီ….. အတုအယောင်ရွေးကောက်ပွဲတဲ့… မင်းမပူ ပါနဲ့။ငါတို့ပြည်သူတွေကမဲပေးဦးမှာပါ။ ဘယ် သူကိုပေးမယ်၊ဘယ်သူနိုင်မယ်။ ဘယ်လိုရလာဒ် မျိုး တွေထွက် လာမယ်ဆိုတာကတော့မကြခင်သိရမှာပေါ့။ ဒါကပြည်သူတွေဆုံးဖြတ်ရမှပါ။ မင်းဝင်ဆုံးဖြတ်ပေးလို့မရဘူး။

မင်းပြောသလို ဘဲ ယနေ့ခေတ်အခြေအနေက နိုင်ငံတကာအခြေအနေကလည်း (၆၂- ၇၄) တုံးကအခြေအနေလိုမဟုတ်ဘူဆိုတော့ မင်းတို့ ဗကပတွေလည်း အဲ့ဒီတုံးကလုပ်သလိုမျို ဘာသပိတ်၊ ညာသပိတ်၊ သာရကာသပိတ်တွေဖြစ်အောင် ယူဂျီတွေကိုမြှောက်ပေးပြီးခိုင်းလို့ရ တဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာလဲသိထားစေချင်တယ်။


မင်းတို့ဗကပတွေအဲ့ဒီလိုအော်ရင်း၊ဟစ်ရင်း၊ ဘယ်တော့ မှလဲမဆုံးတဲ့၊ဘယ်တော့မှလည်း မအောင် မြင်ခဲ့တဲ့လူထုဒီမိုကရေစီတော်လှန်ရေး အမည်ခံ(တရုပ်လက်ဝေခံ) စိတ်ကူးယဉ် တော်လှန်ရေးတွေ လုပ်ရင်းနဲ့အချင်းချင်းသတ် လို့ သေချင်းဆိုးတွေနဲ့သေကုန်တဲ့သူတွေလဲသေ ကုန်၊ ဗိုလ်နေ၀င်းစစ်တပ်၊ ဗိုလ်သန်းရွှေစစ်တပ်က ခြေမှုန်းလို့သေချင်းဆိုးနဲ့သေကုန်တဲ့ ကောင်တွေ သေကုန်၊ ကိုယ့်တိုင်းပြည်ထဲ မှာလဲနေစရာမရှိ၊ ပြည်သူလဲလက်မခံလို့နိုင်ငံခြားမှာအနေအစားချောင် အောင်ရရာ အလုပ်လုပ်သူလုပ်၊ ကိုယ့်ကိုယ် ကိုယ် စစ်ရေးကျွမ်းကျင်သူအမည်ခံသူခံ၊ဒုက္ခသည် အနေနဲ့ နေသူနေနေကြတာ ဘဲမဟုတ်လား။ ကိုယ့်သမိုင်း ကိုယ်ပြန်ကြည့်ပါဦး၊ ပြည်သူတွေမင်းတို့ ပြောတာကိုလက်ခံ(ခဲ့)လို့လား။ မင်းတို့ရဲ့ကြောင်တောင်တောင်ထာဝရတော်လှန် ရေး(ကိုယ်အာဏာမရမချင်း)လုပ်ငန်းတွေကိုပြည်သူ တွေ ကကောလက်ခံခဲ့ လို့လား။ လက်ရှိအခြေအနေ အရကောနိုင်ငံရေးအရ၊ဘယ်လောက်အောင်မြင်တဲ့ အနေအထားရှိလို့လဲ။ မင်းကိုယ်မင်းရော လူတန်းစား စရိုက်အမှန်ရှိသေးရဲ့လားလို့ပြန်ကြည့်ပါဦး။
တစ်ခုတော့ကျေးဇူးတင်တယ်။ မင်းတို့အဲဒီလိုလျှောက်ရေးတာလေးတွေဖတ်ရတော့ ဟိုတုံးက သွားလေ သူတွေရဲ့ စာတွေ၊ စကားတွေကိုပြန်သတိရမိတယ်။ သူတို့လဲ ပစ္စည်းမဲတော်လှန်ရေး လှန်ရေးကောင်းမှု တွေကြောင့် ပစ္စည်းမဲလောကနိဗ္ဗာန်ကြီးမှာ အခုလောက်ဆို အားပါး တရစံဝင်နေကြပြီနဲ့ တူပါရဲ့။

mg said...

စကားစကား ပြောပါများ စကားထဲက ဇာတိပြဆိုသလို ကိုယ်နဲ့အမြင်မတူသူကို ခွေးနဲ့နှိုင်းပြီးပြောတယ်...မောက်မာ ရိုင်းစိုင်းတဲ့အသုးံအနှုံးတွေသုံးတယ်...အဲဒါ ပြည်သူကိုခေါင်းဆောင်ချင်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်လား?လေးစားစရာပါပဲ...


ဗကပ အကြမ်းဖက်သမားတွေဆိုတဲ့အတိုင်း တိုက်မယ် ခိုက်မယ် ဆူပူမယ်ဆိုတဲ့ ပြည်သူကိုရှေ့ဆုံးကသေခိုင်းတဲ့ နည်းလမ်းတွေပဲအမြဲမြှောက်ထိုးပင့်ကော်နဲ့ပြောဆိုတာကလွဲပြီး ဘာမှမပြောတတ် မရေးတတ်တာတော့ အမှန်ပါပဲ...မိမိတို့အာဏာမရမချင်း ဒီမိုကရေစီမဟုတ်ဘူး မတရားဘူး ဘာညာတွေပြောနေတာကတော့ တော်တော်စိတ်ဓာတ်ညံ့ဖျင်းလွန်းရာကျပါတယ်...

Ye Myint said...

After all, this "nga" guy exactly sounds like Nga Than's Shwe's propaganda machine, which actually has to rely on those psy-warfare stuffs developed by the disgraced former Gastapo chief Nga Khin Nyunt's clique, including that distorted and ridiculous Road Map as well as the fabrication that BCP initiated the Great 8888 popular uprising.

What this "anti-Burma" guy just posted is nothing more than a cheap imitation/unscrupulous plagiarism of those propaganda materials published by Nga Khin Nyunt' clique back in the '90s in that notorious journal/magazine called "Myet Khin Thit" as well know as "Ngwer Za Jet" (Cow Pasture).

Nobody would give a damn to your post , Anti-Burma.

You'd better be mindful that that universal natural law which recites that "The mutual forces of action and reaction between two bodies are equal, opposite and collinear" always applies anywhere, any time, and under any circumstances. If you have some high school education, you might recall that this is "Newton's Third Law".

The point is that since there has been increasingly unjust and senselessly oppressive pressure upon the whole populace, it is inevitable that equal and opposite reaction from the oppressed would arise any time from now. You get my point? If you don't, let me explain. My point is that a popular protest/uprising by the people could spontaneously break out at any moment anywhere in Burma. it might only take a minuscule trigger factor.

So, tell your side to be prepared for the consequences.

Best,

Naing

Anonymous said...

အဲ့ ဒီ mg ဆိုတဲ့သတ္တ၀ါဟာ ခုလောက်ဟောင်ချက်ကလေးတွေများလာတော့ သူ့ သခင်လ့ူ့ ငနွားကြီးသန်းရွှေဆီက အရိုးအရင်းလေး နှစ်ခု သုံးခုလောက်တော့ချကြွေးပေးဘို့  အမြီးနှ့ံ တောင်းလို့ ရပြီပေါ့။ ပိုသေချာအောင် 8888 email group ကို သူ့ ဟောင်သံလေးတွေ copy လုပ်ပြီး ဖြန့် ပေးလိုက်ကြပါ။ ဒါမှ သူ တကယ်ဘဲ သူ့ သခင် လူ့ နွားကြီးသန်းရွှေဆီက အရိုးအရင်းလေး တောင်းဘို့  လက်ဆုတ်လက်ကိုင် ပြစရာရှိမှာ။ သနားစရာခွေးဝဲစားလေးပါ၊ မေတ္တာထားလိုက်ပါ။

mg said...

ပြည်သူကိုခေါင်းဆောင်ချင်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေထဲက တစ်ခုဖြစ်တဲ့ အခြေခံအပြောဆို အမူအကျင့်လေးတောင်မှ ယဉ်ကျေးစွာမပြောနိုင်ပဲ ပြည်သူကို ဘယ်လိုလုပ်ပြီး ရှေ့ဆောင်လမ်းပြနဲ့ ခေါင်းဆောင်လုပ်လို့ရမှာလဲ...

Anonymous said...

လူထုကြီးအများစုကတော့  နာဂစ်အခြေခံဥပဒေကို အသက်သွင်းပြီး စစ်မလိုင်တွေက တတိုင်းပြည်လုံးကို ထာဝရ ဂုတ်သွေးစုတ်ဖို့ ကြံစည်တဲ့ စီမံချက်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့  မင်းတို့ ရွေးကောက်ပွဲကြီးဆိုတာကို ဝေးဝေးက ရှောင်ပါတယ်လို့  သတင်းဌာနအသီးသီးမှာ ပြောနေတာ mg တယောက် မကြားမိဘူးလား၊ ဒါမှမဟုတ် လောကကြီးတခုလုံးမှာ သတင်းဌာနဆိုတာ မြန်မာ့အလင်းနဲ့  နအဖ TV ပဲရှိတယ်ထင်နေလို့ လားကွာ၊ mg တို့ ထက်အများကြီး seniorလဲဖြစ် ပညာလဲပိုတတ် ဗဟုတလဲပိုကြွယ်ဝတဲ့  ဗိုလ်မှူးချုပ်ဟောင်းဇော်ထွန်း ပြောခဲ့စကား mg ကြားဘူးသလား။ လူ့ ငနွားကြီးသန်းရွှေကို ဗိုလ်ချုပ်ဇော်ထွန်းက (ခုဘဲ mg ကူးရေးထဲ့လိုက်တဲ့ အပေါစားဝါဒဖြန့် စကားတွေဘဲပါတဲ့ )့ နအဖ TV သတင်းတွေလာရင် ပြည်သူတွေက ချင်းပိတ်ပစ်ပြီး Korea ကားတွေလာမှ TV တွေကို ပြန်ဖွင့် ကြပါတယ်ဗိုလ်ချုပ်မှူးကြီးခင်ဗျားတဲ့ ။ ဗိုလ်ချုပ်ဇော်ထွန်းရဲ့ သတ္တိနဲ့ အမှန်တရားကိုပြောရဲတဲ့ ယောက်ျားဆန်မှုကို အတုယူပါ mg။၊



ကြည်မြင့် 

Ye Myint said...

ခင်ဗျားတို့  nga ဘဲဖြစ်ဖြစ် "mg" ဘဲ ဖြစ်ဖြစ် ကျနော် မသိလို့ မေးပါရစေ။ဲ၊ ကျနော် သိချင်က nga နဲ့  mg ရေးသလို "၈၈၈၈ အရေးတော်ပုံကြီး ဟာ ဗကပ ရဲ့ စီမံချက်ကြီးလို့ လား".

အဲ့ ဒီမေးခွန်းကို လူကြီးမင်းတို့ ကအချက်အလက် ပိုင်ပိုင် နိုင်နိုင် တိတိကျကျ နဲ့ ဖြေပေးပါ၊

ကျေးဇူးတင်ပါတယ်

ရဲမြင့် 

Unknown said...

ခင်ဗျားတို့ကလည်း mg ကို အရမ်းမပြောကြပါနဲ့ သူ့ခမျာကျပ်ကလည်း သိပ်မပြည့်ဘူး ပြီးတော့ သူ့ပထွေး လူ့ငနွား သန်းရွှေက ခိုင်းလို့ပြောရတာပါ သနားပါတယ်

mg said...

မကြာခင်မှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတစွာနဲ့ ကျင်းပတော့မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ ဂုဏ်ယူဝမ်းမြောက်လျှက်ရှိ

Anonymous said...

mg ။ လာပြန်ပါပကော တခါ။ ဘာလို့ များ
သန်းရွှေတပ် ၀ါဒဖြန့် ချိရေးသင်တန်းထဲက ရိုက်သွင်းထားတာလေးတွေကို mg က copy and paste လုပ်ပေးလိုက်ရတာလဲကွာ။ အချက်နဲ့ အလက်နဲ့  အံကျဂွင်ကျ ပြန်ရေးပါကွာ၊ သင်တန်းတက်ထားလေးတွေက ဒါအကုန်ဘဲလား။

"မကြာခင်မှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတစွာနဲ့ ကျင်းပတော့မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ ဂုဏ်ယူဝမ်းမြောက်လျှက်ရှိ" ဆိုတော့  ဘယ်သူတွေက ဂုဏ်ယူဝမ်းမြောက်လျှက်ရှိ နေတာလဲကွာ။ ဥပမာ ကြံ့ဖွတ်တွေလား ရဟန်းသတ်တဲ့ စွမ်းအားရှင်တွေလား စစ်မလိုင်တွေလား ငတေမာတေဇတို့ လိုဟာတွေလား ဘိန်းဘုရင်များအဆက်အနွယ်တွေလား စသည်ဖြင့် ပေါ့ ။ သူတို့ အားလုံးကတော့ "ရွေးကောက်ပွဲကြီးကို ပျော်ပျော်ကြီး ဆင်နွှဲတော့မယ်" ပေါ့။
ပြည်သူများအနေနဲ့ ကတော့  မင်းတို့ အဲ့ ဒီ လံကြုတ်ရွေးကောက်ပွဲကြီးကို ဖုတ်လေသည့် ငပိ ရှိလေတယ်တောင် မအောင်းမေ့ ပါဘူး ကိုယ့်လူရယ်။ လိမ်စဉ်ကြီးဆိုတာ ပြည်သူတွေအားလုံးက သဘောပေါက် ပြီးသားပါ။ ဘ၀ဇာတ်သိမ်းမကောင်းစွာနဲ့ အ၀ီိစိရောက်သွားပြီဖြစ်တဲ့  မင်းတို့ ရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်းလဲ အဲဒီလိုလိမ်ခဲ့ ပြီးပါပြီကွာ။ စစ်ယူနီဖောင်းချွတ်။ ပုဆိုးနဲ့ တိုက်ပုံ ခေါင်းပေါင်းတွေ ပြောင်းဝတ်ပြီးကိုယ့်ကိုယ်ကို သမတကြီးခန့် ခဲ့တာလေကွာ။ သူ့ နောက်လိုက် မဆလဗိုလ်ချုပ်တွေလဲ ထိုနည်းလည်းကောင်း စစ်ယူနီဖောင်းချွတ်ကြပြီး “ဗိုလ်” နေရာမှာ “ဦး” တပ်။ ၀န်ကြီး ၀န်ကလေးတွေ လုပ်။ လေးနှစ်တခါ လံကြုတ်ရွေးကောက်ပွဲတွေ လုပ်ပြီး ကိုယ့် ကိုယ်ကို အာဏာပြန်ပေးခဲ့ တာတွေလေ။ mg တို့ ငယ်သေးလို့  သိပါ့မလား မသိဘူး။ ဒါပေမဲ့ ပြည်သူလူထုကြီးကို ဒါတွေ မေ့သွားလောက်ပါပြီလို့  လျှော့ မတွကလိုက်နဲ့ ကိုယ့် လူရေ။
mg တို့ ဘုရားလို ကိုးကွယ်နေတဲ့  လူ့ ငနွားကြီးသန်းရွှေက ဦးနှောက်မရှိရှာတော့  တချိန်က သူ့ ရဲ့ ကျေးဇူးရှင်ကြီး (နောက်တော့လဲ ကျေးဇူးဆပ်တဲ့ အနေနဲ့ အကျယ်ချုပ်ချပြီး အသက် ရှစ်ဆယ်ကျော်မှ စိတ်ဆင်းရဲခြင်းမျိုးစုံနဲ့ သေအောင်ထဲ့ လိုက်တဲ့) ဗိုလ်နေ၀င်ရဲ့ ညစ်ပတ်နည်းပေါင်းတသောင်း ခြောက်ထောင်ကို တထေရာတည်း ပုံတူကူးချနေတာပါကွာ။ mg တို့  လူ့ ငနွားကြီးသန်းရွှေက ပိုလို့ တောင် တော်သေးသဗျား။ ညစ်ပတ်စုတ်ပဲ့ တဲ့နေရာမှာပေါ့။့ ပြည်သူလူထုကြီးကို ဒါတွေ မေ့သွားလောက်ပါပြီလို့  လျှော့ မတွက်နဲ့ ကိုယ့် လူရေ။ ဒီ ပုတ်ထဲက ဒီပဲတွေပါလို့  ပြည်သူလူထုကြီး က သိကြပါတယ်။

Mg, ပြည်သူတွေက အဲ့ ဒီ လံကြုတ်ရွေးကောက်ပွဲကြီးအတွက် ဂုဏ်ယူဝမ်းမြောက်လျှက်ရှိ နေပါတယ်ဆိုတဲ့  အကြာင်း ဥပမာ သာဓက လေး တခုဖြစ်ဖြစ် ရေးပြပါလား။ ဖတ်ချင်စမ်းပါဘိ။

ကျမ်းမာပါစေ။

ကြည်မြင်

ငွေလသော်တာ said...

Nga, Mg ဆိုတဲ့ အမှောင်ထဲက ဟောင်သံတွေအတွက်တော့ တုံ့ပြန်စရာမရှိပါဘူး။ တခြား စာဖတ်သူတွေရဲ့ အမြင်ကို ဖြည့်ဆည်းခြင်လို့သာ စာရေးတုံ့ပြန်ရပါတယ်။ ဒီလိုအမှောင်ထဲက ဟောင်သံအတွက် အညံ့ဆုံး ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီ့ကျောက်ခဲကမှ လမ်းခင်းဖို့ အသုံးဝင်သေးတယ်။

Nga, Mg တို့လို ဂယောင် အမှောင်ထဲက စားကြွင်းစားတွေ သိဖို့က အတုဆိုတာ အတုပဲ၊ ဘယ်တော့မှ အစစ်မဖြစ်ဘူး။ သူ့မှာ ရှိအပ်တဲ့ ဂုဏ်နဲ့ပြည့်စုံမှ အစစ်ဖြစ်တယ်။ ပြောရအုံးမယ် စာကြွင်းစားဆိုတာရဲ့ အဓိပ္ပါယ်။ အဲဒါ ဘုရားဟော ကျမ်းဂန်တွေထဲက စကားဖြစ်တယ်။ သိပ်ယဉ်ကျေးစေချင်တဲ့ အောက်တန်းစားတွေအတွက် ရွေးပြောထားတာ။ စားကြွင်းစားဆိုတာ အခုခေတ်စကားနဲ့ ပြောရရင် အရိုးအရင်းကိုက်သူပေါ့။ အကြွင်းအကျန်စားသူပေါ့။ ပြီးတော့ အိမ်ခြံထောင့်တွေမှာ ခွေခွေကလေးအိပ်နေတတ်တယ်။ မည်းမည်းမြင်ရင် သခင်အားရ ကျွန်ပါးဝ ဟောင်သံပေးတယ်။ ပိုမိုက်တဲ့ အရိုးအရင်းစားတွေကတော့ တဆင့်မြင့်ပြီး ခြေသုတ်ခုံမှာ အိပ်ခွင့်ရတယ်။ အဲဒါကြောင့် အဲဒါနေရာကို ခွေးကတက်လို့ခေါ်တယ်။

Nga, Mg တို့ သခင်တွေက ဗကပတွေ မရှိတော့ဘူးလို့ဆိုပြီး အခုဘယ်ကပြန်ပေါ်လာတာလဲ။ ဗမာပြည်မှာ အုပ်စိုးသူအဆက်ဆက်က လူထုအကျိုးတွက် ပြောမိရင် ဗကပ။ အုပ်စိုးသူ ဖောက်ပြန်တာ ပြောမိရင် ဗကပ။ အချောင်သမားတွေ လူထုကို လက်ညှိုးထိုးပြီး ကိုယ်ကျိုးရှာတာ ဝေဘန်မိရင် ဗကပ။ တိုင်းပြည် အကျိုးမျှော်ပြီး ကိုယ့်အမြင်ကို ပြောမိရင် ဗကပ။ ပေါပေါများများ လွယ်လွယ်ကူကူ တံဆိပ်ကပ်လိုက်ကြတာပဲ။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးတောင် ကွန်မြူနစ်လို့ စွပ်စွဲခံခဲ့ရသေးတာပဲ။ ဒီတော့ ဗကပ ယိုးစွပ်ခံရတာ ဂုဏ်ယူစရာလို့ပဲ မြင်ပါတယ်။ ပြီးတော့ ဗကပတွေမှာ လူထုကို လက်ညှိုးထိုးပြီး ကိုယ်ကျိုးရှာသူဆိုတာလဲ မကြားမိဘူး။ နိုင်ငံတော် နိုင်ငံတော်လို့ တကြော်ကြော်အော်ပြီး တိုင်းပြည်ဘဏ္ဍာကို စိတ်ရှိတိုင်း ခိုးဝှက်လုယက်ပြီး ဆွေမျိုးကောင်းစားရေးလုပ်တာ၊ ငတ်လို့ထမင်းတောင်းတဲ့ အလုပ်သမားကို ပစ်သတ်တာ၊ သားသမီးလို ကျောင်းသားငယ်တွေကို ပစ်သတ်တာ၊ မနေနိုင်လို့ ဝင်ပြောမိတဲ့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို ပစ်သတ်တာ၊ ဘုရားရွှေခွာ ဋ္ဌာပနာဖောက်ပြီး လူသတ်လက်နက်တွေဝယ်တာ စတဲ့ ယုတ်မာတဲ့ ဖက်ဆစ်ဗိုလ်ချုပ်တွေလိုလဲ ယုတ်မာတာ မတွေ့မိပါဘူး။

ရှစ်လေးလုံးပြီးခါစက လူထုကြားမှာ ရေးပန်းစားတဲ့ စကားတခုရှိသေးတယ်။ လူတွေအားလုံး ဗကပ၊ ခွေးတွေအားလုံး နဝတတဲ့။ အခုတော့ နအဖပေါ့။

နောက် ယုံတောင်ပြေး၊ ခွေးမြောက်လိုက်မဖြစ်အောင် ကျုပ်အကြောင်းပြောမယ်။ ကျုပ်ကတောသား ကံကောင်းထောက်မလို့ မြို့တက်စာသင်ခွင့်ရတယ်။ အသိအမြင်တချို့ ရလာတယ်။ တိုင်းပြည်အခြေအနေ၊ လူထုအခြေအနေ သိမြင်ပြီး အထူးသဖြင့် ကျုပ်တို့တောသားတွေအတွက် လူငယ်တယောက်အနေနဲ့ တခုခုလုပ်သင့်တယ်ထင်လို့ ဒီနိုင်ငံရေးမှာ ပါဝင်ခဲ့တယ်။ ဘာအခွင့်အရေး၊ ဘာနေရာ၊ ဘာခေါင်းဆောင်ရာထူးမှ မမျှော်မှန်းခဲ့ဘူး၊ ဘာရာဇဝင်လာဘ္ဘမှ မရှိဘူး။ ဒါကြောင့် ကိုယ်မြင်တာကို ရဲရဲပြောတယ်။ ပြောင်ပြောင်ပြောတယ်။ Nga, Mg တို့လို သူခိုးသံစူးသလို အူးအူးအားအား အမှောင်ထဲကနေ ခိုးကြောင်ခိုးဝှက် မဟောင်ဘူး။ တန်ပြန်ဝေဖန်ရေးကို ကြိုဆိုတယ်။ အမှားထောက်ပြလာရင် ဝန်ခံပြင်ဆင်ဖို့ အသင့်ရှိတယ်။

ခေါင်းဆောင်မှုဆိုတာ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်ဘူး၊ ကိုယ်ပြောတိုင်းမဖြစ်ဘူးဆိုတာ သိတယ်။ လူထုဆန္ဒသာ အခရာဖြစ်တယ်၊ အဆုံအဖြတ်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်သူခေါင်းဆောင်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ခေါင်းဆောင်တင်ပါလို့လည်း မပြောခဲ့ဘူး။ လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက် သူမြင်သလို၊ သူယုံကြည်သလို အလုပ်အကျွေးပြုဖို့ ကြိုးစားတယ်။ မြင်တဲ့လူထုက ယုံကြည်တယ်၊ လက်ခံတယ်။ ဒါကြောင့် ခေါင်းဆောင်ဖြစ်တယ်။ (၉၀) ခုရွေးကောက်ပွဲက သက်သေပဲ။ မယုံကြည်လို့ သတ္တရှိရင် နောက်တပွဲ ထပ်စမ်းကြည့် ဒီအတိုင်းပဲ အဖြေထွက်မယ်။ Nga, Mg သခင် မိစ္ဆာဗိုလ်ချုပ်တွေလည်း သိတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဒေါ်စုမပါရအောင် အရှက်သိက္ခာမရှိ လုပ်နေကြတာပဲ။ Nga, Mg ဆရာသခင် မိစ္ဆာသခင်တွေလို နိုင်ငံတော် အကြီးကဲများ၊ နိုင်ငံတော်အကြီးကဲများလို့ ဘယ်သမှမပေးပဲ စောက်ရှက်မရှိ အမည်ခံနေတာမဟုတ်ဘူး။

အတုဆိုတာ အတုပဲ။ ဘယ်တော့မှ အစစ်မဖြစ်ဘူး။ သူ့မှာ ရှိသင့်တဲ့ ဂုဏ်နဲ့ပြည့်စုံရင် ဘယ်သူက အတုပြောပြော အဲဒါအစစ်ပဲ။ ဗမာလွတ်လပ်ရေး ဘယ်လောက်စစ်တယ်၊ မစစ်ဘူးဆိုတာ ဗြိတိသျှပါလီမန်မှာ တင်သွင်းခဲ့တဲ့ အိန္ဒိယ၊ ပါကစ္စတန် လွတ်လပ်ရေးဥပဒေနဲ့ ဗမာပြည်လွတ်လပ်ရေး ဥပဒေကို နှိုင်းယှဉ်ကြည့်။ အင်္ဂလိပ်- အိန္ဒိယလွတ်လပ်ရေးယူ စာချုပ်စာတမ်းတွေနဲ့ အင်္ဂလိပ်- ဗမာ လွတ်လပ်ရေးယူ စာချုပ်စာတမ်းတွေကို နှိုင်းယှဉ်ကြည့်။ ဗမာပြည်လွတ်လပ်ရေးဘယ်လောက်စစ်တယ်ဆိုတာ ဉာဏ်နဲနဲရှိတဲ့ အမျိုးချစ်သူတိုင်း နှိုင်းယှဉ်သိနိုင်တယ်။

တောသား ဘဝအမြင်အရ ဗမာပြည်မှာ ကျုပ်တို့တောသားတွေအတွက် ဘယ်လွတ်လပ်မှ အဓိပ္ပါယ်မရှိဘူး။ အဲဒီ့ လွတ်လပ်ရေးဆိုတာတွေ အားလုံးဟာ ကျုပ်တို့ တောသားတွေအတွက်တော့ ဆရာမောင်ထင်ရဲ့ ငဘပြောသလို လွတ်လပ်ရေးအရသာဆိုတာ ...
ဆက်ရန်

ငွေလသော်တာ said...

ငံကျိကျိနေတာပေါ့ ဆိုတာချည်းပဲ။ ကျုပ်တို့တောသား လူမျိုးစုံ တောင်သူလယ်သမားဆိုတာက ကိုယ့်လယ်ကိုယ့်ယာလေးမှာ ကြိုးကြိုးစားစားလုပ်ကိုင်ပြီး ရသမျှလေးနဲ့ပဲ တင်းတိမ်ပြီး အေးအေးချမ်းချမ်းနေရရင် ဘဝကို ကျေနပ်ပါတယ်။ အခုတော့ အဲဒီလိုတောင် နေခွင့်မရခဲ့တာ အင်္ဂလိပ်ဝင်ကတည်းကပဲ။
ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ရ၊ ကိုယ့်လယ်ယာမှာကိုယ် ကောင်းကောင်းမနေရ၊ ဟိုလူခေါ်ခိုင်းလည်း သွားရ၊ ဒီလူ ဒါတောင်းလည်း ပေးရ။ တောသားခြင်းကလွဲရင် အကုန်ကြောက်နေရတာချည်းပဲ။ ဘာကြောင့်လဲဆိုတော့ ကျေးရွာဥပဒေ (Village Act) ဆိုတဲ့ တောသား ဖိနှိပ်ရေးဥပဒေကြောင့်ပဲ။

အဲဒီ့ ဥပဒေဟာလည်း အင်္ဂလိပ်ဝင်စက နယ်ချဲ့ဆန့်ကျင်ရေး အခြေခံစခန်းတွေလို ဖြစ်နေတဲ့ ကျေးရွာတွေကို ခြေမှုန်းဘို့ အဲဒီအချိန်က သိမ်းပိုက်နယ်မြေ ကော်မရှင်နာ (Occupied Territory Commissioner) ဖြစ်တဲ့ ခရော့စ်ဝေ့ (Mr Crosswave) က (၁၈၉၆) မှာ လုပ်ခဲ့တယ်။ အဲဒီ့ဥပဒေအရ ကျေးရွာတွေကို စစ်စခန်းတခုလို သတ်မှတ်ပြီး တိုက်ခိုက်ခြေမှုန်း ဖျက်ဆီးနိုင်တယ်၊ တိုက်ခိုက်နိုင်တယ်၊ ပြောင်းရွှေ့နိုင်တယ်၊ ရွာသားတွေကို စစ်တိုက်ဖို့ကအစ အဓမ္မခိုင်းစေနိုင်တယ်။ လယ်ယာမြေတွေကို သိမ်းပိုက်နိုင်တယ်၊ လယ်ယာမြေတွေကနေ မောင်းထုတ်နိုင်တယ်။ ရွာသားတွေကို ဖမ်းပြီး သတ်မှတ်စခန်းတွေမှာသာ နေထိုင်ရမယ်လို့ အမိန့်ပေးနိုင်တယ်။ ကျေးရွာသားတွေရဲ့ ပိုင်ဆိုင်မှုဆိုတာ ဘာမှ အာမခံချက်မရှိဘူး။

အဲသည်လောက် ကျေးရွာသားတွေအပေါ်မှာ ဖိနှိပ်ရက်စက်တဲ့ ဥပဒေ၊ နယ်ချဲ့တွေက အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်အမျိုးချစ်တွေကို ဖိနှိပ်ဖို့ လုပ်ခဲ့တဲ့ ဥပဒေကို လွတ်လပ်ပြီး ဗမာပြည်ရဲ့ ဝန်ကြီးချုပ်ဆိုတဲ့ ဦးနုကလည်း ပယ်ဖျက်မပေးခဲ့ဘူး။ ဦးနုအတွက်တော့ ဗမာကျေးတောသားတွေထက် နွားတွေရဲ့ အသက်က ပိုအရေးကြီးတာပေါ့။ နွားမသတ်ရ ဥပဒေတွေ လုပ်ပေးခဲ့တယ်။ ဒီဥပဒေကိုတော့ ထိတောင်မထိခဲ့ဘူး။ ဒီနေ့ Nga, Mg တို့ရဲ့ မိစ္ဆာဗိုလ်ချုပ်တွေ တောလက်ကျေးရွာက တောင်သူလယ်သမားတွေကို လယ်သိမ်း၊ ယာသိမ်း အဓမ္ဓမောင်းထုတ်၊ ထွက်တဲ့ သီးနှံလုဆိုတာတွေဟာ ဒီဥပဒေထဲကလို့ ပြောလို့ရတာပေါ့။ ဒါကြောင့် ဘယ်လွတ်လပ်ရေးကိုပဲပြောပြော ကျုပ်တို့တောသားတွေအတွက်တော့ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ တိုင်းပြည်လူဦးရေရဲ့ ရှစ်ဆယ်ရာနှုန်းကျော်ရှိတဲ့ ကျုပ်တို့တောသားတွေရဲ့ ဘဝမလွတ်မြောက်သရွေ့ ဘယ်သူတွေ အုပ်ချုပ် အုပ်ချုပ်၊ ဘယ်အစိုးရတွေ တက်တက် ဗမာပြည်လွတ်လပ်ရေးဆိုတာ မေးခွန်းထုပ်စရာတွေ အများကြီးရှိနေမှာပဲ။

ကွန်မြူနစ်ပဲပြောပြော လစ်ဘရယ်ကပဲပြောပြော အချက်အလက်က အချက်လက်ပဲ၊ အမှန်တရားက အမှန်တရားပဲ။ သူများပြောတာကို မျက်စိမှိတ်ငြင်း၊ ဟိုစွပ်စွဲ၊ ဒီစွပ်စွဲ လုပ်နေမည့်အစား Nga, Mg တို့ မိစ္ဆာသခင်တွေရဲ့ ရွေးကောက်ပွဲကြီး အတုအယောင်မဟုတ်တဲ့ အကြောင်းကို ဘယ်လို ဒီမိုကရေစီစံတွေနဲ့ ကိုက်ညီပါတယ်လို့ ကိုးကား နှိုင်းယှဉ်ပြတာက ပိုကောင်းပါတယ်။ သက်သေပြစမ်းပါ။

ရဲဘော်ကျော်သန်း

Unknown said...

Nga ဆိုတဲ့ သန်းေ၇ွှရဲ့ ခြံစောင့် ခွေးလေးက အရိုးအရင်းလေးများ ချကြွေးမလားလို့  မျှော်ကိုးပြီး ရေးလိုက်တာက “ မင်းမပူ ပါနဲ့။ငါတို့ပြည်သူတွေကမဲပေးဦးမှာပါ။ ဘယ် သူကိုပေးမယ်၊ဘယ်သူနိုင်မယ်။ ဘယ်လိုရလာဒ် မျိုး တွေထွက် လာမယ်ဆိုတာကတော့မကြခင်သိရမှာပေါ့။ ဒါကပြည်သူတွေဆုံးဖြတ်ရမှပါ။ မင်းဝင်ဆုံးဖြတ်ပေးလို့မရဘူး။” တဲ့ ။ အေး .. သခင်အားရ ကျွန်ပါးဝပြီး ဟောင်သံပေးတဲ့  မင်းလိုခွေးလေခွေးလွင့်လေး ဘယ်လောက် စောက်ဦးနှောက်မရှိဘူးဆိုတာငါ ထောက်ပြမယ်၊

ဒီနေ့ ဘဲ မင့်တို့ ပထွေး ခွေးဝဲစားကြီး အောင်းသောင်းက သူ့  ကြံ့ဖွတ်တွေကို ထောက်ခံမဲပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲမှာ ၅ဝ ရာခိုင်နှုန်းကျော်နဲ့် အနိုင်ရမယ် လို့  ပြော လိုက်ပြီ။ ခွေးဝဲစား Nga ရေ မင်းတို့ အရူးချီးပန်းဝါဒဖြန့် နေတဲ့ အဲ့ ဒီ နိုဝင်ဘာ ခွေးကောက်ပွဲကြီးက ဘယ်ခွေးကိုရွေးမယ်ဆိုတာ ကြိုပြီး တခါတည်း သတ်မှတ်ထားပြီးသားဆိုတာ အင်းမတန်ထင်ရှားနေပါပကော၊