Monday, August 9, 2010

နေသွင်၏ ဆောင်းပါး (၂) ပုဒ် - သပိတ်မှောက်ခြင်းနှင့် အကျပ်အတည်း၊ သ ပိတ်မှောက်ရခြင်း အကြောင်း (၄) ချက်

နေသွင်

နိုင်ငံရေးပါတီတခု ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း (၀ါ) ရွေးကောက်ပွဲမ၀င်ခြင်းမှာ အန္တရာယ်ခံတွင်းဝအ ထိ ထိုးဝင်စွန့်စားရသည့်အလုပ် (Brinkmanship) ဖြစ်သည်။ ပထမတချက်မှာ ရွေးကောက်ပွဲလမ်းကြောင်း က သွေဖည်သဖြင့် နိုင်ငံရေးရှုခင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိသည်။ မြန်မာ ပြည်တွင် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ ပါတီတခု တရားဝင် တည်ရှိလိုလျှင် ရွေးကောက်ပွဲဝင်ရမည်။ ထို့ကြောင့် မတရားသည့် ရွေးကောက်ပွဲကို ၀င်မလား၊ ပါတီအဖျက်ခံမလား အကျပ်အတည်းနှင့် ကြုံရသည်။ ဒု တိယအခက်အခဲမှာ အကျပ်တည်းတွေ့လျှင် ပါတီကွဲမည့် အန္တရာယ်ဖြစ်သည်။ တတိယတချက်မှာ ပြိုင်ဘက် ကို ပိုပြီးအနိုင်ရအောင် လမ်းဖွင့်ပေးရာရောက်သည်။ ဤကိစ္စသည် ရွေးကောက်ပွဲကိစ္စဖြစ်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ထားသဖြင့် စဉ်းစားရန်မလိုတော့ပေ။

“လက်တွေ့တွင် နိုင်ငံရေးအဓိက ဦးဆောင်ပါတီ အန်အယ်လ်ဒီက ပထမပိုင်းဖြစ်သော (status quo) ကို ထိန်းထားနိုင်သော်လည်း ဒုတိယပိုင်းကသာ မြန်မာပြည်နိုင်ငံရေးဒရာမာ၏ အဖြေ (end game) ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောနှစ် (၂၀) အတိုင်း ပါတီအီလစ်တွေ၏ အစည်းအဝေးကနေ ကြေညာချက်ထုတ်ရုံ လမ်းဟောင်းကို မလိုက်နိုင်ပေ။ တိုက်ပွဲလမ်းကြောင်းကို ရွေးထားပြီးဖြစ်သဖြင့် သံတမန်ဆန်ရန်၊ ဆင်ခြေပေးရန် အခြေအနေ မပေးတော့ပေ။ အချိန်ဆွဲနေလျှင် ...”

အန်အယ်လ်ဒီသည် ပထမနှင့် ဒုတိယ ပြဿနာ (၂) ရပ်စလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်သည်။

(၁) ပါတီတရားဝင် တည်ရှိခွင့်မရှိတော့သော်လည်း ပါတီသည် လက်တွေ့တည်ရှိနေသေးသည် (ပါတီဝင်အ များစု၏ ထောက်ခံမှု၊ မီဒီယာနှင့် နိုင်ငံတကာအမြင်ကို ကြည့်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ မြန်မာပြည်သူလူထု ထောက်ခံမှုသည် လက်ဆုပ်လက်ကိုင်ပြရန် ခက်သည်။ အခြားတဘက်တွင် စစ်အစိုးရက အတင်းအကျပ်လုပ် လျှင် အခြေအနေ ပြောင်းသွားနိုင်သေးသည့် ဖြစ်နိုင်ချေကို မမေ့သင့်ပါ)။

(၂) ပါတီနှစ်ခြမ်းကွဲသော်လည်း အသစ်ပေါ်သည့် အခြမ်းသည် ပါတီဝင်အများစု၏ ထောက်ခံမှုမရပေ။ ထိုနှစ်ခု ကို ကျော်လွှာနိုင်ခြင်းသည် နဂိုအခြေအနေကို ဆက်ထိန်းထားနိုင်ခြင်း (status quo) သာဖြစ်သည်။ ပါတီအ တွက် အခင်းအကျင်းသစ်ဖြစ်သော်လည်း နိုင်ငံရေးအသစ်ဖြစ်ထွန်းမှုမဟုတ်ပေ။ အသစ်ဖြစ်ထွန်းမှုသည် တတိ ယမေးခွန်းဖြစ်သည့် ဘာဆက်လုပ်မလဲ၊ ဘယ်လိုဆက်လုပ်မလဲ ဆိုသည့် မေးခွန်းတွင် တည်ရှိသည်။ စိန်ခေါ် သည့် မေးခွန်းဖြစ်သည်။

ရွေးကောက်ပွဲသပိတ်မှောက်ခြင်းသည် နိုင်ငံတကာတွင်လည်း နောက်ပိုင်းအတွေ့ရများလာသည့် သဘောရှိ သည်။ ခေတ်မီနေဆဲဟု ဆိုလိုရင်းဖြစ်သည်။ သုတေသနစစ်တမ်းတွေအရ တကမ္ဘာလုံးမှာ ၁၉၈၉ ခုနှစ်က ရွေး ကောက်ပွဲသပိတ်မှောက်သည့် အရေအတွက် (၄) ရာခိုင်နှုန်းသာရှိခဲ့ရာက ၂၀၀၂ ခုနှစ်အရောက်တွင် (၁၅) ရာ ခိုင်နှုန်းအထိ တက်သွားသည်။ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်၊ ဆယ်စုတနှစ်ခုအတွင်း နှစ်စဉ် ပျမ်းမျှရွေး ကောက်ပွဲ (၁၀) ခုသည် သပိတ်မှောက်ခြင်းနှင့် ကြုံနေရသည့်သဘောဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်ကို မ ယုံကြည်သဖြင့် မတရားသည့် ရွေးကောက်ပွဲ တရားမ၀င်စေလိုသဖြင့် ၀င်မပြိုင်သည့်သဘောဖြစ်သည်။ ယင်း တွင် major boycott (ပါတီကြီးတွေ သပိတ်မှောက်ခြင်း)၊ minor boycott (ပါတီငယ်တွေ သပိတ်မှောက် ခြင်း) ဟု ခွဲထားသည်။ အန်အယ်လ်ဒီက သပိတ်မှောက်ခြင်းကို major boycott အမျိုးအစားဖြစ်သည်။ သို့ သော် (၂) နည်းစလုံး အောင်ပွဲရမည်ဟု အာမမခံနိုင်ပေ (ဖဲစကားနှင့်ဆိုလျှင် ၁၆ ပွင့်နှင့် သတ်ထားသည်နှင့် နှိုင်းသည်)။ ထိုကြောင့် ပညာရပ်ရှုထောင့်က ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကို recommend မပေးပေ။ သို့ သော် အောင်ပွဲမခံနိုင်ဟုလည်း ကံသေကံမ မပြောပေ။ ပါတီတွေ၏ လူထုစုစည်းနိုင်မှု အရည်အချင်းနှင့် တရား ရုံးတို့၏ သမာသမတ်ကျမှုအပေါ် မူတည်သည်။ မြန်မာပြည်တွင် တရားရေးမဏ္ဍိုင်ကိုလည်း အားမကိုးနိုင်ပေ။

သပိတ်မှောက်သည့်အခါ နည်း (၂) နည်းဖြင့် အောင်ပွဲခံလေ့ရှိသည်ဟု သီအိုရီထုတ်သည်။ ပထမနည်းမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေပါအချက်ကို အသုံးချပြီး သပိတ်မှောက်ခြင်းဖြစ်သည်။ မြန်မာပြည်တွင် ၂၀၀၈ ဖွဲ့စည်းပုံ သည် ရွေးကောက်ပွဲပြီးမှ အတည်ဖြစ်လာမည်။ ထိုကြောင့် ဤနည်းကို စဉ်းစားရန်မလိုပေ။ ထိုကြောင့် ပါတီကို ထောက်ခံသည့် လူထုအင်အားကို သုံးပြီး လူထုဆန္ဒပြပွဲများဖြင့် ရွေးကောက်ပွဲကို၊ ရလဒ်ကို ပျက်အောင် ဖျက် သည့်နည်းသာ ကျန်သည်။ လက်တွေ့လည်း ဤနည်းဖြင့် အောင်ပွဲခံခဲ့သည့် သာဓကရှိသည်။ ဘင်္ဂလားဒေ့ရှ် (၁၉၉၆)၊ ပီရူး (၂၀၀၀-၂၀၀၁)၊ ထိုင်း (၂၀၀၆-၂၀၀၇) တို့တွင်ဖြစ်ခဲ့သည်။ မဲပေးသူအရေအတွက် (turnout) နည်းသွားရုံဖြင့် ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်သွားအောင် လက်တွေ့မလုပ်နိုင်ပေ (ယင်းကို အနိမ့်ဆုံး ရည် မှန်းချက်အဖြစ်သာ ထားသင့်သည်)။ လမ်းပေါ်ထွက် ဆန္ဒပြသည့် နည်းတွင်လည်း လက်တွေ့ပြဿနာ နှစ်ရပ် ပေါ်နိုင်သည်။ လူထုက လမ်းပေါ်ထွက်ရဲသလား၊ လမ်းပေါ်ထွက်လာလျှင် စစ်တပ်က ဖြိုခွင်းပြီး နောက်တကြိမ် အာဏာသိမ်းမည့် အန္တရာယ်ကို ကျော်လွှာနိုင်မလား။ ဤနှစ်ချက်ဖြစ်သည်။

လက်တွေ့တွင် နိုင်ငံရေးအဓိက ဦးဆောင်ပါတီ အန်အယ်လ်ဒီက ပထမပိုင်းဖြစ်သော (status quo) ကို ထိန်း ထားနိုင်သော်လည်း ဒုတိယပိုင်းကသာ မြန်မာပြည်နိုင်ငံရေးဒရာမာ၏ အဖြေ (end game) ဖြစ်သည်။ ထို့ ကြောင့် လွန်ခဲ့သောနှစ် (၂၀) အတိုင်း ပါတီအီလစ်တွေ၏ အစည်းအဝေးကနေ ကြေညာချက်ထုတ်ရုံ လမ်း ဟောင်းကို မလိုက်နိုင်ပေ။ တိုက်ပွဲလမ်းကြောင်းကို ရွေးထားပြီးဖြစ်သဖြင့် သံတမန်ဆန်ရန်၊ ဆင်ခြေပေးရန် အခြေအနေ မပေးတော့ပေ။ အချိန်ဆွဲနေလျှင် သပိတ်မှောက်ပါတီတို့ ကြုံရလေ့ရှိသည့် နိုင်ငံရေးရူခင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကြုံနိုင်သည်။

နေသွင်
ရည်ညွန်း - Threaten but Participate: why election boycott are a bad idea (Foreign Policy, Number 19, March 2010)

သပိတ်မှောက်ရခြင်း အကြောင်း (၄) ချက်
နေသွင်

ကမ္ဘာပေါ်က ရွေးကောက်ပွဲအားလုံးသည် ခြောက်ပြစ်ကင်းမဟုတ်ပေ။ သို့သော် အများစုသည် လူထုဆန္ဒကို အနည်းနှင့်အများ ထင်ဟပ်ရသည်သာဖြစ်သည်။ မကြာခင်ကပဲ ကမ္ဘာတလွှာ ဒီမိုကရေစီပျံ့နှံ့ရေး ဆောင်ရွက် နေသော ဘက်မလိုက်အဖွဲ့အစည်းတခု (National Democratic Institution) က မြန်မာပြည်ရွေးကောက်ပွဲ အခင်းအကျင်းကို အကဲဖြတ်ပြလိုက်ရာ ရွေးကောက်ပွဲအလွန် နောင်တက်လာမည့် အစိုးရအတွက် စဉ်းစားစ ရာပေါ်လာသည်။ လွန်ခဲ့သော (၂၅) အတွင်း ရွေးကောက်ပွဲပေါင်း (၁၅၀) ကို လေ့လာရေးအဖွဲ့ လွှတ်ခဲ့သော် လည်း မြန်မာပြည်ကိုတော့ သပိတ်မှောက်မည်ဟု ကြေညာလိုက်သည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလက တည်း နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေးသမားတွေအတွက် ပဋိညာဉ်တခု ပေါ်ခဲ့သည်။ စာမျက်နှာ (၁၅) မျက်နှာပါပြီး အပိုဒ်ခွဲပေါင်း (၂၄) ခုပါသည်။

အပိုဒ် (၁၁) တွင် ဒီမိုကရေစီမကျသော ရွေးကောက်ပွဲတခု၊ တရားဝင်သွားအောင် (သို့) အလားတူ အဓိပ္ပါယ် ပေါက်သွားနိုင်လျှင် ယင်းရွေးကောက်ပွဲမျိုးကို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ မစေလွှတ်သင့်ပါဟု အ တိအလင်းပါသည်။ တကမ္ဘာလုံးက ဒီမိုကရေစီပျံ့နှံ့ရေး၊ ၀ါရင့်သဘာရင့် အဖွဲ့များ၏ သီလကျင့်ဝတ် ဖြစ်သည်။ ကုလသမဂ္ဂနှင့် အာရှ၊ အာဖရိက၊ ဥရောပက သိက္ခာတော်ရ အဖွဲ့အစည်းပေါင်း (၂၀) ၏ ပဋိညာဉ်ဖြစ်သည်။ မြန်မာပြည်ရွေးကောက်ပွဲကို ထောက်ကွက်များစွာထဲက ဒီတချက်က လုံလောက်သွားပုံရသည်။

ရွေးကောက်ပွဲကာလ အနည်းဆုံး လိုအပ်ချက် (၄) ချက်ကို ထောက်ပြသည်။

(၁) Government Based on the will of the people လူထုဆန္ဒကို အခြေခံ (အခြေပြု) အစိုးရ
စစ်အစိုရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာတည်မြဲဖို့ ရေးဆွဲထားသော ဖွဲ့စည်းပုံဖြစ်နေသည်။

(၂) Basic Human Rights အခြေခံလူ့အခွင့်အရေး
နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းအရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်၊ အ သင်းအပင်းဖွဲ့စည်းခွင့်တို့သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေအတွက် မရှိမဖြစ်ကိစ္စတွေဖြစ်သည်။ မြန် မာပြည်တွင် ထိုအခွင့်အရေးများ မရှိ။

(၃) Freedom for stand for election - အပြည်ပြည်ဆိုင်ရာ ပြည်သူတွေနှင့် နိုင်ငံရေးအခွင့်အ ရေး ပဋိညာဉ်တွင် နိုင်ငံသားများသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော အခွင့်အ ရေးရှိရမည်ဟု ဆိုထားသည်။
မြန်မာပြည်တွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ရွေးကောက်ပွဲ ဥပဒေအရရော၊ အတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချသော နည်းနှင့်ပါ ကန့်သတ်ထားသည်။

(၄) Impartial election administration - ဘက်မလိုက်သော ရွေးကောက်ပွဲကော်မရှင်
မြန်မာပြည်တွင် ရွေးကောက်ပွဲကော်မရှင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်သည်။

ထို့ကြောင့် မြန်မာပြည်ရွေးကောက်ပွဲသည် နိုင်ငံတကာစံ၏ ခြေဖျားကိုပင် မမီပေ။ ဖိတ်လည်း မလာနိုင်ပေ။ ရွေးကောက်ပွဲကို သိဒ္ဓိမတင်နိုင်ဟု အကြောင်းပြသည်။ နိုင်ငံတကာအဖွဲ့အစည်းတွေသည် ဝေဖန်ပြီးလျှင် အကြံ ပေးသည်။ အပေါ်မှ (၄) ချက်ကို ပြန်လည်ထင်ဟပ်ထားသော (၅) ချက်ဖြစ်သည်။

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အလေးအနက် တွေ့ဆုံဆွေးနွေးရန်။

(၂) နိုင်ငံရေးအမှုနှင့် မတရား အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင် များအားလုံးကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန်။

(၃) ပြည်သူတွေကို ရွေးကောက်ပွဲနှင့် ထိုက်တန်သော အခွင့်အရေးတွေ၊ နိုင်ငံရေးအခွင့်အရေးတွေပေးရန်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စုရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်တွေ ပေးရန်။

(၄) ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စစ်တပ်အခန်းနှင့် ပတ်သက်သည့် တိုင်းရင်သားအခွင့်အရေးများနှင့် ပတ် သက်သည့် မမျှတသည့်များကို ပြန်ပြင်ပေးရန်။

(၅) ရွေးကောက်ပွဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ပြီး ပါတီတွေကို လုံလောက်သော အချိန်ပေးရန်၊ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အတိုက်အခံများ၏ အကြံဉာဏ်တွေယူပြီး ခန့်ရန်။ ပြီးမှ ပြည် တွင်းပြည်ပက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကို လေ့လာခိုင်းပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ယုံ ကြည်မှုတိုးအောင် လုပ်သင့်သည်ဟု အကြံပြုသည်။

သူတို့အကြံပြုချက်သည် ယူနီဗာဆယ်စံဖြစ်သဖြင့် စစ်အစိုးရက ထည့်မစဉ်းစားလျှင် နောင်တက်လာမည့် အ စိုးရကို ရွေးကောက်ပွဲက သိဒ္ဓိမတင်နိုင်ပေ။ နိုင်ငံတကာတွင် မျက်နှာမရနိုင်ပေ။

နေသွင်
ရည်ညွန်း - Burma’s 2010 Electoral Framework: Fundamentally Undemocratic
A Legal and Human Rights Analysis by National Democratic Institute, August 2010

2 comments:

Unknown said...

ဟကောင်
နေသွင်
မင်း ကိုယ့်အလုပ်ကိုယ်လုပ်ပါကွာ။
မင်းဘာလဲ ဘယ်လဲ ရှင်းပြီးသား ဥစ္စာ ။

eagle said...

မီဒီယာအများစုမှာ ရေးသားကြတဲ့ ဆောင်းပါးတွေဟာ စာရေးသူရဲ့ ပုဂ္ဂလိကခံစားချက်တွေ လွှမ်းမိုးနေတာများတယ်။ နအဖကိုပဲဖြစ်ဖြစ် ဒီမိုကရေစီအင်အားစုတွေကိုပဲဖြစ်ဖြစ်
ဝေဖန်တဲ့အခါမှာ တချို့ဝေဖန်ရေးဆောင်းပါး
တွေဆိုရင် တဖက်သတ် ပုတ်ခတ်ပြောဆိုနေပုံ သက်ရောက်နေတယ်။ အကြောင်းအရာတစ်ခုကို တင်ပြဆွေးနွေးတဲ့အခါမှာ လက်လွတ်စပယ်တင်ပြကြတယ်။
အဆိုးဆုံးကတော့ ဘာသာပြန်ပဲဖြစ်ဖြစ် မြန်မာစာများမှပဲဖြစ်ဖြစ် တင်ပြရာမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေကို
အကိုးအကား စာညွှန်းအထောက်အထား မပါပဲ တင်ပြရေးသားကြတယ်။

စာရေးသူနေသွင်ရဲ့ ဆောင်းပါး (၂)ပုဒ်လုံးဟာ တင်ပြပုံနဲ့ အရေးအသား တိကျခိုင်မာတယ်။
တင်ပြဆွေးနွေးတဲ့အချက်များဟာ အကယ်ဒမစ်ဆန်တယ်။ စာရေးသူတင်ပြတဲ့ အကြောင်းအရာတွေကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ စာဖတ်သူများအနေနဲ့ credential အရ လက်ခံနိုင်တယ်။ စာရေးသူကျင့်ဝတ်ရှိတယ်။ မြန်မာမီဒီယာများမှာ ယခုလိုဆောင်းပါးများ ပေါ်ထွန်းစေလိုပါတယ်။