ရက်စွဲ ။ ။ ၁၉-၇-၂၀၁၀
အခုတလော စရဖ သတင်းပေးလုပ်စားခဲ့သူတဦးရဲ့ ထုတ်ဖော်တင်ပြလိုက်တဲ့စာကို ဒေါက်တာလွဏ်းဆွေ ဘ လော့ဂ်နဲ့ ဘလော့ဂ်တချို့မှ ဖတ်ဖြစ်ကြပြီး ဝေဖန်ဆွေးနွေးမှုတွေ လုပ်လာကြတယ်။ အဲဒီစာကို စာစောင်အချို့ မှ ဖော်ပြတာမျိုး၊ လက်ကမ်းစာအဖြစ်နဲ့ ဝေငှတာတွေ ရှိလာကြတယ်။ စရဖ သတင်းပေး လုပ်စားခဲ့သူမိတ်ဆွေ အမြင်မှန်ရပြီး အဖွဲ့စည်းတွေကြားမှာ မတော်မတရား သတင်းပေး လုပ်စားနေတဲ့သူတွေကို ဖော်ထုတ်လိုတဲ့ ဆန္ဒရှိတာ တကယ်ပဲလား၊ အမှန်တကယ် အဲဒီလိုဆန္ဒရှိတယ်ဆိုရင် ကြိုဆိုသင့်တာပေါ့။ အခုထိ ကြိုဆိုပူး ပေါင်းမယ့် အဖွဲ့အစည်းမရှိသေးဘူးလား။ PVA က လက်တွဲပူးပေါင်းဖို့ မိတ်ဆွေသတင်းပေးဟောင်းကို ကြိုဆို ပါတယ်။
PVA(ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း)ဟာ ဘယ်လိုအဖွဲ့အစည်းဖြစ်ကြောင်းနဲ့ ဦးဆောင်နေတဲ့လူအကြောင်း ကိုတော့ မိတ်ဆွေ စရဖ သတင်းပေး စုံစမ်းလေ့လာသိရှိပြီးပြီလို့ ထင်ပါတယ်။ PVA ဟာ ပြည်သူတွေရဲ့ အရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူ့အရေး ကူညီဆောင်ရွက်ပေးနေတယ် လို့ ရှင်းရှင်းလင်းလင်း သိထားစေချင်ပါတယ်။ တော်လှန်ရေး၊ နိုင်ငံရေး၊ ဆန့်ကျင်လှုပ်ရှားရေး၊ ဟိုအရေး ဒီအ ရေး ခေါင်းစဉ်တခုခုတပ်ပြီး NGO ပေးစာကမ်းစာရရေး လုပ်စားနေတဲ့ အဖွဲ့အစည်းမဟုတ်သလို စစ်အစိုးရအ လိုကျ လုပ်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ပြည်သူအပေါ် နှလုံးသားကောင်းတဲ့သူတိုင်း လက်ခံတဲ့ အ လုပ်ကို လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ် မိတ်ဆွေ …။
စရဖ သတင်းပေးဟောင်း ပြည်သူ့အပေါ် စိတ်နှလုံးကောင်းရှိမယ်ဆိုရင် အချိန်မရွေး လာပူးပေါင်းဖို့ PVA က ကြိုဆိုပါတယ်။ PVA က မိတ်ဆွေ စရဖ သတင်းပေးဟောင်းကို အထူးသတိပေးချင်တဲ့ အကြောင်းကိစ္စတရပ် ကတော့ … စစ်အစိုးရနဲ့ ဘက်တော်သားတွေ အလိုကျ သတင်းပေးတဲ့ အလုပ်ကို သီးခြားလွတ်လွတ်ကင်း ကင်းမလုပ်ဘဲ၊ အဖွဲ့အစည်းတခုခုရဲ့အရိပ်ကို ခိုလှုံပြီး လုပ်တာကို လုံးဝလက်မခံနိုင်တာပဲ ဖြစ်တယ်။ မည်သူမ ဆို စစ်အစိုးရဆန့်ကျင်ရေးဖြစ်စေ၊ စစ်အစိုးရအကြိုက်ဖြစ်စေ၊ မိမိလုပ်ချင်ရာ တခုခုကိုဖြစ်စေ၊ ကိုယ့်အစီစဉ်နဲ့ ကိုယ် လွတ်လွတ်ကင်းကင်း လုပ်နိုင်ပါတယ်။ မိတ်ဆွေ ထုတ်ဖော်ညွှန်းဆို စွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်တွေက သူတို့အဲ ဒီလိုလူစားမျိုးတွေ မဟုတ်ဘူးဆိုပြီး ခပ်တည်တည် မားမားမတ်မတ် ရပ်တည်နေဆဲပါပဲ။ ဒီတော့ ... မိတ်ဆွေ စရဖ သတင်းပေးလူထွက်ရဲ့ ထုတ်ဖော်ချက်ဟာ အမှန်အကန်လား အကြံအဖန်လား သိနိုင်ဖို့အတွက် PVA နှင့် လာရောက်ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။ မိတ်ဆွေရဲ့လုံခြုံရေးအတွက် ဘာမှမပူနဲ့။ လုံးဝတာဝန်ယူပါ တယ်။
မိတ်ဆွေသတင်းပေးဟောင်းအနေနဲ့ PVA ကို လာရောက်ပူးပေါင်းဆောင်ရွက်ကြောင်းနဲ့ ထုတ်ဖော်ချက်အ တိုင်း မှန်ကန်ကြောင်း PVA က ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါ်ထင်ထင် ထုတ်ပြန်ကြေညာပေးနိုင်မယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်တွေ အလိုအလျောက် ကိစ္စတုံးသွားပါလိမ့်မယ်။ မိတ်ဆွေရဲ့နာမည်ကိုတောင် ထုတ်ဖော်စရာမလိုပါဘူး။ ကိစ္စပြတ်သွားမယ်ဆိုတာ သေချာပါတယ်။ မိတ်ဆွေ စရဖ သတင်းပေးလုပ်စားခဲ့သူ လာရောက်ဆက်သွယ်ပူး ပေါင်းမှုမရှိဘူးဆိုရင် မိတ်ဆွေရဲ့ဖော်ပြချက်ဟာ အမှန်အကန်မဟုတ်ဘူးလို့ မှတ်ယူရမှာဖြစ်ပါတယ်။
PVA အကြောင်း သိကောင်းစေဖို့ ပူးတွဲပါဖော်ပြချက်ကို ဖတ်ရှုမှတ်သားထားလိုက်ပါအုံး။
ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း
(PVA)
မှတ်ချက် ။ ။ ပူးတွဲပါ PDF ဖိုင်မှာ ဖွင့်မရသဖြင့် PVA ဗဟိုဦးဆောင်ကော်မတီထံ ထပ်ပို့ပေးရန် အကြောင်း ကြားထားပါသည်။ ရောက်ရှိလာပါက ပူးတွဲဖော်ပြပေးပါမည်။
လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
Monday, July 19, 2010
စရဖ သတင်းပေးလုပ်စားခဲ့သူ၏ ထုတ်ဖော်စာနှင့် ပတ်သက်၍ PVA ၏ တုံ့ပြန် ချက်
Subscribe to:
Post Comments (Atom)
4 comments:
သတင်းပေးဆိုတဲ့ကောင်ကစေတနာမှန်ရင်အချက်အလက်
အပြည့်အစုံနဲ့အတိအကျပြောစေချင်ပါတယ်။
လုံခြုံရေးအရ စိတ်မချရရင် ကိုယ်ဘယ်သူလို့မဖေါ်ပြပဲ
ပြောထားတဲ့သူတွေနဲ့ဆိုင်တဲ့ အချက်လက်မှန်တွေကိုသာ
ခုပေးစာပေးခဲ့သလို ဒေါက်တာလွမ်းဆီကိုပေးရင်ရပါတယ်။
PVA ကလဲဘယ်လောက်ယုံရသလဲဆိုတာရှိသေးတော့
ကိုသတင်းပေးက ကြောက်ချင်ကြောက်နေမှာပါ၊
PVA ကလဲ ABSDF တပ်ရင်းမှုးဟောင်းကြီးဦးဆောင်တာ
ဆိုတဲ့သိက္ခာကလွဲရင် မဲဆောက်မှာ ဇရပ်လိုရုံးလို့
နာမည်ပျက်နေတာကြာပါပြီ၊ကိုသိန်းဆန်းကိုယ်တိုင်
မသိတာလား၊ဘယ်ကောင့်မှစောက်ဂရုမစိုက်ဘူးလို့
ကိုယ့်သဘောကိုယ်ဆောင်နေတာလား၊တခုခုပါ။
ကိုသတင်းပေးရဲ့စာ ဒေါက်တာလွမ်းဘလော့မှာ တင်ပြီးထဲက
ကျော်ကျော်က PVAရုံးမှာနေ့တိုင်းကွန်ပြူတာထိုင်သုံးပြနေပြီး
အပြင်မှာ ငါ့နောက်မှာသိန်းဆန်းရှိတယ်လို့ လျှောက်ပြောနေတာ
ဘယ်သတင်းပေးက PVA ကိုဆက်သွယ်ရဲမှာပါလဲ။
အဖြေမှန်မသိနိုင်ခင် ကိုသိန်းဆန်းကကျော်ကျော်ကို
ကာကွယ်ပေးထားတာ ပေါင်းစားနေကြလားလို့တောင်
ပြောနေကြတာတွေရှိပါတယ်။
ရန်သူ့ဘက်ကလူလာပူးပေါင်းရင်စောင့်ရှောက်ဘို့
အဖွဲ့စည်းမရှိလိုနေတာတော့အသေအချာပါပဲ၊
ခုသတင်းပေးလို စောက်ဆင့်မရှိမပြောနဲ့
၂၀၁၀၊တစ်လပိုင်းကရောက်လာတဲ့ ဒုရဲအုပ်စိုးမင်း
ကိုတောင် ဘယ်သူဘယ်အဖွဲ့က နေရေး/စားရေး/လုံခြုံရေး
တာဝန်ယူလို့လဲ၊အကျိုးစီးပွားမရှိရင် ရန်သူ့လူမပြောနဲ့
နိုင်ငံရေးတကယ်လုပ်လာတဲ့သူကိုတောင်
တာဝန်ယူပေးကြတာမဟုတ်ပါဘူး၊
PVA ထင်ပေါ်လိုမှုအတွက် ဗလာချီလူစွာဝင်မလုပ်ပါနဲ့ဗျာ၊
ကြာရင် ဟိုနေရာပါသည်နေရာပါတွေကြောင့်
ABSDF တပ်ရင်းမှုးဟောင်းဆိုတဲ့ဂုဏ်လေးတောင်
မကျန်ဖြစ်နေပါ့ မယ်။
ကျော်ကျော်ကတော့ပြောပါတယ်။
အဲ့လူကလူပေါကြီးတဲ့၊နဲနဲလေးဖားပြလိုက်ရင်
ငါပြောတဲ့အတိုင်းလျှောက်လုပ်တော့တာပဲတဲ့။
ပုတ်ရင်ပေါ် ဟုတ်ရင်ကျော် ဆိုတဲ့ ရှေးစကားပုံ ကို သတိထားကြပါ။ PVA မှာ နအဖ သတင်းပေး ရှိတယ်ဆိုတာ သေချာတယ်။ စဉ်းစားစရာ အချက်တွေ အများကြီးထဲက (၁) ၂၀၀၉ ခုနှစ်လည်လောက်မှာ ABSDF အဖွဲ့ ဝင်ဟောင်းလည်းဖြစ်၊ FAT ကျောင်းသား ဟောင်းလည်းဖြစ်တဲ့ စစ်ကိုနိုင် ဟာ အဲဒီ PVA မှာ နှစ်လလောက် လုပ်နေရင်း နအဖ ထံ ခိုသင်သွားတယ်။ (၂) PVA က ဦးသိန်းဆန်း ထောက်ခံချက်နှင့် BLC ဒီပလိုမာ နှစ် နှစ် သင်တန်း တက်နေတဲ့ ကျောင်းသား တစ်ယောက်ကို BLC က နအဖ ထောက်လှမ်းရေး ဆိုပြီး သိလာရလို့  ကျောင်းက ထုတ်ပစ်လိုက်ရတယ်။ နောက်လည်း မသင်္ခါ စရာ အများကြီး ရှိတယ်။ သူခိုးကတော့ ငါ သူခိုးပါလို့  ပြောရိုး ထုံးစံ မရှိကြောင်းပါ။ သတိထားကြပါ။
ခင်ဗျားတို့ဟာက မှားနေပြီဗျာ အကုန်လုံး မနက်က ကွန်မက် ၃ ခု၊ နေ့လည်မှာ ကွန်မက် ၄ ခု ၊ ခု ကွန်မက် ၂ ခုဖြစ်သွားပြန်ကော ။ ကျိန်းသေတာကတော့ အဲဒိ ကျော်ကျော် ၊ သိမ်းဆန်းတို့ကို ခင်ဗျားတို့ တိုက်ချင်လို့ ဘလော့ပိုင်ရှင်နဲ့ ညှိပြီးလုပ်တာ ဆိုတာ သေချာသွားပါပြီ ခင်ဗျားတို့အားလုံး လီးကောင်တွေပါပဲ။
အမြင်မတော်သူ
သိသလောက်ပြောရရင်ဒီအဖွဲ့တွေဟာမင်းတို့ထင်သလိုဘယ်NGOဆီကမှပေးစာကမ်းစာမရကြပါဘူး ဒါပေမဲ့စိတ်တူကိုယ်တူရှိတဲ့လူမှုရေးစိတ်ဝင်စားသူတချို့ရဲ့မိမိသဘောအတိုင်းကူညီပံ့ပိုးမှုတော့ရှိတယ်။ကိုယ်မကျေနပ်တာရှိရင်တခြားနည်းလမ်းနဲ့ဘဲဖြေရှင်းဘို့အကြံပေးချင်ပါတယ်။သူများကိုပျက်စီးရာပျက်စီးကြောင်းကြံတာမကောင်းပါဘူး၊မင်းမကြာခင်အဲဒီမကောင်းမှုဒါဏ်ကိုပြန်ခံရပါလိမ့်မယ်
Post a Comment