DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ်နှုတ်ခမ်းမွေး) သို့
မန်းရောဘတ် ဘဇန်၏ ပေးစာ
မန်းရောဘတ် ဘဇန်၏ ပေးစာ
ညီလေး စောလားပွဲ ...
အစ်ကိုကြီး စာရေးလိုက်တယ်။ စာရေးဖို့ လိုအပ်လာပြီဖြစ်လို့ ရေးလိုက်ရခြင်းဖြစ်တယ်။ ရေဒီယိုသတင်း (E-mail) သတင်းတွေအရ ညီလေးဟာ နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်) တပ်ဖွဲ့စည်းရေးကို ခါးခါး သီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီလေးရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဖြစ်တယ်လို့ အစ်ကိုကြီး ယူဆတယ်။ ဒီလုပ်ရပ်ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ “ကရင့်လက်နက် က ရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တလောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက်တာဖြစ်တယ်။ က ရင်တွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဖော်ပြလိုက်တာဖြစ်တယ်။ ကရင်ဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှု တွေကို ဘယ်တော့မှ လက်မမြောက်၊ ဒူးမထောက်၊ အနိုင်မခံ၊ အရှုံးမပေးဘူး၊ ဘယ်တော့မှ လက်နက်မချဘူး ... ဆိုတဲ့ သူရဲကောင်းဝါဒကို ဖော်ပြလိုက်တာဖြစ်တယ်။
၂၀၀၈ ခုနှစ်တုန်းက အစ်ကိုကြီး ညီလေးနဲ့ တွေ့တယ်။ တွေ့ကြစဉ် ညီလေး ပြောကြားချက်တွေ အစ်ကိုကြီးနား ထဲမှာ ခုထိကြားနေသေးတယ်။ “ကျနော်ကတော့ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ)လေးချက် ကို အမြဲဆုပ်ကိုင်ထားတယ်” တဲ့။ ဒီခံယူချက်ဟာ ခုလည်း မှန်တယ်၊ နောင်နှစ်ပေါင်းရာထောင်ချီပြီး မှန်နေဦး မယ်။ ဘာကြောင့်လဲဆိုတော့ “ဒို့ကရင့်လူ့အဖွဲ့အစည်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မရှိရင် ကရင် မရှိနိုင်သလို ... ကရင် မရှိရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မရှိနိုင်ဘူး” ...။
ဒို့ညီအစ်ကို တွေ့ကြတုန်းက အစ်ကိုကြီး ညီလေးကို ပြောခဲ့တာရှိတယ်။ ဒီရန်သူဟာ ၁၉၄၉ ခုနှစ်ကတည်းက ဒို့ကရင်တွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ ကရင့်အမျိုးသားရန်သူ ဗိုလ်နေ၀င်း ဗမာ့တပ်မတော်ရဲ့ မျိုးဆက်သစ် တွေပဲ။ သူတို့ရဲ့စိတ်နေသဘောထား (Mentality) နဲ့ (Objective) တွေဖြစ်တဲ့ “ကရင်ကို အစိတ်သားကောင် တောင် မထားရေး၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရေး” ဆိုတာတွေဟာ ဗိုလ်နေ၀င်းက ဒီနေ့ န အဖ ဗမာဖက်ဆစ်တွေအထိ အတူတူပဲ။ ပြောင်းလဲမှုမရှိဘူး။
မူးဆိုးကော်ကစာ စောဟန်တာသာမွေး ဦးဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီ (KRC) ကို “မစားရ ၀ခ မန်း” ကတိအမျိုးမျိုးပေး၊ လိမ်ညာလှည့်ဖြားပြီး သူတို့ဘောင်ထဲ ရောက်အောင်လုပ်တယ်။ သူတို့ဘောင်ထဲ ရောက်ပြီဆိုတာနဲ့ ပေးထားတဲ့ အခွင့်အရေးတချို့ ပြန်ရုပ်သိမ်းတယ်။ နောက်ဆုံး ဗိုလ်မှူးချုပ် လင်းထင်ကို (သထုံမြို့) မှာ ပစ်သတ်လိုက်တယ်။ မူးဆိုးကော်ကစာနဲ့ ကရင့်တော်လှန်ရေးကောင်စီအဖွဲ့ဝင်အားလုံး ဘ၀ ပျက်ကုန်တယ်။ တိုက်စွမ်းရည်ပြည့်ဝတဲ့ ကရင်တပ်မှူး ဗိုလ်မှူးချုပ်လင်းထင် ဆုံးရှုံးခံလိုက်ရတယ်။
တပ်မဟာ (ရ) မှူးဟောင်း ဗိုလ်မှူးချုပ် ထင်မောင်ရဲ့ အခြေအနေကိုလဲ ကြည့်စေချင်တယ်။ စောစောက ပေး ထားတဲ့ ကတိတွေအတိုင်း လုပ်ကြရဲ့လား။ သူတို့ဘောင်ထဲရောက်ပြီး ချည်ပြီးတုတ်ပြီးတာနဲ့ အပြောအဆိုနဲ့ ဆက်ဆံရေးတွေ ပြောင်းလဲလာတယ်မဟုတ်လား။
အစ်ကိုကြီး ညီလေးကို ပြောဖူးတယ်။ ရှေးရှေးက ဗမာစစ်တပ်က ကျင့်သုံးခဲ့တဲ့ စစ်မဟာဗျူဟာ (၂၉) ချက်ထဲ က တချက်ဖြစ်တဲ့ “ဥပါယဗျူဟာ” အတိုင်း ကျင့်သုံးနေတာဖြစ်တယ်။ “ဥပါယဗျူဟာ” ဆိုတာ “ဥပါယ်လေးပါး” “စဉ်းလဲခြင်းသုံးပါး” “ပျက်ရာခြောက်ပါး” ထဲကအတိုင်း ဒို့လူမျိုးစုံတော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲတိုက် ခိုက်နေတာဖြစ်တယ်။ “လိမ်စရာရှိတာလိမ်၊ ပေးစရာရှိတဲ့ နှုတ်ကတိတွေပေး၊ ညာစရာရှိတာတွေညာ၊ နောင်ခါ လာ နောင်ခါဈေး၊ ခိုင်းစားလို့ရနိုင်မယ့်ကောင်ကို ကျွေးစရာရှိတာကျွေး၊ ပေးစရာရှိတာပေး၊” “ဒီလိုလိမ်တာ ညာတာတွေဟာ စစ်နိုင်ဖို့ဖြစ်တဲ့အတွက် တရားတယ်၊ စစ်နိုင်တဲ့ လူမျိုးဟာ ယဉ်ကျေးတယ်” လို့ ဒီနအဖ ဗမာ ဖက်ဆစ်တွေ ခံယူထားကြတယ်။
မှတ်ချက် ။ ။ မဟာဗျူဟာ (၂၉) ချက်။ စန်းသမိန် ရေးတဲ့ “မြန်မာ့သွေး၊ မြန်မာဓား၊ မြန်မာ့စစ်ပညာ” စာအုပ်မှ။
ညီလေးရေ ...
နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်တပ်) (BGF - Border Guard Force) ဆိုတာ အားလုံးသိကြပြီး ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေကို (ဖြုတ်)တဲ့ နည်းဗျူဟာပဲ။ လက်နက်ဖြုတ်ရုံမက လုပ်ပိုင် ခွင့်တွေပါ ရုပ်သိမ်းလိုက်တာဖြစ်တယ်။ အပစ်ရပ်အဖွဲ့တွေရဲ့ (BGF) တပ်ရင်းမှူးကိုတော့ (ဗိုလ်မှူး)၊ သူတို့တပ် ရင်းကိုတော့(ဒု-ဗိုလ်မှူးကြီး)၊ တပ်ရေးနဲ့ တပ်ထောက်ဌာနအားလုံး နအဖ ဖက်ဆစ်တပ်က လူတွေ၊ (IO - Intelligent Officer) ကအစ (စစ်ခွေး)တွေပဲ နေရာယူမယ်ဆိုတော့ အပစ်ရပ်အဖွဲ့တွေ ဘာလုပ်နိုင်ဦးမှာလဲ။ ဒီလိုအခြေအနေမှာ (BGF) လုပ်မယ်ဆိုတဲ့သူတွေဟာ မိမိကရင်လူမျိုးကို ချစ်ပါတယ်၊ အမျိုးသားအတွက် လုပ်မယ်ဆိုတာ စိတ်ကူးယဉ်တာပဲ၊ လိမ်တာ၊ ညာတာပဲဖြစ်တယ်။ မလုပ်နိုင်တော့ပါဘူး၊ နအဖ ဖက်ဆစ်တွေ ခိုင်းတဲ့အတိုင်း(ကရင်အချင်းချင်း ပြန်သတ်ခိုင်းရင်) ခိုင်းတဲ့အတိုင်း ကရင်ကို သူတို့သတ်ကြရတော့မယ်။ က ရင်ရွာတွေကို သူတို့ မီးရှိုးကြရတော့မယ်။
ညီလေး ...
သူက ကိုယ့်ကို စမလုပ်ခင် ကိုယ်က လက်ဦးမှုယူထားဖို့ လိုတယ်နော်။ စစ်မှာ မတရားတာ၊ ကတိမတည်တာ မရှိဘူး။ နအဖ ဖက်ဆစ်တွေလောက် မပါးနပ်၊ မလျင်ဘူးဆိုရင် သူတို့နဲ့ မပေါင်းနဲ့၊ ကိုယ်ခံသွားရလိမ့်မယ်။ သူ တို့အထာတွေကို အူမကချေးခါးအထိ သိထားရမယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်သာလုပ်ပေတော့။ (အ ရေးကြီးပြီး သွေးနီးကြပါစို့)။ တို့တတွေ တပ်ရင်း (၁၉) မှာတုန်းက တပ်ခွဲ (၅) က တပ်စုမှူး ဗိုလ်ဖားနွီးတ ယောက် (BGF) မှာ တပ်မဟာမှူးဖြစ်နေတယ်ကြားတယ်။ သူ့ကိုလည်း ပြောဖြစ်ရင်ပြောလိုက်ပါ။ “နအဖ ဖက် ဆစ်တွေ ကရင်ကိုချစ်တာ ကရင်အချင်းချင်း မုန်းသလောက်ပဲရှိတယ်” လို့ ...။ နောက် “အရေးကြီးပြီ သွေးနီး ကြပါစို့” ...။
ညီလေး ...
တို့အမျိုးသားရန်သူတွေနဲ့ စတိုက်ပြီး သေနတ်ပေါက်တာနဲ့ ပြည်တွင်းပြည်ပ(နိုင်ငံတကာရောက်) ကရင်တမျိုး သားလုံးဟာ ညီလေးနဲ့ အတူရှိနေမယ်။ ညီလေးကို (ထောပနာ) ပြုကြမယ်။ (ခေါင်းဆောင်ကြီး စောဘဦးကြီး ရဲ့ သူရဲကောင်း) အဖြစ် “သူရဘွဲ့” ပေးကြမယ်။ အစ်ကိုကြီးနဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေ ညီလေးကို ၀ိုင်းရံနေမယ်။
“အရေးကြီးပြီ သွေးနီးကြစို့”
သင်ရဲ့ဘက်ကဖြစ်တဲ့ အစ်ကိုကြီး ...
မန်းရောဘတ် ဘဇန်
ခေတ္တ၊ အမေရိကန်ပြည်ထောင်စု။
phone: 651-323-7495
Email: rzan555@yahoo.com
17 comments:
ကောင်းတယ်ဗျာ ၊ ဒီလိုအခြေအနေမှာ မန်းေ၇ာဘတ်စံမှ မဟုတ်ဘူး အားလုံးက ဒီလိုစာမျိုးတွေေ၇းပြီး ဆုံးဖြတ်ချက်တခုခု၇ဲ၇ဲချစေဘို့
တွန်းအားတွေပေးနေ၇မှာ ။
တခုတော့၇ှိတယ် ၊ ကမ္ဘာကြီးက ဒီမိုကေ၇စီဆိုလို့သာ
စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုလို့သာ အများနဲ့လိုက်လျော
ညီထွေ ပြောနေတာ ရောဘတ်ဟံအပါအ၀င်ကရင်တွေက
ခုထိ ဗမာမုန်းစိတ် ဗမာဆန့်ကျင်ရေးစိတ်မကုန်သေးဘူး၊
ဗမာဖက်ဆစ်လို့ ထည့်သုံးနေတုံးရှိသေးတယ် ၊
ဒီလိုသာအမြင်ကျဉ်းမြောင်းတာတွေကြောင့်လဲ
ကရင့်တော်လှန်ရေးဟာ (အမှန်တရားရှိလျက်သားနဲ့)
ခုလို၆၂ နှစ်ကြာအောင် တာရှည်နေရတာ
သတိမူပြုပြင်စေချင်ပါတယ် ။
မန်းရောဘတ်ဇန်က ဖက်ဆစ်ဗမာ လို့ သုံးဒါ ဗမာကို မုန်းတယ်လို့ မမြင်ပါဘူးဗျ။
ဂျပန်ခေတ်တုန်းက ကောင်းတဲ့ ဂျပန်ရှိမှာတော့အသေအခြာပါပဲ။ ဒါပေမဲ့ တို့ တတွေ ဖက်ဆစ်ဂျပန်တွေ လို့ ပဲ သုံးခဲကြတယ် မဟုတ်လား.. ခေတ်အဆက်ဆက် မှာ ခံလာခဲ့တဲ့ တိုင်းရင်းသားတွေ အတွက်တော့ ဒီအသုံးအနှူန်းကို သုံးမှာ တော့ အသေအခြာပါပဲဗျာ.. ဒါပေမယ့် ဗမာလူမျိုးကို ၀ါးလုံးရှည်ရိုက်ပြီး မုန်းတယ်လို့ တော့ အဓိပါယ် မပေါက်ပါဘူးဗျ.. အုပ်စိုးသူ အဆက်ဆက်ကိုသာ ရည်ညွန်းခြင်းဖြစ်တယ် လို့ ယူဆပါတယ်ဗျာ။
ကိုချင်း
ကရင်လက်နက် ကရင်လက်ထဲထားမယ်ဆိုတော့ BGF ကရော ကရင်လက်ထဲမှာ လက်နက်မရှိဘူးလား...နိုင်ငံတစ်ခုမှာ စစ်တပ်တပ်မတော်တစ်ခုပဲရှိရမယ်...တပ်မတော်အပြင်ပေါ်လာသမျှ လက်နက်ကိုင်မှန်သမျှဟာ တရားမ၀င် သူပုန်အဖွဲ့သာဖြစ်သည်...
လုပ်ပြီ..လူတွေ ကိုယ့်ချင်းကိုယ့်ချင်းပြောနေရင် အဲဒီ
mg ဆိုတဲ့ ငမိုက်သား နအဖကောင်ဝင်ဟောင်လာပြီ..
ဗမာတပ်မတော်မှာလည်း
လူကောင်းအချို့ 
(မလွဲသာလို့ စစ်သားလပ်နေရတဲ့ ) ရှိပါတယ်။
ဗမာတပ်မတော်မှာလည်း
လူကောင်းအချို့ 
(မလွဲသာလို့ စစ်သားလုပ်နေရတဲ့သူတွေ ) ရှိပါတယ်။
လက်နက်ကိုပိုင်ဆိုင်သွားတဲ့ချိန်မှာ
အာဏာကိုပိုင်သွားတဲ့ချိန်မှာ
လူအများစုဟာ
( ကရင်ဖြစ်ဖြစ်
ဗမာဖြစ်ဖြစ်
တခြားတိုင်းရင်းသားဖြစ်ဖြစ်)...
စိတ်အနေပြောင်းသွားတတ်ကြပါတယ်။
.
လက်နက်ကိုင်တဲ့သူတွေအားလုံး
ပါဝါအဗြုလုပ်ခြင်းမှ
ကင်းကြပါစေ
နိုင်ငံ တစ်ခုမှာ တပ်မတော် တစ်ခုသာ ရှိရမယ်၊ လက်မခံရင် အဲဒီ အဖွဲ့ အစည်း သူပုန်ပဲ၊ တိုက်ခိုက် ချေမှုန်းပစ်ရမယ်။ ကရင် လူမျိုး ကောင်းစားရေးဆိုပြီး ရွာတွေက ဆက်ကြေးတောင်း၊ လူသစ် အတင်းစု၊ လက်အောက်ငယ်သားတွေ ကို တောထဲ တောင်ထဲမှာ အင်အားကြီးမားတဲ့ တပမတော်နဲ့ တိုက်ခိုင်း၊ ခေါင်းဆောင်ပိုင်းကြတော့ ထိုင်းမှာ အိမ်ကြီး အိမ်ကောင်းနဲ့ ဇိမ်ကျကျ နေ၊ ခေါင်းဆောင်တွေရဲ့ သားသမီးတွေကို အနောက်နိုင်ငံကြီးတွေ ပို့ပြီး တက္ကသိုလ် တက်ခိုင်း၊ လက်အောက်ငယ်သား သားသမီးကြတော့ ကရင်ပြည်နယ် တောထဲက ရွာပုန်း ရွာရှောင်တွေမှာ နေခိုင်း၊၊ အဲဒါလား ကရင်တော်လှန်ရေး၊ ထွီ
မန်းရောဘတ် ဘဇန် ခင်ဗျား နိုင့်ခြားကနေ သူများကို စစ်မတိုက်ခိုင်းပါနဲ့လေ သတ္တိရှိရင်၊ ခင်ဗျား ကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်ရင် ကိုယ်တိုင် လာတိုက်လေ၊ ပြည်တွင်းမှာ ရှိတဲ့ လူတွေကို ရန်တိုက်မပေးပါနဲ့
Before comment, watch these videos and Enlighten Up first
http://www.youtube.com/user/tuntunoo8484#g/c/E9257F1450B857CD
ဂျပန်၊ အင်္ဂလိပ် လက်အောက်က လွတ်မြောက်ဖို့  ပမာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးတိုက်ပွဲ ၀င်ခဲ့ကြတယ်။ အဲဒါ တရားတဲ့ စစ်ပဲ။ ကိုယ့် အခွင့် အရေး ကိုယ်တိုက်တာ ပဲလေ။ ကရင်ဖြစ်ဖြစ် တခြားတိုင်းရင်းသား တမျိုးမျိုးပဲ ဖြစ်ဖြစ် သူတို့ အခွင့် အရေး အတွက် တိုက်ပွဲ ၀င်တာလည်း တရားတဲ့ စစ်ပဲ။ ဘယ်သူ နိုင်ထက် ကလူ လုပ်နေတာလည်း မျှတတဲ့ စိတ်ထားရှိသူ တိုင်း နားလည်နိုင်တယ်။
ကိုစိုးပြောတာ ဟုတ်တယ်
ရောဘတ်ဇံ .. မင်းလည်းတိုက်ခဲ့ဘူးတာပဲ
ကရင်တော်လှန်ရေးဆိုပြီး အခုမင်းကဘယ်ရောက်နေလဲ
အပိုတွေလာမပြောနဲ့ ... သတ္တိတကယ်ပြချင်ရင်
တော်လှန်ရေးထဲပြန်လာခဲ့ ...တကယ်ကောင်းစားတော့
အထက်ကလူတွေ ... သေတော့ အောက်ကလူတွေ..
ရွံ့ဖို့ကောင်းတယ် ... ခွေးစကားလာမပြောနဲ့ ..ထွီ
"၀"စိတ်ပိန်တယ်၊ဘယ်သူပဲတိုက်တိုက်၊ဘယ်သူနိုင်နိုင်
ဝစိတ်မ၀င်းစားဘူး။"၀"တစ်ခုတော့ကြောက်ပါတယ်။
တတိယနိုင်ငံသွားချင်းလို့မယ်လမှာကရင်လူကြီးတွေ၊
ပိုက်ဆံပေးပြီးသွားမိပါတယ်။ဗမာစကားပဲတတ်တဲ့။ "၀"အတွက်တော်တော်စိတ်ပိန်ခဲ့ရတယ်။ကရင်ဆိုတဲ့လူမျိုးတွေ၊သေနတ်တကားကားနဲ့ဗမာစကားတောင်မပြောရဲလောက်အောင်ပါပဲ၊မယုံရင်သွားကြည့်ကြနော်၊
လူကိုလူလိုတန်ဖိုးထားတဲ့အစိုးရပေါပါစေ။ကရင်ကြောက်၏
အပေါ်က takalpyawtar ပြောတာ လက်ခံရမလိုပဲ။ ဖထီးရဲ့လေသံက ဗမာမုန်းတီးရေး နည်းနည်းပါနေသလိုပဲ။
ဖထီးရေ အမေရိကမှာ နေနေတာဖြစ်တော့ အမေရိကမှာ လူမျိုးပေါင်းစုံချစ်ကြည်စွာနေနေတာကိုလေ့လာစမ်းပါ။
ဖထီးပြောတာအချို့ကိုသဘောမတူနိုင်ဘူး။ ၁၉၄၉ကတည်းက လူမျိုးတုံးသတ်ဖြတ်နေတဲ့ ဗမာဖက်ဆစ်တပ်ဆိုရအောင် ဗိုလ်နေဝင်းက ၁၉၄၉ တုံးက သိပ်တန်ခိုးမထွားသေးပါဘူး။ ၁၉၅၈ နောက်ပိုင်းမှ တန်ခိုးထွားလာတာပါ။ ၄၉ တုံးက ပါလီမန်ဒီမိုကရေစီခေတ်ပဲရှိသေးတာ။
နောက်ပြီးအဲ့ဒီ ကာလတွေက ဖြူးမှာ ကရင်တပ်သားတွေ အပြစ်မဲ့ယောက်ျား၊မိန်းမ၊ခလေး တွေကိုဘယ်လိုရက်ရက်စက်စက် သတ်ဖြစ်ပြစ်ခဲ့သလဲ ဆိုတာ ဗိုလ်ချုပ်ကျော်ဇော သက်ရှိထင်ရှားရှိပါသေးတယ် တကယ်မသိရင် ဖထီးမေးကြည့်ပါ.သူလည်း ဗိုလ်နေဝင်းကိုဆန့်ကျင်တော်လှန်ခဲ့တာပဲလေ။
တကယ်သာ နအဖက ကရင်ကိုမျိုးတုံးချင်တယ်ဆို ဖထီးရေ ပြောလိုက်မယ်. ရန်ကုန်မှာ ကရင်တွေအများကြီးရှိတယ်.ဘားအံမှာကရင်တွေအများကြီးရှိတယ်. သထုံမှာ ကရင်တွေအများကြီးရှိတယ်. နအဖ မဆလ နှစ်ပေါင်း ၅၀လောက်မှာ အဲ့ဒီမြို့တွေမှာ ကရင် မျိုးတုံးတာကြာပေါ့။
နအဖ က လူမျိုး ဘာသာမရွေးပါဘူး၊ သူ့ကိုထိရင်ဆော်တာပဲ။ ဒေါ်စုက ဗမာ၊ မင်းကိုနိုင်က ဗမာ၊ ဦးတင်ဦးက ဗမာ၊ စုစုနွေးက ဗမာ အပြတ်ကိုင်ထားတာ ဖထီးလည်းအသိပဲ။
ကရင့်လက်နက်ကရင့်လက်ထဲမှာပဲရှိရမယ်ဆိုတာ နအဖလက်ထက်မို့ပြောရင်တော့ တော်ပါသေးတယ်။ ဘယ်အစိုးရတက်တက် NLD ပဲတက်တက် ဘယ်ဒီမိုကရေစီပါတီပဲတက်တက် ဒီဝါဒကို ဆက်ကိုင်ထားမယ်ဆိုရင်တော့ ကမ္ဘာပျက်ရင်တောင် ပြည်တွင်းစစ်ကြီးငြိမ်းမှာမဟုတ်ဘူး။
ကရင်ဦးစီးချုပ်မဟုတ်လို့ ကရင် သမတမဖြစ်လို့ ပုန်ကန်ရမယ်ဆိုရင် ဘယ်လာ ဖယ်ဒရယ်ထောင်နိုင်တော့မှာလဲ။
လူမျိုးရေးကိုအခြေခံတဲ့ တော်လှန်ရေးတွေဟာဒီအချိန်မှာ ခေတ်မမှီတော့ပါဘူး။ ဒီမိုကရေစီရေးနဲ့ လူတိုင်းသာတူညီမျှမှုကို အခြေခံတဲ့ တော်လှန်ရေးသာဖြစ်သင့်ပါတယ်။
Auber ပြောတာတွေမှန်လိုက်တာဗျာ ၊
၁။ စစ်ခွေးတွေရဲ့အနိုင်ကျင့်မှုကလူမျိုးမရွေးပါဘူး။
၂။ နိုင်ငံရေးအရမတရားမှုကြောင့်မဟုတ်ပဲ လူမျိုးရေး
အမြင်ကျဉ်းမြောင်းမှုကြောင့်ပုန်ကန်နေရင်တော့
ပြည်တွင်းစစ် ဘယ်တော့မှရပ်မှာမဟုတ်ဘူး။
တခုထပ်ဖြည့်ပြောချင်ပါတယ်။ အားလုံးကို
ကရင်ဖြစ်ဖြစ် ၊ဘယ်လူမျိုးပဲဖြစ်ဖြစ် ၊ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်
တော်လှန်ရေးကိုတော့ အင်မထုကြပါနဲ့ ။
စစ်အာဏာရှင်ကို ထိထိရောက်ရောက်တိုက်ပြကြစမ်းပါ။ စုစုစည်းစည်းနဲ့
ရန်သူတော့အနိုင်ရအောင်မလုပ်ပဲ ကိုယ့်လူမျိုးပဲကိုယ်
ရှေ့တန်းတင်နေရင်တော့
နအဖ စစ်အာဏာရှင်တွေက သွေးခွဲမြှောက်ပေးနေလိမ့်မယ် ။
ခုပဲကြည့် ကွဲနေတဲ့ကရင်တွေ ပြန်မပေါင်းနိုင်သေးဘူး၊
နအဖပြောတာလက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တဲ့ ကရင်
က ဖွဲ့တော့မယ်။
လူမျိုးစုံ/အဖွဲ့စုံ ဘုံရန်သူကိုပေါင်းချဘို့
ဘယ်သူခေါင်းဆောင်မလဲ။
(၁)(နယ်ခြားစောင့်လုပ်လိုက်ရင် ပြည်သူ့အကျိုးပြု မလုပ်နိုင်တော့ဘူးဆိုတယ်)...နယ်ခြားစောင့်ဆိုတာ တရားဝင် လက်နက်ကိုင်ပြီး မိမိလူမျိုး မိမိပြည်နယ်မှာပဲ တာဝန်ထမ်းဆောင်ပြီး မိမိလူမျိုးအတွက်ကာကွယ်ရေးလုပ်ပေးနေရတာပါ...ဒါဟာလက်နက်ကိုင်ပြီး ကာကွယ်ရေးနဲ့ပြည်သူကိုအကျိုးပြုနည်းတစ်ခုပါပဲ...ဒီထက် ပိုပြီးလုပ်ပေးချင်ပါတယ်ဆိုရင်လည်း လက်နက်ကိုစွန့်လွှတ်ပြီး နိုင်ငံေ၇းလောကထဲဝင်ပြီး နိုင်ငံရေးပါတီတွေထောင်ပြီး ကရင်ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်မယ့် ကရင်ပြည်နယ်ခေါင်းဆောင်အဖြစ်နဲ့ရွေးချယ်ခံပြီး ကရင်ပြည်နယ်အကျိုးတွက်လုပ်ဆောင်ပါ...ဒီနှစ်လမ်းပဲရှိတယ်...အခုလို တရားမ၀င်လက်နက်ကိုင်ပြီး အစိုးရကို တိုက်နေလို့ရော ကရင် ပြည်သူတွက်ဘာတွေလုပ်ပေးနိုင်လို့လဲ?တစ်နေ့တစ်ခြား ကရင်ပြည်သူတွေဒုက္ခရောက် ကျီးလန့်တစ်စာစာနဲ့ ခိုကိုးရာမဲ့ရာတွေပဲများများလာတယ်...အကောင်းထက် အဆိုးတွေပဲများလာတယ်...ဒါကိုသိလျက်နဲ့ ကိုလုပ်ချင်တာ ဇွတ်လုပ်နေတယ်...
(၂)(ပြည်သူငွေနဲ့ဝယ်ထားတဲ့လက်နက်ကိုအစိုးရကို မအပ်ချင်ဘူး...)လက်နက်ကိုမအပ်ချင်လို့ ပြောနေတာလား နယ်ခြားစောင့်ကိုမလုပ်ချင်လို့ ပြောနေတာလား ကုန်သွားတဲ့ငွေအတွက် ပြောနေတာလား?အဲဒီဝယ်ထားတဲ့လက်နက်ငွေတွေက ဘယ်လောက်များရှိလို့လဲ?ဒီလက်နက်ငွေတွေကို ပြည်သူကိုပြန်ပေးချင်တယ်ဆိုရင် အစိုးရဆီမှာအကျိုးကြောင်းတင်ပြလို့ရပါတယ်...ဒါတွေက အဓိကပြသနာမဟုတ်ပါဘူး....အဓိက တရားဝင်လက်နက်ကိုင်ပြီး ကရင်ပြည်သူကိုကာကွယ်မယ့်ကာကွယ်ရေးအလုပ်ကို ဆက်လုပ်ချင်လား နိုင်ငံရေးလုပ်ပြီး ပြည်သူ့အကျိုးပြုကိုလုပ်မှာလား ဒီနှစ်ခုပဲရှိပါတယ်...
အခြားဆင်ခြေတွေက ရေရာသေချာတာမရှိပဲ မလုပ်ချင်လို့ လျှောက်ပြီး ဆင်ခြေဆင်လက်တွေများနေတာလို့ပဲမြင်တယ်....လွယ်နေတာကို ခက်အောင်လုပ် ရှင်းနေတာကို ရှုပ်အောင်လုပ် ငြိမ်းချမ်းသွားမယ့်အရာကို မငြိမ်းချမ်းအောင် လုပ်နေတာဟာ တတော တစ်ကြက် ငါတလူသူတမင်း ဗိုလ်လုပ်ရမယ့်အရေးကနေ ဝေးသွားမှာစိုးလို့လို့ပဲမြင်တယ်...
Post a Comment