Saturday, July 3, 2010

‘မြန်မာ့အရေးကျွမ်းကျင်သူ’ ဟုဆိုသူများ၏ ပေါ့ပေါ့တန်တန် နိုင်ငံရေးယုံတမ်းစ ကားများကို ဖောက်ခွဲဖြစ်ခြင်း

ဇော်နိုင်ဝင်း (သြစတြေးလျ)
[Bursting political myths of naive realism of so-called Burma experts ကို စိုးလွင် (ဆစ်ဒနီမြို့) ဘာသာပြန်သည်]

လူဆိုတဲ့ သဘာဝအရတော့ မိမိအနာဂတ်မှာ ဘာဖြစ်မလဲဆိုတာသိချင်ကြတာပဲ။ သိချင်ကြလို့လည်း သာ မာန်လူအများစုက ဇာတာခွင်တွေ ကြည့်ကြတယ်။ အချို့ကတော့ ဗေဒင်ဆရာဆီ သွားမေးကြတယ်။ မြန်မာ့ နိုင်ငံရေးလောကအတွင်းက နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းဌာနတွေကတော့ မြန်မာ့အရေးကျွမ်းကျင်သူဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူများကို မေးကြတယ်။ သူတို့မေးကြတဲ့အထဲမှာ တသီးပုဂ္ဂလသုတေသန ပြုသူများ (တကယ်သုတေသနပြုသူများ (သို့) ဟန်ဆောင်သုတေသနပြုသူများ)၊ ဒါ့အပြင် မြန်မာနိုင်ငံသား ရော၊ မြန်မာနိုင်ငံသားမဟုတ်သူများရော၊ အဖွဲ့အစည်းဆိုလည်း (အကျိုးအမြတ်ရတဲ့ အဖွဲ့အစည်းရော၊ အကျိုး အမြတ်မရတဲ့ အဖွဲ့အစည်းရော) ရှိရှိသမျှသော သုတေသီဆိုသူအားလုံးကို မေးကြတာပဲ။

စစ်အုပ်စုကို ဘက်လိုက်ထောက်ခံသူများက သူတို့ကိုယ်သူတို့ မြန်မာ့အရေးကျွမ်းကျင်သူတွေဆိုပြီး မပြောင်း လဲသော ပုံသေနည်းများ၊ သီအိုရီအဟောင်းများ၊ ယခုတည်ရှိနေပြီး မြန်မာပြည်နဲ့ မအပ်စပ်တဲ့ သီအိုရီများကို အသုံးချကာ အနာဂတ်မြန်မာပြည်အရေး ကြိုတင်ခန့်မှန်းဟောကိန်းတွေ ထုတ်နေကြတယ်။ သူတို့ချဉ်းကပ် နည်းတွေမှာ အချို့ တော်တော်လေး မဟုတ်မမှန်တာတွေ တွေ့ရတယ်။ သီအိုရီတခုကို ဆွဲသုံးချင်ရင် လက် တွေ့သဘောအရ စမ်းသပ်မှုရှိရမယ်၊ လက်တွေ့စမ်းသပ်မှုမရှိသော သီအိုရီအဟောင်းတွေကို လက်ခံဖို့ဆိုတာ အမှန်တကယ်တော့ အခက်အခဲရှိတယ်။ အထူးသဖြင့် မြန်မာပြည်နဲ့ပတ်သက်ရင် လက်တွေ့စမ်းသပ်မှုမရှိတဲ့ သီအိုရီတွေကို မှီငြမ်းပြီး ရေးနေကြတဲ့အတွက် မှန်ကန်တဲ့ သုတေသနပြုမှုလို့ ပြောလို့မရဘူး။

အကြမ်းဖျင်းတော့ သုတေသနလုပ်ဖို့ ချဉ်းကပ်လုပ်ဆောင်ရန် နည်းလမ်းနှစ်ခုရှိတယ်။ အရိုးဆုံးနဲ့ အရှင်းဆုံးကို ပြောရရင် တခုက အပေါ်က အောက်ကို ချဉ်းကပ်နည်းနဲ့ နောက်တခုက အောက်ခြေကနေ အပေါ်ကို ပြန်သွား တဲ့နည်းပဲ။ တက္ကသိုလ်သုတေသနဆိုင်ရာ အသုံးအနှုန်းမှာတော့ ပထမနည်းက ဖြစ်တတ်သည့်သဘောကို ဆင်ခြင်ပြီး ကောက်ချက်ချတဲ့နည်း၊ ဒုတိယနည်းက သီးခြားဖြစ်ရပ်များကို ထောက်၍ ယေဘုယျဥပဒေကို ထုတ်ယူဆင်ခြင်တဲ့နည်းပဲဖြစ်တယ်။ ပထမနည်းဖြစ်တဲ့ အပေါ်ကနေ အောက်ကို ချဉ်းကပ်နည်းမှာ လက်ရှိအ သုံးပြုနေတဲ့သီအိုရီနဲ့ ပုံသေနည်းတွေကို အသုံးပြုပြီးရေးတဲ့ သုတေသနမျိုးဖြစ်ပြီး ဒုတိယနည်းဖြစ်တဲ့ အောက် ခြေကနေ အပေါ်ကို ပြန်သွားတဲ့နည်းမှာတော့ သီအိုရီအသစ်တွေနဲ့ဆိုင်တဲ့ သုတေသနနယ်ပယ်ထဲက ဖြစ် ထွန်းမှုတွေကို အခြေခံပြီး၊ ဥပဒေသတခုကို ထုတ်ယူဆင်ခြင်ပြီးရေးတဲ့ သုတေသနမျိုးဖြစ်တယ်။

အားလုံးသော သီအိုရီတွေနဲ့ သုတေသနလုပ်တဲ့ နည်းလမ်းတွေဟာ အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် စမ်း သပ်ပြီးသားဖြစ်ရမယ်။ အဲဒီလိုစမ်းသပ်ရတဲ့ ရည်ရွယ်ချက်က သီအိုရီတွေနဲ့ သုတေသနလုပ်တဲ့ နည်းလမ်းတွေ ဟာ ပုံမှန်ပြောင်းလဲနေတဲ့ ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေတွေနဲ့ လိုက်လျောညီထွေမှုရှိရမယ့်အပြင် အဲဒီနည်း လမ်းတွေဟာ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ရမယ့် ရည်ရွယ်ချက်တွေနဲ့လည်း ကိုက်ညီမှုရှိရမှာဖြစ်တယ်။

ဖြည့်စွက်ပြောချင်တာက အထူးသဖြင့် ကိုယ်သုံးမယ့် သီအိုရီတွေနဲ့ သုတေသနပြုနည်းလမ်းတွေဟာ အထူး သီးသန့် လေ့လာသင်ယူထားတဲ့ ဘာသာရပ်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေနဲ့ ဆီလျော်မှုရှိရမယ်။ ဥပမာအားဖြင့် သီအိုရီနဲ့ သုတေသနပြုတဲ့ နည်းလမ်းတွေ တိုးတက်ဖြစ်ထွန်းလာမှုဟာ အာဖရိက၊ ဥရောပနဲ့ အမေရိကတို့မှာ ကွင်းဆင်းပြီးလုပ်ထားတဲ့ နည်းလမ်းတွေဆိုရင် မြန်မာပြည်က အသေးစိတ် အခြေအနေအား လုံးနဲ့ ကိုက်ညီမှုမရှိနိုင်ဘူး။

နောက်တမျိုးပြောရရင် မြန်မာမဟုတ်တဲ့ သုတေသီတွေ (သို့) ဟန်ဆောင်သုတေသနပြုသူတွေ ဘယ်သူတွေ ပဲဖြစ်ဖြစ် မြန်မာပြည်အကြောင်းကို သုတေသနပြုပြီး ရေးကြရင် …

၁။ မြန်မာပြည်၌ ဖြစ်ပေါ်နေသော အခြေအနေများနှင့် မကိုက်ည်ီသော သီအိုရီများ
၂။ စမ်းသပ်မှု မပြုလုပ်ထားသော သီအိုရီများ
၃။ သီအိုရီအဟောင်းများ

… စတာတွေကို သုံးပြီး သုတေသနပြုတာကတကြောင်း၊ ပြီးတော့ မြန်မာပြည်ပြင်ပကနေ မြန်မာပြည်မှာ ဘာ ဖြစ်တော့မယ်ဆိုပြီး သုတေသနလုပ်နေကြတာကတကြောင်းတို့ကြောင့်၊ သူတို့ရဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာတွေ့ ရှိမှုတွေဟာ လမ်းမှားကို ပို့ဆောင်ပေးတဲ့ ကြိုတင်ခန့်မှန်းချက်အမှားတွေသာ ဖြစ်လာနိုင်တယ်။

ဒါကြောင့် သူတို့ရဲ့ သုတေသနပြုဟောကိန်းတွေဟာ အများအားဖြင့် မှားယွင်းနေတယ်ဆိုတာကို သူတို့သု တေသနစာတမ်းတွေကပဲ သက်သေပြသလိုဖြစ်နေတယ်။ အားလုံးမဟုတ်ရင်တောင်မှ နိုင်ငံတကာသုတေသီ နဲ့ သူတို့ရဲ့ ကြိုတင်ဟောကိန်းတွေထုတ်တဲ့အဖွဲ့ဖြစ်တဲ့ (International Crisis Group - ICG) နှင့် The brookings Institution အဖွဲ့အစည်းတွေဟာ အမြဲတမ်းလိုလိုပဲ လက်ရှိမြန်မာ့နိုင်ငံရေးမှာ တကယ်ဖြစ်ပျက် နေတဲ့ အခြေအနေတွေနဲ့မဆိုင်တဲ့ ရောင်ပြန်ဟပ်မှုတွေကိုသာ ထုတ်ပြန်နေတာတွေ့ရတယ်။ သူတို့ရဲ့ ခွဲခြမ်း စိတ်ဖြာလေ့လာမှုတွေနဲ့ ကြိုတင်ဟောကိန်းထုတ်မှုတွေဟာ တခါမှမဖြစ်သေးဘူး။ ခင်ညွန့် ဂုဏ်သရေမဲ့စွာနဲ့ ရာထူးကျ၊ အဖမ်းခံသွားရမယ်ဆိုတာမျိုးနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းလိုအဖြစ်မျိုးတွေ ဖြစ်လာမယ်လို့ ဘယ် သူတွေမျှော်လင့်ခဲ့ကြလဲ။

သုတေသီ (တက္ကသိုလ်ဆရာများ) ပဲဖြစ်ဖြစ်၊ ပါမောက္ခတွေပဲဖြစ်ဖြစ်၊ သူတို့ဟာ နိုင်ငံရေးသမားတွေမဟုတ် ဘူး၊ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရတွေလည်း မဟုတ်ကြဘူး။ သူတို့ သုတေသနလုပ်တာက သူတို့ စားဝတ် နေရေးအတွက်နဲ့ ဂုဏ်သတင်းကျော်ဇောဖို့ လုပ်တာပဲဖြစ်တယ်။ သူတို့မှာ အထူးလေ့လာလိုက်စားတဲ့ ဘာ သာရပ်နယ်ပယ်တွေရှိတယ်။ သူတို့အထူးပြုရွေးထားတဲ့ ဘာသာရပ်နယ်ပယ်တွေမှာပဲ ကျွမ်းကျင်အောင် လုပ် ထားတာ၊ သူတို့ရဲ့ပန်းတိုင်ဟာ သုတေသနများများလုပ်ပြီး များများထုတ်ဝေဖို့ပဲဖြစ်တယ်။ အချို့သုတေသီ တွေကလည်း ဆန္ဒဇောအားကြီးပြီး ဆင်ကန်းတောတိုးနဲ့ အငြင်းပွားစရာတွေကို ရေးပြကာ သူတို့ အကျိုးစီးပွား ဖြစ်အောင် လုပ်ကြတယ်။ အဲဒီလိုအခြေအနေမျိုးတွေဟာ သုတေသီပဲပြောပြော၊ တက္ကသိုလ်ဆရာများလို့ပဲ ခေါ်ခေါ်၊ ပါမောက္ခတွေပဲဖြစ်ဖြစ်၊ သူတို့လောကမှာ ဖြစ်နေတဲ့သဘာဝပဲ။

နိုင်ငံရေးသမားတွေရဲ့ သဘောသဘာဝက (တော်လှန်ရေးအသွင်ဆောင်သော မြန်မာ့အရေးရုန်းကန်လှုပ်ရှား မှု) အထက်က ဖော်ပြခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ သုတေသီတွေရဲ့ သဘာဝနဲ့တော့ ဆန့်ကျင်ဘက်ပဲ။ တော်လှန်ရေးထဲမှာရှိတဲ့ နိုင်ငံရေးသမားတွေ စဉ်းစားပြီးလုပ်တဲ့ ပုံစံတွေကလည်း မြန်မာ့အရေးကျွမ်းကျင်သူ သုတေသီတွေနဲ့မတူဘူး။ တော်လှန်ရေးအတွက်ဆိုရင် သူတို့ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို တိုက်ပွဲပုံစံ လှုပ်ရှားမှုတွေဖြစ်အောင်လုပ်ဖို့ပဲ။ ပုံမှန်နိုင်ငံရေးသမားတွေရဲ့ အလုပ်သဘောကတော့ ရွေးကောက်ခံရဖို့ရယ်၊ အစိုးရဖွဲ့ဖို့ရယ်ပဲဖြစ်တယ်။ အစိုးရအဖွဲ့ထဲက နိုင်ငံရေးသမားတွေက ခုနက နိုင်ငံရေးသုတေသီတွေပြောတဲ့ အ ကြံဉာဏ်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာလည်း မဟုတ်သလို အဖြစ်လည်း မခံကြဘူး။ ပြည်သူတွေ ရဲ့ အတွေးအမြင်တွေကို အစိုးရတွေကသာ ဦးဆောင်မှုပေးနေတာဖြစ်တယ်။ အစိုးရအဖွဲ့ထဲက နိုင်ငံရေးသမား တွေကပဲ သတင်းလောကနဲ့ သုတေသနလောကကို အတွေးအခေါ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပြီး လူထုကို ဦးဆောင် တာပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ သတင်းလောကနဲ့ သုတေသနလောကမှ လူတွေကသာ နိုင်ငံရေးသမားတွေ တော့ ဘာတွေလုပ်လိုက်ပြန်ပြီ၊ တော်လှန်ရေးသမားတွေတော့ ဘာဖြစ်ပြန်ပြီဆိုတာတွေကို လိုက်ရှင်းပြနေကြ တာပဲဖြစ်တယ်။

ဒီလိုသုတေသနအလုပ်မျိုးတွေဟာ ယနေ့ခေတ်အစိုးရတွေနဲ့ သူတို့ရဲ့နိုင်ငံရေးသမားတွေက အခကြေးငွေ ပေး ၀ယ်ပြီး လုပ်ခိုင်းနေကျ သာမာန်အလုပ်တခုပဲ။ ICG လို အဖွဲ့အပြင် အခြားအဖွဲ့အစည်းငယ်လေးများကိုလည်း အခကြေးငွေပေးပြီး သူတို့ကြီးကြပ်ကွပ်ကဲမှုအောက်ကနေ သူတို့လိုချင်တဲ့ ပုံစံအတိုင်း သုတေသနလုပ်ခိုင်း လေ့ရှိတယ်။ တော်တော်များများသော သုတေသနမှ ရှာဖွေတွေ့ရှိချက်တွေကလည်း အစိုးရတွေက သူတို့ရဲ့ နိုင်ငံရေးလုပ်ငန်းများတွေနဲ့ မကိုက်ညီတဲ့အတွက် လျစ်လျူရှုခြင်းခံထားရတယ်။ အနည်းငယ်သော ထောက်ခံ အကြံပြုချက်များသာလျှင် သင့်လျှော်တဲ့ နိုင်ငံရေးလုပ်ငန်းအစီအစဉ်တွေအနေနဲ့ ယုံကြည်လက်ခံကျင့်သုံးတာ ဖြစ်တယ်။ ကျန်တာတွေကတော့ ဗဟုသုတဘဏ်တိုက်ထဲမှာ ရုံးမှတ်တမ်းအဖြစ်နဲ့ အောင်မြင်စွာရောက်ရှိ သွားတော့တာပဲ။ အမှန်တကယ်က အစိုးရဆိုတဲ့ ပုဂ္ဂိုလ်တွေက သုတေသနလုပ်ငန်းကို (Public Relation) လူထုဆက်ဆံရေးအမြင်ကောင်းအောင် လုပ်ငန်းသက်သေတခုအနေနဲ့သာ လုပ်နေကြတဲ့သဘောပဲ။

အလားတူပဲ ကမ္ဘာ့ကုလသမဂ္ဂတို့၊ နိုင်ငံပေါင်းစုံပါတဲ့အဖွဲ့အစည်း (ကော်ပိုရေးရှင်း)၊ သုတေသနလုပ်ပိုင်ခွင့် အပ် နှင်းခံထားရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ အချက်အလက်စုဆောင်းပြီး ထောက်ခံအကြံပြုချက်တွေ ပေး နေရတယ်။ ထပ်ပြောပါဦးမယ်။ တကယ်လို့ လိုအပ်ခဲ့ရင် ရွေးချယ်စိစစ်ထားတဲ့ အချို့အချက်တွေလောက်ကိုပဲ လက်ရှိအစိုးရတွေက စဉ်းစားတာဖြစ်တယ်။ သုတေသနစာတမ်းတွေရဲ့ ထောက်ခံအကြံပြုချက်တွေထဲက သင့်လျှော်တဲ့ နိုင်ငံရေးလုပ်ငန်းအစီအစဉ်တွေ၊ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့ အကြံပြုချက်တွေကိုပဲ ရွေး ချယ်စဉ်းစားတာ၊ အားလုံးကို မစဉ်းစားပါဘူး၊ တော်တော်များများကို မေ့ဖျောက်ထားတာပဲ။

မြန်မာစစ်အုပ်စုရဲ့ အကျင့်စရိုက်အပြုအမူတွေနဲ့ ဆက်နွယ်ပတ်သက်တဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာတော့ အ ကျိုးအကြောင်းနဲ့ စနစ်တကျ ချဉ်းကပ်မှုတွေဟာ တခါမှအလုပ်မဖြစ်ဘူး။ စစ်အုပ်စုရဲ့အကျင့်စရိုက် အပြုအမူ တွေအားလုံးကို ဘယ်လိုမှလုံလောက်အောင် မရှင်းပြနိုင်ဘူး။ စစ်အုပ်စုဟာ ကျိုးကြောင်းညီညွတ်မှုမရှိဘူး၊ ဆင်ခြင်ဉာဏ်မရှိဘူး၊ သူတို့ဟာ နားလည်ဖို့ခက်ခဲပြီး လျှို့ဝှက်မှုတွေ အပြည့်ရှိနေတယ်ဆိုတဲ့ အချက်ကို အား လုံးအထင်အရှားသိကြတာပဲ။ ဒါဟာ စစ်အာဏာရှင်ရဲ့ အကန့်အသတ်မရှိ အာဏာလောဘတက်မှု၊ မကောင်း ဆိုးရွားရဲ့သောကဖိစီးမှုကြောင့် အကုသိုလ်ပြုမှု၊ ဥပါဒါန်အစွဲအပြည့်နဲ့ စုန်းတစ္ဆေ နတ်ဘုရားတို့ကို ယုံကြည်နေ မှု စတဲ့ အခြေအနေတွေနဲ့ ပြည်စုံနေတဲ့ စစ်အာဏာရှင်အုပ်စုဟာ လမ်းပေါ်မှာလွတ်နေတဲ့ စစ်ငရဲခွေးတကောင် ရဲ့ အကျင့်စရိုက်အတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေပြီ။

အဲဒီလို အခြေအနေမျိုးဖြစ်နေတဲ့ စစ်အုပ်စုရဲ့ စရိုက်လက္ခဏာကို ဘယ်လိုပါမောက္ခမျိုး၊ တက္ကသိုလ်က သုတေ သီမျိုးတွေက ကြိုတင်ဟောကိန်းထုတ်နိုင်ကြမှာလဲ။

အထူးသဖြင့် စစ်အုပ်စုကို ထောက်ခံသူများနဲ့ မြန်မာအရေးကျွမ်းကျင်တဲ့ မြန်မာတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ် သက်တဲ့ ဝေဖန်ချက်၊ ကြိုတင်ခန့်မှန်းချက်တွေ သိပ်မထုတ်ကြဘူးဖြစ်နေတယ်။ မြန်မာသုတေသီတွေ အရည် အချင်း ပြည့်မီတာ မမီတာ အပထား၊ အရင်က တစိုက်မတ်မတ် အတိုင်းအဆမရှိ ကမ်းလှမ်းခဲ့တဲ့ အတွေးအ ခေါ် စိတ်ကူးတွေ၊ ဝေဖန်မှုတွေ ပေးနေကျပဲ။ အချို့က အဆင့်ကျော်ပြီးတော့ စစ်အုပ်စုကို ထောက်ခံပြောဆို တာတွေ၊ အကြံဉာဏ်ပေးတာတွေတောင် လုပ်နေကြတာ။ ဘယ်နည်းဟာဖြင့် စစ်အုပ်စုအတွက် အကောင်း ဆုံးနည်းဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေကို အမြတ်ထုတ်ပြီးတော့ ရွေးကောက်ပွဲလုပ်ပေးပြီး တိုင်းပြည်အုပ် ချုပ်ရေးကို အပြောင်းအလဲလုပ်ပေးလိုက်ဖို့ ဟာမျိုးတွေပြောတာ သိပ်မတွေ့ရတော့ အံ့သြစရာဖြစ်နေတယ်။

အချို့ဆောင်းပါးတွေရဲ့ ရေးသားချက်ကို ကိုးကားဖော်ပြရရင် “မြန်မာရွေးကောက်ပွဲကို ဆန့်ကျင်မှုဟာ လမ်း လွဲတယ်” (Myanmar Boycott misguided) ဆိုပြီး ရေးလိုရေး၊ the brooking institution and the ICG တို့ရဲ့ မြန်မာရွေးကောက်ပွဲအပေါ် “Asia Briefing on Myanmar Elections” ဆိုတဲ့ ခေါင်းစဉ်နဲ့ သုံးသပ်ချက် ကလည်း စစ်အုပ်စုအလိုကျ ကာကွယ်ထောက်ခံပြောဆိုပေးတာပဲ။ ဥပမာ - အမေရိကန် အထက်လွှတ်တော် အမတ် Jim Webb ဇွန်လ (၉) ရက်နေ့က နအဖလုပ်ပေးမယ့် ရွေးကောက်ပွဲကို ထောက်ခံပြောသလိုမျိုးပေါ့။ သူဘာကြောင့် ပြောသလဲဆိုတာ သိထားဖို့လိုတယ်။ သူ့လိုလူမျိုးကျတော့ နအဖက အခကြေးငွေပေးစရာမလို ဘဲ ဒီစကားမျိုးတွေ လိုက်ပြောပေးနေတာ။

ပြောရမယ်ဆိုရင် စစ်အုပ်စုအနေနဲ့ သူတို့ရဲ့စစ်အာဏာရှင်စနစ်တည်မြဲဖို့ သံစုံတီးဝိုင်းတခုလို အဘက်ဘက်က နေ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကြီးကို မြန်မာအတိုက်အခံတွေ ဆန့်ကျင်တာဟာ လမ်းလွဲတယ်လို့ ပြော လိုက်ခြင်းက ဘာဥပမာနဲ့ သွားတူသလဲဆိုရင် (Scientology) ဆိုတဲ့ ဘာသာရေးဂိုဏ်းသားတွေက လူတွေရဲ့ မနောစိတ်အတွင်းသဘောကို စက်ပစ္စည်းနဲ့ စမ်းသပ်ပြီး သူတို့ဘာသာထဲသွင်းဖို့ ကြိုးစားသလိုပဲ။ အမှန်တ ကယ်က လူ့ရဲ့မနောစိတ်သဘောကို သိချင်ရင် စိတ်နဲ့ပဲ ပြန်လေ့လာမှသိနိုင်တယ်။

အလားတူ ဥပမာတခုက ဗုဒ္ဓဘာသာဝင်တွေ တရားကျင့်တယ်ဆိုရင် အဓိကရည်ရွယ်ချက်က မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ထားတဲ့ သမာဓိအားနဲ့ မိမိကိုယ်ကိုမိမိသိမြင်အောင်၊ မိမိရဲ့မနောစိတ်ကို ကြည့်တတ်အောင် လုပ်တာပဲ။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကိုယ်တိုင်ကမှ အမှောင်တွေ ဖုံးနေလို့ သူ့ကိုယ်သူသိမြင်အောင် မကြည့်နိုင် ရင် (သို့) သူကိုယ်သူ ဘာလဲမသိရင်တော့ Scientology ဘာသာဂိုဏ်းကသုံးတဲ့ စက်နဲ့စမ်းလည်း ဘယ်လိုမှ မသိနိုင်ဘူး။ ထို့အတူပဲ မြန်မာနိုင်ငံသားတွေလည်း မိမိတို့ပြဿနာဘာလဲဆိုတာ မိမိတို့ကိုယ်တိုင်မှ မသိနိုင်၊ မမြင်နိုင်ကြရင် မြန်မာမဟုတ်တဲ့လူ (နိုင်ငံခြားသား) တွေက ဘယ်လိုသိနိုင်မလဲ။ ဘယ်လိုစနစ်မျိုး၊ ဘယ်လို နည်းလမ်းမျိုးနဲ့ သုတေသနပြုချဉ်းကပ်ကြပြီး၊ ဘယ်လိုစက်ပစ္စည်းမျိုးနဲ့စမ်းသပ်ပြီး မြန်မာပြည်သူတွေရဲ့ အနာ ဂတ်အဖြေမှန်ကို ဘယ်လိုထုတ်ကြမှာလဲ။

ICG ဆိုတဲ့ အဖွဲ့က အရင်ကလည်း မြန်မာပြည်အပါအ၀င် အခြားတိုင်းပြည်တွေရဲ့ နိုင်ငံရေးဗေဒင် ကြိုတင် ဟောကိန်းတွေ အများကြီးထုတ်ဖူးတယ်။ မြန်မာပြည်အတွက် သူတို့ရဲ့နောက်ဆုံးဟောကိန်းက “ရွေးကောက် ပွဲ မဲပေးတဲ့နေ့ကတော့ နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မျှတနိုင်တယ်” ဒါ့အပြင် “နိုင်ငံရေးနဲ့ မျိုးဆက်အပြောင်းအ လဲမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အနာဂတ်မြန်မာပြည် ကောင်းလာမယ့် ဦးတည်ချက်နဲ့ အကောင်းဆုံး အ ခွင့်အရေးတွေ ဖြစ်လာနိုင်တယ်” လို့ဆိုပါတယ်။ အကယ်၍ သူတို့ရဲ့ဟောကိန်းတွေသာ မှန်ခဲ့မယ်ဆိုရင် ကမ္ဘာ့ ပြဿနာများ ဖြေရှင်းပေးနိုင်သောအဖွဲ့ကြီးအဖြစ် ကုလသမဂ္ဂကြီးနေရာကို အစားထိုးရပါလိမ့်မယ်။

အမှန်က ရွေးကောက်ပွဲ တကယ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ဘယ်သူမှမသိပါဘူး။ စစ်အုပ်စုကိုယ်တိုင်တောင် ရွေးကောက်ပွဲ တကယ်လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာ မရေရာဘူး၊ နအဖနဲ့ ပတ်သက်လာရင် ဘယ်အရာမှ မသေချာဘူး။ နအဖသုံးတဲ့နည်းက ပြည်သူတွေကို သူ့ရဲ့စစ်အင်အား အလုံးအရင်းနဲ့ (စစ်သား ၅ သိန်းကျော်၊ သံချပ်ကာကားတွေ၊ ထောက်လှမ်းရေးတပ်၊ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ် တွေ၊ စစ်လက်နက်လုပ်တဲ့ စက်ရုံတွေအပြင် နောက်ဆုံးမှာ နျူကလီးယားဓာတ်ပေါင်းဖို အပါအ၀င်) စတာတွေ နဲ့ ခြိမ်းခြောက်ဖိနှိပ်ထားတဲ့ နည်းပဲဖြစ်တယ်။

စစ်အုပ်စုက မြန်မာပြည်ကို ဘယ်လောက်ကြာကြာ အုပ်ချုပ်မှာလဲဆိုတဲ့ မေးခွန်းတွေ၊ ဟောကိန်းတွေ ထုတ် နေစရာမလိုတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ရာဇ၀င်မှာ အရင်က မရှိခဲ့ဘူးတဲ့ စစ်အင်အားနဲ့ တိုင်းပြည် ကို ခြိမ်းခြောက်ဖိနှိပ်ထားပြီး အကြောက်တရားတွေနဲ့ အုပ်ချုပ်ထားတဲ့အတွက် ဒီဟောကိန်းတွေထုတ်လည်း မမှန်တော့ဘူး၊ စစ်အုပ်စုရဲ့ အဓိက အာဏာအရင်းအမြစ်က ပြည်သူလူထုရဲ့ အကြောက်တရားအပေါ်မှာ ဖိနှိပ် အုပ်ချုပ်ရေးပုံစံတွေ၊ နိုင်ငံရေးကလိမ်ကကျစ်လုပ်စားမှုပုံစံတွေနဲ့ အထူးတလည် စီမံခြယ်သထားတဲ့ အုပ်ချုပ် ရေးယန္တရားတွေကိုသုံးပြီး သူတို့စစ်အာဏာ တည်မြဲအောင် ထိန်းချုပ်ထားတဲ့ နည်းမျိုးပဲဖြစ်တယ်။

အနာဂတ်နိုင်ငံရေးကို ကြိုပြောတဲ့အလုပ်ဟာ စွန့်စားရတဲ့ အလုပ်တခုပဲ၊ ဗေဒင်ဟောတဲ့ အလုပ်ပုံစံမျိုးနဲ့ တူ တယ်။ ဗေဒင်ဟောတဲ့အလုပ်ကို အသက်ရှင်နေထိုင်ဖို့အတွက်လုပ်တာဖြစ်တော့ သမာအာဇီဝ အလုပ်တခုလို့ ပြောလို့မရဘူး၊ အဲဒီအလုပ်မှာ လိမ်တာတွေ၊ မဟုတ်မဟတ် လှည့်ဖြားတာတွေ ပါတယ်။ သစ္စာ (၄) ပါးနဲ့ မဂ္ဂင် (၈) ပါးမှာ ပြောထားသလိုပဲ၊ မှန်ကန်တဲ့ အသက်မွေးမှုဆိုရာမှာ အနာဂတ်ကို ကြိုတင်တွက်ချက်ပြီး ဗေဒင် ဟောစားရတဲ့ အလုပ်မျိုးက သမာသမတ် မကျသလို သမာအာဇီဝဖြစ်တဲ့ အလုပ်မျိုးလည်းမဟုတ်ဘူး။

မတည်ရှိသေးတဲ့ အနာဂတ်ကို ဘယ်သူမှကြိုမပြောနိုင်ဘူး။ “အနာဂတ်ကို ဗျာဒိတ်ပေးလို့ မရသလို စိတ်မရှည် နိုင်ဘဲ နောင်လာမယ့် အနာဂတ်မှာ ဒီပုံစံကြီးဖြစ်လာမယ်လို့လည်း ကြိုပြီးပြောလို့မရဘူး။ နားလည်အောင် ဆက်ရှင်းရရင် မြန်မာပြည်မှာ ဒီမိုကရေစီဆိုတဲ့အရာဟာ မရှိသေးတဲ့အတွက်၊ ဒီမိုကရေစီအနာဂတ်ဆိုတာ လည်း မရှိနိုင်သေးဘူး။ ဥပမာ - ဒီမိုကရေစီဆိုတဲ့အရာဟာ ရှိနေပြီးသား ကျွန်းကလေးတခု (သို့) တောင်ကြီး တတောင်ကို ရှာတွေ့သလိုမျိုး လုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။ အနာဂတ်မှာ ဒီမိုကရေစီဆိုတဲ့ အရာကိုရဖို့အ တွက် အခုကစပြီး တည်ဆောက်ရမှာပဲဖြစ်တယ်။ အဲဒီလို ဒီမိုကရေစီရှိတဲ့ အနာဂတ်မျိုးဖြစ်လာအောင် ဘယ် လိုတည်ဆောက်ရမလဲ၊ ဘာတွေတည်ဆောက်ရမလဲဆိုတာက ယနေ့လက်ရှိ ခင်ဗျားတို့လိုလူတွေအပေါ်မှာ မူတည်တယ်” လို့ဆိုတဲ့ သံတမန်ဟောင်းတဦးရဲ့အဆိုကို လေ့လာကြည့်ပါ။ (Owen Harries, former Australian diplomat).

ယနေ့လုပ်တဲ့ လှုပ်ရှားမှုဟာ လာမယ့်နှစ်မှာ သေချာပေါက်တခုခုဖြစ်လာမယ်လို့ မျှော်လင့်နိုင်ဖို့အတွက် အကူ အညီဖြစ်နိုင်တယ်။ ဆိုလိုချင်တာက မိမိတို့ဖြစ်စေချင်တဲ့ မြန်မာပြည်အနာဂတ်လမ်းကြောင်းအတွက် အဓိပ္ပါယ် ဖွင့်ဆိုနိုင်တဲ့ အလုပ်မျိုးကို အားလုံးအတူတကွ ဆုံးဖြတ်ပြီး ယနေ့လှုပ်ရှားဆောင်ရွက်နိုင်ကြဖို့ လိုအပ်တယ်။

ဒီမိုကရေစီဆိုတာ ကျနော်တို့ ဘ၀ခရီးရဲ့ နောက်ဆုံးပန်းတိုင်မဟုတ်ဘူး။ အဲဒါက လက်ဝယ်ရရှိပြီး ပြန်ပြောက် သွားတတ်တဲ့ အရာမျိုးလည်းမဟုတ်ဘူး။ ဒီမိုကရေစီဟာ လမ်းကြောင်းတခု၊ စနစ်တခု၊ ပြီးတော့ လုပ်ငန်းစဉ် တခုပဲ။ အဲဒီလုပ်ငန်းစဉ်ကို မွမ်းမံထိန်းသိမ်းထားနိုင်ဖို့ အတွေးအခေါ်နဲ့ စိတ်ဓာတ်တွေ တည်ဆောက်ရမယ်။ ဒီလုပ်ငန်းစဉ်ရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ သေချာပေါက် ပြည်သူ့ဆီက ဆင်းသက်လာပြီး ပြည်သူ့ရင်ခွင်ဆီမှာပဲ ပြန်ဆိုက်ရောက်ရမယ်။

ဒီမိုကရေစီလုပ်ငန်းအားလုံးဟာ ဥပဒေအရတန်းတူညီမျှတဲ့ အခွင့်အရေးခံစားမှုရှိရမယ်။ မည်သူမျှ ဥပဒေထက် ကျော်လွန်ပြီး မရှိစေရဆိုတာ သေချာအောင်လုပ်တဲ့ နည်းလမ်းပဲ။ မြန်မာပြည်သူတွေ လုပ်ဆောင်ရမယ့် အ လုပ်တာဝန်ကလည်း ဒီမိုကရေစီလုပ်ငန်းနဲ့အညီ နောင်အနာဂတ် မြန်မာပြည်မှာ ဘယ်တော့မှ စစ်အာဏာရှင် တွေ ချယ်လှယ်အုပ်ချုပ်လို့မရအောင် အစဉ်မပြတ် ဆန့်ကျင်တော်လှန်သွားရမယ့် တာဝန်ပဲဖြစ်တယ်။

ဇော်နိုင်ဝင်း (သြစတြေးလျ)
ဇွန်လ (၂၅) ရက်၊ ၂၀၁၀

Bursting political myths of naive realism of so-called Burma experts
Zaw Naing Wynn (Australia)

It is a human nature that people are curious and want to know what the future holds for them. Many read horoscopes and some turn to fortune tellers. In Burmese politics, some activists turn to so-called Burma experts – individuals (academic or pseudo-academic of both Burmese and non-Burmese) and organisations (of both profit and non-profit research).

Many regime sympathisers turn to these so-called Burma experts who use fixed formulas and old and existing theories in their research, writings and predictions of what the future holds for Burma. However, there are some untruths in this approach.

Generally there are two approaches to research. In lay and simple terms, one is top-down approach and the other bottom-up. In academics terms, the first is deductive reasoning and the second inductive. For top-down approach or deductive reasoning, the method is to use existing theories and formulas in research and analysis, while the method for bottom-up or inductive involves the development of new theories from field research.

All theories and research methods, new and old, have to be tested. The aim for such testing is to make sure these theories and research methods are still relevant to the constantly changing world environments and also to ensure they still fit for the purpose of the research and analysis works to be done.

In additions, the use of particular theories and research methods must be relevant to the circumstances of the study of a particular subject. For example, theories and research methods developed from research field studies conducted in Africa, Europe and America may not be relevant at all to the circumstances in Burma.

In other words, those non-Burmese academic or pseudo-academic, who research and write about Burma using old and irrelevant and untested theories and those developed from field research in regions outside Burma, can mislead in their analyses with false predictions.

That probably helps explain why so many, if not all, international research and their predictions – be that of the International Crisis Group (ICG) or the Brookings Institution – seems always irrelevant to real situations and does not reflect actual events in Burma. Their analyses and predictions may never come to pass. Who predicted the fall of Khin Nyunt from grace? Who foretold the 2007 saffron revolution?

Academic or professors are not politicians; they do not govern a country. They research and write for a living and for fame. They have areas of specialisation and are trained to be expert in their chosen specialisation. Their goal is to research and publish as many as possible. Some are desperate and would write any thing controversial to serve their interests. That is the nature of the people in the academia world.

The nature of politicians (or revolutionaries in the case of Burma’s struggle) is different to that of academic or researchers. They think and work differently. For revolutionaries, their jobs are to engage in the struggle with their political ideals. For normal politicians, they seek to get elected and to form a government. They are not side-tracked from their work. Instead they lead public opinions and stir up the media and academia. So the roles of the academia and media are to try to explain why the politicians and revolutionaries do what they do and act the way they act.

It is a common practice of a government and their politicians nowadays to commission and pay research institutions like the ICG, the Brookings institution and others, to conduct research for them. Quite often, their research findings are disregarded by governments. Only some recommendations, when suited their political agendas, are adopted; the rest are achieved in knowledge bank and for administrative records.

Likewise, the United Nations bodies, multinational corporations and community and international organisations commission research to gather facts and get recommendations. Again, if needed, they selectively choose only some findings for consideration. They rarely adopt recommendations and may only do so when suited their purposes or agendas.

In relation to predicting behaviours of the Burmese military regime, the use of reasons and systematic approaches has never worked. It is just not enough to explain everything about their behaviours. It is a well known fact that the regime is not rational and reasonable but full of mysteries. It is a dictatorship boundless in greed for power; a sinner obsessed with the evils; a deity full of superstitions; and a hellhound with repressive and destructive military might.

So how can any professor or academic predict the behaviour of such regime?

With regard to Burmese Burma experts and regime sympathisers in particular, there is no scarcity of comments and predictions coming from them – whether qualified or not. Many constantly offer unlimited opinions and commentaries. Some even go further and advocate for the regime and give advice as to how best the regime can take the advantage of the 2008 constitution and use elections to transform the country.

Some even quote and cite articles like “Myanmar boycott misguided” by the Brooking Institution, the ICG “Asia Briefing on Myanmar Elections” to back up their advocacy for the regime and the U.S Senator Jim Webb – the well known advocate for the elections and the regime.

To say that the boycott of the above regime’s orchestrated elections by Burma’s oppositions misguided is like a scientology priest with a personality test machine asking a Buddhist monk to undergo a personality test. A Buddhist monk meditates and practices mindfulness. If that Buddhist monk does not know his personality, then that scientology priest will never find it.

The ICG has made many predictions in the past on many troubled countries including Burma. Its latest predictions that “….the voting on election day may well be relatively fair” and that “…the political and generational shift that they (the regime) will bring about may represent the best opportunity in a generation to influence the future direction of the country”. If their predictions were right, then it should replace the United Nations as fixer of the world’s problems.

The truth is no one knows if the elections will ever be held at all, not even the military regime itself. To them everything is uncertain. The only way to manage that uncertainty is to oppress the people with their military might. No predictions are needed to the question of how long the regime will rule Burma. They rule the country with fear, playing politics with people’s fear which is the main source of their power.

Trying to predict the future is a risky business. It is like the fortune telling business. Fortune telling is not the way to make a living as it involves telling lies and the act of deceptions. The noble eightfold path of the four noble truths teaches us that it is not the right livelihood.

No one knows the future that does not yet exist. “The future is not to be seen as something preordained, something already existing and impatiently waiting in the wings for its turn on the stage of history. The future does not exist; it is not something there to be discovered, like an island or a mountain. It is something which has still to be made. And how it is made, and what it will become, will depend on people like you..” (Owen Harries, former Australian diplomat).

The actions taken today can help ensure the years ahead are something to look forward to. Together, all the people in the movements for Burma can decide what actions must be taken now to define the future of Burma the way they want it.

Democracy is not a destiny. And it is not a goal that disappears after achieving it. Rather it is a way or a process with a state of mind or the spirit to act. It is a process that makes sure the power come from the people and rested in people. It is a way that makes sure that: all is equal before the law; no one is above the law and equal opportunity for all. It is an act of citizens to make sure Burma will never again live under the dictatorship.

Zaw Naing Wynn (Australia)

3 comments:

shinmin said...

Mr zaw win naing ရေးတာတွေကမှန်သလိုလို
တော့ရှိသား၊ဒေါက်တာလွဏ်းဆွေ ကိုကျေးဇူးတင်ပါတယ်
အခုလိုဘတ်ပေါင်စုံ၊အတွေးပေါင်းစုံကစာတွေဖတ်ရတာ၊
ဗဟုသုတတိုးတယ်ဗျာ။ေ၇ွးကောက်ပွဲတော့စိတ်မ၀င်းစားပါ
ဘူး။ကုလားကြီးနဲ့အယာကြီးပဲကွာလိမ့်မယ်။

Unknown said...

ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး ဆိုတဲ့သူတွေက ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး မဲမပေးအောင် လိုက်လုပ်နေတော့ ဘေးကကြည့်နေရတဲ့ သူတွေမှာ "စိတ်မဝင်စားဘူး ဆိုရင် ကိုယ့်ဖာသာ ကိုယ်နေပေါ့ ဘာဖြစ်လို့  လိုက်ဖျက်ဆီးနေလဲ" ဆိုတဲ့ အမြင်အတွေး တွေ အလိုလိုခေါင်းထဲ ရောက်လာပြီး သား ဖြစ်နေတယ်။ "မင်းတို့  ဘာပြောပြော ငါ့ဖာသာ ငါလုပ်မယ် ဆုံးဖြတ်မယ်" ဆိုပြီး ဖြစ်လာတယ်။

ပြည်ပက ဆယ်ဂဏန်း ရှိတဲ့ လူတွေ ဘယ်လောက်ဘဲ ရွေးကောက်ပွဲကို သွားပြီး မဲမပေးဖို့  လှုံဆော် လှုံဆော် ပြည်တွင်းမှာ မဲပေးပိုင်ခွင့် ရှိသူ သန်း (၃ဝ) ရှိတယ်။ ဒီ သန်း (၃ဝ) မှာ ဘယ်ပါတီကဘဲ လာဖားဖား မဲပုံးထဲကို သူထဲ့ချင်တာ ထည့်ဖို့  စိတ်ကူး ရှိနေတယ်။ ဂရုစိုက်မှာ မဟုတ်ဘူး။

၁၉၉ဝ ရွေးကောက်ပွဲ တုံးက မိသားစုတွေနဲ့  စုဖွဲ့ ထား တဲ့ ပါတီဝင် ဦးရေ (၇၅)ဦး လောက်သာ ရှိတဲ့ ရန်ကုန်က ပါတီတစ်ခု တကယ်မဲပေးတော့ မဲ (၃ဝ) လောက်ဘဲရခဲ့တဲ့ သတင်းတွေ စစ်ကိုင်း တိုင်းဘက်က တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး (၁) မဲဘဲ ရခဲတဲ့ သတင်းတွေ သတင်းစာ အဟောင်းတွေမှာ တွေ့  ရလိမ့်မယ်။

သေချာတာကတော့ မဲပေးချိန်မှာ လူတွေ အိမ်ထဲက ထွက်လာလိမ့်မယ်။

boaungdin said...

ကျနော်တို့ကတော့သူတို့ဘာတွေလုပ်လုပ်ဘာတွေ
ပြောပြောစိတ်မဝင်စားဘူးခင်ဗျ။ဒါပေမဲ့ သင်းတို့ကိုတိုက်ချဖို့တနည်းပဲရှိတယ်။
လူထုတိုက်ပွဲနည်းပဲ။
အချိန်ကျရင်ပေါ်လာမှာပါ။
ကျနော်တို့လူငယ်တွေရင်ထဲမှာရှိတယ်။
အချက်ကျရင်မီးထတောက်လိမ့်မယ်။ဘယ်သူမ
ှမခန့်မှန်းနိုင်ပါဘူး။နေဝင်ချိန်နီးပါပြီ။
သူတို့ကျင်းသူတို့တူးနေကြတာပါ။ရှင်းရှင်းပြောရရင
်ပြည်ပအတိုက်အခံဆိုသူတွေရဲ့အင်တာဗျူးတွေ ဟိုတုန်းကရွေထီးဆောင်းအဝေးက
လက်ခမောင်းခတ်နေတာတွေလဲဂရုမစိုက်အားဘူးဗျ။ သွေးသစ်တွေရှိတယ်။ မကြာပါဘူး.....အချက်ကျတော့မှာပါ...။