Sunday, July 25, 2010

မွန်မြတ်သန့်စင်သော အမျိုးသားရေးစိတ်ဓာတ်

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၈)
မွန်မြတ်သန့်စင်သော အမျိုးသားရေးစိတ်ဓာတ်
ဒေါက်တာလွဏ်းဆွေ

အခွင့်ကြုံလျှင် လူတိုင်း ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက်တော့ ဂုဏ်ယူဝင့်ကြွားချင်ကြသည်ချည်းဖြစ် သည်။ ဥပမာအားဖြင့် မကြာမီ အရှေ့တောင်အာရှပြိုင်ပွဲဝင်တော့မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို တတိုင်းတပြည်လုံးက စိတ်ဝင်စားကာ သဲသဲလှုပ် အားပေးနေကြသည်ကို ကြည့်လျှင် အထူးသိသာလှပေ သည်။

အားကစားလောကတွင် ‘မြန်မာ’ ဟု မကြွေးကြော်ရသည်မှာ ကြာလေပြီဖြစ်သော မြန်မာတို့အဖို့ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်ပွဲဆင်လာသည့်အခါ ‘မြန်မာ’ ဟု ဂုဏ်ယူ ၀င့်ကြွားစွာ အားပါးတရ ကြွေးကြော်ချင်နေပုံရသည်။ ထိုအိပ်မက်ဖြင့် အဓိက အားပေးနေကြခြင်းသာ ဖြစ်မည် ထင်သည်။

ဘောလုံးကစားနည်းသည် မတရားသဖြင့် အခြားတိုင်းပြည်နှင့် လူမျိုးများအပေါ် ဗိုလ်ကျအနိုင်ယူသော အား ကစားနည်းမဟုတ်ဘဲ တရားမျှတသော စည်းကမ်းစနစ်များဖြင့် ယှဉ်ပြိုင်အနိုင်ယူရသော ကစားနည်းသာဖြစ် သည်။ မတရားသဖြင့် အခြားတိုင်းပြည်နှင့် လူမျိုးများအပေါ် ဗိုလ်ကျအနိုင်ယူချင်သည်ကို အားပေးသော စိတ် ဓာတ်သည် ကျဉ်းမြောင်းသာ လူမျိုးရေးစိတ်ဓာတ်ဖြစ်သည်။

သို့သော် ဘောလုံးကစားနည်းကဲ့သို့ တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် အခြားတိုင်းပြည်နှင့် လူမျိုးများအပေါ် အ နိုင်ယူချင်သည်ကို အားပေးသော မြန်မာတို့၏ စိတ်ဓာတ်သည် ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ဓာတ်မဟုတ် ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားချင်ကြသည့် မွန်မြတ်သန့်စင်သော အမျိုးသားရေး စိတ်ဓာတ်သာဖြစ်ပေသည်။

ကမ္ဘာ့တိုင်းပြည်အသီးသီးရှိ လူမျိုးတိုင်း လူမျိုးတိုင်းတွင်လည်း ထိုသို့သော မွန်မြတ်သည့် အမျိုးသားရေးစိတ် ဓာတ်များ ကိုယ်စီရှိကြပေလိမ့်မည်။ ထိုမွန်မြတ်သန့်စင်သော အမျိုးသားရေးစိတ်ဓာတ်ကို ကျနော်တို့သည် အားကစားလောကတွင်သာမကဘဲ အခြားသော ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး … နယ်ပယ်အသီး သီးတွင်လည်း အစဉ်ထာဝရ မွေးမြူကြရမည်ဖြစ်သည်။ ထိုသို့ တရားသဖြင့် မွန်မြတ်သန့်စင်သော အမျိုးသား ရေးစိတ်ဓာတ်ကို မွေးမြူခြင်းသည် ကျနော်တို့ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်တွင် ၀င့်ထည်နိုင်ဖို့အတွက် အဓိ က တွန်းအားတရပ်ပင် ဖြစ်ပါလိမ့်မည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်)

No comments: