Thursday, July 1, 2010

ဒီမိုကရေစီအင်အားစုများ အသိတရားနဲ့ သတိထား ဆင်ခြင်နိုင်ဖို့ (ပေးစာ)

ကျနော်ဟာ နအဖအလိုကျ သူတို့ခိုင်းစေသမျှကို တလျှောက်လုံး ဖြည့်ဆည်းပေးလာခဲ့တဲ့ လူတဦးပါ။ အခု ကျ နော် အမြင်မှန်ရလာတဲ့အတွက် ဒီမိုကရေစီအင်အားစုတွေကို ကျနော် တတ်စွမ်းသရွေ့ အားပေးကူညီမယ်ဆို တဲ့ အသိစိတ်နဲ့ ဒီစာကို ရေးခဲ့တာဖြစ်ပါတယ်။

ကျနော့်တာဝန်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သတင်းတွေကို လိုက်လံစုစည်း ပေးဖို့နဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတင်းပေးရမယ့် တာဝန်ဖြစ်ပါတယ်။ ဒီအ တွက် ကျနော် တလကို ထိုင်းဘတ် (၄,၀၀၀) ရပါတယ်။ ကျနော်ဟာ မြ၀တီကနေ မဲဆောက်ကို နေ့စဉ် အ သွားအလာလုပ်ရပြီး သူတို့လိုချင်တဲ့သူတွေ နေထိုင်တဲ့ နေရာတွေ၊ လှုပ်ရှားသွားလာမှုတွေကို သတင်းပေးရ သူလည်း ဖြစ်ပါတယ်။

တနေ့မှာတော့ ကျနော့်ကို အခုလို အမြင်မှန်ရစေတဲ့ အဖြစ်အပျက်တခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကျနော်ဟာ ကျနော့် မိသားစု စားဝတ်နေရေးအတွက် သူများတွေအပေါ်မှာ ဖြစ်ချင်ရာဖြစ် မကောင်းကြံစည်ခဲ့တာတွေ ရှိပါတယ်။ ကျနော်ဟာ ထိုင်းဘက်မှာ အလုပ်သွားလုပ်တဲ့သူတွေကို လက်ညှိုးထိုးပြီး သူတို့ဟာ အဖွဲအစည်းတွေနဲ့ ပတ် သက်တယ်၊ သူတို့ဟာ ဘာတွေလုပ်တယ် စသဖြင့် ဟုတ်တာကော မဟုတ်တာပါ အစီရင်ခံစာတင်တာတွေ လည်း လုပ်ခဲ့ဖူးပါတယ်။

တညမှာ ကျနော့်ညီလေးတယောက်ဟာ မဲဆောက်ဆေးရုံကြီးနဲ့ နီးတဲ့ အတိုက်အခံတွေနေတဲ့ နေရာအနီးမှာ အဖမ်းဆီးခံခဲ့ရပြီး ရိုက်နှက်စစ်ဆေးခံခဲ့ရပါတယ်။ သူ့ကို ဖမ်းတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာ မသိခဲ့ဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် သူသိတာကတော့ သူဟာ စက်ဘီးလေးတစီးနဲ့ ညဘက်ပြန်အလာမှာ သူ့ကို ကျောင်းသားတဦးနဲ့ မှားပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို သိလိုက်တယ်လို့ဆိုပါတယ်။ မြ၀တီဘက် ကနေလာတဲ့ မြန်မာထောက်လှမ်းရေးတွေက သူ့ကို မျက်နှာအုပ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ညဘက် ကြီး မြ၀တီက စရဖ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပန်းမှုတွေလုပ်တာ ခံလိုက်ရပါတယ်။

ဒီအဖြစ်အပျက်တွေကို (၃) ရက်လောက်ကြာမှ ကျနော် သိခဲ့ရတာပါ။ အဲဒီအခါကျမှ ကျနော် သတင်းပေးခဲ့တဲ့ သူတွေလည်း အဲဒီလိုမျိုး ခံစားခဲ့ရမှာကို တွေးမိပြီး ကျနော် အတော်ကို စိတ်မကောင်းဖြစ်သွားရပါတယ်။ ကျ နော့်ကို ကံတရားက သူလုပ်တာ သူခံပေစေ ဆိုတဲ့အတွေးကို ပေးခဲ့တယ်လို့လည်း ထင်မြင်သွားမိပါတယ်။ သွေးသားထိမှ နာတတ်လားလို့ ကျနော့်ကို မြင်ချင်ရင်လည်းမြင်ကြပါတော့။ ကျနော် ၀န်ခံပါတယ်။ နောက်ပိုင်း မှာ ကျနော် အားလုံးကို အသိပေးမှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်မျိုးဖြစ်ပေါ်လာခဲ့ပါတယ်။

ကျနော့်ညီလေးဟာ ကျနော့်လိုလူမျိုးတွေကြောင့် ညှင်းပန်းနှိပ်စက်မှုတွေခံခဲ့ရပြီး အခုအခါမှာ ထိတ်လန့်နေ တာ၊ ကြောင်တောင်တောင်ဖြစ်နေတာကို မြင်ရတိုင်း ကျနော့်လုပ်ရပ်တွေအတွက် နောင်တတွေရနေမိပါ တယ်။ တကယ်တော့ အတိုက်အခံတွေနေတဲ့ နေရာကို သတင်းပေးသူတွေထဲမှာ အတိုက်အခံလောကထဲက အသားထဲကလောက်တွေ ပါဝင်နေတယ်ဆိုတာကို အားလုံးသိစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော် အခုလို စာရေးပြီး ဖွင့်ချလိုက်ရတာလည်းဖြစ်ပါတယ်။

ကျနော်တို့လို အင်ဖော်မာတွေကို ကူညီပေးနေတဲ့အထဲမှာ မဲဆောက်က အဖွဲ့အစည်းတချို့ထဲက လူတွေ လည်း ပါဝင်နေပါတယ်။ သူတို့ဟာ ဒီမိုကရေစီကို အကြောင်းပြပြီး ငွေရှာသလို နအဖဘက်က ငွေရတာတွေ လည်း ရှိပါတယ်။ ကျနော်တို့ စုရပ်တွေရှိပါတယ်။ ကျနော် လျှို့ဝှက်နာမည်ပေးထားတဲ့ အဖွဲ့တွေလည်း ရှိပါ တယ်။ နေပြည်တော်က လူကြီးတွေကို သတင်းပေးရတဲ့ အုပ်စု (၂) ခုထဲမှာ မင်းသားကြီးအုပ်စုနဲ့ အရိပ်အုပ်စု ဆိုပြီး (၂) ဖွဲ့ ရှိပါတယ်။

ညစဉ်ညတိုင်းနီးပါး အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးနေတဲ့ စရဖကို ကျနော် ရွံမုန်းလာ သလို မဲဆောက်အတိုက်အခံအင်အားစုတွေထဲက ဒီမိုကရေစီကိုအကြောင်းပြပြီး ကိုယ့်လူကိုကိုယ်ပြန်ဖမ်းခိုင်း တဲ့သူတွေကိုလည်း ကျနော် ဖော်ထုတ်ချင်ပါတယ်။

စရဖက မြှုပ်နှံထားတဲ့သူတွေ သတင်းပေးတွေဟာ လူမှုရေးအသင်း (၂) ခု (တခုက မြန်မာပြည်က အဓိက မြစ် ကြီးနာမည်နဲ့ နောက်တခုက စေတနာ့ဝန်ထမ်းအဖွဲ့ပေါ့) မှာ နေရာယူထားကြပါတယ်။ စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ အဆက်သွယ်ရှိတဲ့ ရှေ့ကမြေသြဇာဘွဲ့ခံ တနင်္လာနံအမြွှာပူးနာမည်နဲ့ ပုဂ္ဂိုလ်ဟာ ကျနော်တို့နဲ့ အမြဲပဲ အဆက် အသွယ်ရှိနေပါတယ်။ သူ့လူတွေကို လွှတ်လိုက်တိုင်း သတင်းပေးတဲ့အတွက် သူပေးလိုက်တဲ့ စာရွက်တွေနဲ့ အတူ သူ့လူတွေကို ကျနော်တို့ဘက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူ့လို သစ္စာဖောက်ရှိနေသရွေ့၊ သူ့ကို ယုံကြည်နေသရွေ့ လူတွေ အဖမ်းခံနေရဦးမှာကို ကျနော် မမြင်ရက် တော့ပါဘူး။ ကျနော်ဟာ စားဝတ်နေရေးကြောင့် သတင်းပေး လုပ်နေရပေမယ့် သူ့လို မယုတ်မာပါဘူး။ ကျ နော်ကိုယ်တိုင် ဖမ်းပေးခဲ့သူဆိုရင် သူပေးလိုက်တဲ့ စာရွက်တွေနဲ့ မိတဲ့အတွက် အဲဒီမြေသြဇာဆိုသူဟာ အ တော်ကို ယုတ်မာတဲ့သူဆိုတာကို သိလိုက်ရတာပါ။

နောက်တဦးကတော့ အဖိုးတန် ကျောက်နာမည်ကို ရင်းနှီးသူတွေက ရှေ့က ဆရာတပ်ပြီး ခေါ်နေကြတဲ့ ဆေး ဆရာဆိုသူပါ။ သူဟာလည်း မဲဆောက်ဆေးရုံကြီးတ၀ိုက်မှာနေပြီး အတိုက်အခံတွေရဲ့ အသွားအလာတွေကို သတင်းပေးရသူပါ။ သူ့ကိုကြည့်ရင် လူမှုရေးလုပ်တယ်လို့ ထင်မိပါလိမ့်မယ်။ သူမလာနိုင်တဲ့အခါမှာ သူ့မိန်းမ ကို လွှတ်ပြီး သတင်းပေးတာတွေကို လုပ်နေသူပါ။ လူပုံစံက ၀၀၊ မျက်နှာလေးထောင့်မကျတကျ ပုံစံရှိပြီး အ တိုက်အခံတွေရဲ့ လှုပ်ရှားမူကို အသေအချာ သတင်းပေးနိုင်သူဖြစ်ပါတယ်။

သူတို့လို လူမျိုးတွေဆီကရတဲ့ သတင်းတွေနဲ့ မင်းသားကြီးတို့၊ အရိပ်တို့က လှုပ်ရှားနေတာပါ။ မင်းသားကြီးဆို တာက အတိုက်အခံအများစု နေထိုင်ရာနေရာကို ပစ်မှတ်ထားလှုပ်ရှားရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီမိုကရေစီအင် အားစုတွေအားလုံး ကျနော့်ညီလို ဘ၀မျိုးတွေ မခံစားရစေဖို့နဲ့ သူတို့ ဘယ်သူတွေဆိုတာကို အများပြည်သူ တွေ သိရှိနိုင်အောင် ဓာတ်ပုံနဲ့တကွ တင်ပြနိုင်ဖို့ ကျနော် ကြိုးစားပါဦးမယ်။ သူတို့ရဲ့ လှုပ်ရှားမှုသတင်းတွေကို လည်း ကျနော် သိသလောက် ဆက်ပေးနေပါဦးမယ်။

တိုင်းပြည်အတွက် လုပ်နေကြသူတွေ မြေသြဇာလိုလူရဲ့ ထောင်ချောက်ထဲ မသက်ဆင်းရပါစေနဲ့လို့ ဆု တောင်းရင်း ...။

အသားထဲကလောက် သတင်းပေးဖြစ်ခဲ့သူတဦး
မြ၀တီမြို့

18 comments:

Unknown said...

သေချာစုံစမ်းပြီး ဟုတ်ရင်ဖြောင်ပစ်ရမယ်၊ဟိုဘက်ကမ်းက
အတင့်ရဲပြီး လစ်သလိုလာလာဖမ်းတာမျိုး
သေချာပေါက်လုပ်နိုင်တယ်
အတိုက်အခံတွေ (ဒီနေရာမှာတော့)မဖြစ်မနေကို
ညီညီညာညာဝိုင်းသမ ဘို့လိုတယ် ၊ရအောင်စောင့်ဖမ်းပြီး
ပေါ့ပေါ့ဆဆနေသူတွေ ခံသွားရမယ်၊ရန်သူက ရှေ့ကို
တိုးတိုး လာနေပြီနော်

Unknown said...

အဟတ်..
ကျတော်သိသလောက်ပြောရရင် လူကြီးပိုင်းထဲမှာကို ရှိနေတယ်။
ဒါပေမယ့် မကြောက်ပါနဲ့ ။
ကိုယ့်အလုပ်ကိုယ်မှန်မှန်လုပ်နေရင် သူ့ လူဟာ ကိုယ့်လူဖြစ်သွားမှာပါ။
ဒီလိုမဟုတ်ပဲ ကိုယ်ကလဲ အယောင်ဆောင် အရေခြုံသမားဆိုရင်တော့ ကြောက်နေကြမှာပါ။
မဲဆောက်ကိုတော့ န အ ဖ ကလဲ သိပ်ထည့်မတွက်ပါဘူး။
ဘာလို့ လဲဆိုတော့ လေသမားတွေပဲ များလို့ ပါ။
မဲဆောက်ကကောင်တွေရဲ့ အားနည်းချက်က မိန်းခလေးလှလှမြင်ရင် မနေနိုင် မထိုင်နိုင်ရောဂါပါပဲ။
ကျတော်နဲ့ သိတဲ့ န အ ဖ ရဲ့သတင်းပေးတစ်ယောက်က ဘာပြောတယ်မှတ်လဲ။ မဲဆောက်ကကောင်တွေက ဘီယာ နဲနဲလောက်တိုက်လိုက်ရင် လိုချင်တာအကုန်မေးလို့ ရတာပဲတဲ့။
ကောင်းကြရောပေါ့။
ဒါပေမယ့် မကြောက်ပါနဲ့ ။
မှန်မှန်ကန်ကန်သမားဆိုရင် မကြောက်ပါနဲ့ ။

ဘုန်းကျော် said...

ဆရာဆွေ

ဒီလိုမျိုး..ရန်ငါစည်းမှာ မျဉ်းဝါ သုတ်နေတာ မကောင်းဘူး။

ဒီကောင်တွေသတ္တိရှိရင်နာမည်တပ်ပြီး၊ ပေါ်တင်ပြောရမယ်..ဒီစာကြောင့်..ကျနော်တို့အချင်းချင်းမှာ ကွိုင်တက်လိမ့်မယ်။ နောက်တစ်ခါမတင်ပါနဲ့..။

အခုဟာက..တို့မီးရှို့ မီးပဲ။ ဒါရိုက်တာမီးပွားလိုပဲ။

အခု..ကျနော်တို့လုပ်နေတာက..ပေါ်တင်ရှင်းရေးပဲ..။ ဘာမှ လူထု၊ နဲ့ ကျနော်တို့အ၀င်းဝိုင်းမှာ ဝေေ၀၀ါးဝါးဖြစ်မဲ့စာတွေကို ဆရာဆွေဘလောဂ့်မှာမတင်ပါနဲ့..

တစ်ရက်ကို သောင်းချီဖတ်နေတဲ့ဘလော့ဂ်က ပေါက်ကရမဖြစ်ပါစေနဲ့။

ei ko said...

ဒီလွှဏ်းဆွှေဆိုတဲ.ကောင်ဒီလိုမျိုးအချင်းချင်းသွှေးခွဲ
တဲ.၊သံသယ၀င်အောင်လုပ်တဲ.စာမျိုးခဏ၊ခဏတင်
ုပြီးမွှေတယ်။အဓိကစောင်.ကြည်.၇မှာကလွှဏ်းဆွှေဆို
တာတကယ်ဘဲဒီမိုဘက်တော်သားလား၊နအဖဒလန်လား
ဆိုတာဘဲ။အမှန်အကန်ေ၇းသူဆိုဒီလိုမျိုးေ၇းပါ.မလား၊
ဘယ်သူဘယ်ဝါဆိုတာတိတိကျကျေ၇းမှာဘဲ။ဒီစာလဲအ
၇င်တုံးကသူတင်ခဲ.တဲ.စာတွေလိုမေးလ်ထဲက၇တာဆိုပြီး
လုပ်ကြံတင်တာ။

Unknown said...

ဟုတ်တယ်ဗျာ။ ပြောချင်ရင်လည်း နာမည်အတိအကျနဲ့ ပြောပေါ့။ ဘာလို့ ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ။ ဟိုလိုလို ဒီလိုလိုနဲ့။ "ဗုဒ္ဓဟူးနံနဲ့စတဲ့ မင်းသမီးလေးနဲ့ စနေနံနဲ့စတဲ့ မင်းသားလေးတို့ ခိုးရာလိုက်ပြေးဟုဆို" ဆိုတဲ့မြန်မာမဂ္ဂဇင်းတွေထဲက အတင်းအဖျင်းသတင်းလိုလို ဘာလိုလိုနဲ့ဗျာ။ သတ္တိမရှိရင်လည်း လုံးဝမပြောပဲနေ။ အတင်းတော့မတုတ်နဲ့ဗျာ။ ဆရာလွဏ်းဘလော့မှာ အဆင့်အတန်းရှိရှိ ခန့်ခန့်ထယ်ထယ်စာလေးတွေပဲ ဖတ်ချင်ပါတယ်။

Unknown said...

သိချင်ရင်လည်းပြောပြပေးရမှာပေါ့
လူမူေ၇းအသင်း ၂သင်းက အဝေးရောက်ဧရာဝတိအသင်း။မြန်မာစေတနာဝန်ထမ်းလူမူရေးအဖွဲ။
အဖိုးတန်ကျောက်နံမည်က ဆရာစိန် (ယောင်ခြောက်ဆယ်လုပ်ပြိး မိတ်ဆွေးကောင်းစာကြည့်တိုက်မှာစတည်းချသူ)
မြေသြဇာဆိုတာကတော့ နွားချိးလောက်တန်ဖိုးမရှိသူ
မြေသြဇာ လိမ်စားကျော်ကျော်။
ပေးတဲ့သူရဲ့ နံမည်ရင်းကိုပါ ထုတ်ပြလိုက်ရင် နောက်ထပ်သတင်းရပါအုန်းမလား ဆရာတို့။ အထောက်အထားတွေရှိလို့ တင်ထားတာပေါ့ ဒေါက်တာလွဏ်းဆွေလည်းခပ်ညံ့ညံ့မှ မဟုတ်တာ ။အခုဒေါက်တာလွဏ်းဆွေကိုဒလန်လို့ပြောတဲ့သူတွေက ရန်သူလူစစ်စစ်တွေ ။ဘုန်းကျော်ကတော့ ခပ်ကြောင်ကြောင် လဘောချစ်စစ်ထွက် ဟင်း ဒါပဲ ပြောတော့မယ်။ ထပ်မမေးနဲ့ ထပ်မရေးနဲ့

Unknown said...

အဆင့်တန်းရှိတဲ့ဟာတွေဖတ်ချင်တယ် ဆိုရင်
သေတဲ့အခါမှ ဖတ်လိုက်တော့
ရန်သူက မင်းဘေးမှာရောက်နေပြီ
အဆင့်တန်းစာထက် သတိထားသင့်တဲ့စာဖတ်နိုင်ဖို့
ြှုကီုးစားထား။
ဦးနှောက်လေးကိုကြီးကြီးထား။
နားလေးကိုများများစွင့်
မျက်လုံးလေးကို ကျယ်ကျယ်ဖွင့်။
ကာရာအိုကေဆိုင်မှာ အိပ်မပျော်နေနဲ့။
မင်း ငယ်ပါလေးပါ မပျောက်သွားအောင်ထိန်းသိမ်း။
မသိပဲ ဆရာကြီးဝင်မလုပ်နဲ့ ။

Ag gyi said...

တခုခုတော့လွဲနေပြီထင်တယ်ဗျို့

Ag gyi said...

ကိုလွဏ်းဆွေရေ
ခင်ဗျား blogရဲ့ ပေးစာကဏ္ဍမှာတင်ထားတဲ့ ဒီမိုကရေစီအင်အားစုများ အသိတရားနှင့် သတိထားဆင်ခြင်နိုင်ဖို့ ဆိုတဲ့ post နဲ့ပတ်သက်ပြီး နည်းနည်းဆွေးနွေးချင်ပါတယ်။ကိုလွဏ်းဆွေရေ ခင်ဗျားဟာ ဆရာဝန်၊ အယ်ဒီတာ၊ အဆိုတော်၊ အခုဆို ရင် လူဖတ်များတဲ့ blog တစ်ခုရဲ့ blogger တစ်ယောက်ပေါ့ဗျာ။ ဆိုလိုတာက အတွေးအခေါ်နဲ့ ထိုးထွင်းသိမြင်နားလည်နိုင်မှု အပိုင်းနဲ့ပတ်သက်ပြီး အတော်လေးပြည့်စုံလောက်တဲ့လူတစ်ယောက်လို့ဆိုလို့ရတယ်ပေါ့ဗျာ။
ခက်တာက ကျနော်အထက်ကဖော်ပြထားတဲ့ပို့နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ blogမှာ ခန့်ခန့်ကြီး မိုက်မိုက်ကန်းကန်းဖော် ပြခဲ့တာတော့ ကျနော်အတော်လေးအံ့သြမိတယ်ဗျာ။ ခင်ဗျားကိုယ်တိုင်ရေးတာမဟုတ်ဘဲ ပေးစာဘဲထားပါဦးဗျာ၊ နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ သူများဆီက link ပေးထားတယ်ဘဲဆိုကြပါစို့။ အဲဒီစာကိုရေးထားတဲ့သူက သူကိုယ်တိုင်တောင် နအဖ သတင်းပေးပါလို့ ပေါ်တင်ပြောပြီး တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ထင်ရောင်ထင်မှားနဲ့ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ် ခိုင်းတဲ့စာကို ခင်ဗျားဘာကြောင့်ဖော်ပြခဲ့တာလဲ။ နောက်တစ်ခုက မီဒီယာစည်းမျဉ်းစည်းကမ်းကို တော်ယုံလူထက်ခေါင်းတစ် လုံးသာပိုသိတဲ့ခင်ဗျားရဲ့လုပ်ရပ်က မီဒီယာစည်းနဲ့ကောကိုက်ရဲ့လားဗျာ။ခင်ဗျားရဲ့ ဘာမဟုတ်တဲ့အမှားတစ်ခုက သူ့ထမင်းသူ စားပြီး လူထုအကျိုးကို တက်စွမ်းသမျှလုပ်နေတဲ့လူတွေ အတွက်တော့အတော်လေးထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားကိုင်ထားတဲ့ blogက လူသောင်းချီဝင်ဖက်တဲ့blogဖြစ်နေလို့ဘဲ။အဲဒါနဲ့ပတ်သက်ပြီး ခင်ဗျားဘယ်လိုတာဝန်ယူမလဲ။ သူတို့တွေဟာ ခင်ဗျားလိုနာမည်ကြီးအောင်မလုပ်တက်ဘူး၊ မထေ့တက်ဘူး၊မငေါ့တက်ဘူး၊သူများအပေါ်ကိုနင်းပြီး အမြတ်မ ထုတ်တက်ဘူးပေါ့ဗျာ။ လက်တွေ့ပိုင်းလွတ်မြောက်နယ်မြေမှာတော့ ခင်ဗျားတက်သမိုင်းကောင်းတဲ့သူတွေ၊ လူထုကိုခင်ဗျား ထက် လက်တွေ့ကျကျကူညီစောင့်ရှောက်နေသူတွေပါ။အဲဒီပေးစာထဲက လူပုဂ္ဂိုလ်တစ်ဦးချင်းကိုပြောတာကိုကျနော်သိပ်စိတ် မ၀င်စားပါဘူး။ ဒါပေမဲ့သူတို့မြတ်နိုးတန်ဖိုးထားတဲ့ ခေါင်းစဉ်တွေကိုပါခင်ဗျားစော်ကားသလိုဖြစ်သွားတာတော့ ခင်ဗျားအရမ်း လွန်တယ်လို့ထင်တယ်။ တကယ်တော့ခင်ဗျားလွတ်မြောက်နယ်မြေမှာ လေလာမကျယ်ခင်ကတည်းက လူမှုရေးအဖွဲ့အစည်း တွေက ရှိနှင့်ပြီးသား။တကယ်လည်းလူထုအတွက် ကျမ္မာရေး၊လူမှုရေးကိစ္စတွေကို လေနဲ့မဟုတ်ဘဲ လက်တွေ့လုပ်နှင့်ပြီးသား။
ခင်ဗျားကဆရာဝန်ပါ။ဒါပေမဲ့ခင်ဗျား လူဘယ်နှစ်ယောက်ရဲ့အသက်ကို အခမဲ့ကယ်ခဲ့ဘူးပြီလဲ။ ခင်ဗျားက bloggerပါ။ ခင်ဗျားတက်ထားတဲ့ဒီပညာရပ်ကို လူထုတက်ဖို့ခင်ဗျားဘယ်လောက်ဖြန့်ဝေခဲ့ပြီးပြီလဲ။လူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ကြားမှာကော ခင်ဗျားအနေနဲ့ ဘယ်လောက်အထိဆက်စပ်ဆောင်ရွက်ခဲ့ဘူးလဲ။ ခင်ဗျားက အာကောင်းတိုင်း တောင်အော် မြောက်အော်၊ သွားကောင်းတိုင်းတောင်ကိုက်မြောက်ကိုက်။သင်ထားတဲ့ပညာမှ အားမနာဗျာ။
ကိုလွဏ်းဆွေရေ နောက်ထပ်ပြောချင်တာက လွတ်မြောက်နယ်မြေမှာ ခင်ဗျားမဆော်ဘူးတဲ့အဖွဲ့လည်းမရှိသလောက် ဖြစ်နေပါပြီ။တော်လောက်ပြီဗျို့။ခင်ဗျားကတော့ဘယ်သူ့ပေးစာကမ်းစာတွေနဲ့ အားအားယားယားလိုက်ပတ်ရမ်းနေနိုင်လဲမသိ ဘူး။ကျနော်တို့ကတော့ အချင်းချင်းသွေးကွဲမှာကြောက်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ပြည်သူတွေရဲ့ ဒုက္ခကိုဒီ့ထက် ပိုပြီးမကြည့်နိုင်တော့ဘူးဗျို့။နွားကွဲရင် ကျားဆွဲမယ်။တော်လှန်ရေးအဓွန့်ရှည်မယ်။တော်လှန်ရေးအဓွန့်ရှည်ရင် ပြည်သူတွေပို ထိမယ်ဗျို့။ ကဲ….ကိုလွဏ်းရေ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းသွားပို့လိုက်ဦးမယ်။ ကျနော်တို့က လက်တွေ့တာဝန်သိတယ် ဗျို့။ ဆရာလွဏ်းမယုံရင် စမ်းကြည့်လိုက် ကျနော်တို့ချက်ခြင်းရောက်လာမယ်။

အမြင်မတော်သူ Ag Gyi

ဝေနှင်းချယ်ရီ said...

အမလေးအတော်ကြောက်ဆရာကောင်းတဲ့ချိန်းခြောက်ခြင်းပါလားကွယ် မင်ရန်သူကိုစိန်ခေါ်ပြီးသတ်ကြရအောင်ကွာ ရန်သူကြတော့ ဖင်ခံနေပြီးအပိုတွေလုပ်မနေစမ်းပါနဲ့  အမြင်မတော်ရင် မင်းအမေလင်တွေသွားသတ်ပါလား၊ ဟေ့ကောင်ဒါ တကယ့်အားပြိုင်ပွဲဘဲကွ ကျွန်တော်တို့ ဆိုတော့အင်အားရှိမှာပေါနော့ ကဲ မင်းတို့ ရန်သူဘယ်နှစ်ကြိမ်များဆော်ခဲ့သလဲ ၊ အာမနေနဲ့  ရေးတာလူတိုင်းတတ်တယ် ငါမှာလည်း လူ(၅၀၀)လောက်လက်နက်အပြည်ဘဲ ကွဟဟ လိမ်စားနေတာ မ၀ကြသေးဘူလားကွာ၊ စာရှည်ရှည်ရေးမနေနဲ့ ဖတ်ရတာပြင်းတယ်

Unknown said...

အလောင်းကောက်သမားရဲ အာဘော်ဖတ်ရတာ
အိပ်ချင်သွားပြိ အလောင်းကောက်တယ်ဆိုတာ
လွယ်ပါတယ် တနေကို လူသောင်းနဲ့ချီဖတ်အောင်
ဘလော့လုပ်ဖို့က ပိုခက်ပါတယ်။
အထောက်အထားတွေနဲပြရင် မင်းပုံကို
တွေသွားမှာပေါ့ မင်းလျင်သလို လုပ်လိုက်အုန်း။
အာလိုက်အုန်း လူမူေ၇းအဖွဲပဲဖြစ်ဖြစ်
မြ၀တီမှာထောင်တဲ့အဖွဲနဲ့မဲဆောက်မှာထောင်တဲ့အဖွဲက မတူဘူး ၇န်ငါ စည်းရှိတယ် ။ရန်သူကို လူမူရေးအရ အင်ဖော်မာတွေကို စတည်းချတဲ့နေရာအဖြစ် ပေးလို မရဘူး
လူမူရေးအသင်းအဖွဲအမည်ခံ ပြီး လုပ်လိုမရဘူး
ခင်ဗျားလည်းမယုံရင် မြ၀တိမှာလူမူရေးအဖွဲ သွားထောင်ကြည့်ပါလား။ စရဖ ရုံးထဲမှာရမယ်

သူကြီးဘစီ said...

အင်း အချင်းချင်း သူ့ အင်ဖော်မာ ကိုယ့် အင်ဖော်မာ ဒီလိုပဲ လိုက်ပြီး အပုတ်ချ နေတာ နှစ် ၂၀ ကျော်သွားပါပြီ။
ဒီလို လုပ်နေတာကိုပဲ နိုင်ငံရေး၊တော်လှန်ရေးဆိုပြီး ဂုဏ်ယူပြီးပြောနေကြသေးတယ်။
ပြောတာကလဲ အရက်ဝိုင်းမှာ။
ပြည်တွင်းက ပြည်သူတွေမျက်နှာကို မကြည့်ကြတော့ဘူးလား။
ပြည်သူဆိုတာ ခင်ဗျားတို့  အသုံးချခံ သက်သက်လားဗျာ။
ခုလဲ ဖြစ်ရတာက လူမှုရေးအဖွဲ့ တွေက ပရိုပိုဆယ်ပိုရတော့ အခြားအဖွဲ့ တွေက ကြည့်မရတာက စတာထင်တယ်။
အဓိကက ငွေကြောင့်ပါ။
အဖြေက ရှင်းရှင်လေး။
ကျတော်ခဲ မဲဆောက်မှာနေလာတာ။
တမင်ဒီလို ဖွပြီး ငွေရှာနေသူတွေရှိတယ်။
တချို့ ဆို ငါလုပ်ပေးမယ်။ငါဖွပေးမယ်။
မင်းဘယ်လောက်ပေးပါ ဆိုပြီး ပိုက်ဆံတောင်းနေတာတွေအပုံကြီးပါ။
လိုအပ်ရင် လက်နက်ကိုင်တွေကိုပါ သတင်းပေးပြီးရှင်းခိုင်းတာတွေရှိတယ်။
လက်နက်ကိုင်တဲ့ ကေအင်ယူတို့ ဘာတို့ ဆိုတာကလဲ မျှစ်စားပြီးကြီးလာတော့ ဘာဦးဏှောက်မှ ရှိကြတာမဟုတ်ဘူး.။
ဒီလိုလဲ သေသွားသူတွေလဲ မနဲကြတော့ဘူး။
စဉ်းစားကြပါ။

Unknown said...

ကြည့်စမ်း..အားအားယားယားအချင်းချင်ပဲကိုက်
နေလိုက်ကြတာ၊အချင်းချင်းလား၊စစ်ခွေးပထွေးတင်၊
ခိုင်းရာလုပ်ဝင်ရေးနေရတဲ့ဖင်သရမ်းမသားတွေလား ။
(၁)ဒေါက်တာလွမ်းကိုမကြိုက်ရင် သူ့ဘလော့ဝင်မဖတ်နဲ့ပေါ့ ။
သတင်းပဲ..၊ဘယ်မှာဖတ်ဖတ်ရတာပဲ ၊ မနေနိုင်မထိုင်နိုင်
ဝင်ဝင်ဖတ်ကြ… ပြီး ..အာချောင်ကြနဲ့၊တကယ်တမ်း ပြည်တွင်းမှာ
ယူဂျီလုပ်(နိုင်ငံရေး/စစ်ရေး တခုခု)၀င်ချရဲတဲ့ကောင်ရှိ
ပြောစမ်းပါ ။
(၂)အခုစာက ဖြစ်စဉ်မှန်တယ် ၊စစ်ခွေတွေထုံထောင်းမှာ
လူလာဖမ်းတာ၊အလုပ်သမားကိုလူမှားဖမ်းသွားတာ
ဖြစ်ပြီးထဲက အဲဒီရပ်ကွက်ထဲကလူတွေကဖြစ်စဉ်ကိုသိနေကြပြီးသား၊
အမှန်ပဲ။စာတင်မလာခင်တပါတ်ကျော်ကဖြစ်တာ။
(၃)စာရေးသူကစေတနာမမှန်တာလဲအသေအချာပဲ၊
သူကသတင်းပေးမှန်ရင် ဒီဘက်မှာစစ်ခွေးခိုင်းဖတ်
ဘယ်သူတွေလဲဆိုတာ ဖေါ်ထုတ်နိုင်တဲ့အချက်တွေ
အများကြီးပါ၊သူဘယ်သူလဲဖေါ်ပြစရာမှမလိုပဲ၊
တာဝန်နဲ့လာနေတဲ့ယူနီဖေါင်းခဏချွတ်ထားခဲ့တဲ့
ရဲ၊စအဖ၊ထလရ တွေအများကြီး..ဘယ်သူတွေ
ဘယ်ဧရိယာမှာ ဘယ်လိုထောက်လှမ်းနေတယ်၊
အလုပ်သမားထဲမှာသတင်းပေးဘယ်သူတွေမွေးထားတယ်၊
နိုင်ငံရေးသမားယောင်ဆောင်ပြီးဘယ်သူတွေရှိနေတယ်၊
ဘာမှပွင့်ပွင့်လင်းလင်းမပြောပဲ ရေးတေးတေးလိုနဲ့တဲ့နီးပါး
ဒီကလူတွေကိုပဲပြောထားတာ၊အပြောခံရသူတွေကို
ပုဂ္ဂိုလ်ရေးစောက်မြစ်ကပ်တာဖြစ်ပါမယ်၊
အပြောခံရသူတွေကလဲ တကယ်မဟုတ်တောင်
လက်ညှိုးထိုးချင်စရာတွေ စောက်သုံးမကျတဲ့နေထိုင်မှုတွေ
ရှိနေပါလိမ့်မယ်။
(၄)ဒေါက်တာလွမ်းဆွေက သူ့ဘလော့ပဲ၊သူတင်သင့်တယ်ထင်တာ
တင်မှာပေါ့ ၊သူကတော်လှန်ရေးပြစားတောင်းစားလိမ်စားတာမျိုး
မလုပ်တာတော့သေချာပါတယ်၊သူယုံကြည်ရာကိုပဲသူလုပ်နေတာ၊
သူမလုပ်နိုင်တာကိုလဲမလုပ်နိုင်ဘူးပြောင်ဝန်ခံရဲတဲ့သူမျိုး၊
ဖာချတောင်ချတယ်ပြောရဲတဲ့သူ၊ဒီစာဖတ်ပြီး အချင်းချင်းကိုက်ရမှာတွေ
အပေါ်ကနေဟောင်မနေကြပဲ ဒီဖြစ်စဉ်(စစ်ခွေးတွေလူလာဖမ်းနေတာမျိုး)ကို
ဘယ်လိုဝိုင်းဝန်းကာကွယ်ကြမလဲဝိုင်းပြောနိုင်အောင်၊သိကြရအောင်
တင်ပေးတာဖြစ်မှာပေါ့။
(၅)ဒီစာကြောင့်ဒိဘက်ကလူတွေ ထူးပြီးစိတ်ဝမ်းမကွဲပါဘူး၊
ဘယ်တုန်းကမှညီညွတ်ဘူးတာမှမဟုတ်တာ၊
အမှီးကျက်အမှီးစားခေါင်းကျက်ခေါင်းစား ကိုယ်အနေချောင်ရေးကိုပဲ
ဦးစားပေးကြတဲ့ နိုင်ငံရေးလောကဖြစ်နေတာ…ကြာပါပြီ။
(၆)တယောက်ယောက်ဗျာ၊နဲနဲလောက်ပြောပြပေးစမ်းပါ၊
ဒီဘက်မှာအပြောလွတ်လေးစားရလောက်တဲ့ခေါင်းဆောင်များ
ရှိမလားလို့၊တယောက်လောက်(သက်ရှိထဲက)ထိုးပြစမ်းပါ။
ရှိရင် ဖဒိုမန်းရှာလို လာသတ်သွားပြီ၊မမေ့နဲ့ မမေ့ကြနဲ့
ဖဒိုမန်းရှာဖြစ်ရပ်ကို။လေသမားတွေ ၊အချင်းချင်းစမန်ခုတ်
တော်လှန်ရေးပြလုပ်စားလိမ်စားတောင်းစားတွေ
တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေဆိုတဲ့သူတွေ
သန်းခြေက်ဆယ်ပြည်သူမပြောနဲ့
မဲဆောက်က၂သိန်းကျော်အလုပ်သမားတောင်
မစည်းရုံးနိုင်၊လေးစားယုံကြည်အောင်နေမပြနိုင်တဲ့သူတွေ
မင်းတို့ကိုဘောပဲ၊လုပ်စရာမလိုလို့ဒီတိုင်းထားတာ
လုပ်ချင်ရင်ခုလိုလုပ်လို့ရတယ်လို့
လာစောက်ရှက်ခွဲပြတာ၊သေချာစဉ်းစားကြည့်။
(၇)မနေနိုင်မထိုင်နိုင်အထဲဝင်ဝင်ချတတ်တဲ့
တဖွဲ့တလေကတစ်ယောက်စနှစ်ယောက်စကို
သူတို့ခွေးမျိုးခွေးနွယ်ခွေးမါသားစုတွေလုံခြုံရေးအတွက်
အသေရရအရှင်ရရ လာဖမ်းကြမှာ။
(၈)၀ိုင်းကာကွယ်ဘို့ စစ်ခွေးတွေကိုဘယ်လိုတားဆီးကြမလဲ
အကြံဥာဏ်တွေပဲဝိုင်းရေးကြစမ်းပါကျိုးနေတဲ့အစွယ်တွေနဲ့
မာန်ဖီပြနေတာမျိုး ရပ်ကြပါတော့။ ။

yemyint said...
This comment has been removed by the author.
ဘုန်းကျော် said...

ပျော်စရာတော့ကောင်းသားဗျ....။

ဟေ့လူတွေ...တော်ကြတော့..။ အော်..ကြတာရပ်တော့...။

အင်ဖော်မာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်...ဖြစ်ချစ်တာဖြစ်မောင်ဘချစ်..။

ဒီနေ့..စနေနေ့...အလုပ်ပိတ်တယ်...သြစီမှာ ၀ီစကီနဲ့ ဘာဘီကျူ စားပြီး ဇိမ်ပဲခံတော့မယ်..။

ခင်ဗျားတို့ မဲ့ဆောက်မှာဖြစ်ချင်တာဖြစ်...ကျုပ်နဲ့ လုံးဝမဆိုင်ပါ...။ အကုန်လုံးသေသွားလည်းအေးတာပဲ။

ပွဲဆူတာတော့ မိုက်တယ်....ဟီး...

Anonymous said...
This comment has been removed by the author.
Anonymous said...

ဟူး ပျင်းလို့လာဖတ်တာ ရန်ပွဲနဲ့တွေ့နေတယ် ငါတို့ သြဇီ ရောက်လို့ မဲဆောက်ရန်ပွဲတွေနဲ့လွတ်ပြီထင်တာ အခုထိချတုံးပဲလားဟ

Anonymous said...

Sun ဆိုတဲ့ကောင် မင်းကိုမင်း ဆရာကြီးလိုလို လေသံနဲ့
ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတယ်။ အချင်းချင်း တယောက်နဲ့တယောက် အထင်လွဲအမြင်လွဲဖြစ်အောင် ဖန်တီးနေတယ်။ မင်းရေးတဲ့စာတွေ ပေါ်မှာ သုံးသပ် ကြည့်ရင် မင်းဟာ (နအဖ) ခွေး ဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ မင်း ရော အသံ ကောင်းဟစ်ပြီး ပြည် သူလူထု အကျိုး ဘာလုပ်ဖူးလဲ ? သူများလုပ်တာကို သွားပုဒ် လေလွင့် လျှောက် ပြောမနေနဲ့။ ဘာဘဲဖြစ်ဖြစ် လွတ်မြောက် နယ်မြေမှာ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို လက်ရှိ အကူအညီပေးနေတဲ့ သူတွေကိုဘဲ အသိအမှတ်ပြုတယ်။