- တပ်မတော်အတွင်းက ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှု click
- ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ရေး ကြိုးပမ်းဖို့ အိန္ဒိယပါလီမန်အမတ်တွေ တောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဗြိတိန်ဝန်ကြီးချုပ် သ၀ဏ်လွှာပါး click
- လန်ဒန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပ click
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ တောင်ကိုရီးယားနဲ့ ဗြိတိန်မှာ ကျင်းပ click
- ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့ပွဲ လှုပ်ရှားမှု မြင်ကွင်းများ click
- အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်၏ ခရီးစဉ် click
- ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ကချင်ပြည်နယ်အတွင်း ပြုလုပ် click
- ဒုက္ခသည်များ အနာဂတ် လှပစေဖို့ နှိုးဆော် click
- မလေးရှားမှာ ဒုက္ခသည်တွေ ကူညီရေး နည်းလမ်းရှာဖွေဆွေးနွေး click
- ရွေးကောက်ပွဲထက် ကမ္ဘာ့ဖလားပွဲ စိတ်ဝင်စားမှု ပိုများ click
- မြန်မာနိုင်ငံတွင်း တရုတ်လူမျိုးများ ၀င်ရောက်မှု (တနင်္ဂနွေဆွေးနွေးပွဲ) click
- ပညာရေး ဝေးသလား (ဆွေးနွေးဖလှယ်) click
- တရုတ်ရေလွှမ်းမိုးမှု သေဆုံးသူ (၁၃၀) ကျော်ပြီ click
- ဘဂ္ဂဒက်မြို့ ကားဗုံးကွဲမှု လူ (၂၆) ဦး သေဆုံး click
- ဂါဇာဒေသ ပိတ်ဆို့မှု အစ္စရေး လျှော့ချ click
- ဘရာဇီး အုပ်စုအဆင့်တက်ဖို့ သေချာ click
- ပါရာဂွေး ဂိုးပြတ်နိုင်၊ အီတလီ-နယူးဇီလန် သရေပွဲဆက် click
- ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုနှင်းဆီပွင့်များကို သံရုံးတွင်းမှ ထွက်လာသူက ခြေထောက်ဖြင့်ကန် click
- ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့တွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ အမျိုးသမီးအဖွဲ့က မဖြူဖြူ သင်းကို ဂုဏ်ပြု click
- ဦးဝင်းတင်၊ လူထုစိန်ဝင်းနဲ့ မဖြူဖြူသင်းတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့ နှုတ်ခွန်း ဆက်စကားများ click
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား ရန်ကုန်တွင် ကျင်းပ click
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မန္တလေးတွင် ပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မွေးနေ့နဲ့ မြန်မာနိုင်ငံအမျိုးသမီးနေ့ အခမ်းအနား ကျင်းပပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ပြည်ပရောက် မြန်မာများ ကျင်းပ click
- ALP ၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းရန်အတွက် စစ်တပ်မှ အဓမ္မခိုင်းစေ click
- အဆိုတော် ဦးမောင်သိန်း ကွယ်လွန်သည့် သတင်းကြောင့် ရခိုင့်အနုပညာအသိုင်းအ၀ိုင်းတခုလုံး လှုပ်ခတ် သွားခဲ့ click
- အသင်းကြီး (၂) သင်း အုပ်စုတက်ရန် သေချာနေ click
မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)
သတင်းပေးပို့သူ - မမမ (မဆဗလ)
ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ မယ်တော်ဆေးခန်းတွင် မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေသည့် အင်အားစုများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကျင်းပခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ပွဲနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် မယ်တော် ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောကြားခြင်းဖြစ်သည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်နဲ့ ဉာဏ်ပညာထက်မြက်မှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမှုအား လုံးကို ကျမတို့အားလုံးက ဂုဏ်ယူလေးစားတာဖြစ်သလို ဒီစွန့်လွှတ်အနစ်နာခံမှုနဲ့ စွမ်းဆောင်နိုင်မှုတွေကို လက်ဆင့်ကမ်းနိုင်မယ့် မျိုးဆက်သစ်တွေကို မွေးဖွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားကြမယ်” ဟုပြောသည်။
မြန်မာ့နိုင်ငံရေးအတွက် အဖြေမဟုတ်သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင် သွားရမည်ဟု မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောသည်။
“လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ကျမတို့နိုင်ငံအတွက် အဖြေမဟုတ်တဲ့အတွက်ကြောင့် တန်ဖိုးရှိတဲ့အချိန် တွေဖြစ်လာဖို့ တန်ဖိုးရှိတဲ့ အသိပညာထွန်းကားလာဖို့ ဆောင်ရွက်ရမှာဖြစ်သလို လက်ရှိစစ်အာဏာရှင်တွေရဲ့ ဆောင်ရွက်မှုတွေကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အရေးကြီးပြီး သူမ၏ လမ်းညွှန်ချက်များနှင့် တွေးခေါ်စဉ်းစားမှုတို့ကို ပြည်သူလူထုတရပ်လုံး အလေးအနက်ထားနိုင်ရန်အတွက် ဂုဏ်ပြုမွေးနေ့ပွဲ ကျင်းပ ပေးရခြင်းဖြစ်သည်ဟု ကျင်းပရေးကော်မတီဝင်တဦးဖြစ်သူ ဦးငွေလင်းက ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားချက်နဲ့ လမ်းညွှန်ချက်တွေဟာ ယနေ့ကာလတိုက်ပွဲ လိုအပ်ချက် တွေနဲ့လည်း ကိုက်ညီနေတယ်။ ဒါကြောင့် ဒီအပေါ်မှာ အင်အားစုအားလုံးပဲဖြစ်ဖြစ် လူထုတရပ်လုံးပဲဖြစ်ဖြစ် အင်မတန်ကို အလေးအနက်ထားသင့်တဲ့အတွက် ဒီမွေးနေ့ပွဲကို ဂုဏ်ပြုကျင်းပပေးရတာဖြစ်တယ်” ဟု ပြော သည်။
မွေးနေ့ပွဲတက်ရောက်လာသူများက မတရားဖမ်းဆီးချုပ်နှောင်ခံနေရသည့် မွေးနေ့ရှင် အမြန်ဆုံး လွတ်မြောက် နိုင်ရန်အတွက် ဖယောင်းတိုင်မီးများ ထွန်းညှိကြပြီး သက်ဆိုင်ရာဘာသာများအလိုက် ဆုတောင်းမှုများ ပြုလုပ် ခဲ့ကြသည်။
CDC အထက်တန်းကျောင်းမှ ဒဿမတန်းကျောင်းသူ မသဇင်က “ဘာဖြစ်လို့လဲမသိဘူး ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ့်အမေအရင်းလိုပဲ သံယောဇဉ်ရှိတယ်။ သူ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဒီမွေးနေ့ဆု တောင်းပွဲကို မဖြစ်မနေလာတာပါ” ဟု ပြောသည်။
ဒေသတွင်းရောက် မြန်မာအလုပ်သမားများကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူး၍ သံဃာတော် များကို ဆွမ်းဆက်ကပ်ခြင်း၊ သက်စေ့ငှက်များ လွှတ်ပေးခြင်းနှင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်ခြားမျဉ်းဖြစ်သည့် သောင်ရင်းမြစ်တွင် ငါးလွှတ်ပေးသည့် အလှူများ ပြုလုပ်ခဲ့ကြသည်။
မွေးနေ့ညတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသည့် မြန်မာ့အရေးလှုပ်ရှားနေသူများနှင့် နိုင်ငံခြားသားများက သူမ၏ (၆၅) နှစ်ပြည့် မွေးနေ့ပွဲကို မဲဆောက်မြို့လည်ရှိ အိုင်ရာ စားသောက်ဆိုင်တွင် ကျင်းပခဲ့ကြသည်။
No comments:
Post a Comment