Sunday, June 27, 2010

ကွန်ဟိန်းမြို့ သာယာရေး (ပေးစာ)

မင်္ဂလာပါဆရာ ...

ကျနော်တို့ ကွန်ဟိန်းမြို့နယ်မှာ ဖြစ်ပျက်နေတာလေးတွေ သိစေချင်လို့ ပြောပြရတာပါ။ ကျနော်တို့ ကွန်ဟိန်း မြို့က အရင်တုန်းကဆိုရင် ဒေသခံတိုင်းရင်းသားတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။ ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ဟိန်းရဲစခန်းမှာ တာဝန်ကျတဲ့ ရဲအုပ်မျိုးညွန့် ဦးစီးတဲ့ ရဲ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်လို့ ပြောရင်ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကြောင့် ကွန်ဟိန်းမြို့မှာ ...

- မူးယစ်ဆေးဝါးများရောင်းဝယ်လာခြင်း၊ ရောင်းချနေမှန်းသိလျက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မဖမ်းဘဲနဲ့ လစဉ်ကြေး အဖြစ် ငွေကြေးယူဆောင်နေခြင်း၊ အထက်က မဖမ်းလို့ ဖိအားပေးရင်လည်း အနည်းငယ်သာ အဖမ်းပြခြင်း။

- ဒီဇွန်လထဲမှာ ကျနော်တို့ ကွန်ဟိန်းမြို့၊ ရပ်ကွက် (၁) ထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးဝါး ဖမ်းဆီးပါတယ်။ အဲဒီလိုဖမ်းဆီးတဲ့အချိန်မှာ မူးယစ်ဆေးဝါးလာဝယ်တဲ့ ရှမ်းအမျိုးသားတယောက်ကို ဖမ်းဆီးပြီး အရေးမယူဘဲနဲ့ ငွေသိန်း (၃၀) တောင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြီးတော့ အဲဒီလူကို ကွန်ဟိန်းမြို့မှာ မနေစေဘဲ လဲချား မြို့ဘက်ကို တိမ်းရှောင်ခိုင်းလိုက်ပါတယ်။

- အဲဒါတွေအပြင် ကွန်ဟိန်းမြို့မှာ ချဲဒိုင်ခံလောင်းကစားနေတာ အများကြီးရှိပါတယ်။ အဲဒါတွေကိုလည်း မဖမ်း ဘဲနဲ့ လစဉ်ကြေး (ဆက်ကြေး) ယူပြီး မသိသလို နေနေပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးသည်တွေ ပြောတာက တော့ ကွန်ဟိန်းပြန်ကြားရေးဆက်ဆံရေး (ပြန်/ဆက်) က အမည် (မမှတ်မိ) လင်မယား နှစ်ယောက်ဆိုရင် ဒိုင် ကြီးကိုင်တာပါပဲ။ သူတိုအထဲမှာ ကွန်ဟိန်း ဗျူဟာမှူးရဲ့ဇနီးလည်း ရှယ်ယာပါတယ်လို့ သိရပါတယ်။

- ကွန်ဟိန်းမြို့မှာ ဒီလအတွင်းမှာ ကား/ဆိုင်ကယ်တိုက်မှုတွေလည်း အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရဲစ ခန်းကတော့ မှားတဲ့ဘက်က ငွေညှစ်ပြီး အရေးမယူဘဲ ပြန်လွှတ်ပေးပါတယ်။ မှန်မမှန်သိချင်ရင်တော့ ကား၊ ဆိုင်ကယ် တိုက်လို့ ဆေးရုံတက်နေရသူတွေ ကွန်ဟိန်းမြို့နယ်ဆေးရုံမှာ အများကြီးပါပဲ။ အဲဒါကြောင့် ကျနော် တို့ ကွန်ဟိန်းမြို့မှာ ဥပဒေဘက်တော်သားလို့ခေါ်တဲ့ ရဲတွေက စည်းကမ်းဖောက်ပြီး ဥပဒေအပြင်က လုပ် ဆောင်နေတာလေးတွေကို ပြည်သူတွေသိအောင် တင်ပြပေးရတာပါ။

ကွန်ဟိန်းမြို့ကို သာယာစေချင်သူ ...
ရှမ်းလူငယ်တစု

2 comments:

Unknown said...

ကွန်းဟိန်းဆိုတဲ့နာမည်လေးမြင်ရတော့လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က သူငယ်တန်းကနေ ၁၀တန်းအထိပညာသင်ကြားခဲ့တဲ့မြို့လေးဖြစ်တာမို့အငမ်းမရဖတ်ကြည့်မိတယ်၊ခုလိုသတင်းတွေကြားရတာတော့စိတ်မကောင်းဖြစ်ရတယ်ဗျာ..။တကယ်ဆို ၉၈ ပတ်ဝန်းကျင်လောက်ကတည်းက ခုလိုမူးယစ်ဆေးဝါးတွေ လောင်းကစား (လေးကောင်ဂျင်၊ဂုံးဂင်း၊ချဲထီ၊၃၆ကောင်ထီ)တွေနဲ့စွန်းထင်းစပြုနေပါပြီ။အရင်ကဆိုရှမ်းပြည်ဘောလုံးလက်ရွေးစင်တွေခဏခဏထွက်တယ်၊ခုဆို လောင်းကစားတွေ မူးယစ်ဆေးတွေဖုံးလွမ်းပြီးခရိုင်အဆင့်ကန်တာတောင်လူမရှိလို့ဆိုပြီးတနယ်တကျေးကလူကိုငှားကန်ရတဲ့အဆင့်ထိအောင်နိမ့်ပါးကုန်ပြီလို့မြို့ခံသူငယ်ချင်းတယောက်နဲ့တွေ့လို့သိရတယ်။
ရောက်လာတဲ့လူကြီးတွေကလည်း (မကောင်းရင်နယ်ပို့ဆိုတဲ့စကားများမှန်လေးမသိ)ရောက်လာသူမှန်သမျှဝါးမယ်ဆိုတာချည်းပဲ၊Transfer ကျလာတဲ့ကျောင်းအုပ်ကြီးတွေကအစအဲ့လို။တကယ်တော့ကွန်ဟိန်း(ကျွန်းတထောင်)မြို့ဟာ တကယ့်ကိုသဘာဝရှုခင်းတွေနဲ့သာယာလွန်းအားကြီးတဲ့မြို့လေးပါ..။ ၁၉၉၃ ပတ်ဝန်းကျင်လောက်မှာ ၂၄၆ တပ်ရင်း ၁၉၉၅ ၀န်းကျင်လောက်မှာ ၅၂၄ တပ်ရင်းတွေအသစ်ဖွင့်ပြီးမြို့ခံတွေအပေါ်တစတစလွှမ်းမိုးလာပါတယ်။ကွန်ဟိန်းနယ်ပယ်ထဲကကျေးရွာတော်တော်များများကိုလည်း တာချီလိတ်-ကွန်ဟိန်း-တောင်ကြီး လမ်းမကြီးပေါ်ပြောင်းရွေ့ခိုင်းခဲ့တာမှာ တိုင်းရင်းသားတွေအတော့ကိုဒုက္ခရောက်ခဲ့တာပါ..၊ခုထိလဲအဲ့ဒဏ်တွေနဲ့နာလံမထူနိုင်သေးပါဘူး။"ဖြတ်သန်းမသွားရ၊ပစ်ခတ်ဖမ်းဆီးမည်"ဆိုတဲ့အနီရောင်ဆိုင်းပုဒ်တွေကိုရင်နာစရာနေရာအနှံ့မှာတွေ့နိုင်ပါတယ်၊ဒေသခံလူငယ်တွေဟာ အရွယ်ရောက်လာရင် ထိုင်းဘက်ကိုပဲဦးတည်ကြပါတယ်၊ပညာရေးဘယ်လောက်အရေးကြီးတယ်၊ဘယ်အတိုင်းအတာအထိတာသွားသလဲဆိုတာလမ်းပြပေးနိုင်တဲ့အင်အားလည်းမိဘတွေမှာနည်းသလို၊သက်ဆိုင်ရာအစိုးရတွေကလည်းအားပေအားမြောက်မရှိပဲဘယ်အပေါက်ကနှိုက်မလဲပဲချောင်းနေကြတော့၊ကြာရင်တကယ့်ကိုပျက်သုန်းစရာတွေချည်းရောက်လာတော့မှာပါ..၊ဒေါက်တာလွဏ်းဆွေတို့ကြားနေမြင်နေရတာတွေကအရွယ်မရောက်ခင်စစ်တပ်ထဲရောင်းခံရတယ်ဆိုတာတွေပါ၊နောက်ပြီးအဲ့သတင်းတွေကလည်းဗမာပြည်အတွင်းပိုင်းသတင်းလောကနဲ့ထိတွေ့နိုင်တဲ့နေရာတွေကပါ၊ကွန်ဟိန်းတို့လိုခေါင်တဲ့နယ်တွေကအဖြစ်ဆိုးတွေဆိုတာဒေါက်တာတို့ဆီအရောက်နည်းလွန်းပါတယ်။အဲ့ဘက်မှာ၂ဘက်ခွခံရတာပါ၊ရှမ်းသူပုန်ကလဲအရွယ်မရောက်ခင်ကလေးတွေကိုဆွဲတယ်၊စစ်တပ်ကလဲဆွဲတယ်၊ဦးအေးမြင့်တို့လိုလိုက်လုပ်ပေးနိုင်မယ့်သူဆိုတာနထ္ထိပါ။ အေးဗျာ ကော်မန့်ရေးလိုက်တာလဲရှည်သွားပြီ။ခုလိုပေးစာအတွက်မြို့ခံလူငယ်ကိုလည်းကျေးဇူးပါ၊ဒေါက်တာ့ကိုလည်းကျေးဇူးပါ။

Anonymous said...

- ကွန်ဟိန်းမြို့ က ဥပဒေဘက်တော်သား မဟုတ်တော့တဲ့ ရဲတွေ ။ ပြည်သူကို မကာကွယ်တဲ့ စစ်တပ်က အရာရှိတွေ စည်းကမ်းဖောက်ပြီး ဥပဒေအပြင်က လုပ်ဆောင်နေတာလေးတွေကို ပြည်သူတွေသိအောင် တင်ပြပေးရတဲ့ 

ကွန်ဟိန်းမြို့ကို သာယာစေချင်သူတဲ့ ရှမ်းလူငယ်တစု ရဲ့  အခုလို ရေးလာတာကို သိပ်အားရတယ် ကြိုးစားပြီး အခုလို န၀တ ၀န်ထမ်းတွေရဲ့ မကောင်းတဲ့  လုပ်ရပ်တွေကို လူငယ်တွေက စုံစမ်းပြီးဖေါ်ထုတ်ကြပါ။ ဘေးအန္ဒရယ်ကိုလဲ ဂရုစိုက်ကြပေါ့ ပြည်တွင်းက မကောင်းကျောင်းပို့ ရောက်လာတဲ့ အရာရှိဆိုးတွေကို ဒီနည်းနဲ့ ဘဲ တားလို့ ရမယ်
သူတို့ မိတ်ဆွေတွေ ဆွေမျိုးအသိုင်းအ၀ိုင်းတွေထဲမှာ အရှက်ရစေတဲ့ လက်နက်ဘဲ သုံးမှရတော့မှာ
မင်းသစ္စာ