Sunday, June 13, 2010

လိုအပ်နေတဲ့ ပင်နယ်တီ

လိုအပ်နေတဲ့ ပင်နယ်တီ
ကိုလတ်

ဆာဘီးယားလက်ထိဘောအတွက်
ပင်နယ်တီဂိုးရတဲ့
ဂါနာပြည်သူတွေရဲ့ အပျော်မျိုး
ငါတို့ပြည်သူတွေ ပျော်တာကို မြင်စမ်းချင်ပါရဲ့။

ဒါပေမယ့် …
စစ်အုပ်စုရဲ့ ၁၉၉၀ လက်ထိဘော
အခုထိ ပင်နယ်တီ ကန်ခွင့်မရသေးတဲ့ အန်အယ်လ်ဒီ
အဘယ်ဒိုင်လူကြီး ကူညီပါ့။ ။

ကိုလတ်
(၁၃-၆-၂၀၁၀၊ ထိုင်းစံတော်ချိန် ည ၁၀း၅၅ နာရီ၊ ဆာဘီးယား-ဂါနာ ကမ္ဘာ့ဖလားအုပ်စုပွဲအမှတ်တရ …)

2 comments:

မမ said...

ကဗျာက ရှယ်ပါပဲ တကယ့်ကို ဟတ်ထိသွားတယ်!!!!!!!!!!!!!!!!!!!!

မမ

mg said...

မတူတာကို သွားနှိုင်းတာကိုး...