AMT
မဆလခေတ် ဆိုရှယ်လစ်အလံတလူလူအောက်ဝယ် ကျနော်တို့ လူလားမြောက်ခဲ့ရသော်လည်း လူပီသခွင့်မ ပြုသော၊ လူဆန်ခွင့်မပေးသော တပါတီ အာဏာရှင်စနစ်နှင့် စစ်ကြီးစိုးရေးဝါဒကို လက်သင့်ခံရန် မည်သည့်အ ခါကမျှ သဘောမတူနိုင်ခဲ့ပါ။ ကျနော်တို့မျိုးဆက်သည် ခေတ်အမွေအရ ကွန်မြူနစ်အိုင်ဒီယာများနှင့် လုံးထွေး ခဲ့ကြရသော်ငြား လူ့ဖြစ်တည်မှုအခြေခံနှင့် လိုက်လျောညီထွေမှုရှိသော ဒီမိုကရေစီသည်သာ ကျနော်တို့၏ အ လိုချင်ဆုံးဖြစ်ခဲ့ပါသည်။
ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအုံကြွမှုကြီးသည် အင်မတန်ရိုးရှင်းသော နိုင်ငံရေးဖြစ်စဉ်တခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ပြည်တွင်းစစ်သက်တမ်း လိုအပ်သည်ထက် ပိုမိုရှည်ကြာခဲ့ခြင်းက ဒီမိုကရေစီရေးအတွက် အဟန့်အတား ဖြစ်ခဲ့ရသည်ဟု တချို့ပညာရှင်များ သုံးသပ်ကြပါသည်။ ဖယ်ထုတ်ရေး၊ အပြတ်ရှင်းရေးများ မဆုံးနိုင်အောင် ရှည်လျားခဲ့သည်ကို သတိပြုမိရုံဖြင့် မလုံလောက်သေးပါ။ ဘာ့ကြောင့်ဖြစ်ရသည်ကို လက်ကုန်နှိုက်ကြည့်သင့် ပါသည်။ ကျနော်တို့ကြောင့်တော့ မဟုတ်ပါ။
စစ်တပ်နိုင်ငံရေး အချိန်တော်တော်များများ ကြီးစိုးရသည်မှာ အပြုတ်တိုက်ရေး ရယ်ဒီကယ် အယူအဆများ ကြောင့်ဆိုပြီး ကျနော်တို့မျိုးဆက်များအထိ ဆွဲခေါ်ကောက်ချက်ချလာမှုမျိုးကို လုံးဝဆန့်ကျင်ရပါလိမ့်မည်။ ထို့ အတူ လူထုရဲ့ မသိလိုက် မသိဘာသာ ပါဝင်မှုများကြောင့်ဟု စွပ်စွဲကောက်ချက်ချလာမှုမျိုးကိုလည်း လုံးဝဆန့် ကျင်ရပါလိမ့်မည်။
လူထုသည် ရိုးသားသည်။ ခံစားချက်ရှိသည်။ တကိုယ်ရေစာ ဘ၀ပေးအသိဖြင့် နိုင်ငံရေးကို စဉ်းစားသည်။ လူ ထုသည် ကွန်မြူနစ်များ မဟုတ်ကြပါ။ လူထုသည် အနောက်အုပ်စုလက်ဝေခံများ မဟုတ်ကြပါ။ လူထုသည် လူထုသာ ဖြစ်ပါသည်။ လူထုသည် ပြောတိုင်းအယုံလွယ်ပြီး ခိုင်းတိုင်းလိုက်လုပ်တတ်သည့် နိုင်ငံရေးနလပိန်း တုံးများ မဟုတ်ကြပါ။
သူ့ကျွန်ဘ၀မှ လွတ်မြောက်ပြီး မြန်မာ့လွတ်လပ်ရေးရခဲ့သည်မှာ ထိုလူထုကြောင့်ဖြစ်ပါသည်။ နိုင်ငံရေးသမား နှင့် စစ်သားနောက်တွင် လူထုမပါဝင်ခဲ့လျှင် လွတ်လပ်ရေးမရနိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကို ပုံအောခဲ့ကြသည် မှာလည်း လူထုခံစားမှုနှင့် ဗိုလ်ချုပ်နိုင်ငံရေး ညီမျှထပ်တူကျခဲ့သောကြောင့် မဟုတ်လော။ လူထုသည် နံပါတ် တစ် ဖြစ်သည်။
ဒီမိုကရေစီ စိတ်ရှည်မှု အားနည်းတယ်၊ ပါးနပ်မှုမရှိဘူးဟု လူထုကို လက်ညှိုးထိုးသော ပြည်တွင်းနိုင်ငံရေးအီ လစ်တချို့ ရှိနေပါသည်။ ဆေးထိုးခံထားရသော လက်ညှိုးမဖြစ်ဖို့လိုပါသည်။ လူထုစိတ်အခံနှင့် ဟပ်စပ်ပြီး လူ ထုအသံနှင့် တသားတည်းကျသော နိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီကိုသာ လူထုကြီးမှ စွဲလမ်းအားကိုးသည် မှာ သဘာဝကျပါသည်။ ကြိုးစားကြဖို့ ကောင်းသည်။
မြန်မာ့ဒီမိုကရေစီသည် ၁၉၉၀ ခုနှစ်တွင် အဆင့်တဆင့် ရောက်လာခဲ့ပြီးမှ ယခုလိုလည်ထွက်ပြီး ၂၀၁၀ ဇာတ် လမ်း ဖြစ်လာရသည်မှာ ဘာ့ကြောင့်ဆိုသည်ကို အရိုးဆုံး၊ အရှင်းဆုံး စိတ်ဖြာကြဖို့လိုပါသည်။ လူထုကြား အ ရောက်သွားပြီး လူထုကြီး၏ မှတ်ချက်များကို စုဆောင်းမှတ်တမ်းတင်သည့် အလုပ်မျိုးတွေ များများလုပ်ကြဖို့ လိုပါသည်။ ပြည်တွင်းရှိ နိုင်ငံရေးပညာရှင်ဆိုသူများ ပိုလုပ်သင့်သည်။ လူထု၏ ဘ၀ပေးနိုင်ငံရေးအသိကို ကျ နော်တို့ လေးစားတန်ဖိုးထားမှဖြစ်မည်။
မြန်မာ့ဒီမိုကရေစီရေးသည် ရှုပ်ထွေးပြီးသား၊ ရှည်လျားပြီးသားဖြစ်သည်။ ထပ်မံရှုပ်ထွေးရှည်လျားသွားလည်း ပြဿနာမရှိပါ။ အဆိပ်ပြီးနေသော လူထုအတွက် နောက်ထပ်အဆိပ်တခွက် မြိုချဖို့ ၀န်လေးစရာမရှိပါ။ အဆိပ် သည် ချိုမြိန်ဖွယ်မဟုတ်မှန်း သူတို့သိပါသည်။ ယုံသူ လုပ်ပါ၊ မယုံသူ မလုပ်ပါနှင့်။ လှလှပပ ယုံကြည်ဖို့နှင့် လှ လှပပ မယုံကြည်ဖို့ လိုအပ်သလို နိုင်ငံရေးရောင်းကုန်တခုအဖြစ် မိမိကိုယ်ကိုယ် အဆုံးမစီရင်လိုက်ဖို့လည်း လို ပါသေးသည်။
မိမိစကား လူထုအပေါ် မအောင်မြင်ခြင်းအတွက် အလွန်အမင်း ဒေါသထွက်စရာမလိုပါ။ အမှန်တရားအ ကြောင်း လူထုကောင်းကောင်း မသိနိုင်သော်ငြား လူထုနှင့် ကင်းကွာခြင်းဖြင့်လည်း အမှန်တရားလမ်းကြောင်း ပေါ် မရောက်နိုင်သည်ကို နှလုံးသွင်းဖို့လိုပါသည်။ လူ့အခွင့်အရေး ချဉ်ခြင်းတပ်မက်မှုနှင့် ဒီမိုကရေစီအငမ်းမရ ဖြစ်မှုတို့ကို ဆင်းရဲပေတေခြင်းနှင့် ညီမျှခြင်းထိုး လဲလှယ်ခံစားလိုသူများ လူထုကြားတွင် ရှိနေပါသည်။ ကျနော် လဲလှယ်ရန် အသင့်ပါ။
လူလတ်တန်းစားကြီးထွားအောင် အရင်လုပ်ပါဦး၊ ဖွံ့ဖြိုးမှုအခြေခံကောင်းအောင် အရင်လုပ်ပါဦး ... ပြီးမှ ဒီမိုက ရေစီအကြောင်း ပြောကြတာပေါ့ဟု ပြောကြဆိုကြ ရေးသားနေကြသည်များကို လူထုကြီးက ပါးစပ်အဟောင်း သား ဖြစ်နေပါလိမ့်မည်၊ ခေါင်းကုတ်နေကြပါလိမ့်မည်၊ မျက်လုံးအကြောင်သားနှင့် ကြည့်နေပါလိမ့်မည်။
၁၉၆၂ ခုနှစ် မှ စတင်ခဲ့သော စစ်အုပ်ချုပ်မှု လာရာလမ်းကို သမင်လည်ပြန် ငဲ့စောင်းကြည့်ဖို့တော့ လိုပါလိမ့် မည်။ ခတ်ကွင်းထဲ မြေစာပင်တွေ ပွကြဲနေပါပြီ။ ပြည်တွင်းမှ နိုင်ငံရေးသုခမိန်ဆိုသူများအနေဖြင့် “ဒါ … ဟုတ် တယ်၊ ဒါတော့ မဖြစ်သင့်ဘူး” ဆိုသည့် အမျိုးသားရေး ဝေဖန်သုံးသပ်ချက်များကို လူထုနှင့် နိုင်ငံရေးအသိုင်း အ၀ိုင်းထဲ ပစ်လွှတ်နေသလို အခြားတဘက်ဖြစ်သော အာဏာပိုင်အစိုးရများဘက်သို့လည်း ပစ်လွှတ်သင့်ပါ သေးသည်။
နိုင်ငံရေးနှင့်ပတ်သက်လျှင် မြန်မာလူထုသည် အချဉ်မဟုတ်ပါ။
AMT
5 comments:
ဆရာလွဏ်းရေ လူထုဟာ အချဉ်မဟုတ်ပေမယ့် ထ္မင်းစားပြီးအချိုတဲခံနေရတဲ့ အချိုတွေလိုဖြစ်နေပါတယ်။
အချိုတဲစရာတွေဟာ သူ့ဘဝသူရွေးလို့မရသလိုပဲ လူထုမှာလည်း ရွေးစရာလမ်း မရှိသလောက်ဖြစ်နေတာတော့ တစ်ကဏ္ဍပေါ့လေ။
ယေဘုယျအားဖြင့် ပညာရေး(နဲ့ဗဟုသုတ) ဟာ အခရာကျတယ်လို့ ထင်ပါတယ်။ လက်ရှိ ဗိုလ်ချုပ်တွေလည်း ပြည်သူတွေ သိသွားမှာ၊ အမြင်ကျယ်လာမှာ အရမ်းကိုစိုးရိမ်နေတာပါ။
ဆရာလွမ်း ခုလုပ်နေတာဟာလည်း တစ်ဖက်တစ်လမ်း ဖြည့်ဆည်းပေးခြင်းတစ်မျိုးပါပဲ။ ခုထက် ဒီရေမြင့်တက်လာဖို့ကတော့ သိသူတွေရဲ့တာဝန်ပေါ့။
တလောကမှ သင်ယူ သိလာရတာတစ်ခုက သတင်းနဲ့စာနယ်ဇင်းဟာ ပြည်သူတွေရဲ့ဘဝကို ပုံဖေါ်တယ်လို့ အတိအလင်း ဆိုပါတယ်။ ဒီတော့ မြန်မာပြည်မှာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်မရှိတာ ရှင်းသွားပါတယ်။
အပြောင်းအလဲတွေကို ထာဝရထိန်းထားလို့မရပါဖူး၊ ဒါပေမယ့် လောလောဆယ်တော့ ကျနော်တို့တတွေဟာ အဲဒီအပြောင်းအလဲတွေ မြန်အောင်လုပ်ပေးတဲ့ (အခမဲ့) အသုံးချခံတွေပေါ့ဗျာ။ ပြီးရင်လည်း ကျေးဇူးမတင် ဖင်လှန်ပြခံရမယ့် အနာဂါတ်တွေအတွက်လည်း ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားကြရအုံးမှာပါ။
မြန်မာပြည်သူလူထုက အချဉ်မဟုတ်ပါဘူး..မှန်တာပေါ့..ဒါကြောင့်လည်း ပြည်ပသတင်းတွေ လွှင့်တိုင်းလည်း အမှန်လို့မယူဆဘူး..အစိုးရပြောတိုင်းလည်း အမှန်လို့မယူဆဘူး...အခုဆို လိမ်စဉ်တွေက ပိုပိုပေါ်နေတယ်လေ...နယူးယောက် သံ၇ုံးရှေ့မှာ မြန်မာသံရုံးဝန်ထမ်းတစ်ယောက် ဒေါ်စုဓာတ်ပုံကို ခြေထောက်နဲ့ကန်တယ်ဆိုပြီး သဲသဲလှုပ်ပြလိုက်တာ ပွတ်လောရိုက်နေတာပဲ...မသိတဲ့သူတွေကတော့ တကယ်ပဲ မြန်မာသံရုံးဝန်ထမ်းတွေ လုပ်သလားအောက်မေ့ရတယ်...အမှန်က အဲဒီလူက ဖိလစ်ပိုင် driverတစ်ယောက် မြန်မာလည်းမဟုတ်ဘူး...ဒါကိုပဲ ပုံကြီးချဲ့ပြီး မြန်မာသံတမန်တွေက ဒီလိုပဲအဆင့်ရှိသလား ဘာလား ညာလားဆိုပြီး သူတော်ကောင်းယောင်ဆောင်ပြကြတယ်...သူတို့ကိုယ်
တိုင် ဒီ့ထက်ဆိုးဝါးတဲ့လုပ်ရပ်တွေကို လုပ်တုန်းကတော့ ငြိမ်နေကြတယ်...အခုမှ အသဲသန်လုပ်ပြနေတယ်...နောက်ဆုံးတော့ ဗူးပေါ်သလို ပေါ်ခဲ့ရတာပဲမဟုတ်လား....ဒါကြောင့်လည်း မြန်မာပြည်သူတွေက နိုင်ငံရေးမှာ အချဉ်မဟုတ်ပါဘူးဆိုတာ သိသွားပြီမဟုတ်လား...
ဟကောင် စောက်ရူး ဂျောက်ဂျက် ............
ဆောင်းပါးရှင် ပြောတဲ့ ပြည်သူလူထုက အချဉ်မဟုတ်ဘူးဆိုတာ မင်းနားလည်သလို မဟုတ်ဘူးကွ။ မင်းက လူပုံလယ် ကိုယ့်စောက်ရှက်ကိုယ်ဖြဲပြတဲ့ ကောင်ပဲကွ။ စာလဲမဖတ်တတ်၊ ပြီးတော့ မင်းက သန်းရွှေအားရ ဂျောက်ဂျက်ကျွန်ပါးဝ ဆိုတဲ့ကောင်ပဲ။ ဆောင်းပါးကိုလဲ နားလည်အောင်ဖတ်ဦး ဂျောက်ဂျက်ရာ။ မင်းလိုစောက်ရူးနဲ့တော့ နအဖပါ စောက်ရူးတွေပါ စောက်ရှက်ပဲ။ ဟားရတယ်ကွာ တကယ်ပဲ ဗြဲ :)
ဆောရီးဗျာ ကျုပ်က ဆောင်းပါးကို ဖတ်ပြီး ဆောင်းပါးကို ဝေဖန်တာမဟုတ်ဘူးဗျ...ဆောင်းပါးရဲ့ ခေါင်းစဉ်ကိုပဲ ကြိုက်လို့ သူနဲ့သက်ဆိုင်တဲ့အရာက လတ်တလော ဒီမိုတွေ သဲသဲလှုပ်ပြနေတဲ့ ကိစ္စလေးနဲ့ကိုက်ညီနေလို့ ခေါင်းစဉ်ကို ယူပြီး compare လုပ်ပေးလိုက်တာပါဗျာ...စိတ်မရှိပါနဲ့...
(တကယ်ပဲ ဗြဲ ) ..အဲဒီလောက်ကြီးလည်း မငိုပါနဲ့ဗျာ...ရုပ်ဆိုးကြီးနဲ့ ကြည့်ရတာ တော်တော်ဆိုးပါတယ် :)
ဒောက်တာ့ရဲ့ ဆောင်းပါးကို အခုရွေးကောက်ပွဲဝင်မဲ့ ပုဂ္ဂိုလ်တွေကို ဖတ်စေချင်လိုက်တာခင်ဗျာ။
သူတို့ခမျာ သူတို့ရဲ့ ရွေးကောက်ပွဲဆိုတာကြီးကို လူထုက စိတ်မဝင်စားတာနဲ့ပဲ လူထုဟာ နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ထင်နေကြရှာတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးလေးတောင် မရှိတဲ့ နိုင်ငံမှာ လူထုက ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး ဆိုတာ မသိကြရှာဘူး။ အမှန်တော့ အဲဒီတစ်ချက်တည်းနဲ့တင် လူထုဟာ အချဉ်မဟုတ်ဘူးဆိုတာ စဉ်းစားလို့ရပါတယ်ခင်ဗျာ။
Post a Comment