Saturday, June 19, 2010

လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ

လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ
မားဆိုး

ခြံအမှတ် (၅၄) မှာ
ထူးတွေ
အထပ်ထပ်နဲ့
မှတ်တိုင်တွေ
(၆၅) တိုင် ရေးထိုးခဲ့ပြီ
သေတဲ့အထိ
မျက်နှာမငယ်စေရဘူး အမေ။

အမေရေ ...
တောခွေးအတွေ ဝိုင်းဟောင်ကြတယ်
ဒါပေမယ့်
“ဝုတ် ... ဝုတ်” လို့ မမြည်ဖူး
“ရွေးကောက်ပွဲ ... ရွေးကောက်ပွဲ” လို့ မြည်တယ်။

၂၀၁၀ ထန်းလျက်ခဲ ချကျွေးတော့
မြိန်ရည်ရှက်ရည်ရှိလိုက်ကြပုံများ
မော်ဒန်ဆရာလေးတချို့တောင်
သက်တော်ရှည်အမတ်ဖြစ်မယ့်ခေတ်
ကိုယ့်ကိုကိုယ်
အရန်ခုံမှာ ထိုင်နေရမှန်း မသိကြရှာဘူး။

ဖွတ်စိမ်းတွေက
တောင်ရှည်ဝတ်
ခေါင်းပေါင်းစကို
ညာ ချလို့ ...
လမ်းတွေဖောက်ကြသတဲ့
အရေခြုံ ကလိန်တွေစုံတော့
ဖွတ် မိချောင်းဖြစ်၊ မြစ် မချမ်းသာသပေါ့ အမေရယ်။

တကယ်တော့
သူတို့က ခံစစ်တံတိုင်းကြီးတွေပေါ့
စည်းရိုးအထပ်ထပ်နဲ့
ဂိုးသွင်းမခံရအောင် ပိတ်ဆို့မယ်။

ဒီကြားထဲ
သန်းသန်း ချိုချို နေရည် ဆိုတဲ့
သုံးဦးစပ်
ငါးပိရည်ကြို ညွန့်ပေါင်းအသင်းက
နေမညိုသေးဘဲ
လေတွေ ပြိုပြနေကြပြန်ရဲ့
သူတို့က
ဘယ်တောင်ပံတိုက်စစ်ကို တာဝန်ယူမယ်တဲ့။

ဒီမိုကရေစီ
တွင်တွင်ပြောပြီး
ရွှေဝါဆပ်ပြာနဲ့ ဧည့်မထဆန်
မှန်မှန်ထုတ်တတ်တဲ့
ကြောင်သူတော် ဘောသူခိုးတွေက ရှိသေး
သူတို့က
ညာဝင်းမှာ ဆော့မယ်။

အမေရေ ...
ကျနော် သိပြီဗျ
ဒေါင်းယောင်ဆောင်ခဲ့တဲ့
အန်ဒီအက်ဖ်တောကျီးကန်းတွေ
တသက်လုံး
ဂိုးမသွင်းနိုင်ခဲ့တဲ့ ရလဒ်ဟောင်းတွေနဲ့
လူကျွံဘောအဖမ်းခံကြဦးမယ်။

ရှမ်းအိုးစည်တီးပြီး
မနောကွင်းမှာ
ဒုံးယိမ်းကကြမယ့်
ဒီမိုကရေစီဘက်တော်သား
အဖြည့်ခံ ဘောသမားလေးတွေပေါ့
သူတို့က
၂၀၁၀ ဘောလုံးလေး ဘေးထွက်သွားရင်
ပါမစ်အမျိုးမျိုးနဲ့
ဝိုင်းကောက်ပေးကြမယ်။

၈၈ ကျောင်းတော်သား မျက်နှာဖုံးများက
လက်သီးလက်မောင်းတန်းလို့
ကွင်းလယ်ဗိုလ်ချုပ်လုပ်ဖို့
မှန်းကြပြန်ရော။

အဆုံးသတ် တိုက်စစ်မှုးကတော့
လီယွန်နယ်လ်သိန်းစိန် ... တဲ့
ဘယ်သူတွေ
ဘယ်လိုတားတား
နောက်ဆုံးတော့
အကောင်းဆုံး
ကလိမ်ခြုံ ပလေယာဆု
အကောင်းဆုံး
ရှေ့တန်းလူသတ်သမားဆု
အကောင်းဆုံး
ဒီမိုကလိမ်စီ ဖန်တီးရှင်ဆု
ရှိသမျှ
သိမ်းကျုံးယူဦးမှာ မြင်ယောင်သေး။

အမေရေ ...
အာဂျင်တီးနားနဲ့ ကမ္ဘောဒီးယားပွဲကို
အိပ်ရေးပျက်ခံ
ထကြည့်တဲ့အထိတော့
သားတို့ မရူးနှမ်းသေးပါဘူး။

သားတို့ ရင်ဘတ်ထဲမှာ
အမေသာ ချန်ပီယံ
သားတို့ ကစားကွင်းနဲ့ စစ်တလင်းထဲမှာ
အမေသာ ချန်ပီယံ
မတန်တဲ့ပွဲ
ဝင်မကန်တဲ့ အမေ့အတွက်
သားတို့
ဂုဏ်ယူတယ်။ ။

မားဆိုး
(၁၉.၆.၂၀၁၀)

20 comments:

nay aung said...

Are you fighting for the country or for Daw Aung San Suu Kyi?

boxerburma said...

အရမ်းအရမ်းကိုကောင်းတာပါဘဲဗျာ

HRmyanmar said...

ဒီကဗျာလေး အန်တီစုကို ပေးဖတ်ချင်တယ်
မားဆိုး ကို အမှန်တကယ် လေးစားမိပါကြောင်း

Unknown said...

wow.... great poem.... i like it. i can feel it.. thanks Marsoe.

FREE BURMA said...

This is very nice poem

ဒေါင်းဇာနည် said...

အန်တီစုအတွက် ကဗျာတွေထဲမှာ ဒီကဗျာ အထိဆုံးပဲ။ ကဗျာပိုင်ရှင်ရဲ့ e-mail လေးဖြစ်ဖြစ် website လေးဖြစ်ဖြစ်ရရင်လိုချင်ပါတယ်ခင်ဗျာ

Unknown said...

ွှွှွှွှWOW .....Very nice poem.Marrsoe ,I am very proud of you.carry on!!!!!

Anonymous said...

can this election bring democracy?who will fight for our rights like DASSK?

Anonymous said...

thanks for nice poem

Unknown said...

ကဗျာမခံစားတတ်တဲ့သူတောင် သဘောကြနှစ်ခြိုက် သွားရလောက်အောင် ထိမိပါတယ်၊၊ အပိုဒ်တိုင်းကို ခံစားနှစ်သက်မိတယ်၊၊ အင်မတန်ကောင်းတဲ့ ကဗျာလေးပါဘဲ၊၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အားထားချစ်ခင်ပြီး ကမ်ဘာတရပ်လုံးက လေးစားကြည်ညိုတဲ့အမေစု အသက်ရာကျော်ရှည်ပါစေ၊၊ ပျော်ရွှင်ပါစေ၊၊ အမေစုနဲ့ အတူ မွေးနေ့ တွေ အတူတကွ ဖြတ်ကျော်ချင်ပါတယ်၊၊

ယုန်ကလေး said...

ကောင်းလိုက်တဲ့ ကဗျာ။ ကဗျာရေးဖွဲ့သူကို လေးစားပါတယ် ခင်ဗျာ

Unknown said...

အားပေးတယ်ဗျာ...တပုဒ်တည်း နဲ့ တော်တော်ထိတယ်

susu said...

ေ ကာင်းလိုက်တဲ့ကဗျာ...ရင်ထဲကိုစူးဝင်သွားတာဘဲ။

Maung said...

ကိုမာစိုးရေ
လေးစားပါတယ်ခင်ဗျား
အတွေးလေးတွေအတွက်ပေါ့ဗျာ။
ကြုံလို့ပြောပြပါရစေ... ကျနော်ကိုလာမေးဘူးတယ်
ဒီနိုင်ငံရေးလောကထဲမှာဖြတ်သန်းနေတဲ့ သူတဦးက
.. ရွေးကောက်ပွဲက တရားမျှတမူရှိမှားလားတဲ့..
ဗျာ....ကျနော် ငိုချင်လိုက်တာ အရမ်းဘဲ..တကယ်ပါ။

Warazein said...

စိတ်ကူးယဉ် နဲ့ ပုဂ်ဂိုရေးကိုးကွယ်မှုကိုအားပြုထားတဲ့ ကဗျာကြီးပါ။ ရေးတဲ့သူရဲ့ နိုင်ငံရေးရေချိန်ကတော့ အတော်လေးကြောင်တောင်တောင်တဲ့အဆင့်ဘဲလို့မြင်ပါတယ်။

Unknown said...

အရမ်း အရမ်းကို ကောင်းတဲ့ ကဗျာလေးပါ...အမေစုကို ဖတ်စေချင်တယ်...ကဗျာဆရာကို ကျေးဇူးလည်းတင်တယ်...ဒီကဗျာလေးကို ဖတ်ခွင့်ရလို့ပါ :)

Unknown said...

Warazein ဆိုတဲ့ငကြောင်ရေ comment တွေကို ဖတ်လိုက်ရင် ဘယ်သူငကြောင်လဲဆိုတာ လူတိုင်းသိပါတယ်ဝေ။ မင်းတယောက် ဆက်ပြီးကြောင်နိုင်ပါစေဝေ။

KoWinBoKo said...

i can't find to share this poem to Facebook ! ???

m Zak..! said...

တော်တော်လေးက်ုသဘောကျမိပါတယ်။
ကဗျာရေးဖွဲ့ တဲ့ သူကိုလေးလေးစားမိပါတယ်
ကျေနပ်အားရမိပါတယ်ဗျာ

Jhon Janu said...

ကိုမာစိုးရေ
လေးစားပါတယ်ခင်ဗျား