Wednesday, May 5, 2010

ရဲအရာရှိတဦး - ပြောချင်လို့ (၆) + (၇) (ပေးစာ)

ပြောချင်လို့ (၆)

မင်္ဂလာပါ ...

မတွေ့တာတောင် အတော်ကြာပြီနော်။ ရဲတပ်ဖွဲ့မှာ ၀တ်စားဆင်ယင်မှုကို ပြောရရင် စနစ်မကျတာတွေ အများ ကြီးပဲဗျ။ ရဲ (၁၀) ယောက် တန်းစီလိုက်ရင် (၁၀) မျိုး ထွက်တယ်လေ။ ဒါ ဘာလို့လဲဆိုတော့ Issue မထုတ်ပေး ဘူးလေ။ ကိုယ့်ဘာသာ ၀ယ်ဝတ်ရတော့ အရောင်တွေက မတူကြတော့ဘူး။ အရင်က ကာကီရောင်မှာလည်း အရောင်ကွဲတာပါပဲ။ မှတ်မှတ်ရရ ကာကီရောင်တွေက အရောင်မှိန်တယ်ဆိုပြီး ကာကီရောင်ကိုမှ မြင်းချေး ရောင် ပြောင်းလိုက်တော့ တပ်ဖွဲဝင်တွေ လိုက်ချုပ်ရတယ်လေ။ သိပ်မကြာပါဘူး၊ မြင်းချေးရောင်ကနေ နိုင်ငံတ ကာနဲ့အညီ အခုဝတ်နေတဲ့ နက်ပြာရောင်ကို ပြောင်းလိုက်တယ်။ ပြောင်းသာပြောင်းတာ သူတို့က ဘာမှထုတ် မပေးဘူး။ ကိုယ့်ဘာသာ ၀ယ်ဝတ်ရတာ။ ယူနီဖောင်းတစုံကို အနည်းဆုံး (၈၀၀၀) ရှိတယ်။ ဒါက အညံ့စားပါ။ မင်္ဂလာဒုံဈေးချုပ်ခေါ်တာပေါ့။ လူလူသူသူရှိတာက (၁၅,၀၀၀) နဲ့ (၂၀,၀၀၀) ကြားမှာရှိတယ်။ ၀ယ်ပေတော့ လေ။ခရာကြိုးကလည်း အဖြူတပ်ရမလို အနက်တပ်ရမလိုနဲ့ ဘာတပ်ရမှန်းမသိတာနဲ့ ဘယ်သူမှ ခရာကြိုး မ တပ်ကြတော့ဘူးလေ။

စောစောပိုင်းတုန်းက ယူနီဖောင်းပြဿနာတက်လိုက်ကြသေးတယ်။ ဘာလဲဆိုတော့ ရဲချုပ်ကြီးက ယူနီဖောင်း တစုံကို (၃၀,၀၀၀) နဲ့ ၀ယ်ရမယ်ဆိုပြီးတော့ နရခ (မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်) ကနေ စာဝင်လာတော့ ပွစိပွစိ တွေဖြစ်ကုန်တယ်လေ။ ရဲဘော်တယောက်ရဲ့ လစာကမှ (၁၅,၀၀၀) ပဲ ရတာကို ယူနီဖောင်းက (၃၀,၀၀၀) ဆို တော့ စဉ်းစားကြည့်ပေါ့။ ဘယ်ဝယ်နိုင်မလဲ။ အဲဒါနဲ့ အခြားအဆင့်တွေ မပါတော့ဘဲ အရာရှိတွေ မ၀ယ်မနေရ ဖြစ်လာတယ်။ ကြောက်လို့သာ ၀ယ်လိုက်ရတယ်။ ဘယ်သူမှ သိပ်မ၀ယ်ချင်ကြဘူးလေ။ ဘာလို့လဲဆိုတော့ ဈေးကြီးနေတယ်လေ။ အပြင်မှာ (၂၀,၀၀၀) ဆို ပျံနေတာရနေပြီလေ။ အနိုင်ကျင့်ခံရတာပေါ့။

“ဒီလိုဒီလိုနဲ့ပဲ ‘ဦး’တွေပြောင်းထားတဲ့ အဖွဲ့က နောက်အနှစ် (၂၀) / (၃၀) လောက် သွားဦးမယ်ထင်ပါတယ်။ မဆလ ဦးနေ၀င်းတို့လိုပေါ့။ သူတို့လည်း ဒီလိုပဲပြောင်းခဲ့ပြီး နှစ် (၂၀) ကျော်လောက် အုပ်ချုပ်သွားတာပေါ့။ ခုလည်း ဒီအတိုင်းပဲ လူတွေကလည်း ဒီလူတွေပဲဆိုတော့ ဂျပန်ခေတ်က မြန်မာတွေကို ပေးခဲ့တဲ့ ရွှေရည်စိမ် လွတ်လပ်ရေးလို ဒါက ရွှေရည်စိမ် ဒီမိုကရေစီပေါ့။ ‘နက်ဖြန် သို့မဟုတ် ဘယ်သောအခါ’ သီချင်းလေးပဲ ဆိုနေမိပါတော့တယ်”

ဒု-ရဲအုပ်တယောက်လစာမှ (၃၅,၀၀၀) ပဲရတာ၊ ယူနီဖောင်းက (၃၀,၀၀၀) ဆိုတော့ နည်းနည်းတော့ များတာ ပေါ့။ ပြန်တမ်းဝင် အဆင့်တွေကတော့ ပြဿနာမရှိဘူးပေါ့။ အခုဆို တိုင်းနဲ့ပြည်နယ်တွေမှာ အမျိုးသမီးစစ်ရေး ပြတွေ၊ ၀တ်ရွတ်ရတာတွေနဲ့ ပတ်သက်ပြီး ပွစိပွစိ ဖြစ်နေကြပြန်ပြီလေ။ မိသားစုဝင်တွေက စားဝတ်နေရေးအ တွက် လုံးပမ်းနေရချိန်မှာ ဒါတွေက စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လေ။ ပင်ပန်းတဲ့အတွက် အိမ်အလုပ် တွေလည်း မလုပ်နိုင်၊ သားသမီးတွေလည်း မကြည့်နိုင်၊ ယောကျာင်္းလည်း မကြည့်နိုင်၊ တခြား တခြားပြဿနာ တွေလည်း အများကြီးပါဘဲ။ ဈေးရောင်းရမယ့်သူတွေ ဈေးမရောင်းနိုင်၊ နေ့စားသမားတွေလည်း အလုပ်မဆင်း နိုင်၊ ထောက်ပံ့တယ်ဆိုတာကလည်း ကြားကောင်းအောင်လောက်ပဲ ပေးတာပါ။ ဟန်ပြလေးတွေပါပဲ။

တပ်ဖွဲ့ဝင်တယောက် တလ (၁၀,၀၀၀) ထောက်ပံ့ရမယ်လို့ ၀န်ကြီးက ပြောပေမယ့် ဘယ် CP (တိုင်း/ပြည်နယ် ရဲတပ်ဖွဲ့မှူး) မှ မထောက်ပံ့ပါဘူး။ လူကြီးတယောက်ယောက်လာမယ် အသံကြားရင်တော့ ရရှိကြောင်း အတင်း လက်မှတ်ထိုးခိုင်းတော့တာပဲ။ မရလို့ မထိုးဘူးဆိုရင် မထိုးနဲ့လေ၊ မထိုးဘဲ နေရဲမလား၊ ကြောက်တော့ ထိုးရ တာပေါ့။ အများကြီး အများကြီးပါပဲဗျာ။ ၂၀၁၀ ကျော်သွားလည်း သိပ်တော့မထင်ပါဘူး၊ ဒီအတိုင်းပဲ သွားနေဦး မှာပဲ ...။

ရဲအရာရှိတဦး

ပြောချင်လို့ (၇)

မင်္ဂလာပါ ...

ရဲတပ်ဖွဲ့မှာ နောက်ထပ် မကောင်းတဲ့အကျင့်တခု ရှိသေးတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ သင်တန်းမတက်ချင် ရင်သင်တန်းထည့်တယ်။ တက်ချင်ရင် မထည့်ဘူး။ ပြောင်းချင်တယ်ဆိုရင် ပြောင်းမပေးဘူး။ မပြောင်းပါရစေနဲ့ ဆိုရင် ပြောင်းလိုက်တယ်။ ရဲတပ်ရင်းနဲ့ အခြားပြည်နယ်တွေမှာ အနေကြာကာလကို အရာရှိ (၃) နှစ်၊ အခြားအ ဆင့် (၅) နှစ် သတ်မှတ်ထားပေမယ့်လို့ မပြောင်းပေးပါဘူး။ အဲ . အဲဒီဒေသမှာပဲ နားအေးပါးအေးနေတော့မယ် ဆိုရင် စေတနာတွေကောင်းပြီး ရန်ကုန်တို့ မနလေးတို့ ပဲခူတိုင်းတို့ကို ပြောင်းပစ်လိုက်ပြန်တယ်လေ။

ဒါကြောင့် ရဲတပ်ဖွဲ့မှာ အထက်အောက်ယုံကြည်မှု မရှိကြပါဘူး။ ရဲခဏဆိုရင်တောင် (၁) နှစ်လောက်ကြာပါ တယ်။ရဲတပ်ဖွဲ့မှာ မိုးပျံနေအောင်တော်နေလည်း နေရာရဖို့က သိပ်မသေချာဘူး။ တော်ခြင်း မတော်ခြင်းနဲ့ မ ဆိုင်ပါဘူး။ ဘယ်လောက်ရှာပေးနိုင်မလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ရှာပေးတဲ့သူတွေဆိုရင်တော့ သူတို့ ဘာလုပ် လုပ် နား/မျက်စိတွေ ပိတ်ပေးထားပါတယ်။

မကြာခင်မှာပဲ ရွေးကောက်ပွဲတွေ လာပါတော့မယ်။ ထုံးစံအတိုင်း ကြိုတင်မဲပေးရမယ်ပေါ့။ မဲပေးတဲ့အချိန်မှာ ရဲတွေက မအားနိုင်တဲ့အတွက်ကြောင့် ဆိုတဲ့ဆင်ခြေပဲပေါ့။ ကြိုတင်မဲဆိုတာက နာမည်ခံပါပဲ။ မြို့နယ်မှူး/စ ခန်းမှူးတွေအားလုံးက right လုပ်ပေးရတာပါပဲ။ ကန့်ကွက်သူမရှိပေါ့။ တချို့ဆို သိတောင်မသိလိုက်ပါဘူး။ တ ခြားဝန်ထမ်းတွေလည်း ဒီလိုပဲထင်ပါတယ်။ ဒီလိုဒီလိုနဲ့ပဲ ‘ဦး’တွေပြောင်းထားတဲ့ အဖွဲ့က နောက်အနှစ် (၂၀) / (၃၀) လောက် သွားဦးမယ်ထင်ပါတယ်။ မဆလ ဦးနေ၀င်းတို့လိုပေါ့။ သူတို့လည်း ဒီလိုပဲပြောင်းခဲ့ပြီး နှစ် (၂၀) ကျော်လောက် အုပ်ချုပ်သွားတာပေါ့။ ခုလည်း ဒီအတိုင်းပဲ လူတွေကလည်း ဒီလူတွေပဲဆိုတော့ ဂျပန်ခေတ်က မြန်မာတွေကို ပေးခဲ့တဲ့ ရွှေရည်စိမ် လွတ်လပ်ရေးလို ဒါက ရွှေရည်စိမ် ဒီမိုကရေစီပေါ့။ ‘နက်ဖြန် သို့မဟုတ် ဘယ်သောအခါ’ သီချင်းလေးပဲ ဆိုနေမိပါတော့တယ်။

ရဲအရာရှိတဦး

No comments: