ဖိုးပြောချင်
အန်အယ်လ်ဒီပါတီအပေါ်ကို မေလ (၆) ရက်ထိ သစ္စာရှိပါ့မယ်ဆိုတဲ့ ဦးခင်မောင်ဆွေတို့ရဲ့ NDF အဖွဲ့ ပေါ်လာ တာဟာ အစကတည်းကိုက စိတ်ကူးရှိခဲ့လို့ပါ။ မတ်လ (၂၉)၊ (၃၀) ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် နောက်ပိုင်းမှ စတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥပဒေ မပေါ်ခင် ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင် ဆွေတို့ ထောင်ကထွက်လာကတည်းက စပြီးတည်ထောင်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့် ဒီလိုပြောရ လဲဆိုလို့ရှိရင် ထောင်ကျတဲ့ NLD တွေဟာ ထောင်ကထွက်လာတော့ အမျိုးအစားလေးငါးမျိုးနဲ့ ထွက်လာတာ ကို တွေ့ရလို့ပါ။
နံပါတ် (၁) က ထောင်ထဲမှာ ပြတ်သားတယ်။ ထွက်လာတာလည်း ပြတ်သားတယ်။ ပါတီမှာလည်း ဆက်ပြီး တာဝန်ယူတော့ ပြတ်ပြတ်သားသား ဆက်ပြီးတာဝန်ယူတယ်။ ဥပမာပြောရရင် ဦးဝင်းတင်လိုလူမျိုးပေါ့။
နံပါတ် (၂) က ထောင်ထဲမှာလည်း ပြတ်ပြတ်သားသား ရပ်တည်တယ်။ ထွက်လာတော့လည်း လက်နက်မချ ဘူး ပြတ်သားတယ်။ ပါတီကိုလည်း တာဝန်ယူတယ်။ ဒါပေမယ့် မိသားစုရဲ့ချုပ်ကိုင်မှုကြောင့် မိသားစုရဲ့ ခွင့်ပြု မှုမရလို့ သူတို့ ပြတ်ပြတ်သားသား မလုပ်ရဲတဲ့၊ လျှိုသွားတဲ့၊ ပျော့သွားတဲ့ NLD ခေါင်းဆောင်တွေလည်းရှိ တယ်။
နံပါတ် (၃) က ထောင်ထဲမှာကတည်းက စိတ်ဓာတ်ကျပြီးတော့ အစိုးရနဲ့ ဆက်စပ်ပြီးတော့ လက်နက်ချ ထွက် လာတဲ့သူလည်းရှိတယ်။ ထောင်ကထွက်လာပြီးတော့ အပြင်မှာ ပြန်တာဝန်ယူတယ်။ ဒါပေမယ့်လည်း NLD ကို ပျက်အောင် ဖျက်မယ်တို့ နအဖအစိုးရ အလိုကျ အကြိုက်ဖြစ်အောင် အားထုတ်တဲ့သူတွေဖြစ်တယ်။
နံပါတ် (၄) က ထောင်ထဲမှာ စိတ်ဓာတ်ကျ၊ လက်နက်ချ ထွက်လာတယ်။ ထွက်လာတော့လည်းပဲ စိတ်ဓာတ် ကျပြီးတော့ အပြင်ရောက်တဲ့အခါမှာ နိုင်ငံရေးမလုပ်တော့ဘဲနဲ့ ဘာမှလည်း တာဝန်မယူတော့ဘဲနဲ့ ထိုင်နေတဲ့ သူတွေလည်းရှိတယ်။
နောက်ထပ်တစား တွေ့ရတာက ဘာလဲဆိုတော့ ထွက်လာတုန်းကလည်း လက်မှတ်မထိုးဘဲနဲ့ ထွက်လာ တယ်။ လုပ်တာလည်း လုပ်တယ်။ ဒါပေမယ့် နောက်ထပ် ထောင်ပြန်ကျမှာကို ကြောက်တဲ့ လူစားမျိုးဆိုပြီး ရှိပါ တယ်။
အဲ့လိုမျိုး အတန်းအစားတွေ ရှိတဲ့နေရာမှာ ဒေါက်တာသန်းငြိမ်းတို့က နံပါတ် (၃) အမျိုးအစားဖြစ်တယ်။ ဒါဟာ စွပ်စွဲတာမဟုတ်ဘူး။ ဒေါက်တာသန်းငြိမ်း ကိုယ်တိုင်ကကို လက်မှတ်ထိုးပြီးထွက်လာတဲ့အကြောင်း မီဒီယာမှာ ပြောတာပါ။ လက်မှတ်ထိုးထွက်လာတာ သိပ်အရေးမကြီးပါဘူးဆိုတဲ့ သဘောမျိုး သူက ပြောတာ။ Bond down လုပ်လာတယ်ပေါ့။ လျှော့ပေးလာတယ်ပေါ့။ လက်မှတ်ထိုး ထွက်လာတာဟာ အစိုးရနဲ့ ဘယ်အတိုင်းအ တာအထိ နက်ရှိုင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။
ဒါပေမယ့် သူတို့ ထွက်လာတာနဲ့ ဦးအောင်ရွှေက ဦးဆောင်ပြီးတော့ သူတို့ကို စီအီးစီတွေအဖြစ်ခန့်လိုက်တယ်။ ဦးအောင်ရွှေက ဦးခင်မောင်ဆွေကိုလည်း ပြောရေးဆိုခွင့်ဆိုပြီးတော့ တာဝန်ခံအဖြစ်နဲ့ ပေးတယ်။ ဒေါက်တာ သန်းငြိမ်းရယ်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး ဆိုပြီးတော့ (၅) ဦးဂိုဏ်းလို့ နာ မည်ကြီးလာတယ်။ အဲ့ဒီ (၅) ဦးဂိုဏ်းက ဗဟိုမှာ ခြယ်လှယ်လာတယ်။
ဒီကနေ့ NLD မှာ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရတော့မယ်၊ ပါတီကို အပြီးသတ် ခြေမှုန်းခံရ တော့မယ်၊ ရွေးကောက်ပွဲ ဆိုတာတွေကို ရင်ဆိုင်ရတော့မယ်၊ အဲဒါကြောင့်မို့လို့ ဒီပြဿနာတွေကို ဗဟိုနဲ့ အောက်ခြေ ပူးပေါင်းပြီး ဖြေရှင်းနိုင်ဖို့ နိုင်ငံလုံးဆိုင်ရာညီလာခံ ခေါ်ယူပေးဖို့ အောက်ခြေပါတီဝင်ထုတွေရဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှုကိုလည်း ဦးအောင်ရွှေနဲ့ ဒီ (၅) ဦးဂိုဏ်းက ဖြိုခွဲမှုတွေ၊ အရေးယူမှုတွေ လုပ်ခဲ့ တယ်။
သူတို့ရဲ့ ပြောရေးဆိုခွင့်ဆိုတာကို အသုံးချပြီးတော့ ပါတီရဲ့ဆုံးဖြတ်ချက် မဟုတ်သေးတဲ့ ရွှေဂုံတိုင်ကို အသေ ချုပ်ကိုင်ဖို့မဟုတ်ဘူး ဆိုတာတွေကို ပါတီအပြင်ဖက် မီဒီယာတွေမှာ ပြောလာကြတယ်။ ဒေါက်တာသန်းငြိမ်း ကလည်းပဲ ရန်ကုန်တိုင်း မြို့နယ် (၄၀) နဲ့ရှင်းရာမှာ ရွှေဂုံတိုင်ကို အသေဆုပ်ကိုင်ထားရမှာ မဟုတ်ဘူးလို့ ပြော ကြားချက်ကို အောက်ခြေက မကျေနပ်တဲ့အခါမှာ ဦးခင်မောင်ဆွေက ပြောရေးဆိုခွင့်ဆိုတာနဲ့ သူ့အနေနဲ့ မီဒီ ယာတွေမှာ ပြောချင်တာတွေ ပြောလာတယ်။
ဆိုလိုတာက အဲ့ဒီကတည်းကိုက NDF ပေါ်လာဖို့ အခြေခံတွေဖြစ်တယ်။ ဘယ်လိုဆုပ်နိုင်တက်နိုင်တယ်လို့ ပြောလာတာဟာ နအဖနဲ့ ပေါင်းရေးကို ပြလိုက်တာဖြစ်တယ်။ ဒါဟာ ဘာဥပဒေမှ မထွက်ခင်ကတည်းကဖြစ် တယ်။ ဥပဒေလည်းထွက်လာရော ခေါင်းဆောင် ဦးအောင်ရွှေကနေပြီးတော့ မှတ်ပုံတင်မယ်၊ တင်ရမယ်ဆိုတဲ့ အစိုးရအဆိုကို ရှေ့တန်းတင်လာတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင်က ဦးအောင်ရွှေပဲ။ အခုလက်ရှိ NDF ရဲ့ခေါင်း ဆောင်က။ အဲ့ဒီတော့ ဦးအောင်ရွှေက ဒီအဆိုကိုတင်သွင်း သူတို့ (၅) ဦးဂိုဏ်းက ဆက်ပြီးထောက်ခံတယ်။
အဲ့ဒီမှာ ဦးဝင်းတင်က ခင်ဗျားတို့ ဒီလိုမလုပ်ပါနဲ့၊ စီစီနဲ့ဆုံးဖြတ်ပါလို့ အဆိုတင်သွင်းတော့မှ စီစီနဲ့ဆုံးဖြတ်ဖို့ သ ဘောတူလိုက်တယ်။ သူတို့ဟာကို စီစီမှာ ပြောဆိုခွင့်မရဘဲ အောက်ခြေပါတီဝင်တို့နဲ့ တိုင်းအားလုံးတို့ကနေ မှတ်ပုံမတင်ဘူးဆိုတဲ့ အသံတွေ ထွက်လာတယ်။
ပဲခူးတိုင်းကဆိုရင် ဦးမြင့်ဝေ အပါအ၀င် တတိုင်းလုံးက ပထမဆုံး ထွက်လာတယ်၊ အဲ့ဒီတော့ အသံအများစုအ ပေါ်မှာ ဦးအောင်ရွှေက မတ် (၂၉) ရက်နေ့မှာ ဒီအဆိုကို အများက သဘောမတူရင် မလုပ်ပါဘူးဆိုပြီးတော့ အဆိုမတင်ရဲတဲ့အတွက်ကြောင့် ပြန်ပြီးတော့ ငုပ်သွားတာ။ ဆုတ်သွားတာ မဟုတ်ဘူးနော်။ ဒီအဆို မှားတယ် ဆိုပြီးတော့ ယုံကြည်လို့ သိမ်းသွားတာမဟုတ်ဘူး။ အများက လက်မခံတဲ့အတွက်ကြောင့် အားမတန်လို့ ငုပ် သွားတာပဲဖြစ်တယ်။
ဒေါက်တာသန်းငြိမ်းတို့ကလည်းပဲ (၂၉) မတ်လမှာ စီစီအစည်းအဝေးမှာ ပြောခွင့်မရလိုက်ဘူး။ အဲ့ဒီတော့ အ များဆုံးဖြတ်ချက်နဲ့ NLD ဟာ မှတ်ပုံမတင်ဘူး အဆိုကျသွားတော့ ဒေါက်တာသန်းငြိမ်းက ဘာပြောလဲဆို တော့ ကျနော်တို့လူတွေ မကြေညာသေးလို့ပါတဲ့။ မှတ်ပုံတင်မယ့်သူတွေ ရှိတယ်ဆိုတာကို မီဒီယာမှာ ပြော တယ်။
အဲ့ဒီတော့ ဒီအဖြစ်ရဲ့နောက်ကွယ်မှာက မှတ်ပုံတင်ရေးဆုံးဖြတ်ချက် ကျအောင်လုပ်နိုင်လို့ရှိရင် တယောက်ကို ကျပ်သိန်း (၁၀၀၀) စီ ပေးမယ်၊ အခု အဲ့ဒါလုပ်ဖို့အတွက် စရံအဖြစ် (၃) သိန်းနဲ့ နောက်ထပ် (၇) သိန်းစီ တ ယောက်ကို (၁၀) သိန်းစီရမယ်ဆိုတဲ့ သတင်းတွေက ထွက်လာတယ်။
မှတ်ပုံတင်ရေး မအောင်မြင်လိုက်တဲ့အတွက်ကြောင့် NDF ဖွဲ့တာဖြစ်တယ်။ အဲ့ဒါပိုပြီးတော့ လေးနက်အောင် ပြောမယ်ဆိုလို့ရှိရင် ဒေါက်တာသန်းငြိမ်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ယောက်ဖဖြစ်တယ်။ သူလွတ်လာပြီး နောက်တနေ့မှာ လွှတ်တော်ကိုယ်စားလှယ် (၂) ယောက်က သွားပြီးမေးတယ်။ မေးတဲ့အခါမှာ သူ့ကို နာမည် ကြီး ဆရာဝန်တယောက်ကနေပြီးတော့ ကိုသန်းငြိမ်း ခင်ဗျားယောက်ဖ ဗိုလ်ချုပ်ခင်ညွန့်ကတော့ ဦးသန်းရွှေနဲ့ ပေါင်းသွားပြီလို့ပြောတော့ သူက ဆတ်ဆတ်ခါတယ်။ ချက်ခြင်းကို အကြောက်အကန် ငြင်းလိုက်တော့ ဒီက သွားမေးတဲ့သူတွေက အံ့သြသွားတယ်။
သေသေချာချာ တိတိကျကျ ပြောနိုင်တာက ဒေါက်တာသန်းငြိမ်းရဲ့ မိခင်ဆီကို ဦးခင်ညွန့်တို့စုံတွဲနဲ့ ဒေါက်တာ သန်းငြိမ်းတို့စုံတွဲ မိသားစုတခုလုံးက တပတ်တခါ တွေ့တယ်ဆိုတဲ့ သတင်းက လုံးဝသေချာတယ်။
ဒေါ်စုတို့ဆိုရင် နေအိမ်အကျယ်ချုပ်နဲ့ နေရတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကတော့ လူတွေရှေ့မှာ ပေါ်ပေါ်ထင်ထင် သွားတာ မဟုတ်ပေမယ့်လည်း နေအိမ်အကျယ်ချုပ်မဟုတ်ဘဲနဲ့ ဒီလိုပဲ သွားလာနိုင်ပြီးတော့ ဒေါက်တာသန်း ငြိမ်းတို့အဖွဲ့နဲ့ အတူရှိပြီးတော့ NDF ဆိုတဲ့ နိုင်ငံရေးလှုပ်ရှားတာလို့ ပြောလို့ရတယ်။
အဲ့ဒီတော့ NLD ကို နအဖနဲ့ ပေါင်းဖို့ အားထုတ်ခဲ့တာမှာ NLD ကို ပျက်အောင် အားထုတ်ခဲ့တာ မအောင်မြင် လို့ ဒီ (၅) ယောက်ကနေပြီးတော့ နအဖနဲ့ ပေါင်းပြီးတော့ NDF ဖွဲ့လိုက်တဲ့ကိစ္စ အထင်အရှားပဲဖြစ်တယ်။
ဦးအောင်ရွှေကတော့ ဒီ (၅) ဦးဂိုဏ်းနဲ့ ပါမသွားသေးတာဟာ အသက်ကြီးလို့လား၊ NLD ထဲပဲ ဆက်ပြီးတော့ နေတာဟာ အကြံအစည်ရှိလို့လားဆိုတာ မသိသေးဘူး။ အဲ့ဒါ NDF မှာ တရားဝင် ကြေညာတာတော့ မတွေ့ရ သေးဘူး။ ဒါပေမယ့် ဒီအစီအစဉ်အားလုံးမှာ နအဖနဲ့ ပေါင်းနေတာကတော့ ဦးအောင်ရွှေနဲ့ (၅) ဦးဂိုဏ်းက အ ထင်အရှားပဲ။
တိုင်းပြည်က မသိသေးတဲ့ အဲ့ဒီ NDF ပေါ်လာတဲ့ အဖြစ်အပျက်အမှန်တွေကို တင်ပြတာဖြစ်တယ်။ လောလော ဆယ်သိရတာက ဒေါက်တာသန်းငြိမ်းက စရိတ်ငြိမ်း (၅၀၀၀) ပေးပြီးတော့ (၅) ရက်သင်တန်းခေါ်တယ်ဆိုတာ လည်း ကြားနေရတယ်။ NDF ရဲ့ သဘောအနေအထားဟာ NLD ရဲ့ ကိုယ်ပွားလည်းမဟုတ်ဘူး၊ ဆွဲဆန့်ပါတီ လည်းမဟုတ်ဘူးလို့ ဦးဝင်းတင်က ပြောသလို ဒေါ်အောင်ဆန်စုကြည်ကလည်း သူတို့လုပ်ရပ်ဟာ ဒီမိုကရေစီ လမ်းစဉ်နဲ့ သွေဖီပြီလို့ ပြောလိုက်ပါပြီ။
ဒီထဲမှာ ဦးအောင်ရွှေက ပေါ်တင်မပါသေးပေမယ့်လည်း သူဟာ မှတ်ပုံတင်ရေးအတွက် ချက်ခြင်းပဲ အဆိုတင် သွင်းခဲ့တဲ့သူဖြစ်တော့ အခုသူတို့ (၅) ဦးဂိုဏ်းက မှတ်ပုံတင်ပြီဆိုတော့ ခေါင်းဆောင်ကြီးက ဦးအောင်ရွှေ ဖြစ် ပြီးတော့ (၅) ဦးဂိုဏ်းနဲ့ တစိတ်တည်းတဉာဏ်တည်းဖြစ်တယ်။ သူတို့ရဲ့နောက်မှာ နအဖခေါင်းဆောင်ဟောင်း ဦးခင်ညွန့်ကလည်း ရှိနေတဲ့အခါမှာ သူတို့က နအဖနဲ့ပေါင်းပြီးတော့မှ NLD ကို ပေါင်းရေးမလုပ်နိုင်တဲ့ အဖွဲ့ဖြစ် တယ်လို့ ပြောချင်တာပါ။
ဒီတော့ အန်ဒီအက်ဖ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုဆိုတဲ့ပါတီဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကောင်းအောင် ဘယ်လိုတွေလုပ်မလဲ၊ အဆိပ်ပင်ကို ရေ၀င်လောင်းတဲ့ ဥယျာဉ်မှူးတွေလား ဆိုတာကတော့ မကြာခင် မျက်ဝါးထင်ထင် ရှုစားရတော့မှာ ဖြစ်ပါကြောင်း။
ဖိုးပြောချင်
6 comments:
အရမ်းစိတ်ဝင်စားတယ်ဗျာ---ဒီလူတွေ ကိုယ်တံထွေး ကိုယ် မျိုရဲတယ် ဆိုကထဲက ကျွန်တော်တို့ လုံးဝ အထင်ကြီးစရာ မရှိတော့တာ သေချာပါတယ်---ကိုယ်တိုင်ရေးတဲ့ ရွှေဂုံတိုင်ကြော်ငြာစာတမ်းကို သူတို့ ကိုယ်တိုင် အမှိုက်ပုံးထဲ တည့်ခဲ့တဲ့ Gang of five ရဲ့မူဝါဒတွေဟာ သူတို့ကိုယ်တိုင် ရဲရဲကြီးမစားရဲတဲ့ ဆေးတုတွေဘဲ ဖြစ်မှာပေါ့။ဒီလိုလူတွေ အဖွဲ့ချုပ်မှာ ရှိနေရင် အဆိပ်ပင်တင်ဘယ်ကမလဲ မြွေပွေးခါးပိုက်ပိုက် ဘဲ ဖြစ်မှာပေါ့
လူတိုင်းမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတယ်...မိမိအယူဆပဲ တစ်ယူသန်မှန်နေတယ်ဆိုတာ မဖြစ်သင့်ဘူး...မိမိသဘောထားနဲ့မတိုက်ဆိုင်ပေမယ့် တစ်ဖက်လူရဲ့ ခံယူချက် သဘောထားကို နားလည်ပေးနိုင်ရမယ်...
ဂျောက်ဂျက်ရယ်
အဲဒါဆိုရင် မင်းအဖေတွေကို ၉၀ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ အနိုင်ရသူတွေကို အစိုးရဖွဲခိုင်းလိုက်ပေါ့ကွ ဘာလို့များ ငါမရလို့ ရွေးကောက်ပွဲအသစ်ပြန်လုပ်မယ်ဆိုပြီး ကလိမ်ကကျစ်လုပ်နေရတာလဲ ပြီးတော့ အန်အယ်ဒိထဲက သစ္စာဖောက်တွေကိုလိုက်မွေးနေရတာလဲ မင်းတို့ဘက်မှာ
လုပ်စရာကုန်ပြီလားကွ မကုန်လည်း ကုန်ရတော့မယ်
မင်းတို့အားလုံးအသက်ကုန်မဲ့နေ့ ရောက်လာတော့မယ် ကွ
ကန်တော်ကြီး မှာသွားကမြင်းတဲ့ စစ်ဒေသမူးကြီး အသက်ထွက်ခါနီးပြိလား အမျှ အမျှ အဲဒီနေရာမှာပဲ စစ်ဗိုလ် စစ်သား ရဲ ကြံ့ ဖွတ်များ ကာလနာတိုက်မူများ သာဓု သာဓု
ဆက်ပြိး တိုင်းပြည်ကို ရေသောက်စရာတောင် မ၇ှိအောင်
လုပ်နေတဲ့မင်းတို့တွေလည်း အသေဆိုးတွေနဲ့
သေရမှာမြင်ယောက်သေး။
ဂျောက်ဂျက်ရဲ့  အောက်ဖက်ဆွဲပြီး သေရမဲ့
ပုံကိုလည်း မြတ်ခိုင်ဂျာနယ်မှာ ထည့်ပေးပါမယ်ဌဲ ဌဲဌဲ
ယောင်္ကျားစစ်ရင် ယောင်္ကျားလို တည်တည်တံ့တံ့ရေးပါ...အချောက်တစ်ယောက်လို မရေးပါနဲ့...
Post a Comment