Wednesday, May 12, 2010

စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲ စမယ်

စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲ စမယ်
မောင်ကျောင်းသား

ငါတို့ကိုများ ‘အကြမ်းဖက်သမား’ တဲ့
ထားလိုက်ပါတော့
ကျောင်းသားတွေဘ၀ကနေ သေနတ်ကိုင်လာကြတာ
ဒီလိုတွေ ဘာကြောင့်ဖြစ်လာခဲ့တာလဲ။

ငါတို့ ကြမ်းတမ်းချင်ကြမ်းတမ်းလာလိမ့်မယ်
ရိုင်းစိုင်းချင်ရိုင်းစိုင်းလာလိမ့်မယ်
ငါတို့ အစွန်းရောက်ချင်ရောက်မယ်
ဒါပေမယ့် ငါတို့ မဖောက်ပြန်ဘူး
ငါတို့ တော်လှန်ရေးကို ကျောခိုင်းမသွားဘူး
ငါတို့ဟာ တော်လှန်ရေးကိုပြ လုပ်စားနေသူတွေမဟုတ်ဘူး
ငါတို့ဟာ ဗမာပြည်သူတွေအတွက်
စစ်အာဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်သံနဲ့
နာနာကြည်းကြည်း
ထိထိရောက်ရောက်
ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသူတွေပဲဖြစ်တယ်။

စစ်အာဏာရှင်တွေက ရန်ငါစည်းပြတ်တယ်
ရဟန်း၊ ကျောင်းသား၊ မိန်းမ၊ ကလေး
လူပုဂ္ဂိုလ်မရွေး
ကြမ်းဖို့
ဖမ်းဖို့
သတ်ဖို့ဝန်မလေးဘူး
အချိန်မရွေးဘူး ... နေရာမရွေးဘူး
ငါတို့ပြည်သူတွေ နှစ်ပေါင်းများစွာ အကြမ်းဖက်ခံလာရပြီးသား
ဗမာပြည်ကြီးက ပြည်တွင်းစစ်ဖြစ်နေတာပါ
ထပ်ပြောမယ် ... ဗမာပြည်ကြီးက ပြည်တွင်းစစ်ဖြစ်နေတာပါ။

ငါတို့ပြည်သူတွေ
ထမင်းဝအောင် မစားနိုင်ကြဘူး
ကလေးတွေ ကျောင်းမထားနိုင်ဘူး
ဆေးကုဖို့ ပိုက်ဆံမရှိဘူး
လိုင်းကား မလုံလောက်ဘူး
လျှပ်စစ်မီးမရဘူး
သောက်စရာရေတောင် ရှားပါးလာပြီ
သံလမ်းကြေး … မီးကင်းကြေး
ဘာကြေးညာကြေးတွေလည်းများ
လုပ်အားပေးဆိုပြီးခေါ်မှာလည်း ကြောက်ရ
ပေါ်တာဆွဲမှာလည်း ကြောက်ရ
ကလေးတွေ စစ်သားစုဆောင်းခံရမှာလည်း ကြောက်ရ
စစ်တပ်က မတရားဖမ်းဆီးရင်လည်း ခံရ
မုဒိန်းကျင့်ရင်လည်း ခံရ
ဓားပြတိုက်သလို လုယက်တာမှန်သမျှလည်း ခံရ
ပြည်သူတွေဘ၀က
မြေဇာပင် မဖြစ်ခင်ကတည်းက ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရင်း
ရက်ရက်စက်စက် ပစ်သတ်ခံ ကျဆုံးခဲ့ရသူတွေရဲ့ ၀ိညာဉ်တွေ ...
စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲက
ညှင်းပန်းနှိပ်စက်မှုမျိုးစုံကြောင့် ကျဆုံးခဲ့ရသူတွေရဲ့ ၀ိညာဉ်တွေ ...
တောတောင်တွေထဲမှာ ဒုက္ခမျိုးစုံခံရင်း
ပင်ပန်းဆင်းရဲမှုများစွာနဲ့ သေဆုံး၊ ကျဆုံးခဲ့ရသူတွေရဲ့ ၀ိညာဉ်တွေ ...
မိသားစုတွေနဲ့ သေကွဲရှင်ကွဲ လမ်းခွဲခဲ့ရတဲ့ ဘ၀တွေ ...
မျက်ရည်တွေ ...
ညည်းတွားသံတွေ ...
ကြိမ်းဝါးသံတွေ ...
အရာအားလုံးက ငါတို့ပြုပြင်ပြောင်းလဲဖို့
နည်းလမ်းစုံသုံး တိုက်ပွဲဝင်ဖို့ တောင်းဆိုနေကြတယ်။

စစ်ရေးအရ တန်းတူဖြစ်အောင်မလုပ်နိုင်ရင်
တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး
အနိဋ္ဌာရုံတွေ ကွယ်ပျောက်ဖို့
စစ်ကို စစ်နဲ့ပဲ အဆုံးသတ်နိုင်မယ်
စစ်ပွဲရှိရင် ဘေးထွက်ဆိုးကျိုးရှိမယ်
သေနတ်ပစ်တမ်း ...
လိုက်တမ်းပုန်းတမ်း ကစားနေကြတာမဟုတ်ဘူး ...
အပြစ်ရှိတဲ့ ပြည်သူယောင်ဆောင်နေသူတွေရော
အပြစ်မဲ့ ပြည်သူတွေရော
အနည်းနဲ့အများတော့ ထိခိုက်မှာပဲ
စစ်ပွဲကြာလေ တိုင်းပြည်နာလေပဲ
အကြောက်တရားတွေနဲ့ စစ်ကျွန်ဘ၀မှာနေမလား
ရရာလက်နက်ကိုင်စွဲ အဆုံးသတ်စစ်ပွဲ ဆင်နွှဲမလား
(ခေတ်သမိုင်းကိုက တောင်းဆိုနေပြီ)
ပြတ်သားတဲ့သူတွေ ငါတို့ လက်တွဲမယ်
သွေးကြောင်ရင် (ရိုးရိုးသားသား) ဘေးရှောင်နေလိုက်
မဝေဖန်နဲ့
ရန်သူ့အကြိုက် လိုက်မပြောနဲ့
မဟာမိတ်မူမဖျက်နဲ့
ငါတို့အတွက် စစ်အာဏာရှင်တွေနဲ့ ဒေါက်တိုင်သုတ်သင်ရေးစစ်ပွဲ
နေရာတိုင်းမှာရှိမယ်။ ။

မောင်ကျောင်းသား

5 comments:

ကိုပေါ said...

တကယ်သတ္တိရှိတယ်ဆိုရင်၊ ကိုယ်လုပ်တာကိုယ်မှန်တယ်လို့လည်း ယူဆတယ်ဆိုရင် ကိုယ့်လုပ်ရပ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး တာဝန်ယူရဲသင့်တယ်။

အခုက ပုဆိုးခြုံကြားက လက်သီးပြပြီး မယ်သီလရှင် ဘဲဥပျောက်သလို ဘယ်လုပ်ရပ်ကို ဦးတည် ပြောနေမှန်းမသိ။

ပြည်သူတွေကြားမှာ ဗုံးကွဲတဲ့ လုပ်ရပ်တွေကို ဦးတည်ပြောချင်တာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ရှုတ်ချလိုက်ပါတယ်။

လွတ်လပ်စွာသဘောကွဲလွဲတယ်ဆိုတာ တပါးသူတွေရဲ့ “အခြေခံအသက်ရှင်ပိုင်ခွင့်”ကို ထိပါးလာတဲ့အထိ၊ တရားလက်လွတ်ပြုမူလာတဲ့အထိဆိုရင် လွတ်လပ်စွာ ကွဲလွဲတယ်လို့ မခေါ်နိုင်တော့ဘူး။ ကိုယ့်လွတ်လပ်ခွင့်ကို ထိပါးလာပြီဖြစ်လို့ အဲဒီလိုတရားမဲ့တဲ့ လုပ်ရပ်မျိုးကို နအဖကပဲ လုပ်လုပ်၊ တော်လှန်ရေးသမားအမည်ခံသူတွေကပဲလုပ်လုပ် ဘယ်သူလုပ်လုပ် ဆန့်ကျင်တယ်။ အဲဒီလို တရားလက်လွတ် လုပ်ချင်ရာလုပ်ဖို့ ဘယ်ပြည်သူကမှလည်း လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမထားဘူး။ စစ်အာဏာရှင်စနစ်ကို တော်လှန်တယ်ဆိုတာ အဲဒီလို တရားလက်လွတ် ပြုမူချက်တွေကို မနှစ်မြို့လို့ တော်လှန်တာသာဖြစ်တယ်။ တော်လှန်ရေးသမားအမည်ခံပြီး အခုလို လုပ်ရပ်မျိုးကို စိတ်ကူးတယ်၊ ကြွေးကြော်ဆိုတာ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိသူတွေရဲ့ လုပ်ရပ်သက်သက်ပဲ။

---- said...

ဗုံးခွဲတာ ဘူလဲလို့ ပြန်မေးချင်ပါတယ် မောင်ပေါရယ်။

တကယ်လုပ်တာ မလုပ်တာ အပထားပါဦး။

ရေးထားတဲ့ဖြစ်ရပ်က တကယ်အမှန်ပဲလေ။

စစ်အာဏာရှင်တွေက ရန်ငါစည်းပြတ်တယ်။

နိုင်ငံကို ချစ်ပါတယ်ဆိုတဲ့လူတွေကတော့ ဟိုလိုလို ဒီလိုလို ရန်ငါစည်းလဲမပြတ်ကြဘူး။

သူတော်ကောင်းလိုလို မျက်နှာလိုမျက်နှာရ သိပ်လုပ်ကြတယ်။

လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလဲ မလုပ်ရဲကြဘူး။

ဟိုလူလုပ်နိုး ဒီလူလုပ်နိုး ဟိုမျှော် ဒီမျှော်လဲ သိပ်လုပ်ကြတယ်။

လုပ်ချင်တဲ့လူကို အားမပေးပဲ ဝိုင်းနှိပ်ချင်ကြတယ်။

အမှန်က လုပ်နိုင်တဲ့အခွင့်အရေး အတိုင်းအတာအတွင်း ကိုယ်စီတာဝန်ယူပြီး လုပ်သင့်တာ မှန်သမျှ လုပ်သင့်ပါတယ်။ (တာဝန်ယူစိတ်ရှိကြရင်ပေါ့)

ဟိုဟာလုပ်သင့်တယ် ဒီဟာမလုပ်သင့်ဘူး ဆရာကြီးစိတ်မမွေးကြပဲ. လုပ်သင့်တယ် မှန်တယ်ထင်သမျှ ကျရာနေရာက ကျရာတာဝန်ကို ထမ်းဆောင်သင့်ပါတယ် မောင်ပေါရယ်။ (လေနဲနဲ လျှော့သင့်နေပြီ။)

Warazein said...

နေပါကွာအေးရအေးကြောင်း....

လူသတ်နေတာကိုဘဲ အကြောင်းအမျိုးမျိုးပြပြီးလျှောက် ပြောနေ... ရှက်တတ်ရင်...ရှက်ပြီးသေဖို့ကောင်း တယ်။

ကိုယ့်ဘာသာကိုရိုင်းစိုင်း၊ ယုတ်မာတာကိုဘဲ မဖေါက်ပြန်ဘူးလေးဘာလေးနဲ့ မင်းတို့သတ်တိရှိရင် နေပြည်တော်က မင်းတို့ဆဲနေတဲ့ကောင်တွေသွားသတ် ပါလား... စောက်ကြီးစောက်ကျယ်လျှောက်ပြောနေ တာကတော့ ကြာလေအောက်တန်ကြလေဘဲဆိုတာ သိထားဦးဟေ့... လွဏ်ဆွေလည်းနောက်ဆုံးကြတော့ လူသတ်သမား ကိုယ်စားအသံလွှင့်ပေးနေတဲ့သူဖြစ်နေပြီနော်

ရေကြီး said...
This comment has been removed by the author.
ရေကြီး said...

Warazein
မင်းပြောတဲ့ နေပါကွာအေးရာအေးကြောင်းဆိုတဲ့လေသံကသိပ်မဟုတ်ဘူး သူ့ဘာသာရေချင်ရာရေးပါစေပေါ့ ... မင်း Comment
လျှောက်ရေးပြီးပြောနေတာပဲ အဲ့ဒါကသူများအဆိုကိုလိုက်ဝေဖန်နေတာနဲ့အတူတူပဲ
မင်းကိုယ်တိုင်အဆိုတစ်ခုရေးကြည့်ပါလား
နေပြည်တော်ကကောင်တွေကို မင်းနှမကိုဝိုင်းချမှပဲမင်းကိုယ်တိုင်သွားသတ်တော့ ...
ငါကတော့ အပြောကြမ်းတယ် ...