ကြပ်ပြေး-ကြမ်းပိုး ပေးပို့သည်
၂၀၁၀ မှာ ကြားရဖွယ်ရှိတဲ့ မဲဆွယ်စကားများ
ပါတီတခုက “ကျုပ်တို့ပါတီသာ အာဏာရရင် လျှပ်စစ်မီးကို တနေ့ အနည်းဆုံး (၂) နာရီနဲ့ (၁၀) မိနစ်ရဖို့ အာ မခံတယ်” လို့ ပြောလိုက်ရာ …
နောက်ပါတီတခုက အားကျမခံ “ကျုပ်တို့ကတော့ (၂) နာရီနဲ့ (၁၅) မိနစ် လာစေပါမယ်ခင်ဗျား” လို့ အာမခံ လိုက်သတဲ့ (ဒီ့ထက်ပိုပြီးလည်း ဘယ်သူမှ အာမမခံနိုင်ဘူးကိုး)။
တခါ ကြံ့ဖွံ့ပါတီက “ကျုပ်တို့ပါတီအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လုပ်ပေးသွားမယ်” လို့ မဲဆွယ် တော့ နောက်ပါတီတခုကလည်း “ကျုပ်တို့က တည်ဆောက်ရေးလုပ်ငန်းတွေ သူတို့ထက်တိုးပြီးတောင် လုပ်ပြ ဦးမှာပါ” လို့ လိုက်ပြီး မဲဆွယ်သတဲ့ (ဆွယ်မှာပေါ့ ၀ါးလို့ကောင်းတာ သူတို့လည်း သိတယ်လေ)။
စောင့်လို့သာ နေရစ်ဦး
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကြားအမြင်ရသည်ဟု နာမည်ကြီးနေသော ဘိုးတော်တဦးအား မေးလေသည်။
“ကျနော်တို့ တိုင်းပြည်အကျိုးကို ဆောင်ရွက်လာတာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်တောင် ကြာလာပြီ။ လူ တွေက အခုထိတောင် အကောင်းမမြင်ကြသေးဘူး။ လူတွေ ကျနော်တို့အပေါ် အကောင်းမြင်လာအောင် ဘယ် နှနှစ်လောက် ထပ်စောင့်ရမလဲ”
ထိုအခါ ဘိုးတော်က ပထမ ညာဘက်လက်လေးချောင်းကို ထောင်ပြပြီး ဆက်လက်၍ ဘယ်ဘက်လက်ချောင်း တချောင်းကို ထောင်ပြလေသည်။
ဘိုးတော် လက်ထောင်ပြသည်ကို ကြည့်ပြီး ဗိုလ်ချုပ်မှူးကြီးက “လေးဆယ့်တနှစ်ကြီးများတောင် ထပ်စောင့်ရ ဦးမှာလား” ဟု ထပ်မေးရာ ဘိုးတော်က ခေါင်းကိုခါရင်း ပြန်ဖြေလိုက်သည်ကား “လေးသင်္ချေနဲ့ ကမ္ဘာတသိန်း” ဟူသတည်း။
အရင်အတိုင်းပဲ ဆက်ပြောပါ
ဘောင်းဘီချွတ်ထားတာ မကြာသေးတဲ့ ဦးသိန်းစိန်ဟာ မဲဆွယ်ပွဲ အတွေ့အကြုံမရှိလို့ မဲဆန္ဒရှင်တွေကို ဘယ် လိုဟောပြော မဲဆွယ်ရမယ်ဆိုတာကို မသိတဲ့အတွက် နောက်က ကြိုးကိုင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးကို အကြံ တောင်းသတဲ့။
ဗိုလ်ချုပ်မှူးကြီးက ပြန်ပြောတာကတော့ …
“ဘာမှ စိတ်မပူပါနဲ့၊ ငါတို့ အနှစ် (၂၀) လုံးလုံး ပြောခဲ့တဲ့ မစားရ ၀ခမန်းတွေပဲ ဆက်ပြောကွာ” ပါတဲ့။
မသိလို့ မေးတာလား
ကြံ့ဖွံ့ပါတီကို တရားဝင် မဖွဲ့ခင်ကတည်းက နအဖ၀န်ကြီးများဟာ ရွေးကောက်ပွဲအတွက် ကြိုတင်စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ တရားဝင် မကြေညာရသေးတဲ့အတွက် သူတို့ကို မဲပေးပါလို့ ပေါ် တင်ကြီးလည်း ပြောရခက်နေပါတယ်။
နအဖ၀န်ကြီးတယောက်က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ အမှာစကားပြောကြားတော့ ပထမ သူတို့ရဲ့ ပြည်သူ့အကျိုးပြုဆိုတဲ့ လုပ်ငန်းတွေအကြောင်း အရင်ပြောသွားပြီး နောက်ဆုံးမှာတော့ “လာမယ့်ရွေးကောက် ပွဲမှာလည်း ပြည်သူကို အမှန်တကယ် အကျိုးပြုမယ့်လူတွေကိုပဲ မဲပေးစေလိုကြောင်း” ကိုယ့်ကိုယ်ကိုယ် သွယ် ၀ိုက်ရည်ညွှန်းပြီး ပြောသွားပါတယ်။
ဒါကို လူတယောက်က တကယ်ပဲ မသိနားမလည်လို့လား၊ သိလျက်နဲ့ မေးတာပဲလားမသိ။ ဘေးက လူတ ယောက်ကို “ပြည်သူကို တကယ်အကျိုးပြုမယ့် လူတွေဆိုတာ ဘယ်သူတွေကို ပြောတာလဲဟင်” လို့ မေးနေ တာကြောင့် ဘေးကလူလည်း စိတ်ပိန်ပိန်နဲ့ “ခင်ဗျားပထွေး လိပ်ကြီးက သူ့ကိုယ်သူ ရည်ရွယ်ပြီး ပြောနေတာ ဟေ့” လို့ ပြန်ဖြေလိုက်ပါသတဲ့။ ။
ကြပ်ပြေး-ကြမ်းပိုး
No comments:
Post a Comment