Thursday, May 6, 2010

နွေဦးရောက်ပြီ မြန်မာပြည်

နွေဦးရောက်ပြီ မြန်မာပြည်
လန်ထောင်စပ်စုလေး

“ဟေ့ ... ဘယ်နှစ်နွေတောင် ငါဗလာချည် ငေးနေရဦးမှာလဲ
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီပန်းတွေ ပွင့်ဖို့ ...။

အမိမြေကို ရက်ရက်စက်စက် နင်းချေနေတဲ့ ဒီစစ်ဖိနပ်တွေအောက်
ငါ့ခန္ဓာကို ငါ ကြာရှည်ထိန်းမထားနိုင်တော့ဘူး …။

အကြမ်းဖက်မှုနဲ့ အချိန်ကာလရဲ့ လှုပ်ရမ်းမှုကို ဆန့်ကျင်ပြီး
ငါ့ကလေးတွေအားလုံး ထွက်သွားကုန်ကြပြီ
တချို့က သေလိုသေ၊ တချို့က ပြည်ပမှာ ရုန်းကန်လှုပ်ရှားနေကြရ ...။

ရေတဖန်ခွက်တောင်မှ တွားပြီး သွားယူဖို့ ငါမတတ်နိုင်တော့
နှစ်ရှည်လများ အကျဉ်းကျမှုနဲ့ အဓမ္မလုပ်အားတွေ ပေးနေရလို့၊
အချိန်ကာလကို ဆန့်ကျင်ပြီး မတ်တပ်ထရပ်ဖို့တောင်
ငါ့မှာ အင်အားတွေ မရှိတော့ဘူး ...။”

သို့သော်၊ သို့သော်၊ သို့သော်၊ ...
... ... ... ... ... ...၊
... ... ... ... ... ...၊
... ... ... ... ... ...၊
သို့သော် ...၊
အချိန်ကာလဆိုတာက သူ့ကုထုံးနဲ့ သူ့ဆေးကို
ထာဝရ ယူဆောင်လာတတ်ကြစမြဲလေ၊
ရဲသွေးနီနီ စုပ်တဲ့ ဧရာဝတီမြစ်ကမ်း
(ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ မြစ်ချောင်းအပေါင်း)ရဲ့ ကမ်းပါးများပေါ်က
လျှို့ဝှက်ပုန်းအောင်း သစ်စေ့မျိုးစေ့ အပေါင်းတွေလေ
ကြက်သွေးရဲရဲနီ ပန်းတွေအဖြစ်
သူတို့ တိုးထွက်ပွင့်လန်းလာကြပြီကွ ...။

သူတို့မှာ ကိုယ်ပိုင်နာမည်တွေ မရှိကြ
ဘယ်သူကမှလည်း သူတို့ကိုတွေ့ဖို့ မရှာဖွေကြ
ငါတို့ခေတ်ရဲ့ အလွမ်းဇာတ်နဲ့ ပျက်စီးယိုယွင်းမှုကြားကပေါ့ ...။

(ဒီအချိန်မှာ ...)
ကိုယ့်ကိုယ်ပိုင်အိမ်ထဲမှာ ဆူးခက်တွေဝန်းရံ စောင့်ကြည့်ခံနေရတဲ့
ဖြူစင်သန့်ရှင်း နှင်းပန်းတပွင့်ဟာလည်း
ယာယီအကျဉ်းစခန်းနံရံတွေကြားကနေ
တင့်တင့်တယ်တယ် ကျက်သရေမင်္ဂလာအပေါင်း ပြည့်ထည်စွာနဲ့
(အနီရောင်ပန်းတွေနဲ့အတူ ...)
ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ မတ်တပ်ရပ်နေဆဲပဲ မောင် ...။ ။

လန်ထောင်စပ်စုလေး
(၂-၅-၂၀၁၀)

(U Zakunga NLD LA, India ချီးမြှင့်သော Steps of Nonviolence - အကြမ်းမဖက်မှု၏ အခြေခံအဆင့်များ - စာအုပ်နောက်ကျောပါ မြန်မာ့အရေးကျွမ်းကျင်သူ အိန္ဒိယစာရေးဆရာ၊ ကဗျာဆရာ၊ ကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာ ရာမူမန်နီဝန်နန် (Ramu Manivannan) ၏ Spring in Burma ကို မာန်ပါပါ ရွတ်ဆိုနိုင်အောင် သင့် တော်သလို အပိုဒ်ခွဲ ဖြည့်စွက်လျက် ပြည်တွင်းပြည်ပ အချိန်ကိုက် ပွင့်လန်းခဲ့၊ ပွင့်လန်းဆဲ၊ ပွင့်လန်းလာကြမည့် အညတြ ရဲရဲနီ တော်လှန်ပန်းများအတွက် ဂုဏ်ပြုမြန်မာပြန်ဆိုသည်။)

Spring in Burma

How many springs I must have gazed in vain to
Witness the blossoming of freedom and democracy
In this boots trampled earth
My body can no longer hold together
Against the terror and tremble of time
All my children have gone
Some are dead and others are living in exile
I cannot even crawl to fetch a glass of water
After long years of imprisonment and forced labour
I have no strength to stand up against time
But time does bring its own remedies
Hidden seeds on the banks of blood soaked Irrawaddy
Have blossomed in to scarlet flowers
They neither have any name nor any one tried to find out
Amid the ruins and tragedy of our times
Guarded by thorns in its own home
A pristine white lily stands
Gracefully by the makeshift prison wall

Ramu Manivannan

No comments: