အရိုးစားသူများ
ကိုမွှေး
ကိုမွှေး
ဟေးကောင်ရေ ...
ခွေးကောင်တွေ ဘ၀ပြောင်းတာများ
အခေါင်းတောင် မလိုဘူးကွ။
ခေါင်းပေါင်းတလုံး
ရင်ဖုံးတထည်
တောင်ရှည်တဖုံရှိရင်
အားလုံး ... အဆင်ကိုပြေလို့ ...။
ဝါးရင်းတုတ်ပါတီ
ဖာဆွယ်ပါတီ
မိုက်ကြေးခွဲပါတီတွေနဲ့
မြန်မာပြည်ကို နာဇီတွေ အမွေခွဲတဲ့ပွဲမှာ
မရဲတရဲနဲ့ သွားဖြဲနားဖြဲ ၀ါးမယ့်ကောင်တွေကလည်း
အရှက်ကနည်းနည်း ...
ရပ်ကွက်ထဲက ခွေးဝဲစားတွေလိုပေါ့ ...။
ဒီကောင်တွေဟာ လျှာအရိုးမရှိတဲ့အဖြစ်ကို
ပျစ်ပျစ်နှစ်နှစ် အခွင့်ကောင်းယူနေကြတာပေါ့
ဒီကောင်တွေအတွက် ခွဲစိတ်ကုဆရာဝန်တွေ
တိုင်းပြည်က အများကြီး မွေးထုတ်ပေးဖို့လိုလာပြီ
ဒီကောင်တွေရဲ့လျှာကို အရိုးအစားထိုးကုသဖို့ လိုလာပြီ။
အဲဒီမှာ ထိပ်ပြောင်ရယ်
ဘိတ်ကောင်ရယ်
မကြာခင်မှာ သိပ်ဟောင်မယ့် ဘေးက
ကမ္ဘာလောကကြီးကင်းဝေးဖို့
အရိုးအစားထိုးကုဖို့ လိုလာပြီ။
ဒါက ကျနော့်အမြင်ပါ
မထင်မရှား အမြင်လေးတခုပါ ...။
ဒီမှာဗျာ ...
ထိပ်ပြောင်က မချိသွားဖြဲ ပြုံးတယ်
ဘိတ်ကောင်က ရှက်ရယ်ရယ်တယ် ...။
ပြီးတော့ ဘာမပြော ညာမပြော
နာဂစ်က အရိုးတွေ
ပြည်တွင်းစစ်က အရိုးတွေ
မွဲပြာကျမှုရဲ့အရိုးတွေကို
ပုဆိုးအပြေထဲ ထည့်ထုပ်လာတာ ဖြန့်ချလို့
ကျုပ်ပါလန့်ရလောက်အောင်
သူတို့ပါးစပ်ကို အိမ်သာကမုတ်လောက်ဖြဲဟပြီး
တချောင်းပြီးတချောင်း မြိုချပြလိုက်ချိန်မှာ
ခွဲစိတ်ဆရာဝန်က မချိပြုံးနဲ့
ကဲ ... ကျုပ်မပြောလား ကျုပ်အသိဆုံးပါလို့
ကျုပ်ကို ခနဲ့သွားလေရဲ့ ...။ ။
ကိုမွှေး
3 comments:
I like this poem very much.
ပျစ်ပျစ်နစ်နစ် ကို ထိတဲ့ ကဗျာ------
ကြိုက်တယ်ဗျာ ဒီကဗျာလေး
Post a Comment