Monday, April 19, 2010

ဧရာဝတီ အင်တာနက်စာမျက်နှာမှ NLD ဗဟိုကော်မတီဝင် ဦးခင်မောင်ဆွေ၏ ဆောင်းပါးသို့ တုံ့ပြန်ချက်

အောင်ဆန်းမန်း
(ရေးသူ၏ တုံ့ပြန်ချက် သဘောထားအမြင်သာဖြစ်သည်။)

NLD ခေါင်းဆောင်တဦးအနေနဲ့ ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းကျခံရပြီးတာတောင် မဆုတ် မနစ်သော စိတ်ဓာတ်နဲ့ ပါတီထဲမှာ ပြန်လည်ဝင်ရောက်ပြီး တက်ကြွစွာ လုပ်ကိုင်နေတဲ့ ဦးခင်မောင်ဆွေကို လေးစားပါတယ်။

ဒါပေမယ့် ဦးခင်မောင်ဆွေဟာ ဦးဆောင်ပါတီကြီးရဲ့ ခေါင်းဆောင်တယောက်အနေနဲ့သာမက ဒီနောက်ပိုင်း ကာလတွေမှာ ထိပ်ပိုင်းနေရာကနေ ပါတီနိုင်ငံရေးကို လုပ်ဆောင်နေသူတယောက်ဖြစ်တဲ့အတွက် မူဝါဒပိုင်း မှာ ယိမ်းနွဲ့တတ်သူ မဖြစ်သင့်ပေ။ တိုင်းပြည်လိုအပ်ချက်အရ ပြည်သူ့အကျိုးအတွက် နအဖလမ်းကြောင်းကို လိုက်ပြီး လွှတ်တော်ထဲ ၀င်တိုက်သင့်တယ်လို့ အယူအဆရှိနေခဲ့ရင် ရွှေဂုံတိုင်ကြေညာစာတမ်း စတင်ပြုစုကြ ကတည်းက ထိုအယူအဆရှိနေသူများကို ဦးဆောင်ကာ လိုအပ်ချက်အရ လမ်းကြောင်းပြောင်းလိုလျှင် ပြောင်း သာပြုသာအောင် ထိုစဉ်ကတည်းက ဦးခင်မောင်ဆွေတို့ ကြိုးပမ်းသင့်ပါတယ်။

အခုတော့ ထိုတောင်းဆိုချက်များကို နအဖက တခုမှ မလိုက်လျောရုံသာမက ပို၍ပင်တင်းကျပ်စွာ ချုပ်ကိုင်ဖို့ ကြိုးစားလာတယ်။ အဲဒီလိုအနေအထားမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီအပေါ် သစ္စာစောင့်သိလာသူ လက်ရှိအကျဉ်းကျများကိုပါ ချနင်းရအောင် ချောင်ပိတ်လာတော့မှ လွှတ်တော်ထဲကနေ ၀င်ပြီး ကြိုးစားကြည့်ချင်ပါတယ်လို့ လမ်းကြောင်းပြောင်းမယ်ကြိုးစားရင် ပြည်သူလူထုအကျိုးအတွက် လုပ်ရ တာပါလို့ ဘယ်လိုပဲ အကြောင်းပြ အကြောင်းပြ ပြည်သူလူထုက အမှန်တကယ်လက်ခံပါ့မလားဆိုတာကို မေး ခွန်းထုတ်ရပါလိမ့်မယ်။

ဦးခင်မောင်ဆွေရဲ့ ရေးသားချက်ထဲက အဓိကအချက်တခုမှာ ယခု NLD ရွေးလိုက်သော လမ်းကြောင်းသည် နအဖမှ ကျုံးသွင်းထားသော ထောင်ချောက်ထဲ ၀င်သွားခြင်းဖြစ်သည်ဟု ဆိုလိုထားတာကို တွေ့ရပါတယ်။ ကျ နော့်အမြင်အရဆို လုံးဝကို မှားယွင်းပါတယ်လို့ ဆိုချင်ပါတယ်။ နအဖဟာ အမှန်တကယ်တော့ NLD သာ သူ တို့လိုချင်တဲ့ ပုံစံထဲကို ၀င်လာမယ်ဆိုရင် (အဓိက ခေါင်းဆောင်နဲ့ အောက်ခြေအများစုမပါတဲ့၊ CEC အနည်း ငယ်က ဦး ဆောင်တဲ့ NLD အလံထောင် ၀င်လာခြင်းမျိုးသာဆိုရင်) သေချာပေါက် လက်ခမောင်းခတ်ပါလိမ့် မယ်။ အားကောင်းမောင်းသန်နဲ့ နိုင်ငံရေးအရ အလွန်တက်ကြွတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကိုသာ မပါဝင်စေလိုခြင်းဖြစ်တယ်ဆိုတာ အခင်းအကျင်းနဲ့ နအဖရွှေ့ကွက်များက ရှင်းလင်းစွာ သက်သေခံနေ တယ်။

ဥပမာ ... (၁) - NLD မှ အကျဉ်းကျနေသူ မြို့နယ်စည်း/တိုင်းစည်းများကို ပါတီမူအရ ထည့်သွင်းဖွဲ့လိမ့်မယ်ဆို တာ သိရှိနေပြီးဖြစ်တဲ့အတွက် CC ပြန်လည်ဖွဲ့စည်းခြင်းကို အသာတကြည် ခွင့်ပြုခဲ့တယ်။

(၂) ရွေးကောက်ပွဲဥပဒေများ စတင်ထုတ်ပြန်တဲ့နေ့မှာပဲ NLD ရုံးတွေကို ပြန်လည်ဖွင့်ခွင်ပေးထားခဲ့ခြင်း စတဲ့ မီးစတဘက်၊ ရေမှုတ်တဘက် လုပ်ရပ်များက ကောင်းစွာသက်သေခံနေတယ်။

ဒါကြောင့် အခု NLD ဆုံးဖြတ်ချက်ဟာ ထောင်ချောက်ထဲမ၀င်ရုံမက မကြုံစဖူး ညီညွတ်စွာနဲ့ မိမိပါတီခေါင်း ဆောင်နဲ့ လုပ်ဖော်ကိုင်ဘက်များကို စတေးပြီးမှ လှမ်းရမယ့် ခြေလှမ်းကို တားဆီးနိုင်ခြင်း၊ မိမိ အမှန်တကယ် ဘာပြန်ရနိုင်လဲဆိုတာ ဘာတခုမှ ရေရေရာရာမရှိဘဲ ပါတီဂုဏ်သိက္ခာနဲ့ လောင်းကစားဖို့ကြံတဲ့ အန္တရာယ်မှ တားဆီးနိုင်ခြင်း၊ မိမိပါတီမူဝါဒနဲ့ ပါတီရဲ့နိုင်ငံရေးအသက်ကို နအဖရွေးကောက်ပွဲ တရားဝင်မှုရစေရေးအ တွက် ကိုယ်တိုင်အဆုံးစီရင်လိုက်သလို ဖြစ်သွားမယ့်အရေးမှ ကာကွယ်လိုက်နိုင်ခြင်း ... စတဲ့ မိမိတို့ဘက်မှာ အားသာတဲ့ အချက်များစွာကို ရရှိစေပါတယ်။

ဦးခင်မောင်ဆွေတို့အပါအ၀င် NLD အခုလို ဆုံးဖြတ်တာကို မှားတယ်လို့ ထင်ကြသူများရဲ့ တူညီတဲ့ အခြေခံ အချက်ဟာ Electoral process မှာ ပါဝင်ခွင့်မရှိခြင်းအပေါ်မှာပဲ ရပ်တည်နေကြတာဖြစ်ပါတယ်။ အမှန်တ ကယ်က ထိုဖြစ်စဉ်များတွင် ပါဝင်ခွင့်ဆိုသည်မှာ ပါတီမှတ်ပုံတင်ကာ ၀င်ပြိုင်ရုံတခုတည်းနဲ့ မရပါ။ နအဖမှ ၀င်ခွင့်ပေးသနားပါမှ၊ နအဖက ၀င်ခွင့်ပေးလည်း ပြည်သူက ရွေးပါမှ လွှတ်တော်ထဲရောက်မှာပါ။

NLD ဟာ ဒေါ်အောင်ဆန်းစုကြည်ဆန္ဒမပါဘဲ အတင်းကာရော စိတ်တူရာ အုပ်စုလေးပဲ အတင်းဝင်ကြည့်မယ် ဆိုရင် ပြည်သူတွေက ရွေးချယ်မယ်လို့ ထင်ပါသလား။ လုံးဝ ... လုံးဝ ... လုံးဝ ... တက်တက်စင်မှားပါလိမ့် မယ်။ ကောင်းပြီ၊ ဘယ်လိုဝင်ရင် အရွေးခံရနိုင်ခြေရှိသလဲဆိုတော့ နအဖက ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးဟာ free and fair လုံးဝဖြစ်မယ်ဆိုတဲ့ အာမခံချက် ခိုင်ခိုင်မာမာ ပေးနိုင်တဲ့အခါ (ဥပမာ UN နဲ့ နိုင်ငံတကာစောင့် ကြပ်မှုကို ခံယူမယ်လို့ ကြေညာခြင်း)၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အားလုံးသဘောတူညီချက်နဲ့ ဗျူဟာ ချပြီး ဥပဒေနဲ့ ငြိစွန်းနေသူတွေ ခဏထွက်ပေးပြီး နိုင်ငံအကျိုးအတွက် ဦးစားပေးကာ ကျန်တဲ့ လိပ်ခဲတည်း လည်းဖြစ်နေတဲ့ အချက်တွေ (ဥပမာ-ရွှေဂုံတိုင်) ကို ဘေးဖယ်ပြီး ရွေးကောက်ပွဲဝင်တယ်ဆိုတာကို တိုင်းပြည် နဲ့ ကမ္ဘာကို သေချာချာပြနိုင်ရင်တော့ ထို NLD မှ ကိုယ်စားလှယ်များ နိုင်ခြေရှိပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်လို့ တမင်ရေးရခြင်းမှာ အခုထုတ်ထားတဲ့ ဥပဒေအရ ပါတီများဟာ ကော်မရှင်ရဲ့ထိန်းချုပ် မှုအောက်မှာ လုံးလုံးကို ရှိနေပါတယ်။ တင်သွင်းလာတဲ့ ကိုယ်စားလှယ်များကိုလည်း ကြိုက်သလို ပယ်ခွင့်ရှိနေ ပါတယ်။ အခြေခံဥပဒေအရ အမတ် ၂၀% မှ အဆိုတင်သွင်းလျှင် constitution amendment အတွက် ဆွေး နွေးနိုင်သည်ဟု ဆိုထားသဖြင့် NLD ကို ထိုရာခိုင်နှုန်းထက်ပိုပြီး ကိုယ်စားလှယ်နေရာ မရနိုင်အောင် candi- date nomination လုပ်ကတည်းက စကိုင်နိုင်ပါတယ်။

ဒါ့အပြင် ဗိုလ်သန်းရွှေမိန့်ခွန်းနဲ့ ဥပဒေအချက်တွေအရဆိုရင် ပါတီတွေဟာ နအဖကို စိုးစဉ်းမျှပင် မဝေဖန်ရပါ။ အဲဒါဆိုရင် နအဖကို တချက်မှ confront မလုပ်ရဲတဲ့၊ မတရားတာတွေကို ထောက်ပြခွင့်မရှိတဲ့ ဖြစ်စဉ်ထဲပါနေ တဲ့ ပါတီတွေဟာ တစညပါတီ နှစ်ပေါင်း (၂၀) ကျော်နေလာသလို နေသွားရုံသာရှိတယ်။ အဲဒီလိုဆို ထိုအုပ်စု ထဲ NLD ပါနေခြင်း၊ မပါခြင်းဟာ ဘာမှထူးခြားမှာမဟုတ်ပါ။ နအဖ ကြည့်မရရင် တက်ကြွတဲ့ ပါတီဝင်တွေကို ကြက်ငှက်ဖမ်းသလို ကောက်ဖမ်းလိုက်ပေလိမ့်မယ်။

တစည၊ ဦးသုဝေပါတီ၊ အေးလွင်ပါတီမှ လူများ ထိုသို့အဖမ်းခံရအောင် နေမှာမဟုတ်တဲ့အတွက် ကံဆိုးသူ မောင်ရှင်တွေဟာ NLD သာဖြစ်ပါလိမ့်မယ်။ အဲဒါဆိုရင်ကော မိမိပါတီရပ်တည်ရေးအတွက် ထိုပါတီဝင်တွေကို ပါဆက်လက်ထုတ်ပယ်ဦးမှာလား။ ဟိုးအရင်က NLD ဌာနချုပ်မှာ ထောင်ထွက်ပါတီဝင်တွေကို လက်မခံတုန်း ကပါတီဝင်အများ နာကျင်စွာနဲ့ နားလည်ပေးကြဖူးတယ်။ အခုတကြိမ်မတော့ နအဖခွေးတိုးပေါက်ကို ၀င်ရဖို့အ တွက် မိမိပါတီဝင်များကို ဆက်လက်စတေးဦးမယ်ဆိုရင် ထိုစတေးခံ ပါတီဝင်များသာမက ပြည်သူလူထုကပါ NLD ကို တစညလိုပါတီထက် ပိုမိုမုန်းတီးရွံရှာလာကြပေလိမ့်မယ်။ မယုံရင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်း ငြိမ်းတို့ ပါတီအရိပ်ကထွက်ပြီး သီးသန့်ဝင်ပြိုင်ကြည့်ပါ။ အဖြေကို လက်တွေ့သိရပါလိမ့်မယ်။

ပါတီကြီး အဖျက်ခံရမယ့်အရေးဟာ ပျော်စရာမဟုတ်ပါ။ ဒါပေမယ့် မတရားတဲ့ ဥပဒေတွေနဲ့ဖျက်လို့ ပါတီဆိုတဲ့ အကောင်အထည်အနေနဲ့ ပျက်သွားပေမယ့် ပါတီ့စိတ်ဓာတ်နဲ့ ပါတီ့နိုင်ငံရေးကတော့ ပျက်ပြယ်သွားမှာ မဟုတ် ပါ။ ပြည်သူတွေဟာ တိုင်းပြည်ဒီမိုကရေစီရရှိရေးအတွက် အဲသလို စိတ်ဓတ်ခိုင်မာစွာနဲ့ သိက္ခာရှိတဲ့ သူတွေကို သာ အားကိုးကြပါလိမ့်မယ်။ မိမိသိက္ခာကို ချနင်းကာ လွှတ်တော်ထဲ အတင်းတိုးဝင်သွားကြသူတွေကို အားကိုး လိမ့်မည်မဟုတ်ပါ။

ဒီနေရာမှာ အမှန်တကယ်ပင် လွှတ်တော်တွင်းမှာ တခုခုလုပ်နိုင်မယ်လို့ ယုံကြည်ပြီး ပါတီအသစ်ထောင်ကာ ၀င်ကြမယ့် တိုင်းရင်းသားပါတီတွေနဲ့ အခြားမျိုးချစ်ပုဂ္ဂိုလ်များကိုတော့ ချွင်းချက်အနေနဲ့ ပြည်သူတွေက နား လည်ပေးချင်ပေးပါလိမ့်မယ်။ ဥပမာတခုပေးချင်တယ်။ ရွာလေးတရွာက မိသားစုတစုရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်တဲ့ သူကြီးဖြစ်သူကို ရင်ဆိုင်ဖို့ အားမရှိသေးခင်မှာ အကိုကြီးလုပ်သူက သူ ကြီးအပါးနေ၊ ခိုင်းရာလုပ်ရင်း အကွက်ချောင်းနေမယ်။ အကွက်ရတာနဲ့ သူကြီးဆီကနေ ပိုင်ဆိုင်မှုတွေကို ပြန် ရအောင်လုပ်မယ်ဆိုပြီး သိက္ခာမရှိတဲ့ အလုပ်တွေကို ခိုင်းတဲ့အတိုင်း အကုန်လုပ်နေရတယ်ဆိုရင် အကိုဖြစ်သူ ကို ကြည့်ပြီး ညီ၊ ညီမငယ်များက စိတ်ချမ်းသာကြမှာမဟုတ်ပါ။ နောက်ဆုံး သူကြီးပေးတဲ့ ကမ်းတဲ့ အမဲရိုးသာ သာလောက်နဲ့ ကျေနပ်သွားပြီး ညီ၊ ညီမများအရေး ထည့်မတွက်တော့ရင် အကိုကြီးကို အဲသလို လုပ်ခွင့်ပြု လိုက်တဲ့ ညီ၊ ညီမတွေမှာ ပိုင်ဆိုင်မှုတွေ ပြန်မရတဲ့အပြင် အကိုဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရလို့ ဖွတ်မရဓားမဆုံး၊ မိအေးနှစ်ခါနာအဖြစ်ကို ရောက်ရပါလိမ့်မယ်။

၂၀၁၀ ကိုတော့ NLD အနေနဲ့ အခြေအနေကိုစောင့်ကြည့်ရင်း မိမိအင်အားကို စုစည်းထားလျက်နဲ့ပဲ Observer အနေနဲ့သော်လည်းကောင်း သို့မဟုတ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ Civil society များ အနေနဲ့သော် လည်းကောင်း ဖြတ်ကျော်ရဖို့များပါတယ်။ ဒါဟာ ပြဿနာမဟုတ်ပါ။ နအဖရဲ့ ကြံ့ဖွတ်ဖြစ်တည်လာသလို အ လားတူဖြစ်စဉ်မျိုးကို ဒီတခါ NLD က လုပ်သင့်ရင်လုပ်ရပါလိမ့်မယ်။ အခုလို ညီညွတ်တက်ကြွနေတဲ့ အုပ်စုကို တနည်းမဟုတ် တနည်းနဲ့ ကွန်ယက်ချိတ်ပြီး လှုပ်ရှားနိုင်အောင် လုပ်ဖို့ပဲလိုပါတယ်။ ၂၀၁၀ ပြီးတာနဲ့ တကယ့် NLD အင်အားတွေကို ပြန်စုနိုင်အောင် အဆင်သင့်ပြင်ထားရပါလိမ့်မယ်။ သိက္ခာရှိတဲ့ လွှတ်တော်အပြင်က အ ဖွဲ့အစည်းကြီးအနေနဲ့ တရားဝင်ရပ်တည်ခွင့်ကို မတရားတဲ့ ၂၀၀၈ အခြေခံဥပဒေမှာပင် ခွင့်ပြုထားပါတယ်။ နှစ် ပေါင်းများစွာ ပေးဆပ်စွန့်လွှတ်လာခဲ့ပြီးမှ နအဖညစ်ကွက်ကြောင့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့လို ပုဂ္ဂိုလ်များ တွေဝေပြီး လမ်းကြောင်းပြောင်းမသွားဘဲ ဆက်လက်ပြီး ညီညွတ်စွာ NLD ရဲ့အင်အားများအဖြစ် ရပ်တည်သွားနိုင်ပါစေ။

မှတ်ချက် ။ ။ အချို့သော မြန်မာလူမျိုး နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူမျိုးခြား Prof. Joseph Silverstein လောက်မျှပင် မတွေးနိုင် မမြင်နိုင်ကြတာ အံ့သြစရာပါ။

အောင်ဆန်းမန်း

3 comments:

kyaw said...

ကိုက်ကြကွ...နအဖ ပျော်ရအောင် :)

Unknown said...

စစ်ခွေးကျွေးတဲ့အရိုးအယွင်း ကိုက်နေတဲ့ကောင်ကများ ပြောရတယ်ရှိသေး ၀ါး ဟား ဟား ဟား ဟား

Unknown said...

ဩော်..အပေါ်မှာ ခွေး၂ကောင် စောစောစီးစီး မန့်သွားပါလား..၂ကောင် စလုံးက မျိုးမစစ် နာမည်တွေချည်းပဲ