Thursday, April 29, 2010

မောင်လွမ်းဏီ - ရိုးမပေါ်မှာ အိပ်ပါစေ

ရိုးမပေါ်မှာ အိပ်ပါစေ
မောင်လွမ်းဏီ

ကောဇာသက္ကရာဇ် ခုနှစ်ဆယ့်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင့်တဆယ်
ရိုးမစွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။

လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီးတယောက်ပါ။

ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ်၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။

ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ်နေဆဲလား။

ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့ဦးလေကွာ။

ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ၊ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊
သင့်ရဲဘော်တို့၊ ကဗျာအလံ
တ၀က်ထူလွှင့်နေပြီကော ...။ ။

(ရဲဘော် ရေးဖော် ငြိမ်းလူသို့ ...)

မောင်လွမ်းဏီ
၂၉ - ၄- ၂၀၁၀

2 comments:

---- said...

ကိုငြိမ်း...ရေ...အမျှအမျှအမျှ...ကျနော်တို့ကို တာဝန်တွေလွှဲခဲ့ပြီလားဗျာ...မျက်ရည်ကျခဲ့ရပါပြီ...။

ဘုန်းကျော်(လူ့ဘောင်ချစ်)

Unknown said...

သူ့ ကိုယ်သူ ဖြစ်သလို နေတတ်ပေမယ့်  အများအတွက် ကျတော့အရမ်းအနစ် နာခံ ပေးတတ်တယ်။ မိသားစုဝင်ထဲက အကို ကြီးတယောက် ဆုံးရှုံး လိုက်ရ ပြီ။ ယူကြူံး မရ ဖြစ်ရပါတယ်။

( မိချိုဦး)