တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
ကျွန်ုပ် တရားစခန်းဝင်နေ၏။ ကိစ္စအရပ်ရပ်အား အနုလုံပဋိလုံရှုရင်း မြတ်ဘုရား၏ ဆိုဆုံးမမှုများကို နှလုံးသွင်း ကာ ဆရာတော်ဘုရားကြီး၏ ဘ၀ဖြစ်တည်မှု စက်ဝိုင်းဆီ မနောညွှတ်ကာ မျက်ဝန်းအစုံအား ခေတ္တပိတ်နေ လိုက်၏။ အော် ... ချမ်းသာလေစွတကား။ ငါမရှိ၊ သူမရှိ၊ အရာဝတ္ထုမရှိ၊ ပေါ့ပါးလွတ်လပ်မှုတွေနှင့် စိတ်အစဉ် သည် မြတ်တရားတွင် မွေ့လျော်ယဉ်ပါးလျက် ...။
တိန် ... ... ...။
ဟ ... သောက်ခွေး ... ဘယ်ခွေးမသားလဲဟ။
ကျုပ်က တရားမှတ်နေတာ ရုတ်တရက်ကြီး တိန်ကနဲ အီးမေးလ်ဝင်လာတော့ လန့်တာပေါ့လို့ ...။
သို့ကလိုနှင့် ၀င်လာသော အီးမေးအား ဖတ်ကြည့်လိုက်သည်တွင်တော့ ... ... ...
ဦးခင်ဇော်ဝင်း ရေးသားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ါရင့်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ဖြင့် ဆွေးနွေးချက်ဟူသော ခေါင်းစဉ်ဖြင့် ဧပြီလ (၇) ရက် နေ့စွဲပါ ဆောင်းပါး သို့မဟုတ် စာတမ်းဖြစ်နေပါတော့သည်။
အင်္ဂလိပ်လို ရေးသားသဖြင့် ခင်ဇော်ဝင်း ဖတ်စေချင်သောသူများမှာ မြန်မာစာတတ်စရာမလိုသူများဟု နား လည်၍ရပါသည်။ တနည်းအားဖြင့် ရဟန်းရှင်လူ ပြည်သူလူထုနှင့် တပ်မတော်သားများအား စာဖတ်သူအနေ ဖြင့် ရည်ရွယ်ရေးသားထားသည့်ပုံမပေါ်ပါ။
၎င်း၏ဆွေးနွေးချက်ကို ခေါင်းစဉ်ငယ် (၇) ချက်ဖြင့် ရေးသားထားပါသည်။
ထိုအချက်များအား လေ့လာသုံးသပ်ရမည်ဆိုလျှင် ပထမဆုံး ခေါင်းစဉ်ငယ်အောက်မှ ဆွေးနွေးချက်သည်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက် မည်သို့ဖြစ်ပေါ်လာပုံဟု ဖြစ်ပါသည်။
မတ်လ (၂၂) ရက် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးပွဲတွင် အောင်ဆန်းစုကြည် သူ့ရည်ညွန်းချက် (ASSK) အနေဖြင့် ကွဲပြားသော ဆုံးဖြတ်ချက်များအား မလိုချင်ဟုဆိုလိုထားသည်။ ဗဟိုဦးဆောင်ကော်မတီ၏ အမြင်မှာမူကား ဤဆုံးဖြတ်ချက်သည် ဦးအောင်ရွှေနှင့် အောင်ဆန်းစုကြည် (ထိုကဲ့သို့ ဆုံးဖြတ်ခွင့်အား အ စောပိုင်းကတည်းက နှင်းအပ်ပြီးဖြစ်) တို့အနေဖြင့် ဆုံးဖြတ်သင့်သည်ဖြစ်သည်။ ယင်းအမြင်အား ဒေါက်တာ တင်မျိုးဝင်းမှ အောင်ဆန်းစုကြည်ထံ ပုံမှန်ဆေးစစ်မှုပြုလုပ်ရန် သွားရောက်တွေ့ဆုံသည့်အချိန်တွင် အသိပေး တင်ပြရမည်ဖြစ်သည်။
သို့သော်ငြားလည်း (၂၃) ရက်နေ့ တွင် ဉာဏ်ဝင်းက အောင်ဆန်းစုကြည်အား သွားရောက်တွေ့ ဆုံခဲ့သည်။ သူ့ အနေဖြင့် ပြီးခဲ့သောနေ့မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အား အောင်ဆန်းစုကြည်ကို အသိ မပေးရန် (လျှို့ဝှက်ထားရန်) ဖြစ်သည့်အစား ဗဟိုကော်မတီတရပ်လုံးအပေါ် သြဇာသက်ရောက်ခဲ့သော အောင်ဆန်းစုကြည်၏ မှတ်ချက်ကို ပြန်လည်သယ်ဆောင်လာခဲ့သည်။
မတရားသည့် ဥပဒေအာက်တွင် သူ့အနေဖြင့် တွေးတောင်မတွေးဆိုသည်မှာ အောင်ဆန်းစုကြည်၏ ပြောဆို ချက်ဖြစ်၏။ ပါတီ၏ ဦးဆောင်မှုကို မျက်ကွယ်ပြုခေါက်ထားကာ ဉာဏ်ဝင်းက အောင်ဆန်းစုကြည်၏ မှတ် ချက်အား သတင်းနယ်ပယ်သို့ အရောက်ပို့ခဲ့၏။ အောင်ဆန်းစုကြည် ဖြည့်စွက်သည်မှာကား မည်သို့ပင်ဖြစ်စေ ကာမူ သူ့အနေဖြင့် (၂၉) ရက်နေ့တွင် ရရှိလာသော ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမည် ဖြစ်သည်ဟုဖြစ်၏။
သို့သော်လည်း အစည်းအဝေးတွင် ဆိုးဝါးသည့် မှတ်ချက်က ဆုံးဖြတ်ချက်အပေါ် ကြိုတင်သြဇာသက်ရောက် ခဲ့ပြီးဖြစ်၏။ အဖွဲ့ဝင်အနည်းငယ်မျှသာ သတ္တိပြောင်ပြောင်ဖြင့် ပါတီအနေဖြင့် ဆက်လက်တည်ရှိနေသင့်၍ ပြန် လည်မှတ်ပုံတင်ရန် တင်ပြခဲ့ကြ၏ (ဗဟိုဦးဆောင်ကော်မတီဝင်များအနေဖြင့် စကားပြောခွင့်အား ပိတ်ပင်ခံခဲ့ ရပါသည်)။
အောင်ဆန်းစုကြည် ဘာလိုချင်သည်ကို အောင်ရွှေ သိနှင့်ပြီးဖြစ်သဖြင့် သူ့အနေဖြင့် မဆန့်ကျင်ခဲ့ပေ။ သူ့အနေ ဖြင့် အောင်ဆန်းစုကြည်၏ ဆန္ဒများအတိုင်း လိုက်နာမည်ဆိုသည်မျှသာ ပြောခဲ့၏။ ပျော့ပျောင်းကြောင်းကျိုး ဆီလျော်မှုရှိသည့် အဖွဲ့ဝင်များက အောင်ဆန်းစုကြည်၏ ထင်မြင်ချက်အား ပါတီ၏ဆုံးဖြတ်ချက်မချခင် မကြေ ညာခဲ့သင့်ဟု ခါးသီးစွာ ပြောဆိုကြ၏။ အခြားရပ်ဝန်းမှ ပြောဆိုသည်ကမူ လူငယ်အဖွဲ့ဝင်တို့၏ အမြင်နှင့် တောင်းဆိုချက်များက ထိုကိစ္စရပ်နှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရေးကို ပိတ်ပင်ခဲ့သည်ဟုဖြစ်၏။
ထို့ကြောင့်တဖန် နောက်ဆုံးအကြိမ် ဖြစ်ဖွယ်ရှိသည့် ခေါင်းဆောင်လုပ်သူ၏ စိတ်ခံစားမှုသည် လေးနက်လက် တွေ့ကျလှသည့် ဆုံးဖြတ်ချက်ချခြင်းကိုလည်း သက်ရောက်အောင်မြင်သွားခဲ့ပြန်၏။
“နှစ်ပေါင်းနှစ်ဆယ် ခါးသက်ခက်ခဲတဲ့ အလုပ်တွေ ပြီးတဲ့နောက်မှာ ခုတော့ ငါတို့ဟာ ခေါင်းမရှိသူတွေပဲ”
မှတ်ချက် ။ ။ မည်သည့်စကားဟု ခင်ဇော်ဝင်းမှ ဖော်ပြမထားပါ။
ထို့နောက် ဦးခင်ဇော်ဝင်း၏ ဒုတိယခေါင်းစဉ်ငယ် ပြီးဆုံးခဲ့သောအခါ ဆိုသည့်အပိုင်းဖြစ်ပါသည်။
ပြီးဆုံးခဲ့သောခါ ...
ပြီးခဲ့တဲ့ တနင်္လာနေ့ ဧပြီ (၅) ရက်နေ့က ဗဟိုဦးဆောင်ကော်မတီရဲ့ စည်းဝေးပွဲတခုလုပ်ခဲ့တယ်။ စာရွက်တွေ ဖြန့်ခဲ့ကြတယ်၊ တခုကတော့ ပြည်သူကို ၀န်ချတောင်းပန်တာဖြစ်ပြီး အခြားတခုကတော့ ပါတီပြန်လည်တည် ဆောက်ရေးဖြစ်ပါတယ်။ (အုန်းကြိုင်နှင့် ဟံသာမြင့်တို့ မူကြမ်းရေးခဲ့တာဖြစ်) အဲဒီထဲမှာ ပါတာကတော့ အ ထက်အောက်တည်ဆောက်ပုံကို ဒေါက်လိုက်တည်ဆောက်တဲ့ ပုံစံနဲ့ အစားထိုးဖို့ဖြစ်ပြီး ပျော့ပျောင်းကြောင်း ကျိုးဆီလျှော်မှုရှိတဲ့ အဖွဲ့ဝင်တွေအမြင်ကတော့ မြေအောက်လုပ်ငန်းအတွက် ဖုံးကွယ်မှုတခုသာဖြစ်သဖြင့် ပယ်ချခဲ့ကြပါသည်။ သူတို့အနေဖြင့် မြင်သည်ကမူ ဌာနချုပ်ရဲ့အတည်ပြုမှုနဲ့ လုပ်ကိုင်နေသလိုဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် မေလ (၆) ရက်နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှိတော့မှာမဟုတ်ပါဟု သူတို့က ပြောခဲ့ကြပါသည်။ အကယ်၍ တင်ပြသူများအနေဖြင့် တာဝန်ယူမည်ဆိုလျှင်မူ သူတို့ဘာသာ သူတို့ဆက်လက် လုပ်ကိုင်နိုင်သည်ဟု ဖြစ်ပါသည်။
လူမှုလုပ်ငန်းများဆီသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဦးတည်နေသည်ကိုကား ခင်ဖျင်းဖျင်း လုပ်ရပ် တခုဟု ကျနော်တို့ မှ သဘောတူပါသည်။ ဆိုရမည်ဆိုလျှင် ရည်ရွယ်ရာ အသိုင်းအ၀န်းများနှင့် တကယ့်အလုပ် ကိုလုပ်နေသော လူမှုလုပ်ငန်းအဖွဲ့အစည်းများ အားလုံးသော ပတ်သက်သူများအပေါ် ဆိုးကျိုးသက်ရောက်မှု များ ရှိလာပါလိမ့်မည်။
တဖန် ဦးခင်ဇော်ဝင်း၏ ခေါင်းမာသူများနှင့် သူတို့၏ ရပ်တည်ချက် ဆိုသည့်အပိုဒ်မှာ ...
ခေါင်းမာသူများနှင့် သူတို့၏ ရပ်တည်ချက်
ထိုသူများသည် လေးဦးဂိုဏ်းဟုသိရှိလာရသည့် ၀င်းတင်၊ ဉာဏ်ဝင်း၊ အုန်းကြိုင်နှင့် ဟံသာမြင့်တို့၏ ဦးဆောင် မှုကို ခံယူသည်။ ထိုသူများအနေဖြင့် အထက်ဆီးရခဲ့ပြီးပြီဟု ထင်မြင်ရသည်။ ၀င်းတင်က ဦးတင်ဦးနှင့် အောင် ဆန်းစုကြည်အား ဗဟိုချက်မအနေဖြင့် ၀န်းရံအလုပ်လုပ်ကြ၊ နယ်များတွင်ရှိသော အစုအဖွဲ့များ ပိုမိုတက်ကြွ သင့်ကြသည်ဟု ဟစ်ကြွေး၏။ သို့သော် ၄င်းကိုယ်တိုင်ကမူ တုတ်တုတ်မျှမလှုပ်။ နိုင်ငံခြားမှ များပြားသော ရန်ပုံငွေများ လက်ခံရရှိနေသော်လည်း ပါတီသို့ သူက အပ်နှံခြင်းမရှိ။ တက်ကြွလှုပ်ရှားသူများထဲမှ တဦးအား ငွေကြေးထောက်ပံ့မှုဖြင့် ဆွဲချက်တင်ခံရသည်ကို ဖော်ပြခဲ့ပြီးဖြစ်၏။ (မည်သည့်နေရာတွင် ဖော်ပြသည်ကိုပြော မထား) ၀င်းတင် (WT) နှင့် ထိုအုပ်စုကတော့ အလွန်အန္တရာယ်ကြီးမားသော လမ်းကြောင်းကိုရွေးချယ်တော့ မည်ဖြစ်၏။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း အောက်ပါကဲ့သို့ ...
အောင်ဆန်းစုကြည်
ပထမဆုံးအနေဖြင့် ၀ါကြီးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များက အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်တာကို ကျနော်တို့ ရရှိလာတယ် (ဒီလိုဖြစ်လာမှာကို နှစ်ပေါင်းများစွာကတည်းက ကျ နော်ကကြိုမြင်ခဲ့ပြီးသား ခင်ဇော်ဝင်းအရေး)။ အောင်ဆန်းစုကြည်ဟာ အိမ်တွင်းထိန်းသိမ်းခံရတဲ့ အနေအ ထားကိုအလွန့်ကို အသာတကြည်လက်ခံသည်ဟု သူတို့ကမြင်ကြ၏။ ကျမကို အိမ်ထဲမှာပဲထား ဉာဏ်ဝင်းက တဆင့် အလုပ်လုပ်နိုင်တယ်ဟု ပြုမူနေသယောင်တောင်ထင်ရ၏။ အောင်ဆန်းစုကြည်ဟာ အခွင့်အရေးကို အသုံးချဖို့ အပြင်ကိုထွက်ဖို့ မကြိုးစားခဲ့သည့်အစား သူ့ကိုယ်သူပင် ဉာဏ်ဝင်း၏ ခြယ်လှယ်မှုအောက်တွင် နေ ထိုင်နေ၏။
မှတ်ချက်များ
“ဒီဆုံးဖြတ်ချက်နဲ့ ငါတို့ကို သူက ပစ်ထားလိုက်ခဲ့ပြီ”
“အောင်ဆန်းစုကြည်မှာ ဘာရပ်တည်ချက်မှ မရှိတော့ဘူး”
“ငါတို့က ခုတော့ ရေဆန်ကို လှန်ကူးနေရပြီ၊ လိုအပ်လာရင် ငါတို့ အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရမယ်”
အောင်ဆန်းစုကြည်ဟာ ၀င်းတင်ကို မျက်ကန်းယုံကြည်မှုနဲ့ ပုံအပ်ပြီး ခေါင်းမာသူတွေကို သူဘက်မှာ ထား လိုက်ပြီ။ အောင်ဆန်းစုကြည်ဟာ နအဖရဲ့ထောင်ချောက်ထဲ ထပ်ဝင်ပြန်ပြီ။ အောင်ဆန်းစုကြည်ဟာ မကြာခင် သူ လွတ်လာတော့မယ်ဆိုတာ သိရက်နဲ့ ယက်တောကိစ္စကို သိသိကြီး အဖြစ်ခံခဲ့တယ်။ အောင်ဆန်းစုကြည် ဟာ မြန်မာပြည်သူလူထုအတွက် လုံးဝမစဉ်းစားဘူးဆိုတာ ပြလိုက်တာပဲ။ သူတို့တွေ အောင်ဆန်းစုကြည်ကို ထပ်ပြီး မျှော်လင့်ချက်ကြီးနဲ့ စောင့်နေမှာမဟုတ်တော့ဘူး။
အနာဂတ်ကို ဦးခင်ဇော်ဝင်းတို့ ဆွေးနွေးပွဲမှ ရှုမြင်ရာ ...
ရှေ့ကကြိုတဲ့လမ်း
ပါတီသစ်တခုကို စဉ်းစားနေပြီ။ အဲဒီမှာ ပါတီတခုရှိရမယ်။ ပြည်သူ့အကျိုးစီးပွားနဲ့ အခွင့်အရေးကို ကာကွယ် မယ့်ပါတီဖြစ်မယ်။ ပါတီသစ်ကြေညာချက်ကို မေလ (၆) ရက်နေ့မတိုင်ခင် မကြေညာဘူး။ ဘာကြောင့်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်ရှိနေသေးလို့ ဖြစ်ပါသည်။
တသီးပုဂ္ဂလ လွှတ်တော်အမတ်ရဲ့ အတိုင်းအတာက အလွန်အကန့်အသတ်ရှိတယ်။ သူတို့ရဲ့ပူးပေါင်းဆောင် ရွက်မှုနဲ့ အတိုင်အဖောက်ညီမှုဟာ အားနည်းချိနဲ့နေမယ်ဖြစ်ပြီး သူတို့ဟာ ရှေ့မှာကြိုရှိနေတဲ့ အရေးကြီးတဲ့ ထု နဲ့ထည်နဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။
ဦးခင်ဇော်ဝင်း တင်ပြသော ဦးခင်မောင်ဆွေ၏ အမြင်
ခင်မောင်ဆွေ ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းတဲ့ ရွေးချယ်စရာ (၃)ခု
ပါတီသစ်
တသီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်ခြင်း။ ငွေသိပ်မကုန်ဘဲ တော်တော်များများက လုပ်ချင်နေတဲ့လမ်းကြောင်း အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်တည်ရှိဖို့ အင်မတန် ပါးမျှင်သည့် အခွင့်အရေးတခုဖြစ်သည်။ ပါတီသစ် ကိုကေဒါပါတီအနေဖြင့် စတင်ပြီး အနည်းဆုံး (၃) နေရာ ၀င်ပြိုင်မည်။ အောင်ဆန်းစုကြည် ပါတီတွင်းပါဖို့မပါဖို့ က အပရိက ကိစ္စမရှိ။ အကယ်၍ မိမိတို့ကလုပ်လိုလျှင်တောင် အလွဲသုံးမှုဖြင့် အတိုက်ခိုက်ခံရလိမ့်မည်။ ဒေါက် တာဝင်းနိုင်၊ ဦးသိန်းညွန့်နှင့် အခြားသူများ ပါဝင်သော ဗဟိုကော်မတီကို အမြုတေအဖြစ်ဖွဲ့မည်။ ငွေကြေး နောက်ခံသည် အရေးကြီးသည်။ သို့သော် ပါတီဖွဲ့ရန် ဆုံးဖြတ်ချက်သည် ပထမဦးစားပေးဖြစ်ရမည်။ အဲဒီပါတီ မှာအောင်ဆန်းစုကြည်မပါလို့ လူထုက မဲမပေးဘူးဆိုတာကတော့ ဖြစ်နိုင်ခြေမရှိဘူး။
၎င်း၏ ကိုယ်ပိုင်မှတ်ချက်များမှာကား ...
ကျနော့်မှတ်ချက် (ဦးခင်ဇော်ဝင်း)
အမေရိကန်အသံရဲ့ ဒီမနက်က ဆွေးနွေးပွဲမှာ ကျနော်ပါခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆွေးနွေး လာသူနှစ်ယောက်က သူတို့ပါတီ ပြန်လည်မှတ်ပုံမတင်ဘူးဆိုတာဟာ သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက် ဖြစ် တယ်လို့ ကြေညာပါတယ်။ ကျနော်က ပြောတယ်၊ အိုကေ ဒါပေမယ့် အဲဒါဟာ ယိုင်နဲ့နေတဲ့ ပြည်သူလူထုကို စွန့်ခွာတာလည်းဖြစ်တယ်။ သန်းပေါင်းများစွာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၁၉၉၀ ခုနှစ်မှာ မဲပေး ခဲ့ပြီးပြီလို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
ကောင်းပြီ။ ဦးစွာပထမ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ကျနော့်အနေနဲ့ မအံ့သြပါဘူး။ အချို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ အမူအကျင့်ဟောင်းတွေအတိုင်းပဲ ပြုမူနေတာဖြစ်ပါတယ်။ ဒီတကြိမ်ကတော့ သူတို့ရဲ့ ပတ်စာခွာဖျာမလိပ်ခင် ဖြေဖျော်မှုပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းက တကယ့်ကို လေး နက်တဲ့ လူတွေအတွက်ကတော့ အားလုံးသော ဆိုးရွားတဲ့ အစိတ်အပိုင်းတွေရဲ့ နှစ်ပေါင်းနှစ်ဆယ်လုံး အစွယ် တငေါငေါနဲ့ နှောင့်ယှက်မှုတွေရဲ့ ၀န်ထုပ်ဝန်ပိုး လျော့သွားတာပဲလို့ ကျနော်က ပြောရပါလိမ့်မယ်။ နောက်ဆုံး မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ခဲ့ပြီးပြီ အဲဒီအတိုင်းပဲရှိစေတော့။ ခုချိန်ကစပြီး ကျနော် တို့ဟာ တကယ့်လုပ်ငန်းတွေကို အာရုံစိုက်နိုင်ကြပြီ။
အသစ် သို့မဟုတ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအတ္တဘာဝ မှာနေရာတခု ထိုက်တန်ပါတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ် (အဲဒီပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာမည် သုံးနိုင်ခြေမရှိပေမယ့် အဲဒီပါတီဟာ အောင်ဆန်းစုကြည်လွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သက်ရောက်မှုပဲဖြစ်ပါတယ်) အဲဒီပါတီဟာ ၀င်ရောက်ယှဉ်ပြိုင်မှုကို လိုလားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေအတွက် ပျော်ဝင်စည်းကပ် ညီညွတ်တသားတည်းဖြစ်စေအောင် သယ်ဆောင် မယ့် ယာဉ်တခုဖြစ်ပါတယ်။
အဲဒီပါတီရဲ့ချဉ်းကပ်မှုက “မပါဝင်လိုသူတွေရဲ့ အခွင့်အရေးကို ငါတို့အသိအမှတ်ပြုသလို သူတို့ကလည်း ပါတီ သစ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုတဲ့ ငါတို့ရဲ့ဆန္ဒကို အသိအမှတ်ပြုလေးစားသင့်တယ်”။ ဒီနေရာမှာလည်း အောင် ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဆိုးဝါးတဲ့ အပြုအမူတွေ ရှိမှာမဟုတ်သလို အောင်ဆန်းစုကြည်ရဲ့ ကောင်းချီးပေး မှုကိုတောင် တောင်းခံပါလိမ့်မယ်။ သို့ဖြစ်သော်ငြား အောင်ဆန်းစုကြည်ထံက မပတ်သက်ကြောင်း မဆိုင် ကြောင်း ဆိုတဲ့အရာတွေ ဖြစ်လာပါလိမ့်မယ်။ အန္တရာယ်ကတော့ အောင်ဆန်းစုကြည်နဲ့ ခေါင်းမာတဲ့သူတွေက ပါတီသစ်ကို ဆိုးရွားစွာ ရှုမြင်လာနိုင်ခြင်းဖြစ် ပါတယ်။ အဲသလိုဖြင့် အားလုံးဆုံးရှုံးခြင်းပဲ ဆက်လက်တည်တံ့ နေမှာဖြစ်ပါတယ်။
နိုင်ငံတကာက ကောင်းမွန်တဲ့ ဆန္ဒရှိသူတွေကို ကျနော့်အနေနဲ့ ကမ်းလှမ်းချင်တာကတော့ အောင်ဆန်းစု ကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒတွေကို လေးစားခဲ့သလို ပါတီသစ်ရဲ့အဖွဲ့ဝင်တွေဟာလည်း အဲဒီ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ဘယ်လိုအနေအထားမျိုးနဲ့မှ သူတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သစ္စာ ဖောက်သူတွေလို့ တံဆိပ်မကပ်သင့်ပါဘူး။ ခုလိုအလှည့်အပြောင်းမှာ ထောက်ခံမှုဟာ အင်မတန် အရေးပါလှ ပါတယ်။
ဒီပါတီသစ်ဟာ ကြံ့ဖွတ်ရဲ့အောင်ပွဲနဲ့ အများစုကြီးရဲ့ကြားမှာ အခရာကျလှပြီး ပိုမိုပြီး ဒီမိုကရက်တစ်ဆန်တဲ့ ရလဒ်တွေကို ရရှိလာနိုင်ပါတယ်။ ဒီပါတီဟာ အကောင်းဆုံး မျှော်လင့်ချက်၊ လေးနက်တည်ကြည်တဲ့ ကတိက ၀တ်၊ သင့်လျော်ပြီး လိုက်လျောညီထွေ အစွမ်းအစရှိတဲ့ ဒီမိုကရက်တွေ ပါလီမန်ထဲရောက်ရှိခြင်းနဲ့ ဒီမိုကရက် တစ်တိုင်းပြည် တည်ထောင်မှုတို့ဖြစ်ဖို့ဖြစ်ပါတယ်။
နအဖအတွက် မေးခွန်းများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကျောခိုင်းထွက်ခွာနေပြီ ဒါပေမယ့် ကြံ့ဖွတ် ရှုံးနေနိုင်သေးတယ်။ သန်း ရွှေရဲ့ အကြံနဲ့ စီမံကိန်းကတော့ စစ်တပ်ကိုယ်စားလှယ် သမ္မတဖြစ်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရ လဒ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်တာတောင် သူလိုချင်သလို ဖြစ်မလာခဲ့ရင် သန်းရွှေက ရလဒ်များ ကိုလေးစားပြီး အကောင်အထည်ဖော်မှာလား။ တရုတ်နဲ့ အာစီယံခေါင်းဆောင်တွေအနေနဲ့ ဒီမေးခွန်းကို သန်း ရွှေကို မေးသင့်တယ်လို့ ခံစားရပါတယ်။
နောက်ဆုံးမတော့ ဒီမိုကရေစီကို ပြန်မိတ်ဆက်ပေးခြင်း၊ နိုင်ငံနဲ့ နိုင်ငံ့အရည်အသွေးကို ပြန်တည်ဆောက်ခြင်း ပြီးတော့ ပြည်သူလူထုဘ၀တွေကို ထွန်းကားအောင်လုပ်ခြင်းတွေ ဖြစ်ရပါမယ်။
စကားချပ် - ကျနော့်အနေဖြင့် ကယ်ဆယ်ရေးကုမ္ပဏီထောင်ပြီး လုပ်ငန်းလုပ်သင့်ကောင်းရဲ့။ သင့်အမြင်နှင့် မှတ်ချက်များအား ကြိုဆိုပါသည်။
ဤတွင် ခင်ဇော်ဝင်း၏ စာတမ်းပြီး၏။
***********************
ကျွန်ုပ်အနေဖြင့် မည်သည့်မှတ်ချက်မျှပေးရန်ပင် မလိုအပ်တော့သဖြင့် ဟိုက် ... ဟာ ... ဟင် ... အို ဟုပင် အာမေဋိတ် ထွက်ပြစရာအကြောင်းမရှိတော့ပါ။
အဘယ်ကြောင့်ဟူမူ ဦးခင်ဇော်ဝင်း၊ ဦးသုဝေတို့နှင့် မြန်မာ့အတင်းသတ်မကွ စည်းဝါးရိုက်ကာ ထိုင်းနိုင်ငံသို့ ထွက်လာပြီးနောက် ရှင်းလင်းပွဲများလည်း ပြုလုပ်ပြီးဖြစ်ပါသည်။ ဦးခင်မောင်ဆွေတို့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်အပေါ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသည့် သစ္စာကြေညာ ရွှေပေလွှာကြီး ဘဇာနှင့်တူသနည်း ဟူမူ အနှစ်နှစ်ဆယ်ကျော် ပေါင်းသင်းလာပြီးကာမှ “မိန်းမရေ မင်း သွေးမဆုံးမချင်း၊ ကင်ဆာဖြစ်လို့များ သား အိမ်မထုတ် နို့မဖြတ်ရမချင်း ကိုကိုတုတ်ကြီးတို့က သစ္စာရှိမှာပါ” ဟု ပြောသယောင်နှင့် တူလွန်းလှပေ၏။
ဦးခင်ဇော်ဝင်းကတော့ တရုတ်၊ အာစီယံဖောက်သည်များကို “ရွာထဲ အသစ်ကလေးလာတော့မယ်၊ ပေါက်ဖော် တို့ရေ အားပေးဖို့ လက်မနှေးကြပါနဲ့ခင်ဗျ” ဟုဆိုသော ရှေးသရောအခါက ဆူးလေဘုရားလမ်းမပေါ်တွင် လွယ်အိတ်ကလေးတလုံးနှင့် (မည်သည့် ကဗျာဆရာ၊ စာရေးဆရာမှမဟုတ် ပြည်တွင်းမှလည်းမဟုတ် ပြည်ပ ထွက်လာသူများထဲမှလည်းမဟုတ် အတိအကျမဟုတ်၊ အမှန်မဟုတ်၊ လုံးဝမဟုတ်၊ မဟုတ် ဆိုမှမဟုတ်) ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြသော ဖာဆွယ် ဖာခေါင်းများနှင့် တူသေးတော့၏။
လေးစားလောက်ဖွယ် အတိသစ္စာရှင်ကြီးများ၏ နိုင်ငံရေးနောက်မီးလင်းမှုကို မြင်ရတွေ့ရသည်မှာကား တုတ် ကြီးအလောင်းအလျာ နုစဉ်ကာလက လက်ဖက်ရည်ဆိုင်ထိုင်ရင်း မိတ်ကပ်အဖွေးသားနှင့် အခြောက်ချင်း လင်လုသည်ကို မြင်ရသည်နှင့် တူနေသေးတော့ဟု ဖြစ်ပါလေတော့သတည်း။
ထိုနည်းနှင်နှင် ဧရာဝတီ၊ မဇ္ဈိမ ၊ ဗွီအိုအေနှင့် သတင်းဌာနများကို ကိုင်တွယ်ကာ စည်းကိုက်ဝါးကိုက် တီးဝိုင်း တိုက်နေသူများ၏ အဖြစ်ကိုလည်း ပြုံး၍ နားလည်လိုက်မိပါသည်။ ဘာတဲ့ ... ဧရာဝတီက ငနဲများက သူတို့ထံ ဆဲစာမရောက်လျှင်ပင် မနေတတ်တော့ဟူသတတ်၊ ဆြာကျော်ဇံသာကလည်း ထိုနည်းလည်းကောင်း ... ... ...
ဒီတော့ ဇာတ်မင်းသားကြီး (ဦးတင်မောင်လား၊ မြို့တော်ဦးသိန်းအောင်လား မမှတ်မိတော့) ၏ သီချင်းလို ထို နည်းလည်းကောင်း ... ထိုနည်းလည်းကောင်း စီးပွားရေးအခြေအနေမကောင်းလို့ ဖမ်းကာ မြွေရောင်း ထိုင်ဖြီး လိုက်ပါသည် ပေါ့လကွယ်။
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
မှတ်ချက် ။ ။ ဦးခင်ဇော်ဝင်း၏ စာအား တတ်နိုင်သမျှ အတိအကျ ဘာသာပြန်ထားပါသည်၊ သို့ပေသည့် ကျွန်ုပ် တုတ်ကြီးသည် ကျွဲကျောင်းသူ ပညာရှင် မဟုတ်သကဲ့သို့ ဘိလပ်ကျောင်းများတွင် ဂုဏ်ထူးဝိသေသများစွာဖြင့် ဓမ္မာစရိယဘွဲ့ ရထားသည့် ကိုယ်တော်လည်း မဟုတ်ပါသောကြောင့် စာဖတ်သူအနေဖြင့် ဆလံပေးရန်မလို အာမင်အော်ရန်မလိုပါ။
Sunday, April 25, 2010
အာကျယ်ဖာဆွယ်နှင့် ရှောက်သီးတတင်း နောက်မီးလင်းသူများ
Subscribe to:
Post Comments (Atom)
2 comments:
အခုလိုလူအများ သိခွင့်ရတဲ့အတွက် ကျေးဇူးပဲ ကိုတုတ်ကြီး....
အစကတည်းက သူလုပ်တဲ့ ရွေးကောက်ပွဲကို ပွဲစည်စေချင်လွန်းလို့၊ နိုင်ငံတကာကအသိအမှတ်ပြုစေချင်လွန်းလို့ နအဖဟာ NLD မပါပါအောင်နည်းမျိုးစုံနဲ့ဆွယ်ခဲ့တယ်၊ မပါဖို့လဲဆုံးဖြတ်လိုက်ရော၊ NLD မပါတဲ့ သူ့ရွေးကောက်ပွဲနိင်ငံတကာမှာမျက်နှာပန်းလှအောင် နည်းမျိုးစုံ သုံးဖို့ကြိုးစားနေပြီ၊
အခုလဲ နိုင်ငံတကာ ကိုသတင်းစကားပါးဖို့ ဒေါက်တာခင်ဇော်ဝင်း ကိုအသုံးချပြန်ပြီ၊
ဒီ စာရဲ့သတင်းစကား message ကို အင်္ဂလိပ်လိုဖတ်တတ်တဲ့ သူတွေဆီပဲအဓိကရောက်စေချင်ပုံရတယ်၊ဒါကြောင့်လဲ မြန်မာလိုမရေးခိုင်းဘဲ အင်္ဂလိပ်လို ရေးခိုင်းတာဖြစ်နိုင်တယ်၊ နားလည်သလိုပြောရရင် ဒီ message သတင်းစကားကတော့ -
- NLD ကဝင်မပြိုင်ဖို့ဆုံးဖြတ်ပေမဲ့ NLD ပါတီထဲကအစိတ်အပိုင်းတွေက
ပါတီနာမည်အသစ်တစ်ခုနဲ့ဝင်ပြိုင်ကြလိမ့်မယ်၊
- အဲဒီပါတီသစ်ဝင်ပြိုင်ရင်ဒေါ်စုကလဲ ထောက်ခံလိမ့်မယ်၊
- ဒါကြောင့်မို့ ဒီ၂၀၁၀ရွေးကောက်ပွဲကို ( NLD ဝင်ပြိုင်ဘိသကဲ့သို့) နိုင်ငံတကာက ထောက်ခံကြဖို့ဖြစ်တယ်၊
နအဖ ဟာ ပြည်တွင်းမှာသူ့ကိုဘယ်သူမှမလှန်နိုင်ဘူးလို့ယူဆပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းဖို့ မကျိုးစားပေမဲ့၊ လက်နက်နဲ့ အနိုင်ကျင့်ပြီးဖြေရှင်းလို့မရတဲ့ ပြည်ပဖိအားကို တော့ တခြားနည်းမျိုးစုံသုံးပြီး လျှော့ချနိုင်ဖို့ ကျိုးစားနေတာတွေ့ရတယ်၊
နအဖ ဟာ ဘာနဲ့တူသလဲဆိုတော့ ရောဂါဖြစ်နေတာကိုပျောက်အောင်ကုဖို့မကျိုးစားပဲ ပတ်ဝန်းကျင်ကမသိအောင် ဖီးလိမ်းချယ်သပြီး ရောဂါလက္ခဏာကိုဖုံးဖိနေတဲ့ ရောဂါသည်နဲ့တူတယ်၊ ဒီလိုနည်းတွေသာဆက်သုံးနေရင် တချိန်မှာ ရောဂါကျွမ်းပြီး ပြန်လမ်းမရှိတော့မှာသေချာတယ်
ဒါပေမဲ့ ရွေးကောက်ပွဲဆိုတဲ့ ဆေးမြီးတိုသာအောင်မြင်သွားရင် အခိုက်အတန့်ရောဂါသက်သာသွားနိုင်ပါတယ်၊ နအဖ ရဲ့ ရွေးကောက်ပွဲကိုမထောက်ခံရင် ရွေးကောက်ပွဲမဖြစ်ခင်မှာ ဆန့်ကျင်ကြရမယ်၊ ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ဟာ ရွေးကောက်ပွဲမတိုင်မီဟာအချိန်ကောင်းပဲ၊
Post a Comment