Wednesday, April 21, 2010

ဒေါက်တိုင်ဖြို မြို့ပြပြောက်ကျားစစ်ပွဲများ စပြီလော

ရွှေသန်း
(စာဖတ်သူများ တွေးဆဆင်ခြင်နိုင်ရန် တင်ဆက်လိုက်ရပါသည်။ ရေးသူအာဘော်သာဖြစ်သည်။)

စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတွေ ထွက်ပေါ်လာပြီး သတ်မှတ်ရက် (၆၀) ဆိုတာအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က မှတ်ပုံမတင်ဘူးလို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သလို သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ သင်္ကြန်ရက် (၃) လုံးဆက် ဗုံးပေါက်ကွဲမှုကြီးနဲ့ မြစ်ဆုံရေကာတာစီမံကိန်းရုံး (အေးရှားဝေါလ်ဒ်) ဗုံးပေါက်ကွဲမှုတွေဟာလည်း ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတော်အာဏာကို မတရား သိမ်းပိုက်လုယူထားတဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုအောက်မှာ ဗုံးပေါက် တယ်ဆိုတာ ဆန်းတော့တဲ့ ကိစ္စမဟုတ်ပေမယ့် ခုသင်္ကြန်အကြတ်နေ့ ရန်ကုန် (ကန်တော်ကြီး) ဗုံး (၃) လုံး ဆက်ကွဲမှုကတော့ အတော်လေးကို အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ သင်္ကြန်ရက်အတွင်း ဖြစ်တာ ကြောင့်ရော၊ သာမန်ပြည်သူတွေကြားမှာ ဖြစ်တာလို့ စစ်အုပ်စု ၀ါဒဖြန့်ချိရေးယန္တရားကနေလွှင့်တဲ့ သတင်းဆို တာတွေကို သံယောင်လိုက် အမျိုးမျိုး ဝေဖန်နေကြသူတွေကြောင့်ရော၊ အဖြစ်မှန် အခြေအနေမှန်ကို ကြားသိ တွက်ဆမိသူတွေ၊ လက်နက်ကိုင်တော်လှန်ရေးဆိုတာကို ခြေခြေမြစ်မြစ် နားလည်ပြီး ရန်ငါစည်းပြတ်သူတွေ ရဲ့ထောက်ခံမှုတွေကြောင့်ပါ တနိုင်ငံလုံး၊ တကမ္ဘာလုံး အမှန်အမှား ငြင်းကြပြောကြရင်း ဟိုးလေးတကျော်ဖြစ် လာခဲ့တာပါ။

“ခုလို ကပ်ဆိုက်နေတဲ့ တိုင်းပြည်မှာ ဒုက္ခဆင်းရဲတွေကြားကနေ လွတ်မြောက်အောင် မကြိုးစားဘဲ သင်္ကြန်ဆိုတာမျိုး ခေါင်းစဉ်တပ် အပျော်အပါးနောက် လိုက်နေတာမျိုးတွေ၊ အာဏာပိုင်တွေနဲ့ သူတို့သားသမီး မိသားစုတွေကြား သွားလာပြီး ကိုယ့်ဖို့ပဲကိုယ်သိသူတွေအတွက် ဒီလိုအနိဌာရုံတွေ ထပ်ထပ်ပြီး တွေ့လာရတော့မှာပါ။ ဖောက်ပြန်တဲ့ စစ်အုပ်စုရှိနေသမျှ စစ်ပွဲတွေ ရှိနေဦးမှာပါ။ တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး။ လပြည့်နေ့မရှိဘူး။ တောတွင်း မြို့ပေါ် ခွဲခြားမှုမရှိဘူး။ အချိန်တိုင်း၊ နေရာတိုင်း တိုက်ပွဲတွေ ရှိနေနိုင်တဲ့အတွက် ပြည်သူလူထုတရပ်လုံး သတိရှိနေကြဖို့လိုတယ်ဆိုတာကို ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူနိုင်ကြမယ်လို့ထင်ပါတယ်”

ဒီလိုသတင်းမျိုးကို ဝေဖန်ရေးလုပ်တဲ့အခါမှာ အမှန်က ဘာလဲ၊ ဘယ်သူတွေက လုပ်တာလဲ၊ ဘာကြောင့်လုပ် တာလဲ သေချာဆန်းစစ်ဖို့တော့ လိုပါတယ်။ ထင်ကြေးနဲ့ ကြားရသလောက်နဲ့ ရမ်းဝေဖန်တာမျိုး မဖြစ်သင့်ပါ ဘူး။ တပ်ဆင်နေရင်း ကိုယ့်လက်ထဲမှာ ကွဲနိုင်တဲ့ ဘေးအန္တရာယ်ရှိသလို မိသွားပြန်ရင်လည်း သေသည်အထိ နှိပ်စက်ညှင်းပန်းမှုမျိုးစုံခံရပြီး သေဒဏ်အမိန့်နဲ့ ထောင်ထဲမှာ အသတ်ခံရမယ့်ရက် ထိုင်စောင့်နေရမှာမျိုးကို အ ကြမ်းဖက်သမား နာမည်ခံပြီး အားအားယားယား ဘယ်သူမှ အကြောင်းမဲ့လုပ်မှာ မဟုတ်ပါဘူး။

စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ သေဆုံးသူတွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေလို့ တွင်တွင်သုံး ထားတာတွေ့ရပြီး သူတို့အာဏာပိုင်အဖွဲ့အစည်းနဲ့ မဆိုင်သယောင် ဖော်ပြထားပါတယ်။ တကယ်တမ်း သေ ဆုံးသူတွေနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူတွေကို လေ့လာကြည့်တဲ့အခါ အများစုက အာဏာပိုင်အ ဖွဲ့အစည်းကလူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဖြစ်စဉ်မှန်ကို စုံစမ်းကြည့်တဲ့အခါမှာ ခုဗုံးပေါက်ကွဲတဲ့ X20 (SPECIAL ONE) မဏ္ဍပ်က သန်းရွှေအချစ်တော် မြေးလေး ဖိုးလပြည့် ကစားဖို့ ဆောက်ခိုင်းထားတဲ့ မဏ္ဍပ်ဖြစ်ပြီး သန်းရွှေက စိတ်မချလို့ ပြည်လမ်းက တေဇ မဏ္ဍပ်ဘေးကို CHANNEL-5 ဆိုတဲ့ နှစ်တိုင်း သူပေးနေကျ နာမည်နဲ့ ရဲလုံခြုံရေး တပ်ရင်းလိုက်ချပြီး ပြောင်း ကစားစေခဲ့တာပါ။

ဒါပေမယ့် X20 (SPECIAL ONE) မဏ္ဍပ်မှာ သန်းရွှေမြေးသာ မပါတော့တာ ရေကစားသူအများစုဟာ စစ် အုပ်စုခေါင်းကြီးပိုင်း သားသမီးတွေ အများစုဆိုတာ တွေ့ရပါတယ်။ ဖိုးအေး အပါအ၀င် ဖိုးလပြည့် ခေါ် နေရွှေ သွေးအောင်ရဲ့ သူငယ်ချင်းတွေ အများစုဖြစ်ပါတယ်။ ၁၄-၄-၂၀၁၀ နေ့က ဖိုးလပြည့်ကိုယ်တိုင် ညနေ (၃) နာ ရီကျော်မှာ လာရောက်ရေကစားခဲ့လို့ ဗိုလ်မှူးကြီးကိုယ်တိုင် အောက်ခြေမီးသတ်၊ မော်တော်ပီကယ်တွေ လုပ် တဲ့ အလုပ်မျိုးကို ယူနီဖောင်းကြီးတကားကားနဲ့ ကလေးကလား ဆင်းလုပ် ဖားယားပြနေရတာကို တွေ့ရပါ တယ်။ စစ်ဒေသမှူးကြီးနဲ့ ရဲမြို့နယ်မှူး၊ မယက ဥက္ကဌတတွေ ပြာယာခတ်နေမှုက X20 (SPECIAL ONE) မဏ္ဍပ်ဟာ အာဏာပိုင် သားသမီးတွေ၊ ပြည်သူတွေဆီက မတရားရယူထားတဲ့ ငွေတွေကိုဖြုန်းဖို့ နေရာတခုဆို တာ အထင်အရှားဖြစ်စေပါတယ်။

အဲဒီတော့ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်နဲ့ စစ်အုပ်စုရဲ့နှလုံးသွေး၊ ရင်နှစ်သည်းချာ သားသမီးရတနာလေး တွေနဲ့ သူတို့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေကို ဦးတည်တိုက်ခိုက်မှုဖြစ်တယ် ဆိုတာ ထင်ရှားလာပါတယ်။ စစ်အုပ်စုက သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချိရေးအတွက် လုပ်တာမျိုး ဒီတခါတော့ မလုပ်ပါဘူး။

သေတဲ့ ဒဏ်ရာရတဲ့သူတွေထဲမှာ သာမန်ပြည်သူတွေပါတယ်ဆိုပေမယ့် တကယ်တမ်းအများစုက စစ်အုပ်စု အာဏာပိုင်တွေနဲ့ ရဲ၊ မီးသတ်၊ ရယက၊ မယက၊ ကြံ့ဖွတ်တွေပါ။ လုံခြုံရေးယူထားတဲ့ ကြားထဲကို လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ပြီး တိုက်ခိုက်မှုပါ။ ဗုံးရှင်းလင်းရေးသမားတွေ ရောက်လာမှ ခွဲဖို့လုပ်ထားပုံရတဲ့ (မိသွားတဲ့) အ ပြင်းစား ရီမုတ်ကွန်ထရိုးနဲ့ ဗုံးတွေသာ စောစောခွဲခဲ့ရင် ပြည်သူတွေ ဒီ့ထက်ပိုထိခိုက်မှာပါ။ ခုဟာက ပြည်သူ ထိတယ်ဆိုတာ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးအဆင့်ပဲရှိပါတယ်။

ပြည်သူလူထု ထိခိုက်တယ်ဆိုတာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် စစ်အာဏာရှင်လက်ထက်မှာ ဒီလိုအနိဌာ ရုံတွေဟာ မဆန်းတော့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတဲ့ ပြည်သူ တွေ၊ ဒီပဲယင်းမှာ ဗလာချီ ရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ၊ ၂၀၀၇ စက်တင်ဘာမှာ သတ်ဖြတ်ခံခဲ့ရ တဲ့ သံဃာတွေ၊ ကျောင်းသားပြည်သူတွေ၊ မတရားသဖြင့် နှိပ်စက်မှုတွေကြောင့် အကျဉ်းထောင်အသီးသီး၊ ရဲ ဘက်စခန်းအသီးသီးမှာ လူမသိသူမသိ သေခဲ့ရသူတွေ၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ စစ် တပ်ရဲ့ ရွာထဲလက်နက်ကြီးနဲ့ ပစ်၊ ရွာလုံးကျွတ် မီးရှို့၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေကြောင့် သေခဲ့ရတဲ့ ပြည်သူ တွေ၊ မပြည့်စုံတဲ့ စားဝတ်နေမှုဘ၀တွေမှာ တဖြည်းဖြည်း အဟာရချို့တဲ့ပြီး သေခဲ့ရတဲ့ ပြည်သူတွေ၊ လုံ လောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့၊ ဆေးမကုနိုင်လို့ မသေသင့်ပဲ သေခဲ့ရတဲ့ ပြည်သူတွေ များလှပါ ပြီ။ (နာဂစ်မုန်တိုင်းတိုက်ချိန်မှာ အာဏာတည်မြဲရေးကိုပဲ ဦးစားပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကိုပဲ အာရုံစိုက်နေလို့၊ ကယ်ဆယ်ရေးမလုပ်လို့ ပြည်သူတွေသိန်းချီသေခဲ့တာ ဘာမှမကြာသေးပါဘူး)။

ခုလို ကပ်ဆိုက်နေတဲ့ တိုင်းပြည်မှာ ဒုက္ခဆင်းရဲတွေကြားကနေ လွတ်မြောက်အောင်မကြိုးစားဘဲ သင်္ကြန်ဆို တာမျိုး ခေါင်းစဉ်တပ် အပျော်အပါးနောက် လိုက်နေတာမျိုးတွေ၊ အာဏာပိုင်တွေနဲ့ သူတို့သားသမီး မိသားစု တွေကြား သွားလာပြီး ကိုယ့်ဖို့ပဲကိုယ်သိသူတွေအတွက် ဒီလိုအနိဌာရုံတွေ ထပ်ထပ်ပြီး တွေ့လာရတော့မှာ ပါ။ ဖောက်ပြန်တဲ့ စစ်အုပ်စုရှိနေသမျှ စစ်ပွဲတွေ ရှိနေဦးမှာပါ။ တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး။ လပြည့်နေ့မရှိ ဘူး။ တောတွင်းမြို့ပေါ် ခွဲခြားမှုမရှိဘူး။ အချိန်တိုင်း၊ နေရာတိုင်း တိုက်ပွဲတွေ ရှိနေနိုင်တဲ့အတွက် ပြည်သူလူထု တရပ်လုံး သတိရှိနေကြဖို့လိုတယ်ဆိုတာကို ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူနိုင်ကြမယ်လို့ ထင်ပါတယ်။

ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာဖြစ်မလဲလို့ အထိတ်ထိတ် အလန့်လန့်နေရတဲ့ ဘ၀မျိုးကလွတ် အောင်၊ ငြိမ်းချမ်းရေးရှိအောင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြ၊ ပြည်သူ့အစိုးရပေါ်ထွန်းရေး ကြိုးစားကြ။ ။

ရွှေသန်း

32 comments:

Unknown said...

(တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး။ လပြည့်နေ့မရှိ ဘူး။ တောတွင်းမြို့ပေါ် ခွဲခြားမှုမရှိဘူး။ အချိန်တိုင်း၊ နေရာတိုင်း တိုက်ပွဲတွေ ရှိနေနိုင်တဲ့အတွက် ပြည်သူလူထု တရပ်လုံး သတိရှိနေကြဖို့လိုတယ်)
ဒါနဲ့ပဲ တော်လှန်ရေးသမားကြီးတွေက သင်္ကြန်မှာ ဖောက်ခွဲလိုက်တယ်ဆိုတာကို ၀န်ခံလိုက်တာလား။ ;)

Unknown said...

မင့်ဖင်ထဲလဲ ဗုံးဝင်လာဦးမယ် ဂျောက်ဂျက် :)

ဟောင်းနွမ်းတဲ့အဆောက်အအုံတွေ ဖြိုဖျက်ဖို့၊ ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ဖို့၊ သွေးမုန်တိုင်းတိုက်ခတ်ပြီဟေ့၊ ဟေးးးးးးးးးး မုန်တိုင်းကိုဂုဏ်ပြုကြ ကမ္ဘာသစ်ကိုဖန်တီးပါ၊ ဟေးးးးးးးးးး
မုန်တိုင်းမှာပျော်ပါးကြ အင်အားတွေစုစည်းပါ၊ သွေးမုန်တိုင်းတိုက်ခတ်ပြီဟေ့ သွေးမုန်တိုင်းတိုက်ခတ်ပြီဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Unknown said...

ဒေါက်တာလွဏ်းဆွေဟာ စောက်ရူးတစ်ယောက်ပဲ၊ သင်္ကြန်တွင်း ဗုံးပေါက်မှုကို ပြည်သူအများစုက ရွံ့ရှာမုန်းတီး နေချိန်မှာ အတိုက်အခံက ခွဲတယ်ပုံစံ
ရေးထားတဲ့ ဒီဆောင်းပါကို ဖော်ပြရဲတယ်။ ဒေါက်တိုင်ဖြို
ဖို့ တခြားနည်း မရှိဘူးလား၊ အကြမ်း မဖက်ရဘူးလို့
တော့ မဆိုလိုပါဘူး၊ အများစုရဲ့ ဘာသာရေး ပွဲလမ်းသဘင် နေ့ကြီးမှာ ဗုံးခွဲတယ်ဆိုပြီး ခွဲတယ်လူကို
မုန်းတီးနေချိန်မှာ စောက်ရူးထပြီး ဒီဆောင်းပါးကို ဖော်ပြတယ်။ လွဏ်းဆွေရေ ...
မင်း စောက်ရူးထတာ အကြောင်းမဟုတ်ဘူး၊ တခြား
နိုင်ငံရေးနယ်ပယ်က လူတွေပါ နာမည်ပျက်တယ်၊
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးတော့ ပုပ်တော့မှာပဲ။

YTN said...

ဟုတ်ပ.. လွဏ်းဆွေ စောက်ရူးထတာက နဲနဲကိုမဟုတ်ဘူး.. တော်တော်လေးကို စောက်ရူးထတာ.. တင်ထားတဲ့ ဒေါ်စုပုံမှ အားမနာဘူး.. ဦးနှောက်မရှိတဲ့ ချီးဘရိန်းကောင်ပဲ

Jiro said...

တော်လှန်ရေးသမားတွေနေပြည်တော်မှာဖောက်ပါလားဒါဆိုရင်။သေသွားတဲ့အထဲမှာလူကြီးသားသမီးဘယ်နှယောက်ပါသွားလို့လဲ?ပြည်သူတွေပဲသေတာလေ။အစိုးရဝန်ထမ်း၂ယောက်၃ယောက်လောက်သေတာနဲ့ပြည်သူအယောက်နှစ်ဆယ်ကျော်သေပီး၁၀၀ဝန်းကျင်လောက်ဆေးရုံရောက်ပီးသေမလိုဖြစ်အောင်လုပ်တာကတော်လှန်ရေးလား?လူအချင်းချင်းကိုယ်ချင်းမစာမပြောနဲ့။သေသွားတဲ့ပြည်သူတွေရဲ့မိသားစုတွေအဲဒီနေ့ကဘယ်လိုတွေခံစားနေရမယ်ဆိုတာတွေကိုမြင်ပီးရင်မင်းသိသွားလိတ်မယ်။လုပ်ရပ်ကအစိုးရကိုတော်လှန်တာမဟုတ်ဖူးပြည်သူတွေကိုတော်လှန်နေတာ။

Unknown said...

နင်တို့ ဒေါက်တာလွဏ်းဆွေရဲ့ စေတနာကို နားမလည်ကြဘူး။ ခွဲတဲ့သူက ဘယ်သူဘယ်ဝါမှန်းမသိ ခွဲနေကြပြီဆိုတော့ သူက နင်တို့ မသွားသင့်တဲ့နေရာ မသွားအောင်၊ မပေါင်းသင့်တဲ့လူနဲ့ မပေါင်းအောင်၊ ရှောင်နိုင်ရှားနိုင်အောင် သတိဝိရိယကြိုရှိကြစေချင်လို့ စေတနာနဲ့ ဖော်ပြပေးတာနေမှာ။ ငါတော့ ဒီလိုပဲသဘောပေါက်တယ်။ အေးလေ နင်တို့က မိုက်လုံးကြီးတော့ ဘုမသိဘမသိ ဖင်ထဲဗုံးဝင်မှပဲ အောင်မြတ်လေးဗျ အော်သေရမယ့် မသာတွေဖြစ်ကြမှာ မြင်ယောင်သေး။

ဟောင်းနွမ်းတဲ့အဆောက်အအုံတွေ ဖြိုဖျက်ဖို့၊ ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ဖို့၊ သွေးမုန်တိုင်းတိုက်ခတ်ပြီဟေ့၊ ဟေးးးးးးးးးး မုန်တိုင်းကိုဂုဏ်ပြုကြ ကမ္ဘာသစ်ကိုဖန်တီးပါ၊ ဟေးးးးးးးးးး
မုန်တိုင်းမှာပျော်ပါးကြ အင်အားတွေစုစည်းပါ၊ သွေးမုန်တိုင်းတိုက်ခတ်ပြီဟေ့ သွေးမုန်တိုင်းတိုက်ခတ်ပြီဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ei ko said...

လွမ်းဆွေကနအဖသူလှို၊အတိုက်အခံေ၇ာင်ဟန်ဆောင်
ုပြီးတန်ပြန်တော်လှန်ေ၇းလုပ်နေတာ။ဒီအချိန်မှာဒီလို
ဟာတွေကိုဖေါ်ပြ၇င်ဒီလူတွေအမုန်းခံ၇မယ်ဆိုတာသိ
လို. မေးလ်ထဲေ၇ာက်လာတာ၊သူများေ၇းတာဖေါ်ပြတာ
ပါဆိုပြီးလုပ်နေတာ။တကယ်တော.နအဖ၇ဲ.ညွှန်ကြား
ချက်အ၇သူလုပ်နေတာ။အခုဗုံးဖေါက်တာမှာနအဖလူဆို
လို.ဘာမှမဟုတ်တဲ.အောက်ခြေလူတဦးစ၊နှစ်ဦးစထိတာ
ကလွဲလို. ၉၀ ၇ာနှုန်းကသာမန်ပြည်သူတွေ။သင်္ကြန်
ေ၇လောင်းမယ်.နေ၇ာကိုအဲဒီေ.၇ှကဖြတ်ပြီးသွားတဲ.
၇ခိုင် ၁၈ ယောက်လည်းထိပြီး၊မိန်ကလေး ၁ ယောက်နဲ.
ယောင်္ကျားလေးတယောက်ဆုံးသွားပြီး။ကျန်တဲ.သူတွေ
အတွင်းလူနာအဖြစ်ကုနေ၇တယ်။သတ္တိ၇ှိ၇င်တပ်မတော်
နေ.ချီတက်လာတဲ.စစ်သားတွေသွားဖောက်ပါလားဂန်ဒူးအခြောက်တွေေ၇။

Unknown said...

ခွေမသာကျား လေးရိုင်းလှချိလား အေးပေါ့  အမေကညဘက်အလုပ်ဆင်းနေရတော ဘယ်သင်ပေးနိုင်မလဲနော် မင်းအဆင့်လောက်နဲ့ အမွေဆက်ခံမယ်ဆိုရင် ဖါခန်းမှာ အပေါက်စောင့်ဘဲရမယ်
မင်းပုံစံကြည့်ရတာ စစ်တပ်အသိုင်းဝိုင်းကဖြစ်မယ်၊
အဆင်မပြေရင်ပြောကွာ တမိသားစုလုံးအလုပ်ပေးထားနိုင်ပါတယ် ဒို့ တွေကမမုန်းတတ်ပါဘူး ၊အသတ်ခံရတော့မှာနဲ့စာရင် မင်းအဖေပြောလိုက်ပါဒီဘက်မှာ .မိန်းမနဲ့ သမီးဖါခံရင် သုံးလလောက်ဆို လူလိုနေရမယ်လို့ မင်းကတော့ရုပ်မလာရင် ခလေးချေးလျှက်ပေးရတဲ့အလုပ်လုပ်ပေါ့ .

Unknown said...

eiko
မကြေနပ်လို့ ရှင်းခြင် မင်းအဖေတွေပြောလိုက် အင်းယားလိတ်ကဒီဂျေမှာ အမြဲရှိတယ် မင်ဝင်ကြေးတောင်ပေးနိုင်ရဲ့ လား ဟိုဒီသာလိုက်လုပ်ခိုင်း ငါတို့ ကမင်းနှမယူထားတာမဟုတ်ဘူး ၊လုပ်တဲ့သူတွေကမင်းတို့ အဖေကြီး သန်းရွှေရဲ့ မြေးကို တင်းနေတဲ့အင်အားစုကွ မင်းလဲလက်ဘဲရှိတဲကောင်ဘာမှမလုပ်ရဲရင် ကိုယ်ဟာကိုကိုင်ပြီးညိမ်ညိမ်နေ မင်းတို့ ipတွေသိနေတယ်

kyaw said...

အဖြေကရှင်းသွားပါပြီ....

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
တပ်မတော်အရာရှိများ

ဗုံးနဲ့ပတ်သက်ပြီး စစ်ဗိုလ်တွေက ပိုမိုနားလည်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဆရာဝန်တွေနဲ့ တလေးတစား ဆွေးနွေးကြပါတယ်။ အိမ်တွေဆောက်ရင်. . . အင်ဂျင်နီယာတွေနဲ့ ဆွေးနွေးကြပါတယ်။ အကြောင်းသင့်ရင် . . . သက်ဆိုင်ရာ အသိပညာရှင်တွေနဲ့ မေးမြန်းဆွေးနွေးတဲ့ အစဉ်အလာတွေရှိနေပါတယ်။ အဲလိုပဲ . . ဗုံးကွဲတဲ့ကိစ္စမှာ . . ဗုံးအကြောင်းကျွမ်းကျင်နှံ့စပ်တဲ့ စစ်ဗိုလ်တွေကို တလေးတစားနဲ့ မေးမြန်းတဲ့ သူတွေ .. တလေးတစား နားထောင်တဲ့သူတွေ တပုံကြီးရှိနေရမှာပါ။ ဒါပေမယ့်… မင်းတို့စစ်ဗိုလ်တွေကို ဘယ်သူကများ အလေးထားဆွေးနွေးလဲ? မင်းတို့စကားကို ဘယ်သူကများ အယုံအကြည်ရှိလဲ? အဲလိုဖြစ်နေတာ ဘာကြောင့်လဲ? မိမိအတတ်ပညာကို လုံးဝ အသိအမှတ်မပြုခံရတဲ့ ကိစ္စကို ဘယ်လိုမှ မခံစားရဘူးလား? ဖြေပေးပါ။

လူမလေးခွေးမခန့်ဖြစ်နေတဲ့ တပ်မတော်အရာရှိတွေကို မကြည့်ရက်တဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Win said...

ဒီတစ်ခါတော့ blog ရှု့ထောင့်ကပဲ ဝေဖန်လိုက်မယ်ဗျာ များများနှင့်သွက်သွက် တင်ပေးတဲ့အတွက်ကော ဝေဖန်တဲ့ comment တွေကို အပြည့်အ၀တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း

Unknown said...

သခင်မျိုးဟေ့ ဒို့ ဗမာ ပြောတာကို သဘောအကျဆုံးဘဲ၊၊
"Char" ပြောတာလဲ လက်ခံတယ်၊၊ ဟုတ်တယ်လေ၊၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းကျခံ နေရ သူတွေ အားလုံးဟာ ငါတို့ မြန်မာပြည် စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့ ထောင်ကျခံနေကြရတာ မဟုတ်ပါလား ၊၊ သူတို့ လို မစွန့် စားနိုင်ရင်တောင် စစ်တပ်နဲ့ မပတ် သတ်ကြနဲ့ လေ၊၊ အနည်းဆုံးအဆင့်အနေနဲ့  အစိုးရရုံး တွေမှာ မလုပ်နဲ့ ၊ သူတို့ နဲ့ ပတ်သတ်တဲ့ ပွဲ လမ်းသဘင် တွေမသွားနဲ့ ၊၊ အခုလဲ သူတို့ လုပ်တဲ့ ရွေးကောက်ပွဲ မှာ ဆန်ဒမဲ မပေးနဲ့ ၊၊ ဒါ့ထက်ဆိုး တာ မရှိဘူး၊၊ ကိုယ်တွေ အတွက် အနစ်နာခံ၊ ပေးဆပ် နေကြတဲ့ သူတွေကတော့ ထောင်ထဲမှာ၊၊ ကိုယ်တွေက အပြင်မှာ ပျော်နေကြတာ တရားသလား၊၊ သူတို့ ကိုမှ မထောက်မထားနဲ့ သိပ်ပျော်ရွှင်ခြင် ကြနေ တော့ အခုလို ဖြစ်တော့ ထိကြရော၊၊ သိပ်မပျော်ကြနဲ့ လေ၊၊ ပျော်စရာ အချိန်မှ မရောက်သေးတာ၊၊ အေးလေ၊ မြန်မာပြည်က လူတွေ ဒီလောက်ညီကြလို့ တော့ စစ်ကျွန် ဘ၀ကို ရောက် နေစရာတောင် အကြောင်းမရှိဘူး၊၊ အမြဲသတိရကြပါ၊၊ ကိုယ့်လူမျိုး တွေ တင့်တယ်ဖို့ ထောင်ထဲမှာ ဘ၀တွေကို စွန့် လွှတ်အနစ်နာ ခံနေကြတဲ့သူတွေရှိတယ်ဆိုတာ၊၊

Anonymous said...

မြန်မာပြည်ထဲမှာနေပြီး မြန်မာအစိုးရနဲ့ ကင်းအောင်နေဆိုတော့ ဘယ်လိုနေမလဲမသိဘူး။ သိချင်လို့ ညဏ်ကြီးရှင်တို့ရှငိးပြပါဦး
တော်တော်စိတ်ကူးယဉ် အစွန်းရောက်ဒီမိုတွေ။ အဲဒီအသိညဏ်လောက်ပဲရှိလို အကြမ်းဖတ်ဒီမိုကရေဆီအဆင့်မှာတင်ရပ်နေတာ။

Unknown said...

simple man ဆိုတဲ့အတိုင်း ခပ်တုံးတုံးအအ အစားထဲကပဲထင်တယ်။ စစ်ခွေးအစိုးရနဲ့ ကင်းအောင်နေနိုင်တဲ့ ဥာဏ်ကြီးရှင်မဟုတ်ရင်လဲ အခုလို တအုံးအုံးပေါက်တဲ့အခါ စစ်ခွေးတွေနဲ့အတူ အတုံးအရုံးဖက်ပြီးသေကြပေါ့ကွယ်။ ဘာတတ်နိုင်မှာလဲ။ သနားစရာတစက်ကလေးမှမရှိတာ။ အဲလိုကမြင်းကြောထပြီးသေတဲ့အထဲ ငါ့အမျိုးတွေပါလဲ လုံးဝမသနားဘူး။ သေပလေ့စေ။

Unknown said...

wan
အော် သေသွားတဲ့ပြည်သူတွေကို ကမြင်းကြော ထလို့ သေတာပဲ မသနားဘူးလို့ ဆိုလိုတာလား?
တော်တော်အကြံပတ်စပ်တဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဒီမိုအသိုင်းဝိုင်းပါလား...

Unknown said...

ဇော်မျိုး
မင်းရေးထားတာနဲ့ ပို့စ်နဲ့က ဘယ်လိုပတ်သတ်လဲ? ;)လူတတ်ကြီးပုံစံ ဖမ်းဖို့မကြိုးစားနဲ့...နဘမ်ကျင်းခံရမယ် သတိထား...

Unknown said...

ဟုတ်ပါ့ ကိုလွဏ်းဆွေကတော့ ခွေးဇာတ်ခင်းနေတာကို သူ့ဘလော့ပေါ်တင်ပြီး ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းထင်နေတယ်ပုံရတယ်.. ရွံ့စရာကောင်းပါ့ဗျာ
IP သိတယ်ဆိုတဲ့ ကောင်လဲဘောပဲကွာ.. လာဖြဲမနေနဲ့

Anonymous said...

ကိုယိကိုကိုယ် စောစောမသေအောင်ပဲနေပါဦး အကြမ်းဖက်သမား wan။ မငိးလုပ်ခိုင်းလို့လဲဘယ်သူမှလိုက်လုပ်မှာမဟုတ်ဘူး။ စိတ်ကူးနဲ့ရှူးမနေနဲ့။ online မှာပြောရင် လေဖြတ်သေနေဦးမယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ဂျောက်ဂျက်

စဉ်းစားကြည့်နော်။ စစ်ဗိုလ်ဆိုတာ… စစ်သားတွေအလေးပြုခံနေရသူတွေပါ။ အခုတော့ . . . . စစ်သားအလုပ်မဟုတ်ပဲ နအဖပါတီကို ဖင်ပိတ်မျက်ကန်းထောက်ခံခဲ့လို့… ကလေးလောက် ခွေးလောက်တောင် အရေးပေးမခံရတဲ့ဘ၀ကို ရောက်နေပြီလေ။ မင်းတို့ စစ်ဗိုလ်တွေထက်… မင်းတို့ကို အလေးပြုနေရတဲ့ စစ်သားလေးတွေကို ပိုပြီး သနားမိတယ်။ ကလေးလောက် ခွေးလောက်မှ အလေးထားမခံရတဲ့သူတွေကို အလေးပြုနေရတဲ့ သူတို့ဘ၀ ဘယ်လောက် သနားဖို့ကောင်းလဲ? ကျွတ်ကျွတ်ကျွတ်။ မင်းတို့ပဲ စစ်သားလေးတွေနေရာကနေ စာနာကြည့်ပေါ့ကွာ။ သနားပါတယ် စစ်သားလေးတွေရယ်။

စစ်တက္ကသိုလ်ဘွဲ့လက်မှတ်ကို ခွေးချေးကျုံးရာမှာအသုံးပြုဖို့အဆိုပြုနေတဲ့
မဟာမြန်မာဝါဒီသခင်ကြီး ★ဆရာဇော်မျိုး★

MMT said...

ဒေါက်တာလွဏ်းဆွေကို ခွင့်လွတ်ကြပါ။
ဒီလို န.အ.ဖ အကွက်ဆင်လုပ်တာကို ဒီမိုကရေစီ ဘက်ကလုပ်သလိုလို ဆောင်းပါးမျိုး ဖော်ပြပေးရင် ဒေါ်လာ ကောင်းကောင်းရပါတယ်။ ဒါသူ့ စားဝတ် နေရေးပါ။ ခွင့်လွတ်ကြပါ။

Unknown said...

သို့ 
Simple Man သို့
မြန်မာပြည်ထဲနေပြီး စစ်အစိုးရနဲ့ ကင်းအောင်လုပ်လို့ ရတာတွေ အများကြီးရှိပါတယ်၊၊ ဒီအတိုင်းလည်း မြန်မာပြည်မှာ နေခဲ့ပါတယ်၊၊ အခုအပြင်ရောက်တာ လပိုင်းဘဲရှိပါသေးတယ်၊၊ အစိုးရရုံးမှာ အလုပ်မလုပ် ခဲ့ပါဘူး၊၊ ကောင်းသောအဆက်အသွယ်အသိုင်းအ၀ိုင်း ကြောင့် ကောင်းသောရုံး၊ ကောင်းသောနေရာမှာ ရခဲ့ ပါတယ်၊၊ ရေးဖြေကိုအမှားတွေဘဲ တမင်တကာဖြေခဲ့ တာတောင် အိမ်တိုင်ရာရောက် အဖြေမှန်တွေကို ကူးခိုင်းခဲ့လို့ အောင်ခဲ့ပါတယ်၊၊ အင်တာဗျူးနေ့ မှာ မိဘတွေ ဈေးသွားခိုက် မိုးစလင်းကတည်းက အပြင်ထွက်သွားလိုက်တာကြောင့် အင်တာဗျူးမှာ MD နဲ့  GM တွေရှေ့ မှာမို့ အောင်စရာမရှိတော့တာကြောင့် အစိုးရအလုပ်လုပ်စရာမလိုတော့ပါ၊၊ မိဘတွေရဲ့ ငြူစူမှု့ ကို တင်းခံခဲ့ပါသည်၊၊ ချမ်းသာလို့ မဟုတ်ပါ၊၊ နိုင်ငံခြား ကုမ်ပဏီမှာ မိမိအရည်အချင်းနဲ့ မိမိ မည်သူ့ အကူအညီ မှမပါဘဲ အလုပ်ရပါတယ်၊၊ အဲဒီ့ လို ဘ၀ရပ်တည် ပါတယ်၊၊ ကုမ်ပဏီ တွေမှာ ကြံဖွတ် ထဲ ၀င်ရမယ်လို့ ပြောပါတယ်၊၊ ကြံ့ဖွတ်တွေ (သက်ဆိုင်ရာအလုပ်သမား ရုံးက ဦးစီးမှူးတွေပါ ပါပါတယ်၊၊) ကုမ်ပဏီတွေကို လိုက်ပြီးလူဦးရေနဲ့ ကဒ်ပြား တွေ ပေးပြီး အသင်းဝင်ရင် ဘယ်လို အခွင့် အရေး တွေ ရမယ်လို့ ဟောပြောပါ တယ်၊၊ ကုမ်ပဏီ တွေက အချိန် ပေးပြီး လိုက်လျောရ ပါတယ်၊၊ သူတို့ တွေနဲ့ ပြသ၁နာ အေးအောင်လို့ ပါ၊၊ အားလုံးေ၇ှ့ မှာ မေးပါတယ်၊၊ မ၀င်မနေရလားလို့ ပါ၊၊ တိုတိုပြောရရင် အဲ့ဒီ့ အသင်း မ၀င် လို့ အလုပ်ကထွက် ရမယ် ဆိုရင် အခုထွက်စာ တင်ပါမယ်လို့ ပြောပါတယ်၊၊ နောက်ဆုံးလူ နှစ်ရာကျော် စက်ရုံက လူနှစ်ယောက်ဘဲ ကြံဖွတ်အသင်းဝင်ကဒ် ဖြည့်ပါတယ်၊၊ ရက်ကွက်ထဲမှာ ကြံဖွတ်အတွက် ကောက်တာ မှန်သမျှ မထည့်ပါဘူး၊၊ သံဃာရိုက်/သတ်ဲ့အဖွဲ့ အစည်းဟာ လူ့ အဖွဲ့ အစည်း မဖြစ် နိုင် ပါဘူး၊၊ ဒါ့ကြောင့် အားပေးအားမြှောက်လုံးဝ မလုပ်ခဲ့ ပါ၊၊ ထောင်ကျခံနေကြရတဲ့ သူတွေ/ အမှန် တရားအတွက် မိမိဘ၀တွေကို စတေးခံနေကြရတဲ့ သူရဲကောင်းတွေလို မလုပ်နိုင်သေးပေမဲ့ သူတို့ မျက်နှာ ကိုမြင်ယောင်ရင်း မကောင်းမှု့ ကို ဘယ်တော့မှ ရပ်တည် /အားမပေးခဲ့ပါ၊၊ အခုလည်း ရွေးကောက်ပွဲမှာ မဲပေးမည်မဟုတ်ပါ၊၊ အခြေခံဥပဒေတုန်းကလည်း မဲမပေးခဲ့ပါ၊၊ အခုအချိန်ထိ မိမိဘာသာမိမိ ရိုးသားစွာ မှန်ကန်သောနည်းဖြင့် ရှာဖွေစားသောက်ပြီး ရည်တည် သူဖြစ်ပါသည်၊၊ အခုအချိန်ထိ မည်သည့်အဖွဲ့ အစည်း ၀င် မှမဟုတ်ပါ၊၊
Simple man ပြောသကဲ့သို့ မိမိကျင့်သုံးခဲ့သော/ ကျင့်သုံးနေဆဲဖြစ်သောအရာများသည် စိတ်ကူးယဉ် သောအစွန်းရောက်သော အရာများဖြစ်သည်မှာ မဟုတ်နိုင်ပါ၊၊ အင်မတန်လွယ်ကူ၇ိုးစင်းသော / လူတိုင်းလွယ်လွယ်ဖြင့် ၇ပ်တည်နိုင်သောအရာများ ဖြစ်ပေသည်၊၊ သို့ ဖြစ်ရာ မြန်မာပြည်ထဲမှာနေပြီး မြန်မာအစိုးရနဲ့ ကင်းအောင်ဘယ်လိုနေရမလဲ ဆိုသည် ကို အထက်ပါ ရိုးစင်းသော ဥပမာအနည်းငယ်ဖြင့် ပြည်လည်ဖြေကြားလိုက်ပါသည်၊၊ နားလည်၊ သဘောပေါက်လောက်ပြီဟုယူဆမိပါသည်၊၊

Unknown said...

ဇော်မျိုး
စစ်ဗိုလ်တွေ ဘာဖြစ်ဖြစ် မင်းအပူလား?အဲဒါ မင်းအလုပ်လား?

Anonymous said...

သို
burmese
နိုင်ငံတစ်ခုမှာအားလုံးသူ့အပိုင်းနဲ့သူလည်ပတိ
နေဖို့အတွက်အစိုးရတရပ်ကတာဝန်ယူအုပ်ခူပ်နေတာကတော့ နိုင်ငံတိုင်းမှာဆိုတာကတော့သိပြီးသား ဖြစ်မှာပါ။ နိုင်ငံသားတစ်ယောက်အနေနဲ့ငယ်စဥိကျောငိး တက်တာကစလို့ သာမာန်လူတန်းစားတွေအနေနဲ့အစိုးရက ပြဌာန်ထားတဲ့ ကျောင်းသင်ရိုးညွန်တမ်းအတိုင်း စာသင်ရင်းအရွယ်
ရောက်လို့ အလုပ်လုပ်မယ်ဆိုပိုက်ဆံရှိရင်ကိုယ်ပိုင်အလုပ်၊ မရှိရင်သူများအလုပ်တော့လုပ်ရမှာပဲ။ ကိုယ်ပိုင်အလုပ်လုပ်ရင်အစိုးရကချမှတ် ထားတဲ့စဥိးမျဥိးစည်းကမ်းတွေအတိုင်း အစိုးရရုံးတွေနဲ့ လုပ်ပြီးမှလုပ်ခွင့်ရမယ်။ ဒီမှာတစ်ခုပြောဖို့ရှိတာက ဒီ process ကိုရိုးရိုးအာဏာပိုင်တွေနဲ့ကင်းကင်းဖြစ်သနိးတဲ့သူနဲ့။ ဟိုလုပ်ဒီလုပ်လုပ်ပြီးဖြစ်သနိးတဲ့လူချငိးပဲကွာတယ်။ ဒါကိုအစိုးရနဲ့ကင်းအောင်လုပ်ချင်ရင် ဘယ်အကပ်မှမရှိပဲလုပ်တဲ့လူကို ကင်းတဲ့လူလို့ပြောလို့ရမယ်။ လုကအဖွဲ့အစည်းနဲ့နေရတာဖြစ်လို့ မိမိနေတဲ့ရပ်ကွက်လမ်းတွေမှာ တစ်ခုခုလုပ်ရင် ရပ်ကွက်ကလူကြီးတော့ အသိပေးပြီးလုပ်ရတာပဲ။ ဒါတခြားနိုင်ငံတွေမှာ ဒါမိုးရှိချငိမှရှိမယ်။ ဖုန်းခ၊မီတာခ၊ရေခ အစသဖြင့်ဟာတွေလဲခုဆို အစိုးရကလုပိနေတော့ အစိုးရရုံးသွားပြီးပိုက်ဆံရှငိရတာပဲ။ တခြားနိုင်ငံတွေမှာတော့ ကုမ္ပဏီတွေကလုပ်လို့အစိုးရနဲကငိးကငိးနေ
လို့ရကောင်းရမယ်။ ခုမြန်မာမှာ အစိုးရနဲ့လွတ်ကင်းအောင် ချမ်းသားပြီး အလုပ်ကြီးကြီးလုပ်နေတဲ့သူတွေဆီမှာ သွားလုပ်ရင် ဒီလူတန်းစားတွေကအစိုးရနဲ့ လွတ်ကင်းတဲ့လူရှာတယ်။ ဒါကြောင့်သွယ်ဝိုက်သောနည်းတွေနဲ့ဆက်ဆပ်ပက်သက်နေတာပဲ။ နိုင်ငံခြားထွက်ပြီး အလုပ်တရားဝင်လုပ်ရင်တောင်အခွန်ဆောင်နေရသေးတာပဲ။ အစိုးရကို။ တရားမ၀င်ထွက်လာရင်တော့ မလိုဘူးပေါ့။ ဒီမိုတံဆိပ်ကပ်ပြီး လုပ်စားနိုင်ငံရေးသမားလို၊ အကြမ်းဖက်လိုတွေကတော့ ဒေါ်လာအထောက်အပံတွေယူပြီး မြန်မာကို ငါအာဏာမရမချင်း မြန်မာနိုင်ငံသားတေ
ွဘယ်လောက်စုပ်စုပ်ကိုယ်အလုပ်မဟုတိရင်တော့ အစိုးရနဲ့ကင်းနိုင်မယ်။

---- said...

သို့ simple

Burmese ပြောနေတာ ရှင်းရှင်းလေးပါ. အခွင့်အရေးရရက်သားနဲ့ မယူသူသည် အခွင့်အရေးကို လိုက်ရှာယူပြီး အရိုးအရင်းကိုက်နေတဲ့ ခွေးတွေထက် ပိုမြင့်မြတ်တယ်ဆိုတာ ပြောချင်တာပါ။

အရည်အချင်းတကယ်ရှိတဲ့ အစိုးရဖြစ်မယ်ဆိုရင် နိုင်ငံက ကောင်းသထက် ကောင်းဖို့ပဲ ရှိပါတယ်. တဖြည်းဖြည်း ချွတ်ခြုံကျလာပြီး လူတန်းစားကွာခြားမှုများလာပြီဆိုရင် အစိုးရ အသုံးမကျတာ ပိုထင်ရှားနေပါတယ်။

လာပ်စားမှုကို မထိန်းချုပ်နိုင်သည့်အပြင် အားပေးအားမြှောက်ပြုနေတာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ စီးပွားရေးကို ကောင်းအောင် မလုပ်နိုင်သည့်အပြင် ပြည်သူတွေရဲ့ စာရိတ္တပျက်ပြားနေမှု များလာနေခြင်း၊ ခိုးဝှက်သောင်းကျန်း လုယက်မှု ထူပြောခြင်း၊ အာဏာကို ရသည့်နည်းနဲ့ ချုပ်ကိုင်နေခြင်းနှင့်အတူ စစ်အာဏာရှင်တို့၏ တိုင်းပြည်ငွေ ခိုးယူနေမှုမြင့်မားလာနေခြင်းသည် တိုင်းပြည်မွဲတေမှု၏ အဓိက အကြောင်းအရင်း ဖြစ်နေပါတယ်။ အဲဒါကို မပြုပြင်နိုင်ပဲနဲ့ ဆက်လက်အုပ်ချုပ်နေခြင်းသည် တိုင်းပြည်ထက် မိမိတို့ ဆွေမျိုးတစု မိသားတစု ကောင်းစားရေးကိုပဲ အလေးထားနေတာ သိပ်ထင်ရှားနေပါတယ်။ အဲဒါကို သဘောပေါက် နားလည်ပါ Simple man. ထင်ရာလျှောက်ပြောနေတာ ရပ်သင့်နေပြီ။

Anonymous said...

မိလျွှံနာလား နိုင်ငံရေးလုပ်စားဒေါ်လာစာလားတော့မသိဘူး။
လူတိုင်းလုတိုင်းကိုယ်အလုပ်ကိုယ်လုပ်နေတာပဲ။ ကိုယ်လုပ်တဲ့အပေါ်မူတည်ပြီး တိုးတက်အောင်လုပ်ချင်တာတော့ လူတိုင်းရဲ့ရည်ရွယ်ချက်ပဲ။ လူတိုင်းကိုယ်ပိုင်ကိုယ်
ကိုယ်လုပ်ခွင့်ရှိတယ်။ ကိုယ်အတွက်အကြိုးရှိရင်လူတိုင်းလုပ်ကြမှပဲ။
လုတိုင်းပထမဆုံးကအသက်ရှင်ဖို့ကပထမ၊
မင်းတို့ ရဲ့ ကိုယ်ကိုးရှာနိုင်ငံရေးသမားတွေရဲ့ စကာတွေကိုဘယ်သူမှစိတ်မ၀င်စားဘူး။မငိးတို့ဒီမို အရှူးတွေ အမိန့်ပေးပိုင်ခွင့်မရှိပါဘူး။
မင်းတို့ရဲ့အောင်တန်းစားနိုင်ငံရေးလမ်းစဉ်၊
လုပ်ဆောင်ချက်တွေကို ရိုးသားပြီးပညာညဏ်
်နူနယ်တဲ့တောသူတောင်သားတွေ သာဘူမသိဘမသိ တွေတော့လုပ်စားလို့ရမယ်။
နှစ် ၂၀ ကျော်ပြီးမင်းတို့ ဒီမိုတွေအျေတွးခေါ်တွေ၊နည်းလမိးတွေမှန်နေရင် result တခုခုရပြီးနေပြီ။ ခုတော့ ခေါင်းဆောင်ကအစ အနောက်ရဲ့နိုင်ငံရေး agent လောက်ပဲလုပ်နိုင်တော့။ အသက်ကြီးပြီး သေမဲ့အချိန်ကိုစောင့်ရတဲ့ဘ၀ရောက်နေပြီ

ei ko said...

people ဆိုတဲ.ကောင်ေ၇...မင်းကငါ. IP သိတော.မင်း
ကဘာလုပ်လို.၇မလဲ။ IP သိတော.မင်းလွှဏ်းဆွှေဆို
တဲ.ကျပ်မပြည်.တဲ.ချွန်တုံးဘဲဖြစ်မယ်။အေး လွှဏ်းဆွှေ
ဆိုပြောလိုက်အုံးမယ်၊မင်းဆီကိုမေးလ်ကငါပို.တဲ.စာတွေ
မနဲတော.ဘူး၊မင်းဘယ်တော.မှမေးလ်က၇တဲ.စာလို.ဖေါ်
ုပြတာမတွေ.၇ဘူး။ဒီဗုံးခွဲတာ အတိုက်အခံေ၇ာင်ေ၇ာင်
ေ၇းထားတဲ.စာတော.မေးလ်ထဲက၇တဲ.စာဆိုပြီဖေါ်ပြ
တာဘာအဓိပါယ်လဲ၊အမှန်တကယ်ေ၇ာမေးလ်ထဲက၇
လို.လား။မင်းကဘလော.ကယုံထင်ကြောင်ထင်လုပ်၊နအ
ဖက တီဗွီကနေလွှင်.၊တယ်လည်းအတိုင်အဖေါက်ညီပါ
လား။သတ္တိ၇ှိတဲ.သူက၇င်ဆိုင်ဘဲတိုက်တယ်၊ဂျီပုန်းတွေ
သာလူခိုးကြောင်ခိုးဝှက်လူအုပ်ထဲကိုပြစ်ဖေါက်တယ်။၇ှင်း
၇ှင်းပြော၇၇င်ဒီလူအုပ်ထဲကိုဖေါက်တဲ.ကောင်တွေငါပါ
တဲ.ချီးလောက်တောင်အဖိုးမတန်ဘူး။မင်းတို.ထက်အဖိုး တန်တဲ.ချီတွေငါတနေ.တခါပါနေတယ်၊တခါ
တလေ ၂ ခါနဲ.၀မ်းသွားနေ၇င်အကြိမ်များများပါနေတယ်
IP သိတဲ.ကောင်တွေလိုချင်၇င်ပြောလေ၊အလကားပေး
လိုက်မယ်၊မင်းတို.အကြမ်းဖက်တဲ.ကောင်ထက်အဖိုးတန်
တယ်နော်။နအဖစစ်သားကတောင်လက်နက်မ၇ှိတဲ.လူ
ကြားထဲ၇င်ဆိုင်ပစ်၇ဲသေးတယ်။ဒီဂျီပုန်းတွေကလူကြား
ထဲကိုခိုးကြောင်ခိုးဝှက်နောက်ကနေပစ်ပြီးပြေးတယ်။၇ှား
မှ၇ှားတဲ.သူ၇ဲကောင်းကြီးတွေ။

Unknown said...

simple man သို့ 
simple man ပြောတဲ့အထဲမှာ မိမိ ဧ၊၊်ဆိုလိုရင်းနှင့် လွဲချော်နေပါသည်၊၊ ဒါပေမဲ့ "လူုတိုင်းပထမဆုံးက အသက်ရှင်ဖို့ကပထမ၊" ဆိုသည့်အတွေးအခေါ်ကို လက်မခံပါ၊၊ ဒီလိုလူမျိုးဟာ မည်သည့် လူ့ အဆင့်၊ အတန်းအစား ထဲမှာ ပါသည်ဆိုသည်ကို မြတ်စွာဘုရား ဟောကြားသော တရားတော်များထဲတွင် သိရှိရသော ကြောင့် simple man နှင့် ထပ်ပြီးဆွေးနွေးမှု့ ပြုမည် မဟုတ်တော့ပါ၊၊
ပြည်သူတစ်ယောက်အနေဖြင့် ပြောလိုသည်မှာ တရား မျှတမှု့ အတွက် ဘ၀များစွာ ပေးဆပ်နေသော အပြစ်မဲ့ သူရဲကောင်း အပေါင်း တို့  သည် အကျဉ်း ထောင် အ သီး သီးတွင် ရှိနေသမျှကာလပတ်လုံး မတရား ဖိနှိပ် သော စစ် အစိုးရ ကို ထာဝရ ဆန့် ကျင် နေရမည်မှာ တာဝန်သိ ပြည်သူ တစ်ယောက်ဧ၊၊် တာဝန်ယူနိုင်မှု့ ပင်ဖြစ်ပေ သည်၊၊

Unknown said...

ei ko က ဆရာလွမ်း သူ့စာမူတွေမသုံးလို့ စိတ်နာပြီး အရူးချီးပန်းအဆီအငေါ်ဇောက်ထိုးတွေ လျှောက်ရေးနေတာကိုး။ စာမူမသုံးတာဘဲ အဲသလောက်တောင် စိတ်နာရသလား ei ko ရယ်။ သုံးလို့ရတဲ့အဆင့်မရှိလို့နေမှာပေါ့။ ထပ်ကြိုးစားပေါ့။ ဟဲ ဟဲ ei ko တကယ်သေရဲရင် အိုင်ပီဘာလို့ပေးနေမလဲ။ လိပ်စာအတိအကျပေး။ Wan ကိုယ်တိုင် ဗုံးလာပို့ပေးမယ်။ လိပ်စာတလွဲပေးလို့ တခြားလူတွေ သေကုန်ရင်တော့ ei ko တရားခံပဲနော် ဟဲ ဟဲ။

အကြမ်းဖက်သမားလေး Wan

ကောင်းမြတ်အောင် said...

အားပါး တော်တော်ဆူတာပဲ ဒီဘလော့က မိုက်တယ် ဖတ်လို့ အရမ်းကောင်းတယ် ကောမတ်တွေပြောတာ ဟုတ်ပါတယ် လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ် ဘယ်သူလုပ်တယ်လို့တော့ ကျွန်တော်လည်းမပြောပါဘူး ပေါ်တော့ပေါ်လာမယ်ထင်ပါတယ် အော်ဒါနဲ့ ဇော်မျိုးက ဒီလည်းရောက်တာပဲ ဟားဟား သနားစရာ ကောင်လေး အရွယ်ကို ပြောတာမဟုတ်ပါဘူး အတွေး ခေါ်ကိုပြောတာ ဟဟ တပ်မတော်သားများကို မုန်းတီးနေသော ဘာညာဝါဒီ ဘာညာကြီးတစ်ဦး ဟဟဟ ပုဂ္ဂိုလ်ရေး နှိပ်ကွပ်ထားလို့ မဆိုင်သူများခွင့်လွှင့်ပါ....

Unknown said...

အင်း..မနေ့ကရေဝေးမှာ တယောက်အသုဘ ထပ်ချပြန်ပြိ ၊ စိုးမိုးထွန်းတဲ့ ၁၉.၄.၁၀ကသေတာလေ၊တောင်ညွန့်ရဲစခန်းလိုင်း၁အခန်း၁၀နေသူပေါ့၊ရဲတပ်ကြပ်မင်းထွန်း သားမို့ အဖေခိုင်းသလို
တာဝန်ဆိုတဲ့လက်ပါတ်လေးပါတ်၊လာတဲ့ယူနီဖေါင်းစိမ်းစိမ်း
တွေနောက်မျက်နှာလိုမျက်နှာရလျှောက်လိုက်မိပါတယ် ၁၉နှစ်အရွယ် ငယ်ငယ်နဲ့သေပါရော ၊ ၂၂.၄.၁၀ကြေးမုံသတင်းစာမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရန်ကုန်ဆေးရုံကြီးသွားပြီး ပြည်ထဲရေးဝန်ကြိးဌာနလက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က ဗုံးဒါဏ်ရာရသူတွေကို အားပေးစကားပြောသတဲ့ ၊ ထိတာအပြစ်မဲ့ပြည်သူဆိုတာကနေ နဲနဲခြင်းပြောင်းလာနေပြီနော် ၊ ကြားကြမှာပါ ဗိုလ်မှုးကြီးအုန်းချိုကတော့ အသက်ပြန်ရဘို့ စင်္ကာပူ ထိတောင်သွားမှဆိုပဲ ..ငှဲငှဲငှဲငှဲ..ဟားဟားဟားဟား လေသမားတွေ မခံချိမခံသာcommentမှာပဲဖအေတွေအတွက်လာအော်မနေနဲ့ မင်းတို့သွားလေရာဝန်းကျင် သေချာစစ်နော် စစ်အုပ်စုမင်းတို့အဖေတွေသင်ပေးထားသလို အမှိုက်ရှိရင်ဗုံးရှိမယ်ဟေ့

Unknown said...

လက်မှာတာဝန်ဆိုပြီးအနီပါတ်လေးတွေပါတ်ပြီးစစ်ဗိုလ်တွေရဲတွေနောက်ကလိုက်ဖားချင်တဲ့ ဦးခင်မောင်လေး (ရယက-ရာအိမ်မှုး)၊ရဲတပ်ကြပ်မင်းထွန်းသား မောင်စိုးမိုးထွန်း ၊ မယကဥက္ကဌကျော်ငြိမ်း ၊ ဗိုလ်ကြီးသန့်စင်သိမ်းDSAအပါတ်စဉ်-၄၀ ၊ ဒုရဲအုပ်မောင်မောင်ဟန်တို့ကို နမူနာယူကြတော့ စစ်အစိုးရရှိနေသမျှ ဗုံးတွေက ကွဲနေဦးမှာ ၁၉၈၈ ကနေ ခုချိန်ထိ ဗုံးကွဲတာ အကြိမ်၃၀၀ကျော်နေပြီ တနှစ်ကိုပျမ်းမျှ၁၅ကြိမ်မကဘူး လာဦးမယ် ၊ သေကြဦးမယ် ဒီလိုအဖြစ်တွေရှောင်ချင်ရင် စစ်အစိုးရ ပြုတ်အောင်လုပ်ကြ ။