Saturday, April 10, 2010
“ဘူး” သင်္ကြန်သံချပ်ပြိုင်ပွဲ မဲဆောက်မြို့တွင် ပြုလုပ်မည်
ပြည်သူ့အစိုးရတရပ် အမြန်ဆုံးပေါ်ပေါက်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ တိုက်ဖျက်ရေးအတွက် ရည်ရွယ်လုပ် ဆောင်ကြမည့် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် “ဘူး” သင်္ကြန်သံ ချပ်ပြိုင်ပွဲတရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။
နယ်စပ်အခြေစိုက် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ စစ်ဆင်ရေးမှူးတဦးဖြစ်သည့် မန်းစိန်ဟန်က “ကော်မ တီရဲ့ တိုက်ပွဲနည်းလမ်းပေါင်းစုံ လုပ်ငန်းစဉ်တွေထဲက ပြည်သူလူထု ပါဝင်ပူးပေါင်းရေးအတွက် ဒီ “ဘူး” သံ ချပ်ပြိုင်ပွဲကို ပြုလုပ်ပေးတာပါ။ ဒီမှာရှိနေကြတဲ့ မြန်မာတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားထုတွေကနေတ ဆင့် ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ နိုင်ငံရေးအရ နိုးကြားပြီး လူထုတိုက်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဒီအစီအစဉ် ကို ကျင်းပတာဖြစ်တယ်” ဟု ပြောသည်။
ယခုပြိုင်ပွဲသည် နအဖ၏ လုပ်ရပ်များကို မပူးပေါင်း မဆောင်ရွက်ဘဲ လုံးဝဆန့်ကျင်တိုက်ဖျက်သွားရန် ကော်မ တီက ချမှတ်ခဲ့သည့် “ဘူး” လှုပ်ရှားမှု၏ အစိတ်အပိုင်းတခုဖြစ်သည်ဟုလည်း မန်းစိန်ဟန်က ပြောသည်။
သံချပ်တဖွဲ့လျှင် အမျိုးသား၊ အမျိုးသမီး (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သတ်မှတ်ချိန် မိနစ် (၃၀) ဖြစ်ကာ ဧပြီလ (၁၅-၁၆) ရက်နေ့တို့တွင် နံနက် (၁၀) နာရီမှ စတင်၍ မဲဆောက်မြို့ရှိ ဖျော်ဖြေရေးစင်မြင့်တွင် ကျင်းပ မည်ဖြစ်သည်။
ပြိုင်ပွဲဝင် သံချပ်အဖွဲ့များ လိုအပ်သည့် တူရိယာပစ္စည်းများနှင့် အသံပိုင်းဆိုင်ရာ စက်ပစ္စည်းများကို ပြိုင်ပွဲကျင်း ပရေးကော်မတီမှ စီစဉ်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် သံချပ်အဖွဲ့များကို ငွေသားဆု ချီးမြှင့်မည့်အပြင် ဆုရအဖွဲ့ (၃) ဖွဲ့၏ တင်ဆက်မှုများကို လေဆာဓာတ်ပြားများဖြင့်လည်း ပြည်တွင်းပြည်ပသို့ ဖြန့်ဝေပေးသွား မည်ဖြစ်သည်။
မဲဆောက်မြို့အခြေစိုက် ‘မြန်မာပြည်သား’ သံချပ်အဖွဲ့၏ ခေါင်းဆောင် ဦးမိုးကြိုးက “ကျနော်တို့ မဲဆောက်မှာ သံချပ်ထိုးလာတာ (၅) နှစ်ရှိပြီ။ ပြည်တွင်းမှာက နအဖ တက်လာချိန်လောက်ကစပြီး သင်္ကြန်မှာ သံချပ်တွေ ပိတ်လိုက်တာ ကနေ့အထိပဲ။ ကျနော်တို့က ဒီလူ၊ ဒီခေတ်၊ ဒီစနစ်နဲ့ စနစ်ရဲ့သားကောင်တွေဖြစ်တဲ့ လူထုတွေ ရဲ့ဘ၀အမောတွေကို ဖော်ထုတ်ပြသချင်တာကြောင့် နှစ်စဉ်လုပ်ဖြစ်တာပါ” ဟု ပြောသည်။
မဲပအထည်ချုပ်စက်ရုံမှ လုပ်သားမောင် သံချပ်အဖွဲ့ခေါင်းဆောင် ကိုဖိုးကုလားက “ကျနော်တို့အဖွဲ့က အပျော် တမ်းအဖွဲ့ပဲ။ ဖိတ်တဲ့နေရာ အကုန်သွားတယ်။ ပြောစရာရှိတာကို အမှန်အတိုင်း အကုန်ပြောပါတယ်။ ပြည်တွင်း က လူတွေ မကောင်းတာကို လုပ်ရင် ပြောသလို ဒီဘက်ကလူတွေ မဟုတ်တာလုပ်ရင်လည်း ပြောပါတယ်။ ဆု ရတာ မရတာက အကြောင်းမဟုတ်ပါဘူး။ သံချပ်ထိုးခွင့်ရတာကိုပဲ ကျေးဇူးတင်တယ်” ဟု ပြောသည်။
“ဘူး” သင်္ကြန်သံချပ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အဖွဲ့များအနေဖြင့် ဖုန်းနံပတ် ၀၈၁-၂၈၄၁၄၁၈၊ ၀၈၄- ၅၇၅၅၄၁၆၊ ၀၈၆-၉၃၄၇၄၅၉၊ ၀၈၆-၂၇၀၇၀၅၅ တို့ကို ဆက်သွယ်နိုင်သည်ဟု သံချပ်ပြိုင်ပွဲကျင်းပရေးကော် မတီက ပြောသည်။
လူထုတိုက်ပွဲဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲအား တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ကို ဧပြီလ (၃) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်၌ ဖွဲ့စည်းထားခြင်းဖြစ်သည်။
လူထုတိုက်ပွဲကော်မတီ (၂၀၁၀) တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိ သည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီ၏ ကြေညာ ချက်တွင် ပါရှိသည်။
(ခေတ်ပြိုင်သတင်းကို အနည်းငယ် မွမ်းမံရေးသားတင်ဆက်သည်)
Subscribe to:
Post Comments (Atom)
2 comments:
ဒေါ်စုကြည်က ဘူးသီး ပေးလိုက်လို့ ကောက်လိုက်တဲ့ အတိတ်စိမ်းတွေ ဟားဟား... အခုလည်း ဘူး သံချပ်ဆိုပဲ :D...ဘူး ဆိုမှတော့ ကောင်းတဲ့ လက္ခာဏာ တစ်ခုမှမပါပဲ အမြဲကန့်လန့်တိုက်နေတယ်ဆိုတာ ပေါ်လွင်နေတယ်...
နောက်တစ်ခါ ဖရုံသီးများ ထပ်ပေးရင် ဖရုံသီး သံချပ်များ ပေါ်လာအုံးမလားပဲ :D...
ပေါက်ပေါက်ရှာရှာ တော်တော်အရှုးထတဲ့သူတွေပဲ
ဆရာလွမ်းပို့စ်ကို စစ်ခွေးဘောငုံတကောင် ၀င်ဟောင်ထားပြန်ပြီ။ ထမကြည့်နဲ့အိပ်ရေးပျက်တယ် ဆရာလွမ်းရေး
အားပေးနေတဲ့
ချာလီ
Post a Comment