တုတ်ကြီး(ခေတ္တ-တာဝတိံသာ)
ကျွန်ုပ်ကိုကိုတုတ်တယောက် စာပေရေးသားခြင်းအမှုအား ရပ်နားထားခဲ့သည်မှာ ကာလကြာညောင်းခဲ့လေပြီ။
အဘယ်အကြောင်းဟူမူ ကျွန်ုပ်ကိုယ်တိုင်လည်း ပြက်ပြက်ထင်ထင်မသိ။ သို့သော်ငြား အတွေးတွေက ဦး နှောက်ထဲ ဗလောင်ဆူနေသည်မှာကား တူတူပုန်းတမ်းကစားရင်း ရာဝင်အိုးထဲ ၀င်ပုန်းလိုက်မိပြီးသကာလ အ လုံးလိုက် အတွဲလိုက် အားပါးတရ အီးထုလိုက်မိသည့်နှယ် ကျယ်လောင်လွန်းလှ၊ ပဲ့တင်ထပ်လွန်းလှ စိတ်၏ ဂန္ဓာရုံကိုပင် နှောက်ယှက်လွန်းစွ ...။
ကျွန်ုပ်၏ တကိုယ်ရည်စားဝတ်နေရေးအတွက် ကြုံရာကျပမ်းအလုပ်များဖြစ်သော၊ တောက်တိုမယ်ရ လက်တို လက်တောင်းအလုပ်များကို လုပ်ရင်း ရရှိရှာဖွေလာခဲ့သော အသပြာလေး တမူးတပဲလောက်ကို ကျစ်ကျစ်ပါ အောင် လက်ကိုင်ပုဝါကလေးဖြင့် ထုပ်လျက် အိတ်ကပ်ထဲထည့်ပြီး မေးစိလေးပွတ်ကာ ဘတ်စ်ကားခုံလွတ်ရာ ဆီ အသော့နှင်ရင်း စိတ်ထဲတွင် ကိုဗဒင်၏ ‘နေရာ’ ဆိုသော သီချင်းကလေးကို ညည်းနေမိ၏။
ယင်းသို့ဖြင့် ဘယ်အချိန်ကာလ၀ယ်က ဘတ်စ်ကားပေါ်တက်လာသည်မသိသော မိတ်ဆွေ ဗိန္ဒောဆရာက ကျွန်ုပ်၏ သန်မာထွားကျိုင်း တောင့်တင်းဝါ၀င်းသော လက်မောင်းအိုးကြီး ၀ါးခြမ်းပြားလောက်ကို လှမ်းပုတ် ကာ “ဟေ့လူ ... အောင်မယ်လေးဗျာ ... ကျုပ်တယောက်လုံး ဘတ်စ်ကားပေါ်တက်လာတာ မမြင်ဘူးလား ဘာတွေ အတွေးလွန်နေသလဲဗျ”
ကျွန်ုပ်၏ စိတ်ထဲတွင်တော့ “ဒင်းက ဘာမို့လို့ ကျုပ်တယောက်လုံး တက်လာတာမမြင်ဘူးလားလို့ ပြောရတာ တုန်း” ဟုတွေးရင်း နွေရာသီမနက်ခင်း ဈေးတန်းမှ ငါးစိမ်းသည်၏ ဗန်းထဲတွင် ဖျတ်ဖျတ်လူးနေသော ငါးခူတ ကောင်လိုပြုံးကာ ...
“ဘာရယ်ဟုတ်လှပါဘူးလဗျာ ... ဂလိုပါပဲ သီချင်းလေး စိတ်ထဲက ညည်းကောင်းလို့ ညည်းနေတာဗျ” ဟု ဆိုက္ကားဘယ်သောအခါမှ စီးမည်မဟုတ်သော မြင်းလှည်းဆရာကို ဖြေလိုက်သည့် လမ်းထိပ်က ဆိုက်က္ကားဆ ရာ ကိုပြူးမောင်၏ ဂိုက်ဖြင့် လက်ပိုက်ဖြေလိုက်ကာ ထိုင်ခုံနောက်မှီကို အသာလေးမှီပြီး မျက်စိကို စုံမှိတ်လိုက် ၏။ ထင်လာသောပုံရိပ်များကို ရုပ်ရှင်ပိတ်ကားတခုပေါ်မှ ဇာတ်ကောင်များကို ငေးသကဲ့သို့  စိတ်အာရုံဖြင့် ငေး ရင်း မျက်စိမှိတ်လျက် ငုံထားသော ကွမ်းကို ဖြေးဖြေးလေး ၀ါးနေလိုက်မိတော့၏။ တိုက်ပွဲသဘောအရ ဗျူဟာ မြောက်ပြောရမည်ဟူမူ ငုံမိမှတော့ ၀ါးမှဖြစ်ပေတော့မပေါ့ ... ဟုတ်ပေဘူးလော ...။
ဇရက်မင်းစည်းစိမ်ဖြင့် ငြိမ်ငြိမ်လေးနှပ်နေသော ကျွန်ုပ်၏ လိပ်ပြာကို ဆတ်ဆတ်ခါသွားအောင် နားနေသော အကိုင်းအား သောက်ရမ်းကိုင်လှုပ်လိုက်သည်နှင့်တူသည့် ညောင်နာနာ အသံဖြင့် ဗိန္ဒောဆရာက ...
“ဟေ့လူ ... တတ်သိပညာရှင် ဦးခင်မောင်ဆွေ ရေးတာ ဖတ်လိုက်ရလားဗျ။ ဧရာဝတီသတင်းဆိုက်မှာ” ဟု မေးလိုက်တော့၏။
“ဘာဗျ ဓာတ်မီးပညာရှင် ရူးချင်ယောင်နေကွေးတာ ဖြတ်လိုက်ရလားဟုတ်လား” ဟု ဆတ်ကနဲ ပြန်မေးလိုက် မိ၏။
“ဟာ ... ခင်ဗျား တော်တော် ခေတ်ကြီးနဲ့ ကင်းကွာနေပြီပဲဗျ။ ဧရာဝတီမှာလေဗျာ ဧရာဝတီမှာ” ဟု အလောတ ကြီးပင် ငတိက ပြောရင်း လူကိုပင် ဖမ်းသန်းရှာတော့မည့် လက်ပေါက်ဖြင့် ပြောလာသည်မှာ ကျွန်ုပ်၏ အိမ် ဘေးမှကွမ်းယာသည် ချိုချိုပေါ်မသိမ်းတို့တသိုက်၏ အထာနှင့်ပင် တူသေးတော့၏။
“ဟ ... ဧရာဝတီမှာတော့ ဒိုက်ပုံရယ်၊ တုံကင်းပေါ်က ပါသွားတဲ့ ချေးတုံးရယ်၊ သဗ္ဗ္ဗာန်သမား ငေါ့ပန်းထားတဲ့ သေးရယ်ပဲရှိမှာပေါ့ဗျ။ ကျုပ်က ဘာလို့သွားရမတုန်း” ဟု ပြန်မေးလိုက်၏။ အမှန်တော့ ကျွန်ုပ်လည်း ခေတ်ကြီး နှင့် ထိုမျှလောက် မကင်းကွာပါ။
ထိုင်းနိုင်ငံအခြေစိုက် သုတေသနအဖွဲ့ဖြစ်သော လဥအဖွဲ့မှ စော်ပြူးတို့နှင့်တကွ ရှိုစရာ၏ လင်တော်မောင် ကြောင်ကွိုင်ဘူးတို့ အပါအ၀င်၏ ဂွင်ရိုက်ဖင်နှိုက်သော လုပ်ရပ်များဖြစ်သည့် မြန်မာပြည်တွင်းမှ ကလေးများ အား ခေါ်ထုတ်ကာ သင်တန်းပေါင်းစုံပေးလျက် ကလေးများအား မ၀ရေစာ နေ့စဉ်အသုံးစားရိတ်လေး ထုတ် ပေး၍ အခန်းထဲလှောင်ပိတ်ပြီး၂၀၀၈ အခြေခံဥပဒေကို မထိရေး၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ Negative ဖြစ် မည့် မွေးခန်းများအား အိမ်သာဗျူးရာတွင် မဗျူးရေးတို့ကအစ ကြက်တူရွေး စာအံသလို သင်ပေးနေသည်ကို မသိ၍ မဟုတ် သိပေ၏။
ဆိုရေးရှိက ဆိုအပ်လှ၏ဟု ကျွန်ုပ်မမှတ်မိသော ပညာရှိတဦးက ပြောခဲ့သည်ကို ကြားဖူးနားဝရှိထားပေသဖြင့် ဆိုရပါတော့လအံ့။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဦးသုဝေတို့ ပြည်တွင်းမှ အပြင်ထွက်လာသည်။ ‘မြန်မာ့အတင်းသတ်မကွ’ မှ ဖိတ်ကြားကာ ထိပ်ထားမဟာမမကဲ့သို့  အပြတ်ဆင်ယင်ပေးလျက် CNN မှ မစ္စတာ ရို့စ်တို့ထက် ပိုမိုစမတ်ကျ လှသော ဆရာစိန်ဝင်း ဆိုသည့် ... မတ်စိမ ဆိုသည့် သတင်းဆိုက်မှ ကိုယ်တော်ချောကလည်း ရေလာမြောင်း ပေး လက်ဝါးရိုက်မေးသွား၏။ ဦးသုဝေ ဘာဆိုတာကို ဦးသုဝေ ကောင်းကောင်း သိပါသည်။ ထို့အတူ ဦးခင် မောင်ဆွေ ဘာဆိုသည်ကို ဦးခင်မောင်ဆွေ သိပါသလား။
ဒီကိစ္စနှင့်ပတ်သက်လို့ “အသိဘူး အသိဘူး တားတား ဘားမှ အတိဘူး” ဆိုပြီး ကြက်တောင်စည်းစည်းကာ ခေါင်းခါခါ လည်ခါခါဖြင့် ခါးတောင်းကျိုက်၊ သနပ်ခါးပါးကွက်ကြား မျက်နှာနှင့်တော့ မဖြေလိုက်ပါနှင့်။ ခင်ဗျား တို့ ဓာတ်မီးပညာရှင်တွေအဖွဲ့ကို အထင်နည်းနည်းလေးကြီးခဲ့ဖူးသဖြင့် မိမိ၏ ညံ့ဖျင်းမှုကို အပြစ်တင်နေသော ကျွန်ုပ်အတွက် မသက်သာလွန်းလှသဖြင့် ဖြစ်ပါတော့၏။
တကယ်တော့ ဦးခင်မောင်ဆွေ၊ အောင်နိုင်ဦးတို့နှင့် အခြားအခြားသော ဓာတ်မီးပညာရှင်များ၊ လေလည်သူ များသိထားဖို့လိုသည်မှာ Compromise လုပ်သည် ဆိုသည့်ကိစ္စသည် give in လုပ်ခြင်းမဟုတ်၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ ခေတ်မီပြီး ငြိမ်းချမ်းကြွယ်ဝ သာယာဝပြောထွန်းကားသော နိုင်ငံတော်တခုဖြစ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေးဆိုသည့် အနှစ်သာရများကို တကယ်လိုလားပါလျှင် သက်ဆိုင်ရာ အင်အားစုများ တ ဘက်ပေါ်တဘက် အနိုင်မယူ၊ အထက်စီးမှ ဓားမမိုးဘဲ အေးအေးသက်သာ တိုင်းပြည်အကျိုး၊ လူထုအကျိုး တ ခုတည်း ဦးထိပ်ထားကာ ဆွေးနွေးနိုင်ပါသည် သို့မဟုတ်ပေလည်း ခေါင်းချင်းဆိုင်ကာ ခြေကန်ဝှေ့နိုင်ကြပါ သည်။
ကျွန်ုပ်သည် မည်သည့်အခါကမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားကိုးအထင်ကြီးခဲ့ဖူးသည့် ၀က်သား တုတ်ထိုးသည် မဟုတ်ပါ။ အမဲအူပြုတ်ရောင်းရင်း မိမိ လှီးရမည့် ကြက်သွန်မြိတ်ကို စဉ်းတီတုံးပေါ်တင်ကာ အဘိဓမ္မာဖြင့် ကျကျနနလှီးရင်း နေစောင်းလျှင် အဖြူလေး တစိတ်လောက် ဆွဲရန်သာ မူကျကျ တွေးတောနေ တတ်သော ပေါ်လစီကိုအာမခံသည့် ပညာရှင်တဦးဖြစ်ပါသည်။
ခင်ဗျားတို့ လွှတ်တော်ထဲကလုပ်တာ ကျွန်ုပ်အနေဖြင့် မြင်လိုလှပါသည်။ အင်မတန် ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှု တင်းပြည့်ကျပ်ပြည့်ဖြင့် ငတိတွေပါလားဟုတော့ ကျွန်ုပ်က မှတ်ချက်မပေးပါ။ ပြည်သူလူထုတရပ်လုံးက ဘောင်းဘီချွတ်တွေကို မဲမပေးဘူးဟု သင်တို့ အပိုင်တွက်သည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေကို လေးရာ့တစ် အား လက်မှတ်ထိုးထွက်လာတဲ့ သူလို ဟုတ်ပါဘူး နောက်အလုပ်ရဘူး ပြောတာပါ တားက ဒါနဲ့ပဲ လက်မှတ် ထိုးလိုက်တာဟု မိမိကိုယ်မိမိနှင့် ပြည်သူလူထုကို ဆက်၍ အတည်ပေါက်နှင့် ညာကြမည်ဆိုလျှင်တော့ ... ဟွန့် ဘိုကျီး ဘောင်းဘီချွတ် ... လွှတ်တော်ထဲမှာ လုပ်မယ် လွှတ်တော်ထဲမှာ လုပ်မယ် ... ဟု ဆိုသည်ကိုသာ စိတ် အာရုံဖြင့် ကြားနေမိပါတော့သည်။
တုတ်ကြီး(ခေတ္တ-တာဝတိံသာ)
Tuesday, April 6, 2010
ဘောင်းဘောင်းချွတ်ပြီး ခေါင်းပေါင်းစွပ်ပြီလို့ ဆို ...
Subscribe to:
Post Comments (Atom)
4 comments:
ဗရာဗို ကိုရင်တုတ်ကြီး ဗရာဗို ကြိတ်ဟ တုတ်ကြီးတို့ကတော့ တစ်ကွက်ဆို တစ်ကွက် တစ်ပုဒ်ဆို တစ်ပုဒ်ပဲ သမိုင်းက လိုလာရင် အုတ်ကျင်းမှာ လာစောင့်နေမယ်ဆိုသလို အချိန်အခါကျလာတာနဲ့ ကဗလာတင်းတာနဲ့ ချက်ခြင်းကို လာဗျင်းတော့တာပဲကိုး ကြိုက်တယ်ကွာ ဒီပို့စ်ကို မိုက်ချက်ကတော့ ကမ်းကုန်နေတာပဲ ဟေးဟေး အားပေးတယ် ဆက်လုပ်ပါဦး နောက်တစ်ပုဒ် စောင့်နေမယ်ဗျို့
လက်သံပြောင်ပါပေ့…. ရွာစားရယ်။ အားရသဗျာ။
ကိုတုတ်ကြီးရေ
စောင့်နေရတာကြာပေါ့..အမှန်ဘဲဗျို့..
အဲဒီဗမာအရေးလေ့လာသူတို့
ဘာတို့ရဲ့လေသံတွေနားခါးနေတာကြာပြီ..
ကျုပ်ဘကြီးပြောသလိုပြောရမယ်ဆိုရင်
အလကားကောင်တွေ..အလုပ်ကျတော့
လက်ကျောမတင်း..မိန်းမလုပ်စာထိုင်စားပြီး..
အားအားရှိသောက်ပိုတွေပြောနေတဲ့လူတွေ..
Post a Comment