အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မတ်လ (၂၉) ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အစည်း အဝေး (Seminar) ကို နယ်စပ်တနေရာမှာ ကျင်းပပါမယ်။ ဖုန်းမော်နှစ်ပတ်လည်မှာ စုစည်းမိတဲ့ အမြင်တူ ရင် ခုန်သံတူတွေရဲ့ ဒုတိယမ္ပိ စုစည်းပွဲဖြစ်ပါတယ်။ ဒီပွဲမှာ သံဃာတော်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေ၊ တိုင်းရင်းသားတွေ၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ အလုပ်သမားတွေ၊ သတင်း သမားတွေ၊ လူမှုအဖွဲ့အစည်းက မိတ်ဆွေတွေ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။
“မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲမ၀င်ဘူး” ဆိုတဲ့ လမ်းကြောင်းပေါ် အခြေခံပြီး “ငါတို့ ဘာဆက်လုပ်မလဲ” ဆို တဲ့ မေးခွန်းပေါ်မှာ အဖြေရှာကြမယ်။ “၂၀၁၀ ကို ဘယ်လိုတိုက်ဖျက်မလဲ”၊ “ဘယ်လိုလှုပ်ရှားမှုတွေ ဆက်လုပ် ကြမလဲ”။
“ပါတီရှိဖို့ထက် နိုင်ငံရေးရှိဖို့က ပိုအရေးကြီးတယ်” ဆိုတဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ စကားက ပြည်တွင်းသာမ ဟုတ် ပြည်ပက အဖွဲ့တွေလည်း သတိပြုဖို့လိုနေပြီ။ ဒါကြောင့် ငါ ဘယ်ပါတီက၊ ဘာပရောဂျက်၊ ဘာလူကြီးဆို တာတွေ ဘေးချိတ်ထားခဲ့ကြ။
“တခေါင်းတဉာဏ်” “တယောက်ယူသော်မရ၊ တသောင်းယူသော်ရသည်” ဆိုတဲ့ စကားလို ၀ိုင်းဝန်းဆွေးနွေး ကြမယ်။ အဖြေရှာကြမယ်။
“တိုက်ပွဲအပေါ် ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တယ်။ အောင်ပွဲအပေါ် ယုံ ကြည်တယ်” ဆိုရင်ဖြင့် ရဲဘော်တို့ကို ကျွန်ုပ်တို့ ကြိုဆိုနေပါတယ်။
ပြည်ပရောက်ရဲဘော်များ၊ မိတ်ဆွေများ ...
သင် ဘယ်ပဲရောက်ရောက်၊ ဘာတွေပဲစားစား သင်ဟာ မြန်မာ့ရေနဲ့ မြန်မာ့မြေကို မမေ့ဘူးဆိုတာ ယုံကြည်နေ တယ်။ တော်လှန်ရေးနဲ့ ရဲဘော်တွေကို မမေ့သေးဘူးဆိုတာ ဒို့ ယုံကြည်နေတယ်။ သင်ဟာ တော်လှန်ရေးကို ရရာနေရာကနေ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မမေ့ပါနဲ့။ ရဲဘော်တို့အတွက် စကိုင်းပီ (Skype) ကနေတဆင့် ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်။
ဆွေးနွေးပွဲနေ့ - ဧပြီလ (၃) ရက်၊ ၂၀၁၀ (စနေနေ့)
ကိုဂါမဏိ (၀၈၉-၅၆၅-၈၈၁၀)
ကိုသံဒုတ် (၀၈၆-၁၁၉-၉၀၉၁)
ကိုမင်းဇော် (၀၈၅-၇၃၅-၁၄၅၇)
ကိုလွဏ်းဆွေ (၀၈၁-၂၈၄-၁၄၁၈)
ကိုယဉ်ထွေး (၀၈၄-၅၇၅-၅၄၁၆) တို့ကို ဆက်သွယ်နိုင်ပါတယ်။
15 comments:
စိတ်ဝင်စားဖို့ကောင်းပါ၏
သိတ်ကောင်းတဲ့အိုင်ဒီယာ။ ဒီလိုလှုပ်ရှားမှုမျိုးကို နှစ်ပေါင်း ၂၀ အတွင်း ဒါပထမဦးဆုံးပဲ။ ကိုယ့်အချင်းချင်းတွေ့ဆုံစကားပြောတာ အလုပ်မဖြစ်ဘူး။ NCGUB FDB NCUB စတဲ့အဖွဲ့တွေဟာ တခါးပိတ်စည်းဝေးပြီးမှ စတိတ်မန့်ထုတ်နိုင်တာ။ ဘာဖြစ်လာလဲဆိုတော့ လူထုနဲ့ကင်းကွာလာတယ်။ မဲ့ဆောက်က နိုင်ငံရေးသမား၊ တော်လှန်သူများဟာ မဲ့ဆောက်အလုပ်သမားတွေရဲ့ ငြိုငြင်မှု၊ အထင်လွဲမှု ရှိနေတာလုံးဝမသိကြဘူး။ တော်လှန်ရေးသမားတွေဟာ လူတန်းစားတစ်ခုလိုဖြစ်လာနေပြီ။ ဒါကို အခုအစည်းအဝေးက ပြောင်းလဲအောင်လုပ်နိုင်မယ်လို့ယုံကြည်တယ်။ ကိုလွဏ်းဏီအိမ်မှာ အရက်ဝိုင်းအမြဲတမ်းဖွဲ့နေတာကို ပတ်ဝန်းကျင်ကအလုပ်သမားတွေကတွေ့တယ်။ သူတို့ကဘာပြောလဲဆိုတော့ ဒီကောင်တွေပဲကံကောင်းတယ်။ ဘာအလုပ်မှလဲလုပ်စရာမလို၊ စားလိုက်သောက်လိုက်နဲ့တဲ့...။ ဒါကဥပမာတစ်ခုပဲရှိသေးတယ်။
နိုင်ငံရေးအဖွဲ့တွေက ခေါင်းဆောင်ကြီးတွေ ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေကို စည်းရုံးရေးခရီးစဉ်လုပ်ကြလား။ အဖြေကတော့ မလုပ်ကြဘူး။ ပါးစပ်ကတော့ လူထု၊ လူထု၊ လက်တွေ့ကြတော့တခြားစီ။ အနည်းဆုံး မလေးရှား၊ ထိုင်း၊ စလုံးမှာရှိတဲ့ မြန်မာလူထုကြားထဲကို FDB NCUB MPU ကခေါင်းဆောင်တွေ စည်းရုံးရေးဆင်းလား။ ထောက်ခံမှုယူလား။ အားပေးမှုယူလား။ အဖြေကတော့ ဘာမှမလုပ်ဘူး။
အစည်းအဝေးမှာ ဖုန်းမော်နေ့တုံးကလို ကြားဖြတ်အစိုးရဖွဲ့ဖို့ကို လုံးဝခိုင်ခိုင်မာမာ ထပ်ပြောရမယ်။ ကြားဖြတ်အစိုးရဖွဲ့ကို လေနဲ့အာလို့မဖြစ်တော့ဘူး။ ဆရာဆွေပြောသလို သော့ကိုင်တွေ အခုကတည်းဖွဲ့သင့်နေပြီ။ ဖွဲ့တော့်ဗျို့ ...။ ထောက်ခံမဲ့လူက အဆင်သင့်ဖြစ်နေပြီ။
ကြားဖြတ်အစိုးရဖွဲ့တဲ့အဆိုကို တပ်ပေါင်းစုတွေကလွဲလို့ အားလုံးထောက်ခံတယ်။ လူတစ်ဦးချင်းကိုမယုံရင်မေးကြည့်တော့။ မထောက်ခံတဲ့လူတွေက သူတို့သမိုင်းပဲ။ ခင်ဗျားတို့...မယုံရင်ကြည့်နေ...ကြားဖြတ်အစိုးဖွဲ့ပြီးသွာရင်၊ တကယ်ပေါ်ထွက်လာရင် ငါပြောသားပဲ...ငါလည်းပါတာပဲ ဆိုတဲ့လေသံတွေက်လာကြမယ်..။ စလုပ်ဖို့သာလူတွေက တွန့်နေကြတယ်။ အောင်မြင်သွားရင် အသားကုန်လိုက်ကြပီ။ ဗမာတွေရဲ စောက်ကျင့်ကအဲလိုပဲ။
ဘုန်းကျော်(လူ့ဘောင်ချစ်)
ပြည်ပရောက်နိုင်ငံရေးသမား၊တော်လှန်ရေးသမားတွေရဲ့ သဘောထားမှန်ကတော့....
ဟီးးးး
ကျတော်တို့ က လူထုကိုပဲခုတုံးလုပ်စားချင်တာ။
မကြိုက်လဲနေပေါ့ဗျာ။
ဘယ်သူမှမကြိုက်လေ လက်ညှိုးထိုးပြီးတောင်းစားလို့ ကောင်းလေပဲ။
လူထုနဲ့ ရင်းနှီးနေရင်၊ လူထုကကြိုက်နေရင် အဟီးးး အားနာနေရဦးမယ်။ မျက်နှာပူနေရဦးမယ်။
my skype name is "mgmyanmar88"
want to know what time it is going to be, Myanmar Standard Time or, Thai or GMT.
ူဘုန်းကျော် comment ကို ထောက်ခံပါတယ်..
ူဘုန်းကျော် comment ကို ထောက်ခံပါတယ်..
Skype က ကွန်ဖရင့်မှာ လူများရင် ပြောလို့ ကောင်းမှာ မဟုတ်ပါ။ အခုဟာ တကမ္ဘာလုံးက ပါမှာဆိုတော့ လူသိပ်များနေမယ် ထင်တယ်။
myotheinsein1
myotheinsein1
တစ်ကမ္ဘာလုံးဆိုရင် skype မှာ ဖြစ်ပါ့မလား။
ဒီအစည်းအဝေးကိုမတက်ရောက်နိုင်ပေမယ့်သတင်းတွေနားထောင်နေပါတယ်။အားပေးနေပါတယ်။
ဒီအစည်းအဝေးကိုမတက်ရောက်နိုင်ပေမယ့်သတင်းတွေနားထောင်နေပါတယ်။အားပေးနေပါတယ်။
ဆလွဏ်းရေလုပ်ထားဦးပေါ့ကွာ။ မနက်ဖြန်လည်းတွေ့ ကြသေးတာပေါ့
ပြည်ထောင်စု ဆိုတာက အေးချမ်းမှု မပေးရင် ပြည်ထောင်စုက ခွဲထွက်ချင်တာ တရားတယ်။
ပြည်ထောင်စုက အေးချမ်းမှုမပေးရင် ပြည်ထောင်စု ဆိုတာ နိုင်စားချင်သူတွေရဲ့ လိမ်လုံးပဲ။
Post a Comment